← Chapters

အပိုင်း (၁၃၀)

Vol. 9 Ch. 130

အပိုင်း (၁၃၀)

Vol. 9 Ch. 130

“ဟီး ဟီး..”

လုံချန်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် လုံမုန့်က ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။သူမ၏ သေးငယ်သော ပါးချိုင့်လေးနှစ်ဖက်ကာ လှစ်ဟာပေါ်နေပြီး သူမကပြောလိုက်သည်။

“ကိုကြီး .အရမ်းဆိုးတာပဲ….ကိုကြီးတကယ်ပဲ  ညီမလေးလို စကား ဘယ်လိုပုံစံပြောရမယ်ဆိုတာကိုသင်ခဲ့တာလား”

“ဟားဟား..တော်လောက်ပြီ ..ဒီမှာပဲထပ်ပြီး ရပ်မနေဘဲ အထဲကိုဝင်ပြီး ထိုင်ကြစို့ “

လုံချန်က ပြုံးကာ လုံမုန့် အစောပိုင်းက ရပ်နေခဲ့သော လက်ဖက်ရည်ဆိုင်ကို ညွှန်ပြလိုက်သည်။

ထို့နောက်တွင် သူတို့က လက်ဖက်ရည်ဆိုင်အတွင်းသို့ လျှောက်လှမ်းဝင်သွားကြသည်။ လုံမုန့်က ရည်ရွယ်ချက်ရှိရှိ ရှစ်ဖုန့်ဘေးတွင် လျှောက်ပြီး ပြောလိုက်သည်။

“ကိုကြီး ရှစ်ဖုန့် လူတိုင်းက အခုကိုကြီးဟာ  အရမ်းကို အစွမ်းထက်တဲ့သူလို့ပြောကြတယ်..ကိုကြီးအနေနဲ့ ညီမလေးကို တပည့်အဖြစ်နဲ့ ခေါ်ယူပြီးတော့ သိုင်းပညာကို သင်ကြားပေးလို့ရလား..ညီမလေးလဲ ကိုကြီးလို အစွမ်းထက်လာချင်တယ်”

ရှစ်ဖုန့်က လုံမုန့်ကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းက သန့်စင်ယန် ဖွဲ့စည်းပုံနဲ့ မွေးဖွားလာခဲ့တာ အဲ့တာက ငါ့ရဲ့သိုင်းပညာရပ်တွေနဲ့ ဆန့်ကျင်ဘက်ပဲ….ငါ့ရဲ့သိုင်းပညာရပ်တွေက မင်းနဲ့ မသင့်တော်ဘူး ..မင်းမှာ သိုင်းပညာနဲ့ပက်သက်ပြီ နားမလည်တာတွေရှိရင်တော့ ..ငါအင်ပါယာမြို့အတွင်းမှာရှိနေတဲ့ကာလပတ်

လုံး အချိန်မရွေးလာမေးလို့ရတယ်”

ဤမိန်းကလေးမှာ အသက်ငယ်ငယ်လေးဖြင့် ကြယ်ငါးပွင့် ဘုရင်နယ်ပယ်သို့ ရောက်နေပြီးဖြစ်ကြောင်းကို ရှစ်ဖုန့်သိရှိပြီးဖြစ်သည်။ ယွင်လိုင်အင်ပါယာတွင် သူမအား ပါရမီရှင်တစ်ယောက်ဟုပင် သုံးသတ်သင့်သည်။

သို့သော်၎င်းက သိပ်အထူးအဆန်းကြီးတော့မဟုတ်ပေ။ သူမသည် အင်ပါယာမြို့တွင် မွေးဖွားလာခဲ့ပြီး ကျင့်ကြံခြင်းအရင်းအမြစ်များကလည်းပေါကြွယ်ဝကာ သူမအား ကျော်ကြားသော သိုင်ပညာရပ်များကိုသင်ကြားပေးသည့် ဆရာတစ်ယောက်ကိုပင်ငှားရမ်းထားနိုင်သည်ဖြစ်သည်။

“ဟီးဟီး.. ဒါဆို ညီမလေးတို့ အပေးအယူဖြစ်ပြီနော် ..ညီမလေးက ကိုကြီးဆီကို အချိန်မရွေးလာလို့ရနိုင်ပြီ”

လုံမုန့်က ရှစ်ဖုန့်ကို မြူးတူးစွာဖြင့်ပြောလိုက်သည်။

ရှစ်ဖုန့်၌ ရယ်မောရတာကိုနှစ်သက်သော ဤချစ်စရာကောင်းသည့် မိန်းကလေးနှင့်ပက်သက်ပြီး ကောင်းမွန်သော စိတ်သဘောထားရှိသည်။

သူမအားကြည့်လိုက်မည်ဆိုလျှင်  ထူးခြားသည့်သူမ၏ ဝင်းလက်တောက်ပနေသော မျက်လုံးကြီများနှင့် သူမ၏ ချိုသာသော “ကိုကြီး” သူသည့်ခေါ်သံက ယခုအချိန်၌ ဘာတွေလုပ်နေသည်ဆိုသည်အား မသိရသော သူ၏ ညီမဖြစ်သူ ရှစ်လင်ကို သူပြန်၍ သတိရမိစေသည်။

သိပ်မကြာခင် သူတို့သုံးယောက်သား လက်ဖက်ရည်ဆိုင်အတွင်းသို့အတူတကွ ဝင်လာလိုက်ကြသည်။ စားပွဲထိုးဖြစ်သူက သူတို့ကို ချက်ခြင်းပဲ လာရောက်နှုတ်ဆက်လိုက်သည်။ လုံချန်က စားပွဲထိုးထံ ရွှေဒင်္ဂါးတစ်ပြားကို တိုက်ရိုက်လွှဲပေးလိုက်ပြီး ပြောလိုက်သည်။

“ငါတို့အတွက် ပထမတန်းစားအခန်းကို ပြင်ဆင်ပေး”

စားပွဲထိုးဖြစ်သူက  သူ့လက်တို့ကို အလျှင်အမြန်ဝေ့ယမ်းကာပြောလိုက်သည်။

“အာ ကျွန်တော်တောင်းပန်ပါတယ် လူကြီးမင်းခင်ဗျား …ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်က ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ကြိုတင်စာရင်းသွင်းမှာ ယူပြီးနေပါပြီ..ကျွန်တော်တို့တွေ နောက်ထပ်ဘာကိုမှ လက်ခံလို့မရတော့ပါဘူး ..လူကြီးမင်းတို့အနေဖြင့် တစ်ခြားတစ်နေရာရာကိုသွားသင့်ပါတယ်”

“ကြိုတင်မှာယူခဲ့တာလား”

လုချန်က မျက်မှောင်ကို နက်ရှိုင်းစွားကြုံ့လိုက်ပြီး စိတ်မကျေနပ်မှုကို ပြသလိုက်သည်။ သူကပြောလိုက်သည်။

“သူတို့ဘယ်လောက်ပေးခဲ့တာလဲ ..ငါသူတို့ပေးတာထက် နှစ်ဆပေးမယ်”

“ကျွန်တော်တကယ် စိတ်မကောင်းပါဘူး ချစ်ခင်ရပါသောစားသုံးသူခင်ဗျား လူကြီးမင်းအနေနဲ့ ဘယ်လောက်ပဲ တန်ကြေးပေးပြီး ကမ်းလှမ်းပါစေ အဲ့တာတွေက အသုံးမဝင်ပါဘူး..ကျွန်တော်တို့        ဆိုင်ဟာ ထိုလေးစားရပါသော ဧည့်သည်တော်ကို စော်ကားဖို့ အားမထုတ်နိုင်ပါဘူး ..ကျေးဇူးပြုပြီး ကျွန်တော့်ကိုကူညီပါ..ကျွန်တော်အတွက် လုပ်ဆောင်ရခက်ခဲစေတာတွေကိုရပ်တန့်ပေးပါခင်ဗျား”

ဤစားပွဲထိုးမှာ လက်ဖက်ရည်ဆိုင်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသောသူဖြစ်လေသည်။ ဤလူများ၏ ဝတ်စားဆင်ယင်မှုကိုကြည့်ရုံဖြင့် ၎င်းတို့မှာ ရိုးရှင်းသောသူများမဟုတ်ကြောင်းကို  သူအလိုအလျှောက်သိလေသည်။ သို့သော်  ၎င်းတို့၏ သရုပ်မှန်များကပင် မရိုးရှင်းလောက်ဖူးဆိုလျှင် အပေါ်ထက်ရှိ ဆရာသမားများမှာပို၍ပင်သာလိမ့်မည်ဖြစ်သည်။

“ဒီမှာလည်း ဘယ်သူ့မှ မရှိပါဘူး ..ထိုင်ခုံလွတ်တွေလဲ ရှိနေတာပဲမဟုတ်ဖူးလား ဘာလို့ကျွန်မတို့ကို ထိုင်ဖို့ရှင်ခွင့်မပြုရတာလဲ ရှင်က ပိုက်ဆံလဲမလိုချင်ဘူး..ရှင်ရူးများနေတာလား”

လုံမုန့်က စားပွဲထိုးကိုကြည့်ပြီး စိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။

စားပွဲထိုးဖြစ်သူက လုံမုန့်ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

စားပွဲထိုးက လုံမုန့်ကို ပြုံးပြ၍ ပြောလိုက်သည်။

“မိန်းကလေးအနေနဲ့ လာနောက်နေတာပဲဖြစ်ရမယ်…ဒီလက်ဖက်ရည်ဆိုင်ကို ဂုဏ်သရေရှိ ဧည့်သည်တော်က ဒီနေ့အတွင် ကြိုတင်ငှားရမ်းထားတာကြောင့် ထိုင်ခုံလွတ်တွေအများကြီး ရှိနေတာပါ”

“အိုး..အဲ့လိုဖြစ်တာကြောင့်လား”

လုံမုန့်က လေးနက်စွာခေါင်းညိမ့်လိုက်သည်။သည်မိန်းက

လေးမှာ အပြင်ထွက်ခြင်း ရှားပါးသည်မှာသိသာလွန်းလှသည်။ အထူးသဖြင့် လူဆိုးနှင့် လူကောင်းတို့ရော နှောနေတတ်သော လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များဆီသို့ပင်ဖြစ်သည်။

“ထားလိုက်တော့…တစ်ခြားနေရာတစ်ခုကိုပဲသွားရှာရအောင်”

ရှစ်ဖုန့်က လုံချန်ကို ပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်က ထို့သို့ပြောနေမှတော့ လုံချန်ကလည်းခေါင်းညိမ့်လိုက်သည်။

“ဘယ်အရူးက အောက်ကနေပြီး နားတကျည်ကျည် လာလုပ်နေတာလဲကွ …အရမ်းကိုဆူညံနေတာပဲ…စားပွဲထိုး ဒီလက်ဖက်ရည်ဆိုင်ကို ငါ့သခင်က ကြိုတင်ငှားရမ်းထားတယ်လို့ငါမပြောခဲ့ဖူးလား”

ထိုအချိန်တွင် အပေါ်ထပ်ဆီမှာ ကြမ်းတမ်းသော အော်သံတစ်ခုထွက်ပေါ်လာသည်။

ရှစ်ဖုန့်နှင့်တစ်ခြားသူများက ကြည့်လိုက်ကြသောအခါတွင် ဒုတိယအလွှာလှေကားထစ်နောက်ရှိ လျှောက်လမ်းပေါ်၌ ကြမ်းတမ်းသောပုံစံနှင့် လူတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

ကြမ်းတမ်းသော ပုံစံနှင့်လူက လုံချန်၏ မျက်နှာကို တွေ့လိုက်ရသောအခါတွင် သူ၏ သူငယ်အိမ်တို့ကြုံ့သွားပြီး ရုတ်တရက် တုန်လှုပ်သွားသည်။

“မင်း..မင်းသားချန်”

ထိုသို့ပြောပြီးသည့်နောက်တွင် ကြမ်းတမ်းသောပုံစံနှင့်လူက အလျှင်အမြန် အခန်းအတွင်းသို့ပြေးဝင်သွားသည်။

“မင်းသူ့ကိုသိလား “

ရှစ်ဖုန့်က လုံချန်ကို မေးလိုက်သည်။

“သူက ငါမတွေ့ချင်ဆုံးလူရဲ့ အစေခံပဲ….တစ်ခြားနေရာကိုသွားကြစို့ “

လုံချန်ကပြောလိုက်သည်။

ရှစ်ဖုန့်ကလည်းခေါင်းညိမ့်လိုက်သည်။ သူတို့ထွက်ခွာရန် လှည့်လိုက်ကြ‌သော အချိန်တွင် ရုတ်တရက် ဒုတိယ အလွှာဆီမှ ကျယ်လောင်‌သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဒီတော့ တကယ်ပဲ ငါ့ရဲ့ စတုတ္ထညီလေးနဲ့ဆဋ္ဌမညီမလေးတို့ပေါ့ ..မင်းတို့နဲ့တွေ့နေရမှတော့ ဘာလို့ငါ့ဆီကိုလာပြီး  မနှုတ်ဆက်ကြတာလဲ”

ထိုအသံအားကြားလိုက်ရသောအခါတွင် လုံချန်၏မျက်နှာမှာ အရင်ဆုံးအေးစက်မှုအဖြစ်သို့ပြောင်းသွားသည်။ ထို့နောက်တွင် သူ၏ တောင့််တင်းနေသော နှုတ်ခမ်းတို့ကို ဖြည်းဖြည်းချင်း  ဖွင့်ဟစေလိုက်ပြီး အပြုံးတစ်ခုကို ကြိုးစားထုတ်ဖော်လိုက်သည်။သူက လှည့်လိုက်ကာ ခေါင်းကိုမော့၍ပြောလိုက်သည်။

“ဒီညီတော်က အကိုတော်အနေနဲ့ အရမ်းအလုပ်များနေတာလို့တွေးလိုက်လို့ပါ….ညီတော်အနေနဲ့ အပေါ်ကိုသွားပြီး ဂုဏ်သရေရှိဧည့်သည်တော်ကို အနှောက်အယှက်မပေးတာက ပိုကောင်းတယ်လို့တွေးလိုက်တာ ..အကိုတော်ကိုယ်တိုင် ညီတော်ကိုတွေ့ဖို့အတွက်ထွက်လာလိမ့်မယ်လို့

တော့ မထင်ထားခဲ့မိဘူး”

ရှစ်ဖုန့်ကလည်း လှည့်၍ သူ့ခေါင်းကို မော့ကြည့်လိုက်သည်။ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပေါ်ထပ်၌ ရပ်နေသော လူတစ်ယောက်ကိုသူတွေ့ လိုက်ရသည်။

ထိုသူ၏ အသက်မှာ သုံးဆယ့်ခုနှစ် သုံးဆယ့်ရှစ် အရွယ်ခန့်ရှိပြီး လေးထောင့်ဆန်သော မျက်နှာ အချိုးအစားကိုပိုင်ဆိုင်ထားသည်။ သူသည်တော်တော်လေး တည်ကြည်ပြီး သမာဓိရှိသော အမူယာမျိုးကို ပိုင်ဆိုင်ထားပုံပေါ်သည်။

ထိုလူမှာ ယွင်လိုင်အင်ပါယာ၏ ပထမမင်းသားဖြစ်သူ လုံရှင်းပင်ဖြစ်လေသည်။

လုံရှင်းက တက်တက်ကြွကြွဖြင့် အောက်ရှိလူများကိုပြောလိုက်သည်။

“ငါတို့လို ညီအကိုတွေကြားထဲမှာ ဒါတွေပြောနေစရာလိုသေးလို့လား….လာလာ…စတုတ္ထညီလေး နဲ့ ဆဋ္ဌမ ညီမလေးတို့ နှစ်ယောက်စလုံးလာခဲ့ကြ..အပေါ်ထပ်မှာ ဂုဏ်သရေရှိဧည့်သည်တစ်ယောက် ရှိတယ်.. ငါမင်းတို့ကို မိတ်ဆက်ပေးမယ်”

လုံချန်က ရှစ်ဖုန့်ကိုကြည့်လိုက်သည်။ ထိုအရာအားတွေ့ရသောအခါ ရှစ်ဖုန့်က ခေါင်းကို အနည်းငယ်ညိမ့်ပြလိုက်ပြီး ဘာကန့်ကွက်မှုမှ မလုပ်ခဲ့ပေ။ သူကလုံမုန့်နှင့်အတူ နောက်မှလိုက်၍ အပေါ်သို့ တက်လိုက်သည်။

သူတိုးလမ်းလျှောက်နေရင်း လုံမုန့်၏ တီးတိုးပြောသံက ရှစ်ဖုန့်နား ထဲသို့ရောက်လာသည်။

“သမီးအကိုက အမြဲတမ်းသူမျက်နှာကို ခပ်တည်တည်ကြီးနဲ့နေတာ ..သူအရင်က ဟာသပြောတာကိုတစ်ခါမှ မမြင်ဖူးဘူး …သူပြုံးလိုက်တဲ့အချိန်တိုင်း သူ့အပြုံးက ဟန်ဆောင်ထားတဲ့ အတုအယောင်ကြီးတစ်ခုလိုခံစားရတယ်..သူနဲ့ရှိ

နေတဲ့အချိန်တိုင်းမှာ တော်တော်လေးကို ပင်ပန်းမှုကိုခံစားရတယ်…ဒီနေရာကနေ စောစောထွက်သွားလို့ရနိုင်မဲ့ ဆင်ခြေတစ်ခုကို ရှာရမယ်..အဲ့ကျရင် သမီး ကိုကြီးကို  ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီခေါ်သွားမယ်သိလား”

“ပျော်စရာနေရာတစ်ခု ဟုတ်လား”

ရှစ်ဖုန့် ကတီးတိုးရေရွတ်လိုက်သည်။

“ဟုတ်တယ်…အချိန်ကျလာရင် ကိုကြီး သိရလိမ့်မယ်..အဲ့ကိုရောက်သွားတာနဲ့ ကိုကြီး ပျော်ရွှင်စရာကို ရှာတွေ့မယ်ဆိုတာ သမီးသေချာပြောရဲတယ်…”

လုံမုန့်၏ မျက်လုံးလေးက ထိုနေရာအကြောင်းအား  တွေးနေချိန်တွင် ကျဉ်းမြောင်းသွားသည်။ သူမမှာ သူမ၏ နမည်လေးအတိုင်းကို ချစ်စရာကောင်းပေသည်။

“ဒါဆို ငါစောင့်ပြီး ကြည့်ပါ့မယ်”

ရှစ်ဖုန့်က ပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။

သူတို့အပေါ်ထပ်သို့ရောက်သွားချိန်တွင် လုံရှင်းက ရှစ်ဖုန့်ကို ကြည့်၍ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဟားဟား…မင်းကသခင်လေးဖုန့်ပဲ ဖြစ်ရမယ်…မင်းကတကယ့်ကို လူငယ်သူရဲကောင်းတစ်ယောက်ပဲ..ဒီရက်တွေမှာ မင်းရဲ့သူရဲကောင်းဆန်တဲ့ လုပ်ဆောင်ချက်တွေကို နေရာတိုင်းလိုလိုကနေ ငါကြားနေရတယ်”

ရှစ်ဖုန့်က လုံရှင်း၏ စကားတို့အားထောက်ခံပုံရသည်။ သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“မင်းဟာမင်းဘာပဲဖြစ်နေပါစေ သန်မာတဲ့သူတွေပဲ  အမြဲသတိထားခံရတယ်ဆိုတာက သဘာဝပဲလေ”

“ဟားဟား ..သခင်လေးဖုန့်က တကယ့်ကို တစ်မူထူးခြားတဲ့သူပဲ….အထဲကိုဝင်ပြီးတော့ စကးပြောရအောင်..စတုတ္ထညီလေး နဲ့ ဆဋ္ဌမညီမလေးတို့ ကျေးဇူးပြုပြီး ကြွပါ…”

လုံရှင်း၏ ဦးဆောင်မှုအောက်တွင် ရှစ်ဖုန့်နှင့် အခြားနှစ်ယောက်မှာ အလွန်လှပသိမ်မွေ့ ကျော့ရှင်းသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။ထိုအချိန်၌ အခန်းအတွင်းတွင် ယခင်ကတွေ့လိုက်ရသော တုတ်ခိုင်သော သူနှင့်အတူ အဖြူရောင်ဝတ်ဆင်ထားသော  လူငယ်လေးတစ်ယောက်က စားပွဲ၏ ထိပ်ဆုံးနေရာ၌ ထိုင်နေသည်။သူ၏ မျက်နှာမှာ မာနကြီးသော အသွင်ရှိပြီး မွေးရာပါ မင်းမျိုးမင်းနွယ် အထက်တန်းလွှာ ပင်ကိုစရိုက်  ရှိသည်။

လူငယ်လေး၏ နောက်တွင် သတ်လတ်ပိုင်းအရွယ် အနက်ရောင်စစ်သည်တစ်ယောက်ကရပ်နေသည်။သူ၏ မျက်နှာကဘာမှ ဖြစ်ပျက်နေခြင်းမရှိသကဲ့သို့ တည်ကြည်လေးနက်မှုတို့ရှိသည်။ ရှစ်ဖုန့်နှင့်တစ်ခြားသောသူများ အခန်းအတွင်းသို့ ဝင်လာသောအခါတွင် သူ၏မျက်လုံးတို့အား ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေသည်။ မည်သူများဝင်ရောက်လာခြင်းကို ကြည့်နေခြင်းမရှိပေ။

“ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်…”

ရှစ်ဖုန့်အခန်းအတွင်းသို့ဝင်ပြီးပြီးချင်း အနက်ရောင်စစ်သည်၏ ကျင့်ကြံမှုကို အသိအမှတ်ပြုလိုက်သည်။ သူ၏ ပုံစံမှာ သာမန်သာဖြစ်ပြီး သူနှင့်ပက်သက်ပြီး ဘာထူးခြားချက်မှရှိမနေချေ။

ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်အား  သူ့နောက်တွင် ကိုယ်ရံတော်တစ်ယောက်အဖြစ် ထားနိုင်ပုံထောက်လျှင် ဤအဖြူရောင်နှင်လူမှာ သေချာပေါက်ရိုးရှင်းသောသူ မဟုတ်ပေ။

အဖြူရောင်ဝတ်ရုံနှင့်လူကား ရှစ်ဖုန့်နှင့် အခြားသော သူများ ဝင်လာသည်ကို တွေ့လိုက်ရသောအခါတွင် တင်စီးသော အမူအယာဖြင့်ကြည့်လိုက်သည်။ သူက  သူတို့အား မျက်လုံးထဲတွင်ထည့်မတွက်ပေ။ လုံမုန့်အား မြင်လိုက်ရသောအခါမှသာလျှင် သူ၏ အမူအယာအနည်းငယ်ပြောင်းလဲသွားသည်။ သို့သော် လျှင်မြန်စွာဖြင့် ပုံမှန်ပြန်ဖြစ်သွားသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters