← Chapters

အပိုင်း(၁၂၃)

Vol. 9 Ch. 123

အပိုင်း(၁၂၃)

Vol. 9 Ch. 123

အထွတ်အထိပ် ကြယ်ကိုးပွင့် ဘုရင်နယ်ပယ် တစ်ယောက်ပင် သူ့အားရှုံးနိမ့်သွားခဲ့သည်။ ထိုအတွက် ဖြေရှင်းချက်မှာ တစ်ခုတည်းသာရှိလေသည်။ ဤလူငယ်လေး၏ စွမ်းအားမှာ အင်ပါယာနယ်ပယ်အတွင်းသို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

“အင်ပါယာနယ်ပယ်..သူက ဒီလိုအသက်ငယ်ငယ်လေးနဲ့ အင်ပါယာနယ်ပယ်ကို ရောက်နေခဲ့ပြီ”

ပဉ္စမမင်းသားအပြင် ယွင်လိုင်အင်ပါယာ၌ နောက်ထပ် မွန်းစတားဆန်သော ပါရမီရှင်တစ်ယောက်ပေါ်ထွက်လာခဲ့ပြန်ပြီဖြစ်သည်။

ချက်ခြင်း ဆွေးနွေးငြင်းခုန်မှုများ ထပ်မံ၍ စတင်လာသည်။

“ဒီလူငယ်လေးမှာ အင်ပါယာနယ်ပယ် တစ်ယောက်ရဲ့ စွမ်းအားတွေရှိနေတယ်..ငါတို့ ဘာလုပ်သင့်လဲ..ဒီမှာသူ့ကို ထိန်းချုပ်ဖိနှိပ်နိုင်မဲ့ တစ်ယောက်ယောက်များ ရှိနေသေးလား…ငါခုဏကတုံးက သူ့ကို ကြိမ်းမောင်းခဲ့တယ် ထင်တယ်..သူကြားသွားလားတော့ငါလည်းမသိဘူး”

“အင်ပါယာနယ်ပယ် ကျွမ်းကျင်သူ…စတုတ္ထမင်းသားဆီမှာ အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် သူ့ဘေးမှာရှိနေတယ်”

“သမီး…သမီးဘယ်လိုဖြစ်ပြီးတော့ အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောကို သွားစော်ကားခဲ့တာလဲ”

မင်းသမီးကျိုးလျန်၏ အဖေက သူ့လက်မောင်းကြားတွင် ငိုကြွေးနေသော သမီးဖြစ်သူအား ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။

“အဖေ..အီးဟီး…..သမီး..သမီးမသိဘူး”

“သူက မင်းသားချန်အိမ်တော်က အစေခံတစ်ယောက်လို့ပဲ သမီးထင်ခဲ့တာ ..အဖေ သမီး ဘယ်တုံးကမှ ဒီလိုမျိုး အရှက်ခွဲ မခံရဘူးဖူး အဖေ သမီးကို ကူညီရမယ်”

ကျိုးလျန်က ငိုယို၍ပြောသည်။

“အင်ပါယာ အကြံပေး ဆရာသခင် ရောက်ရှိလာပါပြီ”

ရုတ်တရက် အကြံပေး ဆရာသခင် အိမ်တော်ရှိ အစေခံတစ်ယောက်က အော်ပြောလိုက်သည်။

“အင်ပါယာ အကြံပေး ဆရာသခင် …အင်ပါယာ အကြံပေး ဆရာသခင် ရောက်လာပြီ..ကောင်းလိုက်တာ…ငါတို့က ဒီလူငယ်လေးကို ရင်မဆိုင်နိုင်ပေမဲ့            ဆရာသခင်ကတော့ ရင်ဆိုင်နိုင်တယ်..မင်းက အင်ပါယာ အကြံပေး ဆရာသခင်ရဲ့ မွေးနေ့ပွဲမှာ လာပြီး ရှုပ်ရဲတယ်တဲ့လား..မင်းတော့ ပြဿနာတက်တော့မယ်ကွ”

တစ်စုံတစ်ယောက်ကပြောလိုက်သည်။

“လျန်အာ  သမီးက အကြံပေးဆရာသခင် အိမ်တော်မှာ အရိုက်ခံခဲ့ရတယ်….သူမင်းကို ကူညီလိမ့်မယ်လို့ အဖေထင်တယ်..ဟမ့်”

ကျိုးလျန် အဖေက နှာမှုတ်လိုက်သည်။

“အင်ပါယာ အကြံပေးဆရာသခင်ရောက်လာပြီ…ဘယ်သူက စိတ်ကြီးဝင်ရဲသေးလဲဆိုတာကို ကြည့်ကြသေးတာပေါ့”

“ဟုတ်တယ်.ဟုတ်တယ်”

ယနေ့သည် နလန်ယွမ်၏ မွေးနေ့ဖြစ်သည်။  သူက အနီရောင်ဝတ်ရုံကို  ဝတ်ဆင်ထားပြီး သူ၏မျက်နှာက အားမာန်အပြည့်ဖြင့်ပင်ဖြစ်သည်။ သူကနောက်ဖက်ရှိ  ခန်းမထဲမှ ထွက်လာခြင်းဖြစ်သည်။

သူတစ်ယောက်တည်းသာဖြစ်သော်လည်း သူထိုနေရာ၌ ပေါ်ထွက်လာကာ ရပ်လိုက်သည်နှင့် လူများမှာ မရွေ့ရှားနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ခံစားရ၏။

“အင်ပါယာ အကြံပေး ဆရာသခင် “

“အင်ပါယာ အကြံပေး ဆရာသခင် “

“အင်ပါယာ အကြံပေး ဆရာသခင်  ..ဆရာသခင်ရဲ့ အခွင့်အလမ်းကံကြမ္မာက အရှေ့ပင်လယ်လောက်ကြီးမားပြီး သက်တမ်းကလည်း တောင်ပိုင်းတောင်တန်းကဲ့သို့ ရှည်လျားပါစေ လို့ကျွန်ုပ်တို့ ဆုတောင်းပေးပါတယ်”

နလန်ယွမ်အားမြင်လိုက်ကြရသောအခါတွင် လူများက လှည့်၍ အော်ဟစ်လိုက်ကြသည်။

ထိုအချိန်တွင် နလန်ယွမ်က ခြံဝန်းအတွင်းရှိ ရှစ်ဖုန့်အား သုန်မှုန်စွာဖြင့်ကြည့်နေပြီး တစ်ခြားသောသူများကို လျစ်လျူရှုထားသည်။

အကြံပေးဆရာသခင်မှာ ဤအချိန်တွင် ဒေါသထွက်နေကြောင်းကို လူများမြင်တွေ့နိုင်ကြသည်။ တစ်စုံတစ်ယော်ကတော့ ကံခေတော့မည်ဖြစ်၏။

နလန်ယွမ်၏ မျက်နှာထက်တွင် ဒေါသတရားတို့ဖြင့်ပြည့်နေသည်။နောက်ဆုံး

တွင် သူက မီးတောင်တစ်လုံးကဲ့သို့ပေါက်ကွဲတော့သည်။ သူကရှစ်ဖုန့်ကို ထိုးညွှန်ပြပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို မေးလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲကွ..”

လူတိုင်းမှာ နလန်ယွမ်အား ဗဟိုပြု၍ စွမ်းအားကြီးရောင်ဝါတို့ သိမ်းကျုံးထွက်လာခြင်းကို ရုတ်တရက်ခံစားလိုက်ကြရသည်။ လူတိုင်းက ထိုရောင်ဝါကို ခံစားလိုက်ကြရပြီး ထိန်းမထားနိုင်ပဲ နောက်သို့ဆုတ်လိုက်ကြရသည်။ တစ်ချို့သောသူများဆိုလျှင် မွန်းကြပ်သလိုဖြစ်နေကြပြီး အသက်ရှူရန်ပင် ခက်ခဲနေကြသည်ကို တွေ့ရသည်။

ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ ပြုလုပ်ခဲ့သော ကြီးမားသောခွန်အားက လူအချို့ကို စိုးရိမ်ထိန့်လန့်တုန်ယင်စေသည်။

ကံကောင်းစွာဖြင့် နလန်ယွမ်၏ ဒေါသတရားက သူ့ဆင်ခြင်တုံတရားကို ဖုံးလွှမ်းမသွားစေပေ။ သူ၏ရောင်ဝါအား သူထိန်းချုပ်ထားဆဲဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူ၏ စွမ်းအားအပြည့် ကိုထုတ်လွှတ်ခဲ့လျှင် ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စစ်မှန်သော ပြင်းထန်ကြီးစိုးမှုကိုပြလိုက်လျှင် ကျင့်ကြံမှုနိမ့်ကျ ကြသော လူများစွာမှာ သေကြေကြရလိမ့်မည်ဖြစ်သည်။

“အင်ပါယာ အကြံပေး ဆရာသခင်ခင်ဗျား ဆရာသခင်အနေနဲ့ ကျွန်တော်တို့အတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးပါ”

တစ်စုံတစ်ယောက်က မကျေိနပ်သောလေသံဖြင့်အော်ပြောလိုက်သည်။

“ဒီကောင်လေးက ဆရာသခင်ရဲ့ မွေးနေ့ပွဲမှာ အမှုအခင်းတစ်ခုကို ဖြစ်ပွားစေခဲ့ပြီး ကျွန်တော်တို့ထဲက တော်တော်များများကိုလည်း ထိခိုက်အနာတရတွေဖြစ်စေခဲ့ပါတယ်”

“ကျွန်တော့် အဖေက အရမ်းကို အသက်ကြီးနေပါပြီ ဒါပေမဲ့ သူမှာ အဖေ့ကို ရိုက်နှက်ရဲတဲ့ နှလုံးသားရှိနေပါသေးတယ်”

“ကျွန်ုပ်ရဲ့ သားဖြစ်သူကလည်း သူတိုက်ခိုက်တာကိုခံရပြီး အခုထိ သတိမရသေးပါဘူး ….သူသေပြီလား ရှင်သေးလားဆိုတာကို တောင် ကျွန်ုပ်မသိရသေးပါဘူး..ဆရာသခင်ခင်ဗျား ဆရာသခင်အနေနဲ့ ကျွန်ုပ်တို့အတွက် တရားမျှတအောင်ဆောင်ရွက်ပေးပါ”

“အကြံပေးဆရာသခင် ကျုပ်ရဲ့သမီးဖြစ်သူ ကျိုးလျန်က အဲ့ကလေးကို စကားအနည်းငယ်ပဲ ခုဏကပြောခဲ့တာ သူက ကျုပ်သမီးဖြစ်သူကို တကယ်ကြီး လူအများရှေ့မှာ ပါးရိုက်ရဲတယ်…အကြံပေးဆရာသခင် ဆရာသခင်အနေနဲ့..ကျုပ်သမီးအတွက် တရားအမျှတအောင်လုပ်ပေးပါ “

မင်းသမီးကျိုးလျန်၏ အဖေဖြစ်သူက ပြောလိုက်သည်။

“တော်လောက်ပြီ”

နလန်ယွမ်က ကျယ်လောင်စွအော်လိုက်ပြီး လူတိုင်း၏ စာကားတို့အားကြားဖြတ်ဟန့်တားလိုက်သည်။

ထို့နောက်တွင် နလန်ယွမ်မှာ ရှစ်ဖုန့်ထံသို့ တစ်လှမ်းချင်း သွားနေသည်ကို လူတိုင်းတွေ့လိုက်ကြရသည်။

“ဟမ့်”

လူတစ်ချို့က သူတို့အနေဖြင့် ရှစ်ဖုန့်၏ ဝမ်းနည်းဖွယ် အဆုံးသတ်အားကြိုမြင်ထားပြီးသကဲ့သို့ တိတ်တဆိတ် နှာမှုတ်လိုက်ကြသည်။

“သူကများ အကြံပေးဆရာသခင်ရဲ့ အိမ်တော်မှာ အလွန်ဆိုးဝါးကြမ်းကြုတ်စွာလာပြုမူရဲတယ်တဲ့လား…သူ့မှာ အင်ပါယာနယ်ပယ် အစွမ်းရှိနေတော့ရော ဘာဖြစ်သေးလဲ”

“ဒီလိုလူမျိုးကို သင်ခန်းစာ တစ်ခုတော့သင်ပေးသင့်တယ်..အဲ့လိုမှ မဟုတ်ရင်  ငါ့နှလုံးသားထဲက အမုန်းတရားတွေ သက်သာရာရဖို့ခက်ခဲလိမ့်မယ်”

“အကြံပေးဆရာသခင် သူ့ဒန်တန်နဲ့ ကြင့်ကျံမှုကို ဖျက်ဆီးလိုက်တာပိုကောင်းတယ်..အဲ့လိုသာဆို

ရင် ငါ  သူ့ကို သေတဲ့အထိကို ညှင်းပန်းနှိပ်စက်ပစ်မှာ”

“လျန်အာ အဖေပြောသားပဲ အကြံပေးဆရာသခင်က သမီးအတွက်  တရားမျှတမှုကို ယူဆောင်ပေးလိမ့်မယ်လို့”

မင်းသမီးကျိုးလျန်၏ ဖခင်ဖြစ်သူ ဟူမြို့စားကပြောလိုက်သည်။

“အဖေ သမီးအဲ့ကောင်ကို သေစေချင်တယ်..အဲ့လိုမှ မဟုတ်ရင် သူအသက်ရှင်နေသမျှ သမီးမျက်နှာကို ထပ်ပြီး ဖော်ရဲမှာ မဟုတ်ဖူး”

မင်းသမီးကျိုးလျန်က  မကျေမချမ်းမှု အပြည့်မျက်နှာဖြင့်ပြေလိုက်သည်။

“အဖေသမီးအတွက် နည်းလမ်းတစ်ခုကို သေချာပေါက် စဉ်းစားပေးပါ့မယ်”

မြို့စားဟူက သူ့သမီးကို နှစ်သိမ့်လိုက်သည်။

လူတိုင်းအားအမျက်ဒေါသထွက်စေရန်စော်ကားခဲ့သောထိုလူငယ်အားထိန်းချုပ်ရန်အတွက် အကြံပေးဆရာသခင်ကိုယ်တိုင် လုပ်ဆောင်မည်ကို အားလုံးကစောင့်ဆိုင်းနေကြစဉ်  အကြံပေးဆရာသခင် နလန်ယွမ်မှာ လူငယ်လေး၏ ရှေ့သို့ လျှောက်သွားပြီး တောင်းတောင်းပန်ပန် ပြောနေသည်ကို မြင်တွေ့လိုက်ကြရသည်။

“သခင်လေးဖုန့် ကျုပ်ကပဲ မင်းကို တောင်းပန်ပါတယ်”

“အား..အား…အား…”

နလန်ယွမ်၏ စကားတို့က လူတိုင်းအား အံ့အားသင့်စွာ အော်ဟစ်လိုက်မိစေသည်။သူသည် နလန်ယွမ် မဟုတ်လော။ သူသည် ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ် အင်ပါယာ အကြံပေးဆရာသခင်ဖြစ်သည်။ ယွင်လိုင်အင်ပါယာတွင် ဧကရာဇ်ဖြစ်သူမှ လွှဲလျှင်  သူ၏အဆင့်အတန်းမှာ အမြင့်ဆုံးအဆင့်ဖြစ်သည်ဟုပြောနိုင်သည်။

ဧကရာဇ်ပင် အင်ပါယာ အကြံပေးသူဟုခေါ်သော သူ့အားမြင်တွေ့ရလျှင် အလွန်လေးစားစွာ ဆက်ဆံရသည်ဖြစ်သည်။

သို့သော ဤကဲ့သို့ အင်ပါယာ ၏ အကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်က လူငယ်လေးတစ်ယောက်ကို မျက်နှာချင်းဆိုင်ပြီး မမျေှာ်လင့်ပါပဲ တောင်းပန်သမှုမျက်နှာထားကို ပြသပြီး  သခင်လေးဖုန့်ဟူ၍ပင် ခေါ်လိုက်သေးသည်။ ထို့နောက်တွင်သူကတောင်းပင် တောင်းပန်လိုက်သေး၏။

လူအချို့မှာ သူတို့အနေဖြင့် အိမ်မက်မက်နေသည်ဟု  ထင်မိကြပြီး သူတို့သူပေါင်ကို ခပ်ကြမ်းကြမ်း သူတို့ဆွဲဆိတ်မိလိုက်ကြသည်။

မင်းသမီးကျိုးလျန်မှာလည်း ထိုအရာအား လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။  သူမက ရှစ်ဖုန့်ကို ကြည့်လိုက် နလန်ယွမ်ကိုကြည့်လိုက် ထို့နောက်ရှစ်ဖုန့်ကိုပြန်ကြည့်လိုက်ဖြင့် ဖြစ်နေသည်။ သူမက တိုးလျသော အသံဖြင့် တီးတိုးရေရွတ်နေ၏။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ…. ဒါဘယ်လိုဖြစ်နိုင်မှာလဲ…. ဒါဘယ်လိုဖြစ်နိုင်မှာလဲ….”

“လျန်အာ ဒီလူကို အနာဂတ်မှာ ထပ်ပြီးတော့ မစော်ကားမိစေနဲ့ “

မင်းသမီးကျိုးလျန်၏ အဖေက လေးနက်သော မျက်နှာထားဖြင့်သူမကိုပြောလိုက်သည်။

“ဒါပေမဲ့..အဖေ..”

မင်းသမီးကျိုးလျန်က ဆက်ပြောချင်သော်လည်း မြို့စားဟူက လေးနက်သော အမူအယာဖြင့်ကြားဖြတ်ဟန့်တားလိုက်သည်။

“သူ့ရဲ့ အင်ပါယာနယ်ပယ် စွမ်းအားနဲ့ဆိုရင် ငါတို့မိသားစု အားလုံးကို ဒီတစ်ညထဲနဲ့ သတ်ပစ်ဖို့ဆိုတာ သူ့အတွက် အလွယ်လေးပဲ”

“သူလုပ်ရဲလး”

မင်းသမီးကျိုးလျန်က အံကြိတ်ကာပြောလိုက်သည်။

“သူက ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့  ဆက်ခံသူသုံးယောက်ကိုတောင်သတ်ပစ်ရဲတဲ့သူပဲ…”

မြို့စားဟူက အသံနက်ဖြင့်ပြောလိုက်သည်။

“ဒီပုဂိ္ဂုလ်ရဲ့ နောက်ခံဟာ မရိုးရှင်းဘူး ..အင်ပါယာရဲ့ အကြံပေးဆရာသခင်တောင်သူ့ကို လေးစားရတယ် မင်းအနေနဲ့ ငါတို့တစ်မိသားစုလုံးကို မသတ်ပစ်ချင်ဘူးဆိုရင် နောက်နောင် ထပ်ပြီး သူ့ကို မစော်ကားမိပါစေနဲ့”

“မင်းတို့မှာ မျက်လုံးပါကြပေမဲ့ မမြင်နိုင်ကြဘူး”

နလန်ယွမ်က ရှိနေသောသူများကို အော်ပြောလိုက်သည်။

“သခင်လေးဖုန့်က ငါ့ရဲ့ သီးသန့် ဧည့်သည်တော် တစ်ယောက်ပဲ  ငါက အသက်ခုနှစ်ဆယ်ပြည့်မွေးနေ့ကို သောက်ရေးမပါတဲ့ အစီအစဉ်အချို့လောက်ပဲလုပ်မယ်ဆိုပြီး အစက စီစဉ်ထားတာ ဒါပေမဲ့ သခင်လေးဖုန့် ယွင်လိုင်အင်ပါယာကိုလာမယ်ကြားတော့ ဒီမွေးနေ့ပွဲကနေ သခင်လေးဖုန့်ကို ဧည့်ခံဖို့အတွက် အကျိုးအမြတ်ထုတ်ချင်ခဲ့တယ်..ဒါပေမဲ့ မင်းတိုသောက်လုံးတွေကန်းနေတဲ့ကောင်တွေက ဒီလူအိုကြီးရဲ့ ‌လေးစားရတဲ့ဧည့်သည်တော်ကိုမှ လာပြီး စော်ကားခဲ့ကြတာပဲကွ”

ဤလူများမှာ သေဖို့ထိုက်တန်လှသည်။သူတို့လုံးဝပင်သေဖို့

ထိုက်တန်သည်။

နလန်ယွမ်မှာ စိတ်ထဲ၌ ဆဲဆိုလိုက်မိသည်။ မနေ့ညကသူသည် လုံချန်ထံမှ သတင်းစကားရရှိခဲ့သည်။သူဆယ်စုနှစ်များစွာ

ပိတ် ဆို့နေသော နယ်ပယ်ချိုးဖြတ်ရန်အတွက်ပြဿနာအား ဖြေရှင်းနိုင်ရန် ဤလူငယ်လေးက ကူညီပေးနိုင်သည်ဟုပြောခဲ့သည်။

အင်ပါယာနယ်ပယ် နှင့် ဘိုးဘေးနယ်ပယ်ကြားတွင် နယ်ပယ်ကွာခြားမှုတစ်ခုသာရှိသော်လည်း စွမ်းအားကွာခြားချက်ကတော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်ဖြစ်သည်။ နှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ပြီဖြစ်သနည်း။

နလန်ယွမ်မှာ ဘိုးဘေးနယ်ပယ်သို့ချိုးဖြတ်ဝင်ရောက်နိုင်ရန်အတွက် နှစ်ပေါင်းနှစ်ဆယ့်တစ်နှစ်ကြာ ကြိုးစားခဲ့ရသည်ဖြစ်သည်။

ဆက်ရန်…

ဘာသာပြန်သူ- ARISE

All Chapters