အပိုင်း (၁၃၁)
Vol. 9 Ch. 131
“ဟားဟား …”
ရှစ်ဖုန့်နှင့် တစ်ခြားသောသူများဝင်ရောက်ပြီးနောက်တွင် အခန်းအတွင်းသို့ နောက်ဆုံးမှ ဝင်ရောကလာသောသူမှာ လုံရှင်းပင်ဖြစ်သည်။
သူက ရယ်မောပြီး အဖြူရောင်နှင့်လူငယ်လေးကို ပြောလိုက်သည်။
“အရှင့်သား ကျွန်တော်မိတ်ဆက်ပေးပါရစေ..ဒါက ကျွန်တော့်စတုတ္ထညီလေး လုံချန်ဖြစ်ပြီး..ဒါကတော့ ဆဋ္ဌမ ညီမလေး လုံမုန့် လို့ခေါ်ပါတယ်..ဒါကတော့ ယွင်လိုင်အင်ပါယာရဲ့ လူငယ်ပါရမီရှင် ရှစ်ဖုန့်ပါ”
“အိုး ရှစ်ဖုန့်ပေါ့”
အဖြူရောင်နှင်လူငယ်က ရှစ်ဖုန့်၏ နမည်အား ကြားလိုက်ရသော အခါတွင် စိတ်ဝင်စားသွားခဲ့သည်။သူကပြောလိုက်သည်။
“သူက ကြယ်လေးပွင့် အင်ပါယာနယ်ပယ် ဖုန်လောဟန်ကို သတ်ခဲ့တယ်လို့ ငါတို့ကြားခဲ့ရတဲ့သူမလား”
“ဟုတ်ပါတယ်..သူပါပဲ”
လုံရှင်းက ခေါင်းညိမ့်လိုက်သည်။
“အင်း”
အဖြူရောင်လူငယ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“ယွင်လိုင်အင်ပါယာလို သေးငယ်တဲ့ နိုင်ငံလေးမှာ သူက ကြယ်လေးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ကို တကယ်သတ်နိုင်တယ်ဆိုရင် ပါရမီရှင်တစ်ယောက်လို့ခေါ်နိုင်တယ်”
“မင်းတို့တွေ အိမ်ရှေိ့မင်းသား ကျင်းလွေကို မြန်မြန် နှုတ်ဆက်လိုက်ကြလေ”
လုံရှင်းက လုံချန်နှင့် အခြားနှစ်ယောက်ကို ပြောလိုက်သည်။
လုံချန်မှာ ထိုအရာအားကြားလိုက်ရသော အခါတွင် တုန်လှုပ်သွားသည်။သူက အဖြူရောင်နှင့်လူငယ်ကို ချက်ခြင်းဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“လုံချန် အိမ်ရှေ့မင်းသားကို နှုတ်ခွန်းဆက်သပါတယ်..”
ကျင်းလွေကို လုံချန်ကြားဖူးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ထျန်းမြောင် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်သည်။ ယွင်လိုင်အင်ပါယာမှာ ထျန်းမြောင်အင်ပါယာ၏ လက်အောက်ခံတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ကျင်းလွေ၏ အဆင့်အတန်းက သူတို့ထက်ပို၍ မြင့်မားနေရခြင်းဖြစ်လေသည်။
ထိုထက်ပိုသည်ကား ထျန်းမြောင်အင်ပါယာမှာ ယွင်လိုင်အင်ပါယာနှင့် ကွဲပြားမှုရှိသည်။ ထျန်းမြောင်အင်ပါယာ၌ ဧကရာဇ်၏ ကလေးများစွာ ရှိသော်လည်း သူက ကျင်းလွေကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ထျန်းမြောင် အင်ပါယာ၏ အနာဂတ် ဧကရာဇ်လောင်းလျာပင်ဖြစ်လေသည်။
ထို့နောက်တွင် လုံမုန့်ကလည်း လက်သီးနှစ်ဖက်ကိုဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်သည်။
“လုံမုန့်က အရှင့်သားကို နှုတ်ခွန်းဆက်သပါတယ်”
ရှစ်ဖုန့်တစ်ယောက်တည်းသာ ထိုနေရာတွင် မပြောင်းလဲသောအမူအယာဖြင့် ရပ်နေခြင်းဖြစ်သည်။ ထျန်းဟန်တိုက်ကြီးပေါ်တွင် သူဦးညွှတ်ရမည့်ပုဂ္ဂိုလ် မပေါ်ပေါက်သေးပေ။
ကျင်းလွေမှာ ရှစ်ဖုန့်၏ အပြုအမူအား မြင်လိုက်ရသောအခါတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ထို့နောက်သူက သူ့လက်ကိုဝေ့ယမ်း၍ အားလုံးကိုပြောလိုက်သည်။
“ဒီအိမ်ရှေ့မင်းသားက ပြင်ပကို အလည်အပတ်ထွက်လာတာဆိုတော့ ကျင့်ဝတ်ထုံးတမ်းတွေကိ လုပ်နေဖို့ မလိုပါဘူး ..အားလုံးအတူတူထိုင်လိုက်ကြပါ”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင့်မင်းသား”
လုံရှင်းတို့ မောင်နှမသုံးယောက်သားက ပြိုင်တူပြောလိုက်ကြသည်။ ထို့နောက်တွင် သူတို့ က ရှေ့သို့တက်ကာ စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ ရှစ်ဖုန့်သည်လည်းရှေ့သို့တက်ကာ ဝင်ထိုင်လိုက်သည်။
ကျင်းလွေက လက်ဖက်ရည်ထည့်ထားသော ခွပ်သေးလေးကို ကောက်ယူလိုက်ပြီး အနံ့ခံလိုက်သည်။ ထို့နောက်သူကပြောလိုက်သည်။
“လုံရှင်း ဒီအိမ်ရှေ့စံက ဒီခရီးစဉ်မှာ မင်းနဲအတူလိုက်ပါရတာတော်တေ်ာလေးကို ပျော်ရတယ်..အနာဂတ်မှာ မင်းယွင်လိုင်အင်ပါယာရဲ့ ဧကရာဇ်ဖြစ်လာတဲ့အခါကြရင် ဒီအိမ်ရှေ့စံထပ်မံလာရောက်ပြီးတော့မင်းကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုပေးအုံးမယ်”
“အဲ့အချိန်ကြရင်လည်းမင်းဒီအိမ်ရှေ့စံနဲ့အတူ လိုက်ပါဖျော်ဖြေကစားပေးရမယ်နော်..မင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီး ယွင်လိုင်အင်ပါယာရဲ့ ဧကရာဇ်တစ်ပါးဖြစ်လာရတယ်ဆိုတာကြောင့်နဲ့
တော့ ငါ့ကို ဘေးချိတ်မထားနဲ့အုံး”
လုံရှင်းကပြုံး၍ သူ့ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
“အရှင့်သား..ဘာတွေကိုပြောနေတာလဲ..ယွင်လိုင်အင်ပါယာကို အရှင့်သားလာရင် ဘာပဲဖြစ်နေပါစေ ကိစ္စမရှိပါဘူး …အရှင့်သားက အမြဲတမ်း ကျွန်ုပ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်ဖြစ်နေမှာပါပဲ..လုံ
ရှင်းက ပဲ အရှင့်သားကို အရင်ဆုံးကြိုဆိုသမှုပြုမှာပါ”
ကျင်းလွေက သူ့ခေါင်းကို စိတ်ကျေနပ်စွာဖြင့် ညိမ့်လိုက်ပြီး ပြောလိုက်သည်။
“လုံရှှင့် ဒီမင်းသားက ကိုယ့်အပေါ်မှာ ကောင်းတဲ့သူတွေကို အမြဲမှတ်မိနေတတ်တဲ့ လူစားမျိုးပဲ…မင်းရဲ့ ဒီမင်းသားအပေါ်မှာသစ္စာစောင်သိမှုကို ဒီမင်းသားအလိုအလျောက်ခံစားမိတယ်…အနာဂတ်မှာမင်းထီနန်းကို လက်လွှဲယူချိန် မင်းကိုတားဆီဖို့သစ္စာဖောက်တဲ့သူတွေရှိလာရင်..ဒီမင်းသားကိုယ်တိုင် စစ်တပ်ကိုဦးဆောင်ပြီးတော့ မင်းကိုလာကူညီမယ်”
“လုံရှင်းက အရှင့်သားကို ကျေးဇူးတင်ပါတယ်…လုံရှင်းသာ ရာဇပလ္လင်ကို ထိုင်ရလောက်တဲ့အထိကံကောင်းရင် ကျွန်ုပ်ရဲ့ ယွင်လိုင်အင်ပါယာဟာ ထျန်းမြောင် အင်ပါယာနဲ့ အရှင့်သားအပေါ်မှာ မျိုးဆက်များစွာအထိကို သစ္စာစောင့်သိပါလိမ့်မယ်…”
လုံရှင်းက သူ့လက်သီးတို့ကိုဆုပ်၍ လေးစားစွာဖြင့် ကျင်းလွေကို ပြောလိုက်သည်။
“ဒီမင်းသားက ရာဇပလ္လင်ကို မင်းပဲထိုင်ရမယ်လို့ပြောထားပြီးသား …ဒါကိုကန့်ကွက်ချင်ကြတဲ့ သူတွေက ရှိကြသေးလို့လား မင်းအဖေ လုံအောင်းတောင်ဒီမင်းသားပြောတာကို နားထောင်ရတာ”
ကျင်းလွေ ထိုသို့ပြောနေချိန်တွင် မော့၍ သူ့အသံကိုမြှင့်ပြီး လုံချန်ကို ဦးတည်ပြောလိုက်သည်။
“လုံချန် မင်းကရောဘာပြောချင်သေးလဲ…အနာဂတ်မှာ မင်းအကိုကြီးက ထီးနန်းကိုဆက်ခံရင် မင်းကသူ့ကို ကူညီထောက်ပံ့ပေးပြီး ဘာနောက်ထပ် အတွေးတွေမှ မဝင်ရဘူးနော်”
သူတို့ပြောနေသည်အား အကြာကြီးနားထောင်ပြီးသည့်နောက်တွင် ဤနှစ်ယောက်က သူ့အားပြောနေခြင်းဖြစ်ကြောင်းကို လုံချန်နားလည်လိုက်သည်။ အထူးသဖြင့် ကျင်းလွေပင်ဖြစ်သည်။ ဤသည်မှာသူ့အားသတိပေးနေခြင်းဖြစ်သည်။ လုံချန်သည်လည်း သူ့လက်သီးတို့ကိုဆုပ်၍ ကျင်းလွေကိုလေးစားစွာပြောလိုက်သည်။
“အကယ်၍ အကိုကြီးသာ ထီးနန်းကို ဆက်ခံမယ်ဆိုရင် လုံချန်က တစ်ခြားဘာအတွေးမှမရှိဘဲ သူ့ကို ကောင်းမွန်စွာ ကူညီထောက်ပံ့မှာပါ”
“အကယ်၍တဲ့လား” ကျင်းလွေက လုံချန် အစောပိုင်းက ပြောလိုက်သော “အကယ်၍” ဟူသောစကားကိုထပ်ပြောလိုက်ပြီး သူ့မျက်နှာက ဖြည်းဖြည်းချင်း အေးစက်သောအသွင်သို့ပြောင်းလာသည်။
သူမပျော်မရွှင်ဖြစ်စွာဖြင့်ပြောလိုက်သည်။
“မင်းပြောချင်တာ အကယ်၍ လုံရှင်းက ထီးနန်းကိုဆက်ခံရမှဆိုတော့ အကယ်၍ တစ်ခြားဟာများရှိနေသေးတာလား”
“လုံချန်အဲ့လိုမလုပ်ရဲပါဘူး”
လုံချန်က လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။
“ဟမ့် မင်းမလုပ်ရဲတာက အကောင်းဆုံးပဲ..”
ကျင်းလွေ၏ စကားတို့၌ ဖုံးကွယ်နေသော အဓိပ္ပါယ်တို့ပါရှိသည်။ သူက အေးစက်စွာနှာမှုတ်ပြီးပြောလိုက်သည်။
“ကောင်းပြီ…မင်းတို့အားလုံးထွက်သွားလို့ ရပြီ..ဒီမင်းသားနဲ့ လုံရှင်း တို့ကြားထဲမှာ ပြောစရာကိစ္စတွေ ရှိသေးတယ်”
“လုံချန်သွားပါတော့မယ်”
“လုံမုန့် သွားပါတော့မယ်”
ထို့နောက်တွင် ရှစ်ဖုန့်နှင့် ကျန်နှစ်ယောက်မှာ အခန်းထဲမှ ထွက်လာကြသည်။ သူတို့ထွက်သွားပြီးပြီးချင်း လုံချန်၏ မျက်နှာမှာ ညှိုးငယ် မှုန်မှိုင်းနေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူတို့သုံးယောက်သား အော်သို့ ဖြည်းဖြည်းချင်း ဆင်းလာကြပြီးနောက် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာလိုက်ကြသည်။
“ကောင်းပြီ ..အမြဲတမ်းကြီး အရမ်း မှုန်မှုန်မှိုင်းမှိုင်းကြီး လုပ်မနေပါနဲ့ကွာ…မင်းကမင်းအဖေသေသွားတာကြနေတာပဲ”
ရှစ်ဖုန့်က လုံချန်ကို ပြောလိုက်သည်။
“ဟူး” လုံချန်ကသပ်ပြင်းရှည်ကြီး ချလိုက်သည်။
“အခြေနေတွေက ပိုပိုပြီးကောင်းသတက်ကောင်းလာတာကြောင့်
ကျင်းလွေ ရုတ်တရက်ကြီးပေါ်လာမှာကို ငါမမျှော်လင့်ထားခဲ့မိဘူး”
“တစ်ယောက်ယောက်ကို သူ့ကို တိတ်တဆိတ် စောင့်ကြည့်ဖို့အတွက်လွှတ်ထားလိုက်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီည ဒီညငါသွားပြီးတော့ မင်းဒေါသတွေကိုဖွင့်ထုတ်ပေးမယ်”
“ငါ့ဒေါသကို ဖွင့်ထုတ်မယ်”
လုံချန်မှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။
“သခင်လေးဖုန့် သူ့မှာသူ့ကို ကာကွယ်ပေးနေတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိနေတယ်နော်…သူ့
နောက်ကသူက သာမန်ပုဂ္ဂိုလ်တစ်ယောက်တော့ဖြစ်ပုံမရဘူး ..ငါသာ မမှားဘူးဆိုရင် ..အဲ့လူက ကျင်းလွေရဲ့ သီးသန့်ကိုယ်ရံတော်ဖြစ်တဲ့ ဝူရှောင်းယွင်ပဲဖြစ်ရမယ်..ပြောကြတာတော့သူကကြယ်ငါးပွင့် အင်ပါယာနယ်ပယ်တဲ့ ..သခင်လေးဖုန့်အနေနဲ့ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်ကို ရင်ဆိုင်ကိုင်တွယ်နိုင်ပါ့မလား”
အင်ပါယာနယ်ပယ်သို့ရောက်ရှိပြီးသည့်နောက်
တွင် ကြယ်တစ်ပွင့်နှင့်တစ်ပွင့်ကြားကွာခြားချက်မှာ ကမ္ဘာတစ်ခုစာပင်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ဖုန်လောဟန်ကို သတ်နိုင်ခဲ့သော်လည်း ကြယ်လေးပွင့်အင်ပါယာနယ်ပယ်နှင့် ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်မှာ တစ်လေထဲကို ရှူသွင်းနေသည်ဟု မှတ်ယူ၍မရပေ။
“ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ကို ရင်ဆိုင်ဖို့က တော့ ခက်ခဲနေတုံးပဲ..”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါပေမဲ့အဲ့လူက ဒီသခင်လေးနဲ့ ယှဉ်ဖို့အဝေးကြီးပါ…မင်းအနေနဲ့ နောက်ထပ် အင်ပါယာနယ်ပယ် တိုက်ခိုက်သူတစ်ယောက်ကိုစောင့်နေဖို့ပဲလိုတာ”
“ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်တိုက်ခိုက်သူ..သခင်လေးဖုန့်က ဝူရှောင်းယွင်ကို ထိန်းချုပ်ဖို့ပြောနေတာလား”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် လုံချန်၏ အမူအယာမှာပို၍ပင် အံ့အားသင့်တုန်လှုပ်လာမိသည်။
“ကောင်းပြီ မင်းအများကြီးမေးနေစရာမလိုဘူး ဒီသခင်လေးမှာ ကိုယ့်နည်းလမ်းနဲ့ ကိုယ်ရှိတယ်..ငါပြောတာအရဆိုရင် ဒါက အင်ပါယာမြို့တော်ပဲဟာ အဲ့အိမ်ရှေ့စံမင်းသား ညဘက်ဘယ်မှာနေလဲဆိုတာကို ရှာတွေ့ဖို့လောက်ကတော့ မခက်ခဲဘူးမလား”
ရှစ်ဖုန့်က မေးလိုက်သည်။
“ဒါက ပြဿနာတစ်ခုမဟုတ်ပါဘူး”
လုံချန်ကပြောလိုက်သည်။
“သူမှာလည်းကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်လိုက်ပါလာတယ်ဆိုပေမဲ့ ငါ့မှာလည်းငါ့နည်းလမ်းနဲ့ငါရှိပါတယ်”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
“ကောင်းပြီ ဒါဆို ဒီညဘဲ လုပ်ကြတာပေါ့ မင်းက ငါ့ကို သူဘယ်မှာရှိတယ်ဆိုတာပဲပြောပေး …ငါက မင်းဒေါသတွေကိုကူညီဖွင့်ထုတ်ပေးမယ်..မင်းသာအလိုရှိရင် ငါ အဲ့အိမ်ရှေ့စံကို ဘာပဲဖြစ်နေပါစေ သတ်ပေးလို့ရတယ်နော်”
“အဲ့တာကတော့ လုံးဝခွင့်ပြုပေးလို့မရဘူး….”
လုံချန်က သူ့လက်တို့ကိုအလျှင်အမြန်ဝေ့ယမ်းပြီးပြောလိုက်သည်။
“သူကထျန်းမြောင်အင်ပါယာရဲ့ အိမ်ရှေ့စံဖြစ်ပြီး အနာဂတ်ဧကရာဇ်တစ်ပါးပဲ သူသာ ငါတို့ယွင်လိုင်အင်ပါယာမှာတစ်ခုခုဖြစ်သွားခဲ့ရင် ငါ့ရဲ့ ယွင်လိုင်အင်ပါယာက သေချာပေါက် ထျန်းမြောင်အင်ပါယာရဲ့ အမျက်ဒေါသကို သင့်ခံရလိမ့်မယ်..ထျန်းမြောင်အင်ပါယာက ငါတို့ ယွင်လိုင်အင်ပါယာအနေနဲ့ ဆန့်ကျင်လို့မရတဲ့ တည်ရှိမှုတစ်ခုပဲ”
လုံချန်မှာ ထျန်းမြောင်အင်ပါယာ၏ ကြီးမားသောစစ်တပ်ကြီးကိုတွေးမိသောအခါတွင် ယွင်လိုင်အင်ပါယာအနေဖြင့် သေချာပေါက် ဖျက်ဆီး မှုအန္တရာယ်ကိုခံစားရမည်ဟု ခံစားမိသည်။
“ကောင်းပြီ ..ဒီသခင်လေးက သူ့ကို ရိုက်နှက်ပေးရင် ရပြီမလား”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါ..ဒါကတော့ဖြစ်နိုင်တယ်”
လုံချန်၏ အမူအယာမှာစကားပြောသည့်အခါတွင် တစ်ခုခုကို တုန့်ဆိုင့်သည့်အသွင်ဖြစ်နေသေးသည်။ ထို့နောက်သေချာဂရုတစိုက် စဉ်းစားပြီးသော အခါမှသာ သူ၏ တုန့်ဆိုင်းနေသော မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။သူကပြောလိုက်သည်။
“ဒါက ဖြစ်နိုင်ပါတယ်…အိမ်ရှေ့စံမင်းသားကျင်းလွေက လုံရှင်းစီစဉ်ပေးထားတဲ့ အိမ်တော်ထဲမှာ အရိုက်ခံရမှာလေ…ဒါကသေချာပေါက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ငါထင်တယ်”
ဆက်ရန်..
ဘာသာပြန်သူ-ARISE