← Chapters

ပြဿနာ၏ရင်းမြစ်ကို ဖယ်ရှားခြင်း။

Vol. 40 Ch. 557

ပြဿနာ၏ရင်းမြစ်ကို ဖယ်ရှားခြင်း။

Vol. 40 Ch. 557

ကျင်းမန်ကျွန်း၏ပထမပြည်သူ့ဆေးရုံရှိ အထူးလူနာဆောင်အတွင်း…

အခန်းတစ်ခုအတွင်းတွင် လူနာကုတင်တစ်လုံးသာ ရှိပြီး အခန်းထောင့်တွင် အပင်အိုးလေးများ၊ တီဗွီတစ်လုံးနှင့် ရေခဲသေတ္တာတစ်လုံးတို့သည် အစဉ်လိုက် နေရာယူထားပေသည်။

ဟွမ်ရှီယန်သည် ကျောက်ပတ်တီးကိုင်ထားသော လက်အား အသာထိန်းလျက် လူနာကုတင်ထက်တွင် လဲလျောင်းနေသည်။ သူ၏မျက်နှာထက်တွင် မခံချိမခံသာ အရိပ်အယောင်များ စွန်းထင်နေပြီး ကုတင်စွန်းတွင် ထိုင်နေသော မိန်းကလေးတစ်ဦးမှာ အပေါ်ယံတွင် ချစ်စရာကောင်းအောင်နေဟန် ရှိသော်လည်း သူမ၏မျက်လုံးများထဲတွင် မနှစ်မြို့သော အရိပ်အယောင်သည် ရံဖန်ရံခါ ပေါ်ထွက်လာသည်။

"ဝမ်ဝမ် … ငါ့အစ်ကိုဆီ ဖုန်းဆက်ပြီး အဲ့ဒီခွေးမကို ဂရုစိုက်ပြီးပြီလားလို့ မေးပေးစမ်းပါ။"

မိန်းကလေးက စကားပြန်မပြောဘဲ သူမ၏လက်ကိုင်ဖုန်းကို အသာ ကောက်ကိုင်ကာ ဖုန်းဆက်ခါနီးတွင် လူနာခန်းတံခါးပွင့်သွားပြီး အမှုထမ်းလူရွယ်က ကုတင်အနား ပြေးလာကာ “ဒုတိယညီ … မင်းပစ္စည်းတွေ မြန်မြန် ထုပ်ပိုးတော့။ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ။"

"ဘာဖြစ်သွားတာလဲ။ ငါ့အစ်ကိုကြီးနဲ့ ဆိုင်နေလား။" ဟွမ်ရှီယန်၏မျက်နှာပျက်သွားပြီး လျှင်မြန်စွာ မေးလိုက်သည်။

အမှုထမ်းလူရွယ်က စိုးရိမ်တကြီးဖြင့်

“အကိုကြီး သေပြီ။ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် သတ်ပစ်လိုက်တာ။ တစ်ဖက်လူက ဒီကိစ္စကို လက်မလွှတ်ဘဲ မင်းဆီကို လာမယ်လို့ ငါ သံသယ ရှိနေတယ်။ ဒါကြောင့် မင်း ဆေးရုံမှာ မနေသင့်ဘူး။ မင်းရဲ့ပစ္စည်းတွေကို မြန်မြန်ထုပ်ပြီး ကျင်းမန်ကျွန်းက ထွက်သွားလိုက်ပါ။ ဝေးလေ ပိုကောင်းလေပဲ။”

ဟွမ်ရှီယန်က မယုံကြည်နိုင်စွာ တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး အော်လိုက်သည်။

"မင်း ဘာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ ငါ့အစ်ကိုကြီး … သူ ဘယ်လို သေနိုင်မှာလဲကွ။ ကျောင်းအုပ်ကြီးက ငါ့အစ်ကိုကြီးကို သူကိုယ်တိုင် ဘယ်လိုလာပြီး သတ်တာလဲ။”

“ဒုတိယညီ … မင်းက ကြောက်စရာကောင်းတဲ့ ပုံရိပ်ကို ပြသနာရှာခဲ့တာပဲ။ တစ်ဖက်လူက မင်းကြောင့် ငါတို့သိုင်းသင်တန်းကျောင်းကို အမှုန့်ကြိတ်ခဲ့တာ။ ဒု-ကျောင်းအုပ်ဆရာကြီးအပါ ငါတို့ကျောင်းက သင်တန်းဆရာနဲ့ သင်တန်းသား ငါးဆယ်ကျော်က ခြေထောက်တွေ ကျိုးကုန်ပြီ။ ကျောင်းအုပ်ကြီးက ရုတ်တရက် ပေါ်လာပြီး အကိုကြီးကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်ခြင်းဖြင့် ဒီကိစ္စကို ဖြေရှင်းလိုက်တယ်။ သူ့ရည်ရွယ်ချက်က သိသိသာသာပဲ။ နှစ်ဖက်ကြား မကျေမနပ်ဖြစ်မှုတွေကို ပြေလည်သွားအောင်လုပ်ဖို့ပဲ။”

စိတ်အတွင်းမှ ဒေါသနှင့် အမုန်းတရားများ ဖြစ်ပေါ်လာပြီး ဟွမ်ရှီယန်၏မျက်လုံးများသည် သွေးရောင်များကဲ့သို့ ရဲရဲနီသွားခဲ့ရသည်။ သူက အံကြိတ်ပြီး

“ဝမ်ဝမ် … ငါ့ပစ္စည်းတွေ ကူထုပ်ပေးပါဦး။ တတိယညီ … တစ်ဖက်လူက ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြပါ။"

"သူက ထန်ရှုလို့ ခေါ်တယ်။ အဲ့ဒီအမျိုးသမီးရဲ့ ချစ်သူ ဖြစ်လိမ့်မယ်။ အသက်၂၀ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်။ ဒါပေမယ့် သူ ခေါ်လာတဲ့ သက်တော်စောင့် ရှစ်ယောက်လုံးက သိပ်ကြောက်ဖို့ ကောင်းတယ်။ ငါတို့ရဲ့ဒုကျောင်းအုပ်ဆရာက သိုင်းဆရာကြီးအဆင့်ဖြစ်တာတောင် အဲ့ဒီလူရှစ်ဦးထဲက တစ်ဦးနဲ့ တိုက်ခိုက်ခဲ့တဲ့ပွဲမှာ ဒုကျောင်းအုပ်က လုံးဝပြန်မတိုက်ခိုက်နိုင်ဘူး။ ဟုတ်သားပဲ … အဲ့ဒီလူက ထာဝရခန်းမထဲက တစ်ယောက်ယောက်ဖြစ်ပုံပဲ။”

ဟွမ်ရှီယန်တစ်ယောက် ရင်ထဲတွင် တုန်ရီသွားရပြီး ကြောက်ရွံ့မှုအပြည့် ဖြစ်လာခဲ့သည်။ ဒုကျောင်းအုပ်ဆရာကြီး၏စွမ်းရည်ကို သူ ကောင်းစွာ သဘောပေါက်သည်။ သူရဲကောင်းဂုဏ်ရည် သိုင်းသင်တန်းကျောင်းအား ဆယ်စုနှစ် နှစ်ခုနီးပါး စီမံခန့်ခွဲပြီး တန်းတူပြိုင်ဘက် မရှိသလောက် နည်းပါးသော သိုင်းပညာရှင်ကြီး။

"ထာဝရခန်းမနဲ့ ထန်ရှု။ ဒါကို ငါ မှတ်ထားမယ်။"

ဟွမ်ရှီယန်၏နှလုံးသားထဲတွင် အကြောက်တရားများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အမုန်းတရားများဖြင့် အစားထိုးသွားသည်။

အိပ်ယာမှ ထပြီးနောက် အဝတ်အစားကို အမြန် လဲလိုက်သည်။ သူ၏လက်မောင်းသည် ကုသနေဆဲဖြစ်နေပေမယ့် ကုတ်အင်္ကျီကို ဝတ်ပြီး မိနစ်အနည်းငယ်အကြာတွင် လူနာခန်းထဲက အမြန်ထွက်သွားတော့သည်။

****

ထာဝရခန်းမ၏ဌာနချုပ်တွင်…

ထန်ဒေါင်သည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး အနက်ရောင် နေကာမျက်မှန်ကို ဝတ်ထားကာ အခန်း၏ ပြတင်းပေါက်ရှေ့တည့်တည့်တွင် ရပ်လျက် အဝေးက ကားရပ်နားသောနေရာအား ငြိမ်သက်စွာ ကြည့်နေသည်။ သူ၏အနောက်က စားပွဲပေါ်တွင် အလွန်အရေးကြီးသော စာရွက်စာတမ်းများပါရှိသော ဖိုင်တွဲတစ်ခုရှိသည်။

…ဒေါက်…ဒေါက်…

သီးသန့်အခန်းတံခါးကို ခေါက်လိုက်ပြီး ဂူရှောင်ရွှဲ့သည် သိမ်မွေ့စွာ ဝင်လာသည်။ တွေဝေငေးမောနေရာမှ ဆတ်ကနဲ အသိပြန်ဝင်လာသော ထန်ဒေါင်ကို ကြည့်ကာ ပြုံးလိုက်ရင်း

“မစ္စတာထန် … ငါ့သူဌေး လာနေပြီ။ နာရီဝက်အတွင်း သူ ဒီကို ရောက်လာမယ်လို့ ထင်တယ်။”

"နာရီဝက်လေးပါပဲ … ငါ သူ့ကို ဒီမှာပဲ စောင့်လိုက်မယ်။" ထန်ဒေါင်က အပြုံးဖြင့် ပြောလိုက်သည်။

"ဒါနဲ့ ဂူရှောင်ရွှဲ့ … ငါတို့က နယ်ပယ်တူ စီးပွားရေးလုပ်ငန်း လုပ်နေကြတာဆိုတော့ ဖြစ်နိုင်ရင် သေချာတဲ့ ဧရိယာတစ်ခုခုမှာ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။”

"ဥပမာ…" ဂူရှောင်ရွှဲ့က ခပ်ဖွဖွ ပြုံးကာ မေးလိုက်သည်။

“သိတဲ့အတိုင်း ထာဝရခန်းမမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ငါ့ရဲ့ ပင်လယ်ကမ်းခြေရေလက်ကြား စံအိမ်က ဟင်းလျာတွေရဲ့ အဓိကပါဝင်ပစ္စည်းက သားရဲတွေရဲ့အသားဆိုတော့ ဖြစ်နိုင်ရင် မင်းဆီက ဝယ်လို့ရမလား။"

"မစ္စတာထန် … ကျေးဇူးပြုပြီး ဒီအကြောင်းပြောဖို့ သူဌေး ရောက်လာတဲ့အထိ စောင့်ပေးပါ။ သူဌေးက ရှင့်ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်။” ဂူရှောင်ရွှဲ့က အပြုံးဖြင့် တုံ့ပြန်သည်။

“ကောင်းပြီ။ ဒါဆို အရေးကြီးတဲ့ ဆွေးနွေးမှုပြီးရင် သူ့ကို ငါ ဒီအကြောင်း ပြောလိုက်မယ်။” ထန်ဒေါင်က တစ်ချက်ပြုံးပြီး ပြောလိုက်သည်။

****

ပေကျင်း … ယောင်မိသားစု၏နေအိမ်တွင်…

ယောင်ချင်းဇွင် စကားတစ်ခွန်းမှ မပြောဘဲ ခန့်ညားသော ပေါ်တွင် ဖြူဖျော့နေသောအသွင်ဖြင့် ထိုင်နေသည်။ တစ်ဖက်တွင် ယောင်ချန်းချင်သည် ဒေါသထွက်ဟန်ရှိသည်။ နဖူးတွင် သွေးကြောစိမ်းများ ထင်းနေပြီး သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ မျက်မှန်တပ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် တောင့်တင်းနေသော အမူအရာဖြင့် ခေါင်းငုံ့ကာ ဘေးတွင် ရပ်နေသည်။

နောက်ဆုံးတွင် ယောင်ချင်းဇွင်က အံကြိတ်ထားသော လေသံဖြင့် စကားစသည်။

"ထန်ကောရှန့်က အချိန်အတော်ကြာတဲ့အထိ အောင့်သက်သက်နဲ့ ငါတို့ကို တမင်တကာ မျက်နှာသာပေးထားခဲ့တာတွေအားလုံးက ဒီလို ကြီးမားတဲ့ အစီအစဉ်ကြီးကို လျှို့ဝှက်ကြံစည်ဖို့ပေါ့။ ဒီ့မတိုင်ခင် ငါက ထန်မိသားစုတဝိုက်မှာ ဖြစ်ပျက်သမျှကို သိမြင်နိုင်ခဲ့တော့ သူတို့ရဲ့ဘဝတံခါးကို ညွှန်ပြပြီး ထိန်းချုပ်ဖို့ ယုံကြည်ချက် ရှိခဲ့တယ်။ ထန်မိသားစုက အပေါ်ယံမှာ ဒီလို တမင်တကာ လုပ်ခဲ့တယ်ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။”

"ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ အဖေ။" ယောင်ချန်းချင်သည် ဒေါသအမျက်ထွက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“ယောက်သွားကျွန်းနဲ့ အနီးနားက ကျွန်းနှစ်ခုလုံးကို ထန်မိသားစုက အနိုင်ရသွားပြီဆိုတော့ ငါတို့မိသားစုရဲ့ အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့လိုက်ရပြီ။ နောက်ပြီး ချင်းထန်က အခုထိ ပျောက်ဆုံးနေပြီး ရှင်နေသလား၊ သေသလား၊ ဘယ်ရောက်နေတယ်လဲဆိုတာလည်း ငါတို့ မသိဘူး။ နောက်ပြီး သူ့ဆီမှာ ငါတို့အတွက် အလွန်အရေးကြီးတဲ့ စာရွက်စာတမ်းအချို့လည်း ရှိနေတယ်။”ယောင်ချင်းဇွင်က လက်သီးများကို တင်းတင်းဆုပ်ပြီး

"သူတို့က အဲ့ဒီကျွန်းကို ယူထားပြီးပြီဆိုတော့ ငါတို့က တခြားကျွန်းကိုပဲ ရွေးလို့ရတော့မယ်။ အခုချိန်က ထန်မိသားစုရဲ့အတိမ်အနက်ကို ငါတို့တွေ မခန့်မှန်းနိုင်တော့ဘူးဆိုတော့ သူတို့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ အချိန်တစ်ခုလောက်ထိ ဝေးဝေး နေရမယ်။ ငါတို့မိသားစုဝင်တွေ၊ ငါတို့နဲ့ ဆက်ဆံရေးကောင်းတဲ့ မိသားစုတွေအားလုံးဆီ ငါ့ရဲ့အမိန့်စာကို ပို့လိုက် … လာမယ့်ကာလတွေမှာ ထန်မိသားစုနဲ့ ထိပ်တိုက်မတွေ့သေးဘူးလို့။”

"အဖေ … ဒီကိစ္စကို ထည့်မတွက်ဘူးလို့ ကျွန်တော့်ကို မပြောနဲ့နော်။" ယောင်ချန်းချင်က မေးသည်။

"ဟမ့် … ဒီကိစ္စကို ဒီအတိုင်း ထားလိုက်ရင် ငါတို့သဘာ၀ မဟုတ်ဘူး။" ယောင်ချင်းဇွင်က အေးစက်စွာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှေ့မြောက်ပိုင်းက လူတစ်ယောက်ကို ငါ ဖိတ်ထားခဲ့လို့ သူ ပေကျင်းကို ရက်အနည်းငယ်အတွင်း ရောက်လိမ့်မယ်။ သူသာ ငါတို့ကို ကူညီနေသရွေ့ ထန်မိသားစု မပြောနဲ့ ထန်မိသားစု၁၀စုရှိရင်တောင် ငါတို့ကို တားနိုင်မှာမဟုတ်ဘူး။”

"အဖေ ဆိုလိုတာက... အာမာကျား သုံပေဟူလား။" ယောင်ချန်းချင် အံ့သြသွားသည်။

ယောင်ချင်းဇွင်က ခေါင်းညိတ်ပြရင်း

"အရင်တုန်းက သုံပေဟူရဲ့အသက်ကို ငါ တစ်ကြိမ် ကယ်တင်ခဲ့ဖူးတဲ့အတွက် သူ ငါတို့ကို မျက်နှာသာကြီး ပေးလိမ့်မယ်။ အစက ထန်မိသားစုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်မယ်ထင်လို့ ဒီကျေးဇူးကို အသုံးချဖို့ မလိုဘူးလို့ တွေးထားတာ။ ဒါပေမယ့် ထန်မိသားစုက ဒီလောက် နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေမယ်လို့ ထင်မထားမိဘူး။ ဒီကျေးဇူးကို အသုံးမပြုရင် သူတို့ကို မဆုံးမနိုင်ဘူးဆိုတာ သေချာတယ်။”

ယောင်ချင်းချန်၏အမူအရာသည် တုန်လှုပ်သွားပြီး “အဖေ … သုံပေဟူ လာမယ့်သတင်းကို အခြားမိသားစုတွေဆီရော ပို့ရဦးမလား။ သူ့ရဲ့အဟန့်နဲ့ဆိုရင် ကြားနေအုပ်စုတွေက ကျွန်တော်တို့မိသားစုဆီ စုရုံးလာလိမ့်မယ်။”

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လောလောဆယ် တိတ်တိတ်နေဦး။” ယောင်ချင်းဇွင် ခေါင်းယမ်းပြရင်း "ထန်မိသားစုကို ချေမှုန်းပြီးသွားရင် အဲ့ဒီအချိန်က သုံပေဟူရဲ့အကူအညီနဲ့ ငါတို့ လုပ်ခဲ့တယ်ဆိုတာ အခြားအင်အားစုတွေ သိသွားကြလိမ့်မယ်။ အဲ့လိုအချိန်ရောက်လာပြီဆိုရင် ငါတို့က သူနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာ သူတို့ သိသွားကြမှာဆိုတော့ ငါတို့ ထုတ်ပြောစရာမလိုဘဲနဲ့တောင် ငါတို့မိသားစုကို အဲ့ဒီကြားနေအင်အားစုတွေက ထောက်ပံ့လာလိမ့်မယ်။”

ယောင်ချန်းချင်သည် တခဏ အတွေးထဲသို့ နစ်မြုပ်သွားပြီးမှ အပြုံးဖြင့် ခေါင်းညိတ်ကာ “နားလည်ပါပြီ အဖေ။ အဖေ့ဆီမှာ ဒီလို သေစေလောက်တဲ့ ဝှက်ဖဲတစ်ချပ် ရှိဦးမယ်လို့ မထင်ခဲ့ဘူး။ အဲ့ဒီနောက် ထန်မိသားစုတော့ … ဟမ့်”

****

ကျင်းမန်ကျွန်း … ထာဝရခန်းမ…

ပြန်လာပြီးနောက် တခဏကြာသည်ထိ တိတ်ဆိတ်နေသော ဟန်ကျင်းဝူအား ထန်ရှုသည် သူ၏နားခိုရာနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ သူမနှင့် စကားပြောတော့မည့်ဆဲဆဲတွင် ထာဝရခန်းမ၏ အဓိကအဖွဲ့ဝင်တစ်ဦး ပြေးလာပြီး ထန်ဒေါင်က သူ့အား စောင့်နေကြောင်း အကြောင်းကြားလာသည်။

"ဆရာမဟန် … ကျွန်တော် လုပ်စရာတစ်ခု ရှိနေသေးလို့ အရင် အနားယူလိုက်ပါဦး။ ညစာစားချိန်မှ စကားပြောကြမယ်။"

ဟန်ကျင်းဝူ တခဏလောက် နှုတ်ဆိတ်နေရင်း

"နင် နောက်ဆို ငါ့ကို ဆရာမဟန်လို့ မခေါ်လို့မရဘူးလား။ ငါ့နာမည်က ဟန်ကျင်းဝူ၊ ငါနဲ့ရင်းနှီးတဲ့လူတွေကတော့ ကျင်းဝူလို့ခေါ်တယ်။"

ထန်ရှု မျက်ခုံးအနည်းငယ် တွန့်ချိုးသွားပြီးမှ ခေါင်းညိတ်ကာ

"ကျွန်တော် သိပါပြီ။"

ငါးမိနစ်-ခြောက်မိနစ်လောက် ကြာသောအခါ ထန်ဒေါင်ရှိသော အခန်းထဲသို့ သူ ရောက်လာသည်။ သူ့အား နှုတ်ဆက်လာသည့် ထန်ဒေါင်ကို အပြုံးဖြင့် ကြည့်ရင်း ထန်ရှုက

“ဦးလေးဒေါင် … ပေကျင်းက သတင်းရသေးလား။”

"သောက်ကျိုးနည်း … ဟားဟား … ငါ မင်းကို ဘာမှ ဖုံးကွယ်လို့ မရပါလားဟ။ မှန်တယ် … ငါတို့မိသားစုက ယောက်သွားကျွန်းနဲ့ အနီးနားကကျွန်းကို အောင်အောင်မြင်မြင် ရယူလိုက်နိုင်တယ်။ ပြီးတော့ အတည်ပြုထားတဲ့ တရားဝင်စာရွက်စာတမ်းတွေလည်း ငါတို့လက်ထဲ ရောက်လာပြီ။ ဟောဒီမှာ … စာရွက်စာတမ်းတွေ။ ဒီကျွန်းနှစ်ကျွန်းမှာ မင်း လုပ်ချင်တာ လုပ်လို့ရပြီလို့ ငါ လာပြောတာ။”

"ယောင်မိသားစုရဲ့တုံ့ပြန်မှု တစ်ခုခုရှိလား။" ထန်ရှုက မေးလိုက်သည်။

"သူတို့ ဘာလုပ်နိုင်မှာလဲ။ ငါတို့ မိသားစုက မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့တာပဲ။ ငါတို့ရဲ့ လူမှုဆက်ဆံရေးကွန်ရက်နဲ့အဆက်အသွယ်အားလုံးကို ဖွင့်ပြီး အတည်ပြုထားတဲ့ စာရွက်စာတမ်းတွေကို ရယူခဲ့တာလေ။ ယောင်တွေ ဒီအခြေအနေဆိုးကြီးကို နောက်ပြန်လှည့်ဖို့ လုပ်ရင်တောင်မှ သူတို့ ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။ ယောင်တွေရဲ့ အကြီးအကဲဟောင်းကြီးတော့ ဒေါသတွေ ငယ်ထိပ်တက်ဆောင့်နေလောက်ပြီ။”

နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားသည်အထိ ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြီး

"ကျွန်တော်တို့က သူတို့ရဲ့နှုတ်ခမ်းမွေးတွေကို တက်ဖြတ်ပြီးသွားပြီ ဆိုတော့ ယောင်မိသားစုရဲ့အကြီးအကဲ ဒေါသထွက်မှာ အသေအချာပဲ။ အခုချိန်လောက်ဆို သူတို့တွေ ကျွန်တော်တို့မိသားစုကို ပြန်လည်စစ်ဆေးနေလောက်ပြီလို့ ထင်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့မိသားစု လုပ်ရမယ့်အရာက ဘာကိုမဆို သတိထားပြီး တစ်ချိန်တည်းမှာပဲ ယောင်မိသားစုက ရှုံးမဲ မဲတာကို ကာကွယ်ဖို့ သတိထားဖို့လိုတယ်။”

ထန်ဒေါင်က ထန်ရှု၏စကားကို စိတ်ထဲတွင် မှတ်သားထားကာ ခေါင်းညိတ်လိုက်ရင်း

"ငါ သိတယ်။ ဒါကို ဦးလေးလည်း နားလည်မယ်လို့ ငါ ယုံတယ်။ ဒါပေမယ့် အကြီးအကဲတွေ ဆွေးနွေးကြအောင် မင်းမှာလိုက်တာတွေ အဖေ့ကို ပြောပြလိုက်မယ်။”

"ကောင်းပြီ။ ကျွန်တော်တို့ ဒီအကြောင်းအရာကို ထပ်မပြောတော့ဘူး။"

"ငါလည်း ဒီလိုပဲ တွေးတယ်။ ဒါနဲ့ … မင်းရဲ့ ထာဝရခန်းမမှာ ကျွမ်းကျင်သူတွေ အများကြီးပဲ။ အခွင့်အရေးရရင် ပင်လယ်ထဲမှာ အမဲလိုက်ဖို့ အချိန် နည်းနည်းလောက် ရှိလား။ ရိုးရိုးသားသားပြောရရင် ပင်လယ်ကမ်းခြေရေလက်ကြားစံအိမ်က သားရဲတွေရဲ့ အသားတွေက ရှားပါးလာလို့ ဝယ်လိုအားကို ပြည့်မီအောင် မဖြည့်နိုင်တော့ဘူး။ ဒီတော့ ပိုက်ဆံများများ ရဖို့ဆိုရင် မင်း စဉ်းစားကြည့် ….”

ထန်ရှုက တွေဝသွေားပြီးမှ ရယ်မောလိုက်ကာ ချက်ချင်း ပြန်ပြောလိုက်သည်။

“အဲ့ဒီအကြောင်းကို အလျင်စလို မပြောကြစို့ရဲ့။ အချိန်တစ်ခုလောက်စောင့်ပြီးရင် သားရဲတွေရဲ့ အသားပြဿနာကို အပြည့်အဝဖြေရှင်းနိုင်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ အမှန်တော့ ဒီကျွန်းနှစ်ကျွန်းကို ရယူဖို့ တမင် ကြံစည်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ဒီကျွန်းနှစ်ကျွန်းထဲက တစ်ကျွန်းပေါ်မှာ သားရဲရိုင်းတွေကို မွေးထားဖို့ပါပဲ။”

"မင်းပြောတာ ဘာ…" ထန်ဒေါင်လည်း အံသြသွားသည်။

…ရှားပါးတဲ့ သားရဲရိုင်းတွေ မွေးမြူဖို့ဆိုတာ ဖြစ်နိုင်ပါသလား။

"ဒီလောက်မလန့်သွားပါနဲ့ ဦးလေးဒေါင်။ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ ခွန်အားရှိသရွေ့ သန်မာတဲ့ သားရဲတွေကို မွေးနိုင်တယ်။ ကျွန်းကို ရှင်းလင်းတဲ့ကိစ္စပြီးရင် ဦးလေးကို ကျွန်တော်ကိုယ်တိုင် အလည်ခေါ်သွားမယ်။"

ထန်ဒေါင် တံတွေးတစ်ချက် မျိုချလိုက်ပြီး

"ရှုအာ … မင်းရဲ့လုပ်ရပ်က ရူးသွပ်လွန်းတယ် မင်း သိလား။ ဒါပေမယ့် အဲ့ဒီလိုသားရဲတွေကို တကယ် မွေးမြူနိုင်ရင်တော့ သိပ်ကောင်းတယ်။”

"ဒါနဲ့ ဦးလေးဒေါင် … ပင်လယ်ကမ်းခြေရေ လက်ကြားစံအိမ်က  စေလွှတ်ထားတဲ့ အဲ့ဒီလူတွေက လောလောဆယ် လေ့ကျင့်ရေးဆင်းနေတယ်။ သူတို့ရဲ့ စွမ်းအားတွေ မြန်မြန်ဆန်ဆန် တိုးလာဖို့ အချိန်သိပ်မကြာဘူးဆိုတာ သေချာပါတယ်။ ဦးလေးအတွက် အရေးကြီးဆုံးအလုပ်က ဦးလေးရဲ့လူတွေထဲက ယုံကြည်စိတ်ချရတဲ့လူတွေကို ရွေးပြီး ပြုစုပျိုးထောင်ဖို့ပဲလို့ ထင်တယ်။ ယောင်မိသားစုက သူတို့ရဲ့ လက်နက်ကိုင်အင်အားကို ချဲ့ထွင်ချင်နေတာဆိုတော့ ကျွန်တော်တို့မိသားစုလည်း နောက်ကျ ကျန်နေလို့မရဘူး။”

***

All Chapters