← Chapters

အပိုင်း(၁၂၇)

Vol. 9 Ch. 127

အပိုင်း(၁၂၇)

Vol. 9 Ch. 127

ကောင်းကင်ဘုံလေဂိုဏ်းရှိလူများက လှည့်လာကြပြီး သူ့အား မျက်နှာချင်းဆိုင်ရင်ဆိုင်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ အဖြူရောင်နှင့်သတ်လတ်ပိုင်းအရွယ်လူ၏ ဦးဆောင်မှုအောက်တွင် သူတို့က ရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းလာကြသည်။

ထိုလူများအားကြည့်ပြီးသည့်နောက် ရှစ်ဖုန့်၏မျက်နှာမှာပိုပြီး အေးစက်လာသည်။

“ငါကပြန်လည်မွေးဖွားလာခဲ့တာ ..ဘာမှဟုတ်တဲ့ လူပေါက်သောက်တွေ၊ ဆန်ကုန်မြေလေးတွေ ကများငါ့ကိုလာပြီး အနိုင်ကျင့်လို့ရမယ်တကယ်ထင်နေကြတာလား”

သူက သူ၏ဘက်လက်ဖြင့် ဆီးလ်တံဆိပ်လက်သင်္ကေတကိုပုံဖော်လိုက်သည်။ ထူဆန်းသော အဖြူရောင်စာလုံးတန်းတို့က စီးမျောထွက်လာပြီး သူ၏ကိုယ်အား စက်ဝိုင်းသဏ္ဍန် လှည့်ပတ်နေသည်။ ထို့နောက်တွင် ၎င်းတို့က သူ့လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားပေါ်၌ လာရောက်စုစည်းကုန်ကြ၏။

အစက ခရမ်းရောင်းလျှပ်စီးများဖြင့်ဓားမှာအဖြူရောင်များစွန်းထင်းသွားသည်။ခရမ်းလျှပ်စီးတို့မှာ ဓားပတ်လည်တွင် စီးဆင်းနေကြပြီး ၎င်းတို့မှာလည်း အဖြူရောင်လျှပ်စီးများအဖြစ်ပြောင်းလဲသွားသည်။

“ငရဲဘုံကိုးခု ဓားပညာရပ် တတိယပုံစံ ..ငရဲဘုံခုတ်ချက်”

ရှစ်ဖုန့် မကျယ်လှသောအသံဖြင့်အော်လိုက်သည်။ထို့

နောက်ချက်ခြင်း သူ့လက်ထဲရှိ လျှပ်စီးဓားအား မြှောက်လိုက်၏။ ဟင်းလင်းပြင်ထက်တွွင် ဧရာမ အဖြူရောင်ဓားချီ ကြီးလည်းပေါ်လာသည်။ လျှပ်စီးဓာတ် အခြေပြု အဆင့်ငါးလက်နက် မိုးကြိုးလျှပ်စီးဓားကြောင့် အဖြူရောင်ဓားချီတွင်  ၎င်းအားဖြတ်သန်းစီးဆင်းနေသော အဖြူရောင်လျှပ်စီးလျှပ်ပန်းလျှပ်နွယ်များ ဖြစ်ပေါ်နေကာ တစ်ဖျစ်ဖျစ်အသံတို့ကို ထုတ်လွှတ်နေသည်။

ရှစ်ဖုန့်၏ လှုပ်ရှားမှုအောက်တွင် ဓားက ရှေ့ဆုံးမှာသူ့ဆီသို့လာနေသော ဖုန်လောဟန်ထံသို့ခုတ်ပိုင်းချလိုက်သည်။

ရှစ်ဖုန့်၏ တိုက်ခိုက်မှုအားတွေ့လိုက်ရသောအခါတွင် ဖုန်လောဟန်၏မျက်နှာထက်၌ အထင်သေးမှုတို့ဖြင့်ပြည့်နေသည်။ သို့သော် ဧရာမဓားချီကြီးက ခုတ်ပိုင်းချလာသော အခါတွင်ဖုန်လောဟန်၏ မျက်နှာမှာပြောင်းလဲသွားသည်။

“အင်ပါယာ  နယ်ပယ်တစ်ယောက်ရဲ့စွမ်းအား”

ဖုန်လောဟန်၏ မထီမဲ့မြင်ပြုနေသောအမူအယာမှာ ရုတ်ချည်း လေးနက်မှုအဖြစ်ဖြစ်လာသည်။

“ကောင်းကင်ဘုံကိုးခု အောင်နိုင်ခြင်းလေ”

ဖုန်လောဟန်က အသံနိမ့်ဖြင့်အော်လိုက်ပြီး သူ့လက်ဖဝါးတို့ကို ရှေ့သို့တွန်းထုတ်လိုက်သည်။

ထို့နောက်တွင် လေဆင်နှာမောင်းကဲ့သို့ ဝဲ နှစ်ခုကတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး ကြီးမားသော ဟာရီကိန်းမုန်တိုင်းကြီးသဖွယ် ပြောင်းလဲသွားသည်။ ၎င်းက သိမ်းကျုံးတိုက်ခတ်သွားပြီး ခုတ်ပိုင်းချလာသော သိပ်သည်းသည့် အဖြူရောင်ဓားအားရင်ဆိုင်တွေ့ဆုံလိုက်သည်။

“ဝုန်း”

ဧရာမ စွမ်းအားနှစ် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ မိုးကြိိုးနတ်ဘုရားတစ်ပါးဒေါသအမျက်ခြောင်း

ခြောင်းထွက်နေသကဲ့သို့ ဟင်းလင်းပြင်ထဲတွင် နားကွဲမတတ် ဟိန်းသံကြီး ထွက်ပေါ်လာသည်။  ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ စွမ်းအားနှစ်ခု၏ စွမ်းအင်တို့မှာ ပျောက်ကွယ်သွားသည်။

အစိမ်းရောင်တောင်ပံလင်းနို့ပေါ်ရှိဖုန်လောဟန်

မှာ နောက်သို့ ခြေလှမ်းအနည်းငယ် အတင်းအကျပ်ဆုတ်လိုက်ရသည်။ ရှစ်ဖုန့်သည်လည်းပဲ အတင်းအကျပ် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်

ဖြစ်သည်။  သူအနေဖြင့် ငရဲဝံပုလွေ၏ ကျောပေါ်မှာခြေချော်ကာ ဟင်းလင်းပြင်ထဲသို့ ပြုတ်ကျလုနီးပါးပင်ဖြစ်သွားရသည်။

သူ့နှုတ်ခမ်းထောင့်မှ လတ်ဆတ်သော သွေးတို့စီးကျလာသည်။ ကြယ်လေးပွင့် အင်ပါယာနယ်ပယ် တစ်ယောက်၏ တိုက်ခိုက်မှုအားကြံ့ကြံ့ခံခြင်းက တကယ်ကို ခက်ခဲလေသည်။

ရှစ်ဖုန့်နှင့်ဖုန်လောဟန်တို့၏ တိုက်ခိုက်မှုက ကောင်းကင်ဘုံလေဂိုဏ်းရှိ လူတိုင်းအား တုန်လှုပ်အံ့အားသင့်သွားစေသည်။ခုဏကတိုက်ခိုက်လိုက်သော ခွန်အားက အင်ပါယာနယ်ပယ်တစ်ယောက်၏ခွန်အားပင်ဖြစ်သည်။ကောင်းကင်ဘုံလေဂိုဏ်းက အလိုရှိနေသောလူသတ်သမားက အသက်ငယ်ငယ်လေးဖြင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။

ထိုထက်ပိုသည်ကား ကြယ်လေးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သော ဖုန်လောဟန်ပင် အတင်းအကျပ်နောက်သို့ပြန်ဆုတ်လိုက်ရလေသည်။

ရှေ့သို့ပျံသန်းလာနေသောသူတစ်ယောက်က သူ့အောက်ရှိ အစိမ်းရောင်တောင်ပံလင်းနို့ကို ရပ်ရန်အမိန့်ပေးလိုက်သည်။ သူသာရှေ့ကိုတက်သွားလျှက် အင်ပါယာနယ်ပယ်များကြား၌ သွားအသေခံသလိုပင်ဖြစ်သွားမည်ဖြစ်သည်။ အင်ပါယာနယ်ပယ်နှစ်ယောက်ကြားတိုက်ပွဲက သူတို့အနေဖြင့်ဝင်စွတ်ဖတ်၍ ရသောအရာမဟုတ်ပေ။

“ယွင်လိုင်အင်ပါယာအတွင်းမှာ မင်းလို မွန်းစတားတစ်ကောင်ရှိနေမယ်လို့ငါ မထင်ထားခဲ့မိဘူး  …မင်းက ငါအလွယ်တကူ နင်းခြေပစ်လို့ရတဲ့ ပုရွက်ဆိတ်လေးတစ်ကောင်လို့ထင်ထားခဲ့တာ ..ကောင်းကင်ဘုံလေဂိုဏ်းဆီမှာ အညံ့ခံလိုက်  ငါမင်းကို အန္တိမ ထင်ပေါ်ကျော်ကြားမှု ဂုဏ်ကျတ်သရေကိုနှင်းအပ်ပေးမယ် ..အဲ့လိုမှ မဟုတ်ရင်တော့ မင်းသေရမယ်”

ဖုန်လောဟန်က အော်ပြောလိုက်ပြီး  သူ့လက်နှစ်ဖက်ဖြင့် ဆီးလ်တံဆိပ် လက်သင်္ကေတတို့ကိုဖော်လိုက်သည်။ သူ့ရှေ့ရှိ ဟင်းလင်းပြင်ထဲ့တွင် ထက်ရှသော လေဓားသွားများပေါ်လာသည်။ ၎င်းတို့က ဟင်းလင်းပြင်ထဲတွင် အဆက်မပြတ်လည်နေပြီး ထုတ်လွှတ်ဖို့အဆင်သင့်ဖြစ်နေသော ဧရာမ လေဓားသွား ဟာရီကိန်း ပုံစံတစ်ခုဖြစ်ပေါ်နေသည်။

အရာအားလုံးကိုထိုးခွင်း  ဖြတ်သန်းကာ ချေမွဖျက်စီးပစ်နိုင်စွမ်းရှိသောစွမ်းအားကြီး စွမ်းအင်းတို့ ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က ပြန်ပြောလိုက်သည်။

“နားစမ်းပါ”

ကျယ်လောင်သောအသံနှင့်အတူ ငရဲဝံပုလွေအပါအဝင် ရှစ်ဖုန့်တစ်ကိုယ်လုံး၌ သွေးနီရောင်မီးတောက်တို့တောက်လောင်လာသည်။ အေးစက်သော ရောင်ဝါတစ်ခုက နေရာအနှံ့သို့ ပြန့်နှံ့ထွက်သွားသည်။

“သတ်”

ရှစ်ဖုန်ု့က အော်လိုက်ကာ ငရဲဝံပုလွေကို အမိန့်ပေးလိုက်ပြီး ရှေ့သို့ဦးတည်လိုက်သည်။

“ဒါဆိုလည်းသေလိုက်တော့”

ဖုန်လောဟန်၏ အမူအယာက ပိုပြီး အေးစက်လာသည်။ သူက သူ့လက်ဖဝါးကို ရှေ့သို့ထုတ်လိုက်ပြီး လေးဓားသွား ဟာရီကိန်းကြီးက ရှစ်ဖုန့်ထံသို့ သိမ်းကျုံးဦးတည်သွားသည်။

မျက်စိတစ်မှိတ်အတွင်းလေဓားသွား ဟာရီကိန်းကြီးကသွေးမီးတောက်ပုံစံပြောင်း

ထားသော  သူ ရှစ်ဖုန့်ကို ဝါးမျိုသွား၏။ သူ့အနေဖြင့် ဖုန်လောဟန်၏ အသုံချမှုကို မခံပါက လုံးဝသေရမည်သာဖြစ်သည်။

သို့သော် ဒဏ်ရာများသွေးများဖြင့်ဖုံးနေသော လူတစ်ယောက်နှင့်သားရဲတစ်ကောင်က လေဓားသွားဟာရီကိန်းထဲမှာ တစ်ဟုန်ထိုးထွက်လာသည်ကို တွေ့လိုက်ကြရသောအခါတွင်  ဖုန်လောဟန်နှင့် ကောင်းကင်ဘုံလေဂိုဏ်းမှ တပည့်များမှာ အံ့အားသင့်တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ရှစ်ဖုန့်နဲ့ ငရဲဝံပုလွေ တို့ကိုယ်ပေါ်ရှိ သွေးနီရောင်မီးတောက်တို့မှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ သူတို့၏ ကိုယ်၌ သွေးများဒဏ်ရာဒဏ်ချက်များဖြင့်ဖုံးနေပြီး ထိုအရာက ရှစ်ဖုန့်အား ငရဲမှ ထွက်လာသော နတ်ဆိုးတစ်ပါးကဲ့သို့ပုံစံပေါ်စေသည်။

ငရဲဝံပုလွေမှာ ငရဲမှ လွတ်မြောက်လာသော ကြမ်းကြုတ်သည့်သားရဲတစ်ကောင်နှင့်တူနေသည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်..တုန်လှုပ်စေ”

ရှစ်ဖုန့်က လေဓားသွား ဟာရီကိန်းထဲမှထွက်လာပြီးအော်လိုက်ကာ ဖုန်လောဟန်အားသူ့ဝိညာဉ်ဖြင့်တိုက်ခိုက်လိုက်သည်။  သူ၏ လက်များဖြင့် ငရဲဘုံကိုးခု အံ့ဖွယ် ဆီးလ်တံဆိပ်လေးခုကိုလည်းစတင်ပုံဖော်လိုက်သည်။

“အား”

အကာအကွယ်လျော့နည်းနေသောဖုန်လောဟန်

မှာ ရုတ်တရက်သူ၏ ဝိညာဉ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။၎င်းမှာ ဧရာမတူကြီးတစ်ခုဖြင့်သူ့ဝိညာဉ်အားရိုက်ချလိုက်သကဲ့သို့ပင်ဖြစ်သည်။

တစ်ဒင်္ဂမျှ သူဝိညာဉ်အသိစိတ်လွတ်သွားမှုကြောင့် ဖုန်လောဟန်သူ့စိတ်သူ အလျှင်အမြန်ပြည်လည်စုစည်းလိုက်ရသည်။ သို့သော်ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိအပူချိန်မှာ ပြင်းထန်စွာကျဆင်းသွားခဲသည်ကို ဖုန်လောဟန်ခံစားမိလိုက်သည်။ ထိုထက်ပိုသည်မှာ သူ့အားမွန်းကျပ်မှုကို ဖြစ်စေသော စွမ်းအားကြီးစွမ်းအင်တစ်ခုက သူ၏ခေါင်းထက်မှ သူ့ထံသို့ကျဆင်းလာ ခြင်းပင်ဖြစ်သည်။

အိမ်တစ်လုံးအရွယ်အစားရှိသော လေးထောင့်ပုံ ဆီးလ်တံဆိပ်ကြီးက ဖုန်လောဟန်၏ ခေါင်းထဲတွင် လွင့်မျောနေသည်။

ဖုန်လောဟန်မှာ အပေါ်ဘက်မှလာနေသော စွမ်းအားကြီး စွမ်းအင်တို့ကို ရင်ဆိုင်ရသောအခါတွင် အစွမ်းမဲ့မှု အာရုံကိုခံစားလိုက်ရသည်။

သူအနေဖြင့်ခုခံရန် အားမရှိသလိုပင်ခံစားရခြင်းဖြစ်သည်။ ယင်းမှာ သူ့အပေါ်၌ ဘီလူးကြီးတစ်ကောင်ရှိနေပြီး သူကတော့ပုရွက်ဆိတ်လေးကဲ့သို့ ဖြစ်သွားသလိုပင်ဖြစ်သည်။

“ဒီစွမ်းအား..မဟုတ်ဖူး ..မလုပ်နဲ့”

ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူ ဖုန်လောဟန်၏ အမူအယာမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။

သူ၏မျက်လုံးတို့က ပြူးကျယ်နေပြီး သူမျက်နှာထက်တွင် ကြောက်ရွံ့ထိန့်လန့်မှု ကူကယ်ရာမျှော်လင့်ချက်မဲ့မှုတို့ဖြင့်ပြည့်နေသည်။ ဤအချိန်တွင် ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ဖုန်လောဟန်မှာ အမှန်တကယ်ကို ကြောက်ရွံ့နေမိပြီဖြစ်သည်။

ဖုန်လောဟန်သည်သာမကဘဲ သူ့နောက်ရှိ ကောင်းကင်ဘုံလေဂိုဏ်းမှသိုင်းပညာရှင်များပါ ကောင်းကင်ထက်ရှိ အဖြူရောင်ဆီးလ်ကိုခံစားမိကြသည်။

၎င်းကသူတို့အားအသက်ရှူဖို့ခက်ခဲ လွန်းလှသည်အထိ ဖိနှိပ်လွန်းလှပြီး သူတို့အားလုံးလည်း အစွမ်းမဲ့သွားသလိုခံစားလိုက်ရသည်။

ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက လျှင်မြန်စွာဖြင့်အသနားအညှာတာမဲ့ ဖုန်လောဟန်ပေါ်ကျရောက်လာသည်။

“ဘန်း”

မျက်စိတစ်မှိတ်အတွင်း ဖုန်လောဟန်နှင့် သူ့အစိမ်းရောင်တောင်ပံလင်းနို့မှာ ဝါးမျိုခံလိုက်ရသည်။ ထိုအချိန်တွင် အချိန်များပင်ရပ်တန့်သွားသလိုထင်ရသည်။

ငရဲဘုံကိုးခု ဆီးလ်တံဆိပ်‌လေးခုက ကောင်းကင်နှင့်မြေကြီးကြားထဲတွင်ပျောက်ကွယ်သွားသည်။

ယွင်လိုင်အင်ပါယာ၏  ထိပ်ဆုံးအဆင့်ကျွမ်းကျင်သူဆယ်ယောက်တွင် အဆင့်ရှစ်ချိတ်သောသူ ကောင်းကင်ဘုံလေဂိုဏ်း၏ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်သူ ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ဖုန်လောဟန်နှင့် သူ၏ အစိမ်းရောင်တောင်ပံလင်းနို့တို့မှာ ပျောက်ကွယ်သွားကြပြီဖြစ်သည်။  ကျန်ရှိနေသည်မှာ နုတ်နုတ်စဉ်းထားသလိုဖြစ်နေသော အသားပုံကြီးသာဖြစ်၏။

ရှစ်ဖုန့်က ငရဲဘုံကိုးခုပညာရပ်ကို အသက်သွင်းလိုက်ပြီး ကောင်းကင်ဘုံမီးတောက်ကဝါးမြိုမှုကိုစတင်လိုက်သည်။

ဝိညာဉ်စွမ်းအင်နှင့် သေခြင်းစွမ်းအင်တို့မှာ ရှစ်ဖုန့်၏ လျှင်မြန်စွာစုပ်ယူမှုကိုခံလိုက်ရသည်။

အသားပုံအတွင်းရှိ သွေးတို့က ရှစ်ဖုန့်ထံသို့အရူးအမူး တစ်ဟုန်ထိုးဦးတည်လာပြီး အသားပုံကြီးကတော့မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ငရဲဘုံကိုးခု ဓားပညာရပ်အတွက် မိုးကြိုးလျှပ်စီးဓားကိုအသုံးပြုပြီး ဖုန်လောဟန်၏ လေဓားသွား ဟာရီကိန်းကို ခုခံရန် ကောင်းကင်မီးတောက်ကိုအသုံးပြုရခြင်းက  စွမ်းပမာဏအများကြီးကို ကုန်ဆုံးစေသည်။ ရှစ်ဖုန့်နှင့်ငရဲဝံပုလွေတို့၌ ဒဏ်ရာများဖြင့် ပြည့်နေဆဲဖြစ်သည်။

ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကို ဖော်ဆောင်ပြီးသော အခါတွင် ရှစ်ဖုန့်ကိုယ်အတွင်းရှိစွမ်းအင်တို့ကုန်ခန်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ ကြယ်လေးပွင့်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူ၏ သေခြင်းစွမ်းအင်နှင့် သွေးတို့အားစုပ်ယူပြီးသောအခါ အခါတွင် ကုန်ဆုံးသွားခဲ့သော စွမ်းအင်တို့မှာ ရုတ်ချည်းပြန်လည်ဖြည့်တင်းလာခဲ့သည်။

သို့သော် ဘုရင်နယ်ပယ်သို့ရောက်ရှိလာပြီးသည့်နောက်

တွင် သူ့အတွက်အဆင့်တက်ရန်လိုအပ်သောစွမ်းအင်ပမာဏမှာ  သူစိတ်ဝိညာဉ်နယ်ပယ်အဆင့်တုံကနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။ ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ဖုန်လောဟန်၏ သေခြင်းစွမ်းအင်နှင့်သွေးတို့အားစုပ်ယူပြီးသည့်

တိုင် သူ့ဒန်တန်တွင် အဆင့်တက်ရန်လိုအပ်သော စွမ်းအင်ပမာဏမှာလွန်စွာကြီးမားနေဆဲဖြစ်သည်ကို ရှစ်ဖုန့်ခံစားနိုင်သည်။  အဆင့်တက်လှမ်းရန်မှာ လွန်စွာအလှမ်းကွာဝေးနေသေးသည်။ဖုန်လောဟန် ဆယ်ယောက်အားသတ်ဖြစ်လိုက်လျှင်ပင် အများကြီးကွာခြားမည်မဟုတ်ပေ။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters