← Chapters

အပိုင်း(၁၂၁)

Vol. 9 Ch. 121

အပိုင်း(၁၂၁)

Vol. 9 Ch. 121

“ဒီလိုဆိုရင်ရော..မာကျွင်းကျဲ့ နင်သွားပြီးတော့ သူ့ခြေထောက်တွေကိုချိုးပေးဖို့ကို ငါ့ကိုကူညီပါလား”

မင်းသမီးကျိုးလျန်က စကားပြောရင်း ထိုင်နေ‌သောရှစ်ဖုန့်ထံသို့လက်ညှိုးထိုးပြကာပြောလိုက်သည်။

“ငါမှတ်မိသလောက်ဆိုရင် နင်က ကြယ်ကိုးပွင့် အထွတ်အထိပ်အဆင့် ဆရာသခင်အဆင့် ကိုရောက်နေပြီမလား”

“မင်းအဲ့လိုလုပ်လို့မရဘူး”

မာကျွင်းကျဲ့ကသူ့လက်ကို ဝေ့ယမ်းပြလိုက်သည်။

“မင်းသမီး မင်းအနေနဲ့ ခွေးတစ်ကောင်ကို မရိုက်နှက်ခင် သူ့သခင်ကို အရင်ကြည့်ရတယ်တဲ့..ဒါက မင်းသားလုံချန်ရဲ့ အစေခံနော် ငါသူ့ကို မရိုက်နှက်ရဲဘူး”

“ဒီလိုဆိုရင်ရော..သူက မင်းသားလုံချန်နဲ့ အတူလာခဲ့တာဆိုတော့မင်းသားလုံချန်က သူ့ကိုယုံကြည်တယ်ဆိုတဲ့သဘောပဲ..မဟုတ်ရင်လည်း ငါသူ့ကိုသွားပြီးတော့ရှာပေးမယ်လေ..မင်းသမီးက စိတ်သဘောထား ကြီးတဲ့သူတစ်ယောက်ပဲဟာ..သူ့ကိုလာပြီးတော့ တောင်းပန်ဖို့အတွက် တောင်းဆိုလိုက်လေ…ပြီးတော့လည်း အစေခံတစ်ယောက်အပေါ်မှာ ဒေါသထွက်နေဖို့မလိုအပ်ပါဘူး”

“ဟမ့် ..အဲ့အစေခံက စည်းမျဉ်းစည်းကမ်းတွေနဲ့သူ့နေရာသူ သိတာမဟုတ်ဖူး …တောင်းပန်တာကငါ့အတွက်မလုံလောက်ဖူး…သူ့အနေနဲ့ ဒူးထောက်ပြီးတော့ သူ့ကိုယ်သူပါးတွေပါးစပ်တွေ ရိုက်အောင်ငါလုပ်ရလိမ့်မယ်”

မင်းသမီးကျိုးလျန်ကအေးစက်စွာနှာမှုတ်လိုက်သည်။

ထို့နောက်သူမက စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်သည်။

“ငါမင်းသားလုံချန်အိမ်တော်ကို လက်ထပ်ပြီးလို့ရောက်လာတဲ့အခါကျရင် သူ့ကို အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ်”

မင်းသမီးကျိုးလျန်၏ နှလုံးသားထဲတွင် ရက်စက်သော အတွေးများဖြင့် ပြည့်နေသည်။ သူမစိတ်ထဲတွင် သူမကဤအစေခံဖြစ်သူအား နှိပ်စက်ညှင်းပန်းပြီး  သူမကြောင့်ဖြစ်လာမည့်၎င်း၏ မချိတင်ကဲ အော်ဟစ်သံများနှင့် သနားညှာတာပေးပါရန် တောင်းပန်မှုတို့ ဖြစ်ပေါ်လာမည့်နေ့ရက်အကြောင်းကို ကြိုတင်၍ စိတ်ကူးထားပြီးဖြစ်သည်။

မာကျွင်းကျဲ့က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်ပါတယ်..အနာဂတ်ရဲ့သခင်မဖြစ်သူကို ဒူးထောက်ပြီးတော့ သူ့ကိုယ်သူ ပြန်ရိုက်နှက်စေတာက ကျိုးကြောင်းဆီလျော်ပါတယ်.. ကျုပ်အရင်ဆုံးသွားလိုက်အုံးမယ်..မင်းသမီးက

တော့ အရင်ဆုံးစိတ်ကိုလျော့လိုက်ပါအုံး ..ကောင်းပြီ..ကောင်းပြီ..ဒေါသထွက်မနေပါနဲ့

တော့”

မာကျွင်းကျဲ့က ရှစ်ဖုန့်ထံသို့မသွားခင် သူမကိုနှစ်သိမ့်လိုက်သည်။

ထိုင်နေသော ရှစ်ဖုန့်မှာ သူ့ထံသို့  တစ်စုံတစ်ယောက်ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည်။သူလှည့်ကြည့်လိုက်သောအခါတွင် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့်လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

မာကျွင်းကျဲ့က မင်းသားလုံချန်၏ အစေခံဖြစ်သူကသူ့အား ကြည့်နေသည်ကိုတွေ့ရသောအခါတွင် ချက်ခြင်းရင်းနှီးဖော်ရွေသော အပြုံးကိုလှစ်ဟာပြလိုက်သည်။

မာကျင်းကျွဲ့ အနေဖြင့် အစေခံတစ်ယောက်အားဤကဲ့သို့ပြုံးပြချင်းက

ပင် သူ့အား မျက်နှာသာပေးခြင်း

အဖြစ်လုံလောက်သည်ဟုခံစားမိသည်။ တကယ်တော့၎င်းအတွက် ပြန်သောအခါတွင်ကြွားလုံးထုတ်ရန်ပင်လုံ

လောက်သေးသည်ဖြစ်သည်။

ဝူအန်းမှူးမတ်အိမ်တော်ရဲ့ သခင်လေးဖြစ်သူက တော်ဝင်ဆရာသခင်၏ အိမ်တော်တွင် သူ့အားပြုံးပြလိုက်သည်ဟူသသော ဂုဏ်ဆာနည်းမျိုးဖြင့်ပင်ဖြစ်သည်။

“ညီလေး.ငါမင်းကို အရင်က မင်းသားလုံချန်ရဲ့ ဝန်းကျင်မှာ မမြင်ဖူးပါဘူး..မင်းအခုမှ ဒီကိုရောက်တာလား”

မာကျွင်းကျဲ့က ရှုစ်ဖုန့်ဘေးသို့ရောက်လာပြီး စားပွဲအောက်ရှိ ခွေးခြေကိုထုတ်ကာ ထိုင်လိုက်သည်။

“ဘာဖြစ်လို့လဲ..အဲ့တာကကိစ္စတစ်ခုခုဖြစ်စေလ

လား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“တကယ်တော့ ..ကြီးကြီးမားမားရယ်လို့လဲ မဟုတ်ပါဘူး..ငါကမင်းနဲ့လာပြီး စကားပြောရုံတင်ပါ..”

မာကျွင်းကျဲ့က ပြောလိုက်သည်။

သူကသူ့အသံကို ဟန်ဆောင်နှိမ့်ချကာ စိုးရိမ်စိတ်လေသံဖြင့်မေးလိုက်သည်။

“မင်းခုဏကတုံးက မင်းသမီးကျိုးလျန်ကို ဒေါသထွက်အောင်လုပ်မိလိုက်သေးလား”

“ဟုတ်တယ်..ပြဿနာကို မီးခွက်ထွန်းရှာချင်တဲ့ မိန်းမတစ်ယောက် ခုဏက ရှိခဲ့တယ်”

ရှစ်ဖုန့်က ပြန်ဖြေလိုက်သည်။

“တကယ်တော့ .ညီလေးရ…မင်းသမီးကျိုးလျန်က မင်းသားချန်ရဲ့ အနာဂတ် ဇနီးမယားဆိုတာကို မင်းသိသင့်တယ်”

မာကျွင်းကျဲ့က ပြောလိုက်သည်။

“အဲ့တော့ဘာဖြစ်လဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“မင်းသားချန်ရဲ့ အနာဂတ်ဇနီးမယားဆိုတာက သူဟာ မင်းရဲ့ အနာဂတ် သခင်မဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့သူပဲ”

မာကျွင်းကျဲ့က ပြောလိုက်သည်။

“မင်းက သူ့ကို ယီးတီးယားတားလုပ်ခဲ့တယ်…မင်းဒါကို လျော်ကန်သင့်တင့်စွာ မကိုင်တွယ်ဘူးဆိုရင် အနာဂတ်ကျ မင်းသားချန်ရဲ့ အိမ်တော်မှာ မင်းအတွက်ကောင်းမွန်တဲ့ ဘဝတစ်ခုကိုရလာမှာ မဟုတ်တော့ဘူး”

သူ့စကားများအားကြားပြီးသည့်နောက် အစေခံဖြစ်သူက ဘာမှ မပြောတော့သည်ကို တွေ့ရသောအခါတွင်

မာကျွင်းကျဲ့အနေဖြင့် ဤအစေခံဖြစ်သူမှာ သူ့စကားများအပေါ်တွင် စဉ်းစားသွားခြင်းဖြစ်သည်ဟုခံစားလိုက်ရသည်။

“တကယ်တော့ သူမနဲ့စေ့စပ်ဆွေးနွေးခွင့်ရှိနေတုံးမှာမင်းအနေနဲ့ ..သူမကိုသွားပြီးတော့ တောင်းပန်သင့်တယ်လို့ငါထင်တယ်…တကယ်တော့ မင်းသမီးကျိုးလျန်က ခုဏတုံးက ငါ့ကို တောင်းဆိုလိုက်တယ်လေ….မင်းအနေနဲ့သူမကို ဒူးထောက်ပြီးတော့တောင်းပန်လိုက်မယ််ဆိုရင် မင်းအနေနဲ့သူမကို အနာဂတ်သခင်မအဖြစ် လေးစားမှုပေးသလိုဖြစ်သွားတာပေါ့…ပြီးရင်တော့ သူစိတ်ကျေနပ်အောင် မင်းမျက်နှာကို မင်းဟာမင်း ရိုက်လိုက်..အရမ်းကြီးတော့ မင်းမျက်နှာမင်း ခပ်ပြင်းပြင်းကြီး ရိုက်စရာမလိုပါဘူး..မင်း..”

အစကမာကျွင်းကျဲ့ အနေဖြင့် ရှစ်ဖုန့်အား စကားဆက်ပြောချင်သော်လည်း ရှစ်ဖုန့်က သူ့ကို အလျှင်အမြန်ကြားဖြန်ဟန့်တားလိုက်သည်။

“ကောင်းပြီ မင်းဆက်ပြီးတော့ ထပ်ပြောနေစရာမလိုတော့ပါဘူး”

ရှစ်ဖုန့်က စကားပြောပြီးသည့်နောက်တွင် ထရပ်လိုက်သည်။

မာကျွင်းကျဲ့မှာ ရှစ်ဖုန့်အနေဖြင့်လောလောဆယ်တွင် မင်းသမီးကျိုးလျန်ဆီသို့သွားနေသည်ကို တွေ့လိုက်ရသည်.

မင်းသမီးကျိုးလျန်ထံသို့ ဖြည်းဖြည်းချင်းချဉ်းကပ်သွားသော ငယ်ရွယ်သည့်ပုံရိပ်ကိုကြည့်ရင်း မာကျွင်းကျဲ့ခေါင်းခါယမ်းလိုက်ကာ သက်ပြင်းရှည်ကြီးကိုချလိုက်သည်။

“ကျိုးလျန်…ကျိုးလျန်..မင်းသိလား ငါမင်းကို ဘယ်လောက်တောင်ချစ်လဲဆိုတာကို..မင်းပျော်

ရွှင်ဖို့အတွက်အလို့ငှာ ငါ့ရဲ့မြင့်မားတဲ့ အဆင့်အတန်းနဲ့တောင် ငါဟာ မင်းသားချန် အိမ်တော်က အစေခံကို ပြုံးပြပြီးတော့ သာမန်လူတစ်ယောက်လို တော်တော်လေးကို နှိမ့်ချပြီးပြောဆိုခဲ့တယ်”

“ငါမင်းအတွက်ဆို ဒါတွေတောင်လုပ်ပေးနိုင်ပါတယ်..ဒါပေမဲ့ကွာ ..ဘာလို့လဲ…မင်းနှလုံးသားထဲမှာ ဘာလို့လုံချန်တစ်ယောက်တည်းပဲရှိရတာလဲ”

မင်းသမီးကျိုးလျန်က အစေခံသူမထံသို့ လာနေသည်ကို မြင်ရသောအခါတွင် သူမခေါင်းလေးအား ဂုဏ်ယူစွာဖြင့် ဖြည်းဖြည်းချင်းမော့လိုက်သည်။သူမနားသို့ချဉ်းကပ်လာသည်ကိုပင် ကြည့်မနေချေ။

ရှစ်ဖုန့်က သူမထံလျှောက်လှမ်းသွားပြီးပြောလိုက်သည်။

“ခုဏကလူက ငါ့ကိုလာပြောတယ် မင်းကိုလာပြီးတော့ ငါ့ကိုတောင်းပန်စေချင်တယ်ဆို..မင်းက ငါ့ကိုဒူးထောက်ပြီးတော့ ငါ့မျက်နှာငါ ပြန်ရိုက်စေချင်တာလား”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် အစောပိုင်းက  မာကျွင်းကျဲ့၏ စည်းရုံးမှုကြောင့် အနည်းငယ် စိတ်အခြေအနေပြန်ကောင်းလားသောကျိုးလျန်

မှာ ပြန်ပြီး အေးစက်မှုအဖြစ်သို့ပြောင်းသွားရပြန်သည်။

သူက သူမကိုလာ၍တောင်းပန်ခြင်းမဟုတ်လော။

သို့သော နောက်ရောက်လာသော အခိုက်အတန့်တွင် မင်းသမီးကျိုးလျန်မှာ ဤအစေခံဖြစ်သူက သူ့လက်ကိုမြှောက်၍ သူမမျက်နှာအားဖြတ်ရိုက်လိုက်သည်ကို သူမ တုန်လှုပ်ဖွယ် တွေ့လိုက်ရသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ..ဒါဘယ်လိုဖြစ်နိုင်မှာလဲ..သူဘယ်လိုတောင်လုပ်ရဲတာ လဲ”

မင်းသမီးကျိုးလျန်၏ မျက်လုံးတို့မှာ ပြူးကျယ်စွာပွင့်နေသည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေ၏။  ကမ္ဘာကြီးတစ်ခုလုံးက အစစ်အမှန်မဟုတ်တော့သလိုပင် သူမခံစားရသည်။

အခြားတစ်ဖက်တွင် မာကျွင်းကျဲ့၏မျက်နှာမှာ သရဲတစ်ကောင်အားမြင်တွေ့လိုက်ရသကဲ့သို့ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။

“ဘာတွေသောက်ကျိုးနည်းကို ဖြစ်သွားတာလဲ..သူဘယ်လိုတောင် မင်းသမီး ကျိုးလျန်ရဲ့ ပါးကိုရိုက်ရဲရတာလဲ”

“ဖြန်း”

ကြွပ်ဆပ်သောပါးရိုက်သံတစ်ချက်က နေရာတစ်ခုလုံးကို ဖြတ်သန်း၍  ပဲ့တင်ထွက်ပေါ်လာသည်။

မင်းသမီးကျိုးလျန်မှာ ပါးရိုက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူမ၏မျက်နှာထက်တွင် နက်ရှိုင်းသော လက်ဖဝါးရာကြီးစွဲထင်ကျန်ရစ်နေခဲ့သည်။

“အား..ငါ့ကို တိုက်ခိုက်တယ်..ငါနင့်ကို သေတဲ့အထိတိုက်မယ်..ငါနင့်ကို အပိုင်းပိုင်းဖြစ်အောင်စုတ်ဖြဲပစ်မယ်..”

မင်းသမီးကျိုးလျန်က ရူးသွပ်သွားသကဲ့သို့ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူမသည် အထက်တန်းလွှာမိသားစုမှ သမီးတစ်ယောက်ဖြစ်သည်။  သူမကလေးဘဝထဲကတောင် သူမ၏မိဘဖြစ်သူတို့က သူမအား ဆူပူခြင်း၊ရိုက်နှက်ခြင်းတို့ကို မပြုခဲ့ပေ။

သို့သော်ယနေ့တွင်တော့ သူမသည် မင်းသားလုံချန်၏ အစေခံဖြစ်သူမှ လူအများအလယ်တွင် ပါးရိုက်ခြင်းကို သူမခံခဲရသည်။

ဤအချန်တွင် မင်းသမီးကျိုးလျန်မှာ သေပင်သေချင်မိသည်။ သားရဲရိုင်းတစ်ကောင်ကဲ့သို့  သူ့၏သွားစွယ်တို့ကို လှစ်ပြမာန်ဖီ၍ သူ၏လက်သည်းတို့ဖြင့် ဒေါသတကြီး ဝေ့ယမ်းကုတ်ခြစ်လိုက်သည်။သူမက ရှစ်ဖုန့်၏ ခြေထောက်တို့အား လှမ်းဆွဲပြီး သူမပါးစပ်ဖြင့်ကိုက်ရန် ကြိုးစားလိုက်သည်။

သို့သော သူမအနေဖြင့် ထိုခြေထောက်တို့မှာ သူမရှေ့တွင်ရှိနေသော်လည်း လှမ်းဆွဲခြင်းသို့မဟုတ် ကိုက်ခြင်းတို့ပြုမရသည်ကိုတွေ့လိုက်ရသည်။ သူမအနေဖြင့် လေကိုသာထိတွေ့ခဲ့ရသလိုဖြစ်သည်။

“အား…”

ဤအချင်းအရာက မင်းသမီးကျိုးလျန်အား ပို၍ပင် ရူးသွပ်သွားစေသည်။

သူမက  အော်ဟစ်လိုက်ပြီး ရှစ်ဖုန့်အား ကုတ်ခြစ်ဖို့ထပ်ကြိုးစားလိုက်သည်။

ထိုအချိန်တွင် ပါးရိုက်သံနှင့် မင်းသမီးကျိုးလျန်၏ အော်ဟစ်သံတို့ထွက်ပေါ်လာပြီးသည့်နောက် ပတ်ဝန်းကျင်ရှိ များစွာသော မျက်လုံးအစုံလိုက်တို့က  စုစည်းလာကြသည်။

“အဲ့တာက အင်ပါယာရဲ့  ကာကွယ်စောင့်ရှောက်ရေးကောင်တီ မိသားစုက မင်းသမီးကျိုးလျန်မလား..သူမကိုပါးရိုက်လိုက်တဲ့သူကဘယ်သူလဲ”

“ငါသူ့ကို မှတ်မိတယ်..သူက မင်းသားချန်နဲ့အတူပါလာတာ…သူကမင်းသားချန်ရဲ့ ကိုယ်ရံတော်ဖြစ်လိမ့်မယ်..ဘာလဲဟ..မင်းသားချန်ရဲ့ ကိုယ်ရံတော်က မင်းသမီးကျိုးလျန်ကို ပါးရိုက်ရဲတာလား..တယ်ကို ရဲတင်းလွန်းပြီး စိတ်ကြီးဝင်နေတာပါလား”

“ဒါက အရမ်းကို ရဲတင်းလွန်းတယ်..”

လူအများအပြားက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ဤကိုယ်ရံတော်ကမင်းသမီးကျိုးလျန်ကို ပင် ပါးရိုက်ရဲသည်။ ထိုအရာက သူတို့ကိုလည်း ရိုက်ရဲသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော”

ထို့နောက်ချက်ခြင်း အပြာရောင်ပုံရိပ်တစ်ခုက ကိုယ်ရံတော်ထံသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ကြရသည်။ အဆုံးသတ်တွင် ကိုယ်ရံတော်က အပြာရောင်ပုံရိပ်ကိုလည်း နောက်သို့လွင့်ပျံထွက်သွားအောင် ကန်ထုတ်လိုက်သည်။

“ငါသာမမှားဘူး ဆိုရင် အဲ့ဒီ့သူက ဝူအန်း မှူးမတ်အိမ်တော်ရဲ့ သခင်လေးပဲ..ဒီ ကိုယ်ရံတော်က အာဏာဖီဆန် ပုန်ကန်သောင်းကျန်းဖို့လုပ်နေတာလားဟ…သူကကောင်းကင်ကိုတောင် ဆန့်ကျင်တော့မလို့လာ”

“ဒီလိုရဲတင်းလွန်းတဲ့သူမျိုးကို ဆွဲထုတ်ပြီးတော့ ချက်ခြင်း ကွပ်မျက်သင့်တယ်”

“ဟုတ်တယ်..ဟုတ်တယ်..

သူ့ကိုချက်ချင်းဆွဲထုတ်သွားပြီးတော့ အပိုင်းထောင်းပေါင်းမကလှီးဖြတ်ပစ်ပြီးကို ကွပ်မျက်ပစ်လိုက်”

လုံချန်မှာ အစကတည်းက ဤဖြစ်ရပ်တို့ကို ကောင်းစွာမြင်တွေ့ခဲ့သည်။ သူကသူ့ကိုယ်သူတွေးကာပြောလိုက်သည်။

“ဒီနတ်ဆိုးကတော့…

မင်းတို့တွေအကုန်လုံး ဘာလို့သူ့ကိုသွားပြီး

စော်ကားနေကြတာတုံးဟ”

လုံချန်မှာ လူအချို့က ရှစ်ဖုန့်အားသူတို့ဖိနှိပ်နိုင်မည်အထင်ဖြင့် ဖိနှိပ်ထိန်းချုပ်ရန် သွားကြပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။အခြေအနေဖြစ်ရပ်တို့က ပိုမို၍ ပရမ်းပတာဆန်လာသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters