← Chapters

အပိုင်း(၁၁၉)

Vol. 8 Ch. 119

အပိုင်း(၁၁၉)

Vol. 8 Ch. 119

ယဲ့ဝူရှင်းကပြောလိုက်သည်။

“ဒီလူအိုကြီးက အစတုံးက နှလုံးသားမဲ့ ခန္ဓာကိုယ်ဆိုတာ ဒဏ္ဍာရီ တစ်ခုလို့ပဲ ထင်ခဲ့တာ..ဒါပေမဲ့ ရှစ်ကျင်းထျန်းကိုတွေ့လိုက်ရပြီးတဲ့နောက်မှာ ..အဲ့လိုခန္ဓာကိုယ်မျိုးတကယ်ရှိတယ်ဆိုတာကို ဒီ လူအိုကြီး သဘောပေါက်ခဲ့တ…ဒီလိုမျိုးခန္ဓာကိုယ်မျိုးနဲ့ သူမျိုးက မွေးကတည်းက စိတ်ခံစားမှုဆိုတာမရှိဘူး…သူတို့က သူတို့နှလုံးသားထဲမှာ သူတို့ပဲရှိတာ တစ်ခြားဘယ်သူမှရှိမနေဘူး”

“အဲ့လိုလူမျိုးဆီမှာ ဇနီးမယားဆိုတာရှိခဲ့ရင်တောင် သူတို့ရဲ့ စိတ်အာသာကို ဖြေဖျောက်နိုင်ဖို့ အတွက်သက်သက်ပဲဖြစ်လိမ့်မယ်..ဒါမှ မဟုတ်ရင် သူ့ပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့အတွက်ပေါ့ ..သူ့မှာ သူ့ကိုယ်တိုင်အတွက် လိုအင်ဆန္ဒတွေဆိုတာရှိပေမဲ့..အခြားသူနဲ့ပက်သက်တဲ့ ချစ်ခြင်းတရားတေွ တရားနည်းလမ်းကျတယ်ဆိုတဲ့ ခံစားချက်တွေရှိမနေဘူး”

“ဒီလူအိုကြီးက နှလုံးသားမဲ့သိုင်းတာအိုကိုကျင့်ကြံခဲ့ပြီး ရှစ်ကျင်းထျန်းကို ငါတွေ့လိုက်ရတဲ့အချိန်မှာ သူ့ကိုငါ့ရဲ့ မွေးစားသားတစ်ယောက်အနေနဲ့ ခေါ်ယူခဲ့ပြီးတော့ ငါ့ဘေးမှာထိန်းသိမ်းထားပြီး ငါ့သိုင်းတာအိုနဲ့ ပက်သက်တာတွေကို သင်ကြားပေးခဲ့တယ်”

“ပြီးတော့ ရှစ်ကျင်းထျန်း အဲ့သူတောင်းစားလေး ကငါ့ကို စိတ်မပျက်စေခဲ့ဘူးလေ….နှလုံးသားမဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်းနဲ့ နှလုံးသားမဲ့ သိုင်းတာအိုကျင့်ကြံခြင်း အဲ့တာက တကယ့်ကို သာမန်ထက်ကို လွန်ကဲထူးခြားလွန်းတယ်..ရက်အနည်းငယ်လေးပဲ ကြာခဲ့တယ် ရှစ်ကျင်းထျန်းဟာ နှလုံးသားမဲ့သိုင်းတာအိုကျင့်ကြံမှုမှာ ဆရာတစ်ဆူဖြစ်လာခဲ့တယ်..ငါနည်းနည်းပဲ သိရှိနိုင်တဲ့ အချို့ကိစ္စမျိုးကိုတောင် သူကတကယ်ကို အားလုံးနီးပါးသိနေခဲ့တယ်”

“ကျုပ်တကယ်ပဲ သိချင်မိတယ်…ခင်ဗျားရဲ့ရန်သူ အဲ့သူတောင်းစားရှစ်ကျင်းထျန်းဆိုပေမဲ့ ခင်ဗျား  ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် နဲ့  ဘယ်လိုမျိုးထိခိုက်ခံခဲ့ရတာလဲ..ရှစ်ကျင်းထျန်းလည်း ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ကိုသိနေတာများဖြစ်နိုင်မလား”

ရှစ်ဖုန်ု့က မေးလိုက်သည်။

“မင်းလည်း ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ကိုသိတာလား”

ယဲ့ဝူရှင်းက ရှစ်ဖုန့်ကို ကြည့်၍ပြောလိုက်သည်။

“ဒါပေါ့ ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ကို ခင်ဗျားကိုယ်ကနေ ဖယ်ပေးခဲ့တဲ့သူက ဒီသခင်လေးဆိုတာကို မမေ့နဲ့”

ရှစ်ဖုန့်ကမေးလိုက်သည်။

ယဲ့ဝူရှင်းကခေါင်းညိမ့်ကာပြောလိုက်သည်။

“ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် က ငရဲဘုံကိုးခု ဧကရာဇ်က  ဖန်တီးခဲ့တာလို့ပြောလို့ရတယ်..ငရဲဘုံးကိုးခု ဆီးလ်ရဲ့ အရှင်သခင် ဖြစ်သူတွေကလွဲပြီး တစ်ခြားဘယ်သူကမှ အဲ့တာကို အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး..ရှစ်ကျင်းထျန်းလို လူမျိုးက အသုံးပြုနိုင်ဖိုဆိုတာပိုတောင်မဖြစ်နိုင်သေးတယ်..”

“ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ကို ဒီလူအိုကြီးက လေလံပွဲတစ်ခုကနေ ဝယ်ယူခဲ့တဲ့ ကျောက်စိမ်းပြားကနေရခဲ့တာ..ကျောက်စိမ်းပြားထဲ့မှာ ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ် ပါတယ်လေ”

“အဲ့အချိန်တုံးက လေလံပစ်သူပြောခဲ့တာက ကျောက်စိမ်းပြားက ကြောင့်ကြမဲ့ဧကရာဇ်ဆီကနေ လာတာတဲ့..ငါအဲ့တာကိုရဖို့အတွက် များပြားလွန်းတဲ့ ငွေကြေးပမာဏကို တန်ကြေးပေးချေခဲ့ရတယ်…ဒါပေမဲ့ အဲ့သူတောင်းစားလေး ရှစ်ကျင်းထျန်းက အဲ့တာကိုငါ့ဆီကနေခိုးယူပြီးတော့ ငါ့အပေါ်မှာ ပြန်သုံးလိမ့်မယ်လို့ဘယ်သူက ထင်မှာလဲ”

ယဲ့ဝူရှင်းက စကားပြောနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။

သူကရှစ်ဖုန့်ကို ကြည့်ကာပြောလိုက်သည်။

“အဲ့တာက ငရဲဘုံကိုးခု သိုင်းပညာပိတ်ဆို့ ဆီးလ်ပဲမင်းအဲ့တာကို ဘယ်လိုသိပြီးတော့ ဘယ်လိုဖယ်ရှားခဲ့တာလည်း”

“အဲ့တာက ဆီးလ်လေးသက်သက်ပဲကို ဘာတွေများခက်ခဲနေလို့လဲ”

ရှစ်ဖုန့်က အထင်သေးစွာပြောလိုက်သည်။ထိုဆီးလ်မှာ သူဖန်ထီးထားခြင်းဖြစ်သည်။ထို့ကြောင့် သူ့အတွက် ဘာအခက်ခဲမျှရှိမနေချေ။

သို့သော် ထိုအရာက ကောင်စုတ်လေးရှောင်ယောင်ဆီကလာသည်ဆိုလျှင် ၎င်းအနေဖြင့် တစ်နေရာရာတွင် ပြည့်တန်ဆာများဖြင့်သောက်စားပြီး  သူ့ကိုယ်သူဟိတ်ကြီးလုပ်နေခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်။ နောက်ဆုံး၌ သူ့တွင်  ဘေလ်ရှင်းရန်အတွက် ပိုက်ဆံမလောက်တော့သည်ကို သိသောအခါ သူ့ကိုယ်သူမျက်နှာမပျက်စေရန် ဆီးလ်အချို့ကို ကျောက်စိမ်းပြားထဲတွင်ထည့်၍ ငွေကြေးအဖြစ်ပေးချေခဲ့ခြင်းပဲဖြစ်ရမည်ဖြစ်သည်။

ရှင်းလင်းစွာပြောရလျှင် ဧကရာဇ်ရှောင်ယောင်အတွက် ဤကဲ့သို့အရာမျိုးအားလုပ်ဆောင်ခြင်းက ပထမဆုံးအကြိမ်တော့မဟုတ်ပေ။

ဤကဲ့သို့ ဆီးလ်မျိုးအား ကျောက်စိမ်းပြားထဲတွင် ထည့်သွင်းထားသော်လည်း ၎င်းမူလစွမ်းအင်၏တစ်ရာခိုင်နှုန်းပင် အစွမ်းရှိလိမ့်မည်မဟုတ်ပေ။သို့သော် ဧကရာဇ်ရှောင်ယောင် ၏ စွမ်းအားမှ တစ်ရာခိုင်နှုန်းထက်နည်းလှသောစွမ်းအားကပင် သူတို့လိုလူများအတွက်ကို အရမ်းကို စွမ်းအားကြီးနေသေးသည်ဖြစ်သည်။ရှစ်ကျင်းထျန်းအနေဖြင့် ကျောက်စိမ်းပြားကိုခိုးယူပြီး ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ် တစ်ယောက်အပေါ်တွင် အသုံးပြုရန်အတွက် လုံလောက်မှုရှိပေသည်။

“ဘုရင်အိုကြီး ခင်ဗျားဘယ်လိုမျိုး လွတ်မြောက်လာခဲ့တာလဲ”

လုံချန်ကမေးလိုက်သည်။ ရှစ်ကျင်းထျန်းအနေဖြင့် ၎င်း၏ကျင့်ကြံမှုအား ပိတ်ဆို့ပြီးနောက်တွင် သနားညှာတာပေးလိမ့်မည်ဟု သူမထင်မိပေ။ ၎င်းဒုက္ခိတိ ဖြစ်သွားပြီးသေားအချိန်တွင်ပင် ရှစ်ကျင်းထျန်းအနေဖြင့် အသက်ကို ချမ်းသာပေးလိမ့်မည်ဟု မထင်ပါ။၏

“ဒီလူအိုကြီးက နှလုံးသားမဲ့တဲ့သူတစ်ယောက်ဆိုပေမဲ့ ငါ့လက်အောက်မှာရှိတဲ့ ဗိုလ်ချုပ် အယောက်သုံးဆယ်လုံးက သမာသမတ်ကျတဲ့သူတွေကြီးပဲ…သူတို့က ရှစ်ကျင်းထျန်းကိုတားဆီးဖို့အတွက် သူ့တို့အသက်ကို စတေးခဲ့တယ်..ဒါကြောင့် ငါလွတ်လာနိုင်ခဲ့တာ”

အတိတ်ကိုတွေးမိသောအခါတွင် ယဲ့ဝူရှင်း၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုတို့ဖြင့်ပြည့်နေသည်။

“တောင်ပိုင်းရဲ့ ဗိုလ်ချုပ် အယောက်သုံးဆယ်”

လုံချန်ကပြောလိုက်သည်။

“ကျုပ်အရင်ကကြားဖူးတယ်.ဘုရင်အိုကြီးက တစ်နေမှာ ဒေါသအိုးပေါက်ကွဲသွားပြီးတော့ သူ့ရဲ့သစ္စာရှိ တောင်ပိုင်းက ဗိုလ်ချုပ်အယောက်သုံးဆယ်လုံးကို သတ်ပစ်လိုက်တယ်တဲ့ ..နောက်ကွယ်မှာက နောက်ထပ် မတူညီတဲ့ ဇတ်လမ်းတစ်ခုရှိနေခဲ့တာပဲ”

“ရှစ်ကျင်းထျန်း အဲ့သူတောင်းစားလေး သူက သူရည်မှန်းချက်ပြည့်ဝဖို့အတွက်ဆို ဘာမဆိုလုပ်လိမ့်မယ်..သူကဘာမဆိုလုပ်ရဲကိုင်ရဲ သတ်ရဲဖြတ်ရဲ ရှိတဲ့သူပဲ..သူကကျားတစ်ကောင်မှန်းသိလို့ငါသူ့ကို မုန်းတယ်ဆိုရင်တောင် …ငါဟာကျားတစ်ကောင်ကို ပျိုးထောင်ပေးချင်ခဲ့ပြီး..ငါ့ကြောင့်ပဲ  လူတွေအများကြီးကို ဒုက္ခရောက်စေခဲ့ရတာဖြစ်တယ်..”

ယဲ့ဝူရှင်းက သက်ပြင်းချလိုက်သည်။

“အဆုံးသတ်မှာတော့ ငါ့ သိုင်းပညာရပ်ဟာ ဒုက္ခိတလိုဖြစ်သွားရပြီး ငါ့အသက်အတွက် ငါဟာထွက်ပြေးခဲ့ရတယ်”

“ငါဟာစန်းဟန်မြို့မှာ ငတ်မွတ်ပြီး မြေပြင်ပေါ်မှာထိုင်နေတဲ့ အိမ်ရာမဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့တယ်…  သူ့ရဲ့သနားစရာ ပုံလေးကိုတွေ့ရတဲ့..ဘန်းမုန့်နွေးနွေးလေးတစ်ချက်ကို ပေးလိုက်တယ်”

“ဒါပေမဲ့ ဘန်းမုန့်ကို စားပြီးတာတောင် သူဟာငါ့နောက်ကို လိုက်လာတုံးပဲ….ဘာလို့လဲတော့ငါမမှတ်မိတော့ပေမဲ့ အဲ့အချိန်တည်းက ငါသူ့ကို ခေါ်ယူလာခဲ့တာဖြစ်တယ်..”

ယဲ့ဝူရှင်းက ဝေ့ယင်ကိုကြည့်၍ ပြောလိုက်သည်။

“အဖိုးက တစ်ဘဝလုံးနှလုံးသားမဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပေမဲ့ ..သမီးကိုခေါ်လာတဲ့အချိန်မှာ အဖိုးမှာအသိတရားအနည်းငယ်ရှိနေခဲ့သေးတယ်”

“ဒါပေမဲ့ ကလေးမလေးရယ်..အဖိုးကြောင့် မင်းဟာငယ်ငယ်လေးထဲက ဒုက္ခတွေကို ခံစားခဲ့ရတယ်”

“ယင်အာ ဒုက္ခမခံစားခဲ့ရပါဘူး”

ဝေ့ယင်က ခေါင်းခါယမ်းကာပြောလိုက်သည်။

“အဖိုးကြောင့်သာမဟုတ်ခဲ့ရင် ယင်အာဟာ သေတဲ့အထိလမ်းမပေါ်မှာပဲ ငတ်ပြတ်ပြီးနေရလိမ့်မယ်”

“အခုအဲ့တာက ကိစ္စတေွ အခုအခြေအနေထိကို ဘယ်လိုတွေ ဖြစ်ပျက်လာခဲ့ရသလဲဆိုတာပဲ”

ထိုအချိန်တွင် ယဲ့ဝူရှင်းက ရှစ်ဖုန့်ကို ကြည့်၍ပြောလိုက်သည်။

“ကောင်လေး ရှစ်ကျင်းထျန်းရဲ့ နှလုံးသားမဲ့သိုင်းတာအိုက ငါသင်ကြားပေးခဲ့တာ..မင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကိုငါမသိဘူး ဒါပေမဲ့ သူရဲ့ နှလုံးသားမဲ့ ခန္ဓာနဲ့သိုင်းပညာအရဆိုရင် မင်းလည်း အကြင်နာမဲ့ကိစ္စတွေကိုခံစားခဲ့ရမှာပဲ..အရာအားလုံးဟာငါနဲ့ ဆက်နွယ်နေတာဖြစ်တာကြောင့် မင့်ငါ့ကိုမုန်းလား”

“ဟမ့် သက်ကြားအိုကြီး  ခင်ဗျားကသူ့ကို သိုင်းပညာကိုပဲသင်ပေးခဲ့တာ..သူကနှလုံးသားမဲ့တဲ့သူ ဖြစ်တာမဖြစ်တာက သူ့ကိုယ်ပိုင်ရွေးချယ်မှုသက်သက်ပဲ …သူ့ကိုယ်ပိုင်အတွေးတွေက ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး”

ရှစ်ဖုန့်က ပြောပြီးနောက်မေးလိုက်သည်။

“နှလုံးသားမဲ့ကျင့်ကြံမှုက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဧကရာဇ်နယ်ပယ် တစ်ယောက်ဖြစ်တဲ့ ကြီးမြတ်တဲ့ ဧကရာဇ် ဝူချင်းဆီကနေ ဆင်းသက်လာခဲ့တာမလား”

“ဟုတ်တယ်..အဲ့တာကဧကရာဇ် ဝူချင်းဆီကနေ ဆင်းသက်လာခဲ့တာ ဒဏ္ဍာရီတွေမှာဆိုတာကတော့ ဧကရာဇ် ဝူချင်းဆီမှာလည်း နှလုံးသားမဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်တဲ့..ဧကရာဇ်ဝူချင်းအပြင် ရှစ်ကျင်းထျန်းဆီမှာကလွဲပြီး တစ်ခြားဘယ်သူ့ဆီမှာမှ နှလုံးသားမဲခန္ဓာကိုယ် ရှိတယ်လို့ငါမကြားဖူးဘူး”

ယဲ့ဝူရှင်းက ပြောလိုက်သည်။

“ဒါဆိုလည်း အပင်နိမ့်တုံး ကြီးထွားမလာခင် သူ့ကို သတ်ပစ်ကြတာပေါ့”

ရှစ်ဖုန့်က ထိုသို့ပြောပြီးသည့်နောက် လုံချန်ကို ညွှန်ပြလိုက်ပြီးပြောလိုက်သည်။

“ဒီစတုတ္ထမင်းသားက အခုသူ့ညီအကိုတွေနဲ့ ထီးနန်းအတွက် တိုက်နေရတာ..အခုကမင်းသေမလားငါသေမလားဆိုတဲ့ အခြေအနေကိုရောက်နေပြီ .ခင်ဗျားသူ့ဘက်မှာနေပြီးတော့ သူ့ကိုကူညီသင့်တယ်”

ရှစ်ဖုန့်က ယဲ့ဝူရှင်းအား သူ့လက်အောက်ခံတစ်ယောက်ကဲ့သို့ လုံချန်ဘေးတွင်နေ၍ ကူညီရန် အမိန့်ပေးနေသည်။

လုံချန်က ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် အလျှင်အမြန်ပြောလိုက်သည်။

“သခင်လေးဖုန့် ..ဘုရင်အိုကြီးကို ဒီလိုပြောလို့ဘယ်ဖြစ်မလဲ”

“မင်းတို့သင့်တော်သလို လုပ်နိုင်ပါတယ်”

ယဲ့ဝူရှင်းက သူ့ပါးစပ်ကို ဖွင့်ဟပြောလိုက်သည်။

“ဒီလူအိုကြီးအသက်ကို မင်းတို့တွေကယ်တင်ထားကြတာ..ဒီလူအိုကြီး ပြန်လည်မွေးဖွားလာပြီး ဒီလိုမျိုးဖြစ်လာရတာ တွေက မင်းတို့တွေကြောင့်ပဲ”

“ဒီလူအိုကြီးထပ်ပြီးတော့ နှလုံးသားမဲ့သူတစ်ယောက်ထပ်မဖြစ်ချင်တော့ဘူး..အနာဂတ်မှာ ဒီလူအိုကြီးကို တစ်ခုခုလုပ်ခိုင်းစေချင်တယ်ဆိုရင် စီစဉ်လိုက်ပါ…မင်းတို့ဘာပဲလိုလို ဒီလူအိုကြီးကိုပြောလိုက်”

“တ..တကယ်လား”

လုံချန်မှာ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

ကိစ္စများအရမ်းအလွယ်တကူ ချောမွေ့စွာဖြစ်သွားလိမ့်မည်ဟုသူ မမျှော်လင့်ထားမိပေ။

ယဲ့ဝူရှှှင်း   ညအမှောင် အင်ပါယာ ယခင်တောင်ပိုင်းဘုရင်က ဤသို့ဖြင့်သူ့အားထောက်ခံခဲ့သည်။

တကယ်တမ်းတွင် ဤအရာအားလုံးမှာ ဤမွန်းစတား၏ ကျေးဇူးများကြောင့်ဖြစ်ကြောင်းကို လုံချန်မြင်နိုင်သည်ဖြစ်သည်။လုံချန်မနေနိုင်ပဲ ထိုမွန်းစတားကို လှည့်ကြည့်လိုက်မိသည်။

အစက သူ့အနေဖြင့် ဤအရာများကို စိုးရိမ်သောကဖြစ်နေခဲ့ပြီး အနာဂတ်အားမည်သို့ရင်ဆိုင်ရမည်မှန်းကို မသိဖြစ်နေခဲ့သည်။သူ့အနေဖြင့်သူ့ကံတရားကို လက်ခံလုနီးပါးပင်ဖြစ်ခဲ့ရသည်။သို့သော် ဤမွန်းစတားရောက်ရှိလာကတည်းက အခြေအနေတို့မှာ ကြီးကြီးမားမားကို ပြောင်းလဲသွားသည်။

ထိုထက်ပိုသည်ကား ဤမွန်းစတားမှာ မသိလိုက်ရပါဘဲ အင်ပါယာနယ်ပယ်အဆင့်စွမ်းအားတို့ကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ဤအမြန်နှုန်းအတိုင်းသာ ဆက်သွား၍ အဆင့်ချိုးဖြတ်နေမည်ဆိုလျှင် သူသည်လူသားရောဖြစ်ဟုတ်ပါသေးရဲ့လော။

ဤသို့သာဆက်သွားနေလျှင် ယွင်လိုင်အင်ပါယာတွင် ၎င်းအားမည်သူက ဟန့်တားနိုင်မည်နည်း။ သူသာအနာဂတ်တွင် ဧကရာဇ်အဖြစ်ထီးနန်းကို ဆက်ခံနိုင်ခဲ့လျှင်တောင်….

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters