← Chapters

အထိတ်တလန့်နှင့် အရှက်ကွဲခြင်း

Vol. 11 Ch. 545

အထိတ်တလန့်နှင့် အရှက်ကွဲခြင်း

Vol. 11 Ch. 545

အိုးရန်လဲ့က ခါးသီးသည့်အမူအရာဖြင့် သည်ည သူ ပြန်ရောက်လာပြီး တွေ့ကြုံခဲ့ရသည့် အခြေအနေများကို ရှင်းပြလိုက်သည်။

“ဒီနေရာကို အလုံခြုံဆုံးနဲ့ အလျှို့ဝှက်ဆုံးနေရာလို့ ကျွန်တော် ထင်တဲ့အတွက်ကြောင့် စာရင်းစာအုပ်တွေကို ဒီနေရာမှာ သိမ်းဆည်းထားခဲ့တာ နှစ်အနည်းငယ်တောင် ကြာပြီ။ ဘယ်သူထင်မိမှာလဲ..."

"ဘယ်သူထင်မိမှာလဲဟုတ်လား။" အိုးရန်ဝမ်ကျန်း ဒေါသတကြီး အော်လိုက်သည်။

“သူခိုး ဒီမှာ ပေါ်လာမယ်လို့ ဘယ်သူက ထင်မှာလဲဟုတ်လား ဟမ့်။ မင်းက သတိကြီးပြီး အကျိုးရှိအောင် လုပ်တတ်တဲ့သူလို့ ငါ ထင်ခဲ့တယ်။ မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... စာရင်းစာအုပ်တွေကို ငါတို့ မရယူနိုင်ရင်     ဒါမှမဟုတ် မှတ်တမ်းတွေကို ဖော်ထုတ်လိုက်ရင် အိုးရန်မိသားစုကတော့ ကြီးမားတဲ့ ထိုးနှက်ချက်ကို ရင်ဆိုင်ရတော့မယ်။ ငါတို့ကို မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့သူတွေတောင် အဲ့ဒီအချိန်မှာ သေချာပေါက် ငါတို့ကို ရိုက်ချလိမ့်မယ်။”

"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ အဖေ။" အိုးရန်လဲ့ အထိတ်တလန့်မျက်နှာဖြင့် မေးလိုက်သည်။

အိုးရန်ဝမ်ကျန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သူ၏ဒေါသကို ဖြေဖျောက်ရန် ကြိုးစားလိုက်ပြီး

"ဘာလုပ်ရမလဲ မင်း မေးတယ်ပေါ့။ ငါ ကျင်းမန်ကျွန်းတစ်ခုလုံးကို ဇောက်ထိုးလှန်ရရင်တောင် စာရင်းစာအုပ်တွေကို       ခိုးသွားတဲ့ သူခိုးကို ငါ အရင် ရှာရမယ်။ အရေးကြီးဆုံးက အဲဒီစာအုပ်တွေ ရှာတွေ့ပြီး ပြန်ရဖို့ပဲ။ နောက်ပြီး ငါတို့ရဲ့ တရားမဝင် စီးပွားရေး လုပ်ငန်းတွေရဲ့တာဝန်ခံအားလုံးကို လုပ်ငန်း လည်ပတ်နေတာတွေကို ချက်ချင်း ရပ်ဆိုင်းဖို့ အသိပေးလိုက်။ မဖော်ပြထားတဲ့ အရာအားလုံးကို ဖျက်ဆီးပြီး သိုသိုသိပ်သိပ်နေဖို့ ပြောထား။”

အိုးရန်လဲ့သည် ထပ်ကာထပ်ကာ ခေါင်းညိတ်ပြရင်း အကြာကြီး လေးလေးနက်နက် စဉ်းစားပြီးနောက် မေးလိုက်သည်။

"ကျွန်တော်တို့ လူလူကို ဒီအကြောင်း အကြောင်းကြားထားရမလား။ သုခဘုံကလပ်ရဲ့ သံသယဖြစ်စရာ လုပ်ငန်းလည်ပတ်မှုအပိုင်းတွေကို ရပ်ဆိုင်းဖို့ ညီမလေးကို ပြောထားရမလား။"

"မင်းရဲ့စာရင်းစာအုပ်တွေထဲမှာ သုခဘုံကလပ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေရှိလား။" အိုးရန်လဲ့ကို အိုးရန်ဝမ်ကျန်းက မေးလိုက်သည်။

“မရှိဘူး … ဒါပေမယ့် ကျွန်တော်က…” အိုးရန်လဲ့က ခေါင်းခါလိုက်သည်။

အိုးရန်ဝမ်ကျန်းက ခေါင်းညိတ်ရင်း

“သူ့ဆီကိုပါ အကြောင်းကြားလိုက်။ သုခဘုံကလပ်က လူလူ တည်ထောင်ထားတယ်ဆိုပေမယ့်လည်း အိုးရန်မိသားစုရဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတုန်းပဲ။ အခု ငါတို့ရဲ့ စာရင်းစာအုပ်တွေ ပျောက်ဆုံးသွားပြီဆိုတော့ တစ်ယောက်ယောက်က ငါတို့ မိသားစုနဲ့ ပတ်သတ်တဲ့ အရာတစ်ခုခုကို ရှုပ်ချင်ရင် ငါတို့ရဲ့လုပ်ငန်းတိုင်းကို သူတို့ ပစ်မှတ်ထားမှာကို ငါ ကြောက်တယ်။"

"ကျွန်တော် နားလည်ပါတယ်။" အိုးရန်လဲ့က ခေါင်းညိတ်ပြီး အားတင်းပြုံးထားရင်း

“ဒီနေ့က တကယ့်ကို ထူးဆန်းတယ်။ ထန်ရှုက ပရဟိတပွဲကို မဖိတ်ထားဘဲ ရောက်လာပြီး ယောင်မိသားစုရဲ့သခင်လေး ယောင်ရှင်းဟွာက ထူးထူးဆန်းဆန်း မေ့မျောတဲ့အခြေအနေထဲ ကျရောက်သွားတယ်။ အခုလည်း ကျွန်တော့်နေရာမှာ ဒီလို လာဖြစ်တယ်… တစ်ခုခု မူမမှန်ဘူးလို့ ခံစားရတယ်…”

"မင်းပြောနေတဲ့ ဒီမူမမှန်တာက ဘာလဲ။" အိုးရန်ဝမ်ကျန်း မျက်မှောင်ကြုတ်သွားသည်။

အိုးရန်လဲ့၏မျက်လုံးများအတွင်း၌ ပြီးခဲ့သော အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်လာခဲ့ရင်း တစ်စုံတစ်ရာကို သတိရသွားသည့်အလား ချက်ချင်းပင် သူ၏ဖုန်းကို ထုတ်ပြီး ထန်ရှုကို ဖုန်းဆက်လိုက်သည်။ သို့သော် ထန်ရှု၏ဖုန်းသည် စက်ပိတ်ထားသည်ဟု သိလိုက်ရသဖြင့် သူ အတော် စိတ်ပျက်သွားရသည်။

“အဖေ … ကျွန်တော် ထာဝရခန်းမကို သွားလိုက်မယ်။” အိုးရန်လဲ့က လေးနက်သော အသံဖြင့် ပြောသည်။

"ဟိုကို ဘာသွားလုပ်မှာလဲ။" အိုးရန်ဝမ်ကျန်းက မေးသည်။

“အခုဖောက်ထွင်းမှုနဲ့ ခိုးယူသွားတဲ့ပစ္စည်းတွေက ထာဝရခန်းမနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် သံသယ ရှိတယ်။ အတိအကျပြောရရင် ထန်ရှုနဲ့ ဆက်နွယ်နေရမယ်။” အိုးရန်လဲ့က ဆိုသည်။

"ဘာလို့ ဒီလို ပြောနိုင်တာလဲ။" အိုးရန်ဝမ်ကျန်းက ထပ်မေးလိုက်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အားလုံး ထန်ရှုနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဒီနေ့ ပရဟိတပွဲကို ရုတ်တရက် တက်ရောက်လာတယ်လေ။" အိုးရန်လဲ့က ပြောသည်။ “ပွဲပြီးရင် သူ့ကို သွားခေါ်ဖို့ စီစဉ်ခဲ့ပေမယ့် သူ စောစောပြန်သွားတာကို သိလိုက်ရတယ်။ ယောင်နဲ့ ထန် မိသားစုတွေကြား ဆက်စပ်မှုကို အဖေလည်း အသိပဲ။ ယောင်ရှင်းဟွာ မေ့မျောနေခဲ့တဲ့နေရာက အတွင်းထောင့်စွန်း အနားယူတဲ့နေရာဖြစ်ပြီး ထန်ရှု ထိုင်ခဲ့တဲ့ နေရာပဲ။ နောက်ပြီး ကျွန်တော်က သူ့ကို ယောက်ဖလောင်းလို့ ခေါ်နေလို့ ထန်ရှုက သူ့ဘေးနားက လူရွယ်တစ်ယောက်ကို ကျွန်တော့်ကို မှတ်ထားဖို့ ပြောခဲ့တာကို အရှင်းကြီး မှတ်မိနေသေးတယ်။ သူက အဲ့ဒီလူရွယ်ကို တစ်ည အချိန်ပေးပြီး တစ်ခုခု လုပ်ခိုင်းထားတယ်။ မနက်ဖြန်မနက်မှာ ကျွန်တော် သူ့ကို လာရှာရအောင်ဆိုပြီး။”

အိုးရန်ဝမ်ကျန်းက ထူးဆန်းသောအမူအရာဖြင့် "မင်း ထန်ရှုကို အမြဲတမ်း ယောက်ဖလို့ ခေါ်နေတာလား။"

"ဟုတ်တယ်အဖေ ကျွန်တော် အဲ့လိုပဲ ခေါ်တာ။" အိုးရန်လဲ့က ကသိကအောက် ဖြစ်နေတဲ့ အမူအရာဖြင့် ပြောလိုက်သည်။

"အဲ့ဒါကလည်း လူလူကြောင့်ပါ။ ညီမလေးက ထန်ရှုကိုပဲ လက်ထပ်မယ်လို့ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား  ပြောတာကိုးဗျ။ သူက သုခဘုံကလပ်ကိုတောင် မစီမံတော့ဘဲ သူ့ပိုက်ဆံအားလုံးကို ယူသွားပြီး ရှန်ဟိုင်းမှာ စားသောက်ဆိုင်တစ်ခုကို ဖွင့်လိုက်တာမလား။ ညီမလေးရဲ့ရည်ရွယ်က တအား ရှင်းရှင်းလင်းလင်း နားလည်နိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်က ထန်ရှုကို အပြင်လူတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ဆွေမျိုးရင်းချာလို သဘောထားပြီး ဆက်ဆံဖို့ တွေးခဲ့တာ။"

ထိုစကားကို ကြားရသည့် အိုးရန်ဝမ်ကျန်းတစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်ကာ

“အဲ့ဒါက တကယ် ရယ်စရာကောင်းနေပြီ။ အိုးရန်မိသားစုရဲ့ သားမက်လောင်း ဟုတ်လား။ ငါကိုယ်တိုင်လည်း သူ့ကို မမြင်ဖူးဘူး … ဒါ အစ်ကိုဖြစ်တဲ့ မင်း လုပ်သင့်တာလား။ မင်းညီမက သူ့ကို ကြိုက်တာ မင်းညီမရဲ့အလုပ်။ ဒါပေမယ့် လူလူ့ကို လက်ထပ်ဖို့ မင်းတို့အားလုံးက သူ့ကို ဖိအားပေးလို့ မရဘူးလေ။ မင်းပြောခဲ့တဲ့စကားက တကယ်မှန်ရင် သူ့ကို ယောက်ဖလောင်းလို့ ခေါ်တာ မကြိုက်လို့ ငါတို့ကို ထန်ရှုက ကျီစယ်နောက်ပြောင်တာ ဖြစ်နိုင်တယ်။ ဒီကိစ္စအတွက် ထာဝရခန်းမကို သွားဖို့ မင်းကို ငါ အဖော်လိုက်ပေးမယ်။ သူနဲ့တွေ့ပြီးရင် ထန်ရှုက ဒီကိစ္စရဲ့နောက်ကွယ်မှာ တကယ် ရှိနေသလားဆိုတာ ရှင်းရှင်းလင်းလင်း သိသွားမှာပဲ။”

“ဒါပေမယ့် ဖေဖေ … ယောက္ခမလောင်းတစ်ယောက်က သူ့ရဲ့သားမက်လောင်းကို လာတွေ့တယ်ဆိုတာ တကယ်ကို သင့်လျော်ပါ့မလား။ ကျွန်တော့်ဘာသာ သွားလို့ အဆင်ပြေပါတယ်။ အဖေ မေးချင်တာ မေးလို့ရအောင် ကျွန်တော် သူ့ကို ဆွဲခေါ်လာခဲ့မယ်။"

"ဒီအချိန်မှာ မင်းက ဟာသတွေ ပြောရဲသေးတယ်ပေါ့။ အဲ့ဒီစာရင်းစာအုပ်တွေက ငါတို့အိုးရန်မိသားစုအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်း သိတယ် မဟုတ်လား။ အပိုစကားတွေ ပြောမနေနဲ့ ငါ့နောက်က လိုက်ခဲ့။" အိုးရန်ဝမ်ကျန်းက ငေါက်လိုက်သည်။

ညတစ်နာရီခန့်တွင် ကား၁၂စီးသည် ထာဝရခန်းမ၏ အပြင်ဘက်ဆုံးဂိတ်တွင် ရပ်တန့်သွားသည်။ ထိုဂိတ်တွင် တာဝန်ကျနေသော အေးစက်စက်အမူအရာဖြင့် လူလေးယောက်သည် ကားထဲမှထွက်လာသော အိုးရန်လဲ့ကို ကြည့်ကာ အေးစက်စက်လေသံဖြင့်

“မစ္စတာအိုးရန် … ထာဝရခန်းမကို ဒီအချိန် ဧည့်သည်တွေအတွက် မဖွင့်ပါဘူး။ ဆိုင်မှာ စားသောက်ဖို့ဆိုရင် မနက်ဖြန်မနက် ပြန်လာခဲ့ပါ။"

"ငါ စားသောက်ဖို့ လာတာမဟုတ်ဘူး။ ထန်ရှုကို လာရှာတာ။" အိုးရန်လဲ့က ဖြေသည်။

“ချိန်းဆိုထားထာလား။”

"မလုပ်ထားဘူး။ ဒါပေမယ့် ငါ သူနဲ့ အရေးတကြီး စကားပြောဖို့ ကိစ္စတစ်ခု ရှိနေတယ်။ ငါ သူ့ကို ချက်ချင်း တွေ့မှဖြစ်မယ်။" အိုးရန်လဲ့က ခေါင်းယမ်းကာ ပြောသည်။

“တောင်းပန်ပါတယ်။ ခင်ဗျားမှာ ချိန်းဆိုထားတာမရှိရင် ဝင်ခွင့်ပေးလို့မရပါဘူး။ ကျေးဇူးပြုပြီး သူနဲ့ စကားပြောစရာရှိရင် မနက်ဖြန်မနက်မှ ပြန်လာခဲ့ပါ။"

"ထန်ရှုက သူ့လက်ကိုင်ဖုန်းကို ပိတ်ထားတာမဟုတ်ရင် ငါကိုယ်တိုင်ကိုယ်ကျ ဒီကို လာမယ်လို့ မင်း ထင်နေလား။ ငါ့ကို အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့။ သူ့ကို ချက်ချင်း ဆက်သွယ်ပြီး ငါ့မှာ သူနဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ တွေ့ဖို့လိုတယ်လို့ ပြောပေး။ ငါ့ကို လာတွေ့ဖို့လည်း ပြော။”အိုးရန်လဲ့ စိတ်ပေါက်ပေါက်နှင့် ပြောလိုက်သည်။

ထိုလူက ခေါင်းယမ်းပြီး

"သူဌေးကို အကြောင်းကြားပေးချင်ပေမယ့် သူ ပြန်မလာသေးတဲ့အတွက် ငါတို့ ဘာမှ မတတ်နိုင်ပါဘူး။"

"ထန်ရှုက ပြန်မရောက်သေးဘူးလား။" အိုးရန်လဲ့က မေးသည်။

“ဟုတ်ပါတယ်။”

"ထန်ရှု ပြန်မရောက်သေးဘူးဆိုရင် ဂူရှောင်ရွှဲ့ကတော့ အခု ပြန်ရောက်နေပြီမဟုတ်လား။" အိုးရန်လဲ့က ထပ်မေးလိုက်သည်။

“ငါတို့သူဌေးလေးလည်း ပြန်မရောက်သေးဘူး။” ထိုလူက ပြန်ဖြေသည်။

"မင်း ငါ့ကို လိမ်နေတာ မဟုတ်လား။" အိုးရန်လဲ့က ဒေါသတကြီး အော်လိုက်သည်။

"ထန်ရှုက ငါ့ရဲ့ ယောက်ဖလောင်း။ သူက ငါတို့ အိုးရန် မိသားစုဝင်ဖြစ်လာမယ့်လူ။ အခု ငါ သူ့ကို တွေ့ဖို့ အရေးကြီးတဲ့ အရာတွေ ရှိနေတာကို မင်းက ငါ့ကို ဟန့်တားနေတယ်ပေါ့။ ထန်ရှုက မင်းကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။ ငါတို့ကို ချက်ချင်း ဝင်ခွင့်ပေး … ငါတို့ အထဲကို ဝင်မှရမယ်။

“ဒါ…” အိုးရန်လဲ့သည် အိုးရန်လူလူ၏အစ်ကိုအရင်း ဖြစ်ပြီး အိုးရန်လူလူနှင့် သူတို့သူဌေးအကြား ဆက်ဆံရေးသည် သာမန်မဟုတ်ကြောင်းကို သူတို့ သိသည်။ သူဌေးလေး - ဂူရှောင်ရွှဲ့နှင့် အိုးရန်လူလူတို့၏ ဆက်ဆံရေးသည်လည်း ညီအစ်မဆက်ဆံရေး ဖြစ်သည်။

"ဒီမှာ ဘာဖြစ်နေတာလဲ။"

ထာဝရခန်းမ၏ ကင်းလှည့်အဖွဲ့ရောက်လာပြီး ရာထူးအနည်းငယ်ပိုမြင့်သော လူလတ်ပိုင်းတစ်ဦးသည် ရှေ့သို့ ထွက်လာကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။ အိုးရန်လဲ့နှင့် အချီအချ စကားပြောနေသောသူက အခြေအနေကို ရှင်းပြပြီး အိုးရန်လဲ့နှင့် ထန်ရှုတို့ကြား ဆက်နွယ်မှုကိုပင် ပြောပြခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက အိုးရန်လဲ့အား ပြုံးရွှင်သော မျက်နှာဖြင့် ကြည့်ကာ

“မစ္စတာအိုးရန် … အမှန်တိုင်း ပြောရရင် သူဌေး ရှိနေတဲ့နေရာကို ငါတို့ ဖော်ပြလို့ မရဘူး။ ဒါပေမယ့် မင်းက အပြင်လူမဟုတ်တဲ့အတွက် ငါ မင်းကို ပြောပြလိုက်ပါမယ်။ ငါတို့သူဌေးနဲ့ သူဌေးလေးက ဒီည ပင်လယ်ကို ထွက်သွားကြတယ်။  ဘယ်အချိန် ပြန်လာကြမယ်ဆိုတာတော့ မသိဘူး။"

"သူတို့ ပင်လယ်ဘက် သွားကြတယ်။" အိုးရန်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။

"ပင်လယ်ထဲမှာ ညနက်မှ ဘာသွားလုပ်ကြတာလဲ။"

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းပြီး

“အဲ့ဒါတော့ မသိဘူး။ ဒါပေမယ့် မင်းကို ငါပြောခဲ့တာတွေက အမှန်တွေပဲ။”

အိုးရန်လဲ့သည် တခဏ တိတ်ဆိတ်သွားပြီး ကားဆီသို့ ပြန်လျှောက်သွားကာ အိုးရန်ဝမ်ကျန်းအား အကြောင်းစုံပြောပြလိုက်သည်။

အိုးရန်ဝမ်ကျန်းက

"ဒါဆို ထန်ရှုကို စောင့်နေဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးပြီး သူ ပြန်လာတာနဲ့ ချက်ချင်း သတင်းပို့ခိုင်းလိုက်။ ငါတို့ အရင် ပြန်ကြတာပေါ့။"

"နားလည်ပါပြီ။"

ဤအချိန်တွင် ဂိတ်တံခါးမှ မီတာအနည်းငယ်အကွာရှိ သစ်ပင်များကြားတွင် ယန်လီသည် သွားကြားထိုးတံကို ကိုက်လျက် သူ၏ချောမောသောမျက်နှာပေါ်တွင် ခပ်သဲ့သဲ့ အပြုံး ရှိနေသည်။ သူသည် အိုးရန်လဲ့၏ နေအိမ်ကို ရှာဖွေရန် အချိန်နှင့် ခွန်အားကို အမှန်တကယ် သုံးစွဲခဲ့ပြီး ထိုနေရာတွင် တစ်ခုခုလုပ်ခဲ့သည်။ အိုးရန်လဲ့သည် ညဉ့်နက်နက်တွင် လူများစွာကို ခေါ်ဆောင်ပြီး ဤနေရာသို့ ချက်ချင်း လာရောက်ခဲ့သည့်အတွက် ရလဒ်သည် အလွန်ကောင်းမွန်ပုံရသည်။

…ထန်ရှု ပင်လယ်ထဲ သွားနှင့်တာ စိတ်မကောင်းစရာပဲ။ အိုးရန်လဲ့ … မင်း မနက်ဖြန် စောစောပြန်လာရင်တောင် ထန်ရှုကို မတွေ့နိုင်မှာစိုးရတယ်။ ဟားဟားဟား… ခဏလောက်တော့ နာကျင်လိုက်ပေဦး ငါ့ကောင်ရေ…

ယန်လီက သူ့ဘာသူ ရေရွတ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် တောအုပ်ထဲသို့ ဝင်ရောက်ပျောက်သွားသည်။ သို့သော် သူ ထွက်သွားသည်မှာ မိနစ်ဝက်လောက်သာ ရှိသေးပြီး တောအုပ်ထဲတွင် လျှောက်နေသည်မှာ မကြာသေးခင် ကြီးမားသော လက်တစ်ဖက်က သစ်ပင်အနောက်ကနေ ဆန့်ထွက်လာပြီး သူ၏လည်ပင်းအား အနောက်မှ ဆုပ်ကိုင်လိုက်သည်။

"မသေချင်ရင် ငြိမ်ငြိမ်နေ။"

ယန်လီ၏နောက်ကွယ်မှ တိုးတိတ်နက်ရှိုင်းသော အသံတစ်ခုထွက်ပေါ်လာသည်။

ယန်လီသည် စိတ်ဓာတ်ကြံ့ခိုင်သော်လည်း ရုတ်တရက် အဖြစ်အပျက်ကြောင့် ကြောက်ရွံ့တုန်လှုပ်နေဆဲ ဖြစ်သည်။ သူသည် သူ၏စွမ်းရည်များကို အလွန်ယုံကြည်မှု ရှိပြီး လျှို့ဝှက်ဖုံးကွယ်ခြင်းတွင် သူ၏ အမြင့်ဆုံးစွမ်းရည်ကို ပို၍ယုံကြည်သည်။ သို့သော် အမြဲတမ်း လွန်စွာ သတိရှိနေသည့်သူပင် တစ်ဖက်လူ၏ တည်ရှိမှုအား အနည်းငယ်မျှ မရိပ်မိနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"မဟုတ်ဘူး … ငါ့ကို အထင်မလွဲနဲ့။" ယန်လီသည် သူ၏လက်အား ချက်ချင်း မြှောက်လိုက်ပြီး အနည်းငယ် တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ "ငါက ထန်ရှုရဲ့သူငယ်ချင်း … ထာဝရခန်းမရဲ့ အထူးဧည့်သည်ပါ။"

… ဝှစ်… ဝှစ်… ဝှစ်…

ဝိညာဉ်အလား လူရိပ်၃ခု ရိပ်ကနဲ ရောက်လာပြီး ချည်နှောင်ထားသည့် သံလက်ကို ယန်လီ၏ လည်ပင်းအနောက်ဘက်မှ ဖယ်ရှားလိုက်သည်။ ထာဝရခန်းမ၏ကျွမ်းကျင်ပညာရှင်သုံးဦးသည် ကင်းလှည့်တာဝန်ကျသူများဖြစ်ပြီး ယန်လီအား အလယ်တွင် ထားကာ တြိဂံပုံ ဝိုင်းရံထားကြသည်။ သူတို့ထဲမှ တယောက်က ယန်လီကို သေချာစစ်ဆေးပြီး လက်သီးစုကာ ပြောလိုက်သည်။

“မစ္စတာယန် … တောင်းပန်ပါတယ်။ ဒါပေမယ့် ထာဝရပွဲခန်းမမှာ ညသန်းခေါင်ဆိုရင် နေနေတဲ့ နေရာကနေ အပြင်မထွက်ရဘူးဆိုတဲ့ စည်းကမ်းချက် ရှိတယ်။ မင်းရဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေကြောင့် မင်းကို ငါတို့ စောစောပိုင်းက ရှာမတွေ့ခဲ့ဘူး။”

ယန်လီက သူ၏လည်ပင်းကို ပွတ်သပ်လိုက်သည်။ သူသည် ကြောက်ရွံ့ထိတ်လန့်သော အကြည့်ဖြင့် လူသုံးယောက်ကို အကဲခတ်ရင်း အားတင်းထားရသော အပြုံးဖြင့်

“မင်းတို့ထာဝရခန်းမက လူတွေက ဘယ်လို လူမျိုးတွေလဲ။ မွန်းစတားတွေများလား။ ငါက ကျော်ကြားတဲ့ နတ်ဘုရားအဆင့် သူခိုးတစ်ယောက် ဖြစ်ပေမယ့် မင်းတို့နဲ့တွေ့ပြီးတဲ့နောက်မှာ မင်းတို့အားလုံးက ဒီလိုခိုးဝင်တဲ့လုပ်ငန်းမှာ ငါ့ထက် ပိုသင့်တော်တယ်လို့ ခံစားရတယ် မဟုတ်ဘူးလား။"

"တောင်းပန်ပါတယ်။" ထိုလူက ပြန်ဖြေသည်။

ယန်လီက ခါးသီးသော အပြုံးကို ညှစ်ထုတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ

"ထန်ရှု မသွားခင်မှာ မင်းတို့ထာဝရခန်းမရဲ့ ဓလေ့ထုံးစံ တော်တော်များများကိုတော့ ပြောပြပါတယ်။ ထားလိုက်ပါ … ညဉ့်နက်နက်မှာ လျှောက်သွားတာ တားမြစ်ထားတယ်ဆိုမှတော့ ငါလည်း ပြန်အိပ်တော့မယ်။ ငါ့အကြောင်း ဘယ်သူ့ကိုမှ မပြောမိဖို့ သတိထားဦး။"

"ငါ နားလည်ပါတယ်။" ထိုလူက ခေါင်းညိတ်သည်။

***

All Chapters