အပိုင်း(၁၁၄)
Vol. 8 Ch. 114
ချင်အာက သူမျက်နှာလေးအားဘေးဘက်သို့လှည့်လိုက်ပြီး ရှစ်ဖုန့်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူမနှလုံးသားထဲတွင်တော့ ရင်ခုန်သံတဒိန်းဒိန်း ကျယ်လောင်စွားမြည်ဟီးနေသည်။
ညစာစားပြီးသည့်နောက်တွင် ညကောင်းကင်ယံအောက်၌ ရှစ်ဖုန့်နှင့် လုံချန်တို့သာ လသာဝန်းအတွင်းတွင် ကျန်ရစ်နေခဲ့သည်။
ယခုအချိန်တွင်သူနှင့်လုံချန်တို့သာ ကျန်ရစ်နေခဲ့ကြခြင်းဖြစ်ပြီး ရှစ်ဖုန့်က ဘာမလိုလားအပ်သော အရာတို့နှင့်မှ စိတ်အနှောက်ယှက်ဖြစ်ခံခြင်းမရှိဘဲ လုံချန်ကို တိုက်ရိုက်ပင်မေးလိုက််သည်။
“ဘာလို့မင်း …စားချိန်သောက်ချိန်အတွင်း ရောက်လာတာလဲ”
အစကဆိုလျှင် ရှစ်ဖုန့်အနေဖြင့် လုံချန်၏ ယနေ့ညအပြုအမူများအပေါ်တွင် စက်ဆုပ်ရွံရှာမိလိမ့်မည်ဖြစ်သည်။ သို့သူ၏အပျော့ဆွဲဆွဲမှုအောက်တွင် မိခင်ဖြစ်သူ ပျော်နေသည်ကို မြင်ရသောအခါ ထိုအရာကိုပင် ကောင်းမွန်သော အရာဟုသုံးသပ်ရနိုင်သည်။
သူမိခင်သာ ၎င်းနှင့်အတူရှိနေလျှင် ၎င်း၏ရည်ရွယ်ချက်ကဘာဖြစ်နေပါစေ အရေးမကြီးပေ သူမိခင်ဖြစ်သူအား ကောင်းမွန်စွာဆက်ဆံဖို့သာလိုသည်။
ထို့နောက်မကြာခင် ရှစ်ဖုန့်က မေးလိုက်သည်။
“ဒီနေ့လာတဲ့ ဝန်ကြီးချုပ်လို့ခေါ်တဲ့သူက ပြဿနာတစ်ခုခု ရှာသွားလို့လား”
“ဘာမှမရှာပါဘူး”
လုံချန်ကပြောလိုက်သည်။
“သူကငါ့အကိုလူလေ… သူငါ့ကို တစ်ခုခုလုပ်ချင်တာကြာပြီဖြစ်ပေမဲ့ ..သူဘာလုပ်နိုင်မှာမို့လဲ..အများဆုံး သူ့အနေနဲ့ သူ့သားနဲ့ ကိုယ်ရံတော်ကိုသတ်တဲ့လူသတ်သမားကို ငါက လက််သင့်ခံထားပါတယ်ဆိုပြီး ငါ့ခမည်းတော်ကို ထက်တွန့်တက်ရုံပဲရမယ်..ဒါပေမဲ့ သူ့သားက အင်ပါယာမြို့တော်မှာ နမည်ဆိုးနဲ့ကျော်ကြားနေတာ..သူကလုံးဝကိုယုတ်ညံ့တဲ့ကောင်ပဲ..ငါသူကိုရင်ဆိုင်နိုင်ပါတယ်…ငါဒီကိုလာခဲ့တာက ကိစ္စအချို့အတွက်လာခဲ့တာပါ”
လုံချန်ကပြောလိုက်သည်။
“ငါ..ငါ့ဆရာနလန်ယမ်ကို ပြောခဲ့တယ် မင်းရဲ့လမ်းညွှန်ပြသမှုအောက်က ကျောက်ဟူနဲ့ ကျောက်လုံတို့ရဲ့ အခြေအနေတိုးတက်မှုတွေိကိုပေါ့ ..ငါ့ဆရာက မင်းအခု ငါ့အိမ်တော်မှာ နေတာကိုသိတယ်လေ..မနက်ဖြန်ကြရင် သူ့ရဲ့ အသက်ခုနှစ်ဆယ်ပြည့် မွေးနေ့ပွဲရှိတယ်..ပြီးသူက မင်းကိုတက်ရောက်ဖို့အတွက် ဖိတ်ကြားချင်တယ်တဲ့”
“မင်းငါကို သူ့အတွက်အကြံဉာဏ်ပေးစေချင်တယ်ဆိုရင်လည်း ဒဲ့သာပြောစမ်းပါ ဘာကိုမွေးနေ့ပွဲလဲ…ဘာကိုတက်ရောက်တာလဲ…”
ရှစ်ဖုန့်က အထင်သေးစွာပြောလိုက်သည်။
“ဒီနေ့မင်းပြောခဲ့တဲ့သူက ကြယ်ကိုးပွင့်ဘုရင်နယ်ပယ် မလား…ငါသူ့ကို ဘိုးဘေးနယ်ပယ်ကို အဆင့်ချိုးဖြတ် တက်လှမ်းနိုင်အောင်လို့ ကူညီပေးလို့ရတယ်”
“တကယ်လား”
လုံချန်မှာရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်တွင် တုန်လှုပ်သွားမိသည်။ နလန်ယွမ်မှာ ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တွင် သောင်တင်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆင့်ကို ချိုးဖြတ်မတက်လှမ်းနိုင်ခဲ့သည်မှာလည်း တစ်နှစ်ရှိပြီဖြစ်သည်။
သို့သော်သူ့အနေဖြင့် ရှစ်ဖုန့်၏ စကားတို့က အရမ်းကို စိုးရိမ်သောကကင်းလွန်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်လွန်းသည်ဟုခံစားရသည်။
သူ၏လေသံက ကြယ်ကိုးပွင့် အင်ပါယာ နယ်ပယ်အဆင့်အား ချိုးဖြတ်ရသည်မှာ ထမင်းစားရေသောက်ကဲ့သို့ပင် လွယ်ကူသည်ဟုထင်ရသလိုဖြစ်နေသည်။လုံချန်အနေဖြင့် ဤအရာမှာ အနည်းငယ်စိတ်မချရဟုခံစားရသည်။
“မင်းကငါ့ကို လေကြီးလေကျယ်ပြောတတ်တဲ့ လူစားမျိုးထင်နေတာလား”
ရှစ်ဖုန့်ကပြောလိုက်သည်။ သူ့အနေဖြင့် ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်အား ဘိုးဘေးနယ်ပယ်သို့ အဆင့်ချိုးဖြတ်ရန်အတွက်သာ ပြောခဲ့ခြင်းဖြစ်သည်။
ယခင်က သူသင်ကြားပေးခဲ့သောတပည့်များအားလုံးမှာ ထျန်းဟန်တိုက်ကြီးတစ်ခုလုံးအား လှုပ်ခတ်နိုင်စွမ်းရှိသူများဖြစ်ကြသည်။
အစက လုံချန်အနေဖြင့် “ဟုတ်တယ်” ဟုပြောချင်ခဲ့သည်။
သူသို့ စဉ်းစားကြည့်လိုက်လျှင် ဤငတိ၏ စကားတို့က အမြဲပင် ဤကဲ့သို့ဖြစ်နေသည်မဟုတ်ပါလေ။
လူများကသူ့အား ကိုယ်ရည်သွေးသူ ကိုယ့်ကိုယ်ကို ပို၍တွက်ဆသူတစ်ယောက်အဖြစ် ဘယ်နှစ်ကြိမ်အထိကို ထင်ခဲ့ မိပါသနည်း။
သို့သော်သူကလည်း ယေဘုယျအမြင်တို့ကို ကျော်လွန်ပြီး သူ့ကိုယ်သူသက်သေပြ၍ သူအားသံသယဝင်သူတို့ကို တုန်လှုပ်စေခဲ့သည်မှာ ဘယ်နှစ်ကြိမ်တောင် ရှိခဲ့ပြီဖြစ်သနည်း။
လုံချန်ကိုယ်တိုင်ကပင် သူ့အား အကြိမ်ပေါင်းများစွာ သံသယဝင်မိခဲ့သူဖြစ်ပြီး အကြိမ်ပေါင်းများစွာလည်းသူ့ကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ရသူဖြစ်လေသည်။
“မင်းသာတကယ် ငါ့ဆရာအဆင့်တက်လှမ်းဖို့ကို ကူညီနိုင်တယ်ဆိုရင်…သူအနေနဲ့ မင်းကို အရမ်းကျေးဇူးတင်နေမှာပါ”
လုံချန်ကပြောလိုက်သည်။
“မင်းငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး..ကမ္ဘာပေါ်မှာ အလကားရတဲ့ နေ့လည်စာဆိုတာမရှိဘူး ….ငါကမင်းနဲ့လည်း အရမ်းကို အကျွမ်းတဝင်ဖြစ်နေတဲ့သူ မဟုတ်ဖူး..ငါ့ကို အသုံးဝင်တဲ့ အရာတုစ်ခုခုကိုသာပေးစမ်းပါ”
ရှစ်ဖုန့်ပြောလိုက်သည်။
“သေချာတာပေါ့ ဒါဆို နောက်မှပဲ သူ့ကို သတင်းပို့ပြီး မင်းက သူအဆင့်ချိုးဖြတ်ဖို့ကို ကူညီပေးနိုင်ကြောင်းကို ပြောလိုက်မယ်”
လုံချန်ကပြောလိုက်သည်။
“အင်း”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
“အဲ့သက်ကြားအိုကြီးကိုပြောလိုက် သူသာ ဘိုးဘေးနယ်ပယ်အဆင့်ကိုချိုးဖြတ်တက်လှမ်းချင်တယ်ဆိုရင် သူ့အနေနဲ့ တူညီတဲ့ တန်ကြေးတစ်ခုတော့ ပြန်ပေးရလိမ့်မယ်လို့”
“အာ..”
လုံချန်မှာခဏမျှ ကြက်သေသေသွားရပြီး နောက်မှ ခေါင်းကိုခါယမ်း၍ ခါးသက်စွာပြုံးလိုက်သည်။
ယွင်လိုင်အင်ပါယာအတွင်းတွင် သူ့ဆရာဖြစ်သူ နလန်ယွမ်အား သက်ကြားအိုကြီးဟု ခေါ်ရဲသောသူမှာ သူတစ်ယောက်တည်းရှိသည်ဖြစ်နိုင်လောက်သည်။
ထို့နောက်လုံချန်က သူ့ပါးစပ်ကိုထပ်မံဖွင့်ဟလိုက်သည်။
“ငါ့ဆရာရဲ့ ကိစ္စအပြင်ကိုထပ်ပေါင်းရရင် နောက်ထပ်ကိစ္စတစ်ခုရှိနေသေးတယ်”
“ ညနေတုံးက အမျိုးသမီးတစ်ယောက်က ငါ့တိုကင်ပြားနဲ့ ရောက်လာခဲ့တယ်..ငါ့အစောင့်ဆီကနေကြားခဲ့ရတာကတော့ အဲ့အမျိုးသမီးငါတို့အိမ်တော်ကိုလာဖို့ကို မင်းစီစဉ်ခဲ့တာတဲ့”
“ဟုတ်တယ်..အဲ့တာငါပဲ”
ရှစ်ဖုန့်က ခေါင်းညိ့မ်လိုက်သည်။
“ပြဿနာတစ်ခုခုရှိလို့လား”
“အဲ့အမျိုးသမီးနဲ့ ပက်သက်ပြီးက ပြဿနာမရှိဘူး..ဒါပေမဲ့ …သူမက သူမနဲ့အတူ အကြောသေ နေတဲ့ လူအိုကြီးတစ်ယောက် ကိုခေါ်လာခဲ့တယ်….ငါသူ့ကို မတော်တဆ တိုက််ဆိုင်စွာတွေ့ခဲ့ဖူးတယ်…ငါသာ အမှတ်မမှားဘူးဆိုရင် ..အဲ့လူအိုကြီးက အရင်က တောင်ပိုင်းဘုရင် ယဲ့ဝူရှင်းပဲဖြစ်ရမယ်..ငါသူ့ကို တော်တော်လေးငယ်တဲ့ အချိန်တုံးကတွေ့ခဲ့ဖူးပေမဲ့ သူက ရုတ်တရက်ကြီးပျောက်ကွယ်သွားတာလို့ပြောလို့ရတယ်…အဲ့နောက်မှာ တောင်ပိုင်းရဲ့ စစ်တပ်အာဏာကို သူ့မွေးစားသားဖြစ်သူ ဧကရာဇ်ရဲ့ သားမက်တော် ရှစ်ကျင်းထျန်းက အပြီးတိုင်လက်လွှဲယူခဲ့တယ်”
လုံချန်ကပြောလိုက်သည်။
“ရှစ်ကျင်းထျန်းရဲ့ မွေးစားဖခင်တဲ့လား စိတ်ဝင်စားစရာပဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“အဲ့ အချိန်တုံးက ကောလဟာလတွေအရတော့ ယဲ့ဝူရှင်းဟာ နှလုံးသားမဲ့ အကြင်နာမဲ့ ပုဂ္ဂိုလ်တစ်ယောက်တဲ့…သူ့နည်းလမ်းတွေက တော်တော်လေးကို ရက်စက်ပြီး ကြောက်စရာကောင်းတယ်..ဘုရင်နယ်ပယ်သုံးယောက်ထဲမှာ အဲ့တုံးက ရှစ်ကျင်းထျန်းက သူနဲ့ အနီးကပ်ဆုံးသူဖြစ်ခဲ့တယ်…သူပျောက်ကွယ်သွားခဲ့ရတာဟာ ရှစ်ကျင်းထျန်းနဲ့ တစ်ခုခုပက်သက်နေရမယ်လို့ လူအများကြီးက သံသယရှိခဲ့ကြတယ်”
လုံချန်ကပြောလိုက်သည်။
“သူ့ကိုသွားပြီး ကြည့်ကြတာပေါ့ …”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အင်း သွားကြစို့”
လုံချန်က ခေါင်းညိမ့်လိုက်သည်။
ထို့နောက်တွင် နှစ်ယောက်သား ဝန်းအပြင်ဘက်သို့ အတူတကွ ထွက်သွားကြသည်။
မင်းသားချန်အိမ်တော်၏ အနောက်မြောက်ထောင့် အစွန်အဖျားကျသော ထောင့်စွန်းတွင်ဆိတ်ငြိမ် အေးချမ်းသော ဝန်းတွင်းရှိ အခန်းတစ်ခုအတွင်းတွင် ဆီမီးအိမ်တစ်ခုကို ထွန်းညှိထားသည်။မီးအိမ်မှလာသော အလင်းက နီညိုရောင် ပြတင်းတံခါးပေါ်ရှိ အဖြူရောင်စက္ကူပေါ်တွင် ရောင်ပြန်ဟက်နေသည်။
အလွန်လက်ရာမြောက်သော်လည်း ရိုးရှင်းလှသည့်အခန်ထဲတွင် နီညိုရောင် ကုတင်တစ်လုံးရှိနေပြီး ထိုအပေါ်တွင် ကြီးမားသော လေးထောင့်ပုံစံ ခေါင်းအုံးတစ်ခုအား နောက်ကျောတွင်ခုထားပြီး အပေါ်ပိုင်းကိုယ်ကို အနည်းငယ်ထူမတ်ထားပေထားသော လူအိုကြီးတစ်ယောက်ရှိနေသည်။
အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က လူအိုကြီးဘေးတွင်ထိုင်နေသည်။
သူမက အုတ်ဂျုံယာဂု ထည့်ထားသော ကြွေပန်းကန် လုံးတစ်လုံးကို သူမညာလက်ထဲတွင် ကိုင်ထားပြီး ကြွေဇွန်းတစ်ချောင်းကို သူမ၏ဘယ်လက်ထဲတွင် ကိုင်ထားသည်။
သူမက ပန်းကန်လုံးထဲရှိ ယာဂုအား တစ်ဇွန်းခပ်ပြီးတိုင်းတွင် ဇွန်းအား ညင်သာစွာ မှုတ်ပေးပြီး လူအိုကြီးအား ဂရုတစိုက် ကျွေးလေသည်။
လူအိုကြီး၏ ဆံပင်တို့မှာ မီးခိုးရောင်ဖြစ်နေပြီး ကောက်ရိုးမျှင်တို့ဖြင့်တူနေသည်။
သူ၏မျက်နှာကဝါကြင့်ကြင့်ရှိပြီး အရေးအကြောင်းများ ဇရာကြောင့်ဖြစ်သော အစက်အပျောက်များဖြင့် ပြည့်နှက်နေ၏။
သူ့မျက်လုံးများကငိုင်တွေနေပြီး အားနည်းနေသည်။သူ့ပုံစံမှာ လူသေတစ်ယောက်နှင့် ခြားနားခြင်းမရှိချေ။
“ဖိုးဖိုး ….အပြင်မှာနေထိုင်ရတာက အရမ်းအန္တရာယ်များတယ်…သမီးတို့တေွ အခုချိန်ကစပြီးတော့ ဒီမှာပဲနေရလိမ့်မယ်….”
မိန်းကလေးက နူးညံ့ညင်သာစွာပြောရင်း လူအိုကြီးအား ယာဂုကို ဖြည်းညှင်းစွားကျွေးနေသည်။
ဤမိန်းကလေးမှာ ရှစ်ဖုန့်တစ်စုံတစ်ယောက်နှင့် အမှတ်မှားခဲ့သောသူဖြစ်လေသည်။သူမမှာ ကျောက်ကျစ်ရှင်း၏ စနောက်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ရှစ်ဖုန့်၏ ကယ်တင်ခြင်းကိုလည်းခံခဲ့ရသူဖြစ်သည်၊
အမျိုးသမီးငယ်လေးစကားပြောပြီးသွားသော်လည်း လူအိုကြီး၏ အမူအယာက လုံးဝ ပြောင်းလဲခြင်းမရှိပေ။
သူ၏တစ်ကိုယ်လုံးက ခံစားချက်မဲ့စွာဖြင့် ဆက်လက်တည်ရှိနေသည်။
ယာဂုဇွန်းသူနားသို့ရောက်ရှိလာသောအခါမှသာလျှင် သူပါးစပ်ကို အနည်းငယ်ဟသည်။
သူမက လူအိုကြီးအနေဖြင့်သူမပြောနေသည်အား နားထောင်၏လော သို့မဟုတ် သူမပြောသည်တို့အား လက်ရှိအခြေအနေဖြင့် ကြားနိုင်၏လောတို့ကို ဂရုစိုက်မနေချေ။
မိန်းမပျိုငယ်လေးကဆက်ပြောသည်။
“ဖိုးဖိုး ဒီနေ့သမီးကို ကယ်တင်ပေးခဲ့တဲ့ သခင်လေးဖုန့်ကို သွားကျေးဇူးတင်အုံးမယ်..ဒါကြောင့် အခုဒီမှာ ဖိုးဖိုး တစ်ယောက်တည်း နေရလိမ့်မယ်နော်..ယင်အာ မကြာခင် ဖိုးဖိုးကို ဂရုစိုက်ပေးဖို့ ပြန်လာခဲ့မယ်နော် ဟုတ်ပြီလား”
လူအိုကြီးက ဘာမျှပြောကြားခြင်းမရှိပေ။ သူ၏မျက်လုံးတို့ကသာ ပွင့်နေခြင်းမရှိလျှင် သူ့အား သေဆုံးနေနှင့်ပြီးဖြစ်သည်ဟုပင် ထင်ကြလိမ့်မည်ဖြစ်သည်။
ယင်အာဟုခေါ်သော မိန်းကလေးက သူစကားပြောပြီးသည့်အခါတွင် ပန်းကန်လုံးနှင့် ဇွန်းကို ဘေးတွင်ထား လိုက်ပြီး သူမအင်္ကျီလက်အတွင်း အဖြူရောင်ပိုးသားလက်ကိုင်ပဝါကို ထုတ်၍ လူအိုကြီး၏ပါးစပ်အား သုတ်ပေးနေသည်။
“ဒေါက်…ဒေါက်..ဒေါက်..”
ရုတ်တရက် တံခါးခေါက်သံထွက်ပေါ်လာသည်။
“လာပါပြီ”
မိန်းမငယ်လေးက ညင်သာစွာတုန့်ပြန်လိုက်သည်။
ထို့နောက်သူမကပိုးထည် လက်ကိုင်ပဝါကို အဝေးမှာထားလိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။
တံခါးကိုဖွင့်လိုက်သောအချိန်တွင် မိန်းမငယ်လေးမှာ ရင်နှီးကျွမ်းဝင်ရှိလှသော ငယ်ရွယ်ပြီး ချောမောသည့်မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။
“အကျိုးတော်ဆောင်လေး..ရှင်ပဲကိုး ကျွန်မအခုပဲ ဒီနေ့ ကျွန်မအသက်ကို ကယ်တင်ခဲ့တဲ့ အတွက်လာပြီးတော့ ကျေးဇူးတင်စကားပြောမလို့ပါ”
ထို့နောက်တွင်မိန်းကလေးမှာ ရှစ်ဖုန့်၏ဘေးတွင် လုံချန်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမကအလျှင်အမြန် ဦးညွှတ်ဂါရဝပြုကာပြောလိုက်သည်။
“ဝေ့ယင်က စတုတ္ထမင်းသားကို နှုတ်ခွန်းဆက်သပါတယ်”
လုံချန်က ဝေ့ယင်၏ ဂါရဝပြုမှုကို မြင်လိုက်ရသောအခါ အလျှင်အမြန်ပြောလိုက်သည်။
“မိန်းကလေးဝေ့ ဒီလိုအရမ်းယဉ်ကျေးပျူငှာစရာတွေကို လုပ်နေဖို့မလိုပါဘူး …မင်းက သခင်လေးဖုန့်ရဲ့ ဧည့်သည်ဆိုမှတော့ ငါ့ရဲ့ ဧည့်သည်တော်ပဲပေါ့ ..ကျုပ်က သခင်လေးဖုန့်နဲ့ အတူ မိန်းကလေးဝေ့နဲ့ လူအိုကြီးတို့ဆီကို အလည်အပတ်လာခဲ့တာ …မိန်းကလေးအနေနဲ့ ..ဒီမှာနေထိုင်ရတာ ဘယ်လိုနေတုံး”
“အားလုံးအဆင်ပြေပါတယ်” ဝေ့ယင်ကပြောလိုက်သည်။
“သခင်လေးနဲ့ မင်းသားလေးတို့တောင် နောက်ဆုံးစိတ်ဝင်တစားနဲ့ လာသေးတာလဲ ..လာပါ အထဲကို ဝင်ထိုင်ကြပါအုံး”
ဆက်ရန်…
ဘာသာပြန်သူ-ARISE