အပိုင်း( ၁၁၇)
Vol. 8 Ch. 117
နောက်တစ်နေ့၌ ရှစ်ဖုန့် ယဲ့ဝူရှင်း၏ အခန်းဆီသို့ထပ်မံရောက်လာချိန်တွင်လုံချန်မှာ အပြင်ဘက်၌စောင့်နေဆဲဖြစ်သည်။
ဝေ့ယင်မှာ တံခါးတစ်ဖက်ခြမ်း အခန်းအတွင်း၌ ညလည်သိူ့ရောက်သောအခါတွင် အိပ်ပျော်သွားသော်လည်း လုံချန်ကတော့ လုံးဝအိပ်စက်ခြင်းမရှိဘဲ အခန်းအပြင်ဘက်တွင် ရပ်နေခဲ့သည်။
သူမျက်နှာထက်ရှိ ဂရုစိုက်မှုတို့ကို ကြည့်ရင်း ဝေ့ယင်မှာ စတုတ္ထမင်းသားမှာ တကယ့်ကို လူများအပေါ်တွင် ဂရုစိုက်သောသူတစ်ယောက်ဟုခံစားရသည်။
အနာဂတ်၌ စတုတ္ထမင်းသားသာ ထီးမွေ နန်းမွေကို ဆက်ခံရခဲ့လျှင် သူသည် သေချာပေါက် ပြည်သူလူထုအပေါ်၌ အကျိုးပြုသော အုပ်ချုပ်သူတစ်ဦးဖြစ်လိမ့်မည်ဖြစ်သည်။ယင်းမှာ ယွင်လိုင်အင်ပါယာ အတွင်းရှိ လူများအတွက် ကောင်းချီးပေးခံရမှုတစ်ခုပင် ဖြစ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်မှာ လုံချန်အနေဖြင့် တစ်ညလုံးမအိပ်ပဲနေခဲ့သော်လည်း သူ၌ စွမ်းအင်များ အပြည့်ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။
ရှစ်ဖုန့် သူ့ကိုမေးလိုက်သည်။၊
“မင်းသားတစ်ယောက်လို့မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းရဲ့စွမ်းအင်တွေက သာမန်လူထက်ကို ပိုပိုပြီး အားမာန်တက်ကြွမှုတွေရှိနေတာပဲ”
လုံချန်က ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် သူ့ခေါင်းအားခါယမ်း၍ပြောလိုက်သည်။
“သခင်လေးဖုန့် မင်းကငါ့ကို ရယ်ရအောင်လာပြောနေတာပဲ..ဒီလိုမျိုးအရေးပါတဲ့ အချိန်မှာ ငါဘယ်လိုလုပ်ပြီး အိပ်လို့ရမှာလဲ”
ထိုအချိန်၌ ယဲ့ဝူရှင်း၏ အခန်းထဲတွင် ကမ္ဘဦးကျောက်တုံးအရွယ်အစားပေါင်းစုံဖြင့် ပြည့်နေသည်။ယဲ့ဝူရှင်းမှာ အထဲတွင်ထိုင်နေပြီး ကျောက်တုံးများကြောင့် သူအားမြင်ပင် မမြင်ရပေ။
ဝေ့ယင်မှာ သာမန်လူတစ်ယောက်သာဖြစ်သော်လည်း ဤကမ္ဘာ၏ ကျင့်ကြံမှု အကြောင်းကို သိသည်။ သူမအနေဖြင့် ကမ္ဘာဦးကျောက်တုံးတို့၏ အဖိုးထိုက်တန်မှုကို လည်း ကောင်းစွာ သိရှိလေသည်။
သူမလိုသာမန်လူတစ်ယောက်အတွက် ကမ္ဘာဦးကျောက်တုံးတစ်တုံးသည်ပင် တစ်နှစ်လုပ်ခဖြင့်ညီမျှသည်။ဤအခန်းအတွင်း၌ ပြည့်နှက်နေသော ကမ္ဘာဦးကျောက်တုံးများဆိုလျှင် ပြောပြ၍ပင်မရနိုင်ပေ။
“စတုတ္ထမင်းသားက တကယ့်ကို ရက်ရောတတ်တာပဲ..ဝေ့ယင် အနေနဲ့ ဒါကို ဘယ်လိုမျိုးပြန်ပေးဆပ်ရမလဲဆိုတာကိုတောင် မသိတော့ပါဘူး”
သူမအတွက် ဤကမ္ဘာဦးကျောက်တုံးများမှာ များပြားလွန်းလှသော ပမာဏပင်ဖြစ်သည်။ သူမတစ်ဘဝလုံးကြိုးစားလုပ်ကိုင်ရှာဖွေလျှင်ပင် သူမအနေဖြင့် ပြန်လည််ပေးဆပ်နိုင်လိမ့်မည်မဟုတ်ပေ။
“မိန်းကလေးဝေ့ ဘာလို့ကျုပ်ကိုထပ်ပြီးတော့ အပြင်လူတစ်ယောက်လိုဆက်ဆံနေသေးတာလဲ.”
လုံချန်မှာ ဝေ့ယင်ကသူ့အား အပြင်လူတစ်ယောက်ကဲ့သိုဆက်ဆံနေသည်ကို အနည်းငယ်ဒေါသထွက်သော အမူအယာဖြင့်ပြောလိုက်သည်။
ဝေ့ယင်မှာသူ၏အတွေးများအား မည်ကဲ့သို့နားလည်နိုင်ပါမည်နည်း။ယခင် တောင်ပိုင်းဘုရင် ယဲ့ဝူရှင်းကိုမပြောနှင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ အကူအညီကို ရခဲ့မည်ဆိုလျှင်ပင် ဤ ကမ္ဘာဦးကျောက်တုံးများမှာ သူ့အတွက် ဘာမှမဟုတ်တော့ပေ။
“စတုတ္ထမင်းသားရဲ့ မိသားစုက ချမ်းသာကြွယ်ဝတဲ့သူတွေ..ဒီပစ္စည်းတွေက သူ့အတွက် ပင်လယ်ထဲမျောနေတဲ့ ရေခဲစိုင်ကြီးရဲ့ ထိပ်ဖျားသာသပဲရှိတယ်…မင်းဒါနဲ့ပက်သက်ပြီး အရမ်းစိတ်ပူနေစရာမလိုပါဘူး”
ရှစ်ဖုန့်ကလည်း ဝေ့ယင်ကို ပြောလိုက်သည်။
“ဒီငတိ ဘယ်တုံးက ဟာသပြောတာကိုပါသင်လိုက်တာတုံးဟ”
လုံချန်ကသူ့ခေါင်းအား ဆို့နင့်စွာဖြင့်ခါယမ်းလိုက်သည်။
ရုတ်တရက်သူ့အောက်ခြေရှိမြေပြင်မှာလှုပ်ခတ်လာသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။
“ဝုန်း….ဝုန်း..ဝုန်း…ဝုန်း…ဝုန်း..”
“ဝုန်း….ဝုန်း..ဝုန်း…ဝုန်း…ဝုန်း..”
အလှုပ်ခါဆုံးသော နေရာမှာ သူတို့ရှေ့ရှိ အိမ်မှဖြစ်သည်။
တံစက်မြိတ်မှာ ဖုန်မှုန့်တို့ပင် ကျဆင်းလာသည်။
“အား ..ဘာတွေဖြစ်နေတာလဲ..”
ဝေ့ယင်မှာ အလန့်တကြားထအော်လိုက်သည်။
တုန်ခါမှုကြောင့် သူမတစ်ကိုယ်လုံးဘယ်ညာ ယိမ်းထိုးနေသည်။
“ဖိနှိပ်စမ်း”
ရှစ်ဖုန့်က တို့လျသောအသံဖြင့်အော်လိုက်သည်။
တစ်လျှောက်လုံးမြေအောက်တွင် ပုန်းကွယ်နေခဲ့သော ယင်မိစ္ဆာက ၎င်း၏ မွေးရာပါစွမ်းအားကို အသုံးပြု၍ တုန်ခါနေသော မြေပြင်ကို ဖိနှိပ်ထိန်းချုပ်လိုက်သည်။
“ဝုန်း”
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ဟင်းလင်းပြင်ထဲတွင်ထွက်ပေါ်လာသည်။
အနက်ရောင်းအလင်းတစ်ခုက အခြားသောသူများ၏ ရှေ့ရှိ အိမ်ခေါင်မိုးကို ဖောက်ထွင်းထွက်လာသည်။
အုပ်ကြွပ် အကျိုးအပဲ့တို့က နေရာ အနှံ့လွင့်ပျံထွက်နေပြီး အနက်ရောင်အလင်းက ဟင်းလင်းပြင်ထဲသို့ တည့်မတ်စွာထိုးတက်သွားခြင်းပင်ဖြစ်သည်။
“ဟားဟားဟား…ဟားဟားဟားဟား”
အနက်ရောင်အလင်းက လေထဲတွင် လွင့်မျောနေပြီး မြေကြီးတို့အား ကွဲအက်စေလောကသော ကျယ်လောင်သည့် ရယ်မောသံကြီးထွက်ပေါ်လာသည်။ သူ၏အသံမှာ ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုကဲ့သို့ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်တို့ပင် အနည်းငယ် တုန်ခါလာသည်။
ယဲ့ဝူရှင်းတစ်ယောက်ပြန်လာခဲ့ပြီဖြစ်သည်။
“ဒါက အဖိုးရဲ့အသံပဲ…ကျွန်မမှတ်မိတယ်..ဒါက အဖိုးရဲ့ အသံဆိုတာကို ..အဲ့တာတကယ်ပဲ အဖိုးလား”
ဝေယင်မှာ ဟင်းလင်းပြင်ထဲတွင်လွင့်မျောနေသော အနက်ရောင်အလင်းကိုကြည့်၍ မယုံကြည်နိုင်ဟန်ဖြင့်ပြေလိုက်သည်။
သူမနှင့်နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သော အဖိုးဖြစ်သူက တကယ်ကိုလေထဲတွင်ပျံနေသည်။သူမတို့လိုသာမန်လူများအတွက် မြေလျှိုးမိုးပျံခြင်းကိုလုပ်ဆောင်နိုင်သောသူ ဆိုသည်ကား နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ဝေ့ယင်မှာ သူမအိမ်မက်မက်နေသည်ဟုပင်ခံစားရသည်။
ထို့နောက်တွင် ဟင်းလင်းပြင်ထဲရှိ အနက်ရောင်အလင်းက ဖြည်းဖြည်းချင်းပျောက်ကွယ်သွးပြီး အရပ်မြင့်မြင့် ကြံ့ခိုင်တောင့်တင်းသော ပုံရိပ်တစ်ခုက လေထဲတွင် မျောလွင့်ထွက်ပေါ်လာသည်။
“အဖိုး..ဒါတကယ်ပဲ.အဖိုးပဲ..ကျွန်မအိမ်မက်မက်နေတာတော့ မဟုတ်ဖူးမလား..ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်တာလည်း..ဒါကဘယ်လိုဖြစ်ရတာလဲ”
ဝေ့ယင်မှာဗလုံးဗထွေးဖြင့်ပြောနေသည်။သူမက သူမခေါင်းကို အသည်းအသန်ခါယမ်း၍ ထိုအရာက အိမ်မက်တစ်ခုတကယ်ဖြစ်နေမလားဟုကြည့်နေ၏။ဤကဲ့သို့သော အရာမျိုးကယခုသူမနံဘေးတွင်ဖြစ်ပျက်နေခြင်းဖြစ်သည်။ ၎င်းမှာ အရမ်းကို ယုတ္တိမတန်လှပေ။
ဤအချိန်တွင် မနေ့က တစ်ပိုင်းသေဖြစ်နေခဲ့သော လူအိုကြီးမှာ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သူ၏မျက်နှာက ခံ့ညားထည်ဝါပြီး ယခင်က ရှိခဲ့သော ဇရာကြောင့်ဖြစ်သည့် အစက်အပြောက်များနှင့် အရေးအကြောင်းတို့မှာပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူ၏ ဝါကြင့်ကြင့် မျက်နှာမှာ ယခုအခါတွင် ပန်းဆီရောင်သန်းနေသည်။ သူ့အသားအရေကလည်းကလေးငယ်တစ်ယောက်ကဲ့သို့ နူ့ညံ့နေ၏။
သူ၏ ကောက်ရိုးမျှင်တို့ကဲ့သို့ဖြစ်နေသော အမည်းရောင်ဆံပင်တို့က ပျော့ပျောင်းနူးညံ့လာသည်။၎င်းတို့က ပခုံးထက်တွင် လွှမ်းခြုံနေပြီး လေနှင့်အတူကခုန်နေသည်။ လူအိုကြီးက ဟင်းလင်းပြင်ထဲရှိ လက်ဆတ်သောလေတို့ကို တစ်ဝကြီးရှူသွင်းလိုက်သည်။သူ့အတွက် ဤခံစားချက်မှာ သေရာမှ ပြန်ရှင်လာသလိုမျိုးပင်ဖြစ်သည်။ ၎င်းမှာ အရမ်းကို အံ့ဩဖွယ်ပင်ဖြစ်သည်။
ထို့နောက် ယဲ့ဝူရှင်းက ခေါင်းကိုငုံ့၍ မြေပြင်သို့ကြည့်လိုက်သည်။ သူ့ကိုယ်အားအောက်သို့ရွေ့လျားလိုက်ပြီး သေးငယ်သော ခြံဝန်းလေးအတွင်းသို့ဖြည့်ညှင်းစွားဆင်းသက်လိုက်သည်။
“အဖိုး..အဖိုးမဟုတ်လား”
ဝေ့ယင်က ယဲ့ဝူရှင်းဆင်းလာသည်ကို မြင်လိုက်ရသောအခါ သူမအပြေးကလေးသွားလိုက်သည်။
၎င်းမှာသူမ၏တကယ့်အဖိုးဖြစ်သော်လည်း သူမအနေဖြင့်က သေချာမှုမရှိသေးပေ။
“ဟားဟား..ငတုံးမလေး”
ဝေ့ယင်ကို မြင်တွေ့ရသောအခါ ယဲ့ဝူရှင်း၏ ခံ့ညားသောမျက်နှာထက်တွင် ရှားပါးသော အပြုံးတစ်ခုပေါ်လာသည်။သူက ဝေ့ယင်အားဖမ်းဆုပ်ကာ သူမပြန်မတုန့်ပြန်နိုင်ခင် သူမကို ပခုံးပေါ်သို့မြှောက်တင်ထားလိုက်သည်။
“အဖိုးမင်းကို ဒီလိုမျိုးအိမ်ကိုခေါ်လာခဲ့တဲ့ အချိန်တုံးက မင်းက အရမ်းငယ်သေးတယ်လေ..အဲ့တာကလည်း ငါ့လိုနှလုံးသားမဲ့တဲ့သူတစ်ယောက်အတွက် တစ်ဘဝလုံးလုပ်ခဲ့ဖူးသမျှထဲမှာ တစ်ခုတည်းသော ကောင်းမွန်တဲ့အရာ ဖြစ်နိုင်လောက်တယ်..ဒီလိုကြီးမားတဲ့ဆုလာဘ်မျိုးကိုငါရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး..ယင်အာ..ဒီနှစ်တွေမှာသမီးတကယ်ကို ခက်ခဲခဲ့တာပဲ”
“အဖိုး..ဒါတကယ့်ကို အဖိုးပဲ”
ဝေ့ယင်မှာ ယဲ့ဝူရှင်း၏ ခေါင်းကိုဖက်၍ ကလေးတစ်ယောက်လိုငိုကြွေးနေသည်။သူမအရမ်းပျော်ရွှင်စွာဖြင့် ငိုကြွေးခဲ့ခြင်းဖြစ်သည်။ နှစ်များစွာ ခက်ခက်ခဲခဲကြိုးစားခဲ့ပြီးသည့်နောက် နှစ်များစွာ မျှော်လင့်ချက်တို့ထားခဲ့ရပြီးသည့်နောက်တွင် နောက်ဆုံး၌ သူမအဖိုးမှာ အရင်ကနှင့် မတူညီတော့ပေ။
“အရင်က ဂုဏ်ကျတ်သရေတွေကို ပြန်လည်ရရှိလာတဲ့အတွက် ဂုဏ်ပြုပါတယ် ဘုရင် အိုကြီး
”
ထိုအချိန်တွင် လုံချန်က ရှေ့သို့တက်ကာ ဂုဏ်ပြုစကားကိုဆိုလိုက်သည်။
ယဲ့ဝူရှင်းက မျက်မှောင်ကြုတ်ကာ လုံချန်ကိုကြည့်လိုက်သည်။
“မင်းကဘယ်သူလဲ..ငါ့ကို မှတ်မိတာလား”
“ဟားဟား..ဘုရင် အိုကြီးလို လူမျိုးက ကျုပ်လို ဂျူနီယာမျိုးကို မမှတ်မိဘူးဆိုတာက မထူးဆန်းပါဘူး..ဘုရင်အိုကြီးရဲ့ ဂုဏ်ကျက်သရေရှိခဲ့စဉ်ကာလ ကံကောင်းလို့တွေ့ခဲ့ရတုံးက ကျုပ်ဟာဘယ်လို လမ်းလျှောက်ရတယ်ဆိုတာကိုသင်ယူပြီးတုံးပဲရှိသေးတယ်..ကျုပ်က လုံချန်က ဘုရင် အို
ကြီးကို နှုတ်ခွန်းဆက်သပါတယ်”
လုံချန်က လက်သီးဆုပ်၍ လေးလေးနက်နက် ဂါရဝပြုလိုက်သည်။
“လုံချန်..မိသားစုနမည်က လုံလား”
ယဲ့ဝူရှင်းက မျက်မှောင်ကြုံ့သထက်ကြုံ့လာသည်။
ထိုအချိန်တွင် ဝေ့ယင်က ယဲ့ဝူရှင်း၏ ပခုံးထက်မှခုန်ဆင်းကာ ပြောလိုက်သည်။
“အဖိုးဒါက သမီးတို့ယွင်လိုင်အင်ပါယာရဲ့ စတုတ္ထမင်းသားပါ”
“အိုး.”
ယဲ့ဝူရှင်းက သဘောပေါက်သွားသော အမူအယာကိုထုတ်ပြလိုက်သည်။
“မင်းက အရှင်မင်းကြီးနဲ့အတူ ဥယျဉ်တော်မှာ အမဲလိုက်ထွက်လာချိန်တုံးက လိုက်ပါလာခဲ့တဲ့ မင်းသားလေးပဲဖြစ်ရမယ်..ငါတို့တွေ တစ်ကြိမ် တွေ့ဖူးတယ်မလား”
“ဟုတ်ပါတယ်”
ယဲ့ဝူရှင်းက သူ့အားမှတ်မိသည်ကို တွေ့လိုက်ရသောအခါ လုံချန်က ပြုံးပြပြီး ခေါင်းညိမ့်လိုက်သည်။
ထို့နောက်သူက ဖြည်းညှင်းစွာခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။
“ဟူး…ဘုရင်အိုကြီး ကျုပ်ဒီနှစ်တွေမှာခင်ဗျားကို ဒုက္ခတွေများစေခဲ့ပြီ”
“အဖိုး..ဒါက သခင်လေးဖုန့်တဲ့..အဖိုးရဲ့ ရောဂါကို သခင်လေးဖုန့်ကပဲ..ကုသပေးခဲ့တာ”
ထိုအချိန်တွင် ဝေ့ယင်က လုံချန်နောက်ရှိ ရှစ်ဖုန့်ကို ညွှန်ပြလိုက်သည်။
“သခင်လေးဖုန့်တဲ့လား..ငါ့ရောဂါကို ကုသပေးတာတဲ့လား”
ယဲ့ဝူရှင်း၏ မူလက ပြေလျော့သွားပြီးဖြစ်သော မျက်မှောင်က နောက်တစ်ကြိမ် ပြန်လည်၍ ကြုံ့လာပြန်သည်။
သူကဝေ့ယင် ညွန်ပြသော ဦးတည်ချက်ရှိ ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ထို့နောက် ယဲ့ဝူရှင်းမှာ တုန်လှုပ်အံ့အားသင့်သွားသည်။ သူမျက်လုံးတို့ပြူးကျယ်လာကာ အားပြင်းသော လူသတ်ရောင်ဝါတို့သူ့ကိုယ်မှ စီးဆင်းထွက်ပေါ်လာသည်။
ယဲ့ဝူရှင်း၏ ဤကဲ့သို့ပုံစံနှင့် သူ့ကိုယ်မှ ထွက်လာသော လူသတ်ရောင်ဝါတို့ကို အာရုံခံမိသောအခါတွင်ရှစ်ဖုန့်၏ မျက်နှာသည်လည်း အေးစက်သွားရသည်။ သူကအေးစက်စွာပြောလိုက်သည်။
“သက်ကြားအိုကြီး …ဒီသခင်လေးက ခင်ဗျားရဲ့ အိုကြီးအိုမအသက်နဲ့ ခွေးသေတစ်ကောင်လိုဖြစ်နေတဲ့ဘဝကို ကယ်တင်ပေးထားတဲ့သူနော်..ဒါက ဒီသခင်လေးကို ခင်ဗျားပြန်ပြီး ကျေးဇူးဆပ်တဲ့ပုံလား”
ဆက်ရန်…
ဘာသာပြန်သူ-ARISE