အပိုင်း(၁၂၂)
Vol. 9 Ch. 122
“အားလုံးရပ်လိုက်ကြစမ်း..”
လုံချန်က ကျယ်လောင်စွာအော်လိုက်သည်။ လုံချန်ပြောပြီးသောအခါတွင် ရှစ်ဖုန့်ထံသို့အပြေးဝင်သွားပြီးဖြစ်သော အနည်းဆုံးလူ တစ်ဒါဇင်ခန့်မှာ ချက်ခြင်းနောက်သို့ ပြန်လွင့်ထွက်လာကြီးပြီး မြေပြင်ပေါ်သို့ကျလာကာ မြေကြီးနှင့် မိတ်ဆက်သွားကြသည်။
“မင်အာ..”
“အဖေ”
“ဦးလေး”
ရှစ်ဖုန့်ကြောင့် ပြန်လည်၍ လွင့်ပျံထွက်လာကြသော လူဒါဇင်ထဲတွင် အချို့မှာ တစ်ချို့လူတို့၏ ဖခင်များဖြစ်ကြပြီး တစ်ချို့က ဦးလေးများဖြစ်ကာ တစ်ချို့ကတော့ သားများဖြစ်ကြသည်။ချက်ခြင်းပဲ အော်သံလှိုင်းတို့ထွက်ပေါ်လာသည်။
ထို့နောက် လူအများကြီးက ရှေ့သို့ ထပ်မံ၍ အပြင်းတက်တော့မည်ကို မြင်လိုက်ရသောအခါတွင်လုံချန်က ထပ်မံ၍ အော်လိုက်သည်။
“အကုန်လုံးရပ်ကြစမ်း”
လုံချန်၏ အသံအားကြားလိုက်ရသော အခါမှပင် သူတို့ရပ်တန့်လိုက်ကြသည်။
ထိုအချိန်တွင် သူ၏သားဖြစ်သူ ရိုက်နှက်ခံလိုက်ရသော အသက်ခြောက်ဆယ်အရွယ် လူအိုကြီးကတစ်ယောက်က လုံချန်၏ မင်းသားဟူသော အဆင့်အတန်းကို ဂရုမစိုက်ပဲ အေးစက်စွာအော်ပြောလိုက်သည်။
“အရှင့်သားမင်းသားချန် မင်းသားရဲ့ အစေခံက တော်ဝင် ဆရာသခင်လည်းဖြစ် အင်ပါယာအကြံပေးလည်းဖြစ်သူရဲ့ မွေးနေ့ညစာစားပွဲမှာ တိုက်ခိုက်ခဲ့တယ်…မင်းသားအနေနဲ့ ကျုပ်တို့ကို ဖြေရှင်းချက်တော့ ပေးသင့်တယ် မဟုတ်ဖူးလား”
ဤလူအိုကြီးမှာ လက်ရှိ ဝေ့မြို့စား တုန်းဖန်းဟန် ပင်ဖြစ်သည်။ အရိုက်ခံလိုက်ရသောသူ၏သားဖြစ်သူမှာ အကြီးဆုံးသား တုန်းဖန်းကျစ်ယွီ ဖြစ်၏။
ဝေ့မြို့စားက စကားပြောပြီးသော အခါတွင် နောက်ထက် လူအိုကြီးတစ်ယောက်ကလည်းပြောလိုက်သည်။
“အရှင့်သားမင်းသားချန်အနေနဲ့ ကျုပ်တို့ကို ဖြေရှင်းချက်ပေးမယ်လို့ ကျုပ်ယုံကြည်တယ်”
ထိုသူမှာ ဝူအန်း မှူးမတ် မာဝမ်လွေ့ ရှစ်ဖုန့်ကြောင့် နောက်ပြန် လွင့်ထွက်သွားရသော အပြာ ဝတ်စုံနှင့်သူမှာ သူ့သားမာကျွင်းကျဲ့ပင်ဖြစ်သည်။
“ကျုပ်တစ်ခုပဲ ခင်ဗျားတို့ကို ပြောလိုက်မယ်”
လုံချန်က အေးစက်စွာအော်ပြောလိုက်သည်။
“သခင်လေးဖုန့်ဟာ ကျုပ် မင်းသားချန် အိမ်တော်ရဲ့ ဂုဏ်သရေရှိ အထူးဧည့်သည်တော်တစ်ယောက်ဖြစ်တယ်..သူက ကျုပ်ရဲ့ အစေခံမဟုတ်ဖူး”
“ဂုဏ်သရေရှိ ဧည့်သည်တော်လား…သူကမင်းသားချန်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ဆိုရင်တောင် လူတွေကို ကြုံသလို လိုက်ရိုက်နှက်နေလို့မရဘူးလေ”
တစ်စုံတစ်ယောက်ကအော်ပြောလိုက်သည်။
“ဟမ့်”
ထိုလူအားကြည့်လိုက်ပြီး လုံချန်က သုန်မှုန်စွာဖြင့် ထပ်မံ၍ နှာမှုတ်လိုက်သည်။
“မင်းဒါကို မင်းကိုယ်တိုင်မြင်ခဲ့တာမဟုတ်ဖူးလား..သခင်
လေးဖုန့် ရိုက်နှက်တာကိုခံခဲရတဲ့ ဒီလူတွေက သခင်လေးဖုန့်ကို သူတို့က တိုက်ခိုက်ချင်ကြတာ သခင်လေးဖုန့်က တိုက်ခိုက်ချင်တာမဟုတ်ဖူး ..သခင်လေးဖုန့်သာ ပြန်မတိုက်ခိုက်ခဲ့ရင် အခုလိုလွင့်ပျံထွက်လာတဲ့သူက သူဖြစ်နေလိမ့်မယ်”
“ကျုပ်က ဘယ်လိုလုပ်သိမှာလဲ ..သူကမင်းသားရဲ့ အစေခံကို ကျုပ်ကထင်ခဲ့ပြီး သူက အထက်တန်းလွှာတွေကို ရိုက်နှက်နေတာကြောင့် သူ့ကို ကျုပ်ကသင်ခန်းစာပေးချင်ခဲ့တာပဲ …ကျုပ်မသိခဲ့ဘူးဆိုရင်တောင် သူကျုပ်ကိုတော့ ရိုက်နှက်လို့မရဘူး”
မြေပေါ်မှထလာသော လူငယ်တစ်ယောက်က ပြောလိုက်သည်။
“မင်းကသူ့ဆီကိုရိုက်နှက်ဖို့ ကမူးရှူးတိုးဝင်သွားတာလေ…ဒီတော့ ဘာလို့မင်းကိုပြန်ပြီး ရိုက်နှက်လို့မရမှာလဲ..”
လုံချန်ကထိုလူကိုကြည့်၍ အေးစက်စွာမေးလိုက်သည်။
“ကျုပ်..ကျုပ်”
လူငယ်မှာပြန်လည်ဖြေကြားနိုင်ခြင်းမရှိချေ။
“ဒီလူအိုကြီးက အရှင့်သားမင်းသားချန်နဲ့ မင်းသားမိတ်ဆွေကို မေးချင်ပါတယ်”
လုံချန်မှာ အဖြူရောင်ဆံပင် အဖြူရောင် မုတ်ဆိတ်တို့ရှိသည့် လက်ရှိ အင်ပါယာ ကာကွယ်စောင့်ရှောက်ရေးကောင်တီ အရှင်သခင် မင်းသမီးကျိုးလျန်၏အဖေဖြစ်သည့်သူကို တွေ့လိုက်ရသည်။
“အရှင့်သားမင်းသားချန်”ဟူသောစကားလုံးတို့ကို ပြောလိုက်သည့်အချိန်တိုင်းတွင် ၎င်းအပေါ်၌ သူ့အနေဖြင့် တော်တော်လေးအသားပေးထားရခြင်းဖြစ်လိမ့်
မည်ဖြစ်သည်။
“အဖေ “
မင်းသမီးကျိုးလျန်က သူမကိုယ်သူမ လူအိုကြီး၏ လက်မောင်းထဲသို့ပစ်ဝင်လိုက်သည်။
လူအိုကြီးက သူမ၏ ကျောပြင်လေးအား ညင်သာစွာပုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့သမီး ..ဘာတွေ အမှားအယွင်းတွေကိုလုပ်ခဲ့လဲ..ဘာလို့ ဒီလိုမျိုး အရိုက်နှက်ခံခဲ့ရတာလဲ”
လုံချန်မှာ ဤတစ်ကြိမ်တွင် တကယ်ကို ပြန်အဖြေနိုင်ပေ။
မင်းသမီးကျိုးလျန်အား ဘာကြောင့်ရိုက်နှက်ရသလဲဆိုသည်အား သိသောသူမှာ ရှစ်ဖုန့်တစ်ယောက်သာရှိသည်။
ထိုအချိန်တွင် လူတိုင်း၏ အကြည့်တို့က ရှစ်ဖုန့်ထံသို့ ပြိုင်တူကျရောက်လာသည်။
ထိုအချိန်တွင် ရှစ်ဖုန့်မှာ သူတို့နှင့် စကားကိုပြောရမည်ကိုပင် ပျင်းရိလွန်းပြီး ထပ်မံ၍ စိတ်အနှောက်အယှက်ဖြစ်မခံလိုတော့ပေ။
သူ၏ လက်ကောက်ဝတ်အား လှစ်ကနဲ လုပ်လိုက်သောအခါတွင် မိုးကြိုးလျှပ်စီးဓားက သူ့လက်ထဲတွင်ပေါ်လာသည်။
လျှပ်စီးတို့က ဓား၏ပတ်လည်တွင်စီးဆင်းနေပြီးအက်ကွဲသံကဲ့သို့သော “ခရက်”ဟူသော အသံတို့ထွက်ပေါ်နေသည်။
“အဲ့လျှပ်စီးဓားက ခရမ်းရောင်မိုးကြိုးဂိုဏ်းက သခင်လေး လဲ့ရှောင်းရဲ့ဟာပဲ”
“ဟုတ်တယ်…အဲ့တာက သေချာပေါက် ကို မိုးကြိုးလျှပ်စီးဓားပဲ..သူ့လက်ထဲကိုဘယ်လိုလုပ်ပြီးတော့ ရောက်နေတာလဲ”
“ငါ…ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်တုံးက ကြားခဲ့တယ်..ခရမ်းရောင်မိုးကြိုးဂိုဏ်းရဲ့ သခင်လေးဖြစ်သူ လဲ့ရှောင်းက တစ်စုံတစ်ယောက်သတ်တာကိုခံခဲ့ရတယ်တဲ့..”
သူ၏စကားတို့က လက်ရှိရှိနေသော လူတိုင်းကို အံ့အားသင့်တုန်လှုပ်သွားစေသည်။
“ငါ…ငါလည်းကြားခဲ့တယ်..ခရမ်းရောင်မိုးကြိုးဂိုဏ်းရဲ့သခင်လေးက တစ်စုံတစ်ယောက်သတ်တာကိုခံခဲ့ရတယ်ဆို
တာကို”
“ဒီတော့ ခရမ်းရောင်မိုးကြိုးဂိုဏ်းက သခင်လေးကို သတ်ခဲ့တဲ့သူက ဒီလူငယ်လေးပေါ့”
“ခရမ်းရောင်မိုးကြိုးဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်းနဲ့ ရေခဲနှင်းတောင်ကြားတို့က ဆက်ခံသူ သုံးယောက်လုံးဟာ သေသွားခဲ့ကြတယ်..သူတို့အားလုံးသေဆုံးသွား ရတာက သွေးဝါးမျို အံ့ဖွယ်ပညာရပ်ကြောင့်လို့ကြားတယ်.”
“သွေးဝါးမျို နတ်ဆိုးပညာရပ် …အဲ့တာက ကောလဟလတွေအရ ပျောက်ကွယ်သွားပြီးဖြစ်တဲ့ မိစ္ဆာကျင့်ကြံခြင်း နည်းလမ်းမလား”
ထိုစကားများအားကြားရပြီးသောအခါတွင် ရှစ်ဖုန့်က သူ၏ အေးစက်သော အကြည့်တို့ဖြင့် ထိုလူများအား တစ်ချက်သိမ်းကြုံးကြည့်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“သောက်အဓိပ္ပါယ် မရှိတာတွေကို ပြောမနေကြနဲ့တော့ ..တရားမျှတမှုကို လိုချင်တယ်ဆိုတဲ့ ဘယ်သူမဆို …သဘောရှိ မနောဟိ လာခဲ့ကြစမ်း”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် လူအချို့က နောက်သို့ဆုတ်ခွာလိုက်ကြသည်။ ခုဏက လူဆယ်ယောက်ကျော်မှာ ၎င်းထံသို့ တစ်ဟုန်ထိုးပြေးဝင်သွားခဲ့သည်။ သူတို့ထဲတွင် ဘုရင်နယ်ပယ်သို့ရောက်ရှိနေကြသော လူအိုကြီး အချို့ပင် ပါခဲ့ကြသော်လည်း သူတို့အားလုံးမှာ ရှစ်ဖုန့်ကြောင့် ပြန်လည်၍ လွင့်ထွက်လာခဲ့ကြရသည်ဖြစ်သည်။
ဂိုဏ်းကြီးသုံးခုတို့၏ ဆက်ခံသူများ အသတ်ခံလိုက်ရသည့်အချက်ကို ထပ်ပေါင်းထည့်ရမည်ဖြစ်ပြီး ဤ လူငယ်လေးလက်ထဲတွင် တကယ့်ကို မိုးကြိုးလျှပ်စီးဓားကိုကိုင်ဆောင်ထားသည်။ ဤလူသတ်သမားမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဆက်ခံမည့်သူများကိုပင် သတ်ဖြတ်ရဲသည့်သူဖြစ်သည်။
ဂိုဏ်းကြီးတစ်ခုစီတိုင်းတွင် အင်ပါယာနယ်ပယ် အဆင့်ကျင့်ကြံသူ တစ်ယောက်စီ ရှိကြသည်ဖြစ်သည်။
၎င်းသာ အကျိုးဆက်များကို ဂရုစိုက်ခြင်းမရှိဘဲ သူတို့အားသတ်ပစ်နိုင်သည်ဆိုလျင် တစ်ခြားသူများဆိုလျှင်ကား စကားထဲထည့်ပြောနေစရာပင်မလိုတော့ချေ။
ထိုအရာများအားထည့်တွက်ခြင်းမရှိလျှင်တောင် သူ့ထံတွင် ကြောက်မက်ဖွယ် သွေးဝါးမျို ပညာရပ် လည်းရှိနေသေးသည်ဖြစ်သည်။ ပြောကြသည်မှာကား ထိုပညာရပ်မှာ သက်ရှိပုဂ္ဂိုလ်တစ်ယောက်၏ သွေးတို့အား စုပ်ယူခြင်းဖြစ်သည်ဟုဆိုသည်။
၎င်းမှာ သက်ရှိပုဂ္ဂိုလ်တစ်ယောက်၏သွေးအား သေသည်အထိ စုပ်ယူနိုင်သည်ဟုဆိုကြ၏။
“ကောင်စုတ်လေး လာပြီး စိတ်ကြီးဝင်ကြမနေနဲ့..ဒီလူအိုကြီးက မင်းနဲ့တိုက်ခိုက်မယ်”
ရုတ်တရက် လူအုပ်ထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူအုပ်ထဲမှ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော လူအိုကြီးတစ်ယောက်ခုန်ထွက်လာသည်ကို အားလုံးတွေ့လိုက်ကြရသည်။ ၎င်းအနေဖြင့် လှံနှင့်တစ်သားတည်း အဖြစ်သို့ဖြစ်လာပုံရသည်။
သူကခုန်ထွက်လာပြီးသော အခါ မြေပြင်ပေါ်သို့ ဆင်းသက်ခြင်းမရှိချေ။ ထိုအစားသူက လေထဲတွင် အလျားလိုက်် လဲလျောင်းနေသည်။ သူ့လက်ထဲရှိကိုင်ဆောင်ထားသော လှံရှည်နှင့်အတူ သူ၏တစ်ကိုယ်လုံးအား အဆက်မပြတ် စတင်လှည့်ပတ်လိုက်သည်။
သူကလေပွေတစ်ခုအဖြစ်ပြောင်းသွားပြီးရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။
လေပွေမှာ နဂါးတစ်ကောင်အဖြစ်သို့ခပ်ရေးရေးပြောင်း
သွားသည်ကိုပင် လူတိုင်းမြင်တွေ့လိုက်ကြရသည်။
“အဲ့တာ မှူးမတ် ဖျင်ယန်ပဲ..ဟိုးအရင်တုံးက မှူးမတ် ဖျင်ယန်ကို ထာဝရအောင်နိုင်သူ ဗိုလ်ချုပ်အဖြစ်သိကြတယ်..သူဘဝမှာသူဟာ တိုက်ခိုက်ရင်းတစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး”
“လေပွေကိုကြည့်လိုက်အုံး ..”
တစ်စုံတစ်ယောက်ကပြောလိုက်သည်။
“ငါသာမမှားဘူးဆိုရင် ဒါဟာ စီနီယာ ဖျင်ယန်ရဲ့ အစွမ်းအထက်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုဖြစ်တဲ လေပွေနဂါး သတ်ဖြတ်ခြင်းပဲ”
“ဒီလောက်နှစ်တွေအများကြီး ကြနေတာတောင် မှူးမတ် ဖျင်ယန်ရဲ့ သိုင်းတာအိုကျင့်ကြံမှုက ကျဆင်းခြင်းမရှိပဲ ရှိနေလိမ့်မယ်လို့ငါတစ်ခါမှ မျှော်လင့်ထားခဲ့ခြင်းမရှိဘူး..သူကကြယ်ကိုးပွင့်ဘုရင်နယ်ပယ်အဆင့်ကိုတောင် ရောက်နေပြီးတော့ အင်ပါယာနယ်ပယ်အဆင့်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းစာပဲ ကျန်တော့တယ်..မှူးမတ် ဖျင်ယန်ကတော့ တိုက်ခိုက်နေပြီ..ဟမ့် ..ဒီကောင်စုတ်ကတော့သူ့ကိုယ်သူ အရမ်းစိတ်ကြီးဝင်လွန်းတယ်”
“ဟုတ်တယ်..ဟုတ်တယ်…စီနီယာဖျင်ယန်က အင်အားကြီးတဲ့သူပဲ..အဲ့ငတိလေးကို ငါတို့အတွက် သူက သခင်ခန်းစာ ပေးပေးလိမ့်မယ်”
ထိုအချိန်တွင် ငယ်ရွယ်ပြီး အထက်စီးဆန်သော အော်သံတစ်ခုကို လူတိုင်းကြားလိုက်ရသည်။
“ဒီသခင်လေးရှေ့မှာ ဒီလိုအစုတ်အပျက် ပညာမျိုးကို ဘယ်လိုတောင်လာပြီးချပြရဲတာလဲ..ခင်ဗျားအသက်ကို အကြာကြီးနေခဲ့တာတောင် ဒီလို အစုတ်အပျက် ပညာရပ်တစ်ခုကိုပဲ သင်ယူနိုင်ခဲ့တာလား”
“ခင်ဗျား ဘဝတစ်လျှောက်လုံးကို အချည်းအနှီးနဲ့ပဲ နေခဲ့တာလား”
ထို့နောက်ချက်ခြင်း လူအုပ်ကြီးမှာ တောက်ပနေသော အဖြူရောင်ဓားအလင်းနှင့် လေပွေတို့ ပြင်းထန်စွာထိပ်တိုက် တွေ့ဆုံမိသည်ကို တွေ့လိုက်ကြသည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသော ဖြစ်ရပ်က လူအုပ်ကြီးအားပိုမို၍ ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။
သူတို့၏ နှလုံးသားထဲရှိ ထာဝရ အောင်နိုင်သူဖြစ်သော မှူးမတ် ဖျင်ယန်က အဖြူရောင်ဓားအလင်း၏ အောက်တွင် ပျောက်ကွယ်သွားသည်။ သူ့ကိုယ်က ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်ပြန်လွင့်ထွက်လာ၏။ ကြည့်ရှုနေသူများကဲ့သို့ပင် သူ၏ အိုမင်းသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသည်။
ကြယ်ကိုးပွင့် အထွတ်အထိပ် ဘုရင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည့် ထာဝရအောင်နိုင်သူ ဗိုလ်ချုပ်မှာ လူငယ်လေးတစ်ယောက်၏ အနိုင်ယူမှုကိုခံလိုက်ရသည်။ သူ၏ အစွမ်းအထက်ဆုံးသိုင်းပညာရပ်ဖြစ်သော သူ့ရန်သူများ၏ နှလုံးသားကို ထိန့်လန့်ကြောက်ရွံ့စေခဲ့သော သူ၏ သတ်ဖြတ်ခြင်း လှုပ်ရှားမှုမှာ တကယ်ကို အစုတ်အပျက် နုံချာလှသော သိုင်းပညာရပ်တစ်ခုအဖြစ် အခေါ်ခံခဲ့ရသည်။
“ဝုန်း”
မှူးမတ်ဖျင်ယန်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားသည်။
ထို”ဝုန်း”ဟူသောအသံနှင့်အတူ လူတိုင်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ရင်သွားရသည်။
သူတို့သည် အံ့အားသင့် တုန်လှုပ်နေရာမှ ဖြည်းဖြည်းချင်း အသိပြန်ဝင်လာသည်။ ယခုအချိန်မှသာဤလူငယ်လေး၏ ခန္ဓာကိုယ်ရှိ ကြောက်မက်ဖွယ်ရာ အစစ်အမှန်စွမ်းအားကို သူတို့ သဘောပေါက်မိလိုက်ကြသည်။
ဆက်ရန်…
ဘာသာပြန်သူ- ARISE