ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေး
Vol. 11 Ch. 538
ယခင်စားသောက်ဆိုင်ဟောင်းအား လေးထပ် စားသောက်ဆိုင်အဖြစ် ပြန်လည် တည်ဆောက်ထားသည်။ ဆိုင်ဝင်ပေါက်သည် ခန့်ညားကာ စတိုင်ကျပြီး နှစ်ဖက်စလုံးတွင် မျက်နှာစာရှစ်ခုပါသည်။ ပြင်ပဧရိယာအား မျက်နှာစာများဖြင့် ဖွဲ့စည်းထားပြီး အတွင်းပိုင်းနေရာတွင် စားသောက်ဆိုင်၏ အခန်းများအတွက် နေရာချထားသည်။ အရေးကြီးဆုံးပြင်ဆင်မှုမှာ အထူးခန်းများကို ဒုတိယ၊ တတိယနှင့် စတုတ္ထထပ်တို့တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
"ဝဟေင်ထက်က နဂါး စားသောက်ဆိုင်"
စားသောက်ဆိုင်၏နာမည်ကိုလည်း ပြောင်းထားသည်။
ထန်ရှုသည် ကြယ်တာရာသို့ ပြီးခဲ့သည့်အခေါက် ပြန်လာသောအခါတွင် ထိုအကြောင်းအား သူ၏မိဘများ ရည်ညွှန်းကာ ပြောနေသည်ကို သူ ကြားခဲ့သည်။
ခန်းမထဲသို့ ဝင်လာသည့်အခါ ငွေရှင်းကောင်တာတွင် သူ မသိသောသူ အစားထိုးဝင်ရောက်နေကြောင်း ထန်ရှု သတိပြုမိသည်။ သို့သော် စွန်းယွဲ့အမည်ရှိ နားကြပ်တပ်ထားသည့် အမျိုးသမီးတစ်ဦး လှေကားမှ ဆင်းလာသည်ကို သူမြင်သောအခါ ချက်ချင်း ပြုံးလိုက်သည်။ စွန်းယွဲ့သည် သူတို့စားသောက်ဆိုင်၏ ယခင်ငွေကိုင်သူဖြစ်ပြီး လုံ့လရှိကာ ရိုးသားသော အမျိုးသမီး ဖြစ်သည်။
"ဟေး အစ်မစွန်း…" ထန်ရှုက ပြုံးပြီး သူမကို လှမ်းခေါ်သည်။
ထန်ရှုကို တွေ့လိုက်သော စွန်းယွဲ့သည် ချက်ချင်းပင် အံ့အားသင့်သွားကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"အား … သူဌေးလေး … နင် ဘယ်တုန်းက ပြန်ရောက်တာလဲ။ ပြီးခဲ့တဲ့ တစ်လခွဲလောက်က ငါတို့ရဲ့ စားသောက်ဆိုင်ကို ပြန်ဖွင့်ပြီးတော့မှ သူဌေး ပထမဆုံး ဒီကို ရောက်ဖူးတာ မဟုတ်လား။”
"ဟုတ်တယ်။ ကြယ်တာရာက တစ်ချို့အရာတွေကို စီမံဖို့ ပြန်လာခဲ့တာ။ ခဏအားတုန်း ဒီကို တစ်ချက်လာကြည့်တာ။" ထန်ရှု ခေါင်းညိတ်သည်။
"ငါ ဆိုင်အပြင်ကို ရောက်တော့ နေရာမှားပြီး လာတယ်လို့ ထင်သွားတာ။ ဘာကြောင့် ဒီလို အပြောင်းအလဲတွေ ဖြစ်သွားတာလဲ။
"ငါတို့ စားသောက်ဆိုင်လုပ်ငန်းက အမြဲတမ်း ရောင်းကောင်းနေပြီး ဖောက်သည်တွေက ဒီကို လာပြီး ထမင်းစားကြဖို့ဆိုရင် နေရာရဖို့ ရက်အနည်းငယ် ကြိုမှာထားရတယ်။ ဒါကြောင့် သူဌေးက မူလ အဆောက်အဦးတွေအားလုံးကို ဝယ်ဖို့ စိတ်ကူးပြီး ပြန်လည်ဆောက်လုပ်ခဲ့တယ်။ အထူးသဖြင့် သူဌေးလေးရဲ့အဖေက အရမ်း တော်တယ်။ အလုပ်သမားတွေ နေ့ရောညပါ အလုပ်တွေ လုပ်ဖို့အတွက် ပိုက်ဆံ အများကြီး သုံးတယ်။ အချိန်တချို့ကုန်သွားတော့ စားသောက်ဆိုင်အသစ် ဆောက်တာ ပြီးစီးသွားပြီး ဆိုင်နာမည်ကိုပါ ပြောင်းလဲဖွင့်လိုက်တာ။”
ထန်ရှု စိတ်သက်သာရာ ရသွားပြီး
"ဒါနဲ့ အမေ ဒီမှာ ရှိလား။"
"သူဌေးက စတုတ္ထထပ်ရုံးခန်းမှာ။" စွန်းယွဲ့က ပြုံးပြီး ပြန်ဖြေသည်။
"ငါ လိုက်ပို့ပေးရမလား။"
“အာ … မလိုဘူး။ ကိုယ့်ဘာသာ သွားလိုက်မယ်။" ထန်ရှုက ခေါင်းယမ်းပြီး ပြန်ဖြေသည်။
ထိုအချိန်တွင် ဝန်ထမ်းဝတ်စုံ ဝတ်ထားသည့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ဝင်လာပြီး သူမ၏အနောက်တွင် အပြာရောင်အကျီ ဝတ်ထားသော ဝန်ထမ်းအနည်းငယ်သည် သောက်စရာများ ထည့်ထားသည့် သေတ္တာများကို သယ်ဆောင်လာသည်။ ၎င်းတို့၏ရင်ဘတ်ပေါ်ရှိ ချိတ်ဆွဲထားသော အလုပ်သမားကတ်များအရ ၎င်းတို့သည် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ဝန်ထမ်းများဖြစ်ကြောင်း ပြနေပေသည်။
“မန်နေဂျာစွန်း … အဲ့ဒါတွေက နတ်ဘုရားဝတ်ရည် သေတ္တာ ၂၀၀ ပါ။ ကျေးဇူးပြုပြီး လက်ခံစာရွက်မှာ လက်မှတ်ရေးထိုးပေးပါဦး။” သက်လတ်ပိုင်းအမျိုးသမီးက အပြုံးဖြင့် ပြောသည်။
စွန်းယွဲ့က ပြုံးပြီး
"ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။"
"မန်နေဂျာစွန်း … ထရပ်ကားပေါ်ကနေ ကုန်ပစ္စည်းတွေရွှေ့တာမှာ ကူညီပေးဖို့ ရှင့်ရဲ့ဝန်ထမ်းအနည်းငယ်လောက် စီစဉ်ပေးနိုင်မလား။ ဒီနေ့က ငါတို့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ ငါတို့ရဲ့ဆိုင်တွေဆီ ဖြန့်ချီတဲ့နေ့မို့ အလုပ်သမားတွေက ကုန်ပစ္စည်းတွေကို ကွန်တိန်နာကားတွေထဲ တင်ပေးနေရတယ်။ ငါ့မှာ လူအနည်းနည်းပဲ ပါလာလို့ပါ။”
“ကောင်းပြီ … ပစ္စည်းတွေ ချဖို့ လူတချို့ကို ငါ ချက်ချင်း စီစဉ်လိုက်မယ်။” စွန်းယွဲ့က ဆိုသည်။
လူလတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်ပြီး ထန်ရှုကို ကြည့်လာကာ
"နင် … ဒီက ဝန်ထမ်းတစ်ယောက်လား။ သေတ္တာတွေကို မြန်မြန်ချပါဦး။ ဒါပေမယ့် တအားဂရုစိုက်ရမယ်နော်။ ငါတို့ ကုမ္ပဏီရဲ့နတ်ဘုရားဝတ်ရည်ဝိုင်က တအား ဈေးကြီးတာ။ ပြုတ်ကျပြီး ကွဲသွားရင် နင် လျော်နိုင်မှာ မဟုတ်ဘူး။"
ထန်ရှု ကြက်သေ သေသွားသည့်နည်းတူ စွန်းယွဲ့လည်း အလားတူ ဖြစ်သည်။
ထို့နောက်တွင် စွန်းယွဲ့သည် လျင်မြန်စွာ အသိ ပြန်ဝင်လာပြီး ပြန်ပြောခါနီးတွင် ထန်ရှုက လက်ဝှေ့ယမ်းကာ အင်္ကျီလက်များတင်လိုက်ပြီး
"ကောင်းပြီ။ ငါ သူတို့ကို ချပေးလိုက်မယ်။"
လူလတ်ပိုင်းအမျိုးသမီးက လှည့်ထွက်သွားသည်။
“မ…” စွန်းယွဲ့က အသည်းအသန် အော်ခေါ်လိုက်သော်လည်း ထန်ရှုက သူမကို ဟန့်တားလိုက်သည်။
"အဆင်ပြေပါတယ်။ ဒါက ငါ့ရဲ့ကိုယ်ပိုင်စီးပွားရေးမို့ ကူညီပေးတာ ပြသနာ မရှိပါဘူး။ လုပ်စရာ ရှိတာသွားလုပ်ပါ။ နောက်မှ အမေ့ကို လာရှာမယ်။" ထန်ရှုက ပြုံးပြီး အပြင်ကို ထွက်သွားသည်။
စားသောက်ဆိုင်အပြင်ဘက်ရှိ လေဟာပြင်နေရာ၌ အလတ်စား ကွန်တိန်နာကားလေးစီး၏ အနောက်တံခါးကို တွန်းဖွင့်လိုက်သော အသံများ ကြားနေရသည်။ ထန်ရှုသည် ထရပ်ကားအနောက်သို့ ရောက်လာပြီး အတွင်းထဲမှ နတ်ဘုရားဝတ်ရည်ဝိုင် သေတ္တာနှစ်လုံးကို မလိုက်သည်။
"ဟေး ဟေး ဟေး … မင်း သိပ်ရဲတင်းလှချည်လား။ သေတ္တာနှစ်လုံးကို တစ်ပြိုင်နက် မချင်တယ်ပေါ့လေ။ ပြုတ်ကျပြီး ကွဲသွားရင် ဘယ်သူက တာဝန်ယူမှာလဲ။ တစ်လုံး ပြန်ချပြီး တစ်လုံးပဲ သယ်စမ်းပါ။" သက်လတ်ပိုင်း အမျိုးသမီးက ဒေါသတကြီး အော်ဟစ်လာသည်။
ထန်ရှုက သေတ္တာကို ချမည့်အစား အပြုံးဖြင့် ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ ငါက အရမ်းသန်တယ်လေ။ သေတ္တာနှစ်လုံးကို တစ်ပြိုင်နက် မဖို့က ငါ့အတွက် ပြဿနာ မဟုတ်ပါဘူး။"
သက်လတ်ပိုင်းအမျိုးသမီးက သူ၏လမ်းကို အပြေးလာပိတ်ပြီး
“မရဘူး … နင်က စူပါမင်းဆိုရင်တောင် တစ်ကြိမ်သယ်ရင် သေတ္တာတစ်လုံးပဲ မရမယ်။ ဒီသေတ္တာတစ်လုံးမှာ နတ်ဘုရားဝတ်ရည်ဝိုင် ခြောက်ပုလင်း ပါတယ်ဆိုတာ နင် သိလား။ နတ်ဘုရားဝတ်ရည်အကြောင်းရော နင် ကြားဖူးတယ် မဟုတ်လား။ တစ်ပုလင်းရဲ့ဈေးနှုန်းက ယွမ် ၁၈၈၈၈တောင်။ ဒီခြောက်ပုလင်းဆို ဘယ်လောက် ရှိမယ် နင်ထင်လဲ။ အဲ့ဒီသေတ္တာနှစ်လုံးမှာ ပါတဲ့ ၁၂ပုလင်းဆို ဘယ်လောက် ကျသွားမလဲ။ နင် အဲ့ဒါတွေကို ပစ်ချမိရင် နင့်ရဲ့တစ်နှစ်တာ လုပ်ခလစာလေးနဲ့ လျော်ကြေးပေးနိုင်မယ်လို့ ထင်လား။ သေတ္တာတစ်လုံးကို မြန်မြန်ချပြီး တစ်ခါသယ်ရင် သေတ္တာတစ်လုံးကိုပဲ သယ်စမ်းပါ။"
"ငါ..." ထန်ရှု ပါးစပ်ကို ဟလိုက်သော်လည်း ဘာပြောရမည်မှန်း မသိတော့ပါချေ။
ဤလူလတ်ပိုင်းအမျိုးသမီး၏ အလုပ်အပေါ် အလေးအနက်ထားမှုနှင့် တာဝန်ယူမှုအား သူ တကယ် တန်ဖိုးထားသည်။ နတ်ဘုရားဝိုင်ပုလင်း ကွဲမည်ကို စိုးရိမ်သောကြောင့် သူမ သည်ကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အခြားသူများနှင့် ဆက်ဆံရေးအရာတွင် …
"ဟေ့ … နင် ဘာကို စောင့်နေတာလဲ။"
သက်လတ်ပိုင်းအမျိုးသမီးက ဒေါသတကြီး ပြောလာသည်။
"ငါပြောတဲ့အတိုင်း လုပ်စမ်းပါ။"
ထန်ရှုက ကသိကအောက်ဖြစ်စွာ ပြုံးပြပြီး "သေတ္တာနှစ်လုံးကို ငါ တစ်ခေါက်တည်းနဲ့ တကယ် ရွှေ့နိုင်ပါတယ်။ သေတ္တာနှစ်လုံး မပြောနဲ့ လေးလုံး တစ်ခါတည်း မတာတောင် ငါ့အတွက် ပြဿနာ မဟုတ်ဘူး။ နောက်ပြီး သူတို့ကို ပစ်ချလိုက်မိရင် ငါ့ပိုက်ဆံလည်း မဆုံးရှုံးပါဘူး။”
လူလတ်ပိုင်းအမျိုးသမီးက ဒေါသတကြီးဖြင့်
“နင့်ကို ငါ ပြောတာက မရှင်းတာလား။ ဒါမှမဟုတ် နင့်ရဲ့ ယုံကြည်မှုက အရမ်းကောင်းနေတာလား။ အဲ့ဒါအတွက် လျော်ကြေးပေးနိုင်မယ်လို့ နင် ထင်တယ်ပေါ့လေ။ နင့်ကိုယ်နင် ချမ်းသာတဲ့ မိသားစုရဲ့သားလို့ ထင်နေတာလား။"
"မင်းနာမည်က ရှန်းမေ့ယွမ်နော်။ မင်းက ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ဂိုဒေါင်ကြီးကြပ်ရေးမှူး မဟုတ်လား။"
"ဟုတ်တယ်။" ရှန်းမေ့ယွမ်က ဂုဏ်ယူဝင့်ကြွားသည့် အမူအရာဖြင့် ပြန်ဖြေသည်။
ထန်ရှုက ခေါင်းယမ်းလိုက်ရင်း
"အလုပ်အပေါ် မင်းရဲ့တာဝန်ယူမှုသဘောထားက ငါ့ကို တကယ် ကျေနပ်စေပါတယ်။ ဒါပေမယ့် တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အချိန် မင်းရဲ့စိတ်နေစိတ်ထားကိုတော့ ငါ လက်ခံဖို့ တော်တော် ခက်တယ်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ဝန်ထမ်းလေ့ကျင့်ရေးကနေ မင်းတို့ကို တခြားသူတွေနဲ့ ဘယ်လို အကောင်းဆုံး ဆက်ဆံဖို့ လေ့ကျင့်သင်ကြားပေးတယ် မဟုတ်လား။”
ရှန်းမေ့ယွမ် အံ့အားသင့်သွားသည်။ စားသောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းငယ်တစ်ဦးသည် သူမအား ပညာပေးရန် မမျှော်လင့်ဘဲ သတ္တိရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားပေ။ သူမ၏အပြုအမူတွင် ပြဿနာ ရှိနေမှန်း သူမ သိနေသော်လည်း သူမတွင် တာဝန်ရှိသည်ဟူသော အချက်ကြောင့် ထိုအရာအား လက်ခံရန် ခက်ခဲပေသည်။ သူမက စိတ်အနှောင့်အယှက် ဖြစ်သွားကာ စိတ်ဆိုးမာန်ဆိုးအမူအရာဖြင့်
“ငါ့ရဲ့စိတ်နေသဘောထားကို နင် ပြောစရာလိုလို့လား။ နင်က ငါ့အကြံဉာဏ်ကို နားမထောင်ဘဲ နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာနှစ်လုံးကို မဖို့ အတင်းလုပ်နေတာကြောင့်လေ… ငါက ... ဟမ့် … နင် ဘယ်သူလဲ။ သောက်ကျိုးနည်း ငါက ဘာကြောင့် နင့်ကို ရှင်းပြရမှာလဲ။"
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး ရှန်းမေ့ယွမ်ကို ကျော်ဖြတ်ကာ သွားရန်ပြင်လိုက်သည်။ သို့သော် သူ ခြေထောက်ကို ရွှေ့လိုက်တိုင်း ရှန်းမေ့ယွမ်က သူ့ကို တားဆီးနေသည်။
"ကောင်လေး နင် ဘာဖြစ်နေတာလဲ။ နင် လူစကား နားမလည်ဘူးလား။ နင့်ကို တစ်ခါသယ်ရင် သေတ္တာတစ်လုံးပဲ မဖို့ ငါ ပြောခဲ့တယ်မဟုတ်လား။ အဲ့လိုမဟုတ်ရင် လုံးဝ မသယ်ပါနဲ့။ နင်က ဒုတိယမျိုးဆက်သူဌေးလေးတစ်ယောက်မို့ ပိုက်ဆံကို မီးရှို့ဖို့ တခြားနေရာ မရှိဘူးလို့ တကယ် ထင်နေတာလား။" ရှန်းမေ့ယွမ်က ဒေါသတကြီး အော်လိုက်သည်။
ထန်ရှုက မျက်မှောင်ကြုတ်ပြီး
“ငါက တကယ်လည်း ဒုတိယမျိုးဆက် သူဌေးလေးတစ်ယောက်ပဲလေ။
"နင်သာ ဒုတိယမျိုးဆက်ဆိုရင် ငါက ပထမမျိုးဆက်ရဲ့ ငွေထုပ်ကြီးပဲ။" ရှန်းမေ့ယွမ် မျက်လုံးလှန်ကြည့်ရင်း “နင်က မျှော်လင့်ချက်မဲ့လောက်အောင် ငယ်သေးတယ်။ နင်က တကယ်သာ ဒုတိယမျိုးဆက် သူဌေးလေးဆိုရင် ဒီဝဟေင်ထက်က နဂါးမှာ လာပြီး အလုပ်လုပ်ဖို့ လိုလို့လား။”
၂ယောက်သား အငြင်းပွား နေကြစဉ် စွန်းယွဲ့သည် စာရွက်များနှင့် ဘောပင်ကို ကိုင်ဆောင်ရင်း ကူသယ်မည့်သူ လက်တစ်ဆုပ်စာဖြင့် ထွက်လာသည်။ ထန်ရှုနှင့် ရှန်းမေ့ယွမ်၏ထိပ်တိုက်ဖြစ်နေမှုကို သူမ မြင်သောအခါ ရှုပ်ထွေးသွားသော အမူအရာဖြင့် ချဉ်းကပ်ကာ
"သူဌေးလေး … ဘာဖြစ်လို့လဲ။"
“ငါက သေတ္တာနှစ်လုံးကို တစ်ပြိုင်နက် မ,သွားမယ်လို့ ပြောခဲ့ပေမယ့် သူမက ခွင့်မပြုဘဲ တစ်လုံးပဲ ရွှေ့စေချင်တယ်။ အခု သူမက ရပ်ပြီးတောင် မရွှေ့ဖို့ တားမြစ်နေတာပဲ။” ထန်ရှုက မချိပြုံးဖြင့် ပြုံးပြသည်။
…သူဌေးလေးဟုတ်လား…
ရှန်းမေ့ယွမ် ထိတ်လန့်သွားကာ စွန်းယွဲ့ကို လှည့်ကြည့်ရင်း
“မန်နေဂျာစွန်း … ဘယ်လို … သူ့ကို ဘယ်လို ခေါ်လိုက်တာ။”
"သူဌေးလေး … သူက ငါတို့သူဌေးရဲ့သားမို့လို့ ငါတို့ ဝဟေင်ထက်က နဂါး စားသောက်ဆိုင်ရဲ့ သူဌေးလေးဆိုတာ သဘာဝပဲလေ။” စွန်းယွဲ့က ပြန်ပြောလိုက်သည်။
ရှန်းမေ့ယွမ်သည် မျက်လုံးမှေးမှေးလေးသာ ရှိသော်လည်း ထိုစကားကို ကြားပြီးနောက်တွင် ထိတ်လန့်သွားရသောကြောင့် ပြူးကျယ်ဝိုင်းစက် သွားကြသည်။ ထန်ရှုကို ကြည့်ရင်း သူမ ထိတ်လန့်တုန်လှုပ်သွားရသဖြင့် စကားများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်သည်။
“သ … သ … သူဌေး … အာ … မှန်တယ် … မှန်ပါတယ် … ငါ … တ … တကယ် တောင်းပန်ပါတယ် … သူဌေးမှန်း ငါ တကယ် မသိခဲ့ဘူး။"
ထိုအချိန်တွင် ရှန်းမေ့ယွမ်သည် ဝဟေင်ထက်က နဂါးစားသောက်ဆိုင်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို သူမ သိနေသောကြောင့် ထိတ်လန့်နေပြီဖြစ်သည်။ ဤစားသောက်ဆိုင်ကို ဖွင့်လှစ်ထားသူမှာ စားသောက်ဆိုင်ပိုင်ရှင်၏ တစ်ဦးတည်းသောသားဖြစ်သော သူမတို့သူဌေးကြီး၏ မိခင်ဖြစ်သည်။ ထို့ကြောင့် သူမ၏အရှေ့တွင် ရှိနေသော လူငယ်သည် ဝဟေင်ထက်က နဂါး စားသောက်ဆိုင်ပိုင်ရှင်၏ သူဌေးလေး ဖြစ်ပြီး တစ်နည်းဆိုရသော် သူမတို့၏ခမ်းနားသော ထန် လုပ်ငန်းစုမှ သူဌေးကြီးပင် ဖြစ်ပေတော့သည်။
…မိုးနတ်မင်းကြီးရေ … ဘယ်လို မိုက်မဲတဲ့အမှုကို သူမ လုပ်လိုက်မိတာလဲ။
ပြန်တွေးကြည့်မည်ဆိုပါက ...သူမက သူဌေးကြီးကို အလုပ်သမားအဖြစ် ဆက်ဆံပြီး သူ့အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိတာကြောင့် အလုပ်ထုတ်ခံရရုံအပြင် မရှိတော့ဘူးမဟုတ်လား။
“ငါက မင်းရဲ့ သူဌေးကြီး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် … မင်း တခြားသူတွေကိုလည်း ဒီလိုပုံစံမျိုး မပြောဆိုသင့်ဘူး။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ဝန်ထမ်းတိုင်းက ကုမ္ပဏီတစ်ခုလုံးရဲ့ပုံရိပ်ကို ကိုယ်စားပြုတယ်လို့ ခန်းရှက မင်းတို့ကို ပြောထားခဲ့သေးတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထားလိုက်တော့။ မင်း ပြန်သွားပြီးရင် အလုပ်ကို အကောင်းဆုံး လုပ်ပါ။” ထန်ရှုက မချိပြုံး ပြုံးပြီး ပြောလိုက်သည်။
ရှန်းမေ့ယွမ်၏စိတ်အတွင်းထဲတွင် တုန်ရီနေပြီး အလျင်အမြန် ပြောလိုက်သည်။
“သ…သူဌေး … ငါ … ငါ့အမှားကို ငါ သိပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို နောက်တစ်ကြိမ် အခွင့်အရေးတစ်ခု ပေးပြီး အလုပ်မထုတ်လိုက်ပါနဲ့။ ငါ သေချာပေါက် ငါ့အမှားကို ပြင်ဆင်မှာမို့ ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုကို မျက်နှာမပျက်စေရပါဘူး။"
"ငါ မင်းကို အလုပ်မထုတ်ပါဘူး။ ဒါပေမယ့် မင်း လေ့ကျင့်ရေး ပြန်သွားရမယ်။ နှစ်သစ်ပြီးသွားရင် မင်းရဲ့လက်ရှိအလုပ်ကို ပြန်လာလုပ်ပါ။"
ထိုစကားကို ကြားသောအခါ ရှန်းမေ့ယွမ်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး
"ကျေးဇူးတင်ပါတယ် သူဌေး … ကျေးဇူးအများကြီး တင်ပါတယ်။ လေ့ကျင့်ရေးဌာနကို သတင်းပို့ပြီး သူဌေးရဲ့ညွှန်ကြားချက်အတိုင်း ပြင်ပါ့မယ်။"
ထန်ရှုက ထပ်မပြောတော့ဘဲ သူမကို တန်း ကျော်ဖြတ်လိုက်သည်။
စွန်းယွဲ့သည် ထူးဆန်းသောအမူအရာဖြင့် ထန်ရှု၏နောက်ကျောကို ကြည့်ကာ ရှန်းမေ့ယွမ်အား စပ်စုလိုသော အမူအရာဖြင့် မေးသည်။
"ညီမရှန်း … နင် သူဌေးလေးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိတာလား ဒါမှမဟုတ် တစ်ခုခု ဖြစ်လို့လား။ သူဌေးလေးက စိတ်ထားကောင်းပြီး လူတိုင်းအပေါ် အလွန်ကြင်နာတတ်တဲ့သူပါ။ သူက ငါတို့လိုဝန်ထမ်းတွေကိုတောင် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။”
"မန်နေဂျာစွန်း … သူက နင်တို့ ဝဟေင်ထက်က နဂါးရဲ့ သူဌေးလေး … ငါတို့ ကုမ္ပဏီရဲ့ သူဌေးကြီးဆိုတာ နင် ဘာကြောင့် မပြောခဲ့တာလဲ။" ရှန်းမေ့ယွမ်က ခါးသီးစွာ သက်ပြင်းချလိုက်မိသည်။
"သူက နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာနှစ်လုံးကို တစ်ခါတည်း ရွှေ့တော့မှာမို့ ပစ္စည်းတွေ ပြုတ်ကျကွဲကုန်မှာကြောက်လို့ သူ့ကို ကြိမ်းမောင်းပြီး သေတ္တာတစ်လုံးပဲ ရွှေ့ခိုင်းလိုက်တာ။"
…ခွိ…
စွန်းယွဲ့က သူမကို လက်မထောင်ပြပြီး ချီးကျူးခဲ့သည်။
"နင် တကယ်ပဲ နင့်ရဲ့ သူဌေးကြီးကို ဆူပူခဲ့တယ်ပေါ့။ အရမ်း အံ့သြဖို့ကောင်းတယ် … အမ် … နေပါဦး … နင် ဘာပြောလိုက်တာ ... သူဌေးလေးက နင်တို့ကုမ္ပဏီရဲ့ သူဌေးကြီး ဟုတ်လား။ နင် ... ငါ့ကို နောက်နေတာလား။"
"အဲ့ဒါကို နင် မသိဘူးလား။" ရှန်းမေ့ယွမ်က စိတ်ရှုပ်သွားသော အမူအရာဖြင့် မေးလိုက်သည်။
“ငါတို့ ဝိုင်စက်ရုံရဲ့ဒါရိုက်တာဆီက ကြားလာတာ။ သူက အရက်မူးလာရင် စကားအရမ်း ပြောတော့တာပဲ။ ငါတို့ကုမ္ပဏီသူဌေးကြီးက ဝဟေင်ထက်က နဂါးစားသောက်ဆိုင်ရဲ့ သူဌေးလေး ဆိုတာကိုရောပေါ့။ ဒါကြောင့် ကုန်ပစ္စည်းတွေ ဒီမှာ လာပို့တိုင်း အထူးသတိထားဖို့ ဒါရိုက်တာက မှာထားတယ်။”
စွန်းယွဲ့သည် စားသောက်ဆိုင်၏ အရှေ့ဘက်တံခါးကို လှည့်ကြည့်မိပြီး သူမ၏ စိတ်အတွင်း၌ အတွေးများ ယောက်ယတ်ခတ်နေသည်။ ဝဟေင်ထက်က နဂါးစားသောက်ဆိုင်သည် ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုကနေ နတ်ဘုရားဝတ်ရည်ဝိုင်ကို ဝယ်ယူနိုင်သည့် တစ်ခုတည်းသော စားသောက်ဆိုင် ဖြစ်ရခြင်း၏အကြောင်းရင်းကို သူမ နောက်ဆုံးတွင် နားလည်ခဲ့ပြီဖြစ်သည်။ သည်ဆိုင်သည်
ရိုးရှင်းသော မိသားစု စားသောက်ဆိုင်ဟု ဆိုနိုင်သည်။ သူဌေးလေး … သူသည် ... တကယ်ကောင်းသည့်လူ ဖြစ်ပေသည်။ သည်ကဲ့သို့ မြင့်မားသော အနေအထား ရှိသည့်တိုင် သူသည် အမှန်တကယ်ပင် ကြင်နာတတ်ကာ လိမ္မာပါးနပ်သူဖြစ်သောကြောင့် အလုပ်သမားအဖြစ် လုပ်ဆောင်ရန် မိမိကိုယ်ကို သိုသိုသိပ်သိပ်နေခဲ့သည်။
***