← Chapters

အဖေကျိုးတစ်ယောက်နေမကောင်းဖြစ်သည်

Vol. 15 Ch. 205

အဖေကျိုးတစ်ယောက်နေမကောင်းဖြစ်သည်

Vol. 15 Ch. 205

အခန်း (၂၀၅) - အဖေကျိုးတစ်ယောက် နေမကောင်းဖြစ်သည်

ချိုင်ပါ့မိန်က နှစ်အစတွင် လက်ထပ်ခဲ့ပြီး နှစ်အဆုံးတွင် ကျိုးတုန်ကို သားတစ်ယောက် မွေးပေးခဲ့သည်။ ဆိုရလျှင် ၎င်းက အတော်လေး စွမ်းဆောင်နိုင်သည်ဟု ဆိုနိုင်ပေသည်။

ပထမဆုံးကလေးသည် သားဖြစ်၏။ နောင်တွင် မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် သူမက စိတ်ပူဖို့ မလိုတော့ချေ။

လင်းချင်းဟယ်က ချိုင်ပါ့မိန်ထံ သွားလည်လိုက်သည်။ သူမသည် သကြားညို ကတ်တီတစ်ဝက်ကိုလည်း ယူသွားလိုက်၏။ (1catty- 0.6kg)

သူမသည် ရွာမှ လက်ထပ်ခဲ့သော်လည်း မီးနေချိန်အတွင်း အမျိုးသမီးချိုင်က ကူညီပေးခဲ့သည်။ ကျိုးရှီသည် အလုပ်ကြိုးစားသော်လည်း သူမ၌ ပြုစုစောင့်ရှောက်ရန် အသိပညာမရှိချေ။

ဤနှစ်ဆောင်းတွင်းမှာ အလွန်အမင်းအေးပြီး ယခုအချိန်သည် အအေးဆုံးကာလဖြစ်၍ အမျိုးသမီးချိုင်မှ လာကူညီပေးခြင်း ဖြစ်သည်။ မဟုတ်ပါက တစ်ခုခု ဖြစ်သွားနိုင်လေသည်။

လင်းချင်းဟယ် ရောက်သွားချိန်တွင် အမျိုးသမီးချိုင်က ထိုနေရာတွင် ရှိနေ၏။

သူမ ယူလာသော သကြားညို ကတ်တီတစ်ဝက်ကို ကြည့်လိုက်ပြီးနောက် စိတ်အတွင်း ထိရှသွားကာ ပြော၏။

“ဆရာမလင်း သကြားညိုတွေ ဘာလို့ ယူလာတာလဲ။ လောင်တနဲ့ သူ့ညီတွေအတွက် ထားလိုက်ပါ။ ပါ့မိန်အတွက် ကျွန်မ အစောတည်းက ပြင်ဆင်ထားပေးပါတယ်”

“ရှင်က ရှင်လေ။ ကျွန်မက ကျိုးတုန်ရဲ့ဇနီးကို ပေးတာ” လင်းချင်းဟယ်က ပြုံးလျက် ပြောလိုက်သည်။

လင်းချင်းဟယ်သည် ကျိုးတုန်၊ ကျိုးရှီတို့နှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း သိသဖြင့် ဘာမှမပြောတော့ဘဲ အပြုံးဖြင့် လက်ခံလိုက်တော့သည်။

ထိုစဉ်တွင် ချိုင်ပါ့မိန်က အိပ်ပျော်နေ၏။ လင်းချင်းဟယ်သည် အိမ်မပြန်မီ အမျိုးသမီးချိုင်နှင့် စကားစမြည် ပြောဆိုခဲ့သည်။

“ဆရာမလင်းက သိပ်တွေးတတ်တာပဲ” အမျိုးသမီးချိုင်က မှတ်ချက်ချသည်။

“ဒေါ်လေးက ကျွန်မတို့ကို သိပ်ကောင်းပေးတယ်” ကျိုးရှီက ခေါင်းညိတ်ရင်း ပြောသည်။

ဒေါ်လေးသည် သူမကို အများကြီး သင်ကြားပေးခဲ့၏။ မိမိကိုယ်ကိုယ် ကာကွယ်ခြင်း၊ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းခြင်းနှင့် ပထမအကြိမ် ဓမ္မတာလာခြင်း၊ စသည်များကို လင်းချင်းဟယ်က သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

သူမ ထိုသို့ သွားသောအခါတွင် ဒေါ်လေးသည် သူမအား စားရန် တရုတ်ဆီးသီး လက်တစ်ဆုပ်ကို ဆွဲယူပေးလေ့ရှိသည်။ သူမခန္ဓာကိုယ်အတွက် သွေးအားပြန်ပြည့်စေရန် တရုတ်ဆီးသီးနီနီများကို စားရန် တိုက်တွန်းခဲ့သည်။

သူမ နားမလည်နိုင်သော်ငြား ဒေါ်လေးက သူမအား စွပ်ပြုတ်ချက်နည်းတချို့ သင်ပေးခဲ့သေးသည်။ ပြီးနောက် သူမ(လင်းချင်းဟယ်)က သူမယောက်မကို အကြိမ်ရေတချို့ ချက်ကျွေးခဲ့သေး၏။ ကိုယ်ဝန်ရှိစဉ်အတွင်း အစားကောင်းတချို့ စားရ၍ သူမတူလေးသည် မွေးလာသောအခါ ဆံပင်များ နက်မှောင်နေခြင်း ဖြစ်နိုင်လေသည်။

သူက ခြောက်ကျင်းထက် ပိုလေး၏။ (1Jin-0.5kg)

လင်းချင်းဟယ်က အလွန်အမင်း ဝင်စွက်ဖက်ခြင်း မရှိချေ။ အတွေ့အကြုံရှိသော အမျိုးသမီးချိုင်နှင့် မည်သည့်ငြင်းခုန်ခြင်းမျှ မပြုပေ။

သို့သော် ချိုင်ပါ့မိန်က အချိန်ကို ရွေးချယ်တတ်၏။

အသားဖြန့်ဝေသည့် အချိန်တွင် မွေးဖွားခြင်းဖြစ်သည်။ ဤသည်က ပြီးပြည့်စုံသည် မဟုတ်ပါလော။ မီးတွင်းထဲတွင် အသားက မရှိမဖြစ် လိုအပ်ပေသည်။ ကလေးအတွက် လုံလောက်ပြီး သူမ၏ခန္ဓာကိုယ်ပါ တိုးတက်စေလိမ့်မည်။ အအေးမိခြင်း သို့မဟုတ် တစ်ခုခု ဖြစ်လိမ့်မည် မဟုတ်ချေ။

နှစ်ရက်ကြာပြီးနောက် လင်းချင်းဟယ်က ဝက်သားနှပ် ပြုလုပ်ခဲ့သည်။

ဝက်ခေါင်းနှပ် ဖြစ်၏။ ယင်းက အလွန်စားချင်စဖွယ် ဖြစ်လေသည်။

ထိုဝက်သားနှပ်က မိသားစုတစ်ခုလုံးကို စိတ်ကျေနပ်စေ၏။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ညနေခင်းတွင် ပြောလိုက်သည်။

“အနာဂတ်မှာ ဘာမှမလုပ်တော့ရင် ကျွန်မက ဝက်သားနှပ်ဆိုင်ဖွင့်မယ် ရှင် ဘယ်လို ထင်လဲ”

သူမ၏အတိတ်ဘဝတွင် သူမ၏လက်ရာမှာ သာမန်သာထက် နည်းနည်းသာ ပိုကောင်းခြင်း ဖြစ်၏။ ဤနေရာသို့ ရောက်လာပြီးနောက် သူမသည် စားစရာကောင်းများကို ဖန်တီးရုံသာ ဖြစ်ပြီး မည်သည်ကိုမျှ အာရုံစိုက်ရန် မလိုချေ။

ထို့ကြောင့် သူမ၏လက်ရာက တစ်ရက်ပြီးတစ်ရက် ပိုကောင်းလာသည်။

ကျိုးချင်းပိုင်က ပြုံးလျက် သူ့ဇနီးကို ဆွဲယူပွေ့ဖက်လိုက်ပြီး။ “မင်း ဆိုင်ဖွင့်မယ်ဆိုရင် ကိုယ်က ကူညီလုပ်ကိုင်ပေးမယ်။ မင်းက ပိုက်ဆံတွေကို ထိုင်သိမ်းနေရုံပဲ”

လင်းချင်းဟယ်က သူနှင့်အနာဂတ်ကို စိတ်ကူးယဉ်လိုက်မိသည်။

အနာဂတ်က ဘယ်လို ဖြစ်မလဲ ဆိုတာအပေါ် ကျိုးချင်းပိုင်၏အတွေးအတွက်ကတော့.. သူ့ဇနီး သူ့ကို မပြောသေးခင်အထိ လက်ရှိတိုင်းပြည်က ဆယ်စုနှစ်အတွင်း တိုးတက်ဖွံ့ဖြိုးသွားမယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။

၎င်းက အလွန်ရိုးရှင်းသော စိတ်ကူးယဉ်မှု ဖြစ်လေသည်။

နောက်ဆုံးမှာတော့ ဗိုက်ဝပါ့မလားဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

ဥပမာအားဖြင့် သည်နှစ်တွင် လူတိုင်းသည် ရိတ်သိမ်းရန် အလျင်စလို မလုပ်ဘဲ ဆောင်းဦးမိုးမရွာမီ ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်းနှင့် ခွဲတမ်းများအားလုံးကို ပြီးမြောက်စေခြင်း မဟုတ်ပါက လူတိုင်းက နှစ်သစ်၏ ခံစားချက်ကို ရရှိမည် မဟုတ်ပေ။ (နှစ်သစ်မှာ ပျော်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်တာ)

အားလုံးသော ထုတ်ဝေရေးအဖွဲ့များသည် သူတို့၏ထုတ်လုပ်ရေးအဖွဲ့များကဲ့သို့ မဟုတ်ခဲ့ချေ။

ကျိုးချင်းပိုင်သည် ဤနှစ်၏ အဖွဲ့ခေါင်းဆောင်နှင့် တခြားအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တခြားဒေသများရှိ ထုတ်လုပ်ရေးအဖွဲ့များသည် ရိတ်သိမ်းမှုနောက်ကျပြီး ဆောင်းဦးမိုးက မြန်မြန်ရွာလာသည်ကို သိခဲ့ရသည်။ စပါးမည်မျှ စုဆောင်းလိုက်နိုင်မည်နည်း။

မပြည့်စုံသော ရိတ်သိမ်းမှုက အဘယ်နည်း။ ဆိုလိုသည်မှာ အလုပ်ကြိုးစားထားသမျှမှာ အလဟဿ ဖြစ်ကုန်ပေသည်။ နောက်ထပ် ဆို၍ ရသည်မှာ ဤနှစ် အေးစက်နေသော ရာသီ၌ လူများစွာက စားစရာ မရှိ ဖြစ်ပေလိမ့်မည်။

တကယ်တမ်းတွင် ပြင်ပမှ သတင်းများအရ အချို့သော သက်ကြီးရွယ်အိုများမှာ အေးခဲသွားသည်ဟုပင်။ စားစရာ မလုံလောက်ခြင်းက ကြီးမားသော အကြောင်းပြချက် ဖြစ်၏။ သို့မဟုတ်ပါက အန္တရာယ်ဖြစ်သည်အထိ အလွယ်တကူ အေးခဲသွားလိမ့်မည် မဟုတ်ပေ။

လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ပါက သူ့ဇနီးပြောသည့် အနာဂတ်တွင် ကျိုးချင်းပိုင်သည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရတော့၏။ တိုင်းပြည်က ပိုသန်မာလာပါက ပိုကောင်းပေမည်။

ညလယ်ခေါင်တွင် အမေကျိုးက ပြေးလာပြီး တံခါးလာခေါက်၏။

အဖေကျိုး အဖျားတက်သွားတာ ဖြစ်သည်။

အစပိုင်းတွင် နေကောင်းနေသော်လည်း ရုတ်တရက် အဖျားတက်သွား၏။

ဤနှစ်နှစ်သစ်ကူးပြီးနောက် လူအိုကြီးမှာ အသက်၆၅နှစ် ရှိပြီဖြစ်လေသည်။ သူ့ခန္ဓာကိုယ်သည် အမြဲတမ်းကျန်းမာပြီး အထူးသဖြင့် လင်းချင်းဟယ်က ဤနှစ်အေးမည်ကို သိ၍ ဖြည့်စွက်စာများ ထောက်ပံ့ပေးသဖြင့် သူ့ခန္ဓာကိုယ်က ကောင်းနေခဲ့သည်။ မမျှော်လင့်ဘဲ အဖေကျိုးက ဖျားသွားခြင်း ဖြစ်ပေသည်။

ကံကောင်းစွာဖြင့် လင်းချင်းဟယ်က အမြဲတမ်း ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမသည် နေရာလွတ်ထဲတွင် အဖျားပျောက်ဆေးကို သိုလှောင်ထားခဲ့၏။

“ဒါတွေကို အရေးပေါ်အတွက် ဈေးမြင့်မြင့်နဲ့ မှောင်ခိုဈေးကွက်ကနေ ဝယ်ထားတာ၊ အသုံးတည့်မယ်လို့ မတွေးထားမိဘူး။ မြန်မြန် အဖေ့ကို ပေးလိုက်” လင်းချင်းဟယ်က ၎င်းကို ကျိုးချင်းပိုင်ထံသို့ ပေးလိုက်၏။

မှန်ပေသည်။ ကျိုးချင်းပိုင်မှာ သည်ဆေးများမှာ အနာဂတ်မှ ဖြစ်ကြောင်း သိပေသည်။ ကျိုးချင်းပိုင်သည် အဖေကျိုးကို အစ်ကိုကြီးနှင့် တခြားသူများ မမြင်ခင် ဆေးတိုက်လိုက်၏။

သူ့ဇနီးသည်၏ကိစ္စကို သူသာ သိထားဖို့ လိုပေသည်။ တခြားသူများ သိရန် မလိုပေ။

လင်းချင်းဟယ် ဝယ်ထားသော ဤဆေးများသည် အစတည်းက သူမ၏စုဆောင်းငွေတစ်ဝက်ဖြင့် ဝယ်ထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သဘာဝကျစွာဖြင့် စစ်မှန်ပြီး အကောင်းဆုံး ဖြစ်လေသည်။

အဖေကျိုးကို ဆေးတိုက်ပြီးနောက် နွေးနွေးထွေးထွေး ထားလိုက်သည်။ တစ်ခဏအကြာတွင် အဖျားကျသွားသည်။

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အနည်းငယ် ကျွေးလိုက်သည်။ ထို့ကြောင့် သူမက အနားယူလိုက်တော့သည်။

“ဒီအချိန်မှာ ဒါအတွက် စတုတ္ထလေးရဲ့ဇနီးကို ကျေးဇူးတင်ရမယ်... ငါတို့အားလုံး ဆေးဖိုးကို ခွဲပေးပါ့မယ်” အကြီးဆုံးအစ်ကိုက သက်ပြင်းချရင်း စိတ်သက်သာရစွာ ပြောသည်။

ဒုတိယအစ်ကိုနှင် တတိယအစ်ကိုကလည်း ခေါင်းညိတ်လိုက်ကြသည်။ အညီအမျှခွဲပေးရန် လိုပေသည်။

“အဖေက ဒီမှာနေ... ညီအစ်ကိုသုံးယောက်လုံး ပိုပြီးတော့ ဂရုစိုက်ပေးဖို့ ကျွန်မမျှော်လင့်တယ်။ ဆေးဖိုးကိုတော့ မလိုတော့ဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ” ဒုတိယအစ်ကိုက ပြောသည်။

“ပေးကိုပေးသင့်တယ်” တတိယအစ်ကိုကလည်း အမြန်ပြောလိုက်သည်။

“နောက်ကျနေပြီ အားလုံး ပြန်ပြီးတော့ အနားယူကြတော့...” လင်းချင်းဟယ်က ခေါင်းယမ်းပြီးနောက် ပြောလိုက်သည်။

နောက်မနက်တွင် သူမသည် ကြာစေ့နံရိုးယာဂုကို ချက်လိုက်သည်။

နံရိုးများမှာ အသားဖြန့်ဝေရေးမှ ရထားခြင်း ဖြစ်၏။ ကြာစေ့ကို ဝယ်ခဲ့သည်။ ယင်းယာဂုသည် အလွန် ခွန်အားအလွန်ပြည့်စေပြီး အဖေကျိုး စားရန် သင့်တော်ပေသည်။

၎င်းအား ကျိုးချင်းပိုင်ကို ပို့ခိုင်းလိုက်၏။

ကောင်လေးများသည် သူတို့အဘိုး နေမကောင်းသည်ကို ကြားပြီးနောက် သူတို့အဖေနှင့် လိုက်သွားကြသည်။

ဖျားနာမှုကြောင့် ကြောက်လန့်ခဲ့သော်လည်း အဖေကျိုးက သူ့သားများ၊ သူ့ချွေမများ၊ သူ့မြေးများက သူ့ကို ဂရုစိုက်တာ ခံစားရကြောင်း ဝန်ခံရပေမည်။

ဤအသက်အရွယ် ရှိသည့်လူတိုင်း လိုချင်သည့်အရာ မဟုတ်လော။ မသန်မာတော့သည့်တိုင် သူတို့ကို အထင်သေးမည်ကို မလိုလားချေ။

ထိုအခြေအနေတွင် လူအိုကြီးက အလွန်စိတ်ကျေနပ်သွားလေသည်။

အငယ်ဆုံးသား ပို့ပေးလာသော ယာဂုကို သောက်လိုက်ပြီးနောက် အဖေကျိုးသည် ချက်ချင်း အရှင်း မပျောက်သေးသော်လည်း သက်သာလာပြီဖြစ်၏။ ရက်အနည်းငယ်ပြီးလျှင် မူလအတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။

All Chapters