အပိုင်း (၁၃၅)
Vol. 9 Ch. 135
ကောင်းကင်ဘုံမီးတောက်ကပြောလိုက်သည်။
“မိစ္ဆာမျက်လုံးမျိုးနွယ်စုရဲ့ အသွင်အပြင်က မင်းတို့လူသားမျိုးနွယ်နဲ့အတူတူပဲ…ကွာခြားတာဆိုလို့ သူတို့ရဲ့နဖူးပေါ်မှာမျက်လုံးပိုတစ်လုံးအပိုပါလာတာပဲရှိတာ… အဲ့တတိယမျက်လုံးကို မိစ္ဆာမျက်လုံးလို့သိကြတယ်”
“ဒါပေမဲ့..ကျောက်စာအရတော့ သူတို့က မျက်လုံးတစ်လုံးကိုဖိနှိပ်ထိန်းချုပ်ထားတာတဲ့ ..မိစ္ဆာမျက်လံးမျိုးနွယ်စုဝင် က ဖျက်ဆီးခံလိုက်ရပြီး တိုက်စားခြင်းမျက်လုံးတစ်လုံးပဲ ကျန်နေတဲ့ပုံပဲ..သူ့ဝိညာဉ်က မိစ္ဆာမျက်လုံးအပေါ်မှာဆက်နွယ်မှုရှိသွားပြီးတော့ ရှင်သန်ခဲ့တာဖြစ်မယ်..မြင့်မြတ်ဓားရဲ့ အပိုင်းအစကလည်းအောက်မှာရှိနေတယ်.. သွေးပန်းခက်ကလန်နဲ့ ပိုပြီးတော့ပက်သက်နေတဲ့ပုံပေါ်တယ်”
“အဲ့လိုပဲဖြစ်လောက်သင့်တယ်”
ထို့နောက်ကောင်းကင်ဘုံမီးတောက်က သေချာစွာဖြင့်ပြောလိုက်သည်။
“အဲ့လိုမှမဟုတ်ရင် မိစ္ဆာမျက်လုံးမျိုးနွယ်စုလိုမျိုးစွမ်အားနဲ့ဆို ဒီနေရာကသိုင်းသမားသာသာလေးတွေက ဘယ်လိုလုပ်ပြီး မိစ္ဆာမျက်လုံးမျိုးနွယ်စုကို ဖိနှိပ်နိုင်တဲ့စွမ်းရည်ရှိနိုင်မှာလဲ”
သို့သော်ထိုအရာများအားလုံးက ရှစ်ဖုန့်အတွက် သိချင်မိသည်ဆိုရုံလောက်သာဖြစ်ပြီး စိတ်ထဲတွင်ထည့်မထားချေ။သူက အနက်ရောင်မိစ္ဆာဖိနှိပ်ကျောက်ပြားကို တစ်ကြိမ်ထပ်မံ၍ကြည့်လိုက်သည်။
ယခုအခါတွင် မြင့်မြတ်ဓား၏ အစိတ်အပိုင်းမှာ ကျောက်ပြား၏ အောက်၌ရှိနေသည်ကို သူသိပြီဖြစ်ပြီး ဘာတွေပဲဖြစ်ပါစေ သူရရှိမှဖြစ်မည်ဖြစ်သည်။ သို့သော်သူကျောက်ပြားအားဖျက်ဆီးလိုက်လျှင် တိုက်စားခြင်းမိစ္ဆာမျက်လုံးအားလွှတ်ပေးလိုက်သလိုဖြစ်သွားမည်ဖြစ်သည်။
မိစ္ဆာမျက်လုံးမှာ ယွင်လိုင်အင်ပါယာအတွင်းရှိ ကျွမ်းကျင်သူများ၏ ဖိနှိပ်မှုကို နှစ်ရာပေါင်းများစွာထောင်ပေါင်းများစွာကတည်းကခံခဲ့ရခြင်းဖြစ်သည်။ ၎င်း၌ စွမ်းအားမည်မျှကျန်ရှိနေသေးသည်ကို မည်သူမျှမသိကြချေ။
၎င်းသာလွတ်ထွက်လာပါက သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူ့အတွက်ခက်ခဲလိမ့်မည်ဖြစ်သည်။
“သွားစို့ကောင်လေး..”
ကောင်းကင်ဘုံးမီးတောက်ကပြောလိုက်သည်။
“ငါမင်းရဲ့စွမ်းရည်တွေကိုသိတယ်..မင်းက အနာဂတ်မှာကမ္ဘာကြီးကို အထက်စီးကနေကြည့်ရတဲ့သူဖြစ်လာမှာ..မြင့်မြတ်ဓားရဲ့အစိတ်အပိုင်းလေးအတွက်နဲ့စွန့်စားရတာကမတန်ဘူး ..အနာဂတ်မှာ မင်းအစွမ်းထက်သန်မာလာတဲ့အချိန်ကျမှ ယူမယ်ဆိုလည်းနောက်မကျသေးပါဘူး..အဲ့တာထက်ပိုတာက မင်းသာစွန့်စားလိုက်ရင် ငါ့ကိုပါ မင်းနဲ့အတူ ဒုက္ခရောက်စေလိမ့်မယ်”
“ကြည့်ရတာဒီနည်းတစ်နည်းပဲရှိတော့တဲ့ပုံပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။သူ့အတွက် တကယ်လည်း စွန့်စားရန်အတွက်မလိုအပ်ပေ။ သို့သော်ထိုအချိန်တွင် သူ့အနေဖြင့်ကောင်းကင်မီးတောက်နှင့်ဆက်သွယ်မှု ဆုံးရှုံးသွားရသည်ကို သိလိုက် ရသည်။ ယင်းမှာ ကောင်းကင်မီးတောက်အနေဖြင့် ရုတ်တရက် နက်ရှိုင်းစွာ အိပ်မောကျသွားသကဲ့သို့ဖြစ်လေသည်။
“ဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်မှာတုန်လှုပ်သွားသည်။
ဤကာလတစ်လျှောက်တွင် ယခုကဲ့သို့အခြေအနေမျိုးတစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
ထိုအချိန်တွင် လက်သီးဆုပ်အရွယ်ရွှေရောင်အလင်းတန်းက သူ့၏ မျက်ခုံးနှစ်ခုကြားမှ ရုတ်တရက်ပစ်လွှတ်လိုက်သလိုထွက်လာသည်။
“သောက်ချီးပဲ.ထပ်ပြီးမင်းပဲလား..ဒီတော့ ဒါကမင်းလက်ချက်ပေါ့”
သူအချိန်အကြာကြီး မတွေ့ရှိခဲ့ရသော ရွှေရောင်အလင်းကိုကြည့်ကာ ရှစ်ဖုန့်ဆဲဆိုလိုက်သည်။ဤအရာမှာ အရာခပ်သိမ်း၏ မူလဇစ်မြစ်ပင်ဖြစ်လေသည်။
အရာခပ်သိမ်း၏မူလဇစ်မြစ်က ပေါ်လာပြီးပြီးချင်း ရုတ်တရက် သိပ်သည်းထူထဲသော ရွှေရောင်အလင်းတန်းကြီးကို မိစ္ဆာဖိနှိပ်ကျောက်ပြားထံသို့ တိုက်ရိုက်ပင် ပစ်လွှတ်လိုက်သည်။
“ဝုန်း”
မိစ္ဆာဖိနှိပ်ကျောက်ပြားမှာ ရွှေရောင်အလင်းတန်း၏ အောက်တွင် ပြိုကျသွားသည်။
“ဘယ်လိုတောင်လားဟ”
ရှစ်ဖုန့်မှာ အရာခပ်သိမ်း၏ မူလဇစ်မြစ်အား မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် မိစ္ဆာဖိနှိပ်ကျောက်ပြားအောက်ရှိ ထူထဲလှသောမီးခိုးရောင်မြူတို့က ကောင်းကင်ထဲသို့ရေကြီးရေလျှံသကဲ့သို့ တစ်လိပ်လိပ်တက်လာသည်။သိပ်သည်းသော မီးခိုးရောင်မြူနှင့်အတူလိုက်ပါလာသော စွမ်းအားကြီးရောင်ဝါက လူတစ်ယောက်၏ နှလုံးသားကို တဆက်ဆက်တုန်အောင်ပြုလုပ်နေသည်။
“မင်းမေကြီတော်လိုမှပဲ…သူတောင်းစား….မင်းတကယ်ကြီး မိစ္ဆာမျက်လုံးကို လွှတ်ပေးရဲတယ်လား..မင်းကသူနဲ့ဆက်နွယ်နေလို့လား”
ရှစ်ဖုန့်က အရာခပ်သိမ်း၏ မူလဇစ်မြစ်ကို အော်ပြောလိုက်သည်။သူက မြေအောက်ရှိ ယင်စွမ်းအင်များမှတစ်ဆင့် ထွက်ပြေးရန် လုပ်လိုက်သောအချိန်န်တွင် အရာခပ်သိမ်း၏ မူလဇစ်မြစ်က သူ၏ ရည်ရွယ်ချက်အားသိရှိပုံရလေသည်။ ရွှေရောင်အလင်းတစ်ခုကသူ့ကိုလွှမ်းခြုံလိုက်ပြီး သူနှင့် ယင်စွမ်းအင်တို့ကို သီးသန့်ဖြစ်စေလိုက်ကာ သူ့ကိုပင် ရွှေရောင် အလင်းအတွင်း၌ ဆီးလ်ခတ်ထားလိုက်သေးသည်။
“သောက်ခွေးမ”
ရှစ်ဖုန့်ရူးသွပ်ချင်သွားသည်။ သူကအရာခပ်သိမ်း၏ မူလဇစ်မြစ်၏ နင်းချေမှုကို တကယ်ခံနေရသည်။
ကောင်းကင်ထဲသို့ထိုးတက်လာသော မီးခိုးရောင်မြူတို့က ပို၍ပင်သိပ်သည်းထူထပ်လာသေးသည်။
ကြမ်းကြုတ်သောသားရဲတစ်ကောင်ပေါ်ပေါက်
လာသကဲ့သို့ ၎င်း၏ ရောင်ဝါသည်လည်း ပိုမို၍ စွမ်းအားကြီးမြင့်တက်လာနေသည်။
“သောက်ခွီးပဲ..မင်းမေကြီးတော်လိုမှပဲ …လီးပဲပေါ့”
ရှစ်ဖုန့်က ဆဲဆိုနေရင်း သူ့အားပိတ်လှောင်ထားသော ရွှေရောင်အလင်းကို ခုတ်ပိုင်းနေသည်။
သို့သော်ရွှေရောင်အလင်းတန်း၏ စွမ်းအားက သူ၏ ကိုယ်ပိုင်စွမ်းအားထက်အများကြီးကိုသာလွန်နေ၏။
ငရဲ့ဘုံကိုးခု အံဖွယ် ဆီးလ်တံဆိပ်လေးခု ကိုအသုံးပြုလျှင်ပင် ၎င်းအား လှုပ်ခါစေနိုင်ရန် ခက်ခဲလေသည်။
“သောက်ချီးပဲ..အခုတော့ပြီးသွားပြီ”
မီးခိုးရောင်မြူထဲမှထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရောင်ဝါကိုခံစားမိပြီး တစ်ခုခုမှားယွင်းနေသည်ဟုလည်းရှစ်ဖုန့်ခံစားရသည်။
“ခီး ခီး ခီး ခီး ခီး ခီး”
“ခီး ခီး ခီး ခီး ခီး ခီး”
မီးခိုးရောင်မြူခိုးအတွင်းရှိ အန္တရာယ်များသော ရယ်သံက ရှင်းလင်းစွာထွက်ပေါ်လာသည်။
သို့သော် မီးခိုးရောင်မြူခိုးအထက်ရှိ အရာခပ်သိမ်း၏ မူလဇစ်မြစ်ထံမှနောက်ထပ် ရွှေရောင်အလင်းတစ်ခုကို မီးခိုးရောင်မြူခိုးထံပစ်လွှတ်လိုက်ပြန်သည်။
“လွှတ်စမ်း..မင်းဘယ်လိုတောင်လုပ်ရဲတာလဲကွ”
ထို့နောက်ချက်ခြင်း ထူထဲသောမီးခိုးရောင်မြူအတွင်းမှ အန္တရာယ်ရှိသော အော်ဟစ်သံ ထွက်ပေါ်လာသည်။
“အား”
ထို့နောက် စူးစူးဝါးဝါး အော်ဟစ်သံလည်းထွက်ပေါ်လာပြန်၏။
“ဘာ..ဘာဖြစ်နေတာလဲ”
နားမချမ်းသာဖွယ်အော်သံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ အရာခပ်သိမ်း၏ မူလဇစ်မြစ်အား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်မိသည်။
“အဲ့တာကမင်းနဲ့ဆက်နွယ်နေတာ မဟုတ်ဖူးလား”
စူးစူးဝါးဝါး အော်ဟစ်ပြီးသည့်နောက်တွင် ၎င်းက ချက်ခြင်းတိတ်ဆိတ်သွားသည်။ မီးခိုးရောင်မြူထံသို့ပစ်လွှတ်လိုက်သော အရာခပ်သိမ်း၏ မူလဇစ်မြစ် ၏ ရွှေရောင်အလင်းတန်းမှာ ပြန်ဆုတ်ခွာလာသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ရွှေရောင် အလင်း၏အဆုံးသတ်နားတွင် မီးခိုးရောင်သူငယ်အိမ်တစ်ခုနှင့် မျက်လုံးတစ်လုံးရှိနေ၏။
“မိစ္ဆာမျက်လုံး..ဒီတော့ဒါက မိစ္ဆာမျက်လုံးပေါ့ “
မီးခိုးရောက်မျက်လုံးကိုကြည့်ကာ ရှစ်ဖုန့်က တွေးလိုက်သည်။ မိစ္ဆာမျက်လုံးပေါ်ရှိ ကြောက်မက်ဖွယ်ရာရောင်ဝါမှာ ရှိမနေတော့သည်ကိုသူခံစားမိနိုင်သည်။ မီးခိုးရောင်မြူအတွင်းရှိ သူ့နှလုံးသားအားတဆက်ဆက်တုန်ယင်စေသော ရောင်ဝါပင်ပျောက်ကွယ်သွားခဲ့သည်။
မိစ္ဆာမျက်လုံးပိုင်ဆိုင်ထားသော မိစ္ဆာမျက်လုံးမျိုးနွယ်စု၏ ဝိညာဉ်မှာ အရာခပ်သိမ်းမူလဇစ်မြစ်၏ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်များဖြစ်နေနိုင်မည်လော။
ရှစ်ဖုန့်အများကြီးတွေးတောနေရန်အချိန်မရပေ။သွေးနီရောင် အပိုင်းအစတစ်ခုက မီးခိုးရောင် မိစ္ဆာမျက်လုံးထံမှာ ပစ်လွှတ်သလိုထွက်လာပြီး ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။
မျက်စိတမှိတ်အတွင်း ၎င်းက သူ့လက်ထဲတွင်ရှိနေသော သွေးဓားပေါ်သို့ကျရောက်လာပြီး လျှင်မြန်စွာ ပေါင်းစည်းသွားကြသည်။
“မြင့်မြတ်ဓား အစိတ်အပိုင်း “
ရှစ်ဖုန့်က သူ့လက်ထဲရှိသွေးနီရောင်ဓားကိုကြည့်ကာ ခုဏကပေါင်းစည်းသွားသော သွေးနီရောင်းအပိုင်းအစကိုတွေးမိလိုက်သည်။ထို့နောက်တွင် သွေးနီရောင်အလင်းက သွေးဓားဆီမှတောက်ပလာသည်။ မြင့်မြတ်သောဓား၏ အစိတ်အပိုင်းနှင့် ပေါင်းစည်းသွားသောအခါတွင် မြင့်မြတ်သောဓားမှာ အဆင့်သုံးလက်နက်အဖြစ်မှ အဆင့်လေးလက်နက်အဖြစ်သို့ အဆင့်မြင့်သွားသည်။
ရှစ်ဖုန့်ဝမ်းမြောက်ရန် အချိန်မရှိသေးခင်မှာပင် ကိစ္စများက မပြီးဆုံးသေးသည်ကို သူသဘောပေါက်လိုက်သည်။
မီးခိုးရောင်မျက်လုံး ကိုသယ်ဆောင်ထားသော ရွှေရောင်အလင်းတန်းက သူ့ထံသို့ မြင့်မားသော အရှိန်အဟုန်ဖြင့်ပစ်ဝင်လာသည်။
“လခွမ်း..ဘာလဲဟ”
ရှစ်ဖုန့်မှာတုန်လှုပ်သွားသော်လည်း သူ၌ ရှောင်တိမ်းရန် အချိန်ရှိမနေပေ။ မီးခိုးရောင်မျက်လုံးက သူ့နဖူးတည့်တည့်သို့ ဦးတည်ပစ်ဝင်လာသည်။
ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုက သူ၏ စိတ်ထဲတွင်ဖြစ်ပေါ်လာသည်။
“သေစမ်း ဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်အနေဖြင့် သူ့၏ ခန္ဓာကိုယ်မှာ အရာခပ်သိမ်း၏ မူလဇစ်မြစ်ကြောင့် ထပ်မံ၍ ပြောင်းလဲသွားပြီဖြစ်ကြောင်းကို သိရှိလိုက်သည်။ ရုတ်တရက် သူ့၌ မျက်လုံးအပိုတစ်လုံးရှိလာသကဲ့သို့ဖြစ်သည်။
အတွေးတစ်ချက်ဖြင့် သူ့နဖူးထက်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး မီးခိုးရောင်သူငယ်အိမ်နှင့် ဒေါင်လိုက်ကျသော မျက်လုံးတစ်လုံးပေါ်လာသည်။
ရှစ်ဖုန့်က သူ့မျက်လုံးတို့ကိုပိတ်ထားလိုက်သည်။ ဤဒေါင်လိုက်မျက်လုံးက အရာအားလုံကိုမြင်နိုင်၏။ နောက်ထပ်အတွေးတစ်ချက်ဖြင့် သူက အကွဲကြောင်းကိုပိတ်လိုက်ပြီး ဒေါင်လိုက်မျက်လုံးကို သူ၏ အရေပြားအောက်တွင် ဖုံးကွယ်ထားလိုက်သည်။
အရာခပ်သိမ်း၏ မူလဇစ်မြစ်က ရှစ်ဖုန့်အား ပြောင်းလဲပေးလိုက်ပြီးနောက် ၎င်း၏ တာဝန်လုံးဝပြီးမြောက်သွားပုံရသည်။ရွှေရောင်အလင်းတန်းမှာလည်းပျောက်ကွယ်သွားပြီး ရှစ်ဖုန့်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားကာ အစအနပင်ကျန်ရစ်နေခဲ့ခြင်းမရှိပေ။ ရှစ်ဖုန့်မှာ အရာခပ်သိမ်း၏ မူလလဇစ်မြစ်အား အာရုံခံကြည့်သော်လည်း ၎င်း၏ တည်ရှိနေမှုကိုပင် အာရုံခံနိုင်စွမ်းမရှိချေ။
“ခုဏကဘာဖြစ်သွားတာလဲ..မင်းငါကိုဘာလုပ်လိုက်တာလဲ”
အရာခပ်သိမ်း၏ မူလဇစ်မြစ်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ရင်းနှီးသော အသံတစ်ခုက ရှစ်ဖုန့်၏ စိတ်ထဲတွင်ပေါ်လာသည်။
“ဒါကခင်ဗျားကိုရှင်းပြဖို့ခက်တယ်..ဒီနေရာကနေ အရင်ဆုံးထွက်သွားရအောင်”
ဤနေရာ၏ ဆူညံပွက်လောရိုက်မှုတို့က တော်တော်လေးကြီးမားသည်ကို ရှစ်ဖုန့်သဘောပေါက်သည်။
ဘုရင်နယ်ပယ်ရောင်ဝါအချို့က ဤနေရာသို့အပြင်းလာနေပြီး လာနေသောသူများထဲမှတစ်ယောက်မှာ ဘိုးဘေးနယ်ပယ်အဆင့်ဖြစ်သည်။ ထိုသူမှာ နလန်ယွမ်ဖြစ်နိုင်လောက်၏။
ဆက်ရန်..
ဘာသာပြန်သူ- ARISE