အပိုင်း (၁၂၈)
Vol. 9 Ch. 128
“ဒု..ဒုခေါင်းဆောင်က သေ…သေပြီ”
“ဒါ..ဒါက ဘယ် လိုဖြစ်နိုင်မှာလဲ…ဒုခေါင်းဆောက်က တကယ်ကြီး အသတ်ခံလိုက်ရတယ်”
ကောင်းကင်ဘုံလေဂိုဏ်း၏ ဘက်တွင် လုံးဝကို ဖရိုဖရဲဖြစ်နေကြသည်။ အားလုံးမှာဘာလုပ်ရမှန်းကိုပင် မသိကြတော့ချေ။ သူတို့နှလုံးသားထဲရှိ နတ်ဘုရားတစ်ပါးလိုဖြစ်နေသော ဂိုဏ်းဒုခေါင်းဆောင်ဖြစ်သူ ကြယ်လေးပွင့် အင်ပါယာနယ်ပယ် အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သူ ဂိုဏ်းခေါင်းဆောင်ပြီးလျှင် အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သောသူမှာ ခုဏလေးတင် သူတို့ရှေ့၌ရပ်နေခဲ့သေးသည်။ ထိုမတိုင်မီကလည်း ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး ဝိုင်နီကို အရသာခံတစိမ့်စိမ့်မြည်းနေသေးသည်။ သို့သော ယခုအခါတွင် ထိုသူသည် လူငယ်လေးတစ်ယောက်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
သူတို့အား ပိုမို၍ တုန်လှုပ်မိစေသည်ကား နတ်ဆိုးတစ်ပါးကဲ့သို့ ဒဏ်ရာဒဏ်ချက်များ၊ ဖြင့်ဖုံးနေသော ထိုလူငယ်လေးက သူတို့အားကျောချမ်းစေလောက်သော အကြည့်ဖြင့် အေးစက်စွာ စိုက်ကြည့်နေခြင်းပင်ဖြစ််လေသည်။
ဤနတ်ဆိုးမှာ ဒုခေါင်းဆောင်၏ ရန်သူ သက်သက်မဟုတ်ပဲ ကောင်းကင်ဘုံလေဂိုဏ်း၏ ရန်သူတော်ဖြစ်သည်ကိုသူတို့ သဘောပေါက်လိုက်ကြသည်။
ရုတ်တရက် ပရမ်းပတာ အခြေအနေဖြစ်နေသော ကောင်းကင်ဘုံလေဂိုဏ်း၏ တပည့်များက သူတို့၏ နတ်ဆိုးသားရဲများကို မောင်းနှင်ပြီး သူတို့၏ အသက်အတွက် အသည်းအသန်ထွက်ပြေးကြတော့သည်။
ရှစ်ဖုန့်က လိုက်မဖမ်းပေ။ ထိုအစားသူက ငရဲဝံပုလွေကို မြန်မြန်ဆင်းသက်ရန် အမိန့်ပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဖုန်လောဟန်ထက်ပိုသန်မာသော ရောင်ဝါသုံးခုက သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်
လာသည်ကို သူအာရုံခံမိထားသောကြောင့်ဖြစ်သည်။ အစောပိုင်းက ဆူညံပွက်လောရိုက်သွားမှုက ကြီးမားသွားသောကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် တစ်ခြားဂိုဏ်းသုံးဂိုဏ်းက အာရုံခံမိပြီး အလျှင်အမြန်တစ်ဟုန်ထိုးလာကြခြင်းဖြစ်လောက်သည်။
“မင်းဘယ်ကိုသွားမလဲဆိုတာကို ငါကြည့်ပါရစေ”
ရုတ်တရက် ဒေါသထွက်စွာအော်ပြောသော အသံတစ်ခုထွက်လာသည်။ သွေးနီရောင်အလင်းက ကောင်းကင်ကို ထိုးခွင်းလာပြီး ရှစ်ဖုန့်ထံတစ်ဟုန်ထိုးဦးတည်လာသည်။
“ကြယ်ရှစ်ပွင့် အင်ပါယာနယ်ပယ်”
သူ့ထံသို့တစ်ဟုန်ထိုးလာနေသော သွေးနီရောင်အလင်းကိုကြည့်ပြီး ထိုလူ၏ ကျင့်ကြံမှုအားရှစ်ဖုန့်ချက်ခြင်း အသိအမှတ်ပြုလိုက်သည်။ ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ အမြန်နှုန်းဖြင့်ဆိုလျှင် ငရဲဝံပုလွေမှာ ၎င်းနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ မကြာခင်သူ က ရှစ်ဖုန့်အောက်သို့ရောက်လာပြီး ရှစ်ဖုန့်၏ လွတ်မြောက်ရာလမ်းကြောင်းကို ပတ်ဆို့ထားလိုက်ကြသည်။
သွေးနီရောင်အလင်းပျောက်ကွယ်သွားသောအ
ခါတွင် သွေးနီရောင်ဆံပင်ရှည် သွေးနီရောင်မုတ်ဆိတ် သွေးနီရောင်အသားအရည်နှင့်သွေးနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်ထွက်ပေါ်လာသည်။သူသည် ဒေါင်မြင့်မြင့် တောင့်တင်းကြံ့ခိုင်သူဖြစ်ပြီး သူ၏ မျက်နှာက ခက်ထန်သော ပုံစံရှိသည်။
ထိုလူမှာသွေးမိစ္ဆာဂိုဏ်း၏ အရှင်သခင်ဖြစ်သူ ရွယ်ထူပင်ဖြစ်သည်။
“သူတောင်းစားလေး သေွးဝါးမျို နတ်ဆိုးပညာရပ်ကို လက်လွှဲပေးစမ်း ငါမင်းကိုမသတ်ခင် ဆယ်နှစ်ဒုက္ခတွေ ခံစားခွင့်ပေးမယ်..မဟုတ်ရင် မင်းရဲ့ဒန်တန်ကိုဖျက်ဆီးပြီးတော့မင်းကို သွေးမိစ္ဆာဂိုဏ်းမှာ ခွေးတစ်ကောင် ဝက်တစ်ကောင်လို ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ပျိုးထောင်ပစ်မယ် …ငါမင်းကို ကမ္ဘာပေါ်မှာ အရက်စက်ဆုံး ညှင်းပန်းနှိပ်စက်မှုတွေနဲ့ မင်းကို နေ့ရောညပါ နှိပ်စက်ပစ်မယ်..ငါမင်းကို သေပါရစေလို့တောင်းပန်လာအောင်ကိုလုပ်ပစ်မယ်”
ဤနေရာသို့လာသောလမ်းတွင် ကောင်းကင်ဘုံလေဂိုဏ်းမှ တပည့်တို့၏ ထိန်းမနိုင်သိမ်းမရ ကြောက်စိတ်မွှန်နေခြင်းကို တွေ့ခဲ့ပြီးဖြစ်သော်လည်း ဖုန်လောဟန်ကိုတော့ သူမမြင်တွေ့ခဲ့ပေ။ ထို့ကြောင့် ရွှယ်ထူအနေဖြင့်ဖုန်လောဟန်နှင့်ပက်သက်ပြီး တစ်စုံတစ်ခုဖြစ်သွားခဲ့သည်ဟု ခန့်မှန်းလိုက်သည်။
ယခု ကောလဟာလများရ သွေးမိစ္ဆာဝါးမျိုးပညာရပ်ကိုကျင့်ကြံသူက အသက်ငယ်ငယ်လေးဖြင့် ဖုန်လောဟန်လို ကြယ်လေးပွင့်ဘုရင်နယ်ပယ်အား သတ်ခဲ့သည်ကို တွေ့ရလျှင် ရွှယ်ထူမှာ ဤအရာအားလုံးသည် နှစ်ရာပေါင်းများစွာပျောက်ဆုံးနေခဲ့သော သွေးဝါးမျို နတ်ဆိုးပညာရပ်ကြောင့်ဖြစ်သည်ဟု မှတ်ယူလိုက်တော့သည်။
ထိုအချိန်တွင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခုက လေကိုထိုးခွင်းပြီး စက္ကန့်အနည်းငယ်အတွင်း ရှစ်ဖုန့်၏ ဘေးဘက်ခြမ်းသို့ရောက်လာသည်။ လျှပ်စီးကြောင်းပျောက်ကွယ်သွားသောအခါတွင် ခရမ်းရောင်ဆံပင်ရှည် ခရမ်းဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထွက်ပေါ်လာပြီး ထိုသူ၏ ကိုယ်၌ ခရမ်းရောင်လျှပ်စီးတို့ လွမ်းခြုံနေသည်။
ရှစ်ဖုန့်အားသူမြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် သူ့၏ ညာလက်က သိန်းငှက်လက်သည်းကဲ့သို့ ပုံစံဖြစ်သွားပြီး သူ၏လက်ဖဝါးထဲတွင် ခရမ်းရောင်လျှပ်စီးလုံး တစ်ခုပေါ်လာသည်။
(စာရေးသူ မှတ်ချက်- ရာဆင်းဂန်းခရမ်းရောင် ဟားဟား)
သူကထိုအရာအား ရှစ်ဖုန့်၏ ခေါင်းထံသို့ချိန်ရွယ်လိုက်သည်။
“သူတောင်းစားလေး ငါ့သားရဲ့ အသက်ကို ပြန်ပေးစမ်း”
ရောက်လာခဲ့သောသူမှာ ခရမ်းရောင်မိုးကြိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ လဲ့ကန်းပင်ဖြစ်သည်။ သူသည်ကြယ်ရှစ်ပွင်း အင်ပါယာနယ်ပယ်နားသို့ချဉ်းကပ်နေပြီးဖြစ်၏။
သူ၏ မျှော်လင့်ချက်အားလုံးအား ပုံအပ်ထားခဲ့ရသည့်သားဖြစ်သူမှာ ယခုအခါတွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။ လူသတ်သမားအား မြင်တွေ့လိုက်ရသောအချိန်တွင် လဲ့ကန်းအနေဖြင့် ထိုလူ၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်အား ဖျက်ဆီးပစ်ရန်အတွက် စောင့်ဆိုင်းမနေနိုင်တော့ပေ။
ရှစ်ဖုန့်၏ မျက်နှာက အေးစက်သွားသည်။ ခုဏကသူလှုပ်ရှားရန်လုပ်လိုက်သော်လည်း အဲ့တာကမလိုအပ်တော့သည်ကို သူသဘောပေါက်လိုက်သည်။သွေးရောင်လက်တစ်ဖက်က ရှစ်ဖုန့်ရှေ့တွင်ပိတ်လိုက်ပြီး ခရမ်းရောင်လျှပ်စီးလုံးကို ဖမ်းဆုပ်ကာ ခွဲချေပစ်လိုက်သည်။
ထိုခရမ်းရောင်လျှပ်စီးလုံးအား ဖျက်ဆီးပစ်လိုက်သောသူမှာ ရွှယ်ထူပင်ဖြစ်သည်။ သူ့အနေဖြင့် အန္တိမ နတ်ဆိုးပညာရပ်ဖြစ်သော သွေးဝါးမျိုနတ်ဆိုပညာရပ်အား မရရှိသေးပေ။ ထို့ကြောင့်သူ့အနေဖြင့်လဲ့ကန်းအား ဤသက်ရှိစာအုပ်ကို သတ်ခွင့်ဘယ်ပေးနိုင်ပါမည်နည်း။
လဲ့ကန်း၏ မျက်လုံးတို့က မီးဝင်းဝင်းတောက်နေသည်။ သူကရွှယ်ထူကို စိုက်ကြည့်လိုက်ပြီး အော်လိုက်သည်။
“ရွှယ်ထူ သူတောင်းစားအိုကြီး ..ဒါကဘာအဓိပ္ပါယ်လဲ”
“ဟမ့်”
ရွှယ်ထူက အေးစက်စွာနှာမှုတ်လိုက်ပြီးပြောလိုက်သည်။
“ဒီသူတောင်းစားလေးကိုငါဖမ်းခဲ့တာ ဒီတော့သူ့ကိုကိုင်တွယ်မဲ့သူကလည်း ငါပဲဖြစ်သင့်တယ်”
“ဒါဆိုလည်းသူ့ကို ကိုင်တွယ်လေ”
လဲ့ကန်းက အော်လိုက်သည်။
“ဟမ့် ငါ့ကိုလာပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးစရာမလိုဘူး”
ရွှယ်ထူက အေးစက်စွာနှာမှုတ်လိုက်ပြန်သည်။
ထိုအချိန်တွင်နှင်းဖြူရောင်အလင်းက ဝေဟင်ကိုထိုးခွင်းလာပြီး မျက်စိတစ်မှိတ်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ရောက်လာသည်။ အဖြူရောင် အလင်းပျောက်ကွယ်သွားသောအခါတွင် ဆံပင်တို့ကိုစည်းထားပြီး နှင်းဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လှပသော အမျိုးသမီးတစ်ယောက်ထွက်ပေါ် လာသည်။
သူမသည် ပင်ကိုစရိုက်မှာ ခံ့ညားသောအသွင်သဏ္ဍန်ရှိသည်။ သူမသည် ရွှယ်ရီမုံ့ဖြစ်ပြီး ရေခဲနှင်းတောင်ကြားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။သူမသည် ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်
ဖြစ်ပြီး ယွင်လိုင်အင်ပါယာ၏ ထိပ်တန်းအဆင့်ဆယ်ယောက်တွင် အဆင့်ခုနှစ်ချိတ်သူဖြစ်သည်။
“ရှင်တို့တွေဘာလို့ သဘောထားကွဲလွဲနေကြတာလဲ”
ရွှယ်ရီမုံ့က လဲ့ကန်းနှင့် ရွှယ်ထူကို စိတ်ရုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ ထို့နောက်သူမက ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး သူမ၏ လှပသောမျက်နှာလေးက ဖြည်းဖြည်းချင်း အေးစက်လာသည်။
“နင်ရီရီကို သတ်ခဲ့တာလား”
ရွှယ်ရီမုံ့၏ အေးစက်သောအကြည့်ကို မျက်နှာချင်းဆိုင်ပြီး ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်
“ကိုယ့်ကိုယ်ကိုယ်သေပါရစေလာပြောနေတဲ့သူတွေကို ကျုပ်သတ်ခဲ့တာပဲ ..သူ့သေခြင်းသူတောင့်တနေတဲ့ ဖုန့်လောဟန်လည်း ကျုပ်ပဲသတ်ခဲ့တာ”
“နင်..နင်ဖုန်လောဟန်ကို သတ်လိုက်တာလား”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် ရွှယ်ရီမုံ့၏ အေးစက်သော မျက်နှာထက်တွင် တုန်လှုပ်မှုတို့ပြည့်နှက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမမှာ အနောက်ဘက်ဂိတ်တွင်ရှိနေခဲ့ပြီး ဤနေရာဖြင့် အဝေးဆုံးနေရာပင်ဖြစ်သည်။သူမရောက်လာ
သောအခါတွင် ကောင်းကင်ဘုံလေဂိုဏ်းမှ တပည့်များမှာ နေရာအနှံသို့ထွက်ပြေးသွားကြသည်ဖြစ်သည်။
ထို့နောက်တွင် ဤနေရာ၌ အစက ကောင်းကင်ဘုံလေဂိုဏ်း၏ တပည့်များရှိနေခဲ့သော်လည်း သူမနေဖြင့် ဖုန်လောဟန်အပါအဝင် သူတို့အားလုံးမရှိတော့သည်ကို သူမ သဘောပေါက်လိုက်သည်။
“ရှင်တို့တွေက ဘာလို့စကားများနေကြသေးတာလဲ..ဒီကောင့်ကို အသက်ရှင်ခွင့်ပေးလိုက်လို့မဖြစ်ဖူး “
ရွှယ်ရီမုံ့က ရွှယ်ထူနှင့် လဲ့ကန်းကိုအော်ပြောလိုက်သည်။
“ဒီကောင်က အသက်ငယ်ငယ်လေးနဲ့ ဖုန်လောဟန်ကို သတ်ပစ်ခဲ့တာ ..ဒီလိုနတ်ဆိုးမျိုးကို အသက်ရှိင်ခွင့်ပေးထားလိုက်ရင် ကပ်ဘေးအန္တရာယ်တစ်ခုဖြစ်လာလိမ့်မယ်”
ဖုန်လောဟန်မှာ ကြယ်လေးပွင့် အင်ပါယာနယ်ပယ်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး ထိပ်တန်းကျွမ်းကျင်သူ ဆယ်ယောက်တွင် နံပါတ်ရှစ်ချိတ်သောသူဖြစ်သည်။
သူနှင့်သူမမှာ အဆင့်တစ်ခုသာကွာခြားသည်။ ယခုရေခဲနှင်းတောင်ကြားမှာ သူနှင့်ရန်သူများဖြစ်နေကြပြီဖြစ်ပြီး ဤနတ်ဆိုးကိုသာ အသတ်ရှင်ကြီးထွားခွင့်ပေးလိုက်လျှင် ဖြစ်လာမည့်အကျိုးဆက်က စိတ်ကူးကြည့်၍ပင်ရမည်မဟုတ်ပေ။
“ရွှယ်ထူ သူတောင်းစားအိုကြီး ခင်ဗျားဘာလို့ ဒီကောင်စုတ်လေးကို ကာကွယ်ပေးနေရတာလဲ..ဒီအရှင်နားလည်ပြီ ..နောက်ဆုံးတော့ဒီအရှင်နားလည်သွားပြီ..
နောက်ဆုံးတော့ဒီအရှင်နားလည်သွားပြီ..ဒီ
ကောင်မှာ သွေးဝါးမျိုနတ်ဆိုးပညာရပ်ရှိနေခဲ့တယ် ..သူက ခင်ဗျားရဲ့တရားမဝင်သားမလား..ဒါကို ကျုပ်သားလဲ့ရှောင်းသေတဲ့အချိန်တုံးထဲက ခန့်မှန်းမိခဲ့သင့်တာ..ရေခဲနှင်းတောင်ကြားရဲ့ မြင့်မြတ်တဲ့ အပျိုစင်ဖြစ်သူ အလောင်းကိုရှာတွေ့တုံးက သူမဟာ သွေးဝါးမျိုနတ်ဆိုးပညာရပ်ရဲ့ အောက်မှာသေဆုံးသွားတာကိုတွေ့ခဲ့ရတယ်…ရွှယ်ထူ ခင်ဗျားကျုပ်ကို ဖြေရှင်းချက် ကောင်းကောင်းတစ်ခုကိုပေးမှရမယ်…မဟုတ်
ရင် ခရမ်းရောင်မိုးကြိုးဂိုဏ်းက ဒါကို ဒီအတိုင်းလွှတ်ထားပေးမှာ မဟုတ်ဖူး”
လဲ့ကန်းကပြောလိုက်သည်။
လဲ့ကန်း၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရွှယ်ထူက ချက်ခြင်းအော်ပြောလိုက်သည်။
“လဲ့ကန်း အဓိပ္ပါယ် မရှိတာတွေကို ပြောမနေနဲ့..သွေးမိစ္ဆာဂိုဏ်းက သွေးဝါးမျိုနတ်ဆိုးပညာရပ်ကို ပျောက်ဆုံးသွားခဲ့တာ နှစ်ရာပေါင်းများစွာ ရှိနေပြီဆိုတာကို ယွင်လိုင်အင်ပါယာတစ်ခုလုံးသိတယ်..ငါ့မြေး
ဖြစ်သူ ရွှယ်ယိုတောင် သွေးဝါးမျိုနတ်ဆိုးပညာရပ်နဲ့ သတ်ဖြတ်တာကိုခံခဲ့ရတာပဲ…မင်းတို့အကုန်လုံးမျက်လုံးနဲ့ တပ်အပ် မြင်တွေ့ခဲ့ကြတာပဲ မဟုတ်ဖူးလား”
လဲ့ကန်းက နှာမှုတ်လိုက်သည်။
“ဟမ့် သွေးဝါးမျိုနတ်ဆိုးပညာရပ်က ပျောက်ဆုံးသွားခဲ့တယ်ဆိုတာ သွေးမိစ္ဆာဂိုဏ်းကပဲ ပြောခဲ့တာလေ…တကယ်ပျောက်မပျောက် ဘယ်သူကသိမှာလဲ ..တကယ်သာ ပျောက်ဆုံးသွားတယ်ဆိုရင် ဒီကောင်စုတ်လေးက ဘယ်လိုဖြစ်ပြီးတော့ သွေးဝါးမျို နတ်ဆိုးပညာရပ်ကို သိနေရတာလဲ”
“သူသွေးဝါးမျိုနတ်ဆိုးပညာရပ်ကို ဘယ်နေရာကနေ သင်လာခဲ့လည်းဆိုတာကို ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ …ဒီကောင်စုတ်ကို ငါပဲဖမ်းခဲ့တာ သူက ငါချစ်မြတ်နိုးရတဲ့ ငါ့မြေးဖြစ်သူကို သတ်ခဲ့တာ ..ဒီတော့ငါသူ့ကို သွေးမိစ္ဆာဂိုဏ်းဆီကို ပြန်ခေါ်သွားပြီးတော့ နှိပ်စက်ညှင်းပန်းရမယ်…အဲ့နောက်မှသာငါချစ်
မြတ်နိုးရတဲ့ မြေးလေးရဲ့ ဝိညာဉ်ကို ကောင်းကင်ဘုံဆီကို လွှတ်ပေးနိုင်မှာ”
“ဟမ့်ခင်ဗျားက အကြာကြီးကွဲကွာနေရတဲ့ ခင်ဗျားရဲ့ တရားမဝင်သားကို တွေ့ပြီလေ…အဲ့တော့ ခင်ဗျားက သူ့ကို ပြန်ခေါ်သွားပြီးတော့ သွေးမိစ္ဆာဂိုဏ်းမှာပျိုးထောင်မြှင့်တင်ပေးမယ်လို့ကျုပ်ထင်မိတယ်”
“တော်လောက်ပြီ ..စကားများငြင်းခုန်နေတာကို ရပ်တော့..”
ရွှယ်ရီမုံ့က ဒေါသထွက်စွာ အော်ပြောလိုက်သည်။ သူမက ရွှယ်ထူကိုကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“ဒီကောင်စုတ် ဒီနေ့သေရမယ်”
“ဒီလူအိုကြီးက အဲ့တာကို မဖြစ်နိုင်ဘူးလို့ပြောခဲ့ရင်ရော”
ထိုချိန်တွင် အိုမင်းသော အသံတစ်ခုက ကောင်းကင်ထက်တွင်ပဲ့တင်ထွက်လာသည်။ စွမ်းအားကြီး ဖိအားတစ်ခုက ကောင်းကင်ထက်မှာ သက်ဆင်းလာပြီး ပတ်ဝန်းကျင် နေရာတစ်ခုလုံးအား ချက်ချင်းတုန်ခါလာစေသည်။ ထိုဖိအားကို အာရုံခံမိပြီး ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်တို့မှာ အမူအယာချက်ခြင်းပြောင်းလဲသွားကာ တုန်လှုပ်မှုတို့ လှစ်ဟထွက်ပေါ်လာသည်။
ရွှယ်ရီမုံ့က သူ့ခေါင်းကို ကောင်းကင်ပြင်ဆီမော့၍ တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။
“ဒီ..ဒီစွမ်းအားက..ဘိုး..ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပဲ”
ဆက်ရန်…
ဘာသာပြန်သူ - ARISE