အပိုင်း (၁၁၂)
Vol. 8 Ch. 112
"သခင်လေးဖုန့်အတွက် အရှင့်သားလုံချန်က လောလောဆယ်မှာ သခင်လေးဟာ အရှင့်သားအတွက် အရေးကြီးတဲ့အရာတစ်ခုကိုသွားလုပ်ဆောင်နေပြီးတော့..ပြီးသွားတဲ့နဲ့ ရောက်လာပါလိမ့်မယ်လို့ သူမကို ပြောထားပါတယ်"
ကျောက်ဟူ၏ စကားတို့အား ကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်ကခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
"အနာဂတ်မှာ ငါဒီမှာ ရှိမနေရင်လည်း မင်းတို့တွေက ငါ့အမေကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ကို ကိုငါမျှော်လင့်ပါတယ်.."
"သခင်လေးဖုန့် ဘာတွေပြောနေတာလဲ..သခင်လေးဟာ ကျွန်တော့်အတွက် အကူအညီအကြီးကြီးကို ပေးထားခဲ့ပြီးပါပြီ...သခင်လေးမိခင်ဟာလည်း ကျွန်တော့်မိခင်ပါပဲ..သူမကို ကျွန်တော့်ရဲ့ မွေးမိခင်ရင်းတစ်ယောက်လိုမျိုးကို စောင့်ရှောက်မှာပါ.."
ကျောက်ဟူက သူ့ရင်ဘက်ကို ပုတ်ကာ အာမခံသည်။
ရှစ်ဖုန့်က ကျောက်ဟူအား ထူးဆန်းသော အမူအယာဖြင့်ကြည့်ကာပြောလိုက်သည်။
"မင်းက တကယ်တော့ ငါ့အမေထက်တောင် အသက်ကြီးတယ်မဟုတ်ဖူးလား.."
"အာ.."
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသော အခါတွင် ကျောက်ဟူမှာ ခေတ္တခဏ ကြက်သေသေသွားရသည်။
"တကယ်တော့ ကျွန်တော့်ရုပ်ရည်က နည်းနည်းကြမ်းတမ်းနေတာပါ..ကျွန်တော့်အသက်ကိုပြရမယ်ဆိုရင်..အဲ့လောက်မကြီးသေးပါဘူး.."
ကျောက်ဟူ၏ စကားအားကြားလိုက်ရသောအခါ ရှစ်ဖုန့် ကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်မိသည်။
ဥယျဉ်ကဲ့သို့ ဝန်းလေးအတွင်းတွင် သစ်ပင်ငယ်လေးများနှင့် ပန်းပင်တို့က နေရာအနှံ့ရှိနေသည်။
သူမ၏ နှစ်လိုဖွယ်ကောင်းမှုကို မဆုံးရှုံးသေးသော ရိုးရှင်းသည့် အဖြူရောင်ဝတ်စုံပို ဝတ်ထားသည့် လှပသော အမျိုးသမီးမှာ ကတ်ကြေးတစ်လက်ဖြင့် သစ်ပင်ငယ်တို့ရှိ အရွက်တို့ကို ချိုင်နေသည်။
လက်ရှိပုယွဲ့မှာ ယခင်နှင့်လုံးဝမတူညီသော သူတစ်ယောက် ဖြစ်သွားပုံရသည်။
သူမအနေဖြင့် ယခင်ကဲ့သို့ ပိန်လှီအားမနည်းနေတော့ပေ။
ထိုအစား သူမ၌ ပန်းဆီရောင် အသားအရည်နှင့် ရင့်ကျက်ပြီး လှပနှစ်လိုဖွယ်ကောင်းမှုတို့ပင် လှစ်ဟပြသလိုဖြစ်နေသည်။
သူမ၏ ပုံစံမှာ အချိုးအစားကျနပြေပြစ်ပြီး တစ်စုံတစ်ယောက်အား မွေးပေးထားသောသူတစ်ယောက်ဟူ၍ပင် မထင်ရပေ။
ထိုအချိန်တွင် ပုယွဲ့၏ နောက်၌ ဆယ့်လေးဆယ့်ငါးနှစ်ဘအရွယ် ကောင်မလေးတစ်ယောက်ရှိနေသည်။ သူမက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သိမ်မွေ့ပြီး လှပသော အသွင်အပြင် ရှိသည်။
သူမက အိမ်ဖော်အစေခံဝတ်စုံမျိုးကိုဝတ်ဆင်ထားပြီး သူမလက်ထဲတွင် ပန်းအိုးတစ်အိုးကို ကိုင်ထားသည်။ ပန်းအိုးထက်တွင် သွေးနီရောင်ပန်းတစ်ပွင့်ရှိနေသည်။
"ဒေါ်ဒေါ်ရှင့်... ဒီပန်းနီကို ဘယ်နေရာမှာထားရမလဲ"
ပုယွဲ့နောက်ရှိ အစေခံမိန်းကလေးကမေးလိုက်သည်။
“ချင်လေး ဒေါ်ဒေါ် သမီးကို မပြောထားဘူးလား ဒေါ်ဒေါ် မတွက် သမီး ဒီလိုအရာတွေကို လုပ်ပေးဖို့မလိုအပ်ပါဘူးလို့လေ”
“ဒေါ်ဒေါ်က ဆင်းရဲတဲ့မိသားစုကလာခဲ့တာပါ ဒီတော့ ဒီမှာနေ့တိုင်းလုပ်နေရတဲ့ အရာတွေက ဒေါ်ဒေါ် အတွက် နေသားကျနေပါပြီ”
“အခု နောက်ဆုံးတော့ ဒေါ်ဒေါ်အတွက် လုပ်စရာ အလုပ်တစ်ခုကို ရှာတွေ့ခဲ့ပြီ..သမီးသာကူနေရင် ဒေါ်ဒေါ် မကြာခင် ဘာမှလုပ်စရာကို ရှိတော့မှာမဟုတ်တော့ဖူး”
ပုယွဲ့ က လှည့်ကာ အစေခံမိန်းကလေးကို ညည်းညူပြောလိုက်သည်။
ချင်အာဟူခေါ်သော မိန်းကလေးက ထိုအရာအားမြင်လိုက်ရသောအခါ သူမချက်ခြင်းကြောက်လန့်စွာဖြင့်ပြောလိုက်သည်။
“အာ..ဒါက ချင်အာရဲ့ အမှားပါ”
“ကျွန်တော်မျိုးမ ဒေါ်ဒေါ်ကို ဒေါသထွက်စေမိပြီ…ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို အပြစ်ပေးပါ”
“ဟေးချင်အား..သမီးအဲ့လိုလုပ်စရာမလိုပါဘူးကွယ်…သမီးက ဒေါ်ဒေါ်ကို စိတ်ကောင်းစေတနာကောင်းနဲ့ ကူညီတာ ဘယ်လိုလုပ်ပြီး သမီးကို ဒေါသထွက်ရမှာလဲကွယ်”
“ဒေါ်ဒေါ်ကို အရမ်းကြီး ချုပ်တည်း မဆက်ဆံပါနဲ့ ….သာမန်လူတစ်ယောက်လိုပဲ ဆက်ဆံပါ”
“မင်းက ဒေါ်ဒေါ်ရဲ့ သခင်လေးဖုန့်နဲ့မှ အသက်အတူတူလောက်ပဲ ရှိတာ..မင်းအဒေါ်တစ်ယောက်လိုပဲ ဆက်ဆံပါကွယ်”
ပုယွဲ့၏ စကားအားကြားလိုက်ရသောအခါတွင် ချင်အာက အလျှင်အမြန် ပြန်ဖြေလိုက်သည်။
“ဘယ်လိုလဲဖြစ်နိုင်မှာပါလဲ…ကျွန်တော်မျိုးမအဆင့်အတန်းက အရမ်းကို နိမ့်ကျပါတယ်”
“ဒေါ်ဒေါ်က ဒီအိမ်တော်ရဲ့ တန်ဖိုးရှိတဲ့ ဧည့်သည်တစ်ယောက်ပါ ကျွန်တော်မျိုးမဘယ်လိုလုပ် အဲ့လိုလုပ်ရဲပါ့မလဲ”
“နိမ့်ကျတယ်..အဆင့်အတန့်မြင့်တယ်ဆိုတာ မင်းဘာကိုပြောတာလဲ”
“ဒေါ်ဒေါ် ကိုယ်တိုင်ကလည်း ဆင်းရဲတဲ့ မိသားစုကနေလာခဲ့တာပါပဲ..အတိတ်မှာတုံးက ဒေါ်ဒေါ်တို့မိသားစုအတွက် အသားကိုသုံးယောက်စာ လုံလောက်အောင်စားရတယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲပဲ”
“ဒေါ်ဒေါ်က နေမကောင်းဖြစ်နေပြီး နှစ်ရှည်ရောဂါကြောင့် အိပ်ယာထဲမှာ နာတာရှည်လဲနေခဲ့တာ”
“အားလုံးက ဒေါ်ဒေါ် စောင့်ရှောက်ခဲ့တာ ဖုန့်အာနဲ့လင်အာတို့ ကျေးဇူးတွေကြောင့်ပဲ”
“ဟူး ကလေးနှစ်ယောက်ဘယ်လိုနေကြလဲဆိုတာကို သိချင်မိတယ်ကွယ်”
ပုယွဲ့က သက်ပြင်းချကာ အတိတ်တုံက ရှစ်ဖုန့်နှင့် ရှစ်လင်တို့ကို ပြန်အောင့်မေ့မိလိုက်သည်။
“ဒေါ်ဒေါ် ပုံစံက အဆင့်တန်းမြင့်မားတဲ့ပုံစံရှိပြီး စိတ်ထားကလည်း အရမ်းကောင်းတယ်.. ဒေါ်ဒေါ်ဟာ ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာတဲ့သူ ဟုတ်ပုံမရပါဘူး…”
"ဒေါ်ဒေါ်အနေနဲ့ ဆင်းရဲခဲ့တယ်ဆိုရင်တောင် .. ဒေါ်ဒေါ့်မိသားစုက ကျဆင်းခဲ့ရတာကြောင့်ဖြစ်ရမာယ်..မဟုတ်လားဟင်.. ဒေါ်ဒေါ်အနေနဲ့ ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေမွေးဖွားလာတာပဲဖြစ်ရမယ်..."
ချင်အာကပြောလိုက်သည်။
"ချမ်းသာတဲ့ မိသားစုကမွေးဖွားလာတာတဲ့လား.."
"အင်း ဒေါ်ဒေါ် က မိဘတွေကပြည်တွင်း ရာထူးကြီးမိသားစုကပဲ..သူတို့ကို ဒေါ်ဒေါ်မတွေ့ခဲ့တာ ဆယ်နှစ်ကျော်ပြီ...သူတို့တွေ..ဘာတွေလုပ်နေကြတယ်ဆိုတာကို ဒေါ်ဒေါ်လဲမသိဘူး.."
ပုယွဲ့က အတိတ်ကအရာများ စိတ်ထဲတွင် ပြန်လည်ဝင်ရောက်လာသကဲ့သို့ ခံစညးချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ထိုနှစ်တွေက သူမသည် ကောင်းမွန်စွာဝတ်စားနေထိုင်စားသောက်ခဲ့ရသည်။ သူမမိဘများက ကြင်နာတတ်ပြီး ချစ်ခင်တတ်ကြသောသူများဖြစ်ကြသည်။
ထိုနှစ်တွေအတွင်းမှာပဲ သူမကယောက်ျားတစ်ယောက်ဖြင့် ချစ်ကျွမ်းဝင်ခဲ့၏။ သူမက အချစ်အတွက်မိသားစုကိုဆန့်ကျင်ခဲ့ပြီး ရွေးချယ်စရာမရှိပဲ အိမ်ကို စွန့်ပယ်ခဲ့ရသည်။
ထိုနှစ်က သူတို့တွေ ရိုးရှင်းသော လက်ထပ်မင်္ဂလာပွဲလေးကိုပြုလုပ်ခဲ့သည်။ ထိုနေရာတွင် အနီရောင်ဖယောင်းတိုင်တစ်ချောင်းနှင့် အိပ်ယာကုတင်လေးတစ်ခုသာရှိခဲ့သော်လည်း နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့က တော့ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ထို့နှစ်တွင်ပင် သူက စွန်စားသွားလာခဲ့ပြီး သူမအနေဖြင့် သူ့ကို သင်္ဘောဖြင့်ထွက်ခွာသွားသည်ကို မိုင်သုံးဆယ်အကွာမှ နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ထိုနှစ်အတွင်းမှာပင် သူမအနေဖြင့် ကိုယ်ဝန်ရရှိခဲ့ပြီး နောက်ပိုင်း ရှစ်ဖုန့်အမည်ရသော သားလေးကိုမွေးဖွားခဲ့သည်။
"ဒေါ်ဒေါ် ဘာဖြစ်လို့လဲ.."
ချင်အာက ပုယွဲ့မှာ တွေဝေစွာနေနေဆဲဖြစ်သည်ကို မြင်ရသောအခါ ညင်သာစွာခေါ်လိုက်လေသည်။
"အိုးဘာမှမဟုတ်ပါဘူး..ဒေါ်ဒေါ် ရဲ့ ဖုန့်အာနဲ့ လင်အာ ကိုသတိရလို့ပါ...သူတို့ဘာတွေလုပ်နေကြလဲဆိုတာ သိချင်မိတယ်.."
ပုယွဲ့က ပြောလိုက်သည်။
"သခင်မက သခင်လေးဖုန့်နဲ့ သခင်မလေး လင်တို့အကြောင်းကိုအမြဲပြောတယ်..သခင်မတစ်ခါပြောဖူးတာ အိမ်တော်ရဲ့ အရေးကြီး ဧည့်သည်တော်တစ်ယောက်ဖြစ်လာခဲ့ရတာက သခင်လေးဖုန့်အနေနဲ့ ကျွန်တော်မျိုုးမသခင်အတွက် ကိစ္စကြီးတစ်ခုကို လုပ်ပေးခဲ့လို့တဲ့..ကျွန်တော်မျိုးအ သခင်အတွက် ကိစ္စကြီးကို လုပ်ပေးနိုင်ဖို့ဆိုရင်..သခင်လေးဖုန့်အား သာမန်မဟုတ်တဲ့သူတစ်ယောက်ပဲဖြစ်ရမယ် ဟုတ်တယ်မလားဟင်.."
"တို့ရဲ့ ဖုန့်အာ က အခက်အခဲတွေကို ဘယ်တုံးကမှ မကြောက်ရွံ့ခဲ့ဘူး...သခင်လေးလုံက သူ့ကို နှစ်သက်တယ်ဆိုတာဟာ ..အဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်.."
ထို့နောက်တွင် သူမကလှည့်၍ ချင်အာကိုမေးလိုက်သည်။
"ချင်အာ သမီးတစ်စုံတစ်ယောက်နဲ့ စေ့စပ်ပြီးပြီလား.."
ချင်အာက ပုယွဲ့၏ စကားကိုကြားရသောအခါ ရှက်ရွံစွာခေါင်းလေးကိုငုံ့၍ ပြန်ဖြေလိုက်သည်။
"ဒေါ်ဒေါ် နောက်နေတာပဲဖြစ်ရမယ်..ကျွန်တော်မျိုးမကို ကျွန်တော်မျိုးမရဲ့ ကလန်ကိုယ်တိုင်က ရောင်းစားခဲ့တာ..ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်နဲ့ စေ့စပ်ထားနိုင်မှာလဲ.."
"ကောင်းတယ်..သမီးမစေ့စပ်ထားရသေးဘူးဆိုရင်.."
ပုယွဲ့က ပြုံး၍ပြောလိုက်သည်။
"သမီးက ငါ့ဖုန့်အာနဲ့ အသက်အတူတူလောက်ပဲ..သမီးက လည်းလှလှပပနဲ့မွေးဖွားလာပြီး ကျိုးကျိုးနွံနွံလေးလဲရှိတယ်..ဘာလို့ ငါ့ဖုန်အာနဲ့ စေ့မစပ်တာလဲ.အဲ့လိုလုပ်မယ်ဆိုရင်ရော.. သမီးဘယ်လိုထင်လဲ.."
ပုယွဲ့၏ စကားတို့ကိုကြားရလေ သူမပိုပြီး ရှက်ကိုးရှက်ကန်းဖြစ်လာလေဖြစ်သည်။
သူမမျက်နှာလေးပင်နီရဲလာပြီး ခေါင်းလေးကိုငုံ့ထားကာ ပြန်ဖြေလိုက်သည်။
"ဒေါ်ဒေါ်ထပ်ပြီးတော့ နောက်နေပြန်ပါပြီ...ချင်အာက နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ အိမ်ဖော်တစ်ယောက်ပါ..ဘယ်လိုလုပ်ပြီး သခင်လေးဖုန့်နဲ့ ထိုက်တန်ပါ့မလဲ..ပီးတော့ ချင်အာလည်း အရမ်းငယ်ပါသေးတယ်.."
"ချင်အာ..သမီးအသက်က မငယ်တော့ပါဘူးကွယ်..သမီးသာသဘောတူရင်..ဒေါ်ဒေါ်သခင်လေးလုံကိုပြောလိုက်မယ်.."
ပုယွဲ့ကပြောလိုက်သည်။
"အကယ်၍...သခင်ကသာသဘောတူရင်..ချင်အာ..နာခံပါ့မယ်. "
ချင်အာက သူမမျက်နှာလေးကို သူမ ကော်လံအတွင်းတွင် နက်ရှိုင်းစွာဝှက်ထားရင် အရမ်းကိုတိုးလျသော အသံလေးဖြင့်ပြောလိုက်သည်။
သူမကူကယ်ရာမဲ့စွာဖြင့် လက်ထဲရှိပန်းအိုးကိုပင် သူမမျက်နှာရှေ့တွက်ထားလိုက်မိသည်။
သူမမှာ ငှက်ပေါက်လေးကဲ့သို့ ရှက်ရွံ့နေပြီး ပုယွဲ့ကို ထပ်မံ၍ကြည့်ရဲခြင်းမရှိချေ။
"အမေ..".
ရုတ်တရက် ဝန်းအပြင်ဘက်မှ ငယ်ရွယ်သော အသံတစ်ခုထွက်ပေါ်လာသည်။
"အာ.."
ရင်းနှီးကျွမ်းဝင်သော အသံနှင့် ရင်းနှီးကျွမ်းဝင်သောအခေါ်အဝေါ်ကို ကြားလိုက်ရသောအခါတွင် ပုယွဲ့၏ ကိုယ်မှာ တမင်တကာလုပ်ယူခြင်းမဟုတ်ရပါဘဲ တုန်ယင်သွားရသည်။
သူမအနေဖြင့် သစ်ရွက်တို့ကို တိရာတွင် အသုံးပြုနေသော ကတ်ကြေးကိုင်ထားမိသည်ကိုပင်သတိမရမိပဲ မြေပြင်ပေါ်သို့ ဘုတ်ကနဲ လွတ်ကျသွားရသည်။
သူမက ချင်အာကိုကျော်၍ အသံလာရာဆီသို့ ကြည့်လိုက်သည်။
ပုယွဲ့မှာ နေညများစွာသူမ လွမ်းဆွတ်နေရသော မျက်နှာလေးနှင့်အတူ ငယ်ရွယ်ပြီး အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။
"ဖုန့်အာ.."
ပုယွဲ့က အလျှင်အမြန်ပြေးသွားလိုက်သည်။
"အမေ"
ရှစ်ဖုန့်ကလည်း သူမထံ လျှောက်သွားလိုက်သည်။ သူကသူမချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါ လက်နှစ်ဖက်ကိုဆန့်၍ ရင်ခွင်ထဲသို့ထွေးဖက်လိုက်သည်။
"ဖုန့်အာ..မင်းအရပ်တော်တော်ရှည်လာတာပဲ.."
ထို့နောက်တွင် သူမအမြဲချီပိုးလာခဲ့ရသော ကလေးလေးက သူမနှစ်ပေါင်းများစွာ အိပ်ယာထဲလဲနေသည့် အချိန်အတောအတွင်းတွင်ပင် ပို၍ ထွားလာခဲ့ပြီဖြစ်ကြောင်းကို ပုယွဲ့သဘောပေါက်လိုက်မိသည်။
ယခုအခါတွင် သူမခေါင်းမှာ သူမသား၏ ပခုံးကိုသမှီတော့သည်။
သူမအနေဖြင့် သူမမျက်နှာအား သူ့ပခုံးပေါ်တင်လိုက်သည့်အချိန်တွင် ကြီးမားသော လုံခြုံနွေးထွေးမှု အာရုံကို ခံစားလိုက်ရသည်။
"ဟားဟား"
ရှစ်ဖုန့်အနေဖြင့် သူ့မိခင်ဖြစ်သူ၏ ရှေ့တွင် သူ့စိတ်နေသဘောထားတစ်ခုလုံး ပြောင်းလဲသွားသည်ကိုသိလိုက်ရသည်။
သူအနေဖြင့် သူ၏ မူလရိုးစင်နုံအငယ်ရွယ်သော အခိုက်အတန့်ကို ပြန်လည်ရောက်ရှိသွားမိသည်။
"အမေ..ဒီမှာကောင်းကောင်း နေထိုင်ရရဲ့လား.."
"အင်းပါ..အမေကအဆင်ပြေပါတယ်..မင်းကရော.."
ထိုအချိန်တွင် ချင်အာကလည်း သူမခေါင်းလေးကို သူခိုးတစ်ယောက်ကဲ့သို့ တိတ်တဆိတ်လှည့်ကြည့်လိုက်မိသည်။
သူမက ထိုလူကိုရှက်ရွံ့စွာကြည့်လိုက်မိပြီး နောက်ဆုံးသူ့မျက်နှာကို မြင်တွေ့လိုက်ရသော အခါတွင် ဝမ်းသာပျော်ရွှင်မှုနှင့် ရိုးတိုးရှန်းတန်းဖြစ်မှု နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။
သူမက ပြေးလွှားနေသော သမင်ရိုင်းမလေးကဲ့သို့ပုံစံဖြင့် တီးတိုးပြောလိုက်သည်။
"သူက.. သခင်လေးဖုန့်ဆိုတဲ့သူပေါ့...သူကအရမ်းချောတာပဲ.. ဒေါ်ဒေါ်ခုဏကပြောခဲ့တယ်...အခုနေသူသာ အလိုရှိတယ်ပြောလိုက်ရင်..."
ဆက်ရန်...
ဘာသာပြန်သူ-Arise