← Chapters

အပိုင်း (၁၂၅)

Vol. 9 Ch. 125

အပိုင်း (၁၂၅)

Vol. 9 Ch. 125

"နောက်ပိုင်း ငါယွင်လိုင်အင်ပါယာကနေ ထွက်သွားတဲ့ အချိန်ကြရင်မင်းငါ့အမေနဲ့ ညီမေလးကို ပူပင်ကြောင့်ကြမဲ့တဲ့ ဘဝမျိုးမှာ ထားပေးရမယ်.."

"အသေအချာပဲပေါ့"

လုံချန် စိတ်ပိုင်းဖြတ်ထားသော အမူအယာဖြင့်ပြောလိုက်သည်။

"သခင်လေးအမေက ငါ့အမေဖြစ်သလို..သခင်လေးညီမလေးကလည်း ငါ့ညီမလေးပဲပေါ့.."

"အင်း"

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။

"သခင်လေးဖုန့် ငါ့ဆရာက မင်းကို ဒါကိုပေးပေးဖို့ တောင်းဆိုလိုက်တယ်"

ထို့နောက်လုံချန်က လုံးဝဖြူစွတ်နေသော ကျောက်တုံးတစ်တုံးကို သူ့သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်သည်။

ရှစ်ဖုန့်မှာ ထိုအရာအား မြင်တွေ့လိုက်ရသော အခါတွင် သူ့မျက်လုံးတို့ ရုတ်တရက် ကျဉ်းမြောင်းစွာကြည့်မိလိုက်၏။

"ယင် စိတ်ဝိညာဉ်ကျောက်တုံး"

ယင်စိတ်ဝိညာဉ်ကျောက်တုံးတို့မှာ ယင်စွမ်းအင်များ သာလွန်များပြားသိပ်သည်းစွာ ရှိနေသော နေရာမှာ ဖြစ်တည်မွေးဖွားလာသည့် ကောင်းကင်နှင့်မြေကြီး၏သဘာဝ ရတနာတစ်ပါးဟု ပြောကြသည်။ ၎င်းတို့ထဲတွင် သိပ်သည်းပြီး သန့်စင်သော ယင်စွမ်းအင်တို့ပါရှိသည်။

ယေဘုယျစကားဖြင့်ပြောရမည်ဆိုလျှင် ယင်စိတ်ဝိညာဉ်ကျောက်တုံးတို့အှာ ယင်စွမ်းအင်များ သာလွန်သိပ်သည်းစွာပေါသော နေနှင့် ပက်သက်ဆက်နွယ်နေသည့် ယင်အဆီအနှစ်များပါဝင်နေသော အရာတစ်ခုပင်ဖြစ်လေသည်။

ရှစ်ဖုန့်လို ငရဲဘုံးကိုးခု ပညာရပ်ကို ကျင့်ကြံသော သူအတွက် ၎င်း ကျင့်ကြံခြင်းရတနာတစ်ခုပင်ဖြစ်လေသည်။

ရှစ်ဖုန့်က ယင်စိတ်ဝိညာဉ်ကျောက်တုံးကို လုံချန်၏ လက်ထဲမှာ အနည်းငယ် တုန့်ဆိုင်း ယဉ်ကျေးသွေ့မွေ့နေခြင်းပင်မရှိပဲ ယူလိုက်သည်။

လုံချန်ကပြောလိုက်သည်။

"ဒီ ယင်စိတ်ဝိညာဉ်ကျောက်တုံးကို ဆရာက အစောပိုင်းရက်တွေတုံးက မတော်တဆရခဲ့တာ..သခင်လေးဖုန့် က ငရဲဘုံကိုးခုဧကရာဇ် နဲ့ ပက်သက်ဆက်နွယ်နေတဲ့သူဖြစ်ပြီး ဒါက သခင်လေးအတွက် အရမ်းအသုံးဝင်နေလိမ့်မယ်ဆိုတာကို သိနေခဲ့တယ်..ဒါကြောင့် သူက ဒါကို သခင်လေးဖုန့်ကို ကျေးဇူးတုန့်ပြန်တဲ့အနနဲ့ ပေးခဲ့တာ"

ရှစ်ဖုန့်က လုံချန်ကို ခေါင်းညိမ့်ပြပြီး ယင်စိတ်ဝိညာဉ်ကျောက်တုံးအတွင်းရှိ ယင် စွမ်းအင်တို့ကို အာရုံခံကြည့်လိုက်သည်။ သူသာ ယင်စိတ်ဝိညာဉ်ကျောက်တုံးအတွင်းရှိ သိပ်သည်းလှသော သန့်စင်ယင်စွမ်းအင်အားလုံးအား စုပ်ယူခဲ့လျှင် သူ၏ ကျင့်ကြံမှုမှာ ကြယ်တစ်ပွင့် တိုးမြင့်သွားမည်ဖြစ်ပြီး သူ့အနေဖြင့် ကြယ်လေးပွင့် ဘုရင်နယ်ပယ်အဆင့်ကို ချိုးဖြတ်ဝင်ရောက် နိုင်လိမ့်မည်ဖြစ်သည်။

အင်ပါယာအကြံပေး ဆရာသခင် အိမ်တော်သို့ လာရသော ခရီးက အချည်းနှီးမဖြစ်ပေ။

"တကယ်တော့ ဆရာက သခင်လေးဖုန့်အနေနဲ့ သူ့ကို ဒီတစ်ကြိမ်မှာ အဆင့်ချို့ဖြတ်နိုင်အောင် လုပ်ပေးနိုင်သည်ဖြစ်စေ မလုပ်ပေးနိုင်သည်ဖြစ်စေ ဒီပစ္စည်းက သခင်လေးဖုန့်အတွက် အသုံးဝင်တာကြောင့် သခင်လေးဖုန့်ပို ပေးမယ်လို့ ပြောထားခဲ့တာပါ...ဒါကြောင့်လဲ ဒါကို ငါနဲ့အတူ ပေးထားခဲ့တာ.."

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

"ငါလည်း ဒီမှာပဲ ကျင့်ကြံလိုက်တော့မယ်..မင်းပြန်သွားတဲ့အခါ ငါအမေကို ငါ့မှာလုပ်စရာအချို့ရှိနေလို့ ဒီနေ့ပြန်မလာတော့ဘူးလို့ ပြောလိုက်ပါ "

ရှစ်ဖုန့်ကကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ငရဲဘုံကိုးခု ပညာရပ်ကို အသုံးပြု၍ ယင်စိတ်ဝိညာဉ်ကျောက်တုံးအတွင်းရှိ ယင်မူလစွမ်းအင် တစ်ဖြစ်လည်း ယင်ချီတို့ကို စတင်စုပ်ယူလိုက်သည်။

"ဒါကိုကြည့်ရသေလောက်..သူထပ်ပြီးတော့ ပိုပြီး သန်မာအစွမ်းထက်လာတော့မဲ့ပုံပဲ.."

လုံချန်က တိတ်တဆိတ်သူ့ခေါင်းကိုခါယမ်းလိုက်သည်။

ထို့နောက်သူက နလန်ယွမ်နှင့် ပဟေဠိဆန်သော သူကို ကြည့်လိုက်သည်။သူတို့ အချိန်တစ်ခုအထိ နိုးလာအုံးမည်မဟုတ်သေးကြောင်းသိလိုက်သော အခါတွင် လျှို့ဝှက် အခန်းအတွင်းမှာ သူတစ်ယောက်တည်း လျှောက်လှမ်းထွက်လာလိုက်သည်။

ရှစ်ဖုန့်ကသူ့လက်ထဲတွင် ယင်စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ထားပြီး ငရဲဘုံကိုးခုနည်းစနစ်ကို စတင်အဆက်မပြတ်လှည့်ပတ်စေလိုက်သည်။

ရုတ်ချည်း ပမာဏ များပြားလှသော သန့်စက်ယင်ချီတို့က ယင်စိတ်ဝိညာဉ်ကျောက်တုံးထံမှာ စီးဆင်းထွက်လာသည်။ ၎င်းမှာ တစ်ဟုန်ထိုးစီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ဖြစ်ကာ ဆက်လက်အရှိန်အဟုန်ဖြင့်စီးဆင်းလာပြီး ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။

သူ၏ခန္ဓာကိုယ်က လျှင်မြန်စွာ ယင်ချီတို့ပြည့်နှက်လာပြီးနောက် သူ၏ ဒန်တန်ထဲတွင် စုစည်းသွားကြသည်။

အချိန်တို့ ကုန်ဆုံးသွားပြီးသော အခါတွင် ရှစ်ဖုန့်၏ ကိုယ်မှ ရုတ်တရက် အဖြူရောင် အလင်းလင်းလက်လာပြီး ကြယ်လေးပွင့်ဘုရင်နယ်ပယ်သို့ သူဝင်ရောက်သွားခဲ့သည်။

အချိန်အတိုင်းအတာ ပမာဏတစ်ခုအထိကြာမြင့်သွားပြီးနောက် ရှစ်ဖုန့်လက်အတွင်းရှိ ယင်စိတ်ဝိညာဉ်ကျောက်တုံးမှာ မီးခိုးရောင်အဖြစ်သို့ပြောင်းလဲသွားပြီး  ရုတ်တရက် ကွဲကြေသွားသည်။

ကျင့်ကြံမှုအလယ်တွင် ရှိနေသော ရှစ်ဖုန့်က ဖြည်းဖြည်းချင်း သူ့မျက်လုံးတို့ကိုဖွင့်လိုက်သည်။

သူက သူ့ခေါင်းကို အတွင်းကျိတ် ခါယမ်းလိုက်သည်။

စိတ်မကောင်းစရာပင်ဖြစ်သည်။ ယင်စိတ်ဝိညာဉ်ကျောက်တုံးသည် အလွန်ရှားပါးလှ‌သော အရာဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အဆင့်တက်ရန်သူ့စွမ်းအင်အတွက် စိုးရိမ်နေစရာလိုလိမ့်မည်မဟုတ်ပေ။

သူ့အတွင် ယင်စိတ်ဝိညာဉ်ကျောက်တုံးအတွင်းမှ ယင်ချီတို့ကို စုပ်ယူခြင်းက သူ့အတွက် နှစ်ရက်နီးပါးကြာမြင့်သည်ကို ရှစ်ဖုန့်သိသည်။

“သခင်လေးဖုန့်..နောက်ဆုံးတော့ မင်းနိုးလာပြီးပဲ…”

လုံချန်က ရှစ်ဖုန့်မှာ ကျင့်ကြံခြင်းမှနိုးထလာသည်ကို မြင်ရသောအခါတွင် ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာ လျှောက်သွားလိုက်သည်။ လုံချန်၏ မျက်နှာကိုကြည့်ခြင်းဖြင့် တစ်ခုခုဖြစ်ပျက်နေပြီဖြစ်သည်ဟု ရှစ်ဖုန့်ခံစားရသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဘာတွေဖြစ်သွားခဲ့လဲ”

ရှစ်ဖုန်ု့က မေးလိုက်သည်။

“အဲ့တာက သခင်လေးဖုန့်နဲ့ ပက်သက်နေတဲ့ ကိစ္စပဲ”

လုံချန်ကပြောလိုက်သည်။

“ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ဆက်ခံသူတွေကအသတ်ခံခဲ့ရတယ်”

“အခုဆိုရင် ယွင်လိုင်အင်ပါယာတစ်ခုလုံးက အဲ့တာကိုလုပ်ခဲ့တဲ့သူက သခင်လေးဖုန့်ဆိုတာကိုသိနေကြပြီ..ဂိုဏ်းသုံးဂိုဏ်းရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့  တပည့်တွေကို ဦးဆောင်ပြီးတော့ အင်ပါယာမြို့တော်ကိုလာခံတယ်…ကောင်းကင်ဘုံလေဂိုဏ်းကလည်း ဖုန်လောဟန်နဲ့ သူတို့ရဲ့ ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်တယ်”

“အိုး”

“သူတို့မြန်မြန်ရောက်လာကြသားပဲ”

ရှစ်ဖုန့်က ခေါင်းညိမ့်ကာ ပြောလိုက်သည်။

“သူတို့တွေ အင်ပါယာမြို့တော်ကို လာတဲ့လမ်းမှာ သတ်တာဖြတ်တာတွေကိုလုပ်လာကြသေးလား”

“ဟင့်အင်း “

လုံချန်က သူ့ခေါင်းကိုခါယမ်းလိုက်ပြီးပြောလိုက်သည်။

“ငါတို့ အင်ပါယာမြို့တော်က အင်အားကြီးမားနေဆဲပဲ ဘယ်လိုလုပ်ပြီး ဒီဂိုဏ်းတွေကို အရမ်းကာရော ရဲတင်းခွင့်ပြုနိုင်မှာလဲ”

“သို့ပေမဲ့ ဂိုဏ်းကြီးလေးဂိုဏ်းက မြို့ဂိတ်လေးဂိတ်မှာ စောင့်ကြည့်တဲ့သူတွေကို နေရာချထားပြီးသွားပြီ”

“သခင်လေးဖုန့် ဝင်လာတာနဲ့တပြိုင်နက် သူတို့တွေက သခင်လေးကို သနားညှာတာမဲ့ သတ်ပစ်လိမ့်မယ် …ငါ့အဖေက သူတို့ရဲ့ အပြုအမူတွေအတွက် မျက်စိမှတ်ခေါင်းညိမ့် သဘောတူခဲ့ပြီးပြီ”

“ဟမ့်..သူတို့ကငါ့ကို အင်ပါယာမြို့ထဲမှာ ထောင်ပြီး ဖမ်းချင်တယ်ပေါ့လေ..”

ရှစ်ဖုန့်က အေးစက်စွာ နှာမှုတ်လိုက်သည်။

“အခုအလုံခြုံဆုံးနေရာက ဆရာ့ရဲ့အိမ်တော်မှာပဲ..ဆရာသာဒီမှာရှိနေတယ်ဆိုရင် သူတို့တွေ အရမ်းကာရော ပြုမူရဲမှာ မဟုတ်ဖူး ..သခင်လေးဖုန့် မင်းနေနဲ့ ဒီမှာ နေပြီး ခဏလောက်ပုန်းအောင်းနေတာက ပိုကောင်းလိမ့်မယ်”

လုံချန်ကပြောလိုက်သည်။

“ပုန်းရမယ်တဲ့လား”

“ သူတို့က ဒီမှာရောက်နေမှာတော့လည်း ဒီသခင်လေးက ကိုင်တယ်ပေးရတော့မှာပေါ့ အရင်ဆုံး ကောင်းကင်ဘုံလေဂိုဏ်းနှင့်စမယ် ဒီသခင်လေးက အဲ့နံပါတ်တစ်ဂိုဏ်းဆိုတာကို အမုန်းဆုံးပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းကင်ဘုံလေဂိုဏ်းက အရှေ့ဘက်ဂိတ်မှာရှိတယ်…သူတို့ကိုခေါင်း

ဆောင်တာက ဖုန်လောဟန်ပဲ..ဖုန်လောဟန်က ဒီမှာ‌ရောက်နေတဲ့ ကျွမ်းကျင်သူတွေထဲမှာ အားအနည်းဆုံးဆိုပေမဲ့ သူက ကြယ်လေးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်နေတုံးပဲ..သူ့နောက်မှာကောင်းကင်ဘုံလေဂိုဏ်းက ကျွမ်းကျင်သူ အယောက် သုံးဆယ်ပါလာသေးတယ်”

လုံချန်ကပြောလိုက်သည်။

“သူနတ်ဆိုးသားရဲတောင်တန်းကို ဝင်ရောက်ခဲ့တုံးက သူလည်းလွတ်မြောက်လာခဲ့တယ် ဒါပေမဲ့ ဒီကိုရောက်လာမှတော့ သူဒီတစ်ကြိမ်တော့ မလွတ်စေရဘူး”

ရှစ်ဖုန့်စကားပြောပြီးသောအခါတွင် သူ့အောက်ရှိမြေပြင်က ရုတ်တရက် နွွွံအိုင်တစ်ခုကဲ့သို့ဖြစ်လာသည်ကို လုံချန်တွေ့လိုက်ရသည်။ရှစ်ဖုန့်ကထိုထဲသို့နစ်ဝင်သွားပြီးမကြာခင်တွင်လုံချန်၏ မျက်လုံးရှေ့မှပျောက်ကွယ်သွားသည်။

လုံချန်မှာ ယခင်က ယင်မိစ္ဆာကို မြင်တွေ့ဖူးသည်။ရှစ်ဖုန့်မှာ ယင်အလောင်းကောင်၏ မြေမှော်ကို အသုံးပြုပြီး မြေကြီးထဲသို့ဝင်ရောက်သွားခဲ့သည်ကိုသူသိလေသည်။

“ဒီမွန်းစတားကတော့ ကမ္ဘာကြီးကို ထပ်ပြီးတုန်လှုပ်စေမဲ့ တစ်စုံတစ်ခုကို သွားလုပ်ပြန်ပြီ”

လုံချန်ကပြောရင်းခါးသက်စွာပြောလိုက်သည်။

အစောပိုင်းက ဤမွန်းစတားထံမှ ဖုန်လောဟန်အား တစ်စုံတစ်ခုလုပ်ရန်သွားမည်ဟူသော စကားသံကိုသူကြားခဲ့ရသည်။

ဖုန်လောဟန်မှာ ကြယ်လေးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သည်။ သူသည် ယွင်လိုင်အင်ပါယာ၏ထိပ်တန်းအဆင့် ကျွမ်းကျင်သူဆယ်ယောက်တွင်နံပါတ်ရှစ်ချိတ်

သောသူဖြစ်လေသည်။

“ဒီတစ်ကြိမ် ဒီမွန်းစတားက ထပ်ပြီး မွန်းစတားဆန်အုံးမလားဆိုတာကိုငါမသိဘူး ..သူအဲ့လိုတော့လုပ်နိုင်သင့်တယ်..”

ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ကျော်ဖြတ်ပြီးနောက်တွင် ထိုမွန်းစတားနှင့်ပက်သက်ပြီး လုံချန်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး ယုံကြည်ချက်ရှိလာသည်။

တစ်ချိန်က အနိုင်အခံအရှုံးမပေးတတ်သောသူ၏ ဆရာဖြစ်သူပင် ဤ မွန်းစတား၏ လမ်းညွှန်ပြသပေးမှုကြောင့် နှစ်ဆယ့်တစ်နှစ်ကြာ တစ်ဆို့ကြန့်ကြနေမှုတို့အား ချိုးဖြတ်နိုင်ခဲ့သည်။

ယခု ရှစ်ဖုန့်ကအင်ပါယာမြို့သို့လာခဲ့သော ကြယ်လေးပွင့်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်အား သတ်မည်ဟုပြောခဲ့သည်။ သူကတောင်ထိုသို့ ပြောရဲလျှင် လုံချန်မှာလည်း ယုံကြည်နိုင်ဖို့ဖြစ်နိုင်လောက်သည်ဖြစ်သည်။

အင်ပါယာမြို့ အရှေ့ဘက်ဂိတ် အပြင်ဘက်တွင် ကောင်းကင်ထက်၌ ထက်ရှသော အစွယ်နှစ်ခုတို့ရှိသည့် အစိမ်ရောင်တောင်ပံလင်းနို့တို့ဖြင့်ပြည့်နေသည်။ ၎င်းတို့က ၎င်းတို့၏ အစိမ်းရောင် အတောင်ပံတို့ကို ဖြည်းညှင်းစွာခတ်နေပြီး လေထဲတွင်ရပ်နေကြသည်။

အစိမ်းရောင်လင်းနို့တစ်ကောင်ဆီတိုင်း၏ အပေါ်တွင် သိုင်းပညာရှင်တစ်ယောက်စီက ရပ်နေလျှက် သို့မဟုတ် ထိုင်နေလျှက်ရှိကြသည်။လိုက်ပါလာခဲ့သော သိုင်းပညာရှင်များအားလုံးမှာ ကောင်းကင်ဘုံလေဂိုဏ်း၏ လက်ရွေးစင်များဖြစ်ကြသည်။အနိမ့်ဆုံးကျင့်ကြံမှု အဆင့်မှာ စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သည်။

အကြီးဆုံး အစိမ်းရောင်တောင်ပံလင်းနို့၏ အပေါ်တွင် ထိုင်ခုံတစ်လုံးရှိသည်။  ဖုန်လောဟန်က ထိုင်ခုံပေါ်တွင် ပျင်းရိလေးတွဲ့စွာထိုင်နေသည်။ သူ့လက်ထဲတွင် ဖောက်ထွင်းမြင်ရသောဝိုင်ခွပ်တစ်ခုကို ကိုင်ထား၏။ ဝိုင်ခွပ်ထဲတွင် အနီရောင်ဝိုင်က ခွပ်တစ်ဝက်ခန့်ရှိသည်။ ဖုန်လောဟန်က ဝိုင်အားကျနစွာ အရသာခံနေသည်။

ဤစစ်ဆင်ရေးအတွက်မူ ယင်းနဲ့ပက်သက်ပြီး ဖုန်လောဟန်မှာ များစွာဂရုစိုက်ခြင်းမရှိပေ။ အဆင့်နှစ်သန့်စင်သူနှင့် ယင်ယန်တမာန်တော်တို့အားသတ်သွားသောလူတစ်ယောက်ကိုဖမ်းဆီးရန်သာဖြစ်သည်။

အဓိကလုပ်ဆောင်ရမည့် အရာမှာ တစ်ခြာဂိုဏ်းသုံးဂိုဏ်း၏ ပွက်လောရိုက်မှုများကို စောင့်ကြည့်ရန်သာဖြစ်သည်။ ဖုန်လောဟန်သည်လည်း ဘယ်လိုလူစားမျိုးက သူ့ကောင်းကင်ဘုံလေဂိုဏ်းမှလူများနှင့် တစ်ခြားဂိုဏ်းသုံးဂိုဏ်းမှာ သခင်လေး သခင်မလေးတို့ကို သတ်ရဲသနည်းဆိုသည်အား သိချင်မိသည်။

နောက်ဆုံးအကြိမ်သူနတ်ဆိုးသားရဲတောင်တန်းထံသို့ဝင်ရောက်စဉ်က သားရဲတို့၏ စကားကိုနားလည်သော သူ့လက်အောက်ငယ်သားပြောသည်မှာ ထိုလူပေါ်လာခဲ့သည်ဟုဆိုသည်။ ထို့အချိန်ကသူ့အနေဖြင့် ထိုလူအားဖမ်းဆီးပြီး သတ်ပစ်ချင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ့အနေဖြင့်နတ်ဆိုးသားရဲတောင်တန်းမှ လွတ်အောင်ထွက်ပြေးခဲ့ရပြီး သူ့အသက်ပင် ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့ရသည်။ သူ့ဂရုတောင်မထားသော မဖြစ်စလောက်လေးအားမည်ကဲ့သို့သတ်ရန်ဂရုစိုက်နိုင်ပါမည်နည်း။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters