← Chapters

အပိုင်း (၁၃၉)

Vol. 10 Ch. 139

အပိုင်း (၁၃၉)

Vol. 10 Ch. 139

“သခင်လေးဖုန့်  မကောင်းတော့ဘူး ဆိုးဆိုးရွားရွားတစ်ခုတော့်ဖြစ်လာနေပြီ”

ရှစ်ဖုန့်မှာ ခြံဝန်းအတွင်းတွင် တင်ပျဉ်ခွေထိုင်နေပြီး မြေအောက်ရှိ ယင်မိစ္ဆာထံမှာ အာဃာတ ယင်ချီတို့ကိုစုပ်ယူနေသည်။ သူ၏မျက်လုံးတို့အားပိတ်ကာ ကျင့်ကြံနေစဉ်တွင် လုံချန်က အမောတကောပြေးလာပြီးသူ့အားခေါ်

လေသည်။

ရှစ်ဖုန့်က သူ၏မျက်စိကိုဖွင့်ကာခေါင်းလှည့်ပြီး အလောတကြီးလာနေသော လုံချန်ကိုကြည့်လိုက်သည်။သူကမေး

လိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ”

လုံချန်က ရှစ်ဖုန့်၏ ရှေ့တွင်ရပ်လိုက်ပြီးပြောလိုက်သည်။

“ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူ ဖုန်ချမ့်ယွီက လူသူကင်းဝေးရာနေရာမှာ ကျင့်ကြံနေရာကနေ ထွက်လာခဲ့ပြီလို့ကြားခဲ့တယ်.သူက ယွင်လိုင်အင်ပါယာအတွင်းမှာရှိတဲ့ ဂိုဏ်းအားလုံးကို အင်ပါယာမြို့တော်မှာ လာရောက်စုစည်းကြဖို့ဖုန်ချမ့်ယွီကတောင်းဆိုတယ်ဆိုပြီး အမိန့်ပေးလိုက်တယ်..ငါကြားခဲ့တာ ဖုန်ချမ့်ယွီကလည်း ဘိုးဘေးနယ်ပယ်ကို ရောက်နေပြီတဲ့”

“ငါအငယ်တစ်ယောက်ကို ရိုက်နှက်ခဲ့ပြီးပြီ..ဒါကိုအခု အကြီးတစ်ယောက်ကရောက်လာပြန်ပြီ..ဒါကိုအဆုံးကို မရှိတော့ဘူးပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“သခင်လေးဖုန့် သခင်လေးရဲ့အသက်အတွက်ပြေးတာက ပိုကောင်းမယ်…သခင်လေးအနေနဲ့ အင်ပါယာမြို့တော်မှာ ကြာကြာနေလို့မရမှာကို ငါကြောက်မိတယ်..”

လုံချန်ကပြောလိုက်သည်။

“သခင်လေးရဲ့ပါရမီစွမ်းဆောင်ရည်နဲ့ဆိုရင် နှစ်အနည်းငယ်အတွင်း ယွင်လိုင်အင်ပါယာက လူတိုင်းထက်သာလွန်ပြီးတော့ ဂုဏ်ယူစွာရပ်တိုင်နိုင်စွမ်းရှိလာမှာပါ..အသက်သာရှင်သန်နေသေးတယ်ဆိုရင် မျှော်လင့်ချက်ဆိုတာလည်းရှိနေပါသေးတယ်”

“အင်ပါယာအမိန့်ပြန်တမ်း ရောက်ရှိလာတယ်..ရှစ်ဖုန့် အင်ပါယာအမိန့်ပြန်တမ်းကို လက်ခံရယူစေ”

ထိုအချိန်တွင် မင်းသားချန်၏ ဂေဟာဆီမှာ ထူးဆန်းသေားကုန်းကုန်းအသံတစ်ခုထွက်ပေါ်လာသည်။

“အင်ပါယာအမိန့်လား..ဘာလို့အင်ပါယာအမိန့်က ဒီကိုရောက်လာတာလဲ သခင်လေးဖုန့် သခင်လေးအနေနဲ့ငါနဲ့မြန်မြန်လိုက်

လာပြီးတော့ တော်ဝင်အမိန့်ကို လက်ခံသင့်တယ်”

လုံချန်က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

“အင်ပါယာအမိန့်ပြန်တမ်းတဲ့လား”

ရှစ်ဖုန့်၏ မျက်ခုံးတို့ဖြည်းဖြည်းချင်းကြုံ့သွားသည်။လုံချန်နောက်ကနေလိုက်ပါပြီးသူတို့က ပင်မခန်းမဆီကိုဦးတည်လိုက်သည်။

ခန်းမ၏ ထိပ်ဆုံးတွင် ဖြူဖျော့သောမျက်နှာဖြင့် အနီရောင်ကုန်းကုန်းဝတ်စုံကိုဝတ်

ဆင်ထားသော ကုန်းကုန်းအိုကြးတစ်ယောက်က ဝင့်ကြွားစွာရပ်နေသည်။ထိုပုဂ္ဂိုလ်မှာ ကုန်းကုန်းခေါင်းဆောင်ဖြစ်သူ မာသဲဖူပင်ဖြစ်သည်။

လုံချန်က လျှင်မြန်စွာဖြင့် ရှေ့သို့သွားလိုက်ပြီး ကုန်းကုန်းအိုကြီး၏ ရှေ့တွင် ဒူးထောက်လိုက်သည်။သူကပြောလိုက်သည်။

“လုံချန် ခမည်းတော်ကို နှုတ်ခွန်းဆက်သပါတယ်..ဧကရာဇ်

သက်တော်ရှည်ပါစေ…”

လုံချန်က ကုန်းကုန်းအိုကြီး၏ရှေ့တွင် ဒူးထောက်နေသော်လည်းယင်းက ကုန်းကုန်းအိုကြီးအား အမှန်တကယ်ဒူးထောက်ခြင်းမဟုတ်ပေ။ကုန်းကုန်းအိုကြီး၏လက်ထဲတွင်ကိုင်ထားသော အင်ပါယာအမိန့်ပြန်တမ်းကိုဒူးထောက်ခြင်း

ပင်ဖြစ်သည်။ အင်ပါယာအမိန့်ပြန်တမ်းကိုမြင်တွေ့ရခြင်းက ဧကရာဇ်ကို မြင်တွေ့ရခြင်းနှင့်တူညီသည်။

“ဟမ့် မင်းကရှစ်ဖုန့်မလား..ဘာလဲကွ..မင်းက အင်ပါယာ

အမိန့်ပြန်တမ်းကိုတွေ့နေရတာ ကိုတောင် ….ဒူးထောက်လိုက်စမ်း”

မာသဲဖူက ရှစ်ဖုန့်က ဒူးမထောက်ပဲ ဘေးတွင် ရပ်နေသည်ကိုတွေ့လိုက်ရသောအခါတွင် အေးစက်စွာအော်ငေါက်လိုက်ခြင်းဖြစ်သည်။

ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်

ရှစ်ဖုန့်မှာ ကုန်းကုန်းအိုကြီး မာသဲဖူကိုကြည့်လိုက်ပြီး ၎င်း၏ကျင့်ကြံမှုနယ်ပယ်အားချက်ခြင်း

ထွင်းဖောက်မြင်လိုက်သည်။ မာသဲဖူမှာ သူ၏ကျင့်ကြံမှုအား တစ်ခြားသူများ၏ရှေ့တွင်ဖုံးကွယ်ထား

သော်လည်း ရှစ်ဖုန့်၏ မျက်လုံးများအောက်မှ မည်ကဲ့သို့လွတ်နိုင်ပါမည်နည်း။

ကုန်းကုန်းအိုကြီးတစ်ယောက်မှာ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်နေလိမ့်မည်ဟုတော့သူမမျှော်လင့်မထားမိပေ။

“ဟမ့် …ခင်ဗျားကသင်းကွပ်ခံထားရတဲ့ ယင်မကျယန်မကျလူသတ်သတ်ပဲ..

ခင်ဗျားကိုယ်ခင်ဗျားဘာထင်နေတာ ..ဒီသခင်လေးကကောင်းကင်ဘုံကိုတောင် ဒူးထောက်သူမဟုတ်တာ ခင်ဗျားလိုမျိုး စာရွက်အပိုင်းတစ်ခုထက်မကိုတဲ့ အမှိုက်လိုလူကို ဒူးထောက်စရာလား”

ရှစ်ဖုန့်ကအထင်သေးစွာဖြင့်နှာခေါင်းရှုံ့

လိုက်သည်။

“ဟမ့်..မင်းကများ ဘယ်လိုတောင်လာရဲတင်းနေတာလဲ”

မာသဲဖူက နွဲ့တဲ့တဲ့လေသံဖြင့်အော်ပြောလိုက်သည်။ ရုတ်တရက်ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် အင်ပါယာအစောင့်အကြပ်အဖွဲ့များကဟောခန်းထဲသို့ အလျင်စလိုဝင်လာကြ၏။သူတို့က သူတို၏ ဓားများလှံများကို ရှစ်ဖုန့်ထံသို့ ထိုးညွှန်ထားပြီး ရှစ်ဖုန့်ကို ဝန်းရံထားကြသည်။

“ငါအင်ပါယာအမိန့်ပြန်တမ်းကိုလည်း မဖတ်တော့ဘူး”

မာသဲဖူက သူလက်ထဲမှတော်ဝင်အမိန့်ပြန်တမ်းကို အဝေးသို့ဖယ်ထုတ်လိုက်ပြီး ရှစ်ဖုန့်ကို အေးစက်စွာအော်ပြောလိုက်သည်။

“မင်းဟာတော်ဝင်မိသားစုရဲ့တားမြစ်နယ်မြေကိုကျူးကျော်ဝင်ရောက်ခဲ့ပြီးတော့ မိစ္ဆာဖိနှိပ်ကျော်တုံးကိုဖျက်ဆီးခဲ့ပြီး သာမန်လူတွေကို အကြီးအကျယ်ထိခိုက်ပျက်စီးပြီး

ကသောင်းကနင်းတွေဖြစ်စေအောင် မိစ္ဆာမျက်လုံးကိုလွှတ်ပေးလိုက်တယ်….

ငါဒီကိုရောက်လာရတာဟာ ဧကရာဇ်ရဲ့ အမိန့်အရမင်းကို ဖမ်းဆီးပြီး အကဲဖြတ်ဆန်းစစ်သုံးသပ်ဖို့အတွက် မင်းကိုဧကရာဇ်ဆီကိုလွှဲပေးဖို့ပဲ..ဒီလူကို ငါ့အတွက်ဖမ်းကြစမ်း”

“ကုန်းကုန်းမာ  တစ်ခုခုများနားလည်မှုလွဲနေတာများလား..

ဘယ်လိုဖြစ်ပြီးတော့ သခင်လေးဖုန့်က တော်ဝင်မိသားစုတားမြစ်နယ်မြေကို ကျူးကျော်ဝင်ရောင်နိုင်မှာတဲ့လဲ”

လုံချန်က မာသဲဖူကိုမေးလိုက်သည်။

မာသဲဖူက လုံချန်ကိုပြောလိုက်သည်။

“အရှင့်သားမင်းသားချန် ဘာမှ မှားယွင်းစရာ မရှိဘူး..လွန်ခဲ့တဲ့ ရက်အနည်းငယ်တုံးက တားမြစ်နယ်မြေကိုစောင့်ကြပ်နေတဲ့ တပ်မှူးလုက ဒီလူနဲ့ မင်းသမီးလုံမုန့်တို့ တားမြစ်နယ်မြေ ရဲ့အပြင်ဘက်မှာပေါ်လာတာကိုတွေ့ခဲ့တယ်..အဲ့နောက်မှာတော့ ဒီလူနဲ့မင်းသမီးလုံမုန့်တို့ဟာ ရုတ်တရက်ကြီးပျောက်ကွယ်သွားခဲ့တယ်.. အဲ့ဒီ့နေ့လည်ခင်းမှာပဲ တားမြစ်နယ်မြေထဲက မိစ္ဆာမျက်လုံးကိုဖိနှိပ်ထိန်းချုပ်ထားတဲ့  မိစ္ဆာဖိနှိပ်ကျောက်ပြားဟာ ရုတ်တရက်ကြီး ပြိုကျပျက်စီးသွားတယ်..အဲ့တာက ဟော့ဒီလူကတစ်ခုခုလုပ်ခဲ့တာပဲဖြစ်ရမယ်..

အရှင်မင်းကြီးကဒေါသ ထွက်ပြီးတော့သူ့ကိုဖမ်းဖို့ အမိန့်ထုတ်လိုက်တာ”

“တော်ဝင်ညီမလေးနဲ့သခင်လေးဖုန့်တို့ကလား”

“အား..အား…အား …အား..အား..”

ရုတ်တရက်ဟောခန်းမထဲက အော်သံများထွက်ပေါ်လာသည်။ ရှစ်ဖုန့်မှာ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်အလောင်းများအလယ်တွင်ရပ်နေပြီး သူ၏လက်ထဲတွင် မိုးကြိုးလျှပ်စီးဓားကိုကိုင်ဆောင်ထားသည်။ အလောင်းများစီမှသွေးများက စီးထွက်နေပြီး ရှစ်ဖုန့်ထံ အပြင်းဦးတည်လာနေသည်။

ထို့နောက်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်အလောင်းများမှာ လျှင်မြန်စွာရှုံ့တွတွန့်လိမ်သွားကြပြီး ခြောက်သွေ့သော အလောင်းများအဖြစ်သို့ပြောင်းလဲ

သွားကြသည်။

“သွေးဝါးမျိုနတ်ဆိုးပညာရပ်…ကောလဟာလတွေထဲကအတိုင်း ဒီလူမှာ သွေးဝါးမျိုနတ်ဆိုးပညာရပ်တကယ်ရှိနေတာပဲ”

မာသဲဖူက ရှစ်ဖုန့်ကိုကြည့်၍ အံ့အားသင့်စွာအော်ပြောလိုက်သည်။

ထို့နောက်တွင် ရှစ်ဖုန့်က သူ့လက်ထဲရှိမိုးကြိုးလျှပ်စီးဓားဖြင့် မာသဲဖူကိုထိုးညွှန်လိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။

“ကြယ်ငါးပွင့်အင်ပါယာနယ်ပယ် ယောက်ျားမကျမိန်းမမကျကြီး တိုက်ခိုက်စမ်း”

“အိုး ဟားဟား “

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် မာသဲဖူက ရုတ်တရက်ရယ်ချလိုက်သည်။  သူ၏အရေးအကြောင်းများနှင့် မျက်နှာမှာ ငွားငွားစွင့်နေသော ဂန္ဓာမာပန်းတစ်ပွင့်ကဲ့သို့ပင်ဖြစ်သည်။

“ငါ…ငါ့ရဲ့ကျင့်ကြံမှုကိုဖုံးကွယ်ထားခဲ့တာ နှစ်ပေါင်းများစွာကြာနေခဲ့ပြီ..မင်းအနေနဲ့ အဲ့တာကို ထွင်းဖောက်မြင်နိုင်လိမ့်မယ်လို့ငါမမျှော်

လင့်မထားခဲ့မိဘူး ဟားဟားဟား..ငါမတိုက်ခိုက်ခဲ့ရတာ

နှစ်တော်တော်လေးကိုကြာနေခဲ့ပြီ.

ဒီနေ့တော့မင်းကိုငါ့ရဲ့ နေကြာပန်း သိုင်းပညာရပ်စွမ်းအားကိုမင်းကိုမြည်းစမ်းခွင့်ပြုပါ့မယ်လေ”

မာသဲဖူစကားပြောပြီးသောအခါတွင် သူ့ကိုယ်ပေါ်ရှိ ရောင်ဝါမှာ တစ်ဟုန်ထိုးမြင့်တက်လာပြီး သူ့ဘေးရှိလုံချန်မှာ အတင်းအကျပ်နောက်သို့ဆုတ်လိုက်ရသည်။ လုံချန်မှာ မာသဲဖူအားအံ့အားသင့်တုန်လှုပ်မှု

အပြည့်ဖြစ်နေသော မျက်နှာဖြင့်ကြည့်နေခဲ့သည်။ သူ့အနေဖြင့်ဤအများနှင့်မတူတစ်မူ

ထူးခြားသော ကြောင်တောင်တောင်လူကြီးမှာ အင်ပါယာနယ်ပယ်ဖြစ်နေလိမ်မည်ဟုသူမမျှော်လင့်ထားမိချေ။ ခုဏက သခင်လေးဖုန့်က သူသည်ကြယ်ငါးပွင့်အင်ပါယာ

နယ်ပယ်ဖြစ်သည်ဟုပြောခဲ့သည်။  သူ၏ဖခင်ဖြစ်သူမှာ တကယ်ကြီး ဤကဲ့သို့သောကျွမ်းကျင်သူတစ်ယောက်ကို သူ၏ဘေးတွင်တစ်ချိန်လုံးဖုံးကွယ်ထားခဲ့

လေသည်။

“ဟား..ဟား..ဟား…ဟား..”

မာသဲဖူကကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏ရောင်ဝါမှာ ယခင်နှင့်လုံးဝတူညီမှုမရှိတော့ပေ။ သူ၏ရှည်လျားသောဆံပင်ရှည်တို့က လေထဲတွင်တဖျပ်ဖျပ်လွင့်နေသည်။ သူ၏မျက်နှာပြင်နှစ်ဖက်မှာ ဖြူဖျော့နေပြီး သူ့ပုံစံက ခုတင်မွေးဖွားလာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်ဖြစ်လေသည်။

“ငါကစွမ်းအားကြီးတဲ့သူဖြစ်ရတဲ့ခံစားချက်

ကိုကြိုက်နှစ်သက်တုံးပဲ..ဟားဟားဟား…

မင်းက တော်တော်ကိုပါရမီရှိတဲ့ကောင်ဆိုးလေးပဲ..

ငါမင်းလေးကိုဖမ်းမိပြီးတော့ မင်းနဲ့အတူပျော်ပါးမှာကိုစောင့်နေစမ်းပါ..ငါစိတ်ကျေနပ်မှုရသွားတော့မှ မင်းကိုမင်းကြီးဆီကိုလွှဲပေးမယ်..”

မာသဲဖူမှာ ရှစ်ဖုန့်ကိုကြည့်နေပြီး သူ၏ဂန္ဓမာပန်းကဲ့သို့မျက်နှာမှာ တောက်ပရွှန်းစိုနေသည်။ ထိုအရာအားကြားလိုက်ရသောအခါတွင်

လုံချန်မှာ ကျောရိုးထဲအထိစိမ့်တက်သွားသလိုခံစားလိုက်ရသည်။

အကယ်၍သခင်လေးဖုန့်သာ မာသဲဖူ၏ လက်၌ဖမ်းမိသွားလျှင်…လုံချန်အနေဖြင့်ထို မြင်ကွင်းတို့အားဆက်လက်၍ စဉ်းစားနိုင်စွမ်းမရှိတော့ပေ။

“သက်ကြားအိုကြီး ..ခင်ဗျားကတော့ ကိုယ့်ကျင့်ကိုယ်တူးနေတာပဲ”

ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။  ခရမ်းရောင်လျှပ်စီးဓားပေါ်သို့ အဖြူရောင်ဓားအလင်းတို့က ရုတ်ချည်း ပျံ့နှံ့သွားသည်။ရှစ်ဖုန့်ကငရဲဘုံဓားချက်ဖြင့် မာသဲဖူကိုထိုးသွင်းလိုက်သည်။

မာသဲဖူ၏လက်တို့က သိန်းငှက်လက်သည်းကဲ့သို့ ပုံစံပြောင်းသွားပြီး သူ၏လက်ဖဝါးထဲမှာ ငွေအပ်တို့ပျံသန်းထွက်လာကာ ရှစ်ဖုန့်ထံသို့ ဦးတည်ပစ်လွှတ်လိုက်သည်။

ငွေရောင်အပ်တို့က မုန်တိုင်းတစ်ခုကဲ့သို့ သိပ်သည်းပြည့်နှက်စွာဖြင့် ပျံသန်းထွက်လာသည်။ အပ်တစ်ချောင်းဆီတွင် ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားတို့ပါပြီး ရှစ်ဖုန့်ထံသို့သိမ်းကျုံးဝင်ရောက်လာသည်။

“တားဆီးစမ်း”

ရှစ်ဖုန့်က အော်ပြောလိုက်သည်။

သွေးနီရောင်မီးနံရံတစ်ခုကသူ့ရှေ့တွင် ချက်ခြင်းပေါ်လာပြီး  ရောက်ရှိိလာသော ငွေရောင်အပ်များကိုတားဆီးလိုက်သည်။ သို့သော် ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် သွေးနီရောင်မီးနံရံက ချက်ခြင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရှစ်ဖုန့်အတွက်အချိန်အချို့ကိုတော့ရယူနိုင်ခဲ့သည်။ သူကသူ့ဆီသို့ပျံသန်းလာနေသည့် သိပ်သည်းပြည့်နှက်နေသော ငွေရောင်အပ်တို့ကိုခုန်ပြီးရှောင်လိုက်သည်။

တတိယမျက်လုံးဖြစ်သောတိုက်စားခြင်း

မျက်လုံးက  သူနဖူးထက်မှာပွင့်ဟလာပြီး စွမ်းအားပြင်း တိုက်စားခြင်းမီးခိုးရောင်မြူတို့ကို ပန်းထုန်လိုက်ကာ ကုန်းကုန်းအိုကြီးမာသဲဖူကို လွှမ်းခြုံသွားစေသည်။

“အာ..တိုက်စားခြင်းမျက်လုံး.ကောင်စုတ်လေး မင်းတကယ်ပဲ တိုက်စားခြင်းမျက်လုံးကိုထိန်းချုပ်ထားတာပဲ..

ကောင်းတယ်..မင်းကြီးက ငါ့ကို မိစ္ဆာမျက်လုံးဘယ်မှာရှိလဲဆိုတာကိုစုံစမ်းစေချင်နေတာ ..ဒါပေမဲ့ မင်းဆီမှာရှိနေလိမ့်မယ်လို့တော့ငါမထင်ထားခဲ့မိဘူး ..ဒါကငါ့ကို ဒုက္ခတော်တော်များများကနေ ကယ်တင်လိုက်တာပဲ”

မာသဲဖူကစကားပြောရင်း သူ့လက်နှစ်ဖက်ဖြင့်ဆီးလ်တံဆိပ်လက်

သင်္ကေတများကိုဖော်ဆောင်လိုက်ပြီး အပေါ်သို့ပင့်မြှောက်လိုက်သည်။ ကြီးမားသော  ရွှေရောင်နေကြာပန်းကြီးက  လေထဲတွင် ငွားငွားစွင့်ပေါ်လာပြီး ရွှေရောင်အလင်းတို့ဖြင့်တောက်ပနေသည်။ ၎င်းက မာသဲဖူ၏ခေါင်းထက်တွင်လွင့်မျောနေသည်။ထို့နောက် သူ့အားလွှမ်းခြုံနေသော မီးခိုးရောင်မြူတို့ကိုမျက်နှာချင်းဆိုင်ကာ ရှစ်ဖုန့်ထံသို့ ပစ်လွှတ်လိုက်သည်။

ရွှေရောင်နေကြာပန်း၏  အစိတ်အပိုင်းအများစုမှာ မီးခိုးရောင်မြူတို့၏ တိုက်စားမှုကိုခံခဲ့ရသော်လည်း ၎င်းမှာ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်၏တိုက်ခိုက်မှုတော့ဖြစ်နေဆဲပင်ဖြစ်သည်။

ရွှေရောင်နေကြာပန်း၏ အများစုမှာ မီးခိုးရောင်မြူများ၏တိုက်စားမှုကိုခံခဲ့ရပြီး နောက်ဆုံးတွင် ရှစ်ဖုန့်၏အပေါ်သို့ကျရောက်လာသည်။

“ဝုန်း”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters