← Chapters

အပိုင်း (၁၃၂)

Vol. 9 Ch. 132

အပိုင်း (၁၃၂)

Vol. 9 Ch. 132

“ဟီးဟီး ..ဒါကအံ့ဩစရာကောင်းလိမ့်မယ်..အိမ်ရှေ့စံနဲ့

ပက်သက်ပြီး  ညီမလေးစိတ်မသက်မသာဖြစ်နေတာ တော်တော်ကြာပြီ ဒီတော့ဒီည ညီမလေးလဲသွားမယ်”

လုံမုန့်က ရှစ်ဖုန့်နှင့်လုံချန်တို့ကြားက စကားတို့ကိုကြားရသောအခါတွင် မြူးတူးတက်ကြွစွာပြောလိုက်သည်။

လုံမုန့်၏ မိခင်ဖြစ်သူမှာ စောစီးစွာသေဆုံးသွားခဲ့သည်။ ထို့ကြောင့်သူမအား သူ၏ မိခင်ဖြစ်သူမှာခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည်တစ်အူထုံဆင်း မောင်နှမအရင်းများ မဟုတ်ကြသော်လည်း တစ်အူထုံဆင်းမောင်နှမများကဲ့သို့ ရင်းနှီးမှုရှိကြသည်။

ထိုထက်ပိုသည်ကား သူ့မအနေဖြင့် သူ၏ မျက်လုံးအောက်တွင်သာကြီးပြင်းလာသူဖြစ်သောကြောင့် သူ့အနေဖြင့်သူမ၏ ပင်ကိုဗီဇကို‌ ကောင်းစွာသိလေသည်။ ထို့ကြောင့်လုံချန်အနေဖြင့် ရှစ်ဖုန့်နှင့်စကားပြောသောအခါတွင် သူမအားမရှောင်ကျဉ်ခဲ့ခြင်းဖြစ်သည်။၊ အဘယ့်ကြောင့်ဆိုသော် သူမအနေဖြင့်သူ့အား သစ္စာဖောက်လိမ့်မည် မဟုတ်သောကြောင့်ဖြစ်သည်။

“မင်းသွားလို့မရဘူး”

လုံချန်က လျှင်မြန်စွာငြင်းပယ်လိုက်သည်။

“မင်းပါသွားရင် သခင်လေးဖုန့်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတာပဲ ရှိလိမ့်မယ်”

“ဟင့်အင်း ညီမလေးသွားမှာ..ညီမလေး နန်းတော်ထဲမှာပဲ နေ့တိုင်း ဘာမှမလုပ်မကိုင်ပဲ နေနေရတာ..အရမ်းကိုပျင်းဖို့ကောင်းတယ်…ဒီလိုမျိုးပျော်ရွှင်စရာမျိုးနဲ့ ကြုံဖို့ဆိုတာက ရှားမှရှားပဲ..”

လုံမုန့် က ကလူ၏ သို့မြူ၏သို့ပုံစံဖြင့် လုံချန်ကိုပြောလိုက်သော်လည်း လုံချန်ကတော့ ဆုံဖြတ်ချက်ချပြီးသည့်ပုံစံဖြစ်ပုံရသည်။ သူမက သူမ၏ပစ်မှတ်ကို ရှစ်ဖုန့်ထံသို့ပြောင်းကာ စတင် ကလူ၏သို့ မြူ၏သို့လုပ်လိုက်သည်။

“ကိုကြီး ရှစ်ဖုန့် ညီမလေးကို အဲ့ကိုခေါ်သွားပေးနော်”

“ကောင်းပြီ..ငါသူမကို အဲ့ကိုခေါ်သွားမယ်…သူမသာငါနဲ့ဆို အဆင်ပြေမှာပါ”

ရှစ်ဖုန့်က လုံချန်ကို လှည့်ပြီးပြောလိုက်သည်။

“ဒါပေမဲ့…”

လုံချန်မှာ တစ်စုံတစ်ခုကိုပြောဆိုချင်သေးပုံရသော်လည်း လုံမုန့်က ရှစ်ဖုန့်၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီး ညင်သာစွာလှုပ်ခါ၍ မတရားခံရသည့်ပုံစံဟန်ဆောင်နေသည်။

“ညီမလေးသိသားပဲ ကိုကြီးရှစ်ဖုန့်ကသာ အကောင်းဆုံးဆိုတာ”

ထို့နောက်သူမက မျက်စောင်းထိုး၍ လုံချန်ကိုပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့်က ညီမလေးအကိုထက်တောင် ပိုကောင်းသေးတယ် ဟွန့်”

“ဒီကောင်းမလေးတော့…”

လုံချန်မှာ ရှစ်ဖုန့်နှင့်လုံမုန့်တို့ အတူတကွရှိနေသည်ကို ကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

“ဒီကောင်မလေး..အကယ်၍သူမသာ သခင်လေးဖုန့်နဲ့ဆိုရင် ဒါက ကောင်းလိမ့်မယ်”

လုံချန်က ရှစ်ဖုန့်ကိုထပ်မံ၍ ဂရုတစိုက်ကြည့်လိုက်သည်။

သူသည် မာနကြီး အထက်စီးဆန်သော်လည်း စွမ်းရည်လုပ်ရည်ကိုင်ရည်ပါရမီလည်းရှိသူဖြစ်သည်။ထိုထက်ပိုသည်ကား သူ့သိုင်းပညာပါရမီမှာ ယွင်လိုင်အင်ပါယာတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ ထို့အပြင် သူသည် ငရဲဘုံကိုးခု ဧကရာဇ်၏ အဆက်အနွယ်လည်းဖြစ်လေသည်။

ထို့နောက်တွင် လုံချန်က လုံမုန့်ကို လေးနက်စွာပြောလိုက်သည်။

“မင်းအဲ့ကို သွားတဲ့အခါကြရင်  ဘာပြဿနာမှ မဖြစ်စေနဲ့နော် ..သခင်လေးဖုန့်ကိုလည်း ဘာဒုက္ခမှမပေးမိစေနဲ့”

“ညီမလေးမလုပ်ပါဘူး..ညီမလေးက အရမ်းကို နာခံကျိုးနွံတဲ့သူပါ “

လုံမုန့်က သူ့ကိုယ်သူ နာခံကျိုးနွံတတ်သောသူဟန်ဆောင်၍ အားနည်းသောပုံစံဖြင့်ပြောလိုက်သည်။

“ကောင်းပြီငါက အိမ်တော်မှာ လုပ်စရာအချို့ရှိနေသေးတယ်..မင်းကပဲ အင်ပါယာမြို့အနှံ့ကို ခေါ်သွားလိုက်..မှတ်ထားနော် ငါ့အတွက် ဘာပြဿနာမှာမီးခွက်ထွန်း မှရှာမိစေဖို့ကို”

လုံချန်က အစောပိုင်းကဖြစ်ပျက်ခဲမှုတို့ကို ကျော်ခွတွေးတောမိပြီးသည့်နောက် သူတို့နှစ်ဦးသား အတူတကွရှိနိုင်မည့် အခွင့်အရေးတစ်ခုကိုဖန်တီးပေးလိုက်သည်။

“ညီမလေးသိပါတယ်”

လုံမုန့်က နာခံမှုရှိသော ယုန်လေးတစ်ကောင်ကဲ့သို့ခေါင်းညိမ့်လိုက်သည်။

“သခင်လေးဖုန့် ငါအရင်သွားနှင့်အုံးမယ်..ကျေးဇူးပြုပြီး ဒီကောင်မလေးကို ဂရုတစိုက် ကြည့်ရှုပေးပါအုံး”

လုံချန်က ရှစ်ဖုန့်ကို ပြောလိုက်သည်။

“ကောင်းပြီ  ..မစိုးရိမ်ပါနဲ့ ညကျမှတွေ့ကြမယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ညကျတွေ့တာပေါ့ …”

ထို့နောက်တွင် လုံချန်က လှည့်ထွက်သွားသည်။ လုံချန်၏ ပုံရိပ်လုံးဝပျောက်ကွယ်သွားသောအခါတွင် လုံမုန့် ရုတ်တရက် ဖျတ်လတ်တက်ကြွလာပြီး အော်ပြောလိုက်သည်။

“ရေး…ငါလွတ်လပ်သွားပြီကွ..ငါ့ကိုထိန်းချုပ်မဲ့သူ ဘယ်သူမှ မရှိတော့ဘူး “

“ဒီကောင်မလေး….”

ရှစ်ဖုန့် ကူကယ်ရာမဲ့စွာဖြင့် သူ့ခေါင်းကိုသာခါယမ်းလိုက်သည်။

“ကိုကြီးရှစ်ဖုန့် သွားကြစို့ ညီမလေး ပျော်စရာကောင်းတဲ့နေရာကို ကိုကြီးကို ခေါ်သွားပေးမယ်”

လုံမုန့်က ပြောလိုက်သည်။ထိုနေရာအားပြောနေရင်း လုံမုန့်၏ မျက်နှာလေးမှာ တစ်စုံတစ်ခုအားမျှော်လင့်စောင့်စားနေသကဲ့သို့

ဖြစ်လာသည်။ထို့နောက်သူမက ရှစ်ဖုန့်ကို နှိုးဆော်လိုက်သည်။

“သွားစို့ ကိုကြီး ရှစ်ဖုန့်”

ထို့နောက်တွင် လုံမုန့်က တေးသွားတစ်ခုကို ညည်းရင်း ရှေ့မှသွက်လက်ပေါ့ပါးစွာသွားလိုက်သည်။

ရှစ်ဖုန့်က ဤပုံရိပ်လေးကိုကြည့်နေရင်း ထိုအသေးလေး၏ ပုံရိပ်ကလည်းသူ့စိတ်ထဲတွင် အမှတ်ရပေါ်လာခဲ့သည်။

“ကိုကြီး ကိုကြီးကို နေရာကောင်းတစ်ခုကို ပြောပြမယ်..အဲ့ကိုမြန်မြန်သွားကြစို့”

“ကိုကြီး တောင်ပေါ်မှာပန်းပွင့်တွေအများကြီးနဲ့ပြည့်နေ

တာ အရမ်းကိုလှတယ် အဲ့ကိုမြန်မြန်သွားကြစို့”

“ကိုကြီး မြန်မြန်သွားရအောင် မဟုတ်ရင် ပန်းတွေကို တစ်ခြားသူတွေခူးသွားလိမ့်မယ်…ညီမလေးတို့

ရောက်သွားရင် ဘာမှ ကျန်နေတော့မှာ မဟုတ်ဖူး”

“ကိုကြီး……………..”

သူ၏ရှေ့ရှိိ သွက်လက်ပေါ့ပါးစွားသွားနေသော လုံမုန့်က ရုတ်တရက်ရပ်လိုက်ကာ လှည့်၍ ရှစ်ဖုန့်ကို အော်လိုက်သည်။

“ကိုကြီးရှစ်ဖုန့် ..ဘာလို့လမ်းလျှောက်တာ အရမ်းနှေးနေရတာလဲ မြန်မြန်လာလေ”

လုံမုန့်၏ အသံက ရှစ်ဖုန့်အား အတိတ်မှတ်ဉာဏ်များဆီမှ ပြန်လည်ဆွဲခေါ်လာသည်။ သို့သော် ဤမြင်ကွင်းက အရမ်းကို ရင်းနှီးနေပြီး နွေးထွေးနေဆဲပင်ဖြစ်သည်။ ရှစ်ဖုန့်က လုံမုန့်ကို ခေါင်းညိမ့်ပြကာ ပြုံးပြပြီးပြောလိုက်သည်။

“အင်းပါ ကောင်းပြီ”

ရှစ်ဖုန့်က သူခြေလှမ်းတို့ကို အရှိန်မြှင့်လိုက်ကာ  လုံမုန့်နှင့်အတူသွားလိုက်သည်။လုံမုန့်က ပြောလိုက်သည်။

“ကိုကြီးရှစ်ဖုန့် ကိုကြီးက ပြုံးတာ ရှားတယ်ဆိုတာကိုညီမလေး သတိပြုမိတယ်…ခုဏကလို အကိုကြီးပြုံးလိုက်တိုင်း တော်တော်လေးကို ကိုကြီးက ချောတာပဲ”

“တကယ်လား”

ရှစ်ဖုန့်က လုံမုန့်ကိုပြောလိုက်ကာ ထပ်မံပြုံးပြလိုက်သည်။

“ဟားဟား ..ဒီတစ်ကြိမ်က ချောတာမဟုတ်တော့ဘူး..နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားတာ”

လုံမုန့်က ရယ်လိုက်သည်။

“ဒီကောင်မလေး..”

သူတို့နှစ်ဦးသားဖြည်းဖြည်းချင်းလူအုပ်များကို ချန်ရစ်ထားခဲ့ပြီး လူသူကင်းမဲ့သည့် အစွန်အဖျားခေါင်သီသော နေရာတစ်ခုသို့ရောက်လာသည်။ ဖြည်းဖြည်းချင်းသူတို့၏ ရှေ့တွင် တောအုပ်တစ်ခုပေါ်လာသည်။ တောအုပ်၏  အစပ်တွင် စစ်တပ်တစ်ခုကို နေရာချထားသည်ကို ရှစ်ဖုန့် တွေ့လိုက်ရသည်။

တောအုပ်၏ အဝင်အဝတွင် ရွှေရောင်စကားလုံးလေးခုကိုထွင်းထုထားသောမြင့်မားရှည်လျားသည့်ကျောက်တုံးတစ်ခုရှိသည်။

ထိုစကားလုံးတို့က  ..

“တော်ဝင်မိသားစု၏ တားမြစ်မြေနေရာ”

“တော်ဝင်မိသားစု၏ တားမြစ်မြေနေရာ”

ရှစ်ဖုန့်က စကားလုံးတို့ကိုကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ဤမိန်းကလေးမှာ သူ့အားဤကဲ့သို့သောနေရာသို့တကယ်ခေါ်လာခဲ့ ခြင်းဖြစ်သည်။

“ရပ်လိုက် ..”

တောအုပ်အဝင်အဝတွင်  ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သားတို့က  သူတို့ဆီသို့ တစ်စုံတစ်ယောက်ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါတွင် အလျှင်အမြန် အော်ပြောလိုက်သည်။

“ဒါက  တော်ဝင်မိသားစုရဲ့ တားမြစ်ထားတဲ့နေရာပဲ …ကျူးကျော်လာသူမှန်သမျှ အသနားအညှာအတာမရှိ အသတ်ခံရမယ်..မြန်မြန်ထွက်သွားကြ”

“ချွမ်..ချလွင်..ချွမ်..ချွမ်”

တောအုပ်အစပ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်သားများက သူတို့၏ ဓား၊ဆေဘာဓား စသည့် လက်နက်အားလုံးကိုစွဲထုတ်လိုက်ကြသည်။

သူတို့၏ အသံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒလှိုင်းတို့ကထွက်လာ

သည်။

ဆေဘာဓားများ၊လှံများ၊ လေးနှင့်မြှားစသည်တို့အား ရှစ်ဖုန့်နှင့်လုံမုန့်တို့ထံ အားလုံစုပြုံချိန်ရွယ်ထားကြသည်။

လုံမုန့်က အလျှင်အမြန်ရပ်လိုက်ပြီး ရှစ်ဖုန့်အား တောအုပ်ကို ညွှန်ပြလိုက်သည်။

“အဲ့နေရာပဲ…ကိုကြီးရှစ်ဖုန့် ကိုကြီးက အရမ်းအစွမ်းထက်တာ ညီမလေးကို အဲ့ကိုခေါ်သွားပေးပါ”

“ဟမ်..မင်းကမင်းသမီးတစ်ပါးပဲလေ ဝင်လို့မရဘူးလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“ဘယ်လိုလုပ်ပြီး ညီမလေးတို့က ဝင်လို့ရမှာလည်း…ခမည်းတော်က ဘယ်သူ့ကို မှ ဝင်ခွင့်မပေးဖို့ကို အမိန့်ထုတ်ထားတာ”

လုံမုန့်က ပြောလိုက်သည်။

“ဒါဆိုမင်းပဲ ပျော်စရာကောင်းတဲ့နေရာလို့ပြောခဲ့ပြီး ငါ့ကို ခေါ်လာတာမဟုတ်ဖူးလား”

ရှစ်ဖုန့်က စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

“ဒါပေါ့ ဒါကပျော်စရာပဲလေ..ဒါကသေချာပေါက် ပျော်စရာပဲဟာကို “

လုံမုန့်က လေးနက်သောအမူအယာဖြင့်ပြောလိုက်သည်။

“ညီမလေးက အင်ပါယာမြို့တော်က နေရာတိုင်းနီးပါးကို ရောက်ဖူးတယ်.အင်ပါယာမြိို့တော်က ချောင်ကျတဲ့နေရာတိုင်းကိုလည်း သွားလည်ဖူးတယ်..ဒီနေရာတစ်ခုတည်းကိုပဲ ငယ်ငယ်လေးထဲကနေ အခုထိ ညီမလေးမရောက်ဖူးတာ..အဲ့တာကလည်း ဝင်ခွင့်မရထားလို့လေ…..ညီမလေးငယ်ငယ်ကတည်းက အထဲမှာဘာတွေရှိပြီး ဘာလို့ခမည်းတော်က ဝင်ဖို့ခွင့်မပြုရတာလဲဆိုတာကို စဉ်းစားနေခဲ့တာလေ”

“မြန်မြန်..မြန်မြန်လို့ ….ကိုကြီးရှစ်ဖုန့်ရဲ့ ညီမလေးကို အထဲကိုခေါ်သွားပေးပါနော် ဟုတ်ပြီလား”

လုံမုန့်က ရှစ်ဖုန့်ကို ကလူ၏သို့ မြူ၏သို့ပုံစံဖြင့်ပြောလိုက်သည်။

ဤနေရာ၌ရှိနေသော ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်တို့၌ အားအနည်းဆုံးစစ်သည်မှာ စိတ်ဝိညာဉ်နယ်ပယ်ပင်ဖြစ်သည်။ ဘုရင်နယ်ပယ် အများအပြားလည်းရှိသည်။ အထွတ်အထိပ်ကြယ်ကိုးပွင့် ဘုရင်နယ်ပယ်များပင်ပါသေးသည်။ လုံမုန့် ၏ ခွန်အားဖြင့်ဆိုလျှင် သူမအတွက် အထဲသို့ အတင်းတိုးဝင်ရန်မှာ တကယ့်ကို ခက်ခဲပေသည်။

“သတ်.”

ရွှေရောင်ချပ်ဝတ် စစ်သည်တို့မှာ ရှစ်ဖုန့်နှင့်လုံမုန့်တို့ ဝင်ဖို့လုပ်နေသည်ကို တွေ့ရသောအခါတွင် ခေါင်းဆောင်ဖြစ်သူက ချက်ခြင်းသတ်ဟူသော အမိန့်ကို ပေးလိုက်သည်။

“မင်းတကယ်ပဲ အထဲကိုဝင်ပြီးတော့ကြည့်ချင်တာလား “

ရှစ်ဖုန့်က လှည့်၍ လုံမုန့်ကို မေးလိုက်သည်။

“ဟုတ်..ဟုတ်..ဟုတ်”

လုံမုန့်က ထပ်ကာထပ်ကာ ခေါင်းညိမ့်လိုက်သည်။

ထို့နောက်တွင် သူမရှေ့ရှိကမ္ဘာကြီးမှာ ရုတ်တရက် မှောင်မိုက်သွားသည်ကို သဘောပေါက်လိုက်သည်။

“အား..ဘာတွေဖြစ်နေတာလဲ..ဒါက ဘယ်နေရာကြီး လည်း”

လုံမုန့်က တုန်လှုပ်စွာဖြင့်မေးလိုက်သည်။

“ရှူး”

“အသံတိုးတိုးပြော….မင်းအသံကို အာရုံခံနိုင်တဲ့ ကြယ်ကိုးပွင် ဘုရင်နယ်ပယ်တစ်ယောက် အပေါ်မှာရှိတယ် ..ငါတို့တွေကအခု မြေအောက်ထဲမှာ”

ရှစ်ဖုန့်၏ အသံက လုံမုန့်၏ နားထဲသို့ ရောက်လာသည်။

“မြေအောက်ထဲမှာ”

လုံမုန့်၏ အံ့အားသင့်သွားသော အသံလေးက အမှောင်ထုထဲတွင်ထွက်လာသည်။ ရုတ်ချည်းသူမ၏ အံ့အားသင့်နေသောအသံမှ ပျှော်ရွှင်သော အသံအဖြစ်သို့ ပြောင်းသွားသည်။

“ကိုကြီးရှစ်ဖုန့်က အရမ်းကို မိုက်တာပဲ…ဘာလို့ငါအရင်တုံးက မြေအောက်ထဲကနေသွားဖို့ကိုမစဉ်းစားမိရတာပါလိမ့် …ဒီလိုသာလုပ်လို့ရမယ်မှန်းသိရင် မြေအောက်ထဲကနေ ဥမှင်တစ်ခုတူးပြီးတော့ ဖြည်းဖြည်းချင်း  လမ်းဖောက်ပြီးသွားပါတယ်”

ရှစ်ဖုန့်မှာ အာစေးပင်မိသွားမိသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters