← Chapters

လုပ်ဆောင်ရန် အဆင်သင့်

Vol. 11 Ch. 539

လုပ်ဆောင်ရန် အဆင်သင့်

Vol. 11 Ch. 539

နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာအလုံး ၂၀၀ရွှေ့ခြင်းသည် နောက်ဆုံးတော့ နာရီဝက်အကြာတွင် ပြီးစီးခဲ့ပြီဖြစ်သည်။ ချွေးများ စိုရွှဲနေသော အလုပ်သမားများကို မြင်သည့်အခါ ထန်ရှုက အနီးနားက ဆိုင်သေးသေးလေးဆီ ပြေးသွားပြီး လူတိုင်းအတွက် စီးကရက်နှစ်ဗူးနှင့် အမောပြေ သဘာဝရေသန့်တစ်ပုလင်းစီ ဝယ်ကာ ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ညီငယ်လေး။"

အလုပ်သမားများသည် စိတ်ရင်းမှန်ဖြင့် ပြုံးကာ ထန်ရှု၏ပေးကမ်းမှုကို လက်ခံပြီးနောက် ကျေးဇူးတင်စကား ဆိုကြသည်။ ဈေးသက်သာပြီး အရည်အသွေး သိပ်မမြင့်သော စီးကရက်တစ်ဗူးလျှင် ယွမ် ၂၀သာ ကျသင့်ပြီး အမောပြေရေသန့်သာ ဖြစ်သော်လည်း ထိုသေးငယ်သော အရာကပင် လူတို့၏နှလုံးသားကို နွေးထွေးစေသည်။

ထိုသူတို့နှင့် ယဉ်ယဉ်ကျေးကျေး အပြန်အလှန် ပြောဆိုပြီးနောက် ထန်ရှုသည် စွန်းယွဲ့ဆီသို့ လှည့်၍ ပြောလိုက်သည်။

“ဝိုင်လာပို့လို့ ပစ္စည်းချတဲ့အခါတိုင်း သူတို့အတွက် ဆေးလိပ်နှစ်ဗူးနဲ့ ရေသန့်တစ်ပုလင်း ပေးဖို့ သတိရပါ။”

"ကောင်းပါပြီ … ငါကိုယ်တိုင် လုပ်ပါမယ်။" စွန်းယွဲ့သည် ထန်ရှုကို လေးလေးစားစား တုံ့ပြန်လိုက်သည်။

ထန်ရှုက သူမကို ပြုံးပြပြီး ဓာတ်လှေကားဆီသို့ ချက်ချင်း လျှောက်သွားသည်။ ခလုတ်ကို နှိပ်နေရင်း ခန်းမအတွင်း သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို သူ ကြည့်လိုက်မိသည်။ နေ့လယ်စာစားချိန်ဖြစ်သဖြင့် ခန်းမတစ်ခုလုံးတွင် စားပွဲအနည်းငယ်မျှသာ လွတ်တော့ပြီး ကျန်စားပွဲပေါင်း လေးဆယ်နီးပါးတွင် ဧည့်သည်များအပြည့်ဖြစ်ကာ ဝန်ထမ်းများက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝန်ဆောင်မှု ပေးနေကြသည်။

သည်မြင်ကွင်းကို ကြည့်ရင်း စားသောက်ဆိုင်အား ယခုအခြေအနေထိ ဖွံ့ဖြိုးတိုးတက်စေရန် မိခင်ဖြစ်သူ မည်မျှ ကြိုးစားခဲ့ရသည်ကို ထန်ရှု အသိဆုံး ဖြစ်သောကြောင့် အတော်ပင် စိတ်ကျေနပ်မိရသည်။ သူ့အမေ ပျော်ရွှင်နေသရွေ့ အရာအားလုံးသည် ထိုက်တန်သည်ဟု သူ ခံစားရသည်။

စတုတ္ထထပ်သို့ရောက်သောအခါ ထန်ရှုသည် အထွေထွေမန်နေဂျာရုံးခန်းအား နံမည်ပြားဖြင့် တွေ့သောကြောင့် တံခါးသွားခေါက်လိုက်သည်။ အထဲသို့ ဝင်လာရန် မိခင်၏ပြောသံကို ကြားရသည့်အခါ တံခါးဖွင့်ပြီး သူ အထဲကို ဝင်သွားသည်။

" ရှုအာ … ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။"

ရုံးခန်းစားပွဲတွင် ထိုင်ပြီး စာရွက်စာတမ်း ဖတ်နေသည့် စုလင်းယွမ်က ထန်ရှု ဝင်လာသည်ကို မြင်သည့်အခါ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“တောင်နံရံရွာမှာရှိတဲ့ လုံမိသားစုရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့လို့ပါ အမေ။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော်တို့မိသားစုကလည်း အဲ့ဒီနေရာမှာ ပိုင်ဆိုင်မှုတွေ ရှိနေတော့ အခြေအနေကြည့်ဖို့ ရှန်ဟိုင်းကနေ အမြန်ပြန်လာခဲ့တာ။ ဒါကြောင့် အမေနဲ့တွေ့ဖို့ အဆင်ပြေသွားတယ်။"

"အရမ်း ပြင်းထန်လား ရှုအာ…" စုလင်းယွမ်က အလျင်စလို မေးလိုက်သည်။

“အဲ့ဒီမှာ ငါတို့ပိုင်ဆိုင်တာအချို့ ရှိတယ်လို့ ပြောလိုက်တာလား။ အဲ့ဒါကြောင့် ရှုပ်ထွေးနေတာလား။"

"မတော်တဆမှုက စီမံခန့်ခွဲပြီးပြီမို့ မကြာခင် ပြီးသွားတော့မှာပါ။" ထန်ရှုက ပြုံးလျက် ပြောသည်။

"နောက်ပြီး စိတ်မပူပါနဲ့။ ဒါက လုံမိသားစုက စီမံဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်တာမို့ ကျွန်တော့်ကို ပတ်သက်ဆက်နွယ်စရာ မရှိပါဘူး။"

စုလင်းယွမ်က စိတ်သက်သာရာရသွားဟန်နှင့် ပြုံးကာ ပြောလိုက်သည်။

"သားအဆင်ပြေနေတယ်ဆိုရင် ကောင်းပါတယ်။

ဘာပဲဖြစ်ဖြစ် သား ဒီကို အပြေးရောက်လာရတော့ ကျောင်းတက်ဖို့ နှောင့်နှေးနေမှာလား။”

"အမေက သားရဲ့ပညာရေးစွမ်းဆောင်ရည်ကို မသိသေးဘူးလား။" ထန်ရှုက ပြုံးလိုက်ရင်း

“ပထမနှစ် သင်ရိုးညွှန်းတမ်းကို ကိုယ်တိုင် လေ့လာပြီးသွားပြီ။ နေ့တိုင်း အတန်းတက်တဲ့အပြင် ကျောင်းစာကြည့်တိုက်ကို သွားပြီး စာအုပ်တွေ ငှားဖတ်တယ်။ ဗဟုသုတတွေကိုလည်း အများကြီး ပိုမို လေ့လာထားတဲ့အတွက် နောင်အနာဂတ်မှာ ကျွန်တော်က ပိုပြီး ကျွမ်းကျင်သိမြင်လာလိမ့်မယ်။ ဒါကြောင့် စိတ်မပူပါနဲ့ အမေ ကျွန်တော့်ရဲ့ လေ့လာမှုတွေက နှောင့်နှေးမှာ မဟုတ်ပါဘူး။”

စုလင်းယွမ်က အပြုံးဖြင့် ကျေနပ်စွာ ခေါင်းညိတ်ပြပြီး "သားက အတော်ဆုံးပဲဆိုတာ အမေ သိတာပေါ့ ဆန်နီ။ ဟုတ်သားပဲ … အမေတို့ ပြန်လည်မွမ်းမံထားတဲ့ မိသားစုစားသောက်ဆိုင်ကို သား ပထမဆုံး ရောက်တာ မဟုတ်လား။ သား ဘယ်လိုတွေးလဲ။ အခုကြည့်ရတာ အထင်ကြီးစရာ ကောင်းလောက်မယ် မထင်ဘူးလား။"

"ဟုတ်တယ် … အရမ်းအထင်ကြီးစရာပဲ အမေ။" ထန်ရှုက လက်မထောင်ပြကာ ချီးကျူးသည်။ "ရောက်လာတုန်းက ကျွန်တော်က ဆိုင်မှားပြီ ထင်နေတာ။ နောက်ပြီး စီးပွားရေးကလည်း ပိုကောင်းလာပုံရသလိုပဲ။”

ထန်ရှုကို အခန်းထောင့်ရှိ ဆိုဖာပေါ်သို့ ခေါ်သွားကာ ထိုင်စေပြီး စုလင်းယွမ်က အပြုံးဖြင့်

“ဒါက ပိုကောင်းတာထက် ပိုတာပေါ့။ အမေတို့ရဲ့ စားသောက်ဆိုင်က အရင်ကထက် ဆယ်ဆ ပိုကြီးလာတဲ့အတွက် ဧည့်သည်တွေ အများကြီး လာကြတယ်။ သားက လက်ချောင်းလေးတွေ ထုံသွားတဲ့အထိ ပိုက်ဆံအများကြီးကို ရေတွက်ချင်တယ်လို့ ပြောခဲ့တာ အမေ ပြန်ကြားတယ်။ ဒီအတိုင်း အခု အတိအကျ ဖြစ်နေတာပဲလေ။ ပိုက်ဆံကို လက်နဲ့ မရေတွက်နိုင်တော့ဘူး။"

"ဒါဆို အရမ်း ကောင်းနေတာပေါ့ အမေရ။" ထန်ရှုက ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။

ထန်ရှုနှင့် တခဏကြာသည်ထိ စပ်မိစပ်ရာ စကား ပြောဆိုနေရင်း စုလင်းယွမ်က ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့်

"အာ … သား ဒီကို ရောက်လာတာ နေ့လည်စာရော စားပြီးသွားပြီလား ရှုအာ…"

"မစားရသေးဘူး အမေ။" ထန်ရှု ခေါင်းယမ်းပြသည်။

“ဒါဆို သားအတွက် အမေကိုယ်တိုင် ပြင်ဆင်ပေးမယ်။ ဒီမှာစောင့်နေဦး။" စုလင်းယွမ်က ပြောပြောဆိုဆိုဖြင့် အမြန်ထလိုက်သည်။

ထန်ရှုက သူမကို အလျင်စလို တားလိုက်ပြီး အပြုံးဖြင့် "အခြားတစ်ယောက်ယောက် လုပ်ပါစေ အမေ။ အမေကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ ဒီနေ့ ကိစ္စတစ်ချို့ကို စီမံပြီး မနက်ဖြန်မနက် ရှန်ဟိုင်းကို ပြန်ရတော့မှာမို့ ကျွန်တော်တို့သားအမိ အခု စကား အေးဆေး ပြောကြရအောင်။"

“ကောင်းပါပြီတဲ့ရှင်…"

မကြာမီ ရနံ့မွှေးကြိုင်ပြီး အရသာ ကောင်းမွန်သည့်ဟန် ရှိသော ဟင်းပွဲများ ရောက်လာခဲ့ပြီး စုလင်းယွမ်သည် ထန်ရှု စားပြီးသည်အထိ အဖော်လုပ်ပေးခဲ့သည်။ ထို့နောက် ထန်ရှုသည် အချိန်အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် ခန်းရှဆီ ဖုန်းဆက်လိုက်ရာ အမှတ်(၆)ဂိုဒေါင်တွင် သူမ ရှိနေသည်ကို သိလိုက်ရသဖြင့် ထိုနေရာသို့ သွားခဲ့သည်။

ခန်းရှသည် ဝန်ထမ်းခုနစ်ဦးနှင့်အတူ ထန်ရှုအား ဆီးကြိုနှုတ်ဆက်သည်။

“ဒီအမှတ်(၆)ဂိုဒေါင်က ငါတို့ကုမ္ပဏီရဲ့ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်တွေကို သိုလှောင်မှာလား။” ထန်ရှုက ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ်။ ငါတို့ကုမ္ပဏီက အခုလက်ရှိမှာ ငါတို့ရဲ့ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေ အများကြီးကို သိုလှောင်ထားတယ်။ အဲ့ဒါတွေကို နိုင်ငံရဲ့မြို့ကြီးတွေဆီ စပြီးမပို့ဆောင်ခင် တစ်ပတ်အလိုကတည်းက လုပ်နေခဲ့တာ။ နောက်ပြီး အရင်က ငါတို့တွေ ပြုလုပ်ခဲ့တဲ့အတိုင်း လူတွေရဲ့စိတ်ခံစားချက်ကို အာရုံစိုက်တဲ့ နည်းဗျူဟာ - ဟန်းဂါးဈေးကွက်ရှာဖွေရေးပုံစံကိုပဲ သုံးဖို့ ရွေးချယ်ပြီး လုပ်ဆောင်သွားမယ်။ အပတ်စဉ် ကန့်သတ်ခွဲတမ်းနဲ့ ကုန်ပစ္စည်းတွေကို လစဉ် လေးကြိမ် ဖြန့်ဝေသွားမှာပါ”ခန်းရှမှ ဖြေသည်။

“ဒါနဲ့ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေအတွက် အမှတ်တံဆိပ်နာမည်ကို မမေးရသေးဘူး။ အဲ့ဒါကို ဘယ်လိုပေးထားလဲ။ ဈေးနှုန်း ဘယ်လောက် သတ်မှတ်ထားလဲ။" ထန်ရှုက ပြုံးကာ မေးလိုက်သည်။

“အမှတ်တံဆိပ်နာမည်ကို သက်ရှည်ကျန်းမာလို့ အမည်ပေးထားတယ်။ ဈေးနှုန်းက နတ်ဘုရားဝတ်ရည်ဝိုင်နဲ့ ဈေးနှုန်းအတူတူပဲ။ တစ်ဗူးကို ၁၈၈၈၈ ယွမ်ဖြစ်ပြီး တစ်သေတ္တာမှာ ၂ဘူးပါတယ်။"

ထန်ရှုက အပြုံးဖြင့် ခေါင်းညိတ်လိုက်ရင်း

"မဆိုးဘူး။ မင်း ဒီမှာ အလုပ်ရှုပ်နေသေးလား။ ဘယ်အချိန် ကုမ္ပဏီကို ပြန်မှာလဲ။"

“ငါ ပစ္စည်းအရေအတွက်ကို စစ်ပြီးသွားပြီမို့ ငါတို့ အခု ပြန်လို့ရတယ်။”

"ကောင်းပြီ ဒါဆို ပြန်ကြရအောင်။"

ညနေအချိန်တွင် ထန်ရှု၊ ခန်းရှနှင့် အင်ဒီတို့အတူတကွ  ညစာစားကြပြီးနောက် သူတို့ နေထိုင်ရာအိမ်များဆီသို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် ထန်ရှုသည် တောင်တံခါးအိမ်ရာသို့ အမြန် သွားခဲ့သည်။ ထိုလမ်းခရီးတွင် သူသည် ချန်းကျီကျုံးဆီ ဖုန်းဆက်ရာ အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးထုတ်လုပ်ငန်းသည် ထာဝရခန်းမနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နေပြီကို သူ သိခဲ့ပြီး  နောက်ပိုင်းတွင် အဖိုးတန်ဆေးပင်များ အမြောက်အမြား ရောင်းချလိမ့်မည်ဖြစ်ကြောင်း သိရှိခဲ့ပေသည်။

…ဖုန်းမြည်သံ…

ထန်ရှုသည် တောင်တံခါး အိမ်ရာအတွင်းပိုင်းဆီသို့ သွားရန် အရှေ့တံခါးကို ဖြတ်မောင်းလာသောအခါတွင် သူ၏ဖုန်းသည် ရုတ်တရက် အသံမြည်လာသည်။ ဖုန်းလက်ခံပြီးနောက်

"တစ်ခုခု လိုအပ်တာများ ရှိလား ရှောင်ရွှဲ့…"

"ဆရာအဘိုး … တောင်တရုတ်ပင်လယ်ထဲက ယောက်သွားကျွန်းကို အငှားချဖို့ လူတစ်ယောက်က လောလောဆယ် ညှိနှိုင်းနေတယ်လို့ သတင်းတစ်ခု ငါတို့ ရထားတယ်။ အဲဒီလူရဲ့ အထောက်အထားကို ဆရာအဘိုး သေချာပေါက် စိတ်ဝင်စားလိမ့်မယ်။" ဖုန်းထဲက ဂူရှောင်ရွှဲ့၏အသံ ထွက်လာသည်။

"ဘယ်သူများလဲ။" ထန်ရှုက မေးလိုက်သည်။

"ပေကျင်းက လူတစ်ယောက်ပဲ၊ ယောင်မိသားစုက။"

ရှောင်ရွှဲ့က ပြောသည်။

အနည်းငယ် ပြောင်းလဲသွားသော မျက်နှာအမူအရာဖြင့် ထန်ရှုက လေးလေးနက်နက် မေးလိုက်သည်။

"ယောင်မိသားစုက ဆိုတာ မင်းသေချာရဲ့လား။ အဲ့ဒီမှာ ကျွန်းအငှားချတဲ့ကိစ္စညှိနှိုင်းဖို့ ဘယ်သူ လာဆွေးနွေးလဲ။”

"သူက ယောင်မိသားစုကဆိုတာ သေချာတယ်။ လာဆွေးနွေးတဲ့လူက ယောင်ရှင်းဟွာတဲ့။”

"ယောင်တွေက တရုတ်ပြည်တောင်ပိုင်းက ကျွန်းတစ်ကျွန်းကို ငှားဖို့သွားကြတယ်ပေါ့။ အဲ့ဒီမှာ သူတို့တွေ ဘာများ လုပ်ကြမှာပါလိမ့်။"

"အဲ့ဒါတော့ ငါ မစုံစမ်းကြည့်ရသေးဘူး။ ယောင်မိသားစုက အတော်လေး သိုသိုသိပ်သိပ် လာတာ။ အထူးသဖြင့် ယောင်ရှင်းဟွာက အဲ့ဒီနေရာက လူအနည်းငယ်ကို လာဘ်ထိုးထားတဲ့ပုံပဲ။ ငါ တွေးတာ မမှားရင် အစိုးရနဲ့ မကြာခင်မှာ စာချုပ်ကို လက်မှတ် ရေးထိုးကြလိမ့်မယ်။ နောက်ပြီး အဲ့ဒီကျွန်းဆီ လူတချို့ကို သွားကြည့်ခိုင်းထားတယ်။ ကျွန်းက အရမ်းကောင်းတယ် … ဆေးပင်စိုက်ဖို့ အတော်လေး သင့်တော်မယ်လို့ ငါ ထင်တယ်။ နောက်ပြီး အဲ့ဒီကျွန်းရဲ့အနောက် နှစ်ကီလိုမီတာအကွာမှာ အခြားကျွန်းငယ်လေးတစ်ခု ရှိသေးတယ်။ အဲ့ဒီကျွန်းကလည်း သားရဲတွေမွေးဖို့ အတော်လေး သင့်လျော်တာကို တွေ့ရတယ်။”

ထန်ရှု၏မျက်နှာသည် အရောင်လက်သွားပြီး

"ငါ ကျင်းမန်ကျွန်းကို အမြန်လာလိုက်မယ်။ အဲ့ဒီကို ရောက်တာနဲ့ ဒီပြဿနာကို ဆက်ပြီးဆွေးနွေးကြမယ်။ ဖြစ်နိုင်ရင် ယောင်မိသားစုတွေ အစိုးရနဲ့ စာချုပ်ချုပ်တာကို နှောင့်နှေးအောင် လုပ်ထားပေး။”

"ဟုတ်။" ဂူရှောင်ရွှဲ့က ပြန်ဖြေသည်။

ဖုန်းခေါ်ဆိုမှုပြီးဆုံးပြီးနောက် ထန်ရှုသည် မိခင် စုလင်းယွမ်ဆီသို့ ဖုန်းဆက်ကာ သူ ဖြေရှင်းရမည့် အသေးအဖွဲကိစ္စတစ်ခု ရှိသည့်အတွက် ပြန်တော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ထို့နောက် ယန်လီကို ဆက်သွယ်ပြီး ရှန်ဟိုင်းသို့ ပြန်လာခဲ့သည်။

"ငါ တကယ် မခံနိုင်တော့ဘူး ထန်ရှု။ မနေ့ညကလည်း တစ်ညလုံး ကားမောင်းခဲ့ရတယ်။ နေ့လည်မှာ လေးနာရီလောက်ပဲ အိပ်ရသေးတယ်။ အခု မင်းငါ့ကို ရှန်ဟိုင်းကို အလျင်စလို ပြန်ဆွဲခေါ်လာတယ်။ ငါ အသက်မတိုချင်သေးဘူးနော် ကိုယ့်လူ … ဘာပဲပြောပြော မင်းပဲမောင်း။"

ယန်လီသည် ကားပေါ်တွင် ထိုင်ပြီးနောက် ညည်းညူလိုက်သည်။

"ကောင်းပြီ ငါမောင်းလိုက်မယ်။ မင်း နောက်ခန်းမှာ သွားအိပ်လေ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

"ငါတို့ ဒီကနေ အမြန်ပြန်သွားရတဲ့အထိ ဘာဖြစ်သွားခဲ့လို့လဲ။" ယန်လီက စူးစမ်းလိုက်သည်။

"ကိုင်တွယ်ရမယ့် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခု ရှိတယ်။ ရှန်ဟိုင်းကို ပြန်ရောက်ရင် အဝတ်အစား အနည်းငယ်ယူပြီး ကျင်းမန်ကျွန်းကို သွားမယ်။ ဘာဖြစ်လို့လဲ။ မင်း ငါနဲ့ လိုက်ချင်လို့လား။"

ယန်လီက မျက်လုံးပြူးလိုက်ပြီး

“ဟင့်အင်း … နိုးပဲ။ မင်းက လူတွေကို ယုံကြည်လာအောင် သိမ်းသွင်းပြီး လှည့်စားတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါ သိသွားပြီ။ အဲ့ဒီရှေးဟောင်းသင်္ချိုင်းရှာဖွေရေးကနေ အကျိုးအမြတ်ခွဲဖို့ သဘောတူညီမှု ယူခဲ့တာ မှတ်မိသေးလား။ ဘယ်မှာလဲ … ရလဒ်။ ငါလည်း ဘာမှ မရလိုက်ဘူး။ ငါ ထိတ်လန့်ပြီး သေမလို ဖြစ်ခဲ့ရပေမယ့် ဘာအကျိုးကျေးဇူးမှ မရလိုက်ပါလား။”

ထန်ရှု၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ယန်လီ၏ စိတ်ဓာတ်ကျနေသည့် ရုပ်ကို တစ်ချက်ကြည့်လိုက်ပြီး

“မင်း ဘာအကျိုးကျေးဇူးမှ မရလိုက်ဘူးလို့ ဘယ်သူ ပြောလဲ။ အဲ့ဒီထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မြင်ကွင်းတွေကို အဲ့ဒီနေရာမှာ မင်း မြင်ဖူးခဲ့တယ်လေ။ အဲ့ဒါက မင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးလို့ မထင်ဘူးလား။"

"နိုးပဲ … ငါ အဲ့ဒါကို သိပ်ဂရုမစိုက်ဘူး။ တံခါးသုံးပေါက်ကို မင်း ဘာလုပ်ခဲ့သလဲဆိုတာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်တယ်။ ဒီလိုမျိုး ပျောက်ကွယ်သွားအောင် မင်း ဘာနည်းလမ်းတွေ သုံးလိုက်မှန်း ငါ မသိပေမယ့် အဲ့ဒါတွေက မင်း ယူသွားတယ်ဆိုတာ ငါ လောင်းကြေးထပ်ရဲတယ်။ ငါတို့ ရှန်ဟိုင်းကို ပြန်ရောက်တာနဲ့ မင်း ငါ့ကို ဝစေု မျှပေးရမယ်။" ယန်လီက ဝေ၀ဝေါးဝါး ပြောလိုက်သည်။

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ "သင့်တော်တာ ပြောရရင် ငါ မင်းကို ဝစေုမျှပေးသင့်ပါတယ်။ ဒါပေမယ့် ငါ စိတ်ပြောင်းသွားလို့ မင်းရဲ့စွမ်းဆောင်ရည်အတွက် ဆုပေးတဲ့အနေနဲ့ မင်းကို ဒီတစ်ကြိမ်မှာ ကျွမ်းကျင်မှုတချို့ သင်ပေးဖို့ စီစဉ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ငါ့မှာ နောက်ထပ် အခြေအနေတစ်ခု ရှိနေပါသေးတယ်။”

ယန်လီ ကြောင်သွားပြီး အလျင်စလို ပြန်မေးလိုက်သည်။

“အဲ့ဒါ ဘာလဲ။ ငါ့ကို ပြော … ငါ့ကို ပြောပြ။”

"မင်း ငါနဲ့ ကျင်းမန်ကျွန်းကို သွားရမယ်။" ထန်ရှုက ပြန်ပြောသည်။

"ဟိုမှာ မင်း ဘာလုပ်မှာလဲ။" ယန်လီက မေးသည်။

"ငါ တောင်တရုတ်ပင်လယ်ထဲက ကျွန်းနှစ်ကျွန်းကို ငှားဖို့ရှိတယ်။"

ယန်လီက မယုံကြည်နိုင်စွာ စိုက်ကြည့်ပြီး

"မင်းက ကျွန်းတွေကို ငှားမယ်။ မင်းပဲ ဘာမှ လုပ်စရာမရှိတော့ဘူးဆို။"

"အဲ့ဒီကျွန်း၂ကျွန်းအတွက် ငါ့မှာ အသုံးပြုစရာ အကြီးကြီး ရှိနေတယ်။ ဆိုတော့ မင်းက ငါနဲ့ လိုက်မလား … မလိုက်ဘူးလား။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်း ငါ့ကို ဘာတွေ လုပ်ခိုင်းမယ်ဆိုတာ ငါ သိဖို့ လိုသေးတယ်လေ။" ယန်လီက ပြန်ဖြေသည်။

“မင်းဆီက ဘာလိုမလဲဆိုတာ အခုထိ မရှင်းလင်းသေးဘူး။ ဒါပေမယ့် မင်း ငါနဲ့ အတူရှိနေသမျှ အနာဂတ်မှာ မင်းအတွက် အသုံးဝင်လိမ့်မယ်။"  ထန်ရှုမှ ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို ငါ မင်းနဲ့လိုက်ခဲ့မယ်။" ယန်လီက ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ငါတို့က အရင် သဘောတူညီမှုတစ်ခု လုပ်ရမယ်။ မင်းရဲ့အစွမ်းထက်တဲ့ အရည်အချင်းတွေကို ငါ့ကို သင်ပေးဖို့ ကတိတည်ရမယ်။”

"ပြဿနာ မရှိပါဘူး။" ထန်ရှုက ပြုံးကာ ခေါင်းညိတ်သည်။

ယန်လီသည် ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်ရင်း အပြုံးဖြင့်

"ညီအစ်ကိုထန် … ဒီအတောအတွင်းမှာ မင်းနဲ့အတူ နေရတာ ပျော်စရာ၊ စိတ်လှုပ်ရှားစရာ ကောင်းတာကို ငါ တွေ့လိုက်ရတယ်။ အနည်းဆုံးတော့ ကြယ်တာရာကို ရောက်ပြီးတော့ မင်းရဲ့ နောက်ထပ်ပုံရိပ်အကြောင်း ငါ သိလာရတယ်။ ဒါကို ငါ တော်တော်ကြာကြာ စုံစမ်းပြီးမှ သိခဲ့ရတာ။"

"ဘာပုံရိပ်အကြောင်း သိခဲ့တာလဲ။" ထန်ရှုက ပုံမှန်အတိုင်း မေးလိုက်သည်။

"မင်းက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံက နတ်ဆေးသမားတော်တစ်ယောက် … ငါ ပြောတာ မှန်တယ် မဟုတ်လား။" ယန်လီက ပြောသည်။

ထန်ရှုက ရယ်လိုက်ရင်း

"ဒီအချက်ကို ကမ္ဘာပေါ်ကလူတိုင်း သိပြီးသားပါ။ မင်းက ဒီအကြောင်းကို သိသွားတဲ့ နောက်ဆုံးလူတစ်ယောက်ပဲ။ အဲ့ဒါကို မင်း အရမ်းတော်တယ်လို့ တကယ် ထင်နေတာလား။ ငါ့ကို ချီးမွမ်းစေချင်တာလား။"

"နေတာ့ … ကားပဲ မောင်းပါတော့။" ယန်လီက မျက်လုံးပြူးပြပြီး မသဲမကွဲ ပြောလိုက်လေသည်။

***

All Chapters