← Chapters

အပိုင်း (၁၁၁)

Vol. 8 Ch. 111

အပိုင်း (၁၁၁)

Vol. 8 Ch. 111

ဤကမ္ဘာကြီးတွင် အားနည်းသူများမှာ အားကြီးသူတို့၏ သားကောင်များဖြစ်ကြရပြီး ခွန်အားသည်သာ အရေးကြီးဆုံးသော အရာဖြစ်သည်။

လူတစ်ယောက်မှာ ဧကရာဇ်တစ်ယောက်ဖြစ်လိုလျှင် သူ သို့မဟုတ် သူမအနေဖြင့်  ကမ္ဘာကြီးကို ခြိမ်းခြောက်နိုင်သော စွမ်းအားရှိရလိမ့်မည်ဖြစ်သည်။

လူတစ်ယောက်အနေဖြင့် ဘိုးဘေးတို့၏ အမွေအနှစ်ကို ဆက်ခံရမည်ဆိုလျှင်တောင်  ကြီးမားသော စွမ်းအားတို့ရှိမနေလျှင် သူ သို့မဟုတ် သူမအတွက် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ အဆင်ပြေနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

“မင်းဆက်တိုင်းမှာ ပုလ္လင်အတွက် တိုက်ခိုက်ကြတယ်ဆိုတာက အမြဲဒီလိုမျိုးပဲ..လက်ရှိအခြေအနေဟာ သူထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ရင်တောင် လက်တလောအခြေအနေတွေအထိ ရောက်နေခဲ့တာတွေကို ငါ့ခမည်းတော်က တစ်ခြားသူတွေထက်ပိုသိတယ်”

“ငါတို့ညီအကိုတွေကြားက စစ်ပွဲဟာရှောင်လွဲ မရဘူး …ညီအကိုတွေကြားထဲမှာ ငါက အားအနည်းဆုံးလူပဲ..သူတို့က ငါ့ကို အရင်ဖယ်ရှားပစ်ချင်နေကြတယ်”

လုံချန်က သက်ပြင်းချကာ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ငါ့ရဲ့ အကိုတော်ဖြစ်သူ လုံရှင်းက အကြီးဆုံးသားတော်ပဲ”

“သူက အင်ပါယာ တရားရုံးရဲ့ ထောက်ခံမှုကို ရရှိထားဆုံးလူဖြစ်ပြီး ယွင်လိုင်အင်ပါယာရဲ့ အဆင့်ငါးချိတ်တဲ့ ကျင်းဖမ်း အရှင်သခင်ရဲ့ ထောက်ခံမှုကိုလည်း ရရှိထားတယ်”

“ငါ့ ဒုတိယ အကိုတော်က လုံထျန်းတဲ့..သူ့မယ်တော်က ဖုန်လောဟန်ရဲ့ ညီမတော်ပဲဖြစ်တယ်…ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ဒုခေါင်းဆောင်ဖြစ်သူ ဖုန်လောဟန်က ထိပ်တန်းဆယ်ယောက်မှာ အဆင့်ရှစ်ချိတ်တဲ့သူပဲ..”

“ငါ့တတိယ အကိုတော် နမည်က လုံအောင်းလို့ခေါ်တယ်…အစကတော့ သူနဲ့ ငါက အင်အားခြင်းအတူတူပဲ..ဒါပေမဲ့ သူနဲ့ ငါ့အမကြီး လုံယန်တို့က တစ်အူထုံဆင်းမောင်နှမအရင်းတွေဖြစ်ကြတယ်..ငါ့အမကြီး လုံယန်က တောင်ပိုင်းဗိုလ်ချုပ် ရှစ်ကျစ်ထျန်းနဲ့ လက်ထပ်ခဲ့တယ်…ရှစ်ကျင်းထျန်းက ကြယ်ငါးပွင့် ဘုရင်နယ်ပယ် အဆင့်ကို ရောက်သွားတာကို ငါ့ခမည်းတော်သိသွားတဲ့အခါ …သူကိုတောင်ပိုင်းရဲ့ ဘုရင်ဆိုတဲ့ဘွဲ့ကို နှင်းအပ်ခဲ့တယ်”

“ငါ့ငါးယောက်မြောက်ညီလေး လုံတရှင်းကတော့ သူကလေးဘဝထဲက စွမ်းအားကြီး လူတစ်ယောက်အဖြစ်မွေးလာခဲ့တာ .. သူက သိုင်းပညာမှာ သာလွန်တဲ့ အထုံပါရမီပါတယ်.. အဲ့တာက ယွင်လိုင်အင်ပါယာ အတွင်းမှာ ရှားမှရှားပဲ ..သူ့ကအံ့ဖွယ် လူ့ဘီလူးခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး သူ့အသက်ဆယ့်လေးနှစ်နဲ့တင် ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်ရောက်နေပြီ ..”

“သူ့ဦးလေးဖြစ်တဲ့ ဟွင်းဖှေးက ယွင်လိုင်အင်ပါယာတစ်ခုလုံးရဲ့ စစ်သူကြီးဖြစ်တယ်…သူက ကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်ပြီးတော့ ထိပ်တန်းဆယ်ယောက်စာရင်းမှာ အဆင့်ခြောက်ပဲ…သူကယွင်လိုင်အင်ပါယာရဲ့ သန်းပေါင်းများစွာသော စစ်သားသည်တွေနဲ့ မြင်းသည် တွေိကို ဦးဆောင်ရသူလည်းဖြစ်တယ်”

“ငါ့ဆရာ ဖြစ်သူနလန်ယွမ်က ယွင်လိုင်အင်ပါယာရဲ့ တော်ဝင်ဆရာတစ်ယောက်ဖြစ်တယ်..သူက ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်ကို ချိုးဖြတ်ထားပြီး ကောင်းကင်ဘုံလေဂိုဏ်းက ဖုန်ချမ့်ယွီနဲ့  ယွင်လိုင်အင်ပါယာက ထိပ်တန့်အဆင့်ကျွမ်းကျင်သူတွေကြားထဲမှာ ပထမနေရာကို ရထားတယ်ဆိုပေမဲ့လည်း …ငါတို့ ညီအကိုတွေကြားထဲက တိုက်ပွဲအတွင်းမှာ သူဝင်စွတ်ဖက်မှာမဟုတ်ဖူးလို့ပြောခဲ့တယ်..”

လုံချန်၏ မိတ်ဆက်ပေးမှုများအာ နားထောင်ပြီးသည့်နောက် ရှစ်ဖုန့်က ပြောလိုက်သည်။

“ဒီလိုဆိုရင် မင်းအဖေသေတာနဲ့ မင်းကနန်းတက် ပြီးရင် သူ့ညီအကိုတွေက မင်းကို ဒုက္ခပေးဖို့ အရင်လုပ်…အဲ့တာပြီးမှ ယွင်လိုင်အင်ပါယာအတွက် သူတို့အင်အားကိုယ်စီနဲ့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြမယ်ဆိုတဲ့သဘောပေါ့”

ရှစ်ဖုန့်က ခဏရပ်လိုက်ပြီးနောက် လုံချန်ကို ပြောလိုက်သည်။

“မင်းအရမ်း ဝမ်းနည်းနေဖို့မလိုပါဘူး  ငါဒီနေရာမှာ ရှိနေပြီဆိုမှတော့ မင်းကို ပုလ္လင်ပေါ်မှာ သေချာပေါက် ထိုင်လို့ရအောင်လုပ်ပေးမယ်”

ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် လုံချန်က ခါးသက်စွာဖြင့် ပြုံးလိုက်ပြီးပြောလိုက်သည်။

“သခင်လေးဖုန့်ကတော့ အရင်ကအတိုင်းပဲ မပြောင်းလဲသေးဘူးနော်..”

ဤစကားများမှာ ယခင်ကကဲ့သို့ပင် အတူတူပဲဖြစ်သည်။စိတ်ချမ်းသာစရာအဖြစ်ပြောရလျှင် သူ့အနေဖြင့် သူ့ကိုယ်သူ ယုံကြည်ချက် အရမ်းရှိနေမှုတို့ ရှိဆဲပင်ဖြစ်သည်။ တဲ့တိုးဆန်စွာပြောရမည်ဆိုလျှင်တော့ သူ့ကိုယ်သူ အရမ်းအမြင့်ကြီးကို တွေးလွန်းနေခြင်းပင်ဖြစ်၏။

ထို့နောက် လုံချန်က သက်ပြင်းချကာပြောလိုက်သည်။

“ ဧကရာဇ် မိုရှောင်ယောင် ဘယ်မှာရှိနေလဲဆိုတာကို ရှာဖို့အတွက် ငါလူ‌တွေကို ပိုလွှတ်ထားခဲ့တယ်…ကံဆိုးတာက ဧကရာဇ် ရှောင်ယောင်ရဲ့ နေရာက ငါတို့လို သေမျိုးတွေ ရှာလို့ရနိုင်တာမျိုး ဟုတ်မနေဘူး”

“အဲ့သူတောင်းစားလေး….ဘယ်မိန်းမတွေကြားထဲမှာ သွားပုန်းနေလဲ ငါမသိဘူး…”

ရှစ်ဖုန့်က ကြိမ်းမောင်းလိုက်သည်။သူ့ပုံစံမှာ မိုရှောင်ယောင်၏ ညံ့ဖျင်းမှုကို ဒေါသထွက်နေသကဲ့သို့ပင်ဖြစ်သည်။

“ဟားဟား”

လုံချန်တစ်ယောက် ခြောက်ကပ် ဆို့နင့် စွာ ရယ်မောလိုက်သည်။ သူသည်ဤလူငယ်လေးနှင့် ဖြည်းဖြည်းချင်း အသားကျလာခဲ့ပြီဖြစ်သည်။သူက အလွန်ဆိုးရွားသော ဘယ်အရာကိုမဆို လုပ်ရဲပြီး အလွန်ဆိုးရွားသော ဘယ်စကားကို မဆို ပြောရဲသည်။

လုံချန်မှာ အရိပ်ရှစ်ဆီမှ သတင်းစကားကို လက်ခံရရှိထားပြီးဖြစ်သည်။

ခရမ်းရောင်မိုးကြိုးဂိုဏ်းမှ သခင်လေး၊ သွေးမိစ္ဆာဂိုဏ်းမှ သခင်လေးနှင့် ရေခဲနှင်းတောင်ကြားမှ မြင့်မြတ်သော မိန်းမပျိုတို့မှာ ယွင်လိုင်အင်ပါယာမှ လူငယ်ပါရမီရှင်များဖြစ်ကြပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဆက်ခံသူများ လည်းဖြစ်ကြသည်။

သူ့အနေဖြင့် ၎င်းတို့သုံးဦးအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်းဝန်ခံထားပြီးဖြစ်သည်။

ယင်ယန်တမာန် တော်တို့အား သူသတ်ခဲ့သည့်နေ့က သွေးဝါးမျို နတ်ဆိုးပညာရပ်နှင့်ဆင်တူသော ပညာရပ်ကို အသုံးပြု၍ ၎င်းတို့၏ သွေးတို့ကိုဝါးမျိုခဲ့ကာ ‌ခြောက်သွေ့သော အလောင်းခြောက်နှစ်ကောင်အဖြစ်ပြောင်းလဲခဲ့သည်။စန်းယွဲ့မြိုရှိ လူအများမှာလည်း ထိုအရာအား မြင်တွေ့ခဲ့ ကြပြီးဖြစ်သည်။

ကောင်းကင်ဘုံလေးဂိုဏ်း၊ ခရမ်းရောင်မိုးကြိုးဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနှင့် ရေခဲနှင်းတောင်ကြားတို့အားလုံးမှာ ယွင်လိုင်အင်ပါယာအတွင်းရှိ ဂိုဏ်းကြီးများဖြစ်ကြသည်။

လုံချန်အနေဖြင့် သူသာဧကရာဇ်ရှောင်ယောင်ကို မရှာနိုင်သေးလျှင် ဤစည်းမဲ့ဘောင်မဲ့ ပုဂ္ဂိုလ်၏အသက်မှာ မကြာခင်တွင် အဆုံးသတ်ရလိမ့်မည်ဟုပင်ခံစားနေမိသည်။

ဧကရာဇ်ရှောင်ယောင်….. ဧကရာဇ်ရှောင်ယောင် …သူသာ ဧကရာဇ်ရှောင်ယောင်

အားရှာတွေ့ခဲ့လျှင် မည်မျှကောင်းပါမည်နည်း။ အရာအားလုံးအား အလွယ်တကူပင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

ယခုလုံချန်မှာ သူ၏ မျှော်လင့်ချက်အားလုံးကို ရှစ်ဖုန့်နှင့် ဧကရာဇ် ရှောင်ယေင်တို့၏ အပေါ်တွင် ပုံအပ်ထားသည်။

“သခင် “

ထိုအချိန်တွင် ရွှေရောင်ချပ်ဝတ်အစောင့်တစ်ယောက်က ဧည့်ခန်းအတွင်းသို့ ရုတ်တရက်ရောက်လာပြီး  လုံချန် ကို တင်ပြသည်။

“သခင်..ဝန်ကြီးချုပ် ကျောက်ချမ်က အိမ်အပြင်ဘက်မှာရောက်နေပြီး  သခင့်ကိုတွေ့ချင်နေပါတယ်”

“ကျောက်ချမ်လား..”

ထိုနမည်အားကြားလိုရသော အခါတွင် လုံချန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

“သူက ဒီကိုဘာလာလုပ်တာလဲ”

“သခင် ကျောက်ချမ် ရောက်လာတာက ခြိမ်းခြောက်တဲ့ ဟန်နဲ့ပါ..သူကပြောပါတယ် သခင်အနေနဲ့ သူ့ဆီကို လူသတ်သမားကို လက်လွှဲ ပေးပါတဲ့..”

ရွှေရောင်ချပ်ဝတ်အစောင့် ကဆက်လက်တင်ပြနေသည်။

“လူသတ်သမားဟုတ်လား…ဘယ်ကလူသတ်သမားကိုသူက ဒီနေရာမှာ လာရှာနေရတာတုံး”

လုံချန်၏ မျက်နှာထက်တွင် မကျေမနပ်ဖြစ်မှု အပြည့်ဖြင့်ဖြစ်နေသည်။

ရုတ်တရက် သူ့ စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ အတွေးတစ်ချက်လက်ကနဲဖြစ်သွားသည်။

သူကရှစ်ဖုန့်ထံ တစ်ချက်ကြည့်လိုက်သည်။ ဤလက်ရဲဇက်ရဲရှိလှသော ငတိက ကျောက်ချမ်ကို ထပ်ပြီးစော်ကားခဲ့တာများဖြစ်နိုင်ပါမည်လော။

“အိုး..ငါမြို့ထဲကိုဝင်လာတုံးက မျက်နှာမည်းနဲ့ သူတောင်းစားလေးတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲဖို့  ကြိုးစားနေတာကို တွေ့ခဲ့တယ်…ငါ့အဲ့သူတောင်းစားလေးရဲ့ ယောက်ျားလိင်အင်္ဂါကို ဖျက်ဆီးပြီးတော့ သူရဲ့ဘုရင်နယ်ပယ် ကိုယ်ရံတော်တစ်ယောက်ကို လည်း  ဒန်တန်ဖျက်ဆီးခဲ့တယ်”

“အဲ့သူတောင်းစားလေးရဲ့ နမည်က ကျောက်ချမ်နဲ့တော့ဆက်နွယ်နေပုံပဲ..ငါပတ်ဝန်းကျင်ကလူတွေဆီက ကြားခဲ့ရတာကတော့ သူက လက်ရှိဝန်ကြီးချုပ်ရဲ့သားတဲ့…”

ရှစ်ဖုန့်က သူနဲ့ပက်သက်နေသည့်ပုံဖြင့်ပြောလိုက်သည်။

“ငါ့လခွီး..တကယ်သူလုပ်ခဲ့တာပဲဟ”

လုံချန်မှာသူ့စိတ်ထဲမှကျိန်ဆဲမိလိုက်သည်။သူ့အနေဖြင့်သူ့ခေါင်းပေါက်ကွဲတော့ မလိုပင်ခံစားရသည်။ရှစ်ဖုန့်မှာ တကယ့်ကို ဘယ်နေရာသွားသွား ပြဿနာကို မီးခွက်ထွန်းရှာသောလူစားပင်ဖြစ်၏။ စန်းယွဲ့မြို့တွင် သူက မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့သည်။ ယခု အင်ပါယာမြို့တော်သို့ဝင်ရောက်လာသော အခါတွင် လက်ရှိဝန်ကြီးချုပ်၏ သားဖြစ်သူ လိင်အင်္ဂါကို ဖျက်ဆီးလိုက်ပြန်သည်။ ဤသို့သာဆက်သွားနေလျှင် ၎င်းအနေဖြင့် လက်ရှိ ဧကရာဇ်ဖြစ်သူ သူ့ခမည်းတော်ကိုပင် ရိုက်နှက်ရဲလိမ့်မည်လော။

“ကောင်းပြီး…ကောင်းပြီ..”

လုံချန်က ရွှေရောင်ချပ်ဝတ်အစောင့်ကို  လက်ဝေ့ယမ်းပြလိုက်သည်။

“ကျေက်ချမ်ကို သွားပြောလိုက် ငါကိုယ်တိုင်သူ့ကိုလာပြီး ကြိုဆိုမယ်လို့”

“ဟုတ်” အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ရွှေရောင်ချပ်ဝတ် အစောင့်က အခန်းထဲမှ ထွက်သွားတော့သည်။ ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် သူအနေဖြင့် ပို၍ ပင်တုန်လှုပ်မိသည်။

ရှစ်ဖုန့်မှှာ ဘုရင်နယ်ပယ်တစ်ဦး၏ ဒန်တန်ကိုဖျက်ဆီးပစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်၏ သားဖြစ်သူ မျိုးပွားအင်္ဂါကို ဖျက်ဆီးပစ်ခဲ့သူဖြစ်သည်။

ထိုအရာအား တွေးမိသောအခါတွင် ရွှေရောင်ချပ်ဝတ်အစောင့်မှာ ကူကယ်ရာမဲ့စွာဖြင့် သူဝမ်းဗိုက်နှင့် ငယ်ပါကို ငုံ့ကြည့်မိလိုက်သည်။

ဤအစောင့််မှာ အိမ်တော်အပြင်ဘက်၌ ရှစ်ဖုန့် ကိုင်ပေါက်ခြင်းကိုခံခဲ့ရသောသူဖြစ်သည်။ ကံကောင်းစွာဖြင့် ရှစ်ဖုန့်က သူ့အားခက်ခဲစွာမပြုမူခဲ့ပေ။

သူသည် ဘုရင်နယ်ပယ်တစ်ယောက်၏ ဒန်တန်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသောသူဖြစ်သည်။ သူ့အနေဖြင့် ရှစ်ဖုန့်အား ရင်မဆိုင်နိုင်ခဲ့ခြင်းအား မအံ့ဩ မိတော့ပေ။

ရှစ်ဖုန့်မှာ ဝန်ကြီးချုပ်သားဖြစ်သူ၏ ငယ်ပါကိုပင်ဖျက်ဆီးပစ်ရဲသူဖြစ်သည်။

၎င်းမှာသူ့ ငယ်ပါလေးအား တကယ်ဖျက်ဆီးပစ်ခဲ့သည်ဆိုလျှင် သူမည်ကဲ့သို့လုပ်ရမည်နည်း။

ထိုအရာအားတွေးမိသောအခါတွင် အစောင့်မှာ ခြေလက်တို့ပင် ပျော့ခွေလာမိသည်။ ထိုထက်ပိုသည်ကား သူ၌ သူ့ပစ္စည်းလေး ရှိနေသေးသည်ကိုပင် ဝမ်းသာမိနေခြင်းဖြစ်သည်။

“သခင်လေးဖုန့် ကျုပ်သွားပြီးတော့ အဲ့သူတောင်းစား ကျောက်ချမ်ကို သွား ရင်ဆိုင်လိုက်အုံးမယ်..သူကျုပ်ကိုတော့ ဘာမှ လုပ်ရဲမှာတော့ မဟုတ်ပါဘူး”

လုံချန်အား ရှစ်ဖုန့်က ပြောလိုက်သည်။

“ကောင်းပြီ ငါ အမေ့ကို သွားတွေ့အုံးမယ်..”

ရှစ်ဖုန့်က ပြောလိုက်သည်။ထို့နောက် သူကတံခါးနားတွင်ရပ်နေသော ကျောက်ဟူကို ပြောလိုက်သည်။

“ကျောက်ဟူက ငါ့ကို အဲ့ကိုခေါ်သွားလိမ့်မယ်”

“ကောင်းပြီ”

လုံချန်က ခေါင်းညိမ့်လိုက်ပြီး အခန်းအပြင်ဘက်သို့ထွက်သွားတော့သည်။

“သခင်လေးဖုန့် ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ”

ကျောက်ဟူက ရှစ်ဖုန့်ကို လက်ဟန်ဖြင့်ထပ်မံ ဖိတ်ခေါ်လိုက်သည်။

ရှစ်ဖုန့်ကခေါင်းညိမ့်ပြကာ ကျောက်ဟူထံသို့သွားလိုက်သည်။

ထို့နောက် ကျောက်ဟူ၏ ဦးဆောင်မှုအောက်တွင် ပုယွဲ့အတွက် လုံချန်စီစဉ်ပေးထားသော အိမ်တော်ဆီသို့သွားလိုက်သည်။

“ငါ့အမေဘယ်လိုနေလဲ”

ရှစ်ဖုန့်က ကျောက်ဟူကိုမေးလိုက်သည်။

“အမကြီးက ဒီအိမ်တော်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ပါတယ်… သခင်လေးဖုန့်အနေနဲ့ စိတ်ပူပင်စရာမလိုပါဘူး”

ကျောက်ဟူက ပြန်လည်ဖြေကြားလိုက်သည်။

“အမကြီးက သခင်လေးနဲ့ သခင်လေးညီမလေးအကြောင်းကို အမြဲပြောပါတယ်..မင်းသားလုံချန်က သူမကို ကိုယ်တိုင်ကိုယ်ကျ လာရောက်နှစ်သိမ့်ပေးပြီး လင်အာလေးဟာ ဂိုဏ်းကြီးတစ်ခုရဲ့ ကျွမ်းကျင်သူတစ်ယောက်က သိုင်းပညာတွေကို သင်ကြားပေးဖို့ရွေးချယ်သွားတယ်…သူမ အောင်မြင်မှုတွေရလာတဲ့အခါ ပြန်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်”

“သခင်လေးအတွက်ကိုက သခင်လေးဟာ အရှင့်သားလုံချန်အတွက် အရေးကြီး ကိစ္စတစ်ခုကိုသွားလုပ်နေရတာကြောင့် ပြီးသွားရင်လာလိမ့်မယ်လို့ပြောထားပါတယ်”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters