အပိုင်း (၁၁၆)
Vol. 8 Ch. 116
နောက်ဆုံးတွင် ဝေ့ယင်မှာ တံခါးအပြင်ဘက်သို့ စိုးရိမ်စိတ်ဖြင့်ပြင်ထွက်သွားလိုက်သည်။
“သခင်လေးဖုန့် တကယ်ဘဲ ဘာပြဿနာမှ မရှိဘူးမလား”
ရှစ်ဖုန့်ဘေးရှိလုံချန်က ကပ်တိုးလေးမေးလိုက်သည်။
“ငါက စကားကြီးစကားကျယ်တွေကို ပြောတတ်တဲ့ လူစားမျိုးနဲ့တူနေလို့လား”
ရှစ်ဖုန့်ကစကားပြောရင်လူအိုကြီး၏နဖူးအား လက်ညိုးဖြင့်ထိလိုက်သည်။ အစောပိုင်းကရူးသွပ်သွားသော လူအိုကြီးမှာ ချက်ခြင်းတည်ငြိမ်သွားကာ ဖြည်းဖြည်းချင်းကုတင်ပေါ်သို့ပြန်လဲကျသွားသည်။
“မင်းအတွက် အင်ပါယာနယ်ပယ်တစ်ယောက်ကို ငါကယ်တင်ပေးနေတာကိုသာ စောင့်နေပါ”
ရှစ်ဖုန့်က ထပ်မံပြောလိုက်သည်။
အင်ပါယာနယ်ပယ် သူ့ဘက်တွင် အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်သာရှိနေခဲ့ပါက အခြေအနေမှာ ချက်ခြင်းပင်ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
“သခင်လေးဖုန့် ….ငါမင်းကိုယုံတယ်”
လုံချန်က ပြောလိုက်ပြီး တံခါးဆီသို့လျှောက်သွားလိုက်သည်။
မကြာခင်အခန်းအတွင်းတွင် ရှစ်ဖုန့်နှင့် သတိမေ့နေသော လူအိုကြီးတို့သာလျှင်ကျန်ရစ်နေခဲ့တော့သည်။
လုံချန်မှာ သူအပြင်သို့ထွက်လာပြီး တံခါးပိတ်ပြီးသည့်အချိန်တွင် ဝေ့ယင်၏ မျက်နှာထက်၌ စိုးရိမ်မှုတို့အပြည့်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
လုံချန်က သူမကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့ …မိန်းကလေးအနေနဲ့ သခင်လေးဖုန့်ကို ယုံကြည်ရမယ်”
ထိုအချိန်တွင် လုံချန်ပိတ်ထားသော တံခါးက ရုတ်တရက်ပွင့်သွားပြီး ရှစ်ဖုန့်က ထွက်လာသည်။
“သခင်လေးဖုန့် ဘာလုပ်နေတာလဲ…သခင်လေးပဲပြောတော့ သူနာမကျန်းဖြစ်နေတာကို ကုသပေးမို့ဆို …ဘာလို့ပြန်ပြီးထွက်လာရတာလဲ”
လုံချန်က ကပျာကယာမေးလိုက်သည်။ခုဏတုံးကပင် ၎င်းအနေဖြင့် သူ့အတွက် အင်ပါယာနယ်ပယ်တစ်ယောက်ကို ကယ်တင်ပေးပါမည်ဟု အလေးအနက် သန္နိဋ္ဌာန်ချခဲ့သေးလေသည်။
“ဒါက ….အဖိုးက..ကျွန်မအဖိုးက…”
ဝေ့ယင်၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေပြီး မျက်ရည်တို့ပင် ထိန်းမထားနိုင်ပဲ ကျဆင်းလားခဲ့သည်။သူမမှာ ငယ်ရွယ်စဉ်ကတည်းက အိမ်ခြေယာမဲ့ တစ်ယောက်ဖြစ်သည်။ ကံကောင်းစွာဖြင့်သူမမှာ အဖိုးဖြစ်သူနှင့်ဆုံတွေ့ခဲ့ရပြီး သူ၏ ပြုစုပျိုးထောင်ပေးမှုကိုခံခဲ့ရခြင်းဖြစ်သည်။ထိုသို့မဟုတ်ခဲ့ပါကား……ျ
“သူ့ကို ကုသပေးတာက ပြီးသွားပြီး”
ရှစ်ဖုန့်က မထူးခြားနားသော အမူအယာဖြင့်ပြောလိုက်သည်။
“လုံးဝအရှင်းကုပြီးပြီတဲ့လား..အရမ်းမြန်လိုက်တာ”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် လုံချန်၏ မျက်လုံးတို့ပြူးသွားရသည်။
သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေ၏။ သူတို့အား လာနောက်နေခြင်းပင်ဖြစ်ရမည်။
“အဖိုး”
ဝေ့ယင်ကမျက်ရည်များကျဆင်းနေသော မျက်နှာဖြင့် တံခါးကိုတွန်းဖွင့်လိုက်သည်။
“အား”
ရုတ်တရက် အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။
သူမပြေးဝင်တော့မည့်အချိန်တွင် ရုတ်တရက် အခန့်ရှေ့၌ ရပ်တန့်လိုက်သည်။
လုံချန်သည်လည်း တံခါးကိုကျော်ကာ အခန်းအတွင်းသို့ကြည့်လိုက်သည်။
သူသည်လည်းတုန်လှုပ်အံ့အားသင့်သွားရသည်။
“ဖိုးဖိုး…သူဘာလုပ်နေတာလဲ”
ဝေ့ယင်က မျက်ရည်တို့စိုရွှဲနေဆဲဖြစ်သော မျက်နှာလေးဖြင့် လှည့်၍ ရှုစ်ဖုန့်ကို မေးလိုက်သည်။
ထိုအချိန်တွင် အစောပိုင်းက ရူးသွပ်သွားပုံရသောလူအိုကြီးမှာ ကုတင်ပေါတွင်တင်ပျဉ်ခွေထိုင်နေသည်။
သူ၏လက်ဖဝါးတို့အား ဆီးလ်တံဆိပ်လက်သင်္ကေတပုံစံ ပုံဖော်ထားပြီး သူ၏ ကောက်ရိုးမျှင်ကဲ့သို့မီးခိုးရောင်ဆံပင်တို့က လေတိုက်ခတ်ခြင်းမရှိပါဘဲ တဖျပ်ဖျပ်လွန့်လူးနေသည်။လူအိုကြီး၏ အသားအရောင်က ယခင်ကထက်ပိုကောင်းမွန်လာပြီး ယင်ခင်က မကျန်းမာသောပုံစံမှာ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် သူ၏ မျက်နှာထက်၌ လေးနက်မှုတို့ဖြင့်ပြည့်နေပြီး ခံ့ညားသောအသွင်ကိုဆောင်နေသည်။ သူ၏ ရောင်ဝါမှာလုံးဝပြောင်းလဲသွားခဲ့သည်။
လူတိုင်း၏ သိမြင်နိုင်သော မျက်လုံးတို့က သူ၏ နာမကျန်းဖြစ်နေမှုတို့ လုံးဝပျောက်ကင်းသွားပြီဖြစ်သည်ကို မြင်နိုင်သည်။
“ဒါက..တကယ်ကို လုံးဝပျောက်ကင်းသွားတာပဲ”
လုံချန်မှု လေအေးတို့ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ထို့နောက်သူက ရှစ်ဖုန့်ကို မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်နေသည်။
အချိန်တိုလေးအတွင်းတွင် ဤလူထူးဆန်းက မည်ကဲ့သို့လုပ်ဆောင်ခဲ့ပါသနည်း။မျှော်လင့်ထားသလိုပင် ၎င်းအား ယေဘုယျ အမြင်တို့ဖြင့် အကဲဖြတ်၍ မရပေ။ သူ့အနေဖြင့် ဤလူထူဆန်း၏ လုပ်ဆောင်ချက်တို့အား မေ့လုနီးပါးဖြစ်သွားခဲ့သည်။
“သူက သူ့ရဲ့ ကျင့်ကြံမှုကို ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့အတွက် မူလစွမ်းအင်တွေကိုစုပ်ယူနေတာ..သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကိုသာ အမှီသဟဲပြုပြီးတော့ ကမ္ဘာကြီးရဲ့ မူလစွမ်းအင်တွေကို စုပ်ယူမယ်ဆိုရင် သူ့အတွက် အနည်းဆုံးဆယ်ရက်ကနေ လဝက်လောက်တော့ လိုအပ်လိမ့်မယ်”
ရှစ်ဖုန့်က ဝေ့ယင်ကို ပြောလိုက်သည်။
ထို့နောက်သူက လုံချန်ကိုလှည့်၍ပြောလိုက်သည်။
“အခုက မင်းကိုယ်မင်း မင်းသားတစ်ပါးရဲ့ အပြုအမူကို ပြသရမဲ့ အချိန်ပဲ..မင်းက စွမ်းဆောင်ရည်ရှိတဲ့သူတွေကို ဆာလောင်တတ်တဲ့ သူပဲ …ဓနဥစ္စာနဲ့ ကမ္ဘာဦးကျောက်တုံးတွေဆိုတာ လောကီချမ်းသာ သက်သက်ပဲ”
“အစောင့်တွေ”
လုံချန်က အော်ပြောလိုက်သည်။ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက ကောင်းကင်ထက်မှသက်ဆင်းလာသကဲ့သို့ပေါ်လာသည်။
“ဝှစ်ရှ်” ဆိုသော အသံနှင့်အတူ အနက်ရောင်အရိပ်က လုံချန်ရှေ့တွင် ဒူးထောက်လိုက်သည်။
အနက်ရောင်အရိပ်မှာ အရိပ်ရှစ် အရိပ်ကိုးတို့နှင့်ပုံစံတူ ဝတ်ဆင်ထားသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။
သူတို့အားလုံးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး မျက်နှာအား အနက်ရောင် အဝတ်စဖြင့် ဖုံးကွယ်ထားသည်။
လုံချန်၏ ဝန်းကျင်တွင် လူတော်တော်များများပုန်းအောင်းနေကြသည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။
သူတို့အားလုံးမှာလုံချန်၏ ကိုယ်ရံတော်များဖြစ်ကြသည်။ ပတ်ဝန်းကျင်တွင် ဘုရင်နယ်ပယ်တို့၏ရောင်ဝါကိုပင်ရှစ်ဖုန့် အာရုံခံမိသည်။
“မြန်မြန်သွွားပြီး ကမ္ဘာဦးကျောက်တုံးတစ်သိန်းသွားယူခဲ့…”
လုံချန်က အရိပ်ကို အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
အရိပ်မှာလှစ်ကနဲထပ်မံဖြစ်သွားပြီး သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။
“ကောင်းပြီ..မင်းတို့လုပ်ဖို့လိုအပ်တယ်ထင်တာကို မင်းလုပ်နိုင်တယ်…ငါ့အမေက ငါ့ကို အိမ်မှာ အိပ်ဖို့အတွင်စောင့်နေတယ်”
ရှစ်ဖုန့်က လုံချန်နှင့် ဝေ့ယင်ကို ပြောင်းလဲမှုမရှိဘဲပြောလိုက်သည်။
“သခင်လေးဖုန့်…ကျေးဇူးတင်ပါတယ်…သခင်လေးက ကျွန်မကိုကယ်တင်ခဲ့ပြီး အဖိုးကိုလုံးရောဂါလုံးဝပျောက်ကင်းအောင် ကုသပေးခဲ့တယ်..ဝေ့ယင် ဒီကျေးဇူးတွေကို ပေးဆပ်လို့မကုန်တော့ပါဘူး…ကျွန်မ သခင်လေးအတွက် ဘာပဲလုပ်ပေးရပေးရ ဆန္ဒရှိပါတယ်”
ဝေ့ယင်က ရှစ်ဖုန့်ကို ကျေးဇူးအထူးတင်စွာဖြင့်ပြောလိုက်သည်။
“ထားပါ..ဒါတွေကမလိုအပ်ပါဘူး”
ရှစ်ဖုန့်က သူ့လက်ကိုဝေ့ယမ်း၍ပြောလိုက်သည်။
“ငါအနာဂတ်မှာ ဒီနေရာမှာ မရှိတော့ရင် ငါ့အမေနဲ့ အချိန်ပိုဖြုန်းပေးပြီးတော့ သူမကို ပျော်ရွှင်အောင်ထားပါ”
ရှစ်ဖုန့်က ပြောလိုက်သည်။ ပြောပြီးနောက်တွင် သူကဝန်းငယ်လေးအတွင်းမှ လှည့်ထွက်သွားတော့သည်။
လုံချန်က ထွက်ခွာသွားသောပုံရိပ်ကိုညအမှောင်ထဲ ပျောက်ကွယ်မသွားခင်အထိကြည့်နေမိသည်။သူကတီးတိုးရေရွတ်လိုက်သည်။
“ငါလူမှားယွင်းပြီး ကြည့်ခဲ့တာမဟုတ်ဖူး…ငါလူကဲခတ်မမှားခဲ့ဘူး…ငါဒီလိုလူထူးဆန်းမျိုးကို ရခဲ့ တာကောင်းလိုက်တာ”
ထို့နောက်လုံချန်ကလှည့်လိုက်ကာ ကုတင်ပေါ်တွင်တင်ပျဉ်ခွေထိုင်နေသော မီးခိုးရောင်ဆံပင်နှင့်လူအိုကြီးကို ကြည့်လိုက်သည်။
သူကစိတ်လှုပ်ရှားစွာပြောလိုက်သည်။
“အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်…သူနဲ့သာဆိုရင် အခြေအနေတွေက ကြီးကြီးမားမားကို ပြောင်းလဲသွားလိမ့်မယ်..ငါ လုံချန်မှာ…အင်ပါယာနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ရဲ့ အကူအညီကို ရတော့မယ်…ညအမှောင်အင်ပါယာ..တစ်ချိန်က ယွင်လိုင်အင်ပါယာတစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ တောင်းပိုင်းဘုရင်..စစ်တပ်ထဲမှာ သူ့ရဲ့ လက်အောက်ငယ်သားဖြစ်ခဲ့တဲ့ စစ်သားတွေမှ အများကြီးပဲ”
လုံချန်မှာ ပျော်ရွှင်လွန်းသောကြောင့် မျက်ရည်များပင်ကျကာ ခုန်ပေါက်ချင်စိတ်ပင်ပေါက်မိသည်။ သို့သော် သူသည်မင်းသားတစ်ပါးဖြစ်သည်။ အပြင်လူများ၏ရှေ့တွင် သူ့အနေဖြင့် ရိုင်းစိုင်းစွာ ပြုမူ၍မရပေ။ သူ့အနေဖြင့် တည်ညိမ်ဟန်ဆောင်ထားရုံသာတက်နိုင်သည်။
သူ့အနေဖြင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူအိုကြီးကို ခဏခဏကြည့်မိသည်။ သူ့အားမသိသောသူဆိုလျှင် သူ့အနေဖြင့် ဤလူအိုကြီးအား ကြွေနေသည်ဟုပင် ထင်မိကြလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်အိမ်ပြန်ရောက်လာသော အခါတွင် သူ့မိခင်မှာ နိုးနေဆဲဖြစ်သည်။
“အမေ အရမ်းနောက်ကျနေတာကို..ဘာလို့မအိပ်သေးတာလဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“အမေသားကို မတွေ့ရတာကြာပြီလေ..စားသောက်ပြီးတဲ့ နောက်သားက သခင်လေးလုံနဲ့အတူ အပြင်ကိုထွက်သွားတယ်…အမေက စကားပြောချင်လို့ သားပြန်လာတဲ့အထိစောင့်နေတာ”
ပုယွဲ့ကပြောလိုက်သည်။ သူမမျက်နှာက ပြုံးနေသော်လည်း လေသံကတော့ ထက်တွန့်တက်သည့်ပုံစံဖြစ်သည်။
ထို့နောက် ပုယွဲ့ကပြောလိုက်သည်။
“ဖုန့်အာ…သားလဲမငယ်တော့ဘူး ..သားလက်ထပ်ဖို့ကို စဉ်းစားသင့်ပြီ..အမေလည်း မြေးလေးတစ်ယောက်တော့ချီချင်လှပြီ”
ပုယွဲ့ ၏ စကားတို့အားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်က ခေါင်းခါလိုက်ပြီး ခါးသက်စွာပြုံးလိုက်သည်။ သူ့အနေဖြင့် လက်ထပ်ဖို့ အကြောင်းအား တစ်ခါမျှပင် မစဉ်းစားဖူးချေ။သူကပုယွဲ့ ကို ပြောလိုက်သည်။
“အမေ ..ဒီအကြောင်းကို နောက်မှ ပြောရအောင်”
“ဖုန့်အာ..ချင်အာလေးကို သာဘယ်လိုမြင်လဲ”
ပုယွဲ့က ရုတ်တရက်မေးလိုက်သည်။
ရှစ်ဖုန့်ကသူမစကားကို သိပ်အာရုံမထားပေ။ သူက သာမန်ကာလျှံကာ ဖြေလိုက်သည်။
“သူက တော်တော်လေးကို တော်တဲ့သူပါ”
“အား”
ရုတ်တရက် တံခါးပေါက်ဘက်ဆီမှာ ချင်အာ၏ အော်သံလေးထွက်လာသည်။ ချင်အာက သူမလက်ထဲတွင် သစ်သားဇလုံကို ကိုင်၍ မလှုပ်မယှက်ရပ်နေသည်ကို သူတို့တွေ့လိုက်ကြရသည်။
ပုယွဲ့နှင့် ရှစ်ဖုန့်က သူမအား ရုတ်တရက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါတွင် ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့်သူမမျက်နှာလေး ရှက်သွေးဖြန်းနီရဲသွားပြီး ပျာယာခတ်သော အမူအယာဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
“ကျွန်…ကျွန်မ..ပန်းပင်တွေ..ရေ.ရေသွားလောင်းအုံးမယ်”
သူမက စကားပြောပြီးသော အခါတွင် ခေါင်းလေးကိုငုံ့၍ ထိပ်ထိပ်ပျာပျာဖြင့် လှည့်ထွက်သွားသည်။
“ဒီကောင်မလေး ငါ့ကို ခုဏကပြောတော့ ငါမျက်နှာသစ်ဖို့အတွက် ရေသွားခတ်ပေးမို့တဲ့…အခုကျ ပန်းပင်ရေသွားလောင်းမယ်ပြောသွားတယ်”
ပုယွဲ့က မှင်တက်စွာပြောလိုက်သည်။
“ဟုတ်တယ်.တကယ်ကို ထူးဆန်းတယ်.”
ရှစ်ဖုန့်က ထောက်ခံ လိုက်သည်။
ထိုအရာအားကြားလိုက်ရသောအခါတွင် ပုယွဲ့က သူမမျက်လုံးတို့ကို ရှစ်ဖုန့်ထံ ထပ်မံလှည့်ကြည့်လိုက်သည်။သူမကသူ့ကို ပြုံး၍ပြောလိုက်သည်။
“ငတုံးလေး..မင်းမမြင်နိုင်ဘူးလား…ဒီကောင်မလေးက မင်းကို ကြိုက်နေတာလေ”
“ဘာကြီး”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE