← Chapters

အပိုင်း (၁၂၀)

Vol. 8 Ch. 120

အပိုင်း (၁၂၀)

Vol. 8 Ch. 120

ယနေ့သည် တော်ဝင်  ဆရာဂုရု၏ အိမ်တော်၌ တောက်ပသောအနီရောင်မီးအိမ်များဖြင့် တစ်ခန်းတစ်နား အလှဆင်ထားသည်။ အိမ်တော်၏ ဝင်ပေါက်၌ အဆုံးမရှိဟုထင်ရသော လူတန်းရှည်ကြီး ရှိနေသည်။ အဆင့်မြင့်အရာရှိများနှင့် အထက်တန်းလွှာများက အိမ်တော်အား အဝင်အထွက်ပြုလုပ်နေကြသည်။ ၎င်းမှာ အလွန်ကို သက်ဝင်စည်ကားလှ၏။

ယနေ့သည် တော်ဝင် ဆရာဂရုအိမ်တော်၏ အရေးပါသော နေ့တစ်နေ့ဖြစ်သည်။၎င်းမှာ တော်ဝင် သင်ကြားရေးဆရာဖြစ်သူ နလန်ယွမ်၏  အသက်ခုနှစ်ဆယ်ပြည့်မွေးနေ့ပင်ဖြစ်သည်။

“ ဗိုလ်ချုပ် သွမ့်မူကျဲယီက မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် ရောက်ရှိလာပါတယ်”

တံခါး၌ ရှိနေသော အစေခံများမှာ ဧည့်သည်များက ဖိတ်ကြားစာနှင့်အတူရောက်လာသည်ကိုမြင်ကြရသောအခါတွင် ကျယ်လောင်စွာအော်လိုက်ကြသည်။ ထို့နောက်တွင်  သူ့တို့ဘေးရှိလူတို့က လက်ဆောင်များကိုရေတွက်လိုက်ကြပြီး  ကျယ်လောင်စွာကြေညာလိုက်သည်။

“ဗိုလ်ချုပ် သွမ့်မူကျဲယီက အရှေ့ပင်လယ် ပုလဲပုတီးတစ်ကုံးကို လက်ဆောင်ပေးပို့ပါတယ်”

“မြို့စားကြီးဝေ့အိမ်တော်က အကြီးဆုံးသခင်လေး တုန်ဖန်းကျစ်ယွီက ဂုဏ်ပြုရန်ရောက်ရှိလာပါတယ်..”

“အကြီးဆုံးသခင်လေး တုန်ဖန်းကျစ်ယွီက ကောင်းကင်နဂါးကျောက်စိမ်းကို လက်ဆောင်အဖြစ်ပေးအပ်ပါတယ်”

“မှူးမတ်ချင်ပိုင်မိုက ဂုဏ်ပြုရန်အတွက်ရောက်ရှိလာပါတယ်”

“မှူးမတ်ချင်ပိုင်မိုက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ မီးလင်ကျစ်ကို လက်ဆောင်အဖြစ်ဆက်သပါတယ်”

……………………………………………………..

…………………………………………………..

…………………………………………………

ရှစ်ဖုန့်၊လုံချန်နှင်အတူ အနက်ရောင်ကိုဝတ်ဆင်ထားပြီး ဝါးခမောက်ကိုဆောင်းထားသော ပဟေဠိဆန်သောသူတို့ တော်ဝင်ဆရာ၏ အိမ်တော်သို့ရောက်လာသောအခါတွင် ရှည်လျားသော လူတန်းကြီးကို သူတို့မြင်တွေ့လိုက်ကြရသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“အရှင့်သားမင်းသားချန်ပဲ”

“အာ..အရှင့်သားမင်းသားချန်..ဒီကိုရောက်လာပြီ”

အရှင့်သားမင်းသားချန်”

လူတစ်ယောက်က အော်လိုက်ပြီးသည့်နောက်တွင် “မင်းသားချန်”ဟူသောစကားလုံးက သူတို့၏ ပါးစပ်များမှတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ..ဗြောက်အိုးတန်းကြီးတစ်ခုဖောက်လိုက်သည့်နှယ် ဆူညံသွားသည်။

ဘာတွေပဲဖြစ်နေပါစေ လုံချန်မှာ မင်းသားတစ်ပါးဖြစ်ပြီး ရေမြေ့အရှင်သခင် ဧကရာဇ်၏ သားတော်တစ်ပါးဖြစ်သည်။ တစ်ခြားသောမင်းသားများအားထောက်ပံ့နေကြသောသူများပင် သူ့ကို လေးစားသေးသည်။ သူ့အားမလေးမစားပြုခြင်းက ဧကရာဇ်အား မလေးမစားပြုခြင်းပင်ဖြစ်သည်။

“အားလုံးပဲ ..ကျန်းဂန်သာလို့မာပါစ…နှုတ်ခွန်းဆက်သပါတယ်…”

လုံချန်ကသူလက်တို့ကိုဆုပ်ကာ ပြောလိုက်သည်။

“ဒီမင်းသားဆရာဖြစ်သူရဲ့ မွေးနေ့ ဂုဏ်ပြုစားပွဲကို လာရောက်ပေးကြလို့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်”

“အရှင်းသားက အရမ်းကိုယဉ်ကျေးလွန်းနေပါပြီ”

အာလာပသာလ္လာပ အချို့ပြောဆိုပြီးသည့်နောက်တွင် လုံချန်က ဝင်ပေါက်ရှိ အစေခံထံသို့ တည့်တည့်ပဲတန်းသွားလိုက်သည်။

မင်းသားတစ်ပါးအနေဖြင့်သူ့အတွက် စောင့်ဆိုင်းရန် တန်းစီနေစရာမလိုပေ။

“အရှင့်သား မင်းသားချန်”

အစေခံက လုံချန်အားမြင်တွေ့လိုက်သော အခါတွင် အလျှင်အမြန်လာပြီး ဦးညွှတ်လိုက်သည်။

လုံချန်က ပြုံးပြလိုက်ပြီး ကျောက်စိမ်းသေတ္တာကို အစေခံထံသို့လွှဲပေးလိုက်သည်။

အစေခံက ကြည့်လိုက်ပြီးသည့်နောက်တွင် အတွင်းသို့လှမ်း၍ အော်ပြောလိုက်သည်။

“အရှင့်သားမင်းသားလုံချန် ရောက်ရှိလာခဲ့ပါတယ်..အရှင့်သားမင်းသားချန်က  အဆင့်ငါးစိတ်ဝိညာဉ်ဆေးပင်ဖြစ်တဲ့ ထျန်းရှန့်မီး ဂျင်ဆင်းပင်ကို လက်ဆောင်အဖြစ်ပေးပါတယ်”

ထို့နောက်တွင် လုံချန်က အိမ်တော်အတွင်းသို့ လျှောက်လှမ်းဝင်သွားပြီး သူ့နောက်မှ ရှစ်ဖုန့်နှင့် ပဟေဠိဆန်သော ဝါးခမောက်ကိုဆောင်းထားသူတို့က လိုက်ဝင်လာခဲ့သည်။

လုံချန်က သူတို့နှစ်ယောက်ကိုပြောလိုက်သည်။

“မင်းတို့နှစ်ယောက်အရင်ဆုံး ထိုင်ဖို့နေရာကိုရှာသင့်တယ်..ဒီမှာက လူတွေအရမ်းများတော့ ငါဧည့်ခံဖို့လိုအပ်သေးတယ်”

သူတို့သုံးယောက်သားခြံဝန်းအတွင်းသို့ဝင်ပြီး မကြာမီတွင် လုံချန်မှာ အာရုံစိုက်ခံရသော ဗဟိုလူဖြစ်လာခဲ့သည်။

လူအုပ်က သူ့ထံသို့ အပြေးအလွှားရောက်လာကြသည်။

“ကျွန်တောမျိုးတို့ မင်းသားလုံချန်ကို လေးစားစွာဂါရဝပြုပါတယ်”

“ဟားဟားဟား …ဗိုလ်ချုပ် သွမ့်မူ ..ကောင်းတယ်..ကျန်းဂန်သာကြပါရဲ့လားအားလုံးပဲ…အာ သခင်လေးတုန်ဖန်းပဲ…မင်းလဲလာခဲ့တာပဲပေါ့..ကောင်းတယ်..အိုး မြို့စားမင်း..နေကောင်းရဲ့လား”

လုံချန်ကသူ့လက်တို့ကိုဆုပ်၍ လူအုပ်ကို ပြုံးပြနေသည်။မကြာခင်တွင်သူ့အားလူအုပ်ကြီးက သူ့အားဝန်းရံလိုက်သည်။ လုံချန်ရောက်လာသောအခါတွင် လေထုက ပိုမို၍ အသက်ဝင်လာသည်။

လူအုပ်ထံသို့ လာနေကြသောလူများလည်းရှိသေးသည်။ ထိုအချိန်တွင်လုံချန်မှာ ယနေ့၏ အဓိကဇတ်ကောင်ဖြစ်လာသည်။

ထိုအချိန်တွင် ခြံဝန်းအတွင်း၌ စားသောက်ပွဲကိုပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ဆရာဘိုးဘိုးဖြစ်သူက ပေါ်မလာသေးချေ။ ထို့ကြောင့်မည်ကသူကမှ စတင်မစားသောက်ကြသေးပဲရှိကြသည်။ ရှစ်ဖုန့်ကကြုံရာစားပွဲတစ်ခုကိုတွေ့သောအခါတွင် ဘေး၌ဝင်ထိုင်လိုက်၏။

ပဟေဠိဆန်သောသူမှာမူ ခြံဝန်းအား သိချင်စိတ်တို့ဖြင့် လှည့်ပတ်ကြည့်နေသည်။

“နင်ဘယ်လိုဖြစ်ပီးတော့ အရမ်းထိန်းမနိုင်သိမ်းမရ ဖြစ်နေတာလဲ”

ထိုအချိန်တွင် ငယ်ရွယ်ပြီး ဒေါသထွက်စေလောက်သော အသံတစ်ခုထွက်ပေါ်လာသည်။

ရှစ်ဖုန့်က အသံလာရာဆီသို့ကြည့်လိုက်သောအခါတွင် ဆယ်ခုနှစ် ဆယ့်ရှစ်နှစ်ခန့်အရွယ် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမကအေးစက်သော အသွင်အပြင်ရှိပြီး အထက်တန်းလွှာကျသော စရိုက်ရှိကာ မာနကြီးသောမျက်နှာတစ်ခုကိုပိုင်ဆိုင်ထားသည်။သူမသည်အစောပိုင်းက စကားကိုပြောဆိုခဲ့သောသူပင်ဖြစ်သည်။

မိန်းကလေးက သူ့အားမပျော်မရွှင်ဖြစ်စွာဖြင့် မျက်မှောက်ကြုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက်သူမက အေးစက်စွာပြောလိုက်သည်။

“နင်က အကိုလုံချန်ရဲ့ ကိုယ်ရံတော်မလား..နင်စည်းမျဉ်းစည်းကမ်းတွေကို မသိဘူးလား.သခင်ဖြစ်သူတောင် မထိုင်ရသေးဘူး..နင်ကအဲ့မှာဘယ်လိုဖြစ်ပြီးတော့ထိုင်နေတာလဲ..အဲ့တာထက်ပိုတာက ဘယ်သူကမှတောင် မစားသောက်ရသေးဘူး နင်ကဘာလို့ဒီလိုမျိုးထိုင်နေရတာလဲ..အစေခံတစ်ယောက်ရဲ့စည်းမျဉ်းတွေကို နင်မသိဘူးလား”

“ဒီသခင်လေးကိုလာပြီးတော့  ဘာကိုဘယ်လိုလုပ်ရမည် မင်းလာသင်ပေးနေစရာမလိုဘူး..မင်းကိုမင်းဘာထင်နေတာလဲ..”

ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“ငါက တစ်ခြားသူတွေရဲ့ ကိစ္စကို အရေးမစိုက်ပေမဲ့ အကိုလုံချန်ရဲ့ ကိစ္စကိုတော့ ဂရုစိုက်တယ်..”

မိန်းကလေး၏မျက်နှာထက်တွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။

“ဒီမှာနားထောင် ငါက ယနေ့ခေတ် နိုင်ငံကို ကာကွယ်ပေးနေတဲ့သူရဲ့သမီးပဲ…လက်ရှိဧကရာဇ်ဖြစ်သူကတောင် ငါ့ကို မင်းသမီး ကျိုးလျန် ဆိုတဲ့ဘွဲ့ကိုချီးမြင့်ထားတာ…ငါကမင်းသားလုံချန်ရဲ့ စေ့စပ်ထားတဲ့သူဖြစ်ပြီးတော့ မင်းသားလုံချန်အိမ်တော်ရဲ့အနာဂတ် မင်းသမီးလောင်းပဲ”

မိန်းမငယ်လေးက စကားပြောပြီးသည့်နောက်တွင် သူ့မျက်နှာထက်၌ သရော်ပြုံးကိုဆင်မြန်းထားသည်။သူမကရှစ်ဖုန့်ကို စိုက်ကြည့်နေသည်။ သူ၏ သရုပ်မှန်အားသိသွားသည့်နောက်တွင် ဤအစေခံ၏ ဖြစ်လာမည့်အရာတို့အား သူမမှန်းဆထားပြီးဖြစ်သည်။

ကြောက်ရွံ့မှု၊နောင်တရမှုသို့မဟုတ် ဒူးထောက်ပြီး သူ့အားသနားပါရန် တောင်းပန်မှု သို့မဟုတ် သူ့ပါးစပ်သူအား ပြန်ရိုက်ခြင်းတို့ ဖြစ်လိမ့်မည်ပင်ဖြစ်သည်။

သို့သော် ခေတ္တမျှစောင့်ဆိုင်းပြီးနောက် မိန်းမငယ်လေးမှာ အစေခံငယ်အနေဖြင့် ထိုနေရာတွင် လုံးဝပြောင်းလဲမှုမရှိပဲ ထိုင်နေသေးသည်ကို တွေ့လိုက်ရသည်။ သူကသူမအားပျင်းရိလေးတွဲစွာဖြင့်ပင် ကြည့်လိုက်ပြီး စကားတစ်ခွန်းကို ပြောလိုက်သေးသည်။

“မင်းခေါင်း အဆံများချောင်နေတာလား”

“နင်”

မိန်းကလေးမှာ အရမ်းဒေါသထွက်စွာဖြင့် အံကြိတ်လိုက်သည်။

“နင်က အစေခံတစ်ယောက်ပဲ..ငါ့ကို ဘယ်လိုတောင် အစေခံတစ်ယောက်က လာရိုင်းပျရဲတာလဲ..ငါအရမ်းဒေါသထွက်လိုက်တာ..ငါအရမ်းကိုဒေါသထွက်တယ်..စောင့်နေစမ်းပါ ငါနင့်သခင်ကို နင့်ကိုကိုင်တွယ်ပေးဖို့သွားတောင်းဆိုပြမယ်”

ထိုသို့ပြောပြီးသည့်နောက် မိန်းကလေးက ဒေါသူပုန်ထစွာထထွက်သွားသည်။ရှစ်ဖုန့်က ဤကဲ့သို့မိန်းမမျိုးအား ထပ်ပြီး အာရုံစိုက်နေခြင်းမရှိပေ။

မင်းသမီး ကျိုးလျန်က လုံချန်ရှိရာနေရာသို့သွားခဲ့သည်။ သို့သော်လုံချန်အား သူများက ပတ်လည်ဝိုင်းနေသည်။သူကလူအုပ်နှင့်အတူ စကားပြောလိုက်ရယ်မောလိုက်လုပ်နေ၏။မင်းသမီး ကျိုးလျန်မှာ အထဲကို မဝင်ရောက်နိုင်ပေ။သူမပို၍ဒေါသထွက်လာပြီး သူမခြေထောက်ကို ဒေါခွီးစွာဖြင့် ဆောင့်နင်းလိုက်သည်။

“ဟေ..မင်းသမီး ကျိုးလျန်မလား. ဘာဖြစ်လို့လဲ ..မင်းပုံစံကဘာလို့ အရမ်းဒေါသထွက်နေရတာလဲ.မင်းကို ဒေါသထွက်အောင်ဘယ်သူလုပ်တာလဲ

ရုတ်တရက် ကြည်လင်သောအသံတစ်ခုထွက်ပေါ်လာသည်။

မင်းသမီးကျိုးလျန်က အသံလာရာဆီသိုကြည့်လိုက်သောအခါတွင် အထက်တန်းလွှာစရိုက်မျိုးနှင့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ယောက်က သူ့ထံသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“ဒီတော့   ဝူမူးမတ်အိမ်တော်ရဲ့သခင်လေး မာကျွင်းကျဲ့ကိုး”

မင်သမီး ကျိုးလျန်မှာ လူငယ်ကိုမြင်လိုက်ရသောအခါတွင် မပျော်မရွှင်ဖြစ်သွားရသည်။

“မင်းသမီးလေး ဘာဖြစ်လို့လဲ”

မာကျွင်းကျဲ့က မင်းသမီး ကျိုးလျန်ကိုသိချင်စိတ်ဖြင့်မေးလိုက်သည်။

“ဒီနေ့ခေတ် အစေခံတွေက စည်းမျဉ်းတွေကို မသိကြတော့ဘူးလေ…သူတို့တွေ ပိုပြီးတရားလွန်ဖြစ်လာကြပြီ”

မင်းသမီးကျိုးလျန်ကပြောလိုက်သည်။

“အစေခံလား..မင်းသမီးက တကယ့်ကို အစေခံတစ်ယောက်ကို ဒေါသထွက််နေတာလား..ကျုပ်တို့က အထက်တန်းလွှာတွေလေ..ဘာလို့ကိုယ့်အဆင့်ကိုယ် အစေခံတွေနဲ့တန်းတူအဖြစ်ခံမှာလဲ”

မာကျွင်းကျဲ့က ပြောလိုက်သည်။

“ဟမ့် တစ်ခြားသူသာဆိုရင် ငါစိတ်အနှောက်အယှက်အဖြစ်ခံမှာမဟုတ်ဖူး ..ဒါပေမဲ့ သူက မင်းသားလုံချန်ခြံဝန်းက အစေခံဖြစ်နေတယ်..နင်သိပါတယ်  ငါက မင်းသားလုံချန်နဲ့ ကလေးဘဝထဲက စေ့စပ်ထားတယ်ဆိုတာကို..ငါသူ့ကို လက်မထပ်ရသေးပေမဲ့ သူ့အစေခံတွေကငါ့ကို လျော့တွက်နေကြပြီ..ငါအနာဂတ်မှာသူ့ကို လက်ထပ်လိုက်ပြီးရင်ရော ဘယ်လိုဖြစ်မလဲ..ငါ့နောက်ကိုလိုက်အောင်ငါသူတို့ကို ဘယ်လိုလုပ်ရမှာလဲ”

မင်းသမီးကျိုးလျန်မှာ ပြောရင်းပြောရင်းပို၍ဒေါသထွက်လာသည်။

မာကျွင်းကျဲ့က သူ့ခေါင်းကိုခါယမ်းပြီး ထိုအရာအား ဟာသတစ်ခုအဖြစ်ပြောလိုက်သည်။

သူကမင်းသမီးကျိုးလျန်ကိုပြောလိုက်သည်။

“နောက်ကျ အစေခံက မင်းပြောတာနားမထောင်ဘူးဆိုရင် သူ့ခြေထောက်တွေကို ချိုးပစ်လိုက်ပေါ့”

“အစောပိုင်းက အဲ့အစေခံ ဘယ်လောက်ထိ မာနကြီးအထက်စီးဆန်ပြလဲဆိုတာကိုနင်မသိပါဘူး..သူကငါ့ကို လုံးဝကို နိမ့်ချကြည့်ရဲတာ..ငါအစတုံးက လုံချန်ကိုယ်တိုင် သူ့ကိုသင်ခန်းစားပေးတာကိုလိုချင်ခဲ့တာ ဒါပေမဲ့သူကအထဲမှာ ဆိုတော့ငါဝင်လို့မရဖြစ်နေတာ..ဒီလိုဆိုရင်ရော..မာကျွင်းကျဲ့ နင်သွားပြီးတော့ သူ့ခြေထောက်တွေကိုချိုးပေးဖို့ကို ငါ့ကိုကူညီပါလား”

မင်းသမီးကျိုးလျန်က စကားပြောရင်း ထိုင်နေ‌သောရှစ်ဖုန့်ထံသို့လက်ညှိုးထိုးပြလိုက်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters