အပိုင်း (၁၄၀)
Vol. 10 Ch. 140
“ဝုန်း “
ရွှေရောင်နေကြာပန်း တိုက်ခိုက်မှုအောက်တွင် ရှစ်ဖုန့်မှာ အဝေးသို့လွင့်ထွက်သွားသည်။
“ဟီးဟီးဟီးဟီး”
မာသဲဖူက ဘယ်လိုမှန်းမသိအောင်ကိုထူးဆန်းသော အသံဖြင့်ရယ်မောနေသည်။ သူ၏အနီရောင်အရိပ်က ပျံသန်းလာပြီး နောက်သို့လွင့်ပျံသွားသော ရှစ်ဖုန့်အား လျှင်မြန်စွာလိုက်မှီသွားသည်။ သူ၏ ညာလက်က လက်သည်းပုံစံပြောင်းသွားပြီး ရှစ်ဖုန့်၏မျက်နှာကိုဖမ်းဆုပ်ရန် ဆန့်ထုတ်လိုက်သည်။
“ဟီး…ဟီးဟီးဟီး…မင်းရဲ့နူးညံ့ပြီး ရှင်းသန့်နေတဲ့မျက်နှာလေးကို ငါသေချာလေးကျကျနနထိပါရစေ”
“ဖယ်လိုက်စမ်း”
ကြောင်တိကြောင်တောင်သက်ကြားအိုကြီး၏ လက်ကိုကြည့်ကာ ရှစ်ဖုန့်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူကမာသဲဖူအားငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်နှင့်တိုက်ခိုက်လိုက်သည်။
“ဟမ်”
မာသဲဖူမှာခေတ္တ ကြက်သေသေသွားသော်လည်း မကြာခင်သူ၏ တွေဝေနေမှုမှပြန်လည်ကောင်းမွန်လာသည်။
မာသဲဖူမှာ ကြယ်ငါးပွင့် အင်ပါယာနယ်ပယ်တစ်ယောဖြစ်သည်။ ထို့ကြောင့်ရှစ်ဖုန့်၏ အဆင့်သုံးဝိညာဉ်တိုက်ခိုက်မှုက ၎င်းအပေါ်တွင် အများကြီးသက်ရောက်မှုမရှိပေ။
သို့သော်ရှစ်ဖုန့်အနေဖြင့် မာသဲဖူ၏ ယာယီတွေဝေနေမှုမှတစ်ဆင့် တိုက်ခိုက်မှုမှာ လွတ်မြောက်အောင် ဆောင်ရွက်လိုက်နိုင်သည်။ သူ့ကိုယ်ကမြေပြင်နှင့်ထိရိုက်မိတော့မည့်အချိန်တွင် နောက်ပြန်ကျွမ်းပစ်လိုက်ပြီး သူ၏ ခြေထောက်တို့ဖြင့်မြေပြင်ပေါ်သို့ဆင်း
သက်လိုက်နိုင်သည်။
ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်သူမာသဲဖူကိုရင်ဆိုင်ရာတွင် သူ့အနေဖြင့်အရမ်းကို အားနည်းလွန်းနေသေးသည်။
“ဟားဟားဟားဟား “
မာသဲဖူက လေထဲတွင် ရပ်နေဆဲဖြစ်ပြီး ရှစ်ဖုန့်အားငုံ့ကြည့်နေသည်။သူကသရော်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကောင်လေး မင်းခုခံချင်နေတုံးပဲလား”
ရှစ်ဖုန့်မှာ ဖောက်လွဲဖောက်ပြန်ကုန်းကုန်းအိုကြီးကို ရေခဲတမျှ အေးစက်သောအကြည့်ဖြင့်စိုက်ကြည့်နေသည်။ထို့နောက်သူကအေးစက်စွာအော်လိုက်သည်။
“သူ့ကိုသတ်”
“ဝုန်း”
ရုတ်တစ်ရက်မာသဲဖူရပ်နေသော ခန်းမအပေါ်ထပ်မှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ကြီးမားသော အပေါက်ကြီးတစ်ခု ပေါက်ကွဲ ပေါ်ထွက်လာပြီး အုတ်ကြွပ်ပြားအကျိုးအပဲ့များက နေရာအနှံ့သို့လွင့်ပျံထွက်သွားသည်။ အနက်ရောင်ပုံရိပ်တစ်ခုက အပေါက်ထဲမှာ တစ်ဟုန်ထိုးထွက်ပေါ်လာသည်။သူ့လက်
ထဲတွင် အစိမ်းရောင်လှံကိုကိုင်ဆောင်ထားပြီး ပူပြင်းသော မီးတောက်များတောက်လောင်နေကာ မာသဲဖူ၏ ခေါင်းကိုထိုးချလိုက်သည်။
“ဟမ်…ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်
ကျွမ်းကျင်သူ”
ရုတ်တရက်သူ့အားတိုက်ခိုက်လာသော အနက်ရောင်ပုံရိပ်အား မြင်လိုက်ရသော အခါတွင် မာသဲဖူ၏မျက်နှာမှာပြောင်းလဲသွားသည်။ သူကသူ့ညာလက်ကို အပေါ်သို့ဆန့်ထုတ်လိုက်ပြီး ကြီးမားသော ရွှေရောင်နေကြာပန်းပုံရိပ်ကြီးကတစ်ဖန်ပြန်ပေါ်လာကာ မီးတောက်လှံနှင့်တွေ့ဆုံသွားကြသည်။
“ဝုန်း”
မီးတောက်လှံနှင့် ရွှေရောင်နေကြာပန်းတို့မှာ အပြင်းအထန်ထိပ်တိုက်တွေ့မိကြပြီး စွမ်းအားပြင်း စွမ်းအင်တို့ကခန်းမအနှံ့သို့ပျံ့နှံ့ထွက်သွားသည်။
“ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…”
ခန်းမပေါ်ရှိအုတ်ကြွတ်ပြားများမှာ တစ်ခုပြီးတစ်ခုကွဲကြေထွက်ကုန်ပြီး ကြမ်းပြင်ထက်ရှိကျောက်ပြားတို့မှာ ပင့်ကူအိမ်ကဲ့သို့ကွဲအက်ကုန်သည်။၎င်းတို့ထဲမှ အချို့မှာပေါက်ကွဲထွက်ကုန်ပြီး ခန်းမတစ်ခုလုံး ပြိုကျတော့မည့်သကဲ့သို့ ပြင်းထန်စွာတုန်ခါနေသည်။ ဖုန်မှုန့်များက နေရာအနှံ့ပြန့်ကျဲနေ၏။
ရှစ်ဖုန့်၏ တတိယမိစ္ဆာမျက်လုံးမှ သိပ်သည်းသော မီးခိုးရောင်မြူတို့ကိုထုတ်လွှတ်နေပြီး မာသဲဖူအားတိုက်စားစေသည်။ ထို့နောက်တွင် သူ၏ ဖြူစွတ်နေသော ဓားရှည်ဖြင့်ထိုးခုတ်လိုက်သည်။ ဖြူစွတ်ပြီးထက်ရှသော ဓားချီက မီးခိုရောင်မြူတို့နင့် ရောနှောနေပြီး မာသဲဖူထံသို့ပစ်ဝင်သွားသည်။
ထို့နောက်တွင် အနက်ရောင်အလင်းက ဟောခန်းမထက်မှ ကျဆင်းလာ၏ ။
ကြီးမားသော အနက်ရောင်ဆေဘာချီက မာသဲဖူခေါင်းထက်တွင်ပေါ်လာပြီး ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း”
နောက်ထပ်ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ယိုယွင်နေပြီးဖြစ်သောခန်းမမှာ နောက်ဆုံးတွင် စွမ်းအားကြီး စွမ်းအင်များစွာ၏ သက်ရောက်မှုကို မတောင့်ခံနိုင်တော့ပဲ ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွား၍ လေထဲတွင် ဖုန့်မှုန့်များဖြင့်နှက်နေစေသည်။
ဖုန်မှုန့်များဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး အပျက်အစီးများကြားထဲတွင် ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်၏ပုံရိပ်ကထွက်ပေါ်လာသည်။
ဝူရှောင်းယွင်က သူ၏လက်ထဲရှိ အစိမ်းရောင်လှံနှင့်အတူ လေထဲတွင်ရပ်နေသည်။ ယဲ့ဝူရှင်းမှာ ဝူရှောင်းယွင်နှင့်မနီး မဝေးတွင် ရပ်နေပြီး သူ၏ နောက်တွင်လုံချန်ကိုထားကာ ကာကွယ်ထားသည်။အစောပိုင်းက စွမ်းအားကြီးသက်ရောက်မှုများ၏အောက်တွင် ယဲ့ဝူရှင်းက လုံချန်ကိုချက်ခြင်းကာကွယ်ထားခဲ့သည်။
“ဗြန်း”
အုတ်ကျိုး အုတ်ပဲ့များကြားထဲတွင်နစ်မြုပ်နေသော အနီရောင်ပုံရိပ်က ရုတ်တရက်ထရပ်လာသည်။
“အဟွတ်.. အဟွတ်.. အဟွတ်.. အဟွတ်..”
မာသဲဖူမှာ ပြင်းထန်စွာချောင်းဆိုးလိုက်သည်။ သူ၏မျက်နှာကသာမန်ထက်လွန်ကဲစွာဖြူဖျော့
နေပြီး သူ၏နှုတ်ခမ်းထောင့်တွင် သွေးစသွေးနများရှိနေသည်။ သူကသူ၏ပုံမှန်ပုံရိပ်ဖြစ်သော ကုန်းကုန်းအိုကြီးတစ်ယောက်အသွင်သို့ပြောင်းသွားသည်။ သူ၏ဖရိုဖရဲဖြစ်နေသောဆံပင်များနှင့်ဆိုလျှင် ရုတ်တရက်ကြည့်ပါက ပုံမှန်ထက်ပင်ပို၍အများကြီး အိုစာသွားသည်။
“အဟွတ်.. အဟွတ်…….ငါမမျှော်လင့်ထားမိခဲ့မိဘူး ….မင်းသားချန်ရဲ့နေရာသေးသေးလေးထဲမှာ အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတွေ အများကြီးရှိနေလိမ့်မယ်လို့ငါမမျှော်လင့်ထားခဲ့မိဘူး …အရှင်မင်းကြီးမှန်တယ်..မင်းသားချန်က မရိုးရှင်းဘူးဆိုတာ”
“ဟမ့် ဖောက်လွဲဖောက်ပြန်သက်ကြားအိုကြီး ခင်ဗျားဘယ်လောက်ထိ မာနကြီးနိုင်မလဲဆိုတာကို ကြည့်ကြသေးတာပေါ့”
ရှစ်ဖုန့်က နှာခေါင်းရှုံ့လိုက်ပြီး မာသဲဖူထံသို့လျှောက်သွားလိုက်သည်။
“နေပါအုံး”
လုံချန်က ရှစ်ဖုန့်ကိုအော်ပြောလိုက်သည်။ ထို့နောက်သူက ယဲ့ဝူရှင်း၏ရှေ့သို့ထွက်လိုက်၏။
“အိုး”
ရှစ်ဖုန့်ကလုံချန်ကိုစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်
လိုက်သည်။
“ကုန်းကုန်းမာ …ခင်ဗျားကဒီနေရာကို တော်ဝင်မိသားစုတားမြစ်နယ်မြေကို ကျူးကျော်မှုကြောင့် သခင်လေးဖုန့်ကိုဖမ်းဖို့အတွက်လာခဲ့တာဖြစ်လို့ လုံမုန့်ရောအခုဘယ်လိုနေလဲ”
လုံချန်ကမေးလိုက်သည်။
“ဟားဟား ..မင်းသမီးလုံမုန့်လား..ကျွန်ုပ်ဒီနေရာကို
လာတော့ မင်းကြီးက သူ့ကိုဆင့်ခေါ်ပြီးနေပြီ…အခုသူဘယ်လိုနေလဲဆိုတာကို ကျွန်ုပ်မသိဘူး .. အဟွတ်.. အဟွတ်.. အဟွတ်.. အဟွတ်..”
မာသဲဖူကထပ်မံ၍ ပြင်းထန်စွာချောင်းဆိုးလိုက်သည်။ သူကသူ့လက်ကို သူ့ပါးစပ်ရှေ့တွင်ထားလိုက်သည်။ သူဖယ်လိုက်သည့်အချိန်တွင် သူ့လက်၌သွေးများဖြင့်ဖုံးနေသည်။
သူ့လက်ထဲရှိသွေးတို့ကိုကြည့်လိုက်ပြီးသူက လုံချန်အားခါးသက်သော အပြုံးဖြင့်ကြည့်လိုက်သည်။
“ဒီနေ့ မင်းသားချန်ရဲ့အိမ်တော်ထဲမှာ ကျွန်ုပ်သေရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး”
“ကုန်းကုန်းမာ ခင်ဗျားသာ ကျုပ်အပေါ်ကိုသစ္စာရှိပါ့မယ်လို့ကျိန်ဆိုရင် ခင်ဗျားအသက်ကိုချမ်းသာပေးဖို့အတွက် ကျုပ်သခင်လေးဖုန့်ကို တောင်းဆိုပေးနိုင်တယ်”
လုံချန်က သူ့အသက်အားချမ်းသာပေးရန်ရှစ်ဖုန့်အား
တောင်းဆိုပေးမည်ဟုသာပြောခဲ့သည်။ အဓိပ္ပါယ်ကရှင်းလင်းသည်။ မာသဲဖူ သစ္စာရှိသည်မရှိသည်က အရေးမကြီးပေ နောက်ဆုံး ဆုံးဖြတ်မည့်သူက ရှစ်ဖုန့်သာဖြစ်သည်။
“ဟားဟား”
လုံချန်၏ စကားအားကြားလိုက်ရသောအခါတွင် မာသဲဖူက ထပ်မံ၍ ခါးသီးစွာပြုံးလိုက်သည်။
“ကျွန်ုပ် မာသဲဖူက မင်းကြီးတစ်ယောက်တည်းအပေါ်မှာသစ္စာရှိ
တယ်..တစ်နေ့ကျ မင်းကြီး နတ်ရွာစံသွားခဲ့ပြီး သင် မင်းသားချန်က ထီးနန်းကိုအမွေဆက်ခံခဲ့ရင်တော့ ကျွန်ုပ်ကသင့်အစေခံတစ်ယောက်ဖြစ်လာမှာပေါ့ ဒါပေမဲ့…အဲ့လိုဖြစ်လာမဲ့နေ့ရက်ကိုမင်းသားချန် စောင့်နိုင်စွမ်းရှိတော့လိမ့်မယ်လို့ကျွန်ုပ်မထင်
ဘူး”
“ခင်ဗျားဘာကိုဆိုလိုတာလဲ”
လုံချန်အံ့အားသင့်သွားသည်။ မာသဲဖူက တစ်စုံတစ်ခုအား သွယ်ဝိုက်ပြောဆိုပုံရလေသည်။
“ဟားဟား….ဟားဟားဟားဟားဟား… ဟားဟားဟားဟားဟား…ဟာ………..”
မာသဲဖူက လုံချန်၏ မေးခွန်းကိုမဖြေပေ။ထိုအစား သူကကောင်းကင်ကိုမော့ကြည့်၍သာအကျယ်
ကြီး ရယ်မောလိုက်သည်။ ထို့နောက်တွင် သူ့ရယ်သံမှာ ရုတ်ချည်းမပြေမပြစ်ဖြင့်ရပ်တန့်သွားခဲ့သည်။
“ဒီသက်ကြားအိုကြီးက သူ့ကိုယ်သူသတ်သေသွားတာပဲ”
ရှစ်ဖုန့်က မာသဲဖူကိုကြည့်၍ လုံချန်ကိုပြောလိုက်သည်။ ထို့နောက်တွင်သူ၏ ငရဲဘုံကိုးခုပညာရပ်ကိုအသုံးပြုကာ သေခြင်းစွမ်းအင်နှင့် ဝိညာဉ်တို့ကိုဝါးမျိုလိုက်သည်။ အနီရောင်သွေးတို့က မာသဲဖူ၏ ဒွာရခုနှစ်ပေါက်မှ ရှစ်ဖုန့်ထံသို့ အပြင်းထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ကုန်းကုန်းများ၏ ခေါင်းဆောင်ဖြစ်သူ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ် မာသဲဖူမှာ ရှုံ့တွနေသော အလောင်းကောင်တစ်ခုဖြစ်သွားခဲ့သည်။
“ဟူး..စိတ်မကောင်းစရာပဲ”
ခြောက်သွေ့သော အလောင်းအဖြစ်ပြောင်းလဲသွားသည့်မာသဲဖူကိုကြည့်နေရင်း လုံချန်မှာသက်ပြင်းချ၍ ပြောလိုက်သည်။ အကယ်၍ မာသဲဖူသာ သူ့ကိုသစ္စာစောင့်သိခဲ့မည်ဆိုလျှင် သူ့ဘေးတွင်နောက်ထပ် အင်ပါယာနယ်ပယ်တစ်ယောက်ကိုသူရရှိလိမ့်မည်ဖြစ်သည်။ ထိုထက်ပိုသည်ကား ကုန်းကုန်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး မာသဲဖူမှာ လုံအောင်း အနှစ်သက်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ မာသဲဖူမှာ လုံအောင်းအယုံကြည်ရဆုံးပုဂ္ဂိုလ်ဆိုသည်အား လူများကသိကြသည်။ မာသဲဖူ၏ ပုံရိပ်ကသာမန်မဟုတ်ပေ။
အကယ်၍ သူသာ ဤကုန်းကုန်းအိုကြီး၏ အကူအညီအားရရှိခဲ့မည်ဆိုလျှင် အင်ပါယာနန်းတွင်းအတွင်း၌ ဖြစ်ပျက်နေသည်တို့အား အချိန်မရွေးသူသိရှိနိုင်လိမ့်မည်ဖြစ်လေသည်။ ထို့ပြင် သူသည် အင်ပါယာမောင်းမဆောင်တွင် ကုန်းကုန်းများနှင့် ရံရွှေတော်များ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လေသည်။
“အခုမင်းအဖေကတောင် ဒီသခင်လေးရဲ့အသက်ကိုလိုချင်နေပြီ ..ကြည့်ရတာ ဒီသခင်လေး အင်ပါယာမြို့တော်ထဲမှာ နေလို့မရတော့တဲ့ပုံပဲ..ကုန်းကုန်းအိုကြီး တစ်ယောက်တောင် ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်
အဆင့်ရှိနေတယ်…မင်းအဖေရဲ့ဘေးမှာ
ကျွမ်းကျင်သူတွေ ဘယ်လောက်တောင်ရှိနေတယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ”
ရှစ်ဖုန့်က လုံချန်ကိုကြည့်ကာပြောလိုက်သည်။ ထို့နောက်သူကဆက်၍ပြောသည်။
“ဒါပေမဲ့ လုံမုန့် အဲ့ကောင်မလေး…”
ရှစ်ဖုန့်၏စကားမဆုံးခင် လုံချန်က အလျှင်အမြန်ပြောလိုက်သည်။
“သခင်လေးဖုန့် မစိုးရိမ်ပါနဲ့…လုံမုန့်က ငါ့အဖေရဲ့ သွေးသားပါ..ငါ့အဖေသူမကို ဘာမှလုပ်မှာမဟုတ်ဖူးလို့ငါယုံတယ်..အခုသခင်လေးအတွက် အခြေအနေတွေက မသင့်တော်သေးဘူး ..သခင်လေးဖြစ်နိုင်သမျှ မြန်မြန်ထွက်ခွာသွားတာ အကောင်းဆုံးပဲ..သခင်လေးမိခင်ကို ငါသေချာစောင့်ရှောက်ထားပါ့မယ်..ငါ လုံချန်က သခင်လေးဖုန့် အင်ပါယာနယ်ပယ်ကိုချိုးဖြတ်ဝင်ရောက်
ပြီးတော့ အင်ပါယာမြို့ကိုပြန်လာမဲ့နေ့အထိကိုစောင့်
နေပါ့မယ်”
“ငါတစ်နှစ်အတွင်းပြန်လာခဲ့မယ်”
ရှစ်ဖုန့်က လုံချန်ကို စိတ်ပိုင်းဖြတ်ထားသော မျက်နှာဖြင့်ပြောလိုက်သည်။ ထို့နောက်တွင်သူက ဝူရှောင်းယွင်ကိုကြည့်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကိုပစ်ပေးလိုက်သည်။
ဝူရှောင်းယွင်က ရှစ်ဖုန့်ပစ်ပေးလိုက်သော ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင်ထား၍ စစ်ဆေးလိုက်သည်။ ထို့နောက်သူက ရှစ်ဖုန့်ကို ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်..ကျေးဇူးတင်ပါတယ်”
ဆက်ရန်…
ဘာသာပြန်သူ-ARISE