အပိုင်း (၁၁၈)
Vol. 8 Ch. 118
“သက်ကြားအိုကြီး …ဒီသခင်လေးက ခင်ဗျားရဲ့ အိုကြီးအိုမအသက်နဲ့ ခွေးသေတစ်ကောင်လိုဖြစ်နေတဲ့ဘဝကို ကယ်တင်ပေးထားတဲ့သူနော်..ဒါက ဒီသခင်လေးကို ခင်ဗျားပြန်ပြီး ကျေးဇူးဆပ်တဲ့ပုံလား”
“အဖိုး ..သခင်လေးဖုန့် ဘာတွေဖြစ်နေကြတာလဲ”
ဝေ့ယင်က စိုးရိမ်စွာဖြင့်မေးလိုက်သည်။ ဘာတွေဖြစ်ပျက်နေသည်ဆိုသည်အားသူမ မသိတော့ချေ။
“ဘုရင်ဟောင်းကြီး ဘာတွေဖြစ်နေတာလဲ”
လုံချန်မှာဖြစ်ပျက်နေသည်တို့အား ခန့်မှန်းနိုင်သော်လည်း မသိချင်ဟန်ဆောင်၍ ယဲ့ဝူရှင်းကို မေးလိုက်သည်။
“ဟမ့် သက်ကြားအိုကြီး ခင်ဗျား အဲ့သူတောင်းစားရှစ်ကျင်းထျန်းကိုအာဃာတတွေထားနေတာဆိုရင် ခင်ဗျားသူ့ကို လက်စားသွားချေလို့ရတယ်..ဒီသခင်လေးကို ထပ်ပြီးမလေးမစားလုပ်နေအုံးမယ်ဆိုရင်တော့…ဒီသခင်လေးက ခင်ဗျားကိုထပ်ပြီးတော့ယဉ်ကျေးနေတော့မှာမဟုတ်ဖူး”
ရှစ်ဖုန့်က ထပ်မံ၍ သတိပေးလိုက်သည်။
“အဖိုးဘာဖြစ်လို့လဲ ..သခင်လေးဖုန့်က လူကောင်းတစ်ယောက်ပါ..သူကအဖိုးကိုတင် ကယ်တင်ခဲ့ရုံမကဘူး မနေ့ကတုံးက အဖိုးရဲ့ မြေးလေးကိုပါ ကယ်တင်ခဲ့တာ..သခင်လေးဖုန့်သာ ရှိမနေခဲ့ရင် အဖိုးအနေနဲ့အဖိုးမြေးမလေးကို ထပ်ပြီးတော့တောင် မြင်တွေ့ရတော့မှာ မဟုတ်ဖူး”
ဝေ့ယင်က သူမ မနေ့တုံးက ကျောက်ကျစ်ရှင်း၏ လက်ထဲသို့ ကျရောက်လုနီးပါးဖြစ်ကာနီးအကြောင်းအား တွေးမိသောအခါတွင် ခါးသီးစွာ ပြောဆိုလိုက်သည်။
“ မင်းရှစ်ကျင်းထျန်းကို သိတာလား”
ယဲ့ဝူရှင်းက အသံနိမ့်ဖြင့်မေးလိုက်သည်။
“သိသိ မသိသိ ခင်ဗျားစောက်ကြောင်းတစ်ကြောင်းမှမပါဘူး”
“ကောင်းတယ် ..အရုပ်လေး..မင်းကငါ့ရှေ့မှာတောင် မာနလာကြီးပြနေသေးတယ်…”
ယဲ့ဝူရှင်းက ပြုံး၍ အေးစက်စွာပြောလိုက်သည်။ ထို့နောက်သူက အနက်ရောင်အလင်းအဖြစ်ပြောင်းကာ ရှစ်ဖုန့်ထံဦးတည်လိုက်သည်။ သူကရှစ်ဖုန့်၏ ရှေ့သို့လျှင်မြန်စွာရောက်ရှိသွားသည်။
ရှစ်ဖုန့်မှာသူ့လက်ထဲတွင် ဓားရောက်နေနှင့်ပြီးဖြစ်သည်။ဤအချိန်တွင်သူကိုင်ထားသည်မှာ လဲ့ရှောင်း၏ အဆင့်ငါး လက်နက်ဖြစ်သော မိုးကြိုးလျှပ်စီးဓားပင်ဖြစ်သည်။
လုံချန်က မိုးကြိုးလျှပ်စီးဓားအားမြင်တွေ့ရသောအချိန်တွင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဆက်ခံသူ သုံးယောက်ဖြစ်သော ပါရမီရှင်သုံးယောက်မှာ ဤမွန်းစတား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်းသေချာသွားတော့သည်။
အလွန်လျှင်မြန်စွာပင် မိုးကြိုးလျှပ်စီးဓားကိုကိုင်ဆောင်ထားသော ရှစ်ဖုန့်နှင့် အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းသွားသော ယဲ့ဝူရှင်းတို့မှာ အပြင်းအထန် ထိပ်တိုက်တွေ့မိသွားကြသည်ကို လုံချန်တွေ့လိုက်ရသည်။
“သခင်လေးဖုန့်..”
လုံချန်က စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။ ထိုထက်ပိုသည်ကား ယဲ့ဝူရှင်းမှာ အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သည်။ ဤမွန်းစတားမှာ အရမ်းကို မွန်းစတားဆန်လှသောသူဖြစ်သော်လည်း အင်ပါယာတစ်ယောက်အားသူမည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
သို့သော်ထို့နောက်တွင် လုံချန်၏ မျက်လုံးတို့ ပြူးသွားရသည်။သူကဲ့သို့ အမြဲသိက္ခာတရားကိုထိန်းသိမ်းထားပြီး သပ်ရပ်ကျနစွာဖြင့်နေသောသူမှာ ပါးစပ်ပင် အဟောင်းသားဖြစ်သွားရသည်။
အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းသွားသော ယဲ့ဝူရှင်းနှင့် ရှစ်ဖုန့်တို့ အပြင်းအထန် ထိပ်တိုက်တွေ့ပြီးသည့်နောက်တွင် သူတို့ကြားဘာတွေဖြစ်ပျက်နေသည်ဆိုသည်အား လုံချန်တွေ့မြင်ရခြင်းမရှိတော့ချေ။ သူ့အနေဖြင့် လှုပ်ရှားမှုတစ်ခုကိုပင် မမြင်တွေ့ရခြင်းဖြစ်သည်။ သူမြင်တွေ့လိုက်ရသည်ကား အနက်ရောင်အလင်းမှာ နောက်သို့လွင့်ပျံထွက်လာခြင်းကိုသာဖြစ်သည်။
အခြားတစ်ဖက်တွင်ရှိနေသော ရှစ်ဖုန့်မှာ ဖြစ်ပွားရာနေရာတွင် အထိအရှမရှိဘဲ သူ၏လက်ထဲတွင် မိုးကြိုးလျှပ်စီးဓားကို ကိုင်ထားကာ ရပ်နေသည်။
ဤမွန်းစတားက လုံချန်၏ ယေဘုယျအမြင်ကို ရိုက်ချိုးလိုက်ပြန်သည်။
ဤအရာကဖြစ်ကောဖြစ်နိုင်ပါရဲ့လား။ တစ်ဖက်လူမှာ ယွင်လိုင်အင်ပါယာတွင် အစွမ်းအထွက်ဆုံးသူများဟုသတ်မှတတ်နိုင်သော အင်ပါယာနယ်ပယ်မှ ကြယ်သုံးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သည်။
နောက်သို့လွင့်ထွက်လာသော အနက်ရောင်အလင်းက ရုတ်တရက် အလယ်တွင်ပြန်လည်စုစည်းသွားပြီး ယဲ့ဝူရှင်း၏ ပုံရိပ်ထွက်ပေါ်လာသည်။ ထိုအချန်၌ ယဲ့ဝူရှင်း၏ မျက်နှာထက်တွင် အလွန် အံ့အားသင့်မှုများဖြင့်ပြည့်နေသည်။ သူခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ကာ နောက်သို့လွင့်ပျံထွက်လာသော သူ့ကိုယ်သူ အတင်းအကျပ်ရပ်တန့်လိုက်သည်။
သူကအော်ပြောလိုက်သည်။
“အင်ပါယာနယ်ပယ် ခွန်အား ..မင်းမှာ ဒီလိုအသက်ငယ်ငယ်လေးနဲ့ တကယ်ကြီး အင်ပါယာနယ်ပယ်ခွန်အား ကိုပိုင်ဆိုင်ထားတာပဲ..ငါအဝေးကို ရောက်နေတဲ့ အချိန်မှာ အင်ပါယာနယ်ပယ် စွမ်းအားတွေက အရမ်းကို အလွယ်တကူနဲ့ ရရှိနိုင်လာတာများဖြစ်နိုင်လား..ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီလား”
“သက်ကြားအိုကြီး ခင်ဗျားတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ကြတာပေါ့ ..ဘုရင်နယ်ပယ်ခွန်အားလေးပဲသုံးပြီးတော့ ဒီသခင်လေးကို လာတိုက်တာက ဘာအဓိပ္ပါယ်လဲ”
ရှစ်ဖုန့်က သူ့လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားဖြင့် ယဲ့ဝူရှင်းကို ထိုးညွှန်လိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“အင်ပါယာနယ်ပယ်စွမ်းအား ..သူ့မှာတကယ့်ကို အင်ပါယာနယ်ပယ်တစ်ယောက်ရဲ့စွမ်းအားတွေရှိနေတာပဲ”
လုံချန်မှာ ယဲ့ဝူရှင်းနှင့် မဝေးလှသောနေရာတွင် ရှိနေခဲ့သည်။ သူက ယဲ့ဝူရှင်း၏ ရေရွတ်နေမှုကို ကြားခဲ့သည်။
ဤမွန်းစတားမှာ သူမျှော်မှန်းထားသည်ထက် သာလွန်နေလိမ့်မည်ဟု သူလုံးဝ မျှော်လင်ထားခဲ့ခြင်းမရှိပေ။
“အင်ပါယာနယ်ပယ်စွမ်းအား “
လုံချန်ရုတ်တရက် သဘောပေါက်လာသည်။
“သူ့မှာ အင်ပါယာနယ်ပယ်စွမ်းအားကိုပိုင်ဆိုင်ထားတယ်ဆိုရင် ငါသာယဲ့ဝူရှင်းကို သိမ်းသွင်းစည်းရုံးနိုင်တာနဲ့..ငါ့မှာ အင်ပါယာနယ်ပယ်နှစ်ယောက်ရဲ့ အထောက်အပံ့ကို ရရှိလာလိမ့်မယ်..ဒါကကောင်းလိုက်တာ”
“ဘုရင်အိုကြီး “
လုံချန်က ယဲ့ဝူရှင်းကိုပြုံး၍ပြောလိုက်သည်။
“ကမ္ဘာကြီးက မပြောင်းလဲသေးပါဘူး..ကျုပ်တို့ယွင်လိုင်အင်ပါယာမှာ ဒီလိုမျိုး မွန်းစတားတစ်ကောင်ပဲ ပေါ်လာခဲ့တာပါ”
“ကောင်းပြီ..ဒီ မင်းသားအတွက်အလို့ငှာ အားလုံးထိုင်ပြီးတော့ ကောင်းကောင်းမွန်မွန် စကားပြောလို့ရနိုင်မလား..တကယ်တော့ ဘုရင်အိုကြီး ..ခုဏကရှစ်ကျင်းထျန်းလို့ ခင်ဗျားပြောခဲ့တဲ့ သူတောင်းစားက ခင်ဗျားရန်သူဖြစ်သလို ကျုပ်တို့ရဲ့ရန်သူလည်းဖြစ်တယ်”
ယဲ့ဝူရှင်းက လုံချန်၏စကားအားကြားလိုက်ရသောအခါတွင် ရုတ်တရက် ပေါက်ကွဲကာ ရယ်မောတော့သည်။
“ရန်သူတွေတဲ့လား..ဟားဟားဟားဟား..ငါထင်ထားသလိုပဲ..ငါထင်ထားသလိုပါပဲ..နှလုံးသားမဲ့ သိုင်းပညာရပ်နဲ့ နှလုံးသားမဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရှစ်ကျင်းထျန်း..ငါသာမမှားဘူးဆိုရင် ..ဒီမွန်းစတားဆန်တဲ့ ပါရမီရှင်က ရှစ်ကျင်းထျန်း သားပဲဖြစ်ရမယ်”
“အဲ့သူတောင်းစားနဲ့ကျုပ်နဲ့ ဘာမှပက်သက်စရာမရှိဘူး”
ရှစ်ဖုန့်ကအော်လိုက်သည်။ ရှစ်ဖုန့်အနေဖြင့် ရှစ်ကျင်းထျန်းနှင့် ပက်သက်ပြီးဘာခံစားချက်မှာ ရှိမနေပေ။ သူ့မိခင်အတွက်သာလက်စားချေလိုခြင်းဖြစ်သည်။
“ဘုရင်အိုကြီး အတိတ်တုံးက ခင်ဗျား ဒုက္ခတွေအများကြီးခံစားခဲ့ရတဲ့အကြောင်းပြချက်က လက်ရှိ တော်ပိုင်းဘုရင်နဲ့ ပက်သက်နေပုံရတယ်”
လုံချန်ကပြောလိုက်သည်။
“တောင်ပိုင်းကာကွယ်ရေးဘုရင်တဲ့လား..ဟားဟားဟား “
လုံချန်၏ စကားကိုကြားရပြီးနောက်တွင် ယဲ့ဝူရှင်းက ရယ်မောလိုက်သည်။
“အဲ့သူတောင်းစားလေးက ဘုရင်ဆိုတဲ့ သရဖူကိုတောင်ရသွားပြီပဲ…သူကငါ့အရင်ဘွဲ့ကိုတောင်ရထားသေးတယ်..ကောင်းတယ်..အရမ်းကောင်းတယ်..”
“ဘုရင်အိုကြီး ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ကျုပ်တို့ကို ပြောပြနိုင်မလား..နောက်ပြီး ကျုပ်တို့က အခုဘုံရန်သူကို ရင်ဆိုင်နေရတာလေ…တောင်ပိုင်းဘုရင် ရှစ်ကျင်းထျန်းက အချိန်အနည်းငယ်အကြာတုံးက ရုတ်တရက်ပျောက်ကွယ်သွားဖူးတယ်.. သူဘယ်ကိုသွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး…ဒါပေမဲ့ သူပြန်ရောက်လာတဲ့အချိန်မှာ ဘုရင်နယ်ပယ်ကိုချိုးဖြတ်ပြီးတော့ ရက်အနည်းငယ်အတွင်း ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်ကို ရောက်ရှိသွားခဲ့တယ်..”
“ဒီလိုအဆင့်တိုးတဲ့ အမြန်နှုန်းက ကျုပ်တို့ ယွင်လိုင်အင်ပါယာထဲမှာ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စမျိုးလို့တောင်ပြောလို့ရတယ်..ဘုရင်အိုကြီး ခင်ဗျားတစ်ခုခုကိုများ သိကောင်းသိနေတာဖြစ်နိုင်မလား”
“အဲ့သူတောင်းစားလေးရဲ့ သိုင်းပညာကို ငါသင်ကြားပေးခဲ့တာပဲ..တကယ်တော့ငါသိတာပေါ့ “
ယဲ့ဝူရှင်းကပြောလိုက်သည်။သူကထပ်ပြောလိုက်သည်။
“မင်းသားလေး ..ဒီလူအိုကြီးကို တစ်ချိန်တုံးက နှလုံးသားမဲ့တဲ့ ပုဂ္ဂိုလ်လို့ခေါ်တာကို မှတ်မိသေးလား”
“အင်း ကျုပ်မှတ်မိတယ်”
လုံချန်က ခေါင်းညိမ့်လိုက်သည်။
“ဒါဆိုဘာလို့ အဲ့လိုခေါ်တာလဲဆိုတာရောသိလား”
ယဲ့ဝူရှင်းကမေးလိုက်သည်။
“ကျုပ်အဲ့အကြောင်းကို မသိဘူး”
လုံချန်က သူ့ခေါင်းကိုခါယမ်းကာပြောလိုက်သည်။
“ကျုပ်စပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိလာတဲ့ အချိန်မှာ ဘုရင်အိုကြီးက ပျောက်ကွယ်သွားတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ..လူအိုကြီးနဲ့ ပက်သက်တဲ့ ကောလဟာလတွေကလည်း တဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့တယ်”
“အကြင်နာမဲ့တဲ့သူ….နှလုံးသားမဲ့တဲ့သူ..ငါဟာ တကယ့်ကို အတိတ်တုံးက နှလုံးသားမဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့တယ်..ဘာလို့ဆို ငါဟာ နှလုံးသားမဲ့သိုင်းတာအိုကိုကျင့်ကြံခဲ့တဲ့သူဖြစ်နေခဲ့လိုပဲ..
အဲ့အချိန်တုံးက ငါဟာ အထွတ်အထိပ် ဘုရင်နယ်ပယ်အဆင့်ကို ရောက်နေခဲ့ပြီး အင်ပါယာနယ်ပယ်ကို ချိုးဖြတ်တက်လှမ်းချင်ခဲ့တယ်….ဒါကြောင့် ငါဟာ ငါ့နှလုံးသားထဲမှာရှိနေတဲ့ ခံစားချက်တွေအားလုံးကို သတ်ပစ်ဖို့ကြိုးစားခဲ့တယ်..”
ယဲ့ဝူရှင်းက ပြောနေသည့်အချိန်တွင် နာကျင်မှုအပြည့်အဝ အသွင်အပြင်ကို လှစ်ဟာပြထားသည်။
“ငါဟာ ကမ္ဘာပေါ်မှာ ငါ့ကို အချစ်ဆုံးသောသူဖြစ်တဲ့ ငါ့မိန်းမကို ငါ့လက်တွေနဲ့ ကိုယ်တိုင်သတ်ပစ်ခဲ့တဲ့သူပဲ”
“အာ..”
“အာ..အဖိုး..အဖိုးက..”
လုံချန်နှင့် ဝေ့ယင်တို့မှာ ယဲ့ဝူရှင်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် သူတို့မျက်နှာထက်၌ အံ့အားသင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နေသည်။
ရှစ်ဖုန့်က ယဲ့ဝူရှင်းကို အေးစက်သော အကြည့်ဖြင့်တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“လူမဆန်တဲ့ကောင်”
“ဟုတ်တယ်…မင်းမှန်တယ်..ငါက လူမဆန်တဲ့သူတစ်ယောက်ပဲ..”
ယဲ့ဝူရှင်းက နာကျင်မှု နောင်တရမှုအပြည့်တို့ဖြင့်ပြောလိုက်သည်။
“နှလုံးသားမဲ့ သိုင်းပညာရပ်က လူမဆန်သူတစ်ယောက်ရဲ့ သိုင်းပညာရပ်ပဲ…ခံစားချက်မဲ့တယ်..နှလုံးသားမဲ့တယ်.မင်းအနေနဲ့ မင်းရင်ထဲမှာရှိနေတဲ့ ခံစားချက်တွေအားလုံးကို သတ်ပစ်ပြီးတော့ နှလုံးသားမဲ့သူတစ်ယောက်ဖြစ်လာဖို့လိုတယ်လေ…ဒါက ကိုယ့်အတွက် အရေးကြီးဆုံး အနီးကပ်ဆုံးဖြစ်တဲ့သူတွေကို ဆုံးရှုံးစေတဲ့ သောက်ကျိုးနည်းသိုင်းပညာရပ်ပဲ.”
“အဲ့လိုဆိုရင် ခင်ဗျားက ခင်ဗျားမှာရှိတဲ့ နှလုံးသားထဲက ခံစားချက်တွေအကုန်လုံးကို စတေးခဲ့ပြီးတော့ ဘုရင်နယ်ပယ် အထွတ်အထိပ်ကနေ ကြယ်သုံးပွင့် အင်ပါယာနယ်ပယ်ထိကို အဆင့်တက်ခဲ့တယ်ပေါ့”
ရှစ်ဖုန့်က မေးလိုက်သည်။
“ဟုတ်တယ်”
ယဲ့ဝူရှင်းက ခေါင်းညိမ့်သည်။
“နှလုံးသားမဲ့ သိုင်းတာအိုမှာ မင်းက ပိုပြီး နှလုံးသားမဲ့နိုင်လေ သွေးအေးတဲ့သူဖြစ်နိုင်လေ ပိုပြီးမြင့်တဲ့ နယ်ပယ်တွေကို တက်လှမ်းနိုင်လေပဲ”
“ဒီတော့ရှစ်ကျင်းထျန်းကခင်ဗျားထက် ပိုပြီးတော့ လူမဆန်ပြီး အဲထက်တောင် ဆိုးဝါးတဲ့သူလို့ ခင်ဗျားပြောချင်တာလား”
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။ရှစ်ကျင်းထျန်းမှာ အထွတ်အထိပ် ဘုရင်နယ်ပယ်မှ ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်သို့ တက်လှမ်းခဲ့သောသူဖြစ်သည်။
“သူလား..ငါက သူနဲ့ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ…သူက နှလုံးသားမဲ့ ကိုယ်နဲ့ လူမဆန်တဲ့ သူတစ်ယောက်အဖြစ်မွေးလာတဲသူပဲ..နှလုံးသားမဲ့ သိုင်းလမ်းစဉ်က သူ့အတွက်တောင်ဖန်တီးထားသားထင်ရတယ်…အခုက သူဟာအစပဲရှိသေးတယ်…”
ယဲ့ဝူရှင်းကပြောလိုက်သည်။
“ဒီသူတောင်းစားလေးက နှလုးသားမဲ့ သိုင်းလမ်းစဉ်ကိုသာကျင့်ကြံရင် သူ့အလားအလာဟာ အကန့်သတ်မဲ့ပဲ”
ဆက်ရန်…
ဘာသာပြန်သူ-ARISE