အပိုင်း(၁၂၄)
Vol. 9 Ch. 124
“ဒီနေရာကနေထွက်သွားကြစမ်း..မင်းတို့အားလုံး အကုန်ဒီနေရာကနေ ထွက်သွားကြစမ်း..ငါ့ရဲ့ အသက်ခုနှစ်ဆယ်ပြည့် ဘာညာမွေးနေ့ပွဲည်းမလုပ်တော့ဘူး …မင်းတို့တွေကို တွေ့မြင်ရတာ ငါစားချင်သောက်ချင်စိတ်တောင်မရှိဘူး”
နလန်ယွမ်ကအော်ပြောလိုက်သည်။
ထို့နောက်ထပ်မံ၍ ကျယ်လောင်စွာ အော်ငေါက်လိုက်ပြန်သည်။
“ဒီနေရာကနေ ထွက်သွားကြစမ်း မင်းတို့မထွက်သွားဘူးဆိုရင် မင်းတို့ခြေထောက်တေွကို ငါကိုတိုင်ချိုးပစ်မယ်”
အော်ငေါက်သံနှင့်အတူ လူအုပ်ကြီးမှာ အိမ်တော်ထဲမှ ထွက်ပြေးကြတော့သည်။ ထိုအချိန်တွင် ဖြစ်ပျက်မှုတို့မှာ နောက်တစ်ကြိမ်ထပ်မံ၍ ပရမ်းပတာဖြစ်လာသည်။
ယနေ့ညပြီးလျှင် မြို့တွင်းရှိ ဂုဏ်သရေရှိ လူကြီးများအားလုံးမှာ အင်ပါယာမြို့တော်သို့လာသော သခင်လေးဖုန့်ဆိုသည့်နမည်အား သိသွားကြလိမ့်မည်ဖြစ်လေသည်။ယွင်လိုင်အင်ပါယာ၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်သူအင်ပါယာအကြံ
ပေးဆရာသခင် နလန်ယွမ်က သူ၏အသက်ခုနှစ်ဆယ်ပြည့်မွေးနေ့ပွဲတွင် ဤလူငယ်လေးအားကာကွယ်ရန်အတွက် တက်ရောက်လာသူအားလုံးအား ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့လေသည်။
သိပ်မကြာခင်၌ ဆူညံနေခဲ့သော ခြံဝန်းမှာ တိတ်ဆိတ်ညိိမ်သက်သွားသည်။ ထွက်ခွာသွားသင့်သောသူများက ထွက်ခွာသွားကြပြီဖြစ်သည်။
ရှစ်ဖုန့်၊လုံချန်၊နလန်ယွမ်၊ လုံချန်နှင့်အတူပါလာသော ဝါးခမောက်ဆောင်းထားသည့် ပဟေဠိဆန်သောသူတိုနှင့် အင်ပါယာအကြံပေးဆရာသခင် အိမ်တော်၏ အစေခံအချို့သာလျှင် ကျန်ရစ်ခဲ့ကြသည်ဖြစ်သည်။
ယွင်လိုင်အင်ပါယာအတွင်းတွင် နလန်ယွမ်တစ်ယောက်တည်းသာလျှင် ရာထူးဂုဏ်သိမ်ကြီးမားသူများစွာတို့အား အော်ဟစ်ရဲသူဖြစ်ပြီး သူတို့အားထွက်သွားရန် ပြောဆိုရဲသူလည်းဖြစ်သည်။
“အာ ကျုပ်အနေနဲ့ ဒီတစ်ကြိမ်မှာ သခင်လေးဖုန့်ကို ကောင်းကောင်းဧည့်ခံချင်ခဲ့တာ ဒါပေမဲ့ ဒီလိုမျိုးဖြစ်သွားရတယ်..သခင်လေးဖုန့်အနေနဲ့ ကျုပ်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
နလန်ယွမ်က ရှစ်ဖုန့်ကို ပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်က သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး နလန်ယွမ်အား စိတ်မရှည်စွာဖြင့် ဘာမှ ထပ်ပြောရန်မလိုဟူသော အရိပ်ယောင်ကိုပြလိုက်သည်။ ထို့နောက်သူက ပြောလိုက်သည်။
“ လျှို့ဝှက်လေ့ကျင့်ရေးအခန်းကို ပြင်ဆင်ထားပါ”
သူအားလုံးမှာ ပါးနပ်ကြသောသူများဖြစ်ကြ၏။ နလန်ယွမ်အနေဖြင့် အဘယ့်ကြောင့် ရှစ်ဖုန့်အတွက်ဒေါသထွက်ကြသည်ကို အစကတည်းက သူတို့သိထားကြပြီးဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့် သူ့တွင် ရည်ရွယ်ချက်တစ်ခုရှိကြောင်းကို သိခဲ့လျှင်တောင် ၎င်းအား သဘောကျသေးသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား ဤလူအိုကြီးမှာသူ့အတွက် လက်ဆောင်ကြီးကြီးမားမားတစ်ခုကို ပြင်ဆင်ထားသည်ဟု လုံချန်ကပြောပြခဲ့သည်။
၎င်းအား သိုင်းပညာလမ်းကြောင်းပေါ်တွင် အနည်းငယ်လမ်းညွှန်ပြသပေးခြင်းက သူ့အားထိခိုက်နာကျင်စေမည်မဟုတ်ပေ။
မှန်ပေသည်။ နလန်ယွမ် နှစ်ဆယ့်တစ်နှစ်ကြာနယ်ပယ်အဆင့် မချိုးဖြတ်နိုင်ခဲ့သော ကိစ္စက သူ့အတွက် လမ်းညွှန်ပြသပေးရုံ ကိစ္စလေးသက်သက်သာဖြစ်ပေသည်။
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် နလန်ယွမ်၏ နှလုံးသားထဲတွင် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ မျှော်လင့်စောင့်စားမှု နှင့်စိတ်လှုပ်ရှားမှုတို့လည်းဖြစ်နေသည်။ရှစ်ဖုန့်
အားကြည့်လိုက်သော အခါတွင်တကယ်ကို သူ့အတွက် အင်ပါယာနယ်ပယ်မှ ဘိုးဘေးနယ်ပယ်သို့တက်လှမ်းနိုင်ရန် နည်းလမ်းတစ်ခုရှိနေပုံရလေသည်။
“တကယ်ပဲ နည်းလမ်းတစ်ခုရှိနေတာလား….နည်းလမ်းတစ်ခုတော့ရှိသင့်တာပေါ့ သူက ဧကရာဇ်ရှောင်ယောင်ရဲ့ တပည့်ပဲဟာ..ငရဲဘုံကိုးခုဧကရာဇ်ရဲ့ တပည့်တွေက လူထူးဆန်းကိုမှ မွန်းစတားဆန်တဲ့လူထူးဆန်းတွေ..ဧကရာဇ်
ရှောင်ယောင်ကလဲ အဲ့လိုလူတစ်ယောက်ဖြစ်သလို ..သူ့တပည့်ကလဲ အဲ့လိုပဲနေမှာပဲ”
“လျှို့ဝှက်အခန်းက ပြင်ဆင်ထားပြီးပါပြီ သခင်လေးဖုန့်..ကျေးဇူးပြုပြီး ဒီဘက်ကကြွပါ” နလန်ယွမ်က ရှစ်ဖုန့်ကို လျှင်မြန်စွာပြောလိုက်ပြီး လက်ဟန်ခြေဟန်ဖြင့်ဖိတ်ခေါ်သမှုပြုလိုက
သည်။
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။ သူထွက်သွားကာနီးအချိန်တွင် သူက ဝါးခမောက်ဆောင်းထားသော ပဟေဠိဆန်သောသူကို ပြန်ကြည့်၍ ပြောလိုက်သည်။
“လူအိုကြီး ဒီသခင်လေးနောက်ကိုလိုက်ခဲ့ ဒီသခင်လေးက ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ပဟေဠိဆန်သောသူက သူတို့နောက်မှလိုက်ပါလာသည်။ ထို့နောက်တွင် နလန်ယွမ်က ဦးဆောင်ပြီး ရှစ်ဖုန့်၊လုံချန်နှင့် ပဟေဠိဆန်သောသူတို့က အိမ်တော်အတွင်းရှိ သိုင်းပညာလျှို့ဝှက်ခန်းဆီသို့ ဝင်ရောက်သွားကြသည်။
အင်ပါယာအကြံပေးဆရာသခင်၏ လျှို့ဝှက်အခန်းကကျယ်ဝန်းပြီး သိုင်းပြိုင်ပွဲကွင်းတစ်ခုနှင့်ဆင်တူသည်။
ထိုနေရာတွင် လက်နက်ဒါဇင်ပေါင်းများစွာရှိနေပြီး လက်နက်တစ်ခုချင်းစီ၏ အဆင့်တိုကလည်း တူညီမှုရှိကြချေ။
အမြင့်ဆုံးအဆင့်မှာ အဆင့်ငါး ခရမ်းရောင်လှှံဖြစ်သည်။
နလန်ယွမ်က ထိုလက်နက်များကို ညွှန်ပြပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ဒီလူအိုကြီးရဲ့ဘဝမှာ မရေတွက်နိုင်တဲ့ရန်သူများစွာကို ကြုံတွေ့ဖူးတယ်..ဒီကျန်ရစ်နေခဲ့တဲ့လက်နက်တွေရဲ့ သခင်ဖြစ်သူတွေက ဒီလူအိုကြီး အလေးစားရဆုံးပြိုင်ဘက်တွေပဲ..သူတို့အားလုံးက ဒီလူအိုကြီးရဲ့လက်ထဲမှာသေဆုံးသွားကြရပေမဲ့လည်း ဒီလူအိုကြီးက သူတို့ကိုလေးစားတာကြောင့် သူတို့ပိုင်ဆိုင်ခဲ့တဲလက်နက်တွေကို အမှတ်တရပစ္စည်းအဖြစ်ချန်ရစ်ထားခဲ့တယ်”
ပြိုင်ဘက်တစ်ယောက်အပေါ်တွင်လေးစားခြင်း။ သိုင်းပညာရှင်များမှာ တစ်ယောက်ကို တစ်ယောက်ချစ်မြတ်နိုးကြသည်ဖြစ်သည်။ ယင်းမှာ တစ်ခါက နက်ရှိုင်းစွာတွေ့ကြုံခဲဖူးသော ခံစားချက်တစ်ခုပင်ဖြစ်၏ဦ။ အစွမ်းထက်ဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာရန် လမ်းကြောင်းတွင် အရိုများကို တောင်လိုပုံအောင် နင်းဖြတ်ရသည်ဖြစ်သည်။ သူလေးစားခဲ့ဖူးသောပြိုင်ဘက်များ မရေတွက်နိုင်အောင်ရှိပေသည်။ သို့သော်သူ၎င်းတို့အားသတ်ဖြတ်ပြီးသည့်နောက်တွင် သူ့အနေဖြင့် အဖော်မဲ့ အထီးကျန်ခြင်းအာရုံကိုသာခံစားရသည်ဖြစ်သည်။
“စကြစို့”
သူ၏ လက်ကောက်ဝတ်အားလှစ်ကနဲ လုပ်လိုက်သောအခါတွင် ရှစ်ဖုန့်၏ လက်ထဲတွင် မိုးကြိုးလျှပ်စီးဂိုဏ်း ပေါ်လာသည်။
ရှစ်ဖုန့်က နလန်ယွမ်နှင့် ပဟေဠိဆန်သောသူကို ပြောလိုက်သည်။
“ဒီသခင်လေးက ခင်းဗျားတို့ကို လမ်းကြောင်းပဲပြပေးမှာ ခင်ဗျားတို့နားလည်သဘောပေါက်တာ မပေါက်တာကတော့ ခင်ဗျားတို့ရဲ့ သိုင်းပညာအပေါ် ကိုယ်ပိုင် နားလည်သဘောပေါက်နိုင်စွမ်းဘယ်လောက်ရှိလဲဆိုတာ မူတည်တယ် “
အင်ပါယာနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ကို မျက်နှာချင်းဆိုင်ထားသော ရှစ်ဖုန့်က ယခုအချိန်တွင် ဆရာဘိုးဘိုး တစ်ယောက်ကဲ့သို့ ပုံစံဖြစ်နေသည်။
ထို့နောက်တွင် ရှစ်ဖုန့်က သူ့လက်ထဲရှိဓားကို ဖြည်းညှင်း တင့်တယ်ကြော့မော့စွာလှုပ်ရှားလိုက်သည်။ ဓားကိုလှုပ်ရှားလိုက်သော အချိန်တိုင်းတွင် လေထဲ၌ အဖြူရောင်ဓားရိပ်တို့က ကျန်ရစ်နေခဲ့၏။ ဓားရိပ်တစ်ခုဆီတိုင်းတွင် ဓားစိတ်ဆန္ဒ တို့ပါရှိကြသည်။
နလန်ယွမ်နှင့် ပဟေဠိဆန်သောသူတို့က တိတ်ဆိတ်စွာနေနေကြသည်။ ထို့နောက်တွင် သူတို့၏ မျက်လုံးများအတွင်း၌ ဓားရိပ်များ တစ်ခုပြီးတစ်ခုပေါ်လာ၏။
ဓားစိတ်ဆန္ဒ အား ခံစားလိုက်ရသောအချိန်တွင် နလန်ယွမ်၏ ထူးမခြားမျက်နှာမှာ ရုတ်တရက်ပြောင်းလဲမှုတို့ဖြစ်လာသည်။ သူကတီးတိုးရေရွတ်လိုက်သည်။
“အရိပ်ပမာ စစ်မှန်မှု …သဘာဝဆန်မှု “
မကြာခင် နလန်ယွမ်မှာ ဓားစိတ်ဆန္ဒ နှင့်အတူ ယှဉ်တွဲ၍ စတင်လှုပ်ရှားလိုက်သည်။
သူ၏ လှုပ်ရှားမှုတို့ကလည်း နှေးကွေးပြီး ရှစ်ဖုန့်ကဲ့သို့ သိမ့်မွေ့လေသည်။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်သောအခါတွင် အဆင့်ငါး ခရမ်းရောင်လှံက ချက်ခြင်းသူ့လက်ဆီသို့ ပျံသန်းလာသည်။
သိမ်မကြာခင် နလန်ယွမ်က လှံရှည်နှင့်အတူစတင်၍ သိမ်မွေ့သော ဟန်ပန်ဖြင့် ကခုန်လိုက်သည်။
“အရိပ်အရောင်နဲ့စစ်မှန်မှု..သဘာဝဆန်မှု ..ဝူတာအို ..”
နလန်ယွမ်မှာ ရုတ်တရက် အနည်းငယ်စိတ်လှုပ်ရှားလာခဲ့သည်။ ထို့နောက်သူက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။
“ ငါ..ငါဝေဝါး နက်မှောင်နေတဲ့ လမ်းကြောင်းပေါ်ကနေ အလင်းရောင်မှိန်ဖျော့ဖျော့ကို ခံစားမိပြီးနဲ့တူတယ်”
ထို့နောက်တွင် နလန်ယွမ်မှာ သူလုပ်နေသမျှအရာအားလုံးကို ရပ်တန့်လိုက်ပြီး သူ၏ စိတ်အာရုံအားလုံးကို ရှစ်ဖုန့်ပေါ်တွင် စူးစိုက်ထားလိုက်သည်။
ပဟေဠိဆန်သောသူအတွက်မူ သူက ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီးဖြစ်သည်။ သူ့ကိုယ်ပေါ်၌ အနက်ရောင်အလင်းက အသက်ရှူသွင်းနေသကဲ့သို့ မှိတ်ချည်ဖွင့်ချည် လင်းလက်နေသည်။
ရှစ်ဖုန့်ကြောင့်လုံချန်မှာလည်းမသိလိုက်ပါဘဲ သူ့အပေါ်တွင် သက်ရောက်မှုတို့ဖြစ်လာခဲ့သည်။ သူသည်လည်း ကြမ်းပြင်ပေါ်တွင်ထိုင်၍ စတင်နားလည်ဘဘောပေါက်ရန် ဆင်ခြင်လိုက်သည်။
မူလက စိတ်ရှုပ်ထွေးသော အမူအယာဖြစ်နေသည့်နလန်ယွမ်မှာ ရှစ်ဖုန့်ထုတ်လွှတ်ထားသော ဓားရိပ်တို့တွင်ပါဝင်သည့် ဓားအဓိပ္ပါယ်တို့နှင့် ဖြည်းဖြည်းချင်း ခိုင်မာမြဲမြံမှုတို့ဖြစ်လာသည်။
နောက်ဆုံး၌ ရှစ်ဖုန့် ဖန်တီးလိုက်သော သိပ်သည်းသည့် အဖြူရောင်ဓားချီ တို့က “ဝူ တာအို”စကားလုံးနှစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။
နလန်ယွမ်၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာတုန်ခါလာသည်။
“ငါ..ငါနှစ်ပေါင်းများစွား ပြဿနာတက်ပိတ်ဆို့ကြန့်ကြာနေတဲ့ အဆင့်က ငါ…ငါစပြီးပြေလျော့လာသလိုခံစားရတယ်..ငါအဆင့်ချိုးဖြတ်တော့မယ်လို့ ခံစားရတယ်”
နလန်ယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ သူသည် အရမ်း စိတ်လှုပ်ရှားလွန်းသောကြောင့် ထပင်ခုန်မိတော့မတတ်ဖြစ်နေသည်။
“နှစ်ဆယ့်တစ်နှစ်..ငါနှစ်ဆယ့်တစ်နှစ် အပတ်တကုတ်ကြိုးစား အားထုတ်ခဲ့ရတာ.အခု နောက်ဆုံးတော့ ငါ ငါ ဒီခံစားချက် ကိုခံစားနေရပြီ”
ထို့နောက်တွင် နလန်ယွမ်က ကြမ်းပြင်ပေါ်တွင် ထိုင်ရန်အတွက်မစောင့်နိုင်တော့ပေ။ သူက တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး စတင်၍ ကျင့်ကြံလိုက်သည်။
ရှစ်ဖုန့်က သူ့ဓားနှင့်ကခုန်နေမှုကို ရပ်တန့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ကာ စတင်နားလည်သဘောပေါက်ရန်ဆင်ခြင်နေကြ
သော သူများကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင်နလန်ယွမ် ပေါ်သို့သူ့အကြည့်တို့ကျရောက်သွားသည်။
သူ့အနေဖြင့် နလန်ယွမ်၏ အဟုန်တို့ပြောင်းလဲ နေမှုတို့ကို အာရုံခံမိပြီးဖြစ်သည်။ ဘာမတော်တဆမှုတို့သာ မဖြစ်ခဲ့ပါက သူ့အနေဖြင့် ဘိုးဘေးနယ်ပယ်အဆင့်ကို ချိုးဖြတ်တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က တစ်ခြားတစ်ဖက်တွင် ထိုင်နေသောလုံချန်ထံမှ အဖြူရောင်အလင်းလတ်လာသည်ကို တွေ့လိုက်ရသည်။
သူက ကြယ်ရှစ်ပွင့် ဆရာသခင်နယ်ပယ်မှ ကြယ်ကိုးပွင့်ဆရာသခင်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ခဲ့ခြင်းဖြစ်သည်။
“သခင်လေးဖုန့်”
လုံချန်က သူ့မျက်လုံးတို့ကိုဖွင့်လိုက်ပြီး ရပ်နေသော ရှစ်ဖုန့်ကို ကြည့်လိုက်သည်။ သူကပြောလိုက်သည်။
“ငါလည်းအဆင့်ချိုးဖြတ်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး”
“ငါ့ရဲ့ ဓား အဓိပ္ပါယ်ကို မင်းအာရုံခံမိပြီးတဲ့နောက်မှာ ..မင်းလို ဆရာသခင်နယ်ပယ်တစ်ယောက်က အဆင့်မချိုးဖြတ်နိုင်ဘူးဆိုရင်လည်း အနာဂတ်မှာ သိုင်းပညာလမ်းကြောင်းကို မင်းလက်လျော့လိုက်ဖို့ပဲသင့်တယ်”
ရှစ်ဖုန့်က တဲ့တိုးပင်ပြောလိုက်သည်။
“ဟားဟား”
ရှစ်ဖုန့်၏ စကားကိုကြားပြီးသည့်နောက်တွင် လုံချန်ကရယ်မောလိုက်သည်။
“သခင်လေးဖုန့်ရဲ့အကူအညီနဲ့သာဆိုရင် လုံချန်ဆိုတဲ့ငါ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး ယုံကြည်ချက်ရှိလာပြီ..ငါသာ ယင်လိုင်အင်ပါယာကြီးကို သိမ်းပိုက်စိုးမိုးနိုင်ခဲ့ရင် လုံချန်ဆိုတဲ့ငါက သခင်လေးဖုန့်နဲ့အတူ မျှဝေဖို့ကို ဆန္ဒရှိပါတယ်”
သို့သော် ရှစ်ဖုန့်က သူ့ခေါင်းကို ခါယမ်းပြီးပြောလိုက်သည်။
“ငါ့မှာ မင်းကမ္ဘာနဲ့ ပက်သက်ပြီး စိတ်ဝင်စားမှုမရှိဘူး… ကျယ်ပြောလှတဲ့ ပြင်ပက ကောင်းကင်ပြင်ကြီးကသာ ငါနဲ့ အစစ်အမှန်ဆက်နွယ်နေတဲ့ အရာပဲ…ငါမင်းအတွက် ရာဇပုလ္လင်ကို သိမ်းပေးပြီး မင်းကို သက်တောင့်သက်သာနဲ့ထိုင်လို့ရအောင်လုပ်ပေးမယ်လို့ငါကတိပေးတယ်….အနာဂတ်မှာငါယွင်လိုင်အင်ပါယာကနေ ထွက်သွားတဲ့အချိန်ကြရင် မင်းအနေနဲ့ငါ့အမေနဲ့ ညီမဖြစ်သူကို ဘာစိုးရိမ်ပူပန်မှုမှ ရှိစရာမလိုတဲ့ ဘဝမျိုးမှာ ထားပေးရမယ်”
ဆက်ရန်..
ဘာသာပြန်သူ-ARISE