အပိုင်း (၁၃၆)
Vol. 10 Ch. 136
ရှစ်ဖုန့်က ယင်မိစ္ဆာ၏ အစွမ်းကိုအသုံးပြုကာ မြေအောက်ထဲသို့နက်ရှိုင်းစွာ ဝင်သွားလိုက်သည်။ မင်းသားလုံချန်၏ အိမ်တော်၌ သူပြန်ပေါ်လာရန်အတွက် အချိန်သိပ်ကြာကြာ မယူလိုက်ရချေ။
“ကောင်လေး ဘာတွေဖြစ်နေတာလဲ....အထွတ်အမြတ်ဓားက ဘယ်လိုဖြစ်ပြီးတော့ အဆင့်တက်သွားတာလဲ..မင်းအထွတ်အမြတ်
ဓားရဲ့ အစိတ်အပိုင်းကိုရခဲ့တာလား...ပြီးတော့လည်း မိစ္ဆာမျက်လုံးမျိုးနွယ်စုရဲ့ ရောင်ဝါကို ဘာလို့မင်းကိုယ်ပေါ်ကနေ ငါရနေတာလဲ..ဘာတွေဖြစ်ခဲ့တာလဲ..မင်းငါ့ကို
ရောဘာလုပ်ခဲ့တာလဲ..ဘာလို့ငါကအကြောင်းပြချက်မရှိ အသိဉာဏ်ကို ဆုံးရှုံးလိုက်ရတာလဲ”
ကောင်းကင်ဘုံမီးတောက်က ရှစ်ဖုန့်ကို မေးခွန်းများ တစ်သီတစ်တန်းကြီးမေးလိုက်သည်။
“ကောင်းပြီ...ခင်ဗျားကျုပ်ကိုလာပြီး မေးခွန်းတွေအများကြီးမေးနေတာပဲ..”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီတစ်ကြိမ်မှာ ဒီသခင်လေးက သွေးပန်းခက်ကလန်နဲ့တင်မဟုတ်ဖူး မိစ္ဆာမျက်လုံး ကလန်နဲ့ပါ ဆက်နွယ်သွားပြီ..”
ရှစ်ဖုန့်ကပြောလိုက်သည်။
သူ၏ နဖူးထက်ရှိ အက်ကွဲကြောင်းက ပွင့်ဟလာပြီး မီးခိုးရောင်သူငယ်အိမ်နှင့် မိစ္ဆာမျက်လုံးက ပြန်လည်၍ပေါ်လာသည်။
“တိုက်စားခြင်း မိစ္ဆာမျက်လုံး”
ကောင်းကင်ဘုံမီးတောက်က အလန့်တကြားအော်လိုက်သည်။
“ကောင်လေး မင်းတကယ်ကြီး ဒီ တိုက်စားခြင်း မိစ္ဆာမျက်လုံးကို ထိန်းချုပ်နိုင်ခဲ့တာပဲ..”
အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်က တတိယမိစ္ဆာမျက်လုံးဆီမှ မီးခိုးရောင် ချီတစ်ခုကို ပစ်လွှတ်လိုက်သည်။
သစ်ကိုင်းတစ်ခုပေါ်တွင်နားနေသော ငှက်တစ်ကောင်မှာ မီးခိုးရောင်ဓားချီ၏ ထိမှန်မှုကိုခံလိုက်ရပြီး ချက်ခြင်း မီးခိုးရောင်ရေအိုင်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
“တကယ့်ကို မိစ္ဆာဆန်တာပဲ”
မီးခိုးရောင်ရေအိုင်ကိုကြည့်ပြီး ရှစ်ဖုန့်ကပြော
လိုက်သည်။ ဤမိစ္ဆာမျက်လုံးနှင့်အတူ သူ့အနေဖြင့် တိုက်ပွဲအတွင်းတွင် နောက်ထပ် တိုက်ခိုက်နိုင်သောစွမ်းတစ်ခုအား အသုံးချနိုင်လိမ့်မည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်းအား ငြင်းဆန်မှုမပြုပေ။ သူ့၌ အရာခပ်သိမ်း၏ မူလဇစ်မြစ်သာ မရှိခဲ့လျှင် သူ့အနေဖြင့် မိစ္ဆာမျက်လုံး၏ ကိုယ်ကျိုးအတွက် ထိန်းချုပ်မှုကို ခံရလိမ့်မည်သာဖြစ်သည်။
သို့သော် အရာခပ်သိမ်း၏ မူလဇစ်မြစ် ထိန်းချုပ်မှုကို ခံရခြင်းက သူ့အား တော်တော်လေး မပျော်မရွှင် မသက်မသာမဖြစ်စေသည်။ သူ၏ သေခြင်းရှင်ခြင်းအား အမည်မသိ စွမ်းအားတစ်ခုက ထိန်းချုပ်နေသကဲ့သို့ပင်ဖြစ်သည်။ သို့သော်ထိုအရာ ကိစ္စတစ်ခုသာဖြစ်လေသည်။
အရာခပ်သိမ်း၏ မူလဇစ်မြစ်ကသာ သူ့ဝိညာဉ်အား ဖျက်ဆီးလိုခဲ့လျှင် သူ၏ လက်အား လှစ်ကနဲမှောက်ချည်လှန်ချည်လုပ်သကဲ့သို့ လွယ်လွန်းပေသည်။ တိုက်စားခြင်း မိစ္ဆာမျက်လုံး၏ ဝိညာဉ်ကိုပင်၎င်းက ဖျက်ဆီးခဲ့သေးသည်ဖြစ်သည်။
“မင်းအနေနဲ့ ထိန်းချုပ်တာမခံချင်ဘူးဆိုရင် အကြွင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားမှရမယ်..တစ်နေ့ကြရင် ငါမင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ပြီးတော့ မင်းကဘာလဲဆိုတာကို ကြည့်အုံးမယ်..”
ရှစ်ဖုန့်ကသူ့ကိုယ်သူလည်းပြောသလို သူ့ကိုယ်ထဲရှိ အရာခပ်သိမ်း၏ မူလဇစ်မြစ်ကိုလည်းပြောလိုက်သည်။ ထို့နောက်တွင် တိုက်စားခြင်း မိစ္ဆာမျက်လုံးအား အတွေးတစ်ချက်ဖြင့် ပြန်ပိတ်လိုက်၏။
ရှစ်ဖုန့်က မင်းသားချန်အိမ်တော်၏ ခန်းမအတွင်းသို့ လျှောင်လှမ်းဝင်သွားလိုက်သည်။ ရှစ်ဖုန့်အနေဖြင့် လုံချန်နှင့်လုံမုန့်တိုအား
ညဘက်တွက်မင်းသား ကျင်းလွေကို သွားတိုက်မည်ဟု ကတိပေးထားသည်ကို မေ့ထားခြင်း မရှိပေ။
“ကိုကြီးရှစ်ဖုန့်... ကိုကြီးပြန်လာပီပဲ..”
ရှစ်ဖုန့်ခန်းမအတွင်းသို့ရောက်သော အခါတွင် လုံချန်နှင့်လုံမုန့်တို့ နှစ်ယောက်လုံး ရှိနေသည်ကိုတွေ့လိုက်ရသည်။လုံမုန့်က ရှစ်ဖုန့်ပြန်လာသည်ကိုတွေ့သော အခါတွင် အလျှင်အမြန် သူ့ကိုနှုတ်ဆက်လေသည်။သူမ၏ ချစ်စရာမျက်နှာလေးထက်တွင် မျှော်လင့်စောင့်စားမှုများဖြင့်ပြည့်နေသည်။
“မင်းအဆင့်သင့်ပဲလား”
ရှစ်ဖုန့်က ကောင်မလေးကိုမေးလိုက်သည်။
လုံမုန့်က သူမလက်သီးတို့ကိုဆုပ်ကာ လေထဲသို့နှစ်ချက်ဆင့်ထိုးလိုက်ပြီး ပြောလိုက်သည်။
“ညီမလေးဒါကိုစောင့်နေတာ တော်တော်ကြာနေပြီ”
ရှစ်ဖုန့်က ပြုံးလိုက်ပြီး လုံချန်ကိုကြည့်ကာမေးလိုက်သည်။
“အိမ်ရှေ့စံမင်းသားဘယ်မှာနေတယ်ဆိုတာကိုမင်းရှာတွေ့ပြီလား”
“အင်း”
လုံချန်က ခေါင်းညိမ့်ပြီးပြုံး၍ပြောလိုက်သည်။
“လုံရှင်းရဲ့အိမ်တော်ထဲမှာနေတာက အကောင်းဆုံးပေါ့”
ရှစ်ဖုန့်ကလည်းရယ်လိုက်ပြီးပြောလိုက်သည်။
“ဂုဏ်သရေရှိမင်းသားကျင်းလွေကို ငါတို့က အိမ်မက်ဆိုးတစ်ခုကိုပေးရတာပေါ့”
“ဟီးဟီး..ကိုကြီးရှစ်ဖုန့် ကိုကြီးက အရမ်းကိုဆိုးတာပဲ..ဒါပေမဲ့ ကိုကြီးရဲ့ အဲ့ဆိုးတဲ့အခြမ်းကို ညီမလေးသဘောကျတယ်”
ရှစ်ဖုန့်ဆွံ့အသွားသည်။
“……..”
အင်ပါယာနန်းတော်ထဲရှိ စာကြည့်ခန်းထဲတွင် အိုမင်းသောဒေါသတကြီးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“ဘယ်သူလုပ်ခဲ့တာလဲ..ဘယ်သူလုပ်ခဲ့တာလဲကွ..ငါသူ့တစ်မိသားစုလုံးကိုသတ်ပစ်မယ်.သူ့ရဲ့ဆွေစဉ်မျိုးဆက် ကိုးခုလုံးကို ငါသတ်ပစ်မယ်ကွ”
ယွင်လိုင်အင်ပါယာ၏ ဧကရာဇ်ဖြစ်သူ လုံအောင်းမှာ ပုလ္လင်ထက်တွင်ထိုင်နေပြီး သူ့၏ ဖြူဖျော့နေသောမျက်နှာထက်တွင် ဒေါသတို့ဖြင့်ပြည့်နေသည်။နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများက ဘေးဘက်တွင် ရပ်ကာ သူတို့၏ခေါင်းများကို ငုံ့ထားကြပြီး အသံပင်ထွက်ရဲခြင်းမရှိကြချေ။
ရုတ်တရက် စွမ်းအားကြီးရောင်ဝါတစ်ခုက လုံအောင်း၏ ကိုယ်မှ ထွက်ပေါ်လာသည်။
“အား”
လုံအောင်းနှင့်အနီးဆုံးတွင်ရှိနေသော အပျိုတော်တစ်ယောက်မှာ စွမ်းအားကြီးရောင်ဝါ၏ သက်ရောက်မှုကို ခံလိုက်ရသောအခါတွင် တုန်လှုပ်စွာဖြင့်အော်လိုက်သည်။ သူမ၏ခြေထောက်တို့ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွားသည်။
“အိမ်း”
လုံအောင်းက မျက်ခုံးပင့်ကာ နန်းတွင်းအပျိုတော်ကိုကြည့်လိုက်သည်။ ထို့နောက်တွင် နန်းတွင်း အပျိုတော်များနှင့် မိန်းမစိုးများမှာ လုံအောင်းထံမှာပြင်းထန်သောရောင်ဝါကိုခံစားလိုက်ကြရသည်။ ၎င်းတို့အနေဖြင့် အသက်ရှူရန်ပင်ခက်ခဲလာကြသည်။
ကောလဟာလများအရ ဧကရာဇ်လုံအောင်းမှာ နောက်ဆုံးအဆင့်ဖျားနာမှုဖြစ်နေပြီးသေတော့မည့်သူဟုဆိုကြသော်လည်း သူ့အနေဖြင့် ဤကဲ့သို့ ပြင်းထန်သော ရောင်ဝါမျိုးကိုထုတ်လွှတ်နိုင်ဆဲဖြစ်သည်။
“အသုံးမဝင်တဲ့ အမှိုက်တွေ”
လုံအောင်းက ဤနန်းတော် အပျိုတော်များနှင့် မိန်းမစိုးများကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်တွင် လုံအောင်းကို ဗဟိုပြု၍ သိပ်သည်းသော မီးခိုးရောင်မြူများက ဦးတည်ချက်အနှံ့သို့ပျံ့နှံ့ထွက်လာသည်။ ဒါဇင်ခန့်ရှိသော နန်းတွင်းအပျိုတော်နှင့်မိန်းမစိုးများမှာ လုံအောင်း၏ ကိုယ်မှ မီးခိုးရောင်မြူများရုတ်တရက်ထွက်လာသည်ကိုတွေ့လိုက်ကြရသည်။ သူတို့၏ မျက်နှာထက်တွင် အပြင်းအထန် တုန်လှုပ်ကြောက်ရွံ့မှုများဖြင့်ပြည့်နေသည်။
မီးခိုးရောင်မြူထဲတွင် သူတို့အနေဖြင့် အသံပင်တစ်သံမထွက်လိုက်ရပေ။ ဒါဇင်နှင့်ချီသော လူများမှာ မီးခိုးရောင်အရည်အိုင်တစ်ခုအဖြစ်ပြောင်း
လဲသွားကြသည်။
အကယ်၍ ရှစ်ဖုန့်သာ ဤနေရာ၌ ရှိနေလျှင် လုံအောင်းကိုယ်မှထုတ်လွှတ်သော မီးခိုးရောင်မြူမှာ မိစ္ဆာမျက်လုံး၏ တိုက်စားခြင်းစွမ်းအားဖြစ်ကြောင်းကို သေချာပေါက်သိလိမ့်မည်ဖြစ်သည်။
ဒါဇင်နှင့်ချီသော နန်းတွင်းအပျိုတော်များနှင့်မိန်းမစိုးများကိုသတ်ပြီးသည့်နောက်တွင် အခန်းအတွင်းတွင်ပြည့်နှက်နေသော တိုက်စားခြင်းမီးခိုးရောင်မြူများက လုံအောင်း၏ ကိုယ်အတင်းသို့ လျှင်မြန်စွာပြန်စုစည်းသွားကြသည်။
“မာသဲဖူ”
လုံအောင်းကအော်လိုက်သည်။
ထိုအချိန်တွင် အင်ပါယာစာကြည့်ခန်း၏ နီညိုရောင်တံခါးဖြည်းဖြည်းချင်းတွန်းဖွင့်ခံရ
၍ပွင့်လာသည်။ အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေးတို့မရှိပဲ အဖြူရောင်မျက်နှာဖြင့် တစ်မူထူးခြားသော ကုန်းကုန်းအိုကြီးက လုံအောင်းထံသို့လျှောက်လာပြီး ဦးညွှတ်ဂါရဝပြုလိုက်သည်။
“အရှင်မင်းကြီး ဒီအစေခံ ရောက်ရှိလို့လာပါပြီ”
“တိုက်စားခြင်းတောအုပ်နယ်မြေ အပြင်ဘက်မှာ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အင်ပါယာ အစောင့်တွေတွေ့ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးက ဘယ်သူတွေလဲဆိုတာကို စုံစမ်းပါ. သူတို့ကဘယ်သူတွေပဲဖြစ်နေပါစေ ကိစ္စမရှိဘူး ..ငါသူတို့တွေ ဆိုးဆိုးရွားရွားသေဆုံးသွားတာကို လိုချင်တယ်.မိစ္ဆာဖိနှိပ်ကျော်ပြား ပျက်ဆီးသွားတာနဲ့ တိုက်စားခြင်းမျက်လုံးပျောက်ဆုံးသွားတာက သူတို့နဲ့ ပက်သက်နေတာပဲဖြစ်ရမယ်”
“တိုက်စားခြင်းမျက်လုံးက ဘယ်မှာရှိနေတာလဲဆိုတာကိုလည်းဖြစ်နိုင်သမျှမြန်မြန်စုံစမ်းထား..တိုက်စားခြင်းစွမ်းအင်မရှိ
ပဲနဲ့ ဘယ်လိုလုပ်ပြီး အနာဂတ်မှာ ငါ တိုက်စားခြင်းစွမ်းရည်တွေကိုကျင့်ကြံလို့ရ
မှာလဲ”
လုံအောင်းက အော်ဟစ်ပြောဆိုလိုက်သည်။
“ဟုတ်..ဟုတ်ကဲ့”
“ကျွန်တော်မျိုးအကောင်းဆုံးကြိုးစားလုပ်
ဆောင်ပါ့မယ် အရှင်မင်းကြီး.. ကျေးဇူးပြုပြီး စိတ်ချလက်ချ အနားယူတော်မူပါ…တပ်မှူးလုက တိုက်စားခြင်းတောအုပ်မှာပေါ်လာခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ပုံတူပန်းချီဆွဲပြီးတော့ ဖော်ပြ အတည်ပြုပြီးပါပြီ ..ဒါဟာမကြာခင်ပြီးဆုံးသွားမယ်လို့ကျွန်
တော်မျိုးယုံကြည်ပါတယ်”
ကုန်းကုန်းအိုကြီး မာသဲဖူက ပြောလိုက်သည်။
“ငါ့ရဲ့ ကောင်းကျိုးမပေးတဲ့ သားတွေကိုလည်းလက်တလောဘာလှုပ်ရှားမှုအသစ်တွေလုပ်နေလဲဆိုတာကို မျက်လုံးဒေါက်ထောက်ကြည့်ထား…ဟမ့်..ငါကတိုက်စားခြင်း အစွမ်းကို ကျင့််ကြံနေတာကို သူတို့ကငါ့ကို နာမကျန်းဖြစ်ပြီးတော့ကုသလို့မရတော့ဘူးလို့ထင်နေကြတယ်..သူတို့အားလုံးက ငါသေသွားမှာကိုမျှော်လင့်နေကြတာ အဲ့တာမှသာ ငါ့မြေကိုသူတို့ရမှာလေ.သူတို့အားလုံးသာ သေရင်သေသွားမယ်..ငါကတော့သေမှာမဟုတ်ဖူး”
ဆိတ်ငြိမ်သော ညအခါသမယတွင် ကြယ်များက ကောင်းကင်ထက်နှင့် စိန်ပွင့်လေးများနှင်လင်းလက်နေကြသည်။ အင်ပါယာမြို့တော်အတွင်းရှိအိမ်တိုင်းမှာ တံခါးများကိုပိတ်ထားကြပြီး မီးအိမ်များကိုမှိတ်ကာ အနားယူနေကြပြီဖြစ်လေသည်။
ယွင်လိုင်အင်ပါ၏ ပထမမင်းသားဖြစ်သူ ရှင်းအိမ်တော်၏ မနီးမဝေးရှိ လက်ဖက်ရည်ဆိုင်ခေါင်မိုးပေါ်တွင် အနက်ရောင်ပုံရိပ်သုံးခုက ရပ်နေကြသည်။
သူတို့သုံးယောက်လုံးမှာညဝတ်စုံအနက်များကိုဝတ်ဆင်ထားကြပြီးမျက်နှာတို့ကိုလည်း အနက်ရောင်ခေါင်းစည်းများဝတ်ကာ ဖုံးကွယ်ထားသည်။ သူတို့ထဲကနှစ်ယောက်မှာအရပ်မြင့်မြင့်ဖြစ်
ကြပြီး တစ်ယောက်ကတော့ ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ကျစ် လစ်သည်။
“ဟီးဟီး ကိုကြီး ..ကိုကြီးကိုဒီဝတ်စုံနဲ့ မြင်လိုက်ရတိုင်းညီမလေးတော့ အရမ်းရယ်ချင်တာပဲ”
ညအမှောင်ထုအောက်ရှိ ကျစ်လစ်သေးသွယ်သောခန္ဓာကိုယ်ပိုင်ရှင်က တခစ်ခစ်ရယ်မောနေသည်။
“မဆင်မခြင်မနေစမ်းနဲ့ “
လုံချန်က ဒေါသထွက်ဟန်ဆောင်ပြီး ပြောလိုက်သည်။ ထို့နောက်သူက ရှစ်ဖုန့်ကို မေးလိုက်၏။
“သခင်လေးဖုန့် ငါတို့တွေ ဒီနေရာမှာပဲ ရပ်နေကြပြီးတော့ဘာမှမလုပ်တော့ဘူးလား”
“အလျှင်မလိုနဲ့”
ရှစ်ဖုန့်ကထူးမခြားနားစွာပြောလိုက်သည်။
“ငါအဲ့သူငယ်ချင်းအိုကြီးအတွက် တမင်တကာရည်ရွယ်ပြီး ငါးစားကိုလွှတ်ထားတယ်…သူမကြာခင်ငါတို့ကိုလာပြီးရှာလောက်တယ်”
“ငါးစာ ဟုတ်လား…ကိုကြီးရှစ်ဖုန့်ဘာငါးစာလဲ..ကိုကြီးခုဏက ခဏလေးထွက်သွားတယ်မလား…ဘာ
လုပ်ခဲ့တာလဲ”
လုံမုန့်က ရှုပ်ထွေးနေသောအမူအယာဖြင့်မေးလိုက်သည်။
ရှစ်ဖုန့်က လုံမုန့်၏မေးခွန်းကိုပြန်ပြီးမဖြေပေ။ထိုအစားသူကပြောလိုက်သည်။
“မင်းရောက်လာပြီပဲ…မင်းသားချန် ကျေးဇူးပြုပြီး မင်းရဲ့ လက်အောက်ငယ်သားအသစ်ကိုလက်
ခံလိုက်ပါ”
ရှစ်ဖုန့်စကားပြောပြီးသောအခါတွင် ညကောင်းကင်ယံအောက်၌ အနက်ရောင်ပုံရိပ်တစ်ခုက သူတို့ဆီသို့လျှောက်လှမ်းလာနေသည်။ သူကအနက်ရောင်ကိုဝတ်ဆင်ထား၏။ ထိုသူမှာ ထျန်းမြောင်အင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်သူ ကျင်းလွေ၏ နောက်၌ ရပ်နေခဲ့သောသိုင်းပညာရှင် ဝူရှောင်းယွင်ပင်ဖြစ်လေသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISEA