← Chapters

အပိုင်း (၁၃၈)

Vol. 10 Ch. 138

အပိုင်း (၁၃၈)

Vol. 10 Ch. 138

“မင်း ..မင်းက စက်ဆုပ်ဖို့ကောင်းတဲ့ကောင်”

ဝူရှောင်းယွင်က သူ၏ နီရဲရဲ မျက်လုံးများဖြင့် ရှစ်ဖုန့်ကိုစိန်းစိန်းဝါးဝါးကြည့်နေသည်။

ထို့နောက်သူက နာကျင်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

“အော်..အဲ့လိုကြီးလား..ငါက စက်ဆုပ်ဖို့ကောင်းတယ်လား”

ရှစ်ဖုန့်က ပြည်လည်၍ တန်ပြန်ပြောဆိုလိုက်သည်။

“ဟီးဟီး ကိုကြီးရှစ်ဖုန့်က တကယ့်ကို ကြံရည်ဖန်ရည်ရှိတာပဲ..ပြောရမယ်ဆိုရင် မိစ္ဆာဆန်တဲ့သူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်နတ်ဆိုးရှိ…မဟုတ်သေးဘူး..”

လုံမုန့်က သူ့ဟာသူအမှားပြန်ပြင်ဆင်လိုက်သည်။

“မိစ္ဆာဆန်တဲ့သူတွေမှာ သူတို့ကိုရင်ဆိုင်ဖို့အတွင် ရုပ်ချောချောကောင်လေးတွေရှိတယ်တဲ့”

လုံမုန့်၏ စကားကိုကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုကြည့်လိုက်ပြီး သူ့မျက်နှာထက်ရှိ အေးစက်စက်နိုင်မှုသည်လည်းလျော့ပါးလာသည်။ ထို့နောက်သူက သူ၏ လက်ချောင်းကို လှစ်ကနဲလှုပ်လိုက်ပြီး  ဝူရှေုာင်းယွင်၏ ကိုယ်ဆီသို့ အမှတ်အသားတစ်ခုကို ပို့လွှတ်လိုက်သည်။

“မင်း”

ဝူရှောင်းယွင်မှာ သူ့ခေါင်းကို ရုတ်တရက်မော့လိုက်သည်။ သူ့၏ မျက်နှာမှာ နာကျင်မှုကြောင့်နီရဲနေပြီး သွေးကြောများက ပြာနှမ်းကာဖောင်းကားနေသည်။ သူ့ပုံစံမှာ  ကြမ်းကြုတ်သော အသွင်ကိုဆောင်နေ၏။

“ဟမ့် …အစေခံကများ ဘယ်လိုဖြစ်ပြီးမာနလာကြီးပြရဲနေတာလဲ..

ဒူးထောက်စမ်း.”

ရှစ်ဖုန့်က အော်ငေါက်လိုက်သည်။ ဝူရှောင်းယွင်မှာ သူ့ကိုယ်သူထိန်းချုပ်မှုလွှတ်သွားပြီး ရှစ်ဖုန့်၏  ရှေ့တွင် ဒူးထောက်ချလိုက်ရသည်။

“ငါ..ငါမင်းကိုသတ်မယ်”

ဝူရှောင်းယွင်၏ မျက်နှာမှာလုံးဝနီရဲနေပြီး သူက ရှစ်ဖုန့်အားကြုံးဝါးပြောဆိုလိုက်သည်။

ယွင်လိုင်အင်ပါယာမှာ သူနှိမ့်ချကြည့်ခဲ့သော နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ထိုနိုင်ငံလေးရှိ သူစာရင်းထဲတွင်ပင်ထည့်မတွက်ထားပဲ အလွယ်တကူနင်းချေပစ်၍ရမည်ဟုထင်ခဲ့သော သိုင်းသမားလေး၏ ရှေ့၌ ယခုကဲ့သို့ ဒူးထောက်နေရခြင်းသည် ကြီးမားသော အရှက်ခွဲခံရမှုပင်ဖြစ်ကာ ကြီးမားသော ရယ်ဖွယ်ကောင်းမှုတစ်ခုလည်းဖြစ်လေသည်။

“မင်းလိုမျိုးကြမ်းကြုတ်တဲ့ခွေးမျိုးက ရက်စက်ပေးဖို့လိုအပ်နေတုံးပဲ”

ရှစ်ဖုန့်က အေးစက်သောလေသံဖြင့်ပြောလိုက်သည်။

“အား..”

ဝူရှောင်းယွင်၏ တစ်ကိုယ်လုံးရုတ်ချည်း ပြင်းထန်စွာတဆန့်ငင်ငင်လှုပ်လာသည်။ ဝူရှောင်းယွင်မှာ သူ၏ တစ်ကိုယ်လုံးအားတစ်ချိန်တည်းတွင် ထက်ရှသော ဓားအသင်္ချေအနန္တဖြင့်ထိုးသွင်းပြီး အသားနှင့်အရိုးတို့အားလှီးဖြတ်နေသကဲ့သို့

ခံစားရသည်။ ယင်းမှာ သူ့ခန္ဓာကိုယ်ရှိအစိတ်အပိုင်းအားလုံးအား အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက်ခံနေရသကဲ့သို့ပင်ဖြစ်သည်။

“အား..အား”

ဝူရှောင်းယွင်မှာ ညအမှောင်ထုထဲတွင်ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင် ဟစ်အော်နေသကဲ့သို့ စိတ်မချမ်မြေ့စရာကောင်းလှစွာအော်ဟစ်

နေသည်။ ကံကောင်းစွာဖြင့် ရှစ်ဖုန့်မှာ ဤနယ်မြေဝန်းကျင်အတွင်းတွင် အသံလုံအတားအဆီးအား တပ်ဆင်ထားခဲ့ပြီးခြင်းဖြစ်သည်။ ထို့သို့မဟုတ်ပါက အင်ပါယာမြို့တော်အတွင်းရှိ  လူများနိုးလာကြလိမ့်မည်ပင်ဖြစ်လေသည်။

“ဒီအော်သံကတကယ့်ကို ခြောက်ခြားစရာပဲ”

လုံမုန့်က ဝူရှောင်းယွင်ကိုကြည့်ရင်း ကရုဏာသက်စွာဖြင့်ပြောလိုက်သည်။

“ဒါက လူဆိုးတွေကို မင်းဘယ်လိုမျိုးဆက်ဆံသင့်တယ်ဆိုတာပဲ”

လုံချန်ကပြောလိုက်သည်။ ထို့နောက်တွင် သူက မပြောင်းလဲသောအမူအယာဖြင့်ရှိနေသော ရှစ်ဖုန့်ကို ကြည့်နေရင်း သူ့ဟာသူပြောလိုက်သည်။

“ဒီကောင်က လူတွေကို ညှင်းပန်းနှိပ်စက်တဲ့နေရာမှာ တကယ်တော်တာပဲ..ဘယ်လိုဖြစ်ပြီး ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က သူနှိပ်စက်တာကို ဒီလိုမျိုးခံနေရတာလဲ”

“ကျေး.ကျေးဇူးပြုပြီး ငါ့ကို..ခွင့်လွှတ်ပါ…အား”

ဝူရှောင်းယွင်မှာ နောက်ဆုံးတွင် နှိပ်စက်ညှင်းပန်းမှုကို တောင့်မခံနိုင်တော့ပဲ ရှစ်ဖုန့်အား သနားညှာတာပေးပါရန် တောင်းပန်လာသည်။

“ဟမ့် အခုမှ သနားညှာတာပေးဖို့လာတောင်းပန်တာက နောက်ကျသွားပြီ”

ရှစ်ဖုန့်က ထူးမခြားနားစွာပင် ဝူရှောင်းယွင်ကို အေးစက်စွာစိုက်ကြည့်နေသည်။

သူ့အနေဖြင့်၎င်းအား သင်ခန်းစာတစ်ခုမပေးလျှင် ဤကဲ့သို့ခွေးမျိုးက သူ၏ ခွန်အား စွမ်းပကားကို နားလည်လိမ့်မည်မဟုတ်ချေ။

“အား..အား..သ..သခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွတ်ပါ…ကျွန်တော်မှားမှန်းသိပါပြီ..”

ဝူရှောင်းယွင်မှာ ရှစ်ဖုန့်အားတောင်းပန်အသနားခံရင်း နာကျင်စွာဖြင့် အော်ဟစ်နေသည်။

ရှစ်ဖုန့်၏ နှိပ်စက်ညှင်းပန်းမှုအောက်တွင် အရှိန်အဝါမြင့်မားပြီး စွမ်းအားကြီးသော ကြယ်ငါးပွင့်နယ်ပယ်အင်ပါယာမှာ ခွေးတစ်ကောင်ကဲ့သို့ အမြှီးကိုနှန့်ပြီး  သနားညှာတာပေးပါရန်တောင်းပန်နေရသည်။ သူ့ အနေဖြင့် သူ၏ ဂုဏ်သိက္ခာများကို အဝေးသို့ လွှတ်ပစ်လိုက်ပြီးဖြစ်သည်။

“ဟမ့်”

ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ဝူရှောင်းယွင်၏ နာကျင်သော အမူအယာမှာ ဖြည်းဖြည်းချင်းလျော့ပါးလာသည်။  ထို့နောက်တင် သူ့တစ်ကိုယ်လုံးပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

“သူ သေတော့မသေဘူးမလား”

လုံမုန့်ကမေးလိုက်သည်။  ဝူရှောင်းယွင်ဤကဲ့သို့နှိပ်စက်ခံရသည်အား သူမတွေ့လိုက်ရသောအခါတွင်  သူမမှာ အရမ်း ထိတ်လန့်ရင်ဖိုရပြီး သူမ၏ နှလုံးပင် လည်ချောင်းဝမှခုန်ပေါက်ထွက်လာတော့မည့်သကဲ့သို့ခံစားရသည်။

“ဟင့်အင်း”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီလိုနှိပ်စက်မှုလေးမျိုးကိုမှ သူတောင့်မခံနိုင်ဘူးဆိုရင် သူ့အနေနဲ့ ဒီသခင်လေးရဲ့ ခွေးဖြစ်ဖို့တောင်မထိုက်တန်ဘူးဂ

လုံမုန့်မှာ “အာ..”ဟုသာပြောနိုင်သည်။

ထို့နောက်တွင် ရှစ်ဖုန့်က လုံးရှင်းတစ်ဖြစ်လည်းမင်းသားရှင်းအိမ်တော်ဆီသို့ကြည့်လိုက်ပြီး လုံမုန့်ကိုပြောလိုက်သည်။

“ကောင်မလေးသွားစို့”

“ဟီးဟီး..ကောင်းပြီ”

ရှစ်ဖုန့်၏ စကားအားကြလားလိုက်ရပြီးသော နောက်တွင် လုံမုန့်က ပျော်ရွှင်စွာဖြင့်ပြုံးလိုက်သည်။

ညနက်နေပြီဖြစ်သောအချိန်တွင်  မင်းသားရှင်းအိမ်တော၌ ကျင်းလွေမှာ အလှပဂေးလေးနှစ်ယောကိုလက်မောင်း

တစ်ဖက်တစ်ချပ်စီတွင်ဖတ်ထားပြီး ပယ်ပယ်နယ်နယ်ကို အိပ်စက်နေသည်။ရုတ်တရက် ကျယ်ကျယ်လောင်လောင်အော်ဟစ်သံ

များထွက်ပေါ်လာ၏။

“မင်းတို့..မင်းတို့ကဘယ်သူတွေလဲ”

“မင်းတို့ကောင်တွေ…မင်းတို့ကောင်တွေ ဘယ်လိုတောင်လုပ်ရဲတာလဲ..ငါဘယ်သူလဲမင်းတို့သိလား..အား…”

“ဖယ်ကြစမ်း..အား..အား…အား….အား………..ငါမင်းတို့တစ်မိသားစုလုံးနဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံးကို သုတ်သင်ပစ်မယ်..အား………………”

“ရပ်စမ်း…ငါ့ကိုရိုက်နေတာရပ်စမ်း…အား…..အား..ငါ့ကိုရိုက်နေတာရပ်ကြစမ်းကွ…အား..”

“လုံရှင်း…ဒီမင်းသားအတွက် မြန်မြန်လာစမ်းကွ…ဖယ်ကြစမ်း..ဝူရှောင်းယွင်…မင်းဘယ်ကိုသွားပြီး  အလေလိုက်နေတာတုံးဟ”

မင်းသားရှင်း၏ အိမ်တော်ထဲတွင် မိုးပြိုကျလာသကဲ့သို့ ရုတ်တရက် အုတ်အော်သောင်းနင်းဖြစ်လာသည်။

မတူညီသည်ကားအဝေးတစ်နေရာရှိ မင်းသားချန်၏ အိမ်တော်အတွင်း၌ မင်းသားချန်၏ ပျော်ရွှင်စွာ ရယ်မောနေသော အသံကို ကြားနိုင်၏။

“ဒါက အရမ်းကိုရယ်စရာပဲ  …အရမ်းရယ်ရတယ်..ငါရယ်ရလွန်းလို့သေ

တောင်သေတော့မယ်ကွာ..ဟီးဟီ..ဟားဟား..

ဟားဟားဟား”

ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ထားပုံရသည့် တောင်တစ်ခု၏ ထိပ်ဖျားပေါ်တွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော သာမှန်မျက်နှာပေါက်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က တိမ်များထဲတွင် အနည်းငယ်သိသာမြင်သာစွာဖြင့် တင်ပျဉ်ခွေထိုင်နေသည်။ ထိုအချိန်တွင်

ခါးကုန်းကုန်းနှင့်ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင်ပေါ်လာပြီး သူ့ထံသို့ဖြည်းဖြည်းချင်းလျှောက်လှမ်းလာနေသည်။

ရုတ်တရက်ထိုလူက သူမျက်လုံးကိုဖွင့်လိုက်ပြီး  ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင်နိုးထလာသကဲ့သို့ သူ၏ ရောင်ဝါမှာပြောင်းလဲသွားသည်။ ထိုလူ၏မျက်နှာထက်တွင် အနည်းငယ်စိတ်မကျေမနပ်ဖြစ်မှုကို ဖော်ပြထားပြီး သူက ညင်သာစွာပြောလိုက်သည်။

“ဘာဖြစ်လို့လဲ…ပြင်းထန်တဲ့ကိစ္စတွေ

သာမဟုတ်ရင် ဖုန်လောဟန်ကိုင်တွယ်နိုင်တယ်လို့ငါမပြောခဲ့ဖူးလား..ဒီအချိန်အတွင်းမှာ ငါ့ကိုလာပြီးမနှောက်ယှက်ကြနဲ့”

ထိုလူမှာကောလဟာလများအရ ယွင်လိုင်အင်ပါယာတွင်အထွတ်အထိပ်ကြယ်

ကိုးပွင့်အင်ပါယ်ာနယ်ပယ်သို့ရောက်ရှိနေသည်ဆိုသော  ကောင်းကင်ဘုံလေဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ    ဖုန်ချမ့်ယွီပင်ဖြစ်သည်။

သူသည်တစ်ချိန်က ထိပ်တန်းအဆင့်ကျွမ်းကျင်သူဆယ်ယောက်စာရင်းဝင်ဖြစ်ပြီး အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်နှင့် အဆင့်တစ်ကို ပူးတွဲသတ်မှတ်ခံထားရသောသူဖြစ်သည်။

“ဂိုဏ်ခေါင်းဆောင်..”

ဆံပင်ဖြူနှင့် အဘိုးအိုက သတ်လက်ပိုင်းလူ၏ ရှေ့တွင် ရပ်လိုက်ပြီးဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကျွန်ုပ်အနေနဲ့ ဂိုဏ်းခေါင်းဆောင်ကို မနှောက်ယှက်သင့်ဘူးဆိုပေမဲ့ …ဒီနေရာမှာ ကျွန်ုပ်စောင့်နေခဲ့တာဟာငါးရက်ရှိနေပါပြီ”

“ဂိုဏ်းခေါင်းဆောင်အနေနဲ့ ကမဋ္ဌန်းထိုင်နေရာကနေ နိုးကြားလာတော့မှာကိုအာရုံခံမိမှသာ ဒုဂိုဏ်းခေါင်းဆောင်အနေနဲ့…..အသတ်ခံလိုက်ရတယ်ဆိုတာကိုသတင်းပို့ဖိုလာခဲ့တာပါ”

“ဘာ”

အဘိုးအို၏ စကားကိုကြားလိုက်ရသောအခါတွင် ဖုန်ချမ့်ယွီ၏ မထူးခြားနားသော အမူအယာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။

“ဘယ်သူက အရမ်းတွေသတ္တိဗျတ္တိလာရှိနေတာလဲ..ဘယ်သူက ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ဒုခေါင်းဆောင်ကိုသတ်ရဲတာလဲ ပြောစမ်း…ပြောစမ်း..”

“အဲ့တာက ရှစ်ဖုန်လို့ခေါ်တဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ပါ..အရှင်ကဒီနေရာမှာ လူသူကင်းကင်းနဲ့လာနေချိန် သူကစန်းယွဲ့မြို့မှာရှိခဲ့ပါတယ်..အရင်ဆုံးသူက ကောင်းကင်ဘုံလေဂိုဏ်းရဲ့ အဆင့်နှစ်သန့်စင်သူဖြစ်တဲ့ မင်အန်းကိုသတ်ခဲ့ပါတယ်..သူ့ကိုအပြစ်ပေးဖို့အတွက် ကျွန်ုပ်တို့က ယင်ယန်တမာန်တော်ကိုစေလွှတ်ခဲ့ပေမဲ့လည်း သူသတ်တာကိုခံလိုက်ရပါတယ်…အဲ့နောက်ငါးရက်အကြာမှာတော့ ဂိုဏ်းဒုခေါင်းဆောင်ဟာလည်း အင်ပါယာမြို့တော်မှာ သူသတ်တာကိုခံလိုက်ရပြန်ပါတယ်”

ခါးကုန်းအဘိုးအိုကတင်ပြလိုက်သည်။

ခဏတန့်ပြီးနောက်သူကဆက်ပြောသည်။

“အဲ့ပုဂ္ဂိုလ်က ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဘုံလေဂိုဏ်းက လူတွေကိုပဲသတ်ခဲ့တာမဟုတ်ပါဘူး ..ခရမ်းရောင်မိုးကြိုးဂိုဏ်းက သခင်လေးဖြစ်သူလဲ့ရှောင်း..သွေးမိစ္ဆာဂိုဏ်းက သခင်လေးဖြစ်သူ ရွှယ်ယိုနဲ့ ရေခဲနှင်းတောင်ကြား မြင့်မြတ်သော အပျိုစင် ရွှယ်ရီရီတို့လည်းပဲ သူ့လက်ထဲမှာပဲသေဆုံးသွားခဲ့ကြပါတယ်”

“ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ကလား..ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်တည်းက ဟုတ်လား..ငါတို့ယွင်လိုင်အင်ပါယာမှာ ဘယ်အချိန်ကဒီလိုလူမျိုးပေါ်လာရတာလဲ..

ဂိုဏ်းသုံးဂိုဏ်းရဲ့ အမွေဆက်ခံသူတွေ က အသတ်ခံခဲ့ရတာကို …..လဲ့ကန်းနဲ့ ရွှယ်ထူတို့က လက်စားမချေကြဘူးလား…အဲ့ကောင်လေးက ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်ကို ရောက်နှင့်နေပြီးတာများဖြစ်နိုင်မလား”

ဖုန်ချမ့်ယွီကမေးလိုက်သည်။

“လဲ့ကန်း ရွှယ်ထူနဲ့ တစ်ခြားတစ်ယောက်တို့က သူ့ကိုဖမ်းဖို့တစ်ကြိမ်ကြိုးစားခဲ့ပါတယ်..ဒါပေမဲ့ အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်ပေါ်လာခဲ့ပြီးတော့လဲ့ကန်းနဲ့ ရွှယ်ထူတို့ကို အတင်းအကြပ် မောင်းထုတ်ခဲ့ပါတယ်..ကောလဟာလတွေအရတော့ နလန်ယွမ်ဟာ ဘိုးဘေးနယ်ပယ်ကို ရောက်ရှိနေခဲ့ပြီးပါပြီတဲ့..”

အဘိုးအိုကပြောလိုက်သည်။

“နလန်ယွမ်က ဘိုးဘေးနယ်ပယ်ကိုတောင် ရောက်နေခဲ့ပြီပဲ..ကောင်းတယ်..အရမ်းကို

ကောင်းတယ်..သူကငါ့လိုပဲ ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် မအံ့ဩတော့ပါဘူး ..ငါဒီမှာကျင့်ကြံနေတုံးယွင်လိုင်အင်ပါယာထဲမှာ အများကြီးဖြစ်ပျက်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး ..အထူးသဖြင့်အဲ့တာတွေက ကောင်းကင်ဘုံလေဂိုဏ်းနဲ့ဆက်နွယ်နေတာကိုပေါ့ “

ဖုန်ချမ့်ယွီ၏ မျက်နှာမှာ ဖြည်းဖြည်းချင်း

အေးစက်မှုမဖြစ်ပြောင်းလဲလာသည်။

ဖုန်ချမ့်ယွီ၏ မျက်နှာ အေးစက်လာသည်ကိုကြည့်ရင်း အဘိုးအိုက သူ့ခေါင်းကိုခါယမ်းပြီး သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့်ဤကိစ္စအားသတင်းပို့တင်ပြမှ

ရမည်ကိုသူသိလေသည်။

“ဂိုဏ်းခေါင်းဆောင် ဒီကိစ္စအပြင် ကောင်းကင်ဘုံလေဂိုဏ်းမှာ နောက်ထပ်တစ်ခြားကိစ္စကြီးတစ်ခုလည်း

ဖြစ်သွားခဲ့ပါတယ်..ကျွန်ုပ်တို့ရဲ့ အဆင့်လေးသန့်စင်သူ ဖုန်ယွင်ရှောင်ဟာ လီလျိုရှင်းလိုခေါ်တဲ့

လူတစ်ယောက်ရဲ့သတ်ဖြတ်မှုကိုခံလိုက်

ရပါတယ်”

“ဘာ”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters