အပိုင်း (၁၃၇)
Vol. 10 Ch. 137
“သခင်လေးဖုန့် တကယ်ပဲဒီလူဝူရှောင်းယွင်ကို သခင်လေးထိန်းချုပ်နိုင်တယ်ဆိုတာသေချာရဲ့လား”
လောလောဆယ်တွင် လုံချန်အနေဖြင့် ရှစ်ဖုန့်အား အခိုင်အမာယုံကြည်ထားသော်လည်း ဝူရှောင်းယွင်အား ထိန်းချုပ်ရန်ဖြစ်လာချိန်တွင်တော့ ရှစ်ဖုန့်၏ စကားများအပေါ်တွင် အနည်းငယ်သံသယဝင်မိသည်။ ၎င်းအားထိန်းချုပ်မည်ဟုဆိုခြင်းထက် သတ်ပစ်မည်ဟုပြောခြင်းကပင်ပို၍ ကောင်းမွန်သည်။ထိုအတိုင်းသာဆိုပါက လုံချန်အနေဖြင့်လည်းရှစ်ဖုန့်ကိုယုံကြည်နိုင်စွမ်းရှိလိမ့်မည်သာဖြစ်သည်။
“ဘယ်တုံးက ဒီသခင်လေးက ကိုယ်ကိုယ်ကိုယ် အယုံအကြည်မရှိပဲ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေကိုပြောဖူးလို့လဲ”
ရှစ်ဖုန့်က တန်ပြန်မေးခွန်းဖြင့်ပြန်ဖြေလိုက်သည်။
“ဒါက….”
လုံချန်ဂရုတစိုက်ဖြင့်တွေးလိုက်သည်။ တကယ့်ကိုလည်းထိုသို့သော ကိစ္စမျိုးမရှိခဲ့ပေ။ သူရှစ်ဖုန့်နှင့်တွေ့ဆုံလိုက်သည့်အချိန်တိုင်းက ၎င်းက သူ့ကိုယ်သူအရှက်မရှိ ကိုယ်ရည်သွေးနေသည်ဟုခံစားခဲ့ရသော်လည်း ရှစ်ဖုန့်က သူ၏ ကတိများကို ဖြည့်ဆည်းပေးခဲ့သည်ချည်းသာဖြစ်သည်။
ဝူရှောင်းယွင်က ရှစ်ဖုန့်နှင့် တစ်ခြားနှစ်ယောက်တို့နားသို့ချဉ်းကပ်လာပြီး သူတို့၏ အပေါ်ဘက်လေထဲ၌ ရပ်တန့်လိုက်သည်။ ၎င်းကသူတို့အားမတိုက်ခိုက်ပေ။ ထိုအစားသူကခေါင်းငုံ့ကာ အနက်ရောင်ဝတ်ဆင်ထားသော လူသုံးယောက်ကိုကြည့်လိုက်သည်။
သူကထူမခြားနားသောပုံစံဖြင့်ပြောလိုက်သည်။
“ဒီတော့မင်းတို့ကောင်တွေပေါ့ “
ယင်းမှာ သူ လူသုံးယောက်အား မည်သူမည်ဝါဆိုသည်ကို ဖောက်ထွင်းမြင်ရသကဲ့သို့ပြောခြင်းဖြစ်လေသည်။
“ဒီသခင်လေးကပဲ မင်းကိုဒီနေရာကိုလာဖို့တောင်းဆိုလိုက်တာ”
ရှစ်ဖုန့်က သူ့မျက်နှာဖုံးကိုချွတ်လိုက်ပြီး..ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။ သူက ဝူရှောင်းယွင်ကိုပြောလိုက်သည်။
“မင်းလိုချင်တဲ့အရာကိုလိုချင်တာဆိုရင် ဒီသခင်လေးရဲ့အပေါ်မှာရပ်မနေနဲ့”
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ဝူရှောင်းယွင်က ဆင်းသက်လာပြီး ရှစ်ဖုန့်၏ ရှေ့တွင်ရပ်လိုက်သည်။ သူ၏ အမူအယာကတော့ပြောင်းလဲမှု မရှိဖြစ်နေဆဲပင်ဖြစ်သည်။သူကပြောလိုက်
သည်။
“မင်းမှာတကယ်ပဲအဲ့တာရှိတာလား”
“ဒါပေါ့ “
ရှစ်ဖုန့်က ပြောလိုက်သည်။
“မင်းလိုချင်တဲ့ အခြေအနေတွေကဘာလဲ”
ဝူရှောင်းယွင်ကမေးလိုက်သည်။
“ဒီသခင်လေးဆီမှာ သစ္စာခံပြီး သခင်လေးရဲ့ အစေခံလုပ်ပါ့မယ်လို့ကျိန်ဆို”
ရှစ်ဖုန့်ကပြောလိုက်သည်။
“မင်း”
ဝူရှောင်းယွင်၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။
ထို့နောက်တွင်ချက်ခြင်း ထူမခြားနားသောအသွင်ပြန်ဖြစ်လာသည်။
“မင်းမှာအဲ့တာတကယ်ရှိတယ်ဆိုရင် မင်းကိုသစ္စာခံပါ့မယ်လို့ငါကျိန်ဆိုနိုင်တယ်..မင်းငါ့ကိုလာပြီးလိမ်နေတာဆိုရင်တော့ ဒီညမင်းတို့အားလုံးအသက်ရှင်ရမှာမဟုတ်ဖူး”
ရှစ်ဖုန့်နှင့်ဝူရှောင်းယွင်တို့ကြားရှိစကားများကို
ကြားရသောအခါတွင် လုံချန်နှင့်လုံမုန့်တို့မှာစိတ်ရှုပ်ထွေးသွားရသည်။ မည်သို့သောအရာကများ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်ဖြစ်သူ ဝူရှောင်းယွင်အား အစေခံတစ်ယောက်ဖြစ်သစ္စာခံရန် ကျိန်ဆို နိုင်စေပါသနည်း။
ထို့နောက်တွင် ရှစ်ဖုန့်၏ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော အသံကို သူတို့ကြားလိုက်ရသည်။
“မပျော်မရွှင်ဖြစ်မနေနဲ့ ..မင်းသာဒီသခင်လေးအတွက် အခုအသုံးဝင်မနေဘူးဆိုရင် ဒီသခင်လေးကမင်းကို အစေခံအနေနဲ့တောင်ခေါ်မှာ မဟုတ်ဖူး..နောင်နှစ်အနည်းငယ်နေရင် မင်းလိုမျိုးအင်ပါယာနယ်ပယ်တစ်ယောက်က တောင် ဒီသခင်လေးရဲ့ ဖိနပ်ကိုသယ်ဖို့ အတွက် အရည်အချင်းမမှီဘူး
…မင်းမျက်လုံးတွေကိုဖွင့်ပြီးတော့ သေချာဂရုတစိုက်ကြည့်ထား”
ရှစ်ဖုန့် စကားပြောပြီးမကြာခင် သူ၏လက်ထဲတွင် ရွှေရောင်လှံတစ်ချောင်းသူ့လက်ထဲတွင်ပေါ်လာသည်။ ၎င်းမှာ ရှစ်ဖုန့်အနေဖြင့် ကျင်းဖမ်းအိမ်တော်၏ မင်းသားလေး ကျင်းလင်းကို သတ်တုံးကရရှိခဲ့သော လှံပင်ဖြစ်သည်။
ရှစ်ဖုန့်ကသူ့လက်ထဲသို့ လှံရောက်ပြီးပြီးချင်း စတင်၍ ဝေ့ယမ်းလိုက်သည်။အမှောင်ထုထဲတွင် လှံရိပ်များကပေါ်လာခဲ့ပြီး ထိုလှံရိပ်များဆီမှ အေးစက်သောရေခဲချီလှိုင်းတို့ကို ထုတ်လွှတ်နေသည်။
လှံရိပ်များဆီမှ ထုတ်လွှတ်နေသော အေစိမ့်ရေခဲချီများကို ဝူရှောင်းယွင်ခံစားမိသည်။ လှံကိုဝေ့ယမ်းကာ ကစားပြနေသော ရှစ်ဖုန့်ကိုကြည့်ပြီး သူစိတ်လှုပ်ရှားလာသည်။
“ဟုတ်တယ်…ဟုတ်တယ်..ဒါက အံ့ဖွယ် ရေခဲလှံပညာရပ်ပဲ..ဒါကတကယ့်ကို အံ့ဖွယ် ရေခဲလှံပညာရပ်ပဲ ..မမှားနိုင်ဘူး”
ဘေးတွင်ရပ်နေသောလုံချန်မှာ ဝူရှောင်းယွင်၏ တည်ညိမ်နေသော မျက်နှာက ရုတ်တရက် စိတ်လှုပ်ရှားမှုအဖြစ်ပြောင်းသွားသည်ကိုတွေ့ရသော အခါတွင် ရှစ်ဖုန့်၏ သိမ့်မွေ့လှသော လှံပညာ ရပ်မှာ ၎င်းတို့အစောပိုင်းကပြောနေသော အရာဖြစ်ကြောင်းကို သူသိလိုက်သည်။ ၎င်းမှာ ဝူရှောင်းယွင်လိုအပ်နေသော အရာဖြစ်သည်။ ဤလှံပညာရပ်အတွက် ဝူရှောင်းယွင်မှာ ရှစ်ဖုန့်၏ စေခံတစ်ယောက်ဖြစ်လာရန်ပင် ဆန္ဒရှိနေသည်။
ရှစ်ဖုန့်ကိုကြည့်၍ လုံချန်မှာသူ့ဟာသူတီးတိုးရေရွတ်လိုက်သည်။
“ဒီမွန်းစတားကတော့ ဘယ်လိုဖြစ်ပြီး အရာအားလုံးကိုအမှန်တကယ်ကို
သိနေရတာလဲ”
ထို့နောက်တွင် ဝူရှောင်းယွင်က အစိမ်းရောင်လှံရှည်တစ်ချောင်းကိုထုတ်
လိုက်ပြီး ရှစ်ဖုန့်’၏ လှုပ်ရှားမှုအတိုင်းလိုက်ပါ ဝေ့ယမ်း၍ ကစားလိုက်သည်။ ထို့နောက်တွင် ဝူရှောင်းယွင်၏ ဝေ့ယမ်းမှုမှလည်း လှံရိပ်များပေါ်လာပြီး အေးစိမ့်ရေခဲချီများကိုထုတ်လွှတ်နေသည်။
ဝူရှောင်းယွင်က သူနှင့်အတူယှဉ်တွဲ၍ လှံကိုဝေ့ယမ်းနေသည်ကို မြင်ရသောအခါတွင် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လှုပ်ရှားမှုတို့ကိုရုတ်တရက် ရပ်တန့် ပစ်လိုက်သည်။
“ဘာ..ဘာလို့မင်းဆက်ပြီး မကစားပြတော့တာလဲကွ”
ဝူရှောင်းယွင်က ရှစ်ဖုန့်ကိုကြည့်ကာ အမောတကောမေးလိုက်သည်။
“မင်းဘယ်လိုထင်လဲ..ငါတို့တွေလိုအပ်တဲ့ အခြေအနေတွေကို အခုဖြည့်ဆည်းကြတော့မလား”
ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုကြည့်ကာပြောလိုက်သည်။
“ဟီးဟီး..ဟီးဟီးဟီး…ဟားဟားဟား”
ရှစ်ဖုန့် ၏စကားအားကြားလိုက်ရသောအခါတွင် ဝူရှောင်းယွင်မှာ ရုတ်တရက်ပေါက်ကွဲမတက်ရယ်မောလေသည်။
“အရူး ဘာလို့ငါက မင်းလိုမျိုး အဆင့်နိမ့် သိုင်းပညာရှင်လေးတစ်ယောက်ဆီမှာ သစ္စာခံပါမယ်ဆိုပြီးကျိန်ဆိုရမှာလဲ …ဟားဟား မင်းဟာမင်းငါ့ကို လာပြီးကမ်းလှမ်းတာလေ ..အံ့ဖွယ်ရေခဲလှံပညာရပ်ကို ငါ့ဆီကိုလက်လွှဲပေးလိုက်..အဲ့တာဆိုမင်းဒုက္ခတွေလျော့နည်းသွားမယ်…အဲ့လိုမှမဟုတ်ရင် ဒီအရှင်က မင်းကိုဖမ်းပြီးတော့ ပြင်းပြင်းထန်ထန်ကို နှိပ်စက်ရလိမ့်မယ်”
“အာ”
ဝူရှောင်းယွင်၏ စကားအားကြားလိုက်ရသောအခါတွင် လုံချန်၏အမူအယာမှာရုတ်တရက် ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားရသည်။ သူက ဝူရှောင်းယွင်ကို လက်ညှိုးထိုး၍အော်ပြောလိုက်သည်။
“ဝူရှောင်းယွင် ခင်ဗျားတကယ်ပဲ ခင်ဗျားစကားကိုပြန်ရုတ်သိမ်းပြီးတော့ ပေးထားတဲ့ကတိကို မစောင့်ထိန်းပဲနေချင်တာလား”
“ဟားဟားဟား”
ဝူရှောင်းယွင်က လုံချန်၏ စကားအားကြားလိုက်ရသောအခါတွင် ဟာသတစ်ခုအားကြားလိုက်ရသကဲ့သို့ဖြစ်သွားသည်။
“အမှိုက်အင်ပါယာရ့မင်းသားလေး ဒီအံ့ဖွယ်ရေခဲလှံပညာရပ်က ငါ့အတွက် ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကိုသိလား ..ငါ့စကားကိုပြန်ရုတ်သိမ်းတာလား….ကတိကိုမစောင့်ထိန်းတာလား အဲ့တောဘာဖြစ်လဲ..မင်းတို့နှစ်ယောက်တည်းနဲ့လား..ကြယ်လေးပွင့်အင်ပါယာနယ်ပယ်
တစ်ယောက်ကို အမှောင်ထုထဲမှာ ပုန်းအောင်းခိုင်းထားတော့ရော မင်းတို့ငါ့ကိုဘာလုပ်နိုင်မှာမို့လဲ”
ဝူရှောင်းယွင်၏ မျက်နှာထက်တွင် အထင်သေးမှုများဖြင့်ပြည့်နေသည်။
ဝူရှောင်းယွင်ပြောနေသော ကြယ်လေးပွင့်အင်ပါယာနယ်ပယ်မှာ အင်ပါယာအကြံပေးဆရာသခင်နလန်ယွမ်၏ အိမ်တော်တွင် လွန်ခဲ့သောအချိန်တစ်ချို့က အဆင့်ချိုးဖြတ်တက်လှမ်းခဲ့သော ယဲ့ဝူရှင်းပင်ဖြစ်သည်။လုံချန်မှာတစ်ခုခုဖြစ်ပျက်လာမည်ကိုစိုးရိမ်သည် ထို့ကြောင့် ယဲ့ဝူရှင်းအား အမှောင်ထုထဲတွင် နေရာချထားရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
“အားယား..ကိုကြီးရ ဒီလိုမျိုးအရေထူတဲ့သူတွေကို စကားနဲ့ပြောနေလို့ အသုံးမဝင်ဘူးရယ်”
လုံမုန့်က လုံချန်၏ ဘေးမှနေ၍ပြောလိုက်သည်။
“အဲ့တာက တကယ်ကိုအသုံးမဝင်တာ”
ရှစ်ဖုန့်က ခေါင်းညိမ့်ကာ လုံမုန့်၏ အကြံကိုထောက်ခံလိုက်သည်။
စကားပြောနေရင်း သူ၏ မျက်နှာထက်ရှိလှောင်ပြုံးမှာပို၍ ကြီးမားလာသည်။
“ငါကသူ့ကို လူတော်တစ်ယောက်လို့ထင်ခဲ့တာ ဒါပေမဲ့ တကယ့်လက်တွေ့ကျ သူက တကယ်ကို အရူးတစ်ယောက်ပဲ သူကတကယ့်ကိုဒီသခင်လေးရှေ့လာပြီး ဉာဏ်ကစားတာကိုလာလုပ်ရဲတယ်”
ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“မင်းက ရေခဲမီးလှံပညာရပ်ကိုကျင့်ကြံထားတဲ့သူပဲ..
ဒါပေမဲ့ မင်းဟား မီးလှံပညာရပ်ကိုပဲရရှိခဲ့တာ ..ရေခဲမီးလှံပညာရပ်က ရေခဲနဲ့မီးကို အတူတကွ ကျင့်ကြံရတယ်ဆိုတာကို မင်းမသိခဲ့ဘူး..ဒါကြောင့် မင်းဟာ မီးကိုပဲကျင့်ကြံခဲ့တယ် ..မင်းရဲ့ကိုယ်ဟာ တန်ပြန်မှုတွေကိုခံစားရပြီး မင်းရဲ့ အတွင်းအင်္ဂါတွေကလည်း ပြင်းထန်တဲ့မီးတောက်ကြောင့် တစ်ချိန်လုံးလောင်ကျွမ်းခံနေရတယ်….အဲ့တာက သေတာထက်တောင်ဆိုးတဲ့ကံကြမ္မာတစ်ခုပဲ…အဲ့ထက်ဆိုးတာက ရေခဲလှံပညာရပ်ရဲ့ အကူအညီကိုသာမရဘူးဆိုရင် မင်းသေချာပေါက် လောင်ကျွမ်းမှုကြောင့်တစ်နှစ်အတွင်းမှာသေရလိမ့်မယ်”
“ဟမ့်..အဲ့တော့ဘာဖြစ်လဲ.”
ဝူရှောင်းယွင် က အေးစက်စွာနှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“ငါက အစကတည်းက ငါ့ကံကြမ္မာကိုငါကြိတ်မှိတ်လက်ခံထားပြီးသား ဒါပေမဲ့ဒီညမှာမင်းဟာမင်းအဲ့တာကိုငါ့ဆီ အိမ်တိုင်ရာရောင်ကိုယ်တိုင်လာပို့ပေးတာ..
ကောင်းကင်ဘုံက တကယ်ပဲငါ့ကို မသေစေချင်သေးဘူး..ထျန်းမြောင်အင်ပါယာထဲမှာငါ ညှင်းပန်းနှိပ်စက်နည်းတော်တော်များများ
ကိုသင်ယူထားတယ်..မင်းငါ့ကိုထုတ်မပြောပဲနေမှာကိုငါမကြောက်ဖူး”
ဝူရှောင်းယွင်က စကားပြောရင်း သူ့လက်ထဲရှိ အစိမ်းရောင်လှံဖြင့် ရှစ်ဖုန့်၏ ဝမ်းဗိုက်အား သာမန်ကာလျှံကာ ထိုးသွင်းလိုက်သည်။ သူကရှစ်ဖုန့်၏ ဒန်တန်ကို အရင်ဆုံးထိုးဖောက်ချင်နေသည်။
ဤလှံချက်က တော်တော်လေးကို ရက်စက်လှပြီး ဝူရှောင်းယွင်၏ ထီမထင်သော ထိုးသွင်းချက်က ရှစ်ဖုန့်ပေါ်တင် တစ်ချိန်လုံး အလေးအနက်မထားနေကြောင်းကို ဖော်ပြနေသည်။
ရှစ်ဖုန့်မှာ အလွန်ပူပြင်းသောရောင်ဝါတစ်ခုက သူ့ထံသို့တစ်ဟုန်ထိုးလာနေသည်ကို ချက်ခြင်းခံစားလိုက်ရသည်။ သို့သော်သူက လုံးဝလှုပ်ရှားခြင်းမပြုခဲ့ချေ။ သူက မျက်နှာပေါ်တွင် အေးစက်သော အပြုံးကိုသာ ဆင်မြန်းထားပြီး ဝူရှောင်းယွင်ကို စိုက်ကြည့်နေသည်။
“အား”
ရုတ်တရက်ကြီး ဝူရှောင်းယွင်၏ မျက်လုံးများပြူးကျယ်လာပြီး သူ၏သွင်ပြင်လက္ခဏာမှာပြောင်းလဲသွားသည်။ ယင်းမှာသူ၏ခန္ဓာကိုယ်ရှိ အပူချိန်က ဒီဂရီရာပေါင်းများစွာသို့ ရောက်ရှိလာသကဲသို့ဖြစ်သည်။သူ၏မျက်နှာပြင်တစ်ခုလုံး၊လည်ပင်းနှင့် ထင်သာမြင်သာရှိသော လက်တို့မှာ မီးလောင်ထားသကဲ့သို့ လုံးဝနီရဲနေသည်။
“ဘန်း”
ဝူရှောင်းယွင်မှာ သူ၏ ခွန်အားအကုန်လုံးအားဆုံးရှုံးသွားပုံရပြီး ရှစ်ဖုန့်ထံသို့ထိုးသွင်းလိုက်သောအစိမ်းရောင်လှံမှာလည်း ရုတ်တရက် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ သူ၏ နီရဲနေသော မျက်နှာတွင် နာကျင်မှုတို့ပြည့်နှက်နေပြီး ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးကဲ့သို့ဖြစ်နေသည်။
“အား ဘာတွေဖြစ်နေတာလဲ..ဘာတွေဖြစ်နေတာလဲ”
ဝူရှောင်းယွင်မှာသူ၏ခေါင်းအား လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး သူ့ခေါင်းက ပေါက်ကွဲလုနီးနီးဖြစ်တော့မည်ဟုခံစားရကာ နာကျင်စွာဖြင့်အော်ဟစ်နေသည်။
“ဟမ့် မင်းကများဒီသခင်လေးရှေ့လာပြီးတော့
လှည့်ကွက်လေးတွေကစားချင်နေသေးတယ်”
ရှစ်ဖုန့်က အထင်သေးစွာဖြင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
ဝူရှောင်းယွင်မှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် နာကျင်မှုကြောင့်အံကိုတင်းတင်းကြိတ်ထားပြီး ရဲရဲတောက်နီနေသော မျက်လုံးများဖြင့် ရှစ်ဖုန့်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
“ဟုတ်တယ်…မင်းပဲ..မင်းရဲ့အံ့ဖွယ် ရေခဲလှံပညာရပ်က တစ်ခုခုမှားနေတယ်”
“မင်းက မီးလှံပညာရပ်ကြောင့် အဆက်မပြတ်လောင်ကျွမ်းမှုကိုခံနေရတာ ..ရေခဲလှံပညာရပ်ကို မင်းမြင်တာနဲ့ လောင်ကျွမ်းခံရတဲ့ နာကျင်မှုကို လျော့ချဖို့အတွက် လှုပ်ရှားမှုအချို့ကိုခုခံငြင်းဆန်ခြင်းမပြုဘဲ သေချာပေါက်သင်ယူလိမ့်မယ်ဆိုတာကို ဒီသခင်လေးသိနေတယ် ဒါကြောင့် ဒီသခင်လေးက ရေခဲလှံပညာရပ်ကိုနည်းနည်းလေးပြုပြင်မွန်းမံလိုက်တာ..မင်းရဲ့မီးလှံပညာရပ်အပြင် ကံကောင်းထောက်မပြီးတော့မင်းသင်ကြားခဲ့ရတဲ့ဒီသခင်လေးပြုပြင်ထားတဲ့ ရေခဲလှံပညာရပ်ကို ထပ်ပေါင်းလိုက်ရင် မင်းခန္ဓာကိုယ်အတွင်းက မူလစွမ်းအင်ကိုသုံးလိုက်တာနဲ့ မင်းအနေနဲ့ ပိုပိုပြီးကိုလောင်ကျွမ်းခံရလိမ့်မယ်”
ဆက်ရန်…..
ဘာသာပြန်သူ-ARISE