အပိုင်း (၁၁၅)
Vol. 8 Ch. 115
ဝေ့ယင်း၏ ဖိတ်ခေါ်မှုအောက်တွင် ရှစ်ဖုန့်နှင့်လုံချန်က အခန်းအတွင်းအတူတကွဝင်လာကြသည်။
လုံချန်က အိပ်ယာပေါ်တွင် ခန္ဓာကိုတစ်ဝက်ကိုလဲလျောင်းနေသော လူအိုကြီးကိုတစ်ချက်ကြည့်လိုက်သည်။
သူကလှည့်၍ ရှစ်ဖုန့်ကို ခေါင်းညိမ့်ပြလိုက်သည်။
၎င်းမှာ သူရှစ်ဖုန့်ကိုပြောပြခဲ့သော ထိုပုဂ္ဂိုလ်ပင်ဖြစ်သည်ဟု ပြောနေသကဲ့သို့ပင်ဖြစ်သည်။
ရှစ်ဖုန့်က လူအိုကြီးကို မြင်တွေ့လိုက်ရချိန်တွင် တစ်စုံတစ်ခုစိတ်ဝင်စားစရာကောင်းနေသည်ကို တွေ့လိုက်ရသည်။
ခုဏတုံးက သူ့အနေဖြင့် လူအိုကြီး၏ ခန္ဓာကိုယ်ဆီမှ သိမ်မွေ့သော ဆယ်သွယ်မှုတစ်ခုကို အာရုံခံမိခဲ့သည်။
တစ်စုံတစ်ယောက်က လူအိုကြီး၏ ကိုယ်ထဲတွင် ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ကို ထည့်သွင်းခဲ့ခြင်းပင်ဖြစ်သည်။
ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် မှာ သူဟိုအရင်ကြာမြင့်သော ကာလတစ်ခုကတည်းက တီထွင်ခဲ့သော ပိတ်ဆို့ချိတ်ပိတ်ခြင်းပညာရပ်တစ်ခုဖြစ်သည်။
ထိုအချိန်တုံးက သူ့အနေဖြင့် အပျော်သပ်သပ်သာ ဖန်တီးခဲ့ခြင်းဖြစ်၏။
၎င်းအား အများကြီး အသုံးမပြုခဲ့ပေ။ ၎င်းမှာ သိုင်းပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ အမှတ်အသားတစ်ခုကိုထည့်သွင်းလိုက်ပြီး ထိုသူ၏ ကျင့်ကြံဲခြင်းကို ပိတ်ဆို့ခြင်းဖြစ်သည်။
အမှတ်အသားဖြင့် ပိတ်ဆို့ခြင်းခံရသော သိုင်းပညာရှင်များအတွက်မူ
၎င်းတို့၏ ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်ထက်ပင် တဖြည်းဖြည်းပိုမို၍ နိမ့်ပါးကျဆင်းလာမည်ဖြစ်သည်။
သူအစောပိုင်းနှစ်များအတွင်းတွင် ခေါ်ယူခဲ့သော တပည့်အချို့ဖြစ်သည့် လင်ယဲ့ဖုန်း၊ မိုရှောင်ယောင်နှင့် လန်အောင်းယွဲ့တိုအား ဤဆီးလ်တံဆိပ်ပညာရပ်အား သင်ပေးခဲ့ဖူးသည်ကို သူမှတ်မိသည်။
ဤ လူအိုကြီးအား ဆီးလ်တံဆိပ်ခတ်နှိပ်ခဲ့သောသူက သူတို့ထဲမှ တစ်ယောက်များဖြစ်နိုင်ပါမည်လော။
ထိုသို့မဖြစ်သင့်ပေ။ သူတို့၏ မာနကြီးသော စရိုက်များအရ သူတို့အနေဖြင့် ဤ အင်ပါယာနယ်ပယ်တစ်ယောက်အား တစ်ချက်တည်းဖြင့်ပင် ရိုက်သတ်သင့်သည်။ ဤဆီးလ်တံဆိပ်ပညာရပ်အား အသုံးပြုရန် သူတို့မည်ကဲ့သို့ စိတ်ပါနိုင်ပါမည်နည်း။
အခြားသူများအတွက်မူ ရှစ်ဖုန့်အနေဖြင့် ဤပညာရပ်အား သင်ပေးခဲ့သည်ဆိုသည်အား မမှတ်မိပေ။
သူသင်ကြားပေးမိခဲ့လျှင်တောင် ၎င်းတို့အနေဖြင့် အင်ပါယာနယ်ပယ်လေးတစ်ယောက်အပေါ်တွင်တော့ အသုံးပြုကြ လိမ့်မည် မဟုတ်ပေ။
ဝေ့ယင်၏ ဖိတ်ခေါ်မှုကြောင့် ရှစ်ဖုန့်နှင့်လုံချန်တို့မှာ နီညိုရောင်စားပွဲဝိုင်းတစ်လုံးဘေးရှိ ခွေးခြေတို့ပေါ်တွင် ဝင်ထိုင်လိုက်သည်။လုံချန်ကပြောလိုက်သည်။
“နောက်ကျမှ ရောက်လာမိလို့ ကျုပ်တို့တွေ မင်းနဲ့ လူအိုကြီးကို အနှောက်အယှက် များပေးမိသလိုဖြစ်သွားလား”
“မဖြစ်ပါဘူး ..အရှင့်သားက တော်ဝင်မျိုးနွယ် အဆင့်အတန်းမြင့်မားတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ သခင်လေးဖုန့်ကတော့ ကျွန်မရဲ့ ကယ်တင်ရှင်ပါ ..”
“အရှင့်သားတို့က ကျွန်မကို လာတွေ့တာနဲ့တင် ဝမ်းသာဂုဏ်ယူမိနေပါပြီ…ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ ဧည့်ဝတ်မကျေပြွန်မှုအပေါ် ခွင့်လွှတ်ပေးကြပါ”
ဝေ့ယင်က ပြောရင်း ခွေးခြေပေါ်မှ ထရပ် လူနှစ်ယောက်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
လုံချန်က အလျှင်အမြန်ပြောလိုက်သည်။
“မိန်းကလေးဝေ့ နောက်ကျရင် ဒီလိုမျိုးတွေ အရမ်းကို ယဉ်ကျေးပျူငှာနေပြစရာ မလိုအပ်ပါဘူး…ကျုပ်က တကယ့်ကို လွတ်လွတ်လပ်လပ်နဲ့ နှောင်ကြိုးမဲ့ ကင်းကင်းနေထိုင်တတ်တဲ့သူပါ ….ကျုပ်မှာက စည်းမျဉ်းစည်းကမ်းတွေဆိုတာ သိပ်မရှိဘူး,,,ဒီနေရာကို မင်းရဲ့ အိမ်လိုမျိုး သဘောထားနိုင်ပါတယ်”
“ဟုတ်ကဲ့”
ဝေ့ယင်က ပေါ့ပါးစွာခေါင်းကိုညိမ့်ပြ၍ ပြောလိုက်သည်။
“ကျွန်မငယ်ငယ်လေးထဲက အဖိုးနဲ့ ကျွန်မဟာ တစ်ယောက်ကိုယ်တစ်ယောက် မှီခိုပြီးတော့ပဲ နေထိုင်ခဲ့ကြရတာ”
“ဝေ့ယင်ဟာ.အစတုံးက ကြုံရာကျပန်းသွားလာနေတဲ့ မိဘမဲ့တစ်ယောက်ပါ..အဖိုးကသာ ကျွန်မကိုခေါ်ယူခဲ့ပြီးတော့ မွေးစားခဲ့တာ..ဒါပေမဲ့ နှစ်အချို့ကြာမြင့်ပြီးတဲ့နောက်မှာတော့…အဖိုးကနေမကောင်းဖြစ်ပြီးတော့ သူ့ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီး ဆိုးရွားလာခဲ့တယ်..နောက်ပိုင်းကျ အခုလိုပုံစံအတိုင်းဖြစ်လာခဲ့တော့တာပဲ”
“အဲ့လိုနဲ့ နောက်ပိုင်းမှာ ကျွန်မတို့ အစကနေခဲ့တဲ့ ဇာတိနေရာမှာ ငတ်မွတ်ခြင်းကပ်ဘေးကြီးဖြစ်လာခဲ့တယ်..အဲ့မှာ ဘာမှစားသောက်စရာမရှိဘူး..ဒါကြောင့် ဝေ့ယင်းက အဖိုးကို ခေါ်ပြီးတော့ အခြားသော ဒုက္ခသည်တွေနဲ့အတူတူ တစ်ခြားသောနေရာတွေကို ပြောင်းရွှေ့ခဲ့တယ်..ဖြည်းဖြည်းချင်း ကျွန်မတို့တွေဟာ အင်ပါယာမြို့တော်ဆီကို ရောက်ရှိလာခဲ့ပြီး မြို့တော်ရဲ့ ချမ်းသာကြွယ်ဝမှုကို သတိပြုမိတယ်”
“ကျွန်မတို့ဟာ အင်ပါယာမြို့တော်ရဲ့ အပြင်ဘက်မှာ အခြေချနေထိုင်ခဲ့တယ်….ဝေ့ယင်က မြို့ထဲမှာ အလုပ်တစ်ချို့ကို ရှာခဲ့တယ်လေ….ကံကောင်းစွာနဲ့ သူဌေးက ကြင်နာသနားပြီးတော့ ကျွန်မကို အလုပ်နေရာပေးခဲ့တယ်…အဲ့လိုနဲ့ ကျွန်မဟာ အဖိုးကိုလည်းစောင့်ရှောက်ရင်း ဈေးဆိုင်မှာလည်း ဈေးရောင်းတာကို စတင်လုပ်ကိုင်ခဲ့တယ်”
“မိန်းကလေးဝေ့ယင်မှာ ဒီလိုမျိုးခက်ခဲ ကြမ်းတမ်းတဲ့ ဘဝမျိုးရှိခဲ့လိမ့်မယ်လို့ ကျုပ်လုံးဝ မမျှောင်လင့်ထားခဲ့မိဘူး”
လုံချန်က ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။
“ဒီနေ့ဝေ့ယင်ဟာ ကျောက်ကျစ်ရှင်းရဲ့ အနိုင်ကျင့် နှောက်ယှက်ခြင်းကို ခံခဲ့ရတယ်….ကံကောင်းစွာနဲ့ပဲ …သခင်လေးဖုန့်က လာရောက်ကူညီခဲ့ပါတယ်..အဲ့လိုမှမဟုတ်ရင် ဖြစ်လာမဲ့ အကျိုးဆက်က စိတ်ကူးကြည့်လို့ကို မရနိုင်လောက်ဖူး….ဝေ့ယင်သာမရှိတော့ရင် ဝေ့ယင်ရဲ့ ကြင်နာတတ်ပြီး စေတနာကောင်းတဲ့ အဖိုးအတွက် ဘာတွေဖြစ်လာမလဲဆိုတောင်တောင် မသိတော့ပါဘူးရှင်”
ဝေ့ယင်မှာ ထိုစိတ်မချမ်းမြေ့စရာ အဆုံးသတ်အား စဉ်းစားမိသောအခါတွင် စွဲကျန်ရစ်နေသော အကြောက်တရားအချို့ကို ခံစားမိသည်။
“တကယ်တော့ ငါဟာ ဆေးပညာရပ်အချို့ကို သင်ယူခဲ့ဖူးတယ်..မင်းအဖိုးမှာဖြစ်နေတဲ့ ဖျားနာမှုမျိုးကို ငါအရင်တုံးက မြင်ခဲ့ဖူးတယ်လေ…ငါ့ကိုတစ်ချက်လောက်ကြည့်ခွင့် ပြုမလား”
တစ်ချိန်လုံးတိတ်နေခဲ့သော ရှစ်ဖုန့်က နောက်ဆုံးတွင် ပါးစပ်ဟလာသည်။
“အာ..သခင်လေးဖုန့်က ဆေးပညာရပ်ကိုသိတာလား”
ဝေ့ယင်းအံ့အားသင့်သွားမိသည်။
“ကျွန်မအဖိုးဖြစ်နေတဲ့ ဝေဒနာမျိုးကို သခင်လေးအရင်က မြင်ဖူးတာလား…ကျွန်မအရင်က အင်ပါယာမြို့တော်က သမားတော်တော်တော်များများဆီကို သွားခဲ့ပြီးပြီ…သူတို့အားလုံးပြောကြတာကတော့ ကျွန်မအဖိုးရဲ့အဖျားရောဂါက ထူးဆန်းတယ်တဲ့..သူတို့ဒါမျိုးကို အရင်ကတစ်ခါမှ မမြင်ဖူးကြဘူး …သူဘာဖြစ်ခဲ့တာလဲဟင်”
ဝေ့ယင်က လျှင်မြန်စွာမေးလိုက်သည်။
“ငါကုပေးရင်သူလုံးဝ ပျောက်ကင်းသွားမှာ”
ရှစ်ဖုန့်က အနည်းငယ်မျှပင်ဣန္ဒြေသမ္ပတ္တိ ရှိမနေဘဲ ပြောလိုက်သည်။
“မင်းတွေ့ခဲ့တဲ့သမားတော်တွေအားလုံးက အသုံးမကျတဲ့ ရမ်းကုတွေကြီးပဲ”
“ဒီလူက တကယ့်ကို ဘယ်လိုနှိမ့်ချနေထိုင်ရမယ်ဆိုတာကို လုံးဝမသိတဲ့သူပဲဟ”
လုံချန်က တိတ်တဆိတ် ခေါင်းခါယမ်းလိုက်သည်။သိုသော် သူသည်လည်းသိချင်မိသည်။ဤလူအနေဖြင့် တကယ်ပဲ ဆေးပညာရပ်ကို သိနေခဲ့ခြင်းများလား။ထိုအရာက အမှန်တကယ်များဖြစ်နေမလား။သူမသိတာရော ဘာတွေများရှိပါသေးသနည်း။သူက ဘက်ပေါင်းစုံကျွမ်းကျင်သော သူများလား။
“ကျေးဇူးပါ သခင်လေးဖုန့် ကျွန်မအဖိုးကို မြန်မြန်လေးကြည့်ပေးပါအုံး..သခင်လေးသာ ကျွန်မအဖိုးဖြစ်သူကို လုံးဝပျောက်ကင်းအောင်ကုသပေးနိုင်ခဲ့ရင် သခင်လေးဖုန့်ရဲ့ကြင်နာမှုအတွက် သခင်လေးဖုန့်ကို ဘာပဲ ပေးဆပ်ရရ ပြန်ပေးဆပ်ပါ့မယ်”
ဝေ့ယင်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“အဲ့လောက်ကြီး အလေးအနက်ထားစရာမလိုပါဘူး”
ရှစ်ဖုန့်က သူ့လက်ကို ဝေ့ယမ်းပြကာပြောလိုက်သည်။
ထိုသို့ပြောပြီးသည့်နောက် ရှစ်ဖုန့်က ထရပ်လိုက်ကာ တစ်ပိုင်းသေဖြစ်နေသော လူအိုကြီးထံသွားလိုက်သည်။
လုံချန်နှင့်ဝေ့ယင်ကလည်း လျှင်မြန်စွာထရပ်ကြပြီး ရှစ်ဖုန့်နောက်မှ လိုက်လိုက်ကြသည်။
ဝေ့ယင်မှာ အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။
ရှစ်ဖုန့်က ဘေးသို့သွားလိုက်ပြီး တစ်ပိုင်းသေဖြစ်နေသော လူအိုကြီးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် လူအိုကြီး၏ အသက်မဲ့နေသော မျက်လုံးတို့မှာ အနည်းငယ် လည်လာသည်။
ရုတ်တရက် လူအိုကြီးမှာ နှိုးဆွလှုံ့ဆော်ခံရသလိုဖြစ်လာသည်။
သူ၏ အသက်မဲ့နေသော မျက်နှာက ရုတ်တရက် ပြောင်းလဲလာပြီး အသက်မဲ့နေသော မျက်လုံးတို့က ရုတ်တရက် ပွင့်လာသည်။သူ့အနေဖြင့် သရဲတစ်ကောင်အားမြင်တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်။
“မင်း…မင်း”
လူအိုကြီးက ရှစ်ဖုန့်ကို ကြည့်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေသည်။ သူ့မျက်နှာက အနည်းငယ် တဆန့်ငင်ငင်လှုပ်နေပြီး အံကိုကြိတ်ကာ သူ့အသံကဝိုးတိုးဝါးတားဖြင့် စူးရှရှဖြစ်နေပြီး သဲများအားစားထားရသကဲ့သို့ဖြစ်ကာ စကားလုံးနှစ်လုံးပွင့်အံထွက်လာသည်။
“အဖိုး ဘာဖြစ်လို့လဲ”
ဤသည်ကို မြင်လိုက်ရသောအခါ ဝေ့ယင်က အလျှင်အမြန်ရှေ့သို့ပြေးတက်လာသည်။ သူမက လူအိုကြီး၏ တုန်ယင်နေသော ကိုယ်ကို ဖိထားကာမေးလိုက်သည်။
“သူ…သူ..”
သူ့မျက်နှာထက်တွင်ထိန့်လန့်တုန်လှုပ်မှုတို့ဖြင့်ပြည့်နေသည်။သူ့အသံမှာတုန်ယင်နေပြီး ပို၍ပို၍ စိတ်လှုပ်ရှားလာသည်။
၎င်းမှာ ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု ရှစ်ဖုန့်အား အတွင်းထဲမှခါးတူးစွာဖြင့်မုန်းတီးမှုတို့ဖြင့် ပြည့်နေသကဲ့သို့ပင်ဖြစ်သည်။
“ဖိုးဖိုးဘာဖြစ်လို့လဲ…ဒါကသခင်လေးဖုန့်လေ ..သူကဖိုးဖိုးကို ကုသပေးဖို့အတွက်လာခဲ့တာ”
ဝေ့ယင်က လူအိုကြီးကို နှစ်သိမ့်ပေးလိုက်သည်။
“သူက သူစိမ်းတွေကိုဆို ကြောက်ရွံ့ဖူးလား”
လုံချန်က ဝေ့ယင်ကိုမေးလိုက်သည်။
“ဟင့်အင်း…အဖိုးက လူတွေကိုအရင်က ဒီလိုမျိုးမတွေ့ဖူးဘူး..ကျွန်မဘာလို့လဲတော့မသိပေမဲ့…သခင်လေးဖုန့်ကိုတွေ့တဲ့ အချိန်မှာသူက..”
ဝေ့ယင်က ပြောလိုက်သည်။
“သခင်လေးဖုန့်ကို တွေ့လိုက်တဲ့အချိန်မှာ သူက…”
လုံချန်ကလည်း ရှစ်ဖုန့်ကို ကြည့်လိုက်သည်။
သူ့မျက်နှာထက်ရှိကောက်ကြောင်းတို့ကို ကြည့်ပြီး လုံချန်တစ်စုံတစ်ခုကိုရုတ်တရက်တွေးမိလိုက်သည်။
“ရှစ်…ရှစ်..”
လူအိုကြီးမှာ သူ့ခွန်အားအားလုံးကို အသုံးပြုထားပုံရသည်။ သူက သူ၏ တုန်ယင်နေသော ခေါင်းကိုမော့ကာ ရှစ်ဖုန့်ကို ညွှန်ပြလိုက်သည်။
“ရှစ်ကျင်းထျန်း”
ရှစ်ဖုန့်နှင့်လုံချန်တို့က ဤနမည်ကို တစ်ပြိုင်တည်းအော်လိုက်ကြသည်။
“အား…”
ထိုနမည်အားကြားလိုက်ရသောအခါတွင် လူအိုကြီးမှာ ရူးသွပ်စွာအော်ဟစ်တော့သည်။
“ဖိုးဖိုး.ဘာဖြစ်တာလဲ..သမီးကို လန့်အောင်မလုပ်ပါနဲ့ “
သူမမှာထိပ်ထိပ်ပျာပျာဖြစ်နေသည်။
သူမကရှစ်ဖုန့်နှင့်လုံချန်ကို ကူကယ်ယာမဲ့စွာဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အရှင့်သား,,သခင်လေးဖုန့်တို့ ကျွန်မ အဖိုးဘာဖြစ်တာလဲဟင် သခင်လေးတို့အဲ့နမည်ကို ပြောလိုက်တဲ့အချိန်မှာ သူဘာလို့ဒီလိုမျိုးဖြစ်လာရတာလဲ..အဲ့နမည်သုံးလုံးက ဘာတွေလဲ”
“အဲ့တာတွေက တိရစ္ဆာန်နမည်တွေလေ..”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကောင်းပြီ…ငါမင်းအဖိုးဖြစ်သူကို ဘယ်လိုကုသပေးရမလဲဆိုတာကိုသိတယ်….မင်းတို့တွေ အပြင်ကိုသွားလို့ရပြီ”
“ဒါပေမဲ့ အဖိုးက ဒီလိုမျိုးဖြစ်နေတာ….သူတကယ်အဆင်ပြေပါ့မလား”
ဝေ့ယင်၏ မျက်နှာထက်တွင် စိုးရိမ်မှုတို့ဖြင့်ပြည့်နှက်နေသည်။
“သူအဆင်ပြေပါတယ်..မင်းစိတ်ပူနေစရာမလိုပဲနဲ့ အပြင်ကို သွားနေလို့ရပါတယ်”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဒါ..ဒါဆိုရင်..ကျွန်မ..”
“အင်း.သခင်လေးဖုန့်ရဲ့စကားကို နားထောက်လိုက်ရအောင် ..အပြင်ကို အရင်ဆုံးသွားကြတာပေါ့”
လုံချန်ကသူမကို နှစ်သိမ့်လိုက်သည်။
“ကောင်းပါပြီ..ဒါဆိုရင် သခင်လေးဖုန့် ကျွန်မသခင်လေးကိုပဲလွှဲထားလိုက်ပါတော့မယ်..သခင်လေးကျွန်မ အဖိုးရဲ့ ရောဂါကို သေချာကုသပေးရမယ်နော်..”
ဝေ့ယင်မှာ ရူးသွပ်နေသောပုံစံဖြင့်လူအိုကြီးကို ကြည့်ကာ စိုးရိမ်မှုတို့ရှိနေဆဲပင်ဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE