အပိုင်း (၁၃၃)
Vol. 9 Ch. 133
ရှစ်ဖုန့်က ယင်မိစ္ဆာ၏ အထူးစွမ်းရည်ကို အသုံးပြုကာ “တော်ဝင်မိသားစု တားမြစ်နယ်မြေ” အတွင်းသို့ မြေလျှိုး၍ ဝင်ရောက်ရန်ပြင်ဆင်လိုက်သည်။
မကြာခင် သူမရှေ့ရှိ မှောင်မိုက်နေသော ကမ္ဘာမှာ ယုတ်လျော့လာပြီး မှုန်ဝါးသော အလင်းရောင်က အစားထိုးဝင်ရောက်လာခဲ့သည်ကို လုံမုန့်တွေ့လိုက်ရသည်။၎င်းမှာ ဝေဝါးသောအလင်းဖြစ်ပြီး သူမရှေ့တွင် သိပ်သည်းသော မီးခိုးရောင်မြူများပင်ရှိနေသည်။
“ဒါက ဘယ်နေရာတုံး “
လုံမုန့် က သူမရှေ့ရှိ ကမ္ဘာကိုကြည့်နေရင်း အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။ ထို့နောက်သူမက ဘေးရှိရှစ်ဖုန့်ထံသို့လှည့်ကာမေးလိုက်သည်။
“ကိုကြီးရှစ်ဖုန့် ညီမလေးကို နေရာမှားပြီးများခေါ်လာတာလား”
တောအုပ်တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး အပ်ကျသံပင်မကြားရပေ။ တောအုပ်အတွင်းပြည့်နှက်နေသော မီးခိုးရောင်မြူများကိုပါ ထပ်ပေါင်းထည့်မည်ဆိုလျှင် ဤတောအုပ်အတွင်း၌ သေဆုံးခြင်းခံစားချက်တစ်မျိုးရှိနေသည်။
“မှန်တယ်လေ..ဒါက မင်းလာချင်တဲ့ ပျော်စရာကောင်းတယ်ဆိုတဲ့နေရာပဲ”
ရှစ်ဖုန့်က လေးနက်သော အသံဖြင့်ပြောလိုက်သည်။ ထို့နောက်သူက ပတ်ဝန်းကျင်ကို လေးနက်စွာကြည့်လိုက်ပြီး လုံမုန့်ကိုပြောလိုက်သည်။
“ဒီမီးခိုးရောင် မြူတွေက သာမန်မဟုတ်ဖူး …မရှူသွင်းလိုက်နဲ့ မဟုတ်ရင် မင်းရဲ့ယွမ်ချီတွေကို တိုက်စားသွားလိမ့်မယ်”
“အိုးဟုတ်သား”
ရှစ်ဖုန့်က ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသွားသည်။ သူက သူ့သို့လှောင်လက်စွပ်အတွင်းမှ အဝါရောင်ဆေးလုံးနှစ်လုံးကိုထုတ်လိုက်ပြီး တစ်လုံးကိုလုံမုန့်ထံသို့လွှဲပေးကာ ပြောလိုက်သည်။
“ဒါကိုယူလိုက် ..မင်းအဆင်ပြေသွားလိမ့်မယ်”
ဤဆေးနှစ်လုံးမှာ အဆင့်လေး သန့်စင်ပညာရှင် ဖုန်ယွင်ရှောင်ထံမှ ရှစ်ဖုန့်ရခဲ့သော အဆင့်လေး အဆိပ်ဖြေဆေးလုံးတို့ပင်ဖြစ်သည်။
အဆင့်လေးအဆိပ်ဖြေဆေးကို အသုံးပြုလိုက်ခြင်းက မီးခိုးရောင်မြူတို့ကို လွင့်ပျယ်အောင် လုပ်ဆောင်နိုင်စွမ်းရှိသင့်သည်။
“ညီမလေးအဆင်ပြေတယ် အကိုကြီး ရှစ်ဖုန့်…ကိုကြီးက အရမ်း အံ့ဖွယ်ကောင်းလိုက်တာ”
အဆင့်လေးအဆိပ်ဖြေဆေးကို မျိုချပြီးနောက် လုံမုန့်က ရှစ်ဖုန့်မှု လေးစားမှု အပြည့်မျက်နှာဖြင့် ပြောလိုက်သည်။ထို့နောက်တွင် သူမက မီးခိုးရောင်မြူ တို့ကိုပင် ခပ်ပြင်းပြင်း ရှူသွင်းကြည့်လိုက်သေးသည်။
ရှစ်ဖုန့်မှာ ခဏမျှ ဆွံ့အနေမိသည်။
“ကိုကြီးရှစ်ဖုန့် အပြင်မှာ နေသာနေတာမဟုတ်ဖူးလား ..ဘာလို့ဒီနေရာက အသက်မဲ့သလိုဖြစ်နေရတာလဲ “
လုံမုန့်က မီးခိုးရောင်မြူတို့နှင့် သေခြင်းခံစားချက်တို့ပြည့်နှက်နေသော တောအုပ်ကို ကြည့်ပြီး ရှစ်ဖုန့်ကိုမေးလိုက်သည်။
ရှစ်ဖုန့်က တောအုပ်ကို လေးနက်သော မျက်နှာဖြင့်ကြည့်လိုက်သည်။ သူတို့နှစ်ဦးသားတောအုပ်အတွင်းထဲသို့ မဝင်ကြသေးပေ။ ဤနေရာအား တော်ဝင်မိသားစု၏ တားမြစ်နေရာဟုခေါ်ပြီး ပြင်ပလူများအား ဝင်ရောက်ရန်ခွင့်ပြုမထားသောကြောင့် ဤနေရာတွင် တစ်ခုခု ရှိနေလိမ့်မည်ဖြစ်သည်။
“ဒီနေရာနဲ့ပက်သက်ပြီး မင်းဘယ်လောက်ထိသိထားလဲ”
ရှစ်ဖုန့်က လုံမုန့်ကို မေးလိုက်သည်။
“ညီမလေးမသိဘူး”
လုံမုန့်က တစ်စုံတစ်ခုအား အမှတ်ရရန် လုပ်ဆောင်နေသကဲ့သို့ သူမ၏ မျက်လုံးရွဲကြီးတို့ကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး နှုတ်ခမ်းလေးကိုဆူထားသည်။
ထို့နောက်သူမကပြောလိုက်သည်။
“ညီမလေးသိတာကတော့ ဒီနေရာကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုထားဘူး ..အဲ့တာကညီမလေးရဲ့ အဘိုးကနေ စပုံရတယ်….ကြားတာကတော့ ညီမလေးအဘိုးရဲ့ အဘိုးရဲ့ အဘိုးရဲ့ အဘိုးရဲ့ အဘိုးက စတယ်လို့ပြောတာပဲ….ဘယ်အဘိုးကစတာလဲ
တော့ ညီမလေးလဲမသိပေမဲ့ ဘယ်သူ့ကိုမှတော့ ဝင်ရောက်ခွင့်မပြုထားဘူး”
“အဲ့တာ မြင့်မြတ်သောဓားရဲ့ အပိုင်းအစပဲ..ဒီတော့ဒါက မြင့်မြတ်သောဓားရဲ့ အပိုင်အစပဲဟ ကောင်စုတ်လေးရ ..မင်းရဲ့ဓားက တကယ်တော့ မပြည့်စုံသေးတာပဲ ..ဒီနေရာမှာ အပိုင်းအစတစ်ခုက တကယ်ရှိနေတယ် “
ရုတ်တရက် ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။
“မြင့်မြတ်ဓားရဲ့ အစိတ်အပိုင်းလား”
ရှစ်ဖုန့်က သူ့ဟာသူ တီးတိုးရေရွတ်လိုက်သည်။ထို့နောက်တွင် သူက သိုလှောင်လက်စွပ်အတွင်းမှာ သူ့သွေးဓားကိုထုတ်ယူလိုက်သည်။
သွေးဓားမှာထွက်ပေါ်ပေါ်လာပြီးပြီးချင်း ရှစ်ဖုန့်၏ လက်ထဲတွင် တုန်ခါလာသည်။
“သွေးဓားကိုကြည့်ရတာ ဆက်သွယ်မှုတစ်ခုခုရှိနေတဲ့ပုံပဲ”
ရှစ်ဖုန့်က သွေးဓားကို ကြည့်ကာပြောလိုက်သည်။
“ကောင်းကင်မီးတောက်ပြောသလိုမျိုး ဖြစ်ကောင်းဖြစ်နေနိုင်တယ်..ဓားကအဲ့အချိန်တုံးက မပြီးမြောက်ခဲ့တဲ့ပုံပေါ်တယ်….ဒီတော့ ဒါက အံ့ဖွယ်လက်နက်တစ်ခုဖြစ်ခဲ့တာပေါ့ ..ဒါပေမဲ့လည်း အရာခပ်သိမ်းရဲ့ မူလဇစ်မြစ် ထိန်းချုပ်တာကို အလွယ်တကူ ခံခဲ့ရပြီး လက်နက်စိတ်ဝိညာဉ်မှာလည်း ဖျက်ဆီးခံလိုက်ရသည်။
“ဟေး ကိုကြီးရှစ်ဖုန့် ကိုကြီးရဲ့ဓားက လှုပ်ရှားတော့မဲ့ပုံပဲ “
လုံမုန့် ရှစ်ဖုန့်၏ လက်ထဲရှိသွေးဓားကိုသတိထားမိလိုက်သည်။
“ဒါက အဆင်ပြေပါတယ်..”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက်သူက စိတ်ဝိညာဉ်ဆက်သွယ်ခြင်းကို အသုံးပြုပြီး ကောင်းကင်ဘုံမီးတောက်ကိုမေးလိုက်သည်။
“ခင်ဗျား မြင့်မြတ်ဓားရဲ့ အစိတ်အပိုင်း တည်နေရာကိုအာရုံခံနိုင်လား”
“ဟမ့် ငါကမင်းကိုဘာလို့ပြောပြရမှာလဲ”
ကောင်းကင်ဘုံမီးတောက်က နှာမှုတ်လိုက်သည်။
“ခင်ဗျားနဲ့ကျုပ်နဲ့က အခုချိန်မှာတစ်သားတည်းဖြစ်နေပြီ..ကျုပ်ရဲ့ပြဿနာတွေမှာခင်ဗျားဝင်ကူညီသင့်တယ်”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဟမ့်”
ကောင်းကင်ဘုံမီးတောက်က ရှစ်ဖုန့်အား ပြင်းပြင်းထန်ထန်နှာမှုတ်လိုက်သည်။
“မြင့်မြတ်ဓားသာ ဆင့်ကဲပြောင်းလဲသွားရင် ကာလတိုတစ်ခုအထိ သွေးတွေကို ဝါးမျိုဖို့လိုမှာမဟုတ်ဖူး.. ကျုပ်သတ်သမျှလူတိုင်းရဲ့သွေးတွေအားလုံးက ခင်ဗျားနဲ့ပဲ သက်ဆိုင်မှာ”
ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်ကို ပြောလိုက်သည်။
ကောင်းကင်ဘုံမီးတောက်က ထပ်မံနှာမှုတ်လိုက်ပြီးနောက်ပြောလိုက်သည်။
“အရှေ့တောင်ထောင့်ကိုသွား”
ကောင်းကင်မီးတောက်၏ တည်နေရာ ပြောကြားမှုကိုကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ့ဟာသူပြုံးလိုက်သည်။ သူကလုံမုန့်ကိုပြောလိုက်သည်။
“ငါကဒီတားမြစ်နယ်မြေထဲမှာနည်းနည်းလမ်းလျှောက်အုံးမယ်…မင်းဒီနေရာမှာ မနေချင်ဘူးဆိုရင် ငါချက်ခြင်းပြန်ပို့ပေးမယ်လေ”
လုံမင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ညီ..ညီမလေး ကိုကြီးရှစ်ဖုန့်နဲ့အတူလိုက်တာက ပိုကောင်းမယ်”
“ကောင်းပြီး ဒါဆိုရင် ဒီလမ်းအတိုင်းသွားကြမယ်”
ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်ညွှန်ပြသော အရှေ့တောင်ဘက်သို့လက်ညှိုးညွှန်ပြပြီး ထိုဦးတည်ချက်အတိုင်းလျှောက်လှမ်းသွားလိုက်သည်။
“ဘာလို့ညီမလေးတို့တွေက ဒီဦးတည်ချက်အတိုင်းသွားတာလဲ”
လုံမုန့်က အရှေ့တောင်ထောင့် ဦးတည်ရာကိုကြည့်ပြီး ပဟေဠိဖြစ်စွာဖြင့်မေးလိုက်သည်။
“မမေးနဲ့ ငါ့နောက်သာလိုက်ခဲ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အိုး”
လုံမုန့်က နာခံစွာဖြင့် ခေါင်းညိမ့်ပြီး အရှေ့တောင်ဘက်သို့ ရှစ်ဖုန့်၏ နောက်မှလိုက်ပါလိုက်သည်။
သူနှင့်လုံမုန့်တို့ ကောင်းကင်ဘုံမီးတောက်ညွှန်ပြရာ ဦးတည်ချက်ဘက်သို့ပိုပြီးသွားလေ သူတို့ရှေ့ရှိ မီးခိုးရောင်မြူများက ပိုပြီး ထူထပ်လာလေကို ရှစ်ဖုန့်တွေ့ရှိခဲ့သည်။
“ဒီမီးခိုးရောင်မြူတွေက မြင့်မြတ်သောဓားနဲ့ဘယ်လိုမျိုး ဆက်နွယ်နေလဲ”
ရှစ်ဖုန့်က သူ၏ ဝိညာဉ်ဆက်သွယ်မှုကို အသုံးပြုပြီး ကောင်းကင်ဘုံမီးတောက်ကိုမေးလိုက်သည်။
“ငါကဘယ်လိုလုပ်ပြီးတော့ ဆက်နွယ်မှုကိုသိမှလဲ”
“ငါတို့လို ကြီးမြတ်တဲ့ တည်ရှိမှုမျိုးနဲ့ ဒီမြူက ဘာမှလုပ်စရာ အကြောင်းမရှိဘူး”
ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။
သို့သော် မီခိုးရောင်မြူများလာရာ အရင်းအမြစ်မှာ ကောင်းကင်ဘုံမီးတောက်ပြောသော ဦးတည်ချက်နှင့် အတူတူဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိသည်။
“ဒီမီးခိုးရောင်မြူတွေက အသက်ပါမှုတွေကိုတိုက်စားနိုင်တာလား”
ရှစ်ဖုန့်က လမ်းလျှောက်ရင်းတွေးနေသည်။
“ကို…ကိုကြီးရှုစ်ဖုန့်..စကားလေးပြောပါအုံး.ဒီနေရာက အရမ်းအသက်မဲ့လွန်းပြီး မီးခိုးရောင်ဖြစ်နေတယ်..ကိုကြီးသာစကားမပြောရင်…ညီမလေး နည်း…နည်းနည်းကြောက်လာပီ”
လုံမုန့်၏ နူးညံ့သောကိုယ်လေးက အတင်းအဓမ္မမဟုတ်ပဲ ရှစ်ဖုန့်နားသို့ကြောင်လေးတစ်ကောင်ကဲ့သို့ လျှောက်လှမ်းတိုးကပ်လာပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
ရှစ်ဖုန့်အနေဖြင့် ဤ ကောင်မလေး၏ ရှေ့တွင် ဘယ်နှစ်ကြိမ်သူ့ခေါင်းအားခါမိမှန်းကို ပင် မသိတော့ချေ။ သူမကြောက်လန့်နေသည်ဆိုသောကြောင့်သူမအနေဖြင့် သူမေးစဉ်ကတည်းက ပြန်သွားသင့်သည်ဖြစ်သည်။
“ဒီနေရာက ပျော်စရာကောင်းတယ်လို့ မင်းထင်သေးလား”
ရှစ်ဖုန့်က မေးလိုက်သည်။
လုံမုန့်က ရှစ်ဖုန့်၏ စကားတို့ကိုနားထောင်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ထို့နော်သူမက သူမနောက်ဘက်ကိုကြည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“တကယ်တော့ တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတာ..ဒါပေမဲ့ တစ်ခုခုက ညီမလေးတို့နောက်ကို လိုက်လာနေတယ်လို့ ဆက်တိုက်ခံစားနေရတယ်”
“ငါတို့နောက်မှာလား”
ရှစ်ဖုန့်က သူ့ခေါင်းကိုခါ ယမ်းပြီးပြောလိုက်သည်။
“အများကြီးလျှောက်တွေးမနေနဲ့…တို့နောက်မှာဘာမှ မရှိဘူး..”
ရှစ်ဖုန့်၏ အဆင့်သုံးဝိညာဉ်ထိုးထွင်းသိမြင်မှုဖြင့် တစ်စုံတစ်ခုသာသူတို့နောက်မှလိုက်လာခဲ့ပါက လုံမုန့်သည်ပင်ခံစားမိလျှင်၎င်းမှာ သူ၏ဝိညာဉ်ထိုးထွင်းသိမြင်မှုအောက်မှ လွတ်မြောက်နိုင်စရာအကြောင်းမရှိပေ။
“ကိုကြီးရှစ်ဖုန့် ဒီတောအုပ်ထဲမှာသရဲတွေရှိတယ်လို့ကိုကြီးထင်လား”
လုံမုန့်က ရှစ်ဖုန့်ကိုတီးတိုးပြောလိုက်သည်။
ဤကောင်းမလေးကြောက်လန့်နေသည်မှာထင်
ရှားသော်လည်း သူမက သရဲများဟု ထပ်မံ၍ ပြောဆိုနေပြန်သသည်။ တစ်ခြားသောသူများက သရဲတစ္ဆေများကို ကြောက်လန့်ချင်ကြောက်ကလန့်ကြမည်ဖြစ်
သော်လည်း သူကတော့မည်ကဲသို့ကြောက်လန့်နိုင်ပါမည်
နည်း။
အတိတ်တုံးကငရဲဘုံကိုးခု ဧကရာဇ်ဖြစ်သာ သူ၏ လက်အောက်တွင် မရေတွက်နိုင်သော သရဲတစ္ဆေစစ်သည်များနှင့်သရဲတစ္ဆေ ဗိုလ်ချုပ်များ ရှိသည်ဖြစ်သည်။
ဝိညာဉ်သန့်စင်ဘုံတွင် သရဲတစ္ဆေ သိန်းပေါင်းများစွာက သူ့အားကြည်ညိုကိုးကွယ်ကြပြီး ကြီးမြတ်သော ဧကရာဇ်ဟုခေါ်ကြသည်ဖြစ်သည်။
“မင်းကသရဲတွေကိုကြောက်လို့လား”
ရှစ်ဖုန့်ကမေးလိုက်သည်။
“အင်း”
လုံမုန့်က ခေါင်းညိမ့်လိုက်သည်။
ညီမလေးငယ်ငယ်တုံးက သရဲတွေက လူတွေကို စားတယ်လို့ လူတွေပြောကြတာကိုကြားဖူးတယ်..အထူးသဖြင့်သူတို့က ကြောက်လန့်နေတဲ့သူတွေကိုပိုကြိုက်ကြတယ်တဲ့ အချိန်ကလည်း ညလူခြေတိတ်ချိန်မှတဲ့…အဲ့လိုမှ မဟုတ်ရင်လည်းသူတို့က ဒီလို မှုန်မှိုင်းနေတဲ့ တောအုပ်ထဲ ညီမလေးတို့တွေရဲ့ ရှေ့မှာ ဝုန်း ဆိုပြီး ရုတ်တရက်ကြီးပေါ်ချလာရောတဲ့ ….သူတို့ရဲ့ဆံပင်တွေက ဖိုသီဖတ်သီကြီးနဲ့ မျက်နှာကလည်း ဖြူဖျော့နေတာ ဒါမှမဟုတ် သွေးတွေနဲ့ဖုံးနေတာ အဲ့လိုမှ မဟုတ်ရင် သူတို့ရဲ့သွေးသွားတွေက မှုန်ဝါးနေတာတဲ့…သူတို့မှာ မျက်လုံး ပါးစပ် နှာခေါင်းတွေမရှိဘူး ဒါမှမဟုတ် သွေးတွေကလေ သူတို့ရဲ့ ဒွာရခုနှစ်ပေါက်ကနေပြီး စီးစီးကျနေတာ…အား……ညီမလေးတွေးရင်းနဲ့ အခုပဲကြောက်လာပြီ”
ရှစ်ဖုန့်အနေဖြင့် လုံမုန့်မှာစကားပြောနေရင်း သူမ၏ ကိုယ်လေးတုန်ယင်လာသည်ကိုခံစားမိနိုင်သည်။
ဤကောင်မလေးမှာ သူကိုယ်တိုင်ကြောက်လန့်နေရင်းနှင့်ပင် သူ့အား ခြောက်လန့်ရန်အတွက်ကြိုးစားနေသေးသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE