အပိုင်း(၁၂၆)
Vol. 9 Ch. 126
ရုတ်တရက် အစိမ်းရောင်တောင်ပံလင်းနို့တို့ကို စီးနင်းထားကြသော ကောင်းကင်ဘုံလေဂိုဏ်းတပည့်တို့က ဟင်းလင်းပြင်ထဲမှ ဖုန်လောဟန်ထံသို့ ပျံသန်းလာကြသည်။
ဖုန်လောဟန်က သူ့လက်ထဲတွင်ကိုင်ထားသောဖန်ခွက် အတွင်းရှိ ဝိုင်ကို ဆက်လက်၍ တစိမ့်စိမ့် အရသာခံနေပြီး မေးလိုက်သည်။
“ဟိုဘက်မှာ အခြေအနေတွေဘယ်လိုရှိလဲ”
“ဂိုဏ်းဒုခေါင်းဆောင်ကို သတင်းတင်ပြပါတယ်”
ထိုတပည့်က ပြန်ဖြေလိုက်သည်။
“ရေခဲနှင်းတောင်ကြား ဘက်မှာဘာပြောင်းလဲမှုမှ မရှိပါဘူး..ခရမ်ရောင်မိုးကြိုးဂိုဏ်းခေါင်းဆောင်လဲ့ကမ်းနဲ့ သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင် ရွှယ်တုတို့က အင်ပါယာမြို့တော်ထဲကို အတင်းဝင်ပြီးတော့ အဲ့ကောင်စုတ်လေးကို ဖမ်းဖို့ကြိုးစားခဲ့ပါတယ်”
“ဟားဟား”
ထိုအရာအားကြားလိုက််ရသောအခါတွင် ဖုန်လောဟန်ကရယ်၍ပြောလိုက်သည်။
“တစ်ယောက်ကသားသေတဲ့အချိန်မှာ နောက်တစ်ယောက် ကမြေးသေတယ်…သူတို့အခု လူသတ်သမားက အင်ပါယာမြို့တော်ထဲမှာ ရှိနေတယ်ဆိုတာကို သိသွားချိန်မှာ အဲ့သက်ကြားအိုကြီးနှစ်ကောင်က မစောင့်နိုင်တာ သဘာဝပဲ..သူကအခု အဲ့သက်ကြားအိုကြီး နလန်ယွမ်ရဲ့ အိမ်တော်ထဲမှာပုန်းအောင်းနေတယ်ဆိုတာကို သူတို့ကောင်းကောင်းသိကြတယ်လေ”
“ဟုတ်ကဲ့”
ဖုန်လောဟန်၏စကားအားကြားလိုက်ရပြီးသည့်
နောက်တွင် ငယ်သားဖြစ်သူက ခေါင်းညိမ့်လိုက်သည်။
“အဲ့တာထက် နလန်ယွမ်က အဲ့ကောင်စုတ်လေးကို ခပ်မြင့်မြင့်တွေးထားတဲ့ပုံပဲ..လွန်ခဲ့တဲ့ရက်အနည်းငယ်တုံးက မွေးနေ့ဂုဏ်ပြုစားပွဲမှာ သူက သူ့မွေးနေပွဲကို တက်ရောက်လာခဲ့တဲ့ ဩဇာတိက္ကမရှိတဲ့ သူတွေအားလုံးကို ဆူပူကြိမ်းမောင်းခဲ့တယ်တဲ့ ..အဲ့ထက်ပိုတာက သူကအားလုံးကိုတောင် အိမ်တော်အပြင်ဘက်ကို မောင်းထုတ်လိုက်သေးတယ်”
“အဲ့သက်ကြားအိုကြီးနှစ်ကောင်ကိုသွားပြီးတော့ပြောလိုက် အရမ်းကမူးရှူးတိုး မလုပ်နဲ့လို့ အဲ့သူတောင်းစားလေး အင်ပါယာအကြံပေးပုဂ္ဂိုလ်အိမ်တော်ထဲကနေ သုံးရက်အတွင်းထွက်မလာခဲ့ရင် ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် နလန်ယွမ်ဆီကို အဲ့ကောင်စုတ်လေးအတွက် သွားပြီး တောင်းဆိုလိမ့်မယ်…နောက်ပြီး ငါတို့ကောင်းကင်ဘုံလေဂိုဏ်းကလည်း အဲ့ကောင်စုတ်လေးလက်ထဲမှာ ငါတို့လူတွေအသက်တွေ ဆုံးရှှုံးထားရသေးတာ
“ဖုန်လောဟန်ကပြောလိုက်သည်။ ယင်းမှာဖုန်လောဟန်ကဤနေရာရှိ အခြေအနေတို့အား ဂိုဏ်းခေါင်းဆောင်ထံသို့ပြန်လည်သတင်းပို့ပေး
ပြီးသည့်နောက်တွင် ခေါင်းဆောင် ဖုန်ချမ့်ယွီက သူ့အားပြန်လည်ပေးပို့ခဲ့သော သတင်းစကားပင်ဖြစ်လေသည်။
နှစ်ပေါင်းများစွာကြာ ဂိုဏ်းနှင့် အင်ပါယာတို့ကြား ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြသော်လည်း ဤတစ်ကြိမ် ဂယက်ရိုက်ခတ်မှုက ကြီးမားလွန်းလှသည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဆက်ခံသူတို့မှာသေဆုံးသွားခဲ့ကြသည်။ အဓိကဂိုဏ်းသုံးဂိုဏ်းက အမြဲ ကောင်းကင်ဘုံလေဂိုဏ်း၏ ဦးဆောင်မှုနောက်သို့လိုက်ခဲ့ကြသူများဖြစ်သည်။
ထိုလူသတ်သမားအား သတ်နိုင်မှသာ လူများအား ရွှေပြည်အေးတရား တိုက်ကျွေးနှစ်သိမ့်မှုဖြစ်စေလိမ့်မည်ဖြစ်သည်။
နလန်ယွမ်ကအနေဖြင့်သူ့အား ကာကွယ်ပေး၍ ရနိုင်မည်မဟုတ်ပေ။
ထိုသို့မဟုတ်ပါက ကောင်းကင်ဘုံလေဂိုဏ်းက သူ့အားကြောက်လန့်ခြင်းဖြစ်မည်ဟု အထင်ခံရလိမ့်မည်ဖြစ်သည်။သူတို့အနေ့ဖြင့် ဂိုဏ်းမှာ အင်ပါယာကိုလည်း ကြောက်နေမည်ဟု တကယ်တွေးထင်ကြလိမ့်မည်ဖြစ်သည်။
"ဟုတ်ကဲ့"
ဖုန်လောဟန်၏ စကားပိုကြားလို့ရသော အခါတွင် ကောင်းကင်ဘုံလေဂိုဏ်းမှတပည့်ဖြစ်သူက သူ့အောက်ရှိ အစိမ်းရောင်တောင်ပံလင်းနို့ကို ထိန်းချုပ်ပြီး တောင်ဘက်သို့ ဦးတည်ပျံသန်းသွားသည်။
ထိုတပည့်ထွက်ခွာသွားပြီးသော အခါတွင် ဖုန်လောဟန်မှာ ပက်လက်ကုလားထိုင်ပေါ်တွင်ဆက်လက်လှဲနေ
ပြီး သူ့လက်ထဲရှိ ဖန်ခွက်အတွင်းမှ ဝိုင်ကို ဆက်လက်၍ တစိမ့်စိမ့် အရသာခံနေသည်။
ဤနှစ်များအတွင်း ကောင်းကင်ဘုံလေဂိုဏ်းမှ တိတ်ဆိတ်စွာနေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
အင်ပါယာမြို့လည်ခေါင်၌ရှိနေသော အင်ပါယာနန်းတော်ထဲရှိ တော်ဝင်ဥယျဉ်၌ ပန်းပွင်းရာပေါင်းများစွာဖူးပွင့်ဝေဆာနေသည်။
ထိုဥယျဉ်ထဲတွင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ဦးက နဂါးပုလ္လင်တစ်ခု၏ ရှေ့တွင် ဒူးထောက်နေပြီးပြောလိုက်သည်။
"အရှင်မင်းကြီး..ဒါကဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတာပါပဲ"
နဂါးပလ္လင်၏ ဘေးနှစ်ဖက်လုံးတွင် လှပသော နန်းတွင်းအပျိုတော်နှစ်ယောက်ရှိသည်။
နဂါးပလ္လင်ထက်တွင် အဖြူရောင်ဆံပင်တို့ဖြင့် ရွှေရောင်လက်သည်းကိုးခု နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ရှိသည်။ သူသည်ယွင်လိုအင်ပါယာ၏ ထီးနန်းအရှင်သခင် ဧကရာဇ်ဖြစ်သူ လဲ့အောင်းပင်ဖြစ်သည်။
လဲ့အောင်းမှာ အသက်အရွယ်ကြီးနေပြီးဖြစ်ပြီး သူ့မျက်နှာကဖြူဖျော့နေသည်။သူ၏ အသားရောင်ကလည်း အရမ်းကောင်းမွန်မနေပဲ မျက်နှာမှာလူမမာတစ်ယောက်လိုပုံစံဖြစ်နေသည်။သို့သော် သူ၏ အသွင်အပြင်က တည်ကြည်လေးနက်ပြီး ခံညားသောဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားလေသည်။နဂါးတစ်ကောင် ကသူ၏ ကိုယ်ထဲတွင်ရှိနေသကဲ့သို့ဖြစ်သည်။
မသိပါက သူတကယ်တမ်းနာမကျန်းဖြစ်နေလျှင်တောင် သူအားနာမကျန်းဖြစ်နေသော သူတစ်ယောက်ဟု ယှဉ်တွဲကြည့်၍ပင် ရနိုင်လိမ့်မည်မဟုတ်ပေ။
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ဗိုလ်ချုပ်၏ တင်ပြမှုကိုနားထောင်ပြီးသည့်နောက်တွင် သူက အေးအေးဆေးဆေးပင် သူ့ပါးစပ်ကိုဖွင့်ဟပြောဆိုလိုက်သည်။
“အမိန့်ပြန်တမ်းထုတ်လိုက်..လက်အောက်ခံ
တောင်ပိုင်းနယ်မြေဘုရင် ရှစ်ကျင်းထျန်းကို မြို့တော်ဆီကို အမြန်ပြန်ခိုင်းလိုက်..အဆင့်မြင့်အထက်တန်း အရာရှိ ဟွင်းဖှေးကို မြို့တော်ကိုအမြန်ပြန်လာခိုင်း ..ကျင်းဖမ်းဘုရင်ကိုလည်း နန်းတော်ဆီကိုလာပြီးတော့ငါကိုယ်တော်နဲ့တွေ့ခိုင်းလိုက် ငါ့သားလုံရှင်းကိုလည်း နန်းတော်ထဲလာပြီး ငါ့ဆီကိုလာတွေ့ဖို့ပြောလိုက်”
“အင်ပါယာ အကြံပေးဆရာသခင်က ငါတို့ယွင်လိုင်အင်ပါယာရဲ့ အမာခံကျောရိုးပဲ.အင်ပါယာ အကြံပေးဆရာသခင်က ကာကွယ်ပေးတဲ့သူကို ငါတို့လုံမိသားစုကလည်း ကာကွယ်ပေးရမယ်..သူတို့တွေငါ့အင်ပါယာမြို့
တော်ကိုလာပြီးတော့ ဆိုးရွားတဲ့အလုပ်တွေ လုပ်မှာကို ခွင့်မပြုနိုင်ဘူး”
“ဟုတ်တယ်”
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ဗိုလ်ချုပ်က လေးစားစွာပြန်ဖြေလိုက်သည်။ ထို့နောက်သူက ထရပ်ကာ အမိန့်ကိုဖြန်ဝေရန်ထွက်လာသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ဗိုလ်ချုပ်ထွက်သွားပြီးသည့်နောက်တွင် လုံအောင်းက မေးစက်စွာနှာမှုတ်လိုက်သည်။
“ဒီဂိုဏ်းတွေကပိုပိုပြီး ရဲတင်းသထက်ရဲတင်းလာပြီ..သူတို့တွေငါ့ရဲ့ အင်ပါယာမြို့တော်ကို လာပြီးတော့ လူတောင်လာတောင်းရဲတယ်.သူတို့တွေက ငါတို့လုံမိသားစုကို အလွယ်တကူ အနိုင်ကျင့်လို့ရတယ်များထင်နေကြတာလားမသိဘူး”
“အရှင်မင်းကြီး..ကျွန်တော်မျိုးနားမလည်ပါဘူး”
ထိုအချိန်တွင် ပြည်သူ့ဝင်ထမ်းဝတ်ဆုံကို ဝတ်ဆင်ထားသော လုံအောင်းထံချဉ်းကပ်လာပြီး တော့ဦးညွှတ်လိုက်သည်။
“အိုး”
လုံအောင်းက မျက်မှောင်ကြုတ်လိုက်သည်။
“အရှင်မင်းကြီးအနေနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ လူသတ်သမားကိုဖမ်းဖို့အတွက် ဂိုဏ်းကြီးလေးဂိုဏ်းကို နားလည်မှုနဲ့ခွင့်ပြုပေးခဲ့တယ် မဟုတ်ပါလား…..”
လူအိုကြီးကပြောလိုက်သည်။ ထိုလူမှာ ရှစ်ဖုန့်ကြောင့် ငယ်ပါဖျက်ဆီးခံလိုက်ရသော ကျောက်ကျစ်ရှင်း၏ ဖခင်ဖြစ်သူ ကျောက်ချမ်ပင်ဖြစ်သည်။
ဂိုဏ်းကြီးလေးဂိုဏ်းမှဖမ်းဆီးချင်နေသော လူသတ်မားမှာ သူ့သား၏ငယ်ပါကို ဖျက်ဆီးခဲ့သောသူဖြစ်ကြောင်းကို သူနားလည်ထားပြီးဖြစ်လေသည်။ အင်ပါယာအကြံပေးဆရာသခင်၏ ပုဂ္ဂိုလ်အိမ်တော်မှ ဖြစ်ရပ်များသတင်းထွက်ပေါ်လာသော အခါတွင် အင်ပါယာအကြံပေးပုဂ္ဂိုလ်မှာ ထိုသူအားကာကွယ်ပေးခဲ့သည်ဟူ၍ပင်ကြားခဲ့ရသည်။ ထိုထက်ပိုသည်ကား ထိုသူ၌ အင်ပါယာနယ်ပယ် စွမ်းအားရှိနေသည်ဟု ကြားရပြီးနောက်တွင် ကျောက်ချမ်မှာ သူ့အတွက်လက်စားချေနိုင်ရန် မျှော်လင့်ချက်မဲ့သွားသလိုခံစားရသည်။ျ
သို့သော် ဂိုဏ်းသုံးဂိုဏ်းတို့၏ ရောက်ရှိလာမှုက သူ့အား တစ်ဖန်ပြန်လည်၍ မျှော်လင့်ချက်တို့ဖြစ်ပေါလာစေ၏။ သို့သော် ခုဏကလုံအောင်းသည် အင်ပါယာနယ်ပယ်အားလုံးအား အင်ပါယာမြို့တော်သို့ပြန်လည်၍ ခေါ်ဆောင်ခဲ့သည်။ ထိုအရာကိုကြည့်ခြင်းဖြင့် မင်းကြီးမှာ လူသတ်သမားအတွက် ဂိုဏ်းလေးဂိုဏ်းအား တကယ်ကိုဆန့်ကျင်တိုက်ခိုက်ချင်ပုံရ၏။
“နားလည်မှု အပေးအယူတဲ့လား”
ကျောက်ချမ်၏စကားအားကြားလိုက်ရသောအခါတွင် လုံအောင်းက အေးစက်စွာနှာမှုတ်လိုက်သည်။
“သူတို့တွေ တစ်စုံတစ်ယောက်ကို ဖမ်းဖို့ အင်ပါယာမြို့တော်ကိုလာမယ်လို့ကြားတုံးက ငါကသူတို့နဲ့သိပ်ပြီး စိတ်အနှောက်အယှက်ဖြစ်မခံချင်ခဲ့ဘူး..ဒါပေမဲ့ သူတို့က ငါ့အင်ပါယာမြို့တော်ကို ဘက်ပေါင်းစုံကနေလာပြီး ဝန်းရံထားရဲသေးတယ်…အကယ်၍ တစ်ကမ္ဘာလုံးကသာဒါကို ရှာဖွေတွေ့ရှိသွားရင် ငါ့ကိုလာပြီးတညံ့ဖျင်းတယ်ဆိုပြီး လှောင်ရယ်ကြလိမ့်မှာ မဟုတ်ဖူးလား”
“ငါ့ရဲ့ အင်ပါယာမြို့က သူတို့တေွ ထင်ရာစိုင်းလာလုပ်နေလို့ရတဲ့မြို့မဟုတ်ဖူး ကွ..ကျောက်ချမ် မင်းရူးများနေတာလား”
“ကျ .ကျွန်တော်မျိုး မှားသွားပါတယ်..ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ”
“ဟမ့်”
……
…………..
မြေအောက်ထဲရှိ ရှစ်ဖုန့်မှာ မြို့အရှေဘက်ရှိ လူသူကင်းဝေးရာတောအုပ်တစ်ခုသို့ရောက်ရှိ
လာခဲ့သည်။သူကမြို့အရှေိ့ပိုင်း အပြင်ဘက်ရှိ ဟင်းလင်းပြင်ကိုကြည့်လိုက်သောအခါတွင် အစိမ်းရောင်တောင်ပံလင်းနို့ဒါဇင်များစွာက လေထဲတွင် ပျံသန်းနေပြီး သူတို့၏ ကျောပေါ်၌လည်းကျင့်ကြံသူများက စီးနင်းထားကြသည်ကိုတွေ့လိုက်ရသည်။
“ဟမ့်”
ထိုလူများကိုကြည့်လိုက်ပြီး ရှစ်ဖုန့် ၏နှုတ်ခမ်းတို့အနည့်းငယ်တွန့်ကွေးသွားပြီး အေးစက်စွာပြုံးလိုက်သည်။ဤလူများမှ သူ့အသက်အားယူရန်အတွက်လာကြသောသူ
များဖြစ်ကြသည်။ ၎င်းတို့အနေဖြင့်သူ့အသက်အား ရယူလိုလျှင် ၎င်းတို့၏ အသက်များကိုလည်း သူ့လက်အတွင်း၌ ချန်ရစ်ထားခဲ့ရပေမည်။
“ဝေါင်း”
တောအုပ်ထဲတွင် ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ ဟိန်းဟောက်သံတိုးတိုးကို ကြားနိုင်သည်။
ရှစ်ဖုန့်၏ ခေါ်ဆိုမှုအောက်တွင် ငရဲဝုံပလွေက ရောက်ရှိလာသည်။ ၎င်းက ရှစ်ဖုန့်ရှေ့သို့ရောက်ရှိလာပြီး သူ၏ကြီမားသောကိုယ်ကြီးအား ရှစ်ဖုန့်၏ရှေ့၌ ဝပ်ဆင်းပေးလိုက်သည်။
ရှစ်ဖုန့်က ငရဲဝံပုလွေ၏ အပေါ်သို့ တက်လိုက်သည်။ ထို့နောက်တွင် မိုးကြိုးလျှပ်စီးဓားက သူ့လက်ထဲတွင်ပေါ်လာသည်။ သူကငရဲဝံပုလွေကိုအော်ပြောလိုက်သည်။
“ပျံတော့..ငါ့ကိုသူတို့နောက်ကိုလိုက်ပို့ပေး”
“ဝေါင်း”
ဝံပုလွေက ထပ်မံ၍ ဟိန်းလိုက်သည်။ ၎င်းက အနက်ရောင်တောင်ပံတို့ကို တဖျပ်ဖျပ်ခပ်လိုက်ပြီး ဝေဟင်ထဲသို့တက်လိုက်ပြီး လျှင်မြန်စွာဖြင့်တောအုပ်ထဲမှ ထွက်ခွာလိုက်သည်။ ထို့နောက်တွင် ၎င်းက လေကိုထိုးခွင်းပြီး ကောင်းကင်ဘုံလေဂိုဏ်း၏ သိုင်းပညာရှင်များရှိရာဦးတည်ချက်သို့ပျံသန်းလိုက်သည်။
“ဂိုဏ်းဒုခေါင်းဆောင်.ကျွန်တော်တို့နောက်မှာ လှုပ်ရှားမှုရှိနေပါတယ်”
ရုတ်တရက် ကောင်းကင်ဘုံလေဂိုဏ်းမှ တပည့်တစ်ယောက်က ဖုန်လောဟန်အနားသို့ရောက်လာပြီး တင်ပြလိုက်သည်။
“အိုး” တပည့်ဖြစ်သူ၏တင်ပြချက်ကို ကြားရသောအခါတွင် ဖုန်လောဟန်က သူ့ခေါင်းကိုလှည့်ကြည့်လိုက်သောအခါတွင် အနက်အရိပ်တစ်ခုက ဝေဟင် အကွာအဝေးတစ်ခုစီမှ လျှင်မြန်စွာပျံသန်းလာနေသည်ကိုတွေ့လိုက်ရသည်။
“ဒါက ..”
ဖုန်လောဟန်က တစ်ဟုန်ထိုးချဉ်းကပ်လာသော အနက်ရောင်အရိပ်ကိုမျက်မှောင်အနည်းငယ်
ကြုံ့ပြီးကြည့်လိုက်သည်။
“ဒီငယ်သားသာမမှားဘူးဆိုရင် အဆင့်လေးနတ်ဆိုးသားရဲရဲ့ ကျောပေါ်က သူက ကျွန်တော်တို့ဖမ်းဆီးချင်နေတဲ့သူဧကန်မုချပါပဲ”
ကောင်းကင်ဘုံလေဂိုဏ်းမှတပည့်ဖြစ်သူကပြောလိုက်သည်။
“အိုး “
“မင်းအမြင်မမှားဘူးမလား…အဲ့တာတကယ်ပဲသူလား”
ဖုန်လောဟန်က မျက်မှောင်ကို လေးနက်စွာကြုံ့လိုက်ပြီး နိမ့်ကျသောအသံဖြင့်တီးတိုး ရေရွတ်လိုက်သည်။
“ဒါက မဖြစ်နိုင်ဘူး ..သူကဘယ်လိုဖြစ်ပြီး နောက်ကျောဘက်ကနေလာတာလဲ ..အင်ပါယာမြို့တော်မှာ အပြင်ကိုထွက်နိုင်တဲ့ နောက်ထပ် လမ်းကြောင်းတစ်ခုရှိနေမှာသေချာတယ်..ဒါပေမဲ့ သူကထွက်ပြေးမှဆိုရင် သူ့အသက်အတွက် ထွက်ပြေးသွားသင့်တာလေ..ဘာလို့သူက ငါတို့ဆီကို ပျံသန်းလာရတာလဲ”
ဖုန်လောဟန်မှာရုတ်တရက်တစ်စုံတစ်ခုအားသ
ဘောပေါက်သွားပုံရသည်။ သူက ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ အော်ပြောလိုက်သည်။
“အဓိပ္ပါယ်မရှိလိုက်တာ ..ရဲတင်းလွန်းလိုက်တာ ..မြို့ဂိတ်တွေကိုစောင့်ကြည့်နေတဲ့ ဂိုဏ်းလေးဂိုဏ်းထဲမှာ ငါတို့ကောင်းကင်ဘုံလေဂိုဏ်းက လွယ်ကာရတဲ့အရာလို့သူကထင်နေတာလား ..တပည့်တွေနားထောင်ကြစမ်း”
ဖုန်လောဟန်က သူ၏ နောက်မှီကုလားထိုင်ပေါ်မှ ထရပ်လိုက်ကာ အစိမ်းရောင်တောင်ပံ လင်းနို့ပေါ်မှာ နောက်မှီကုလားထိုင်ကို ကန်ချလိုက်သည်။
“ဟုတ်ကဲ့”
ကောင်းကင်ဘုံလေဂိုဏ်း၏ တပည့်တို့က ပြိုင်တူအော်လိုက်ကြသည်။
“ဒီအရှင်နောက်ကလိုက်ပြီးတော့ အဲ့မာနကြီးစိတ်ကြီးဝင်နေတဲ့သူတောင်းစားကို အရှင်လတ်လတ် အရေခွံစုတ်ကြစမ်း”
ဆက်ရန်….
ဘာသာပြန်သူ-ARISE