အပိုင်း(၁၀၉)
Vol. 8 Ch. 109
ရှစ်ဖုန့်က ရွှေရောင် တိုကင်ပြားကို ထုတ်လိုက်ပြီး အမျိုးသမီးကို ကမ်းပေးလိုက်သည်။
သူက သူမကို ပြောလိုက်သည်။
“ဒီတိုကင်ပြားကို ယူပြီးတော့ မင်းမိသားစုနဲ့အတူ စုတ္ထမင်းသား လုံချန်ဆီမှာ သွား ခိုလှုံနေ”
“သူ့ကိုပြောလိုက် မင်းကို ဒီတိုကင်ပြားကို ပေးလိုက်တဲ့သူက အဲ့ကိုလာဖို့ပြောလိုက်တာလို့”
“တိုကင်..စတုတ္ထမင်းသား…ဟုတ်လား”
အဖြူရောင်ဝတ်အမျိုးသမီးက သံသယဖြစ်သော အမူအယာဖြင့် တိုကင်ပြားကို လက်ခံလိုက်ပြီး ရှစ်ဖုန့်က ပြောလိုက်သည်။
“ထားခဲ့ပါ ဒါတွေကို ငါရင်ဆိုင်လိုက်မယ်..”
“ဒါပေမဲ့ ကျွန်မ…”
အမျိုးသမီးက တစ်စုံတစ်ခုကို ပြောဆိုချင်သော်လည်း ရှစ်ဖုန့်က သူမ၏ စကားစကို ဖြတ်လိုက်သည်။
“မင်းဒီနေရာမှာရှိနေရင် ငါ့ကို ပိုပြီး ဒုက္ခဖြစ်စေတာပဲရှိမယ်…ထားခဲ့ပါ ငါအဆင်ပြေတယ်”
“အင်း”
အမျိုးသမီးက နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။
သူမကနောက်ဆုတ်ကာ လူအုပ်ကြားထဲမှ တိုးထွက်သွားတော့သည်။
သူမ၏ ပုံရိပ်လူအုပ်ကြားထဲမှ တိုးထွက်ကာ သူမြင်ကွင်းမှ ပျောက်ကွယ်သွားသည့်နောက်မှ ရှစ်ဖုန့်က ပြန်လှည့်ပြီး လူထွားနှစ်ယောက်၏ ရိုက်နှက်ခြင်းကိုခံထားရပြီး ၎င်း၏ပါးစပ်က ဝက်အူချောင်းကဲ့သို့ ဖူးယောင်ကိုင်းနေသော ကျောက်ကျစ်ရှင်းကို ကြည့်လိုက်သည်။
“ရပ်တော့”
ရှစ်ဖုန့်က လူနှစ်ယောကို အမိန့်ပေးလိုက်သောအခါတွင် ချက်ခြင်းရပ်တန့်သွားကြသည်။
ကျောက်ကျစ်ရှင်းက ရှစ်ဖုန့်ကို ကြမ်းကြုတ်စွာစိုက်ကြည့်နေပြီး သူ၏ ဝက်အူချောင်းနှုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက်ဖြင့် ဟစိဟစိ ဖြစ်နေသည်။
သူဘာပြောနေသည်ဆိုသည်အားကြားရန် မဖြစ်နိုင်ပေ။
သူ့အနေဖြင့် ရှစ်ဖုန့်အားထပ်မံ၍ ခြိမ်းခြောက်နေခြင်း ဖြစ်နိုင်လောက်သည်။
“ကောင်းပြီ ….ကောင်းပြီ…ထပ်ပြီးတော့ကြည့်နေစရာ မလိုတော့ဘူးလို့ ငါထင်တယ်..ဒီလောက်ဆိုရပီ”
ပွဲအားကြည့်နေသော သူတစ်ယောက်က သူ့ဘေးရှိလူကို ပြောလိုက်သည်။
“ဟုတ်တယ်….. ဒါက သူ့အတွက် တော်တော်လေးကို နာကျင်စရာကောင်းတဲ့ သင်ခန်းစာဖြစ်နေပြီ”
“ဒါပေမဲ့ ကျောက်ကျစ်ရှင်းကတော့ ဒီကိစ္စကို ဒီတိုင်းပဲထားမှာတော့ မဟုတ်ဖူးမလား”
နောက်ထပ်လူတစ်ယောက်က ထပ်ပေါင်းပြောလိုက်သည်။
“အဲ့တာက နောက်မှာဖြစ်လာမဲ့ ကိစ္စပဲ ..အဲ့တာက ဒီလူငယ်လေးရဲ့နောက်မှာရှိနေတဲ့ စွမ်းအားအပေါ်မူတည်တယ်”
“ဝန်ကြီးချုပ်ကျောက်ရဲ့ ဒေါသကို သူရင်ဆိုင်နိုင်မဆိုင်နိုင်ဆိုတာကိုပေါ့…..သူကကျောက်ကျစ်ရှင်းကိုတောင် ရိုက်နှက်ရဲတယ်ဆိုမှတော့ …သူ့နောက်မှာရှိနေတဲ့ စွမ်းအားကလည်းသေချာပေါက်ကို ရိုးရှင်းမှာမဟုတ်ဖူး”
“အင်း ငါလည်းထောက်ခံတယ်”
လူတိုင်းတွေးထားသည့်အတိုင်း ရှစ်ဖုန့်က ရပ်တန့်ခဲ့ပြီး ကျောက်ကျစ်ရှင်း ဆီသို့သွားလိုက်သည်။
သူက၎င်းရှေ့သို့ရောက်သောအခါတွင် ပြောလိုက်သည်။
“မင်းကမိန်းကလေးများစွာကို ဒုက္ခပေးခဲ့တယ်လို့ ငါကြားတယ်”
“အခုကစပြီးတော့ မင်းသူတို့ကို ဒုက္ခပေးတာကို ရပ်တန့်ရလိမ့်မယ်”
“ဝူး…ဝါး…ဝူး…ဝူး…ဝါး”
ကျောက်ကျစ်ရှင်းဘာပြောနေသည်ဆိုသည်အား မသိကြသော်လည်း လောလောဆယ်သူ၏ အမူအယာတို့အရ ၎င်းအနေဖြင့် ကြောက်ရွံ့နေခြင်းဖြစ်ကြောင်းကို သိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်ကျစ်ရှင်းအနေဖြင့် ရှစ်ဖုန့်ထံမှ တိုးမြင့်လာသော အေးစက်စက် အကြည့်တို့ကို အာရုံခံမိသောကြောင့်ပင်ဖြစ်လေသည်။
“သူ့ကို ရိုက်စမ်း…သူ့ကိုညမမှောင်ခင်အထိကို ရိုက်နေ”
ရှစ်ဖုန့်က လူထွားနှစ်ယောက်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ဝူး… မဟုတ်ဖူး.မလုပ်နဲ့”
ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ကျောက်ကျစ်ရှစ်က သူ၏ ခွန်အားအကုန်လုံးကို အသုံးပြုပြီး နောက်ဆုံး၌ “မလုပ်နဲ့” ဟူသော စကားလုံးအား ခက်ခက်ခဲခဲဖြင့် ဖျစ်ညှစ်၍ ပြောလိုက်သည်။
သို့သော် ဧရာမလက်သီးလုံးနှစ်ခုက သူ့ခွကြားအား ထိုးနှက်လိုက်ပြီးဖြစ်လေသည်။
“ အား…အား…အား….”
ဝက်တစ်ကောင် ၏ အသတ်ခံရကာနီး အော်သံကဲ့သို့ စူးစူး ဝါးဝါးအော်ဟစ်သံက ကျောက်ကျစ်ရှင်း၏ ပါးစပ်မှထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ကြည့်နေသော လူများအား ကျောရိုးထဲတွင်ပင် စိမ့်တက်သွားစေသော ခံစားချက် ကို ပေးစွမ်းနေသည်။
“အဲ့လူငယ်လေးက အရမ်းကို ရက်စက်လွန်းတယ်…သူက ဝန်ကြီးချုပ်တစ်ဦးရဲ့သားလေ”
“သူတကယ်ကြီး ကျောက်ကျစ်ရှင်းကို မသန်မစွမ်းဖြစ်သွားအောင် လုပ်ရဲတယ်”
“သူတကယ်ကို လုပ်ရဲတာပဲ…”
“အစတုံးက သူအနေနဲ့ ကျောက်ကျစ်ရှင်းကို သင်ခန်းစာပေးရုံလောက်ပဲလုပ်မှာလို့ ငါ ထင်ထားခဲ့တာ”
“ဒါပေမဲ့ ဒီပုဂ္ဂိုလ်က တကယ်ကြီး အရမ်းကို လုပ်ရဲကိုင်ရဲရှိလွန်းတယ်”
“ဒီအခြေအနေနဲ့ဆိုရင် ကျောက်ကျစ်ရှင်းတော့ မသေခင်အထိ အနားယူရမှာမဟုတ်ဖူး”
“အဲ့သူတောင်းစား ဖျက်ဆီးခဲ့တဲ့ မိန်းကလေးတွေမှတစ်ပုံကြီးပဲ…သူကငယ်ရွယ်တဲ့ မိန်းမလှလေးတွေကို တမင်သက်သက်ကို ဖျက်ဆီးစော်ကားခဲ့တာ”
“ဒါက သူဝဋ်လည်တာလို့ပြောရမှာပဲ”
“ကျောက်ကျစ်ရှင်းက သေတော့မယ်…သူ…. သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
“သူက ငါတို့ဆီကို လျှောက်လာနေတယ်”
တစ်စုံတစ်ယောက်က ရုတ်တရက်အော်လိုက်သည်။
ကျောက်ကျစ်ရှင်းကို မသန်မစွမ်းဖြစ်အောင်လုပ်လိုက်သောသူက သူတို့ထံသို့လာနေသည်ကို ကြည့်နေကြသည်။
“ စတုတ္ထမင်းသား ရဲ့ အိမ်တော်ကို ဘယ်လိုသွားရတယ်ဆိုတာကို ခင်ဗျားတို့ကို မေးကြည့်လို့ရမလား”
ရှစ်ဖုန့်က လူအုပ်ထံသို့သွားကာ မေးလိုက်သည်။
“အဲ့ ..ဦးတည်ချက်အတိုင်းကိုသွား”
“ဒါပေမဲ့ တော်တော်လေးတော့ ဝေးသေးတယ် ….မင်းနည်းနည်းလောက်လျှောက်ပြီးတဲ့ အခါမှာ ဘေးပတ်ဝန်းကျင်က လူတွေကို မေးလိုက် “
ရပ်နေသူတစ်ယောက်က လုံချန်၏ အိမ်တော်ဆီသို့သွားသော ယေဘုယျ ဦးတည်ချက်တစ်ခုကို ပြောပြလိုက်သည်။
“နားလည်ပြီ”
ရှစ်ဖုန့်က သူအားညွှန်ပြသောဘက်သို့ မသွားခင် ထို လူကို ခေါင်းညိမ့်ပြလိုက်သည်။
ကျောက်ကျစ်ရှင်းနှင့် တစ်ခြားသော သူများအတွက်မူ ရှစ်ဖုန့်မှာ နေဝင်ချိန်အထိ ရိုက်နှက်ရန် အမိန့်ပေးထားပြီးဖြစ်သည်၊
၎င်းတို့သာသူတို့ကို မတားလျှင် သူတို့အနေဖြင့် ညနေခင်းအချိန်ထိကို ရိုက်နှက်နေကြလိမ့်မည်ဖြစ်သည်။
“သူ..သူခုဏတုံးက မင်းကို ဘာပြောသွားတာလဲ”
တစ်စုံတစ်ယောက်က ရှစ်ဖုန့်အား လမ်းညွှန်ပေးလိုက်သောသူထံသို့လာပြီးမေးလိုက်သည်။
“သူငါ့ကို စတုတ္ထမင်းသားရဲ့အိမ်တော်ကို ဘယ်လိုသွားရမလဲလို့မေးသွားတာ”
ထိုလူက ပြန်ဖြေလိုက်သည်။
“စတုတ္ထမင်းသား..ဒါဆိုဒီလူငယ်လေးက စတုတ္ထမင်းသားရဲ့ လူပဲ”
“ဒါက မသိသာနေဘူးလား “
“ ငါ့ဝမ်းကွဲ အိမ်နီးချင်းရဲ့ မြေးက ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ အလုပ်လုပ်နေတာ…ငါကြားတာတော့ ဝန်ကြီးချုပ်က ပထမ မင်းသားရဲ့ဘက်ကတဲ့ “
“ဒီလိုဆိုရင် အဲ့လူငယ်လေးဟာ စတုတ္ထမင်းသားက ကျောက်ကျစ်ရှင်းကို တိုက်ခိုက်ခိုင်းဖို့အတွက် လွှတ်လိုက်တဲ့သူများလား”
“အဲ့လိုဖြစ်နိုင်တယ်”
“ဝန်ကြီးချုပ်က ပထမမင်းသားကို ထောက်ခံတာ ..ဒါကြောင့်မို့ စတုတ္ထမင်းသားက တစ်စုံတစ်ယောက်ကို သူ့သားကို ရိုက်နှက်ဖို့အတွက် လွှတ်လိုက်တာပဲဖြစ်ရမယ်”
“သူကမင်းသားတစ်ပါးပဲ ..ဒီတော့သူ့ဒေါသက ငါတို့လိုသာမန်လူတွေထက်တော့ ပိုဆိုးမှာသေချာတယ်”
ချက်ခြင်း လမ်းမထက်တွင် နောက်တစ်ဖန်ဆွေးနွေးပြောဆိုသော အသံများထွက်ပေါ်လာသည်။
အခြားတစ်ဖက်တွင် ကျောက်ကျစ်ရှင်းမှာ ဝမ်းနည်းဖွယ်ရာ ငိုကြွေးနေရဆဲဖြစ်ပြီး သွေးများကလဲမြေပြင်ထက်တွင် စီးနေသည်။
ထို့နောက်တွင် သူသည်ဖြည်းဖြည်းချင်းမူးမေ့သွားတော့သည်။
ခမ်းနားသော အိမ်ကြီးရခိုင်၏ရှေ့တွင် ရွှေရောင်နဂါးတို့ကိုထွင်းထုထားသော တိုင်လုံးကြီးလေးလုံးရှိသည်။
ငါးမီတာမြင့်မားသော ရွှေရောင်ဂိတ်၏ အပေါ်တွင်လည်း ရွှေရောင်နဂါးကိုထွင်းထုထားပြီး “မင်သားလုံချန် အိမ်တော်” ဟု ရွှေရောင်စာလုံးတို့ဖြင့်ရေးသားထားသော မော်ကွန်းပြားတစ်ခုကို တန်းလန်းချိတ်ဆွဲထားသည်။
နေအလင်းရောင်၏ အောက်တွင် ၎င်းမှာ တလက်လက်တောက်ပနေသည်။
မင်းသားချန်မှာ ယွင်လိုင်အင်ပါယာ၏ စတုတ္ထမင်းသား လုံချန်အဖြစ် ဘွဲ့နှင်းအပ်ခြင်းခံရသူဖြစ်သည်။
သိပ်မဝေးလှသောနေရာမှ ရှစ်ဖုန့်က လုံချန်၏ အိမ်တော်ရှေ့ရှိ ရွှေရောင်နဂါး ရုပ်ထုနှစ်ခုကို မြင်လိုက်ရသည်။
၎င်းတို့မှာထည်ဝါသော ရောင်ဝါများရှိပြီး ဆယ်မီတာမြင့်မားသည်။
၎င်းတို့အား အလွန်လက်ရာသိမ်မွေ့စွာဖြင့်ထွင်းထုထားခြင်းဖြစ်ပြီး ၎င်းတို့၏ အသွင်အပြင်က ဝင်းလက်တောက်ပကာ အသက်ဝင်လှသည်။
၎င်းတို့က ပါးစပ်တို့ကို ဖွင့်ဟထားပြီး အစွမ်းများကိုလှပ်ပြ၍ လက်သည်းတို့ကို ဝင့်ကာ ကောင်းကင်ထက်သို့ ပျံတက်တော့မည့်သဏ္ဍန်ဖြစ်ပေါ်နေသည်။
“ဘယ်သူလဲ”
ရှစ်ဖုန့်အနားသို့ ချဉ်းကပ်လာသော အခါတွင် အစောင့်လေးယောက်ထဲမှတစ်ယောက်က ရုတ်တရက် သူ့ရွှေရောင်ဓားကို ဆွဲထုတ်လိုက်ပြီး ရှစ်ဖုန့်ကို ထိုးညွှန်လိုက်သည်။
ရှစ်ဖုန့်က ရွှေရောင်ချပ်ဝတ်အစောင့်ကို ကြည့်၍ ပြောလိုက်သည်။
“လုံချန်ကို ပြောလိုက် ငါလာတယ်လို့”
“မင်းဘယ်လိုတောင်ခေါ်ရဲတာလည်းကွ”
ရွှေရောင် ချပ်ဝတ် အစောင့်လေးယောက်က ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ပြိုင်တူအော်လိုက်ကြသည်။
“ချွမ်…ချွမ်..ချွမ်….”
နောက်ထပ်သုံးယောက်ကလည်း သူတို့၏ ဓားတို့ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ကြပြီး ရှစ်ဖုန့်ကို ထိုးညွှန်လိုက်ကြသည်။
သူတို့ထဲကတစ်ယောက်က ပြောလိုက်သည်။
“ငါတို့အိမ်တော်သခင်ရဲ့ ဩဇာတိက္ကမကြီးမားတဲ့ နမည်က မင်းလိုလူက ခေါ်လို့ရတဲ့ နမည်မျိုးမဟုတ်ဖူးကွ”
“ဒီကနေထွက်သွားစမ်း…ငါတို့သခင်က မင်း တွေ့ချင်တယ်ဆိုတိုင်းတွေ့လိုရတဲ့ လူစားမျိုးမဟုတ်ဖူး”
“ဘာ…မင်းတို့က သူ့ကိုတွေ့ဖို့ခွင့်မပြုနိုင်ဘူးတဲ့လား…ဘာလို့ဒီနေ့ခေတ်ခွေးတွေက သူ့သခင်ထက်ပိုပြီးတော့ မောက်မာပြနေကြတာလဲ”
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။
“မင်းကတော့သေချင်နေတာပဲ”
ထို့နောက်ချက်ခြင်းသူက အိမ်တော်ရှေ့သို့ခုန်ထွက်လာပြီး သူ၏ လက်နှစ်ဖက်ဖြင့် ရွှေရောင်ဓားကို ပင့်မြှောက်လိုက်သည်။
သူ၏လှုပ်ရှားမှုနောက်လိုက်ပြီး ဆယ်မီတာရှည်လျားသောဓားရောင်ဝါအဖြစ် ရွှေရောင်ဓားဆီမှ ထွက်ပေါ်လာကာ ရှစ်ဖုန့်အားပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း”
ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီး နောက်ဆက်တွဲအနေဖြင့် ဖုန်လုံးများပါ တလိပ်လိပ်ထလာသည်။
ခုတ်ပိုင်းလိုက်ပြီးသည့်နောက်တွင် ရွှေရောင်ချပ်ဝတ် အစောင့်က သူ့ဓားကို ပြန်ရုတ်သိမ်းလိုက်သည်။
အစောင့်လေးယောက်အနေဖြင့် ထိုလူမှာ ရွှေရောင် ဓားချီ၏ ခုတ်ပိုင်းမှုကိုခံရပြီး တစ်ကိုယ်လုံး ဓားချီအောက်၌ နစ်မြုပ်သွားသည်ကို တွေ့လိုက်ကြရသည်။
သူ့အနေဖြင့် ယခုအခါတွင် ဖုန်များကြားထဲ၌ လဲလျောင်းနေလောက်သည်ပင်ဖြစ်နိုင်လောက်သည်။
သို့သော် ထို့နောက်၌ ရုတ်တရက် အခြားရွှေရောင်ချပ်ဝတ် အစောင့်သုံးယောက်သည် ခုဏက သူ့၏ ဓားကို ပြန်သိမ်းခဲ့သော သူတို့၏ အဖော်ဖြစ်သူမှာ ရုတ်တရက် ပင့်မြှောက်ခံလိုက်ရသည်ကို တွေ့လိုက်ကြရသည်။
ထိုသူက သူတို့အဖော်၏ရှေ့တွင် ရုတ်ရက် သရဲတစ်ကောင်ကဲ့သို့ ပေါ်လာပြီး လည်ပင်းကိုဆုပ်ကိုင်ကာ အပေါ်သို့ ပင့်မြှောက်လိုက်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE