← Chapters

အပိုင်း (၁၃၄)

Vol. 9 Ch. 134

အပိုင်း (၁၃၄)

Vol. 9 Ch. 134

“ကောင်းပြီ ပြောနေတာရပ်လိုက်တော့..မင်းဟာမင်းပြန်ပီးလန့်နေပြီ”

ရှစ်ဖုန့်က လုံမုန့်ကိုပြုံး၍ပြောလိုက်သည်။

“ဟီးဟီး..”

ရှစ်ဖုန့်၏စကားကိုကြားပြီးသည့်နောက်တွင် လုံမုန့်က ကျီစယ်သည့်မနေဖြင့်ပြုံးလိုက်ပြီးပြောလိုက်

သည်။

“ညီမလေးက အစတုံးက ကိုကြီးကို ကြောက်အောင်လုပ်ဖို့ရည်ရွယ်ထားတာ ဒါပေမဲ့ အဆုံးကျ ကိုယ့်ဟာကိုယ် ပြန်ပြီးလန့်နေတယ်”

ရှစ်ဖုန့်က စွန့်အစွာဖြင့်သူ့ခေါင်းသူ ခါယမ်းလိုက်သည်။

သူတို့ပိုပြီးသွားလေ မီးခိုးရောင်မြူများက ပိုပြီးထူထပ်လာလေဖြစ်သည်။

“ဘယ်လောက်ဝေးသေးလဲ”

ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်ကို ဝိညာဉ်ဆက်သွယ်မှုဖြင့်မေးလိုက်သည်။

“နီးနေပြီ”

ကောင်းကင်ဘုံမီးတောက်က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ငါတို့ရှေ့မှာ မိစ္ဆာရောင်ဝါတစ်ခုကို ငါအာရုံခံမိနေတယ်”

“မိစ္ဆာရောင်ဝါလား”

“ခင်ဗျားလို မိစ္ဆာဆန်တဲ့သူကတောင်ခေါ်ရတဲ့ မိစ္ဆာရောင်ဝါလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“ဟမ့်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ကောင်းကင်ဘုံမီးတောက် က အေးစက်စွာနှာမှုတ်လိုက်သည်။

“မင်းမှန်မှန်ကန်ကန်လေးပြောလို့မရဘူးလား”

“အင်းပါကောင်းပြီ…ခင်ဗျားက အဲ့တာကို မိစ္ဆာရောင်ဝါလို့ခေါ်မှတော့လည်း ခင်ဗျားအဲ့တာဘယ်နေရာကလာလဲဆိုတာကို သိလို့ပဲဖြစ်ရမယ် ဟုတ်တယ်မလား”ျ

ရှစ်ဖုန့်ကမေးလိုက်သည်။

“ဒါပေါ့”

ကောင်းကင်ဘုံမီးတောက်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြန်ဖြေလိုက်သည်။

“ငါသာမမှားဘူးဆိုရင် အဲ့တာက သွေးပန်းခက်ကလန်ရဲ့ မဟာရန်ဘက်ဖြစ်တဲ့ မိစ္ဆာမျက်လုံး ရောင်ဝါပဲ”

“မိစ္ဆာမျက်လုံးလား”

ရှစ်ဖုန့်အနေဖြင့် ယခင်က သွေးပန်းခက်ကလန်အကြောင်းကိုရော ဤမျိုးနွယ်စုအကြောင်းကိုရောတစ်ခါမှ မကြားဖူးချေ။ ယင်းမှာ ရှေးကျသော အချိန်များကတည်းက သွေးပန်းခက်ကလန်ကဲ့သို့ ကွယ်ပျောက်တိမ်ကောသွား‌သော မျိုးနွယ်စုတစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။

“ဟုတ်တယ်..ခံစားချက်ကပိုပိုပြီးတော့ ရှင်းလင်းလာပြီ  အဲ့တာကမိစ္ဆာမျက်လုံးကလန်ကပဲဖြစ်ရမယ်..

ကောင်လေး ငါမင်းကိုဒီမှာပဲရပ်လိုက်ဖို့ အကြံပေးချင်တယ်..မိစ္ဆာမျက်လုံးကလန်ဆိုတာငါ့ရဲ့ သွေးပန်းခတ်ကလန်လိုပဲ စွမ်းအားကြီး ကလန်တစ်ခုပဲ…မင်းအဲ့ကိုသွားရင် မင်းအသက်ကိုဆုံးရှုံးရလိမ့်မယ်”

ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။

“ဘယ်သူက မိစ္ဆာမျက်လုံးအကြောင်းကို ဂရုစိုက်လို့လဲ..အဲ့တာဖြစ်နေအုံးတော့ အခုနေ ဆီးလ်ခတ်ခံထားရတာ ဒါမှမဟုတ် သူ့စွမ်းအားတွေ တော်တော်များများဆုံးရှုံးထားတာဖြစ်လောက်ပြီ….မဟုတ်ရင်အဲ့တာက ဒီနေရာမှာ ကျိုးကျိုးနွံနွံနဲ့ နှစ်ပေါင်းများစွာ ဘယ်လိုလုပ်ပြီးနေမှာလဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။လုံမုန့်ပြောပုံအရဆိုလျှင် ဤတော်ဝင်မိသားစု၏ တားမြစ်နယ်မြေမှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။ ထို့နောက် ရှစ်ဖုန့်က သူ့ဘေးရှိ လုံမုန့်ကို ကြည့်လိုက်ပြီးမေးလိုက်သည်။

“ငါမင်းကို အပြင်ကို အရင်ဆုံးပို့ပေးမယ်..နောက်ကျမှဆိုရင် မင်းအတွက် အန္တရာယ်ဖြစ်သွားလိမ့်မယ်”

“ကိုကြီးကရော”

လုံမုန့်ကမေးလိုက်သည်။

“ငါက အဲ့ကိုတစ်ချက်လောက်ကြည့်ဖို့သွားအုံးမယ်..ငါ

ပြောတာနားထောင်နော်..မင်းအဲ့ကိုသွားရင် မင်းကငါ့အတွက် ဝန်ထုပ်ဝန်ပိုးလိုပဲဖြစ်စေလိမ့်မယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပါပြီ..ဒါဆိုညီမလေးကိုကြီးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူ..ဒါပေမဲ့ဒီည အိမ်ရှေ့စံမင်းသားကို သွားပြီးရိုက်နှက်မဲ့အခါကျရင် ကိုကြီးညီမလေးကို ခေါ်သွားရမယ်နော်”

လုံမုန့်ကပြောလိုက်သည်။

“မပူပါနဲ့ ငါမင်းကိုအဲ့ကိုခေါ်သွားပြီးတော့ ကောင်းမွန်တဲ့တိုက်ခိုက်မှုတစ်ခုကို မင်းကိုပေးမှာပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဟီးဟီး..ကောင်းပါပြီ..ဒါဆို ကိုကြီးတစ်ယောက်တည်းမို့ ဂရုစိုက်အုံးနော်”

လုံမုန့်ကပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်ပြီး ယင်မိစ္ဆာကို အမိန့်ပေးလိုက်သည်။

လုံမုန့်မှာ မြေကြီးအတွင်းသို့ နစ်မြုပ်ဝင်သွားသည်။

ရှစ်ဖုန့်က လုံမုန့်အား မြေအောက်ထဲမှနေ၍ မင်းသားချန်၏ အိမ်တောဆီသို့ တိုက်ရိုက်ပို့ဆောင်ပေးရန် ယင်မိစ္ဆာကို အမိန့်ပေးလိုက်သည်။ ဤကောင်မလေး၏ ရှေ့တွင် မပေါ်လာရန်လည်း ယင်မိစ္ဆာကိုပြောလိုက်သည်။

ယင်မိစ္ဆာတွင်နတ်ဆိုးဆန်သော မျက်နှာရှိသော်လည်း သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သည်။ ဤမိန်းကလေးမှာ တစ္ဆေသရဲတို့ကို ကြောက်ရွံ့သောသူဖြစ်သည်။သူမရှေ့တွင်ဤကဲ့သို့လူတစ်ယောက်ကရုတ်တရက်ပေါ်လာလျှင် သူမအထိန့်တလန့်ဖြစ်သွားခဲ့ပါက ကောင်းမွန်သောအရာဖြစ်လိမ့်မည်မဟုတ်ပေ။

လုံမုန့်အားပြန်ပို့ပြီးသည့်နောက် ရှစ်ဖန့်က ရှေ့သို့ဆက်ချီတက်လိုက်သည်။

ထူထဲလှသော မီးခိုးရောင်မြူထဲတွင် သူမျိုချခဲ့သော အဆင့်လေး အဆိပ်ဖြေဆေးလုံးက ထပ်မံ၍ အကျိုးသက်ရောက်မှုမရှိတော့သည်ကို ရှစ်ဖုန့်သိရှိလိုက်သည်။ ၎င်းတို့ကသူ့ကိုယ်ထဲသို့ဝင်ရောက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တို့အား ဖြည်းဖြည်းချင်းစတင်တိုက်စားလာသည်။

“အဲ့တာက မမှားနိုင်ဘူး”

ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။

“ဒါက မိစ္ဆာမျက်လုံးမျိုးနွယ်စုရဲ့ တိုက်စားခြင်း စွမ်းအားပဲ..ငါ့စွမ်းအင်တောင် အဲ့တာရဲ့တိုက်စားမှုကိုဖြည်းဖြည်းချင်းခံစားနေရတယ်”

“တိုက်စားခြင်းမိစ္ဆာမျက်လုံးလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“မိစ္ဆာမျက်လုံးမျိုးနွယ်စုရဲ့ မျိုးနွယ်စုဝင်အားလုံးက မျက်လုံးသုံးလုံးနဲ့ မွေးဖွားလာကြပြီး တတိယမျက်လုံးကို မိစ္ဆာမျက်လုံးလို့ခေါ်တယ်”

“မိစ္ဆာမျက်လုံးမျိုးနွယ်ဝင်တိုင်းရဲ့ မိစ္ဆာမျက်လုံးတိုင်းက မဖြစ်မနေတူညီနေစရာတော့မလိုဘူး..တစ်ချို့က ဝါးမျိုခြင်း မိစ္ဆာမျက်လုံးကိုပိုင်ဆိုင်ကြတယ်..တစ်ချိုကတော့ အမှောင်မိစ္ဆာမျက်လုံး  တစ်ချို့ကြပြန်တော့ မီးတောက်နက် မိစ္ဆာမျက်လုံးကိုပိုင်ဆိုင်ကြတယ်..ပြီးတော့ငါတို့ အခုမမျှော်လင့်ပဲ ကြုံရတာက တိုက်စားခြင်းမိစ္ဆာမျက်လုံးပဲ”

“မင်းပြောသလိုတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်..အဲ့တာကဒီနေရာမှာ ဆီးလ်ခတ်ခံထားရတာ ဒါမှမဟုတ် သူ့ရဲ့စွမ်းအားတော်တော်များများကို ဆုံးရှုံးထားရတာဖြစ်လောက်တယ်…မဟုတ်ရင် မင်းနဲ့ငါနဲ့ က တိုက်စားခြင်း မိစ္ဆာမျက်လုံးရဲ့ စွမ်းအားကြောင့်လုံးဝကို တိုက်စားခံရလောက်ပြီးပြီ”

ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။

“သို့ပေမဲ့ အဲ့တာက မိစ္ဆာမျက်လုံးမျိုးနွယ်ဖြစ်နေတုံးပဲနော် ..ငါမင်းကို ဂရုစိုက်ဖို့အကြံပေးလိုက်မယ်…မင်းနဲ့ငါက အခုတစ်သားထဲဖြစ်နေပြီ.မင်းသေရင်ငါသေမှာ .ငါ့ကိုပါလာပြီးမပက်သက်စေနဲ့”

ကောင်းကင်ဘုံမီးတောက်၏ ခြောက်လှန့်မှုကို ကြားပြီးနောက် ရှစ်ဖုန့်မှာပို၍ သတိထားလာသည်။

ထိုထက်ပိုသည်ကား၎င်းတို့မှာ တစ်ချိန်က သွေးပန်းခက်ကလန်၏ ဆန့်ကျင်ဘက်ရန်ဘက်ဖြစ်သော မျိုးနွယ်စုဖြစ်သည်။ သူ့အနေဖြင့်မဆင်မခြင် မပြုလုပ်နိုင်ပေ။

“ဝုန်း”

ကောင်းကင်ဘုံမီးတောက်ကိုအသက်သွင်းလိုက်

ပြီး ရှစ်ဖုန့်၏ တစ်ကိုယ်လုံးအား သွေးနီရောင်မီးတောက်တို့ထွန်းညှိလောင်ကျွမ်း

စေလိုက်သည်။သူက တိုက်စားမီးခိုးရောင်မြူတို့မအား ခုခံရန် ကောင်းကင်ဘုံမီးတောက်ကို အသုံးပြုလိုက်သည်။သူ၏ သိုလှောင်လက်စွပ်အတွင်းမှဖုန်ယွင်ရှောင်ဆီမှရရှိခဲ့သောအဆင့်လေး စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးကိုထုတ်ယူလိုက်သည်။သူ၏ စွမ်းအင်များကုန်ခမ်းလုနီးပါးဖြစ်လာချိန်တွင် ၎င်းကိုမျိုချ၍ စွမ်းအင်များကိုပြန်လည်ဖြည့်တင်းလိုက်သည်။

စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးက လူတစ်ယောက်၏ ကုန်ဆုံးသွားသော စွမ်းအင်များကို တစ်ဟုန်ထိုး  ပြန်လည်၍ဖြည့်တင်းပေးနိုင်သည်။ ရှစ်ဖုန့်မှာ ဖုန်ယွင်ရှောင်၏ သိုလှေင်လက်စွပ် အတွင်းမှ ၎င်းဆေးဆယ်လုံးကို သာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းမှာ ဤဆေးလုံး၏ အဖိုးမည်မျှထိုက်တန်သလဲဆိုသည်နှင့် ၎င်းတို့အားသန့်စင်ရန် ပါဝင်ပစ္စည်းမည်မျှရှားပါးသနည်းဆိုသည်အားပြသနေခြင်းပင်ဖြစ်သည်။

အဆင့်တူသိုင်းပညာရှင်နှစ်ယောက်၏သေခြင်းရှင်ခြင်းတိုက်ပွဲတွင် တစ်ယောက်၌ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးရှိနေလျှင် ၎င်းဆီ၌ အသက်ကယ်ဆေးတစ်လုံးရှိနေသည်နှင့်ညီမျှ

သည်။

ထျန်းဟန်တိုက်ကြီးပေါ်တွင် ဤကဲ့သို့ဖြစ်ရပ်မျိုးတို့က ဖြစ်နေကျဖြစ်သည်။

သိုင်းပညာရှင်နှစ်ယောက်တိုက်ခိုက်ရာတွင် တစ်ယောက်က အခြားတစ်ယောက်အား အန္တိမ သိုင်းပညာရပ်များကို အသုံးပြုရန်ဖိအားပေးလိမ့်မည်ဖြစ်သည်။ ထို့နောက် နှစ်ယောက်လုံးမူလစွမ်းအင်များကုန်ခမ်းလုနီးပါး

ဖြစ်ကာနီးတွင် တစ်ယောက်ကစွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးကို မျိုချပြီးနောက် အခြားတစ်ယောက်အား အနိုင်ယူခြင်း သို့မဟုတ် သတ်ခြင်းတို့ကိုပြုလုပ်လိမ့်မည်ဖြစ်သည်။

အဓိကအကြောင်းအရာအားပြန်သွားရမည်ဆို

လျှင် သွေးနီရောင်မီးတောက်အဖြစ်ပြောင်းထားသော ရှစ်ဖုန့်မှာ ရှေ့သို့ဆက်လက်သွားနေသည်။ မီးခိုးရောင်မြူများကပိုပို၍ ထူထပ်လာသည်သာမကဘဲ သူ့လက်ထဲရှိသွေးဓားမှာလည်းသူ့လက်ထဲမှ အတင်းရုန်းကန်လွတ်ထွက်တော့မည့်သကဲ့သို့ ပြင်းထန်စွာတုန်ခါလာသည်ကို ရှစ်ဖုန့်တွေ့ရှိခဲ့သည်။

“ဖိနှိပ်စမ်း”

ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်လိုက်သည်။လက်သင်္ကေတဆီးလ်တစ်ခုက သွေးဓားပေါ်သို့ကျရောက်သွားပြီး ၎င်းအားထိန်းချုပ်ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ကျောက်ပြားတစ်ခုက ထူထဲသော မီးခိုးရောင်မြူများကြားမှ ဘွားကနဲ့ပေါ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

အနက်ရောင်ကျောက်ပြားမှာ မြို့ဂိတ်တစ်ခုအရွယ်အစားရှိပြီး ထူထဲသောအနက်ရောင်မြူခိုးများကြားထဲတွင်ထီးထီးကြီးရပ်နေသည်။မီးခိုးရောင်မြူခိုးများလာရာ အရင်းအမြစ်က အနက်ရောင်ကျောက်ပြားအောက်ခြေမှဖြစ်

ကြောင်းကို ရှစ်ဖုန့်အာရုံခံမိသည်။

ရှစ်ဖုန့်အနေဖြင့် အနက်ရောက်ကျောက်ပြားကြီးပေါ်ရှိ စကားလုံးခပ်ရေးရေးကိုအာရုံခံမိပုံရသည်။အ

တွေးတစ်ချက်ဖြင့် သူ့ကိုယ်ပေါ်ရှိ သွေးနီရောင်မီးတောက်တို့အား အနက်ရောင်ကျောက်တုံးဝန်းကျင်ရှိ မီးခိုးရောင်မြူတို့ကိုလောင်ကျွမ်းစေလိုက်သည်။ အနက်ရောင်ကျောက်တုံး၏ ထိပ်ဖျားတွင် ကြီးမားသော စကားလုံးသုံးလုံးပေါ်လာသည်။

“မိစ္ဆာဖိနှိပ်ထိန်းချုပ်ကျောက်ပြား”

စကားလုံးကြီးသုံးလုံး၏ အောက်တွင် သေးငယ်သော စကားလုံးအတန်းအနည်းငယ်ကို ကျောက်ပြားပေါ်၌ ထွင်းထုထားသည်။

“ကျုပ်ဟာ ယင်လိုင်အင်ပါယာရဲ့ ဆယ်ယောက်မြောက်ဧကရာဇ်ပဲဖြစ်တယ်..လွန်ခဲ့တဲ့သုံးနှစ်က ယွင်လိုင်အင်ပါယာရဲ့ နယ်နိမိတ်အတွင်းမှာ မိစ္ဆာမျက်လုံးတစ်လုံးပေါ်လာခဲ့ပြီး သာမန်လူတွေအတွက်ကပ်ဘေးဆိုက်မှုကို ယူဆောင်လာခဲ့တယ်..ငါကိုယ်တိုင် ယွင်လိုင်အင်ပါယာနယ်နိမိတ်အတွင်းက အသန်မာဆုံးကျွမ်းကျင်သူတွေကိုဦးဆောင်ပြီး

တော့….မိစ္ဆာဖိနှိပ်ကျောက်ပြားကို အသုံးပြုပြီး နောက်ဆုံးမှာ ဒီမိစ္ဆာမျက်လုံးကို ဖိနှိပ်ထိန်းချုပ်နိုင်ခဲ့တယ်”

“ငါ့ရဲ့မျိုးဆက်တွေအနေနဲ့ သတိရပါ လိုက်နာပါ ပြီးတော့ မျိုးဆက်တိုင်းဒီကျောက်ပြားကို စောင့်ကြပ်ပါ…အကယ်၍ တစ်စုံတစ်ယောက်အနေနဲ့ ဒီနေရာကိုဝင်ရောက်လာပြီးတော့ ဒီကျောက်ပြားကိုအာရုံခံမိရင် သာမန်လူများအတွက်အလို့ငှာ ဒီကျောက်ပြားကို မဖျက်ဆီးလိုက်ပါနဲ့…အကယ်၍ မိစ္ဆာမျက်လုံးသာလွတ်မြောက်သွားရင် ကမ္ဘာကြီးဟာ နောက်ထပ်ကြီးမားတဲ့ ကပ်ဘေးဒုက္ခကြီးကို ကြုံတွေ့ရလိမ့်မယ်..သတိရပါ..မှတ်သားထားပါ”

ရှစ်ဖုန့်မှာမိစ္ဆာဖိနှိပ်ကျောက်ပြားပေါ်ရှိ ကျောက်စာကိုမြင်တွေ့လိုက်ရသည်။ ယွင်လိုင်အင်ပါယာ၏ ဧကရာဇ်က မိစ္ဆာမျက်လုံးအားဖိနှိပ်ရန် အတွင် ကျွမ်းကျင်သူများစွာကို ဦးဆောင်ခဲ့သည်ကို ဖော်ပြထားသော်လည်း အဘယ့်ကြောင့်မြင့်မြတ်သောဓား၏ အစိတ်အပိုင်းကိုပါ ဖိနှိပ်ခဲ့သည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။

“မိစ္ဆာမျက်လုံးမျိုးနွယ်မှာမျက်လုံးပဲရှိပြီးတော့ ခန္ဓာကိုယ်မရှိတာလား”

ရှစ်ဖုန့်က ကောင်းကင်ဘုံမီးတောက်ကိုမေးလိုက်သည်။ ကျောက်ပြားပေါ်ရှိကျောက်စာအရ ထိုအချိန်တုံးကဖိနှိပ်ခဲ့သည်မှာ မိစ္ဆာမျက်လုံးဟုဆို၏။ မိစ္ဆာသက်ရှိဟုပြောမထားပေ။

ထို့ကြောင့်လဲ ရှစ်ဖုန့်ကဤကဲ့သို့မေးမြန်းရခြင်းဖြစ်သည်။

“မဟုတ်ဖူး”

ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။

မိစ္ဆာမျက်လုံးမျိုးနွယ်စု ကမင်းတို့လူသားမျိုးနွယ်တွေနဲ့ အသွင်အပြင်အတူတူပဲ.သူတို့နဖူးပေါ်မှာရှိတဲ့ မျက်လုံးပိုတစ်လုံးကတော့ချွင်းချက်ပေါ့  ..အဲ့တတိယမျက်လုံးကို မိစ္ဆာမျက်လုံးလို့ခေါ်တာ”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters