← Chapters

ယောင်ချင်းထန်၏ သနားဖွယ်ရာ သေဆုံးရမှု

Vol. 40 Ch. 547

ယောင်ချင်းထန်၏ သနားဖွယ်ရာ သေဆုံးရမှု

Vol. 40 Ch. 547

ထန်ရှုသည် တည်ငြိမ်သောအမူအရာဖြင့် ချန်းယန်နန်၏ မယုံကြည်နိုင်ဖြစ်နေသော အမူအရာကို ကြည့်လိုက်ပြီး ထူးထူးခြားခြား မဟုတ်လေဟန်ဖြင့်

"ငါ့ရဲ့ပုံရိပ်က ထူးခြားလွန်းတာမို့ စကားတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်နဲ့ ရှင်းပြဖို့ မလုံလောက်ဘူး။ ငါတို့ ဆုံကြပြီဆိုတော့ တွေ့ဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ သာမန်လူတွေ သိဖို့ အရမ်းခက်တဲ့ အရာတစ်ချို့ကို နောက်တော့မှ ငါ ပြောပြပါမယ်။ ဒါပေမယ့် အခုတော့ မင်း ငါ့ရဲ့မေးခွန်းကို ဖြေပါဦး။"

ချန်းယန်နန်၏ထိတ်လန့်တုန်လှုပ်နေသော စိတ်သည် နောက်ဆုံးတော့ ငြိမ်သက်သွားပြီဖြစ်သည်။ သူမသည် ခြေလှမ်းအနည်းငယ် လှမ်းကာ သစ်ပင်ကြီးတစ်ပင်အနီးတွင် ရပ်လိုက်ရင်း ခါးသီးသော အမူအရာဖြင့်

"ထန်ရှု … ငါက ပေကျင်းရဲ့ ချန်းမိသားစုဝင်တစ်ယောက် ဖြစ်တယ်ဆိုတာ နင်သိပြီးလောက်ပါပြီ။ ငါ့မမနဲ့ ငါက မိသားစုမှာဆိုရင် အနုနည်းနဲ့ ဖယ်ကြဉ်ခံရတဲ့သူတွေပါ။ မြို့တော်ကို ပြန်ရောက်တော့ ငါက လက်ရှိဘဝမှာပဲ ပျော်ရွှင်နေခဲ့သလို ငါ့ရဲ့ တက္ကသိုလ်ဘဝကိုလည်း သက်တောင့်သက်သာနဲ့ ဖြတ်သန်းနေခဲ့တာပေါ့။

“ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လခွဲလောက်မှာ ငါ့မမက အမှုတစ်ခုကို လိုက်ရင်း ပျောက်ဆုံးသွားခဲ့တာ ခုချိန်ထိ ဘာသတင်းမှ မကြားရတော့ဘူး။ မမက ငါ့အတွက်တော့ တစ်ဦးတည်းသော ကျောထောက်နောက်ခံပဲ။ သူ ပျောက်ဆုံးသွားတော့ ငါတို့ကို မနှစ်သက်တဲ့ မျိုးနွယ်စုထဲကလူကြီးတွေက အမြင်တွေ စပြောင်းလာပြီး ပေကျင်းချူမိသားစုက ဆန်ကုန်မြေလေးကောင် ချူရှန်နဲ့ လက်ထပ်ဖို့ ငါ့ကို ဖိအားပေးကြတယ်။ နင် သိလား။ ချူရှန်ဆိုတာက ပေကျင်းရဲ့နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ၄ယောက်ထဲက တစ်ယောက်ပဲ။ မိုက်ရူးရဲဆန်တဲ့အရာတွေကို မရေမတွက်နိုင်လောက်အောင် လုပ်ခဲ့ပြီး မိန်းကလေး တစ်ဒါဇင်ကျော်ကို ဖျက်ဆီးခဲ့တဲ့သူ။ ငါ သူ့ကို လက်ထပ်လိုက်ရင် ချူမိသားစုရဲ့ မြင့်မားတဲ့ အကိုင်းအခက်ဆီကို တက်လှမ်းနိုင်လိမ့်မယ်ဆိုပေမယ့် အဲ့ဒါကို ငါ ဘယ်လို သဘောတူနိုင်မှာလဲ။”

ချန်းယန်နန် ပြန်ပြောပြနေရာက စကားရပ်သွားသည်ကို ကြည့်ရင်း ထန်ရှုက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "မင့်ဦးလေး ရှိသေးတယ်မဟုတ်လား။ ချန်းမိသားစုက ယောင်မိသားစုနဲ့ အနီးကပ် ဆက်ဆံရေး ရှိနေတာကို ချန်းမိသားစုရဲ့အကြီးအကဲတွေက မင်းကို ဘယ်လို အတင်းအကြပ် လက်ထပ်ခိုင်းရဲမှာလဲ။"

"မှန်ပါတယ်။ ယောင်ချင်းထန်က တကယ့်ကို ငါ့ဦးလေးပါ။ ဒါပေမယ့် သူက ငါတို့ညီအစ်မအပေါ် လုံးဝ သံယောဇဉ် မရှိဘူး။ ငါ့အဒေါ်နဲ့ ပတ်သက်နေတာသာ မရှိရင် ငါ့ကို သူ့မျက်စိထဲမှာတောင် မထည့်ဘူး။” ချန်းယန်နန်က မိမိကိုယ်ကို နှိမ့်နှိမ့်ချချဖြင့် ဖြေသည်။ "ကံကောင်းတာက... ယောင်ချင်းထန်ရဲ့ဇနီးကလည်း ငါ့ရဲ့အဒေါ်ဖြစ်နေတဲ့အပြင် ငါ့ကိုလည်း အဒေါ်က အတော်လေး သဘောကျတယ်။ သူမကြောင့်သာ မဟုတ်ရင် သူ ငါ့ကို ဒီကို ဘယ်ခေါ်လာပါ့မလဲ။ အိမ်အကူတစ်ယောက်လို လုပ်ဖို့ ငါ့အတွက် ဘယ်လို နေရာတစ်နေရာ ရှိနိုင်မှာလဲ။”

ထန်ရှု တိတ်ဆိတ်သွားသည်။

ချန်းယန်နန်က နာကျင်နေသည့် အမူအရာဖြင့် “ပေကျင်းမှာ ငါ ဘယ်လိုမှ မနေနိုင်တော့ဘူး။ တကယ်လို့ တောင်တရုတ်ပင်လယ်ဆီ ဦးလေးချင်းထန်က လူတွေ ခေါ်ပြီးသွားမှာကို အမှတ်မထင် တိုက်ဆိုင်မှုတစ်ခုကြောင့်သာ မသိလိုက်ရဘူးဆိုရင် ပေကျင်းကနေ တခြားနေရာကို ငါ ထွက်ပြေးသွားမိတော့မှာ။ ဒီကျွန်းမှာ သူတို့ ဘာလုပ်ကြမယ်ဆိုတာကို ငါ မသိပေမယ့် ဒီမှာ နေဖို့ အခွင့်အရေးက တစ်မိနစ်ပဲ ရမယ်ဆိုရင်တောင် ဒီမှာပဲ နေမယ် ဒါမှမဟုတ် ကျင်းမန်ကျွန်းမှာ တစ်ယောက်တည်း နေဖို့ အခွင့်အရေးကို ရှာရလိမ့်မယ်။"

"ယောင်ချင်းထန်ကရော။" ထန်ရှု စိတ်ထဲမှ သက်ပြင်းချကာ မေးလိုက်သည်။

ချန်းယန်နန်က ကျွန်း၏အနက်ပိုင်းနေရာဆီ လက်ညှိုးထိုးပြကာ

"သူက လူအနည်းငယ်ကို ခေါ်ပြီး အထဲကို ဝင်သွားပြီ။ ညနေတော့ ပြန်လာမယ်ထင်တယ်။"

ထန်ရှုက ခေါင်းညိတ်လျက်

"ယောင်မိသားစုက ဒီကျွန်းကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ မင်း မပြန်ချင်ဘူးဆိုရင် နောက်ပိုင်း မင်း ဒီမှာ နေလို့ရတယ်။"

ချန်းယန်နန်၏မျက်လုံးများ အရောင်လက်လာပြီး

"နင် ဘာကို ဆိုလိုတာလဲ။"

“ဒီကျွန်းက နောက်ဆို ငါ့အပိုင် ဖြစ်လိမ့်မယ်။” ထန်ရှုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ယောင်မိသားစုက သူတို့ရဲ့ ခွန်အားကုန် သုံးရင်တောင်မှ ငါ့ဆီကနေ ဘယ်တော့မှ လုယူနိုင်မှာ မဟုတ်ဘူး။ ဒီမှာ ဆေးပင်တွေ စိုက်မယ်။ ငါတို့က သူငယ်ချင်းဆိုတော့ မင်း ဒီမှာ နေပြီး ငါ့ကို ကူညီပေးလို့ရတယ်။ မင်းကိုလည်း ကျေနပ်လောက်စေတဲ့ လစာတစ်ခု ငါ ပေးမှာပါ။"

"နင် အောင်မြင်နိုင်မယ်လို့ ငါ တကယ် မျှော်လင့်တယ်။" ချန်းယန်နန်က တခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

"ဒါပေမယ့် ယောင်မိသားစုရဲ့လူတွေအများကြီးကို နင် သတ်လိုက်တယ်။ သူတို့ ဒါကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး။ ထန်ရှု … ယောင်မိသားစုက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ နင် မသိဘူးနော်။ ငါ ပြောပြမယ် ယောင်မိသားစုက…”

ထန်ရှုက သူ၏လက်ကိုမြှောက်ကာ သူမ၏စကားကို ဟန့်တားလိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့်

"သူတို့ စွမ်းဆောင်နိုင်တာကို ငါ မြင်ဖူးကြုံဖူးတယ်။ မင်း မသိလောက်သေးဘူး … ငါ့မျိုးရိုးနာမည်က ထန်ဖြစ်ပြီး ငါက ပေကျင်းရဲ့ထန်မိသားစုဝင်တစ်ယောက်ပါ။"

"အဲ့ဒီထန်မိသားစုလား…" ချန်းယန်နန်၏မျက်လုံးများက သတိပြုမိဟန်ဖြင့် အာရုံစူးစိုက်လာသည်။

"ဟုတ်တယ် … အဲ့ဒီထန်မိသားစုပဲ။"

ထန်ရှု ခေါင်းညိတ်သည်။

ချန်းယန်နန်၏မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖုံးလွှမ်းနေပြီး

"နင့်ကို ပေကျင်းရဲ့ထန်မိသားစုဝင် ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ထန်မိသားစုနဲ့ ယောင်မိသားစု ... အင်း … ငါနားလည်ပါတယ်။ ယောင်မိသားစုရဲ့ လူတွေကို နင် မညှာတာတာ မဆန်းတော့ဘူး။ မိသားစုနှစ်ခုကြားက ရန်ငြိုးနဲ့ အမုန်းတရားအချို့ကို ငါ သိပါတယ်။"

ထန်ရှုက မထူးခြားလေဟန်ဖြင့် ပြုံးလိုက်ပြီး

"သွားရအောင်။ အခုတော့ မင်းက ငါတို့ရဲ့ သင်္ဘောပေါ်မှာ နေပြီး ယောင်ချင်းထန်နဲ့ သူ့လူတွေကို ဒီကျွန်းမှာ တစ်ယောက်မှ မကျန်တဲ့အထိ ငါတို့ ရှင်းလင်းတာကို စောင့်နေ။ ဒီကျွန်းမှာ မင်း နောက်ပိုင်း နေတဲ့အခါ နေဖို့၊ စားဖို့နဲ့ အဝတ်အစားတွေ ငါ ပေးမယ်။ နောက်ပြီး  မင်းကို ကာကွယ်ဖို့ လူတစ်ချို့လည်း ထားပေးမယ်။"

ချန်းယန်နန်က တွေဝစွော စိုက်ကြည့်ရင်း ချီတုံချတုံ ဖြစ်နေရင်း မေးလာသည်။

"ထန်ရှု … နင် ဦး - ယောင်ချင်းထန်ကို သတ်မှာလား။"

"သူ ထွက်သွားနိုင်သေးတယ်လို့ မင်း ထင်လား။" ထန်ရှုက ပြန်မေးလိုက်သည်။

ချန်းယန်နန်က အံကို တင်းတင်းကြိတ်ပြီး

"ထန်ရှု … ငါ့ရဲ့တောင်းဆိုမှုကို နင် လက်ခံပေးနိုင်မလား။"

"မင်း သူ့အသက်အတွက် တောင်းဆိုချင်တယ်ဆိုရင် မေ့လိုက်ပါ။" ထန်ရှုက ဖြေသည်။

"သူ့ကို အသက်ချမ်းသာပေးဖို့ မတောင်းဆိုပါဘူး။" ချန်းယန်နန်က ခေါင်းယမ်းလိုက်သည်။

“သူက ငါ့ကို သံယောဇဉ် မရှိပါဘူး။ ငါ နင့်ကို တောင်းဆိုချင်တာက အနာဂတ်မှာ ထန်နဲ့ ယောင်မိသားစုတို့ အကုန်လုံးကို ပုံအောပြီး သူသေကိုယ်သေ တိုက်ခိုက်ကြရင် ငါ့အဒေါ်ရဲ့အသက်ကို ချမ်းသာပေးလို့ရမလား။"

"ငါ ကတိပေးတယ်။" ထန်ရှုက ခဏလောက် ငြိမ်သွားပြီးမှ ခေါင်းညိတ်သည်။

ချန်းယန်နန်က ထန်ရှုကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ထန်ရှုနှင့်အတူ သင်္ဘောဆီ လျှောက်လာတော့မည့်ဆဲဆဲတွင် သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး

“နင် ငါ့ကို တစ်ခု မပြောရသေးဘူးနော်။ နင် ဘယ်လို ပျံသန်းနိုင်တာလဲ။"

“ဒီယောက်သွားကျွန်းမှာ နေချင်ရင် မမေးနဲ့။” ထန်ရှုက အပြုံးသဲ့သဲ့ဖြင့် ပြောလိုက်သည်။ “ခုလောလောဆယ်တော့ ငါ မင်းကို ပြောလို့ မရသေးတဲ့ အရာတွေ ရှိတယ်။ ဒါပေမယ့် မင်း အနာဂတ်မှာ ငါ့အတွက် အလုပ်လုပ်ပြီး မင်းရဲ့ လုပ်ဆောင်နိုင်စွမ်းက ငါ့ကို ကျေနပ်စေတယ်ဆိုရင် နောက်ပိုင်းမှာ မင်း အများကြီး သိလာလိမ့်မယ်။"

ချန်းယန်နန် တခဏ ငြိမ်သက်သွားပြီးနောက် ရုတ်ခြည်းပင် ပြုံးလာကာ မေးလိုက်ပြန်သည်။

"ဒါဆို ငါ မမေးတော့ပါဘူး။ ဒါပေမယ့် နောက်ထပ် မေးခွန်းတစ်ခု နင် ဖြေပေးနိုင်မလား။ ဒါနောက်ဆုံးပဲ။"

"မေးကြည့်လေ။" ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်တယ်။

"နင် ရှန်ဟိုင်းတက္ကသိုလ်မှာ ရည်းစားရှိလား။" ချန်းယန်နန်က မေးသည်။

ထန်ရှုက ရယ်လိုက်ရင်း

"ငါတို့တွေ စိတ်ကူးယဉ်ဆန်တဲ့ အကြောင်းအရာကို နောက်မှ ပြောကြမယ် ဟုတ်ပြီလား။ ငါ တွေးထားတာ တစ်ခုက တက္ကသိုလ်မှာ လေးနှစ်ကျော်ကြာအောင် ကြိုးကြိုးစားစား သင်ယူရမယ်။ နောက်ပြီး ငါ့မှာ လုပ်စရာတွေက အများကြီး။ အချစ်တို့၊ အချစ်ရေးနဲ့ ပတ်သက်တာတို့အတွက် တွေးနေဖို့ ငါ့မှာ အချိန်ပိုတွေ ဘယ်လို ရှိနိုင်မှာလဲ။"

ချန်းယန်နန်၏မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး သူမက အပြုံးဖြင့်

"နင် အခုပြောခဲ့တာကို ငါ တကယ် သဘောကျတယ်။ လူငယ်တွေဆိုတာက သူတို့ရဲ့ ဘဝတက်လမ်းကို အာရုံစိုက်နေရမယ်။ သွားကြရအောင်။"

ချန်းယန်နန်ကို ပင်လယ်ကမ်းခြေဆီ ပြန်ခေါ်သွားရင်း အဝေးမှ ပင်လယ်ပြင်ပေါ်တွင် သင်္ဘောငယ် နစ်မြုပ်နေသည်ကို ထန်ရှု တွေ့လိုက်ရသည်။ သည်ကျွန်းကို သူ စီးလာခဲ့သည့် သင်္ဘောက ကမ်းခြေသို့ ပြန်ရောက်နေပြီဖြစ်သည်။

သင်္ဘောသည် ကမ်းစပ်သို့ ချဉ်းကပ်လာပြီးနောက်တွင် ထန်ရှုက ချန်းယန်နန်အား သင်္ဘောပေါ်သို့ ခေါ်သွားပြီး "ချန်းယန်နန်က ငါ့ရဲ့အထက်တန်းကျောင်းတုန်းက အတန်းဖော်ပဲ။ သူမကို သင်္ဘောပေါ်မှာ နေခိုင်းလိုက်ပါ။ ဒီကျွန်းမှာ ယောင်မိသားစုကလူတွေ ရှိနေသေးရင် တွေ့တာနဲ့ တန်းသတ်ပစ်လိုက်။ ရှောင်ရွှဲ့ … ကျွန်းကို ကြည့်ဖို့ ငါနဲ့ လိုက်ခဲ့ဦး။"

"ကောင်းပါပြီ။"

ဂူရှောင်ရွှဲ့က ပြုံးပြီး ပြန်ဖြေသည်။ ချန်းယန်နန်အား ခေါင်းညိတ်ပြပြီးနောက် သူမသည် ထန်ရှုနောက်မှ ပျံသန်းကာ လိုက်ပါသွားပြီး သူတို့နှစ်ယောက်သည် ကျွန်းပေါ်ရှိ တောအုပ်များထဲသို့ တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်သွားသည်။

သစ်တောများသည် ရှေးဦးအခြေအနေတွင် ရှိနေဆဲ ဖြစ်သောကြောင့် စိမ်းလန်းစိုပြေသော သစ်ပင်များနှင့် အသီးအရွက်များဖြင့် ပြည့်နှက်နေသည်။

နှစ်ယောက်သားသည် အေးအေးဆေးဆေး လမ်းလျှောက်နေဟန်ရှိသော်လည်း တကယ်တမ်းတွင် သူတို့၏ခြေလှမ်းတိုင်းသည် အလွန်မြန်ဆန်ပြီး ခြေလှမ်းတစ်လှမ်းစီသည် ခုနစ်မီတာကျော် အကွာအဝေးကို ဖြတ်ကျော်နိုင်သည်။ သူတို့နှစ်ဦး တောနက်ထဲသို့ ပိုမိုရောက်လာလေ ဆေးပင်များစွာကို ပိုမိုတွေ့ရလေ ဖြစ်သည်။ အများစုမှာ ပုံမှန် ဖြစ်သော်လည်း ရှားပါးပြီး အဖိုးတန်လှသည့် အရာများကို ရံဖန်ရံခါ တွေ့မြင်ရပေမည်။ ကျွန်းပေါ်တွင် တောရိုင်းတိရိစ္ဆာန်များစွာလည်း ရှိသည်။

ဆယ်မိနစ်ကြာသောအခါ ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် ကျွန်း၏အမြင့်ဆုံးဖြစ်သော အချက်အချာကျသည့် နေရာတွင် ခြေချမိချိန်တွင် အော်သံတစ်ခုသည် သူတို့နားအတွင်းသို့ ရောက်လာပြီး ထို့နောက်တွင် သေနတ်သံများတဒိုင်းဒိုင်းအပြင် အထိတ်တလန့် အော်ဟစ်သံများ နောက်က ကပ်ပါလာသည်။

“မြန်မြန်ပြေးပြီး လူစုခွဲလိုက်။ သင်္ဘော ကျောက်ချထားတဲ့ ကမ်းဆီကို သွားကြ။ အဲ့ဒီမှာ ပြန်ဆုံမယ်။”

“ယီးလို မွန်းစတားတွေ။ လမ်းမြန်မြန် ဖယ်စမ်း…”

… ဒိုင်း … ဒိုင်း … ဒိုင်း …

ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဖော်ပြစရာ မလိုသော နားလည်မှုဖြင့် အသံများ ထွက်ပေါ်နေရာဆီသို့ နှစ်ယောက်သား အလျင်အမြန် ပြေးသွားကြသည်။ ထိုသို့သွားရာတွင် သူတို့သည် မီတာဆယ်ဂဏန်း မြင့်သော သစ်ကိုင်းများကို နင်းပြီး သစ်ပင်များပေါ်ကနေ ဆက်ပြီး ပျံသန်းသွားခြင်းဖြစ်သည်။

ဆယ်စက္ကန့်ကျော် ကြာသည့်အခါ သူတို့နှစ်ယောက် အရှိန်သပ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်တွေပေါ်တွင် ရပ်ကာ အခြေအနေအား စောင့်ကြည့်လိုက်သည်။ ကြောက်လန့်တကြား ပြေးထွက်လာသော လူခြောက်ယောက်ကို လိုက်ဖမ်းနေသည့် ကြံ့နှင့်တူသော သားရဲရိုင်းနှစ်ကောင်ကို သူတို့၂ယောက် မျက်လုံးများ ပြူးကျယ်သွားအောင် စိုက်ကြည့်နေမိကြသည်။

၎င်းတို့နောက်တွင် တစ်စစီ ကိုက်ဖြတ်ခံထားရသည့် အလောင်းနှစ်လောင်း ရှိနေခဲ့သည်။

“သားရဲတွေရဲ့ အရေပြားက အရမ်းကြမ်းတယ်။ ကျည်မတိုးဘူး။ နောက်ပြီး သူတို့ရဲ့အရှိန်က အရမ်း မြန်လွန်းတယ်။ အဲ့ဒီလူတွေ လုံးဝ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး။ ဆရာအဘိုး … သူတို့အားလုံး သေတာပဲကောင်းတယ်။” လူခြောက်ယောက် အမဲလိုက်ခံနေရသည်ကို ကြည့်ပြီး ဂူရှောင်ရွှဲ့၏ မျက်လုံးများထဲတွင် သနားစိတ် သို့မဟုတ် ကရုဏာစိတ် လုံးဝမရှိချေ။

“ကျည်ဆန်တွေက ဒီသားရဲရိုင်းနှစ်ကောင်ကို အဟန့်အတားဖြစ်စေပြီး သူတို့ရဲ့အရှိန်ကို နှေးကွေးစေပေမယ့် သူတို့က မင်းပြောခဲ့တဲ့အတိုင်း သေတာပဲ ကောင်းပါတယ်။ ငါ့အထင်မှန်ရင် အဲ့ဒီလူနှစ်ယောက် ကာကွယ်ပေးနေတဲ့ လူလတ်ပိုင်းအရွယ်က ယောင်ချင်းထန် ဖြစ်ရမယ်။ နောက်ပြီး ရှောင်ရွှဲ့ … ငါ ရုတ်တရက် တွေးလိုက်မိတာ တစ်ခု ရှိတယ်။"

"ဘာများလဲ။" ဂူရှောင်ရွှဲ့က စိတ်ဝင်တစား မေးသည်။

"ယောင်မိသားစုက ယောင်ရှင်းဟွာကို ကျင်းမန်ကျွန်းဆီ ပို့လိုက်တာ အယောင်ပြပဲ ဖြစ်လိမ့်မယ်။” ထန်ရှုက ပြောသည်။

“အစိုးရနဲ့ တကယ် ထိတွေ့ဆက်ဆံပြီး ကျွန်းရဲ့ သဘောတူညီမှု အငှားစာချုပ်ကို လက်မှတ်ရေးထိုးမယ့်သူက ယောင်ချင်းထန်ပဲ။ ငါ ကောက်ချက်ချတာ မှန်တယ်ဆိုရင် ငါတို့ နစ်မြုပ်လိုက်တဲ့ သင်္ဘောပေါ်မှာ လက်မှတ်ရေးထိုးဖို့ စာချုပ်တစ်ခု ပြင်ဆင်ထားလိမ့်မယ်။”

"နင်က တကယ်ကို ဉာဏ်ပညာ ကြီးတယ် ဆရာဘိုးဘေး။ ငါလည်း အဲ့ဒီလို ထင်ပါတယ်။ အမှန်တော့ ယောင်ရှင်းဟွာက ငယ်လွန်းပြီး အစိုးရအရာရှိတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဉာဏ်တိမ်တယ်။ ယောင်ချင်းထန်က ယောင်မိသားစုထဲမှာ အလွန်အရေးကြီးတဲ့ လူပဲ။ သူကိုယ်တိုင် ဒီကိုလာပုံထောက်ရင် ယောက်သွားကျွန်းကို စစ်ဆေးဖို့နဲ့ အစိုးရနဲ့ အငှားညှိနှိုင်းမှု ဆက်လုပ်မလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ချဖို့ ဖြစ်နိုင်တယ်။”

“ငါတို့လူတချို့ကို ဒီကို ခေါ်လာခဲ့။ ဒီယောင်မိသားစုက လူတွေအားလုံး သေဆုံးတဲ့အထိ စောင့်ပြီး သူတို့ရဲ့အလောင်းတွေကို စွန့်ပစ်ဖို့ လုပ်ကြတာပေါ့။ နောက်ပြီး နစ်မြုပ်လိုက်တဲ့ သင်္ဘောမှာ စာချုပ်ကို ရှာတွေ့နိုင်ဦးမလားလို့ လူတချို့ကို လွှတ်လိုက်ဦး။”

“ဆရာဘိုးဘေး … ဒီသားရဲနှစ်ကောင်ကို ကိုယ်တိုင် သတ်ဖို့အတွက် ငါ ထွက်သွားအောင် အကြောင်းပြချက်တစ်ခုကို အခွင့်ကောင်းယူပြီး ပေးနေတာလား။” ဂူရှောင်ရွှဲ့က အပြုံးဖြင့် မေးသည်။ “မနစ်မြုပ်ခင် အဲ့ဒီသင်္ဘောကနေ ယူလို့ရသမျှ အားလုံးကို ယူထားပြီးပြီ။ ဆရာဘိုးဘေးကို ကူညီပေးဖို့ ပြောတာက ပိုကောင်းမယ်ထင်တယ်နော်။"

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ဘဲ

"ကြည့်ရတာ မင်းကို ငါ ဖုံးကွယ်လို့ မရပါလား။ ဒီအကောင်ကြီးနှစ်ကောင်ကို ငါ့မှာ သတ်နိုင်စွမ်းမရှိဘူးလို့ မင်းထင်တယ်ပေါ့။ အဆင်ပြေတယ် … မင်း နေချင်ရင် နေပြီး စောင့်ကြည့်လိုက်။"

တစ်မိနစ်မပြည့်မီတွင် ကြံ့နှင့်တူသော သားရဲရိုင်းများသည် ယောင်ချင်းထန်အပါအဝင် လူခြောက်ဦးလုံးကို သတ်ပစ်လိုက်ပြီးဖြစ်သည်။ ထိုသူတို့၏အရိုးများကိုပင် ချန်မထားဘဲ အလောင်းများအားလုံးကို စားပစ်လိုက်ကြသည်။

"ကောင်းပြီ … ဒါက အလောင်းတွေကို စွန့်ပစ်ဖို့ အခက်အခဲကို ကယ်တင်ပေးလိုက်တာပေါ့။"

သစ်ပင်၏အကိုင်းတစ်ခုပေါ်၌ ရပ်နေသော ထန်ရှုက နှုတ်ခမ်းလေးများ ကော့တက်သွားအောင် ပြုံးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် သူသည် ပျံသန်းကာ အောက်ဆင်းလိုက်ပြီး ကြံ့နှင့်တူသော သားရဲရိုင်းနှစ်ကောင်၏အရှေ့တွင် ပေါ်လာသည်။

…ဝေါင်း…

***

All Chapters