ဇောက်ထိုးချိတ်ဆွဲခံရသဖြင့် ထိတ်လန့်သွားခြင်း
Vol. 11 Ch. 541
ယန်လီကို ကြည့်ရင်း ထန်ရှုက မေးလိုက်သည်။ "မင်းရဲ့စီနီယာအစ်ကိုကြီးရဲ့ အခြေအနေကို မင်း ဘာမှ မသိဘူးလား။"
"မသိဘူး … ဒါပေမယ့် သူက နိုင်ငံခြားကနေ ယောင်မိသားစုရဲ့စီးပွားရေးကို ဂရုစိုက်နေပုံရတယ်။" ယန်လီက ခေါင်းခါသည်။
“ငါ့စီနီယာအစ်ကိုကြီးရဲ့ ရည်မှန်းချက်က ဘယ်လောက် ကြီးမားလဲဆိုတာကို စဉ်းစားကြည့်မိတော့ အဲဒါနဲ့ပတ်သက်လာရင် ငါ တကယ်ကို သံသယ ဖြစ်တယ်။ သူက မိသားစုအကြီးအကဲရာထူးကို စွန့်လွှတ်မှာ မဟုတ်သလို သာမန်စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့အတွက်နဲ့ နိုင်ငံခြားမှာ နေချင်စိတ် ရှိမှာ မဟုတ်ဘူး။”
"ယောင်မိသားစုက လျှို့ဝှက်ချက်တွေ အများကြီးကို ဖုံးကွယ်ထားတုန်းပဲ။" ထန်ရှုက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဟမ့် … သူတို့ရဲ့လျှို့ဝှက်ချက်တွေ ဘယ်လောက်ပဲ ဖုံးကွယ်ထားထား … ထန်မိသားစုကို ဆန့်ကျင်ဝံ့သရွေ့ သူတို့ကို စောင့်မျှော်နေတဲ့အရာက သုတ်သင်ရှင်းလင်းခြင်းပဲ။ ယန်လီ … ငါ့ကို လေးလေးနက်နက် ဖြေပါ။ မင်းနဲ့ မင်းရဲ့စီနီယာအစ်ကိုကြီးကြားက ဆက်ဆံရေးက ဘယ်လိုလဲ။”
ယန်လီသည် ခဏမျှ ငြိမ်သက်သွားခဲ့ပြီး ခါးသီးသောအမူအရာဖြင့် ခေါင်းယမ်းသည်။
“မကောင်းဘူး။ ငါတို့ရဲ့ ဆက်ဆံရေးက ဆိုးရွားလွန်းလို့ ရန်သူတွေမဟုတ်ရင်တောင် ဘယ်တော့မှ သူငယ်ချင်းဖြစ်မှာ မဟုတ်ဘူး။”
“ဒါက မလုံလောက်ဘူး။ ငါ့ကို ကူညီပါ … နောက်ဆို မင်းက ငါ့ရဲ့သူငယ်ချင်း ဖြစ်လာမှာပဲ။ ဘာပဲဖြစ်ဖြစ်ကွာ ဒီအခွင့်အရေးအတွက် မင်း ငါ့ကို ကူညီမယ်လို့ ပြောခဲ့တာကို မမေ့ပါနဲ့။" ထန်ရှုက ဆိုသည်။
"ငါက ပင်လယ်ဓားပြသင်္ဘောပေါ် ရောက်နေတာလား ဘာလား။" ယန်လီက အားတင်းပြုံးကာ မေးလိုက်သည်။
"မင်း ကြိုက်သလို မှတ်လို့ရတယ်။" ထန်ရှုက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆို မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ။" ယန်လီက မေးသည်။
“ယောင်မိသားစုနဲ့ အစိုးရတို့ လက်ရှိပြင်ဆင်နေတဲ့ နားလည်မှုစာလွှာမူကြမ်းကို စုံစမ်းစစ်ဆေးဖို့ လူတွေကို စေလွှတ်မယ်။ လိုအပ်ရင် မင်း ခိုးပေးရမယ်။ နားလည်မှုစာလွှာမူကြမ်း ပျောက်ဆုံးနေသရွေ့ ကာလပတ်လုံး သူတို့ရဲ့အခြေအနေ တိုးတက်မှုကို ထိခိုက်စေပြီး အခက်အခဲများစွာ ရှိလာမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့အစီအစဉ်ရဲ့သေးငယ်တဲ့ အစိတ်အပိုင်းလေးပဲ ဖြစ်တယ်။ ကျန်တဲ့အစီအစဉ်အကြောင်းကို နောက်မှ ပြောမယ်။” ထန်ရှုက ပြောသည်။
"ဘာ ဆက်လုပ်ရမလဲ ဆရာအဘိုး…" ဂူရှောင်ရွှဲ့က မေးသည်။
“ယောက်သွားကျွန်းကို တစ်ချက်ကြည့်ဖို့ ချက်ချင်း ထွက်ရအောင် ပြင်ဆင်ပါ။ အကယ်လို့ နေရာက ငါတို့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အမှန်တကယ် သင့်လျော်တယ်ဆိုရင် ငါတို့ ဘယ်လိုနည်းလမ်းတွေ သုံးရပလေ့စေ ယောင်မိသားစုဆီကနေ လုယူရမယ်။ ယောင်ရှင်းဟွာက အတော်ကို အရည်အချင်းရှိတဲ့သူမို့ သူက အနာဂတ်မှာ ယောင်မိသားစုရဲ့အဓိကမဏ္ဍိုင် ဖြစ်လာမှာ အသေအချာပဲ။ ဖြစ်နိုင်ရင် သူ့ကို တောင်တရုတ်ပင်လယ်မှာ ကောင်းကောင်း နေလို့ရအောင် လုပ်ရမယ်။” ထန်ရှုက ပြောသည်။
ဂူရှောင်ရွှဲ့က
"ငါ လှေကို အခုပဲ ပြင်လိုက်မယ် ဆရာဘိုးဘေး။”
"ငါ မင်းနဲ့ လိုက်ခဲ့မယ်။" ယန်လီက ထိုစကားသံ ကြားသည်နှင့် အလျင်စလို ပြောသည်။
သူတို့နှစ်ဦး တိတ်တဆိတ် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ထန်ရှုသည် ထာဝရခန်းမမှ စုံစမ်းခဲ့သော သတင်းအချက်အလက်ကို ပြန်လည်ဖတ်ရှုနေခဲ့သည်။ အဆုံးမရှိသော အတွေးများသည် သူ၏ခေါင်းထဲတွင် ရှိနေပြီး သက်သက်သာသာဖြင့် အမြင့်ဆုံး အကျိုးခံစားခွင့်များ ရရှိအောင် မည်ကဲ့သို့ လုပ်ရမည်ကို တိတ်တဆိတ် တွေးနေမိသည်။
စင်္ကြန်တွင် ယန်လီက တောက်ပသော မျက်လုံးများဖြင့် ဂူရှောင်ရွှဲ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း သိချင်စွာ မေးလိုက်သည် ။
"ရှောင်ရွှဲ့ … မင်း ဘာလို့ ထန်ရှုကို ဆရာအဘိုးလို့ ခေါ်တာလဲ။ သူက မင်းရဲ့ဆရာရဲ့ဆရာလား။"
“ဟုတ်တယ်။” ဂူရှောင်ရွှဲ့က အပြုံးဖြင့် ခေါင်းညိတ်သည်။
သူ၏မေးစေ့ကို ကိုင်လိုက်ရင်း ယန်လီက သိချင်သော အမူအရာဖြင့်
“မှန်မှန်ကန်ကန် ပြောရရင် မင်းရဲ့ဆရာက အသက်ကြီးနေပြီ မဟုတ်ဘူးလား။ အသက်အရွယ်ကြီးနေရက်သားနဲ့ ထန်ရှုကို ဆရာအဖြစ် အသိအမှတ်ပြုလိုစိတ် ရှိနေတုန်းပဲဆိုတော့ ထန်ရှုက တကယ်ကို အရည်အချင်းရှိတာပဲ။ ငါ …”
သူ၏စကားများ ထိုနေရာသို့အရောက်တွင် မမြင်နိုင်သော လက်တစ်စုံက သူ၏လည်ချောင်းကို ဖမ်းဆုပ်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ သို့သော် သူ့အား အထိတ်လန့်ရဆုံးအရာမှာ ထိုအရာမဟုတ်ဘဲ သူ၏ကိုယ်ခန္ဓာအပေါ် သူ၏ထိန်းချုပ်မှု ပျောက်ဆုံးသွားသည့်အချက် ဖြစ်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခုသည် သူ့ကို ရစ်ပတ်ကာ လျင်မြန်စွာ မလိုက်ပြီး စင်္ကြံတွင် ဇောက်ထိုးဆွဲထားလိုက်သည်။
“…သရဲ…”
ဇောက်ထိုးဆွဲခံထားရစဉ် ယန်လီက သူ၏လည်ပင်း အစ်နေသည်ကို ဖြည်ရန် အသည်းအသန်ကြိုးစားနေစဉ် ဂူရှောင်ရွှဲ့က ချိပ်ပိတ်လက်ဟန်များ လုပ်နေသည်ကို ရုတ်တရက် သူ တွေ့လိုက်ရသည်။ သူသည် ချော်ရည်များပြည့်နေသော အဇူရာငရဲအတွင်း၌ ချိတ်ဆွဲခံထားရပြီး တောင်လိုပုံနေသော လူသေကောင်များနှင့် သွေးမြစ်များဖြင့် ဝန်းရံထားခြင်းကို ခံရကာ မရေမတွက်နိုင်သော နတ်ဆိုးသဏ္ဍာန်များနှင့် အတွင်းစိတ်ရိုင်းများသည် အတွင်း၌ ပေါ်လာသည်။
ယန်လီ၏အရှေ့တွင် ရပ်နေရင်း ဂူရှောင်ရွှဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး လှည့်ထွက်သွားသည်။ သူမကို မြင်လိုက်ကတည်းက ယန်လီ၏မျက်လုံးများ အရောင်တောက်ပလာခြင်းသည် သူမအား စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အကယ်၍ သူမသည် ဆရာအဘိုး၏အရှေ့တွင် ရှိနေသောကြောင့်သာမဟုတ်ပါက သူမသည် ယန်လီကို ဆုံးမပြီးနေပြီဖြစ်သည်။ ယခုမူ ထိုသူသည် သူမ၏ ဆရာသခင်၏အသက်အရွယ်ကိုပင် အမနာပ ပြောဆိုရဲလာသဖြင့် ထိုအရာသည် သူမအဖို့ သည်းမခံနိုင်တော့သည့် အရာတစ်ခုပင်။
ယန်လီတစ်ယောက် ယခုမှသာ နောင်တရသွားတော့သည်။ ဂူရှောင်ရွှဲ့သည် ကောင်းကင်ဘုံမှ နတ်သမီးကဲ့သို့ လှပသော်လည်း သည်ကဲ့သို့ ကြောက်မက်ဖွယ်စွမ်းရည် နှင့် ရက်စက်ပြီး မညှာတာတတ်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သူ စောစောသိခဲ့ပါက သူ အသတ်ခံရလျှင်ပင် သူမအား ပြစ်မှားဝံ့မည်မဟုတ်ပေ။ သူသည် သူမနှင့် ဝေးဝေးတွင်ပင် ပုန်းမိနေပေလိမ့်မည်။
ငရဲကမ္ဘာသည် ယန်လီ၏ခြေထောက်များကို တုန်ရီသွားစေခဲ့သည်။ တတ်နိုင်ပါက ဂူရှောင်ရွှဲ့သည် သူ့အား ပြန်ချပေးနိုင်ရန် မျှော်လင့်ပြီး စာနာမှုကို တောင်းပန်မိနေပေလိမ့်မည်။
…ဝှစ်…ဝှစ်…ဝှစ်…
စင်္ကြန်တွင် ဝိညာဉ်တစ္ဆေသဖွယ် လူရိပ်သုံးရိပ် တိတ်တဆိတ် ပေါ်လာသည်။ ယန်လီ၏အဖြစ်အပျက်ကို မြင်သောအခါ တည်ကြည်သော ယောက်ျားသုံးယောက်၏ မျက်နှာထက်တွင် ထူးဆန်းသောအမူအရာများကို ထင်ဟပ်လာသည်။
"နင်တို့ သူ့ကို အောက်ချပေးလို့မရဘူး။" ထိုသုံးယောက်၏နားတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူတို့သည် ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက် နောက်ပြန်ဆုတ်သွားကြသည်။
အဆင်မြင့်အခန်းတစ်ခုအတွင်းတွင် ထန်ရှုသည် ယန်လီ၏ ကျယ်လောင်သော အကူအညီတောင်းသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏စိတ်ဝိညာဉ်အာရုံကို လွှင့်ကြည့်လိုက်ရာ စင်္ကြန်တွင် ဇောက်ထိုးချိတ်ဆွဲခံနေရသော ယန်လီကို မြင်လိုက်ရသဖြင့် ရယ်ရခက်ခက် ငိုရခက်ခက် ဖြစ်သွားသည်။ ယန်လီသည် ဂူရှောင်ရွှဲ့အား မည်ကဲ့သို့ စိတ်အနှောက်အယှက်ဖြစ်စေသည်ကို သူ မသိသော်လည်း ရှောင်ရွှဲ့က လုပ်သည်ဆိုမှတော့ သူ့အား ကူညီပြီး အောက်ချပေးမည်မဟုတ်ပေ။
ဆယ်မိနစ်အကြာတွင် ဟန်ကျင်းဝူသည် အမျိုးသမီးတစ်ဦး၏လမ်းပြမှုဖြင့် စင်္ကြန်လမ်းအတိုင်း လျှောက်လာသည်။ စင်္ကြန်လမ်းတွင် ဇောက်ထိုး တွဲကျနေသော ယန်လီကို တွေ့ရသည့်အခါ သူမ အံ့အားသင့်နေခဲ့သည်။
“သူ … သူ … ဘယ်လိုဖြစ်တာလဲ…” ဟန်ကျင်းဝူသည် ယန်လီဆီသို့ ချဉ်းကပ်သွားပြီး ထိုအမျိုးသမီးကို လှည့်ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
အမျိုးသမီးက အပြုံးဖြင့်
“ကျွန်မလည်း မသိဘူး။ ဒါပေမယ့် ဒီစားသောက်ဆိုင်မှာ သူဌေးကြီးနဲ့ သူဌေးလေးကလွဲပြီး ဒီလိုမျိုး စွမ်းဆောင်နိုင်တဲ့သူ မရှိဘူး။”
ဟန်ကျင်းဝူက ခေါင်းညိတ်ရင်း ယန်လီအား အကြိမ်အနည်းငယ် လှည့်ပတ်ခဲ့သည်။ ထို့နောက် သူမ၏မေးစေ့ကို လက်ကလေးဖြင့် ထိရန် လက်ညှိုးကို မြှောက်လိုက်ပြီး အနည်းငယ် ဝါးတားတားဖြစ်နေဟန်ဖြင့် ညည်းညူလိုက်သည်။ “ကြည့်ရတာ ဒီစွမ်းရည်ကို ငါလည်း ပိုင်ဆိုင်ထားပုံပဲ။ ဒါပေမယ့် သူ့ကို ဘာမှ မချည်နှောင်ထားဘဲ၊ ဘာအတားအဆီးမှ မရှိဘဲ စင်္ကြံလမ်းမှာ ဇောက်ထိုးဆွဲထားတာ ထူးဆန်းနေတယ်။ ငါ အဲ့ဒါကို ဘယ်လိုလုပ်ရမလဲ။"
အမျိုးသမီးက အံ့ဩသွားကာ “ရှင်လည်း ကျင့်ကြံသူတစ်ယောက်လား မစ္စဟန်။”
ဟန်ကျင်းဝူက မျက်ခုံးတွန့်သွားပြီး
“ကျင့်ကြံသူဟုတ်လား။ ဒီစကားလုံးက ကျွန်မအတွက် အနည်းငယ် ရင်းနှီးနေသလိုပဲ။ တကယ့်ကို ထူးဆန်းလိုက်တာ။ အကြောင်းအရာများစွာကို ကျွန်မ သိသလို မသိသလို ဖြစ်နေတယ်။ အား … ခေါင်းကိုက်လိုက်တာ။”
ထိုအချိန်တွင် ဟန်ကျင်းဝူ၏နားထဲတွင် မတည်ငြိမ်သော အသံတစ်ခု ကြားလာရသည်။
“ဆရာမ … မမှတ်မိတာကို တမင်တကာ ပြန်မှတ်မိဖို့ မကြိုးစားသင့်ဘူး။ တစ်နေ့ကျရင် ဆရာမ အကုန်လုံးကို မှတ်မိသွားလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။"
"ထန်ရှုလား။"
ဟန်ကျင်းဝူ ကြက်သေ သေသွားပြီး ချက်ချင်းပင် ရှေ့ကို လျှောက်သွားသည်။ အဆင့်မြင့်အခန်း၏တံခါးကို ဖွင့်လိုက်သောအခါ ထန်ရှုသည် အခန်းထဲတွင် ငြိမ်သက်စွာ ဆေးလိပ်သောက်နေသည်ကို သူမ တွေ့လိုက်ရသည်။
"အဲ့ဒီအကြောင်းကို နင် ငါ့ကို မပြောချင်သေးဘူးလား ထန်ရှု။" ဟန်ကျင်းဝူက မေးသည်။
"စိုးရိမ်နေဖို့ မလိုပါဘူး … ဆရာမအတွက် အချိန်မကျသေးဘူးလို့ ကျွန်တော် ထင်တယ်။" ထန်ရှု ခေါင်းယမ်းလိုက်ရင်း
“နောက်ပြီး အနှေးနဲ့အမြန်ဆိုသလို ဆရာမ တစ်ချိန်က သိခဲ့သမျှတွေကို မှတ်မိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ နောက်ပြီး ဒီတစ်ခေါက် အရေးတကြီး ကိစ္စတွေ ရှိလို့ ကျင်းမန်ကျွန်းကို လာတာလို့ ပြောထားပြီးသားဆိုတော့ ဆရာမနဲ့အတူ လည်ပတ်စရာနေရာတွေကို အဖော်လိုက်ပေးဖို့ အချိန် မရတော့ဘူး။ ထာဝရခန်းမက ပေးတဲ့ ဝန်ဆောင်မှုကို မကျေနပ်ရင် ဆရာမကိုယ်တိုင် အလည်ထွက်လို့ ရပါတယ်။”
ဟန်ကျင်းဝူက မျက်လုံးလှန်ကြည့်ပြီး မပီမသ ပြောလိုက်သည်။
“ထာဝရခန်းမက ပေးတဲ့ ဝန်ဆောင်မှုတွေက အဆင်မပြေဘူးလို့ ဘယ်သူက ပြောနေလို့လဲ။ သူတို့က ငါ့ကို အကောင်းဆုံးအခန်းကို ပြင်ဆင်ပေးပြီး ဝန်ဆောင်မှုကလည်း အရမ်းကောင်းတယ်။ နင်ရဲ့အလုပ်တွေ မပြီးခင်ထိ ဒီမှာ နေဖို့တောင် ဆုံးဖြတ်ထားသေးတယ်။"
ထန်ရှု ခေါင်းညိတ်ရင်း
“ထာဝရခန်းမမှာ ဆရာမ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ အများကြီး ရှိတယ်။ အားလပ်ရက်မှာ စိတ်ချမ်းသာစွာနဲ့ ဒီမှာ နေချင်တယ်ဆိုရင်တော့ ဒီကဓလေ့ထုံးတမ်းတွေကို မချိုးဖောက်တာ အကောင်းဆုံးပါပဲ။ ကျွန်တော့်ကို ပြောပါဦး … ကျွန်တော့်ဆီက တစ်ခုခု လိုအပ်သေးလား။"
"မင်းရဲ့ကိစ္စတွေကို အပြီးလုပ်ဖို့ ဘယ်လောက် ကြာမလဲလို့ ငါ မေးချင်တယ်။ ကျောင်းက ငါ့ကို အားလပ်ရက်အချိန်က နည်းနည်းလေးပဲ ပေးထားတာမို့။”ဟန်ကျင်းဝူက မေးလာသည်။
"ဘယ်လောက် ကြာမယ်ဆိုတာ ကျွန်တော် မသိသေးဘူး။ ဆရာမရဲ့အားလပ်ရက် ကုန်ဆုံးတဲ့အချိန် ကျွန်တော် အလုပ်မပြီးသေးရင် ဆရာမဘာသာ ပြန်နှင့်လို့ရပါတယ်။"
"အိုကေ … ဒါဆိုရင် နင့်ရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။" ဟန်ကျင်းဝူ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ကျွန်တော် ကလေး မဟုတ်တော့ပါဘူး ဆရာမရယ်။ ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သိပါတယ်။ ဆရာမ ဗိုက်ဆာနေပြီလား။ အစားအသောက် ပြင်ဆင်ဖို့ ကျွန်တော် တစ်ယောက်ယောက်ကို ပြောထားပြီးပြီ။ သူတို့ မကြာခင် ရောက်လာလိမ့်မယ်။”
"ငါ ဗိုက်ဆာလာသလိုပဲ။" ဟန်ကျင်းဝူက ပြုံးပြီး ပြောသည်။
အရသာရှိသော ဟင်းပွဲများ ရောက်လာပြီးနောက် ထန်ရှုသည် ယန်လီကို ချုပ်နှောင်ထားသည့် ပုံရိပ်ယောင်အစီအရင်ကို ရုတ်သိမ်းပေးလိုက်ကာ ဖြူဖျော့နေသော ယန်လီကို အခန်းထဲသို့ ပြန်ခေါ်ဆောင်လာသည်။ သူ့အား ဆိုဖာပေါ်သို့ တင်ပြီးနောက် သူက
“မင်း ကြုံခဲ့တဲ့ ခါးသီးတဲ့ အတွေ့အကြုံက ငါနဲ့ မဆိုင်ဘူးနော်။ မင်း သူမကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ ဒါမှမဟုတ် စိတ်တိုသွားစေတဲ့ တစ်စုံတစ်ရာကို မပြောလိုက်ဘူးဆိုရင် မင်းကို သင်ခန်းစာ ပေးမှာမဟုတ်ဘူး။ အနားယူပြီး စားလိုက်ဦး။ ထမင်းစားပြီးရင် အရေးကြီးတာက ငါတို့ကို စောင့်နေပြီ။”
ဆိုဖာပေါ်ကနေ တွားတက်လာသည့် ယန်လီ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူက တုန်ရီနေသော အသံဖြင့်
“ညီ … ညီအစ်ကိုထန် … မင်း … မင်းမှာ မွန်းစတားတွေ ဘယ်လောက် အများကြီး ရှိတာလဲ။ အဲ … အဲ့ဒီ … ရှောင် … ရှောင်ရွှဲ့က ကောင်းကင်နတ်သမီးနဲ့တူတယ်… ဒါ… ဒါပေမယ့် သူမက စုန်းမတစ်ယောက်ထက် ပိုပြီး ကြောက်စရာကောင်းတယ်။"
"လူတစ်ယောက်က 'သရဲ' လို့ အော်လိုက်တာ ကြားလိုက်ရတယ်။ အဲ့ဒါ မင်းပဲ မဟုတ်လား။" ထန်ရှုက ရယ်မောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက လျှို့ဝှက်ဂိုဏ်းက လူတစ်ယောက်ပါ။ လျှို့ဝှက်ဂိုဏ်းကလူတွေက သရဲတစ္ဆေတွေကို ကြောက်တယ်ဆိုရင် တကယ့်ကို ရယ်စရာကြီးလို့ ဖြစ်မနေဘူးလား။”
အဟွတ်…အဟွတ်… ယန်လီ ရယ်ရင်း သီးသွားသဖြင့် သူ၏ကြည့်ကောင်းသော မျက်နှာသည် နီရဲလာခဲ့သည်။
ဟန်ကျင်းဝူ၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။
“အာ … နှုတ်ရေး အရမ်းထက်မြက်လွန်းတဲ့ မစ္စတာ ယန်လီက ဒီလိုမျိုး ရှက်ရွံ့နီရဲနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါဟာ တကယ်ကို မထင်မှတ်လောက်အောင်ပါပဲ။ ဆိုတော့ အဲ့ဒီစကားလုံးကို ပြောတဲ့သူက သူပဲဖြစ်မယ်ထင်တယ်။ နို့မဟုတ်ရင် သူ ဒီလို ရှက်နေမှာ မဟုတ်ဘူး။”
"ဟေ့လူတွေ…"
ယန်လီ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူက ထန်ရှုနှင့် ဟန်ကျင်းဝူကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း မတ်တတ်ထကာ လှည့်ထွက်သွားသည်။
"ဟမ့် … ငါ ဗိုက်ပြည့်နေပြီ။ မင်းကို အပြင်မှာ စောင့်နေမယ်။"
“ဟာ…ဟာ…ဟ…” ဟန်ကျင်းဝူ ရယ်မိတော့သည်။
ညစာစားပြီးချိန်တွင် ဂူရှောင်ရွှဲ့ ပြန်ရောက်လာသည်။ သူမ၏လက်ထဲတွင် ဖိတ်စာတစ်ခု ကိုင်လာပြီး ထန်ရှု၏အရှေ့သို့ လာကာ
"ဆရာအဘိုး … ဒါက အိုးရန်မိသားစုဆီက ဖိတ်စာပါ။ သူတို့တွေ ရှရီတွန်ဟိုတယ်မှာ ပရဟိတပွဲတစ်ခု ကျင်းပနေပါတယ်။ ထာဝရခန်းမအနေနဲ့ ထိုပွဲကို တက်ရောက်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ နောက်ပြီး လက်ရှိ ကျင်းမန်ကျွန်းကို ရောက်နေတဲ့ ယောင်ရှင်းဟွာလည်း ဒီဖိတ်ကြားချက်ကို လက်ခံရရှိထားတယ်လို့ သတင်းရထားတယ်။”
ယောင်ရှင်းဟွာလား…
ထန်ရှု၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ တောက်ပလာကာ ခေါင်းညိတ်လိုက်ပြီး
"ယောင်မိသားစုက တစ်ယောက်ယောက် သွားမယ်ဆိုမှတော့ ငါကိုယ်တိုင် သွားလိုက်ပါ့မယ်။ နောင်အနာဂါတ်မှာ သူ့ကို ငရဲပြည်ကို ပို့မယ့်သူက ဘယ်သူလဲဆိုတာ အဲ့ဒီကောင်ကို ငါ ပြောပြမယ်။"
***