အပိုင်း(၁၄၁)
Vol. 10 Ch. 141
ဝူရှောင်းယွင်က ရှစ်ဖုန့်ထံမှ ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင်ထားက စစ်ဆေးလိုက်သည်။ထို့နောက်သူကရှစ်ဖုန့်ကို ပျှော်ရွှင်စွာဖြင့်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ် သခင် “
ဝူရှောင်းယွင်မှာထိုညက ရှစ်ဖုန့်၏ ညှင်းပမ်းနှိပ်စက်မှုကိုခံရအပြီး ယခုအခါတွင် လုံဝထိန်းချုပ်မှုကိုခံလိုက်ရပြီဖြစ်သည်။ ရှစ်ဖုန့်ကသူ့ကိုပေးလိုက်သော ကျောက်စိမ်းပြားမှာ သူ၏ဝိညာဉ်ဖြင့်မှတ်တမ်းထင်ထားသော ရေခဲ လှံပညာရပ်ပင်ဖြစ်လေသည်။
“ဒီသခင်လေးက ထွက်သွားရလိမ့်မယ်..မင်းကအင်ပါယာမြို့တော်မှာ နေခဲ့ပြီးတော့ မင်းသားချန်ရဲ့ အမိန့်တွေကို နားထောင်ပါ သူ့ကို မနာမခံမလုပ်ပါနဲ့”
ရှစ်ဖုန့်က ဝူရှောင်းယွင်ကို အေးစက်စွာပြောလိုက်သည်။
“ဟုတ်ကဲ့ပါသခင်”
ထို့နောက်တွင်ရှစ်ဖုန့်၏ အောက်ခြေ၌ရှိနေသောမြေပြင်မှာ အရည်အဖြစ်သို့ပြောင်းလဲသွားသည်။ ရှစ်ဖုန့်၏ ခြေထောက်အောက်ရှိ အကျိုးအပဲ့များမှာ မြေကြီးထဲသို့နစ်ဝင်သွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်လည်းစတင်၍ နစ်မြုပ်သွားသည်။
“သခင်လေးဖုန့် ဂရုစိုက်ပါ”
လုံချန်က နစ်ဝင်နေသော ရှစ်ဖုန့်ကိုပြောလိုက်သည်။
“အင်း..မင်းလည်းဂရုစိုက်ပါ”
ရှစ်ဖုန့်က လုံချန်ကိုခေါင်းညိမ့်ပြကာပြောလိုက်သည်။ ထို့နောက်တွင် သူကမြေကြီးထဲသို့နစ်ဝင်မြုပ်သွားခဲ့ပြီး အင်ပါယာမြို့အတွင်းမှ ယင်မိစ္ဆ၏ ပင်ကို စွမ်းရည်အကူအညီဖြင့် ထွက်ခွာသွားခဲ့သည်။
အချိန်များက ကုန်ဆုံးသည်မှာမြန်ဆန်သည်ကိုရှစ်ဖုန့်
သိသည်။ သူ့တွင်မိခင်ဖြစ်သူကိုပင် နှုတ်ဆက်ရန်အချိန်မရှိပေ။ ကြယ်ငါးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်က ဝိညာဉ်ကျောက်တုံးကို ပြင်ဆင်ထားခဲ့ပြီးဖြစ်ရမည်။ အခုသူသေသွားသောအချိန်တွင် လုံချန်၏ ဖခင်ဖြစ်သူကလည်းယင်းကိုသိပြီးနေလောက်ပြီဖြစ်သည်။
ဆယ်ရက်ကြာမြင့်ပြီးနောက် ယွင်လိုင်အင်ပါယာ အနောက်မြောက်နယ်စပ်ဒေသ ရှိ ရှီဟွမ်မြို့လေးတွင်ဖြစ်သည်။
ရာသီဥတုက ဆိုးရွားလွန်းပြီး အဝါရောင်သဲမှုန်များက ကောင်းကင်ထက်တွင်ပြည့်နေသည်။ မြို့ပြင်တိုင်းများရှိနေသော်လည်း အဝါရောင်သဲမှုန်များနှင့်ပြင်းထန်သောမုန်တိုင်းတို့က ပိတ်ဆို့နေဆဲပင်ဖြစ်သည်။
ရာသီဥတုဆိုးဝါးလှသော အချိန်တိုင်းတွင် လူများအပြင်သို့ထွက်ကြသည်မှာရှားပါးလေသည်။ လူများသည် အထီးကျန်ခြင်းကို အလိုမရှိကြချေ။ အများစုမှာ လက်ဖက်ရည်ဆိုင်များနှင့် သေရည်ဆိုင်များတွင်သာ စုစည်းကြသည်။
ရာသီဥတုဆိုးရွားလှသောအချိန်တိုင်းတွင် လက်ဖက်ရည်ဆိုင်များ သေရည်ဆိုင်များအားလုံး၏စီးပွားရေးမှာ ထူးထူးခြားခြားကိုကောင်းမွန်လေသည်။ လူတိုင်းက ဤနေရာများတွင်စုစည်းကြပြီး
သို့သော် ဤရက်ပိုင်းများအတွင်း အပြောအများဆုံးသော အကြောင်းအရာမှာ ယွင်လိုင်အင်ပါယာအကြောင်းပင်ဖြစ်ပြီး အင်ပါယာအတွင်းတွင်လက်တလော ဖြစ်ပွားခဲ့သော ကိစ္စကြီးများအကြောင်းပင်ဖြစ်လေသည်။
“ငါတို့ယွင်လိုင်အင်ပါယာအတွင်းမှာ ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတွေရှိနေပြီဆို
တာကိုမင်းတို့သိကြလာ”
“ဒါပေါ့ ဒီလိုကိစ္စကြီးမျိုးကိုငါလည်းကြားခဲ့တယ်..ယွင်လိုင်အင်ပါယာရဲ့ ထိပ်တန်းဆယ်ယောက်အဆင့်ကျွမ်းကျင်သူတွေထဲက ထိပ်ဆုံးနှစ်ယောက်ဆိုတဲ့အတိုင်းပဲ..
သူတို့နှစ်ယောက်လုံးဘိုးဘေးနယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်သွားကြတာ”
“ဒါပေမဲ့ငါကြားခဲ့ရတဲ့စိတ်ဝင်စားဖို့
အကောင်းဆုံးအရာကဘာလဲဆိုရင် ရှစ်ဖုန့်လို့ခေါ်တဲ့ ပါရမီရှင်လေးက သွေးမိစ္ဆာဂိုဏ်းက ရွှယ်ထူ ခရမ်းရောင်မိုးကြိုးဂိုဏ်းကလဲ့ကန်းနဲ့ ရေခဲနှင်းတောင်ကြားက ရွှယ်ရီမုံ့တို့ရဲ့ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတယ်တဲ့..ဒါပေမဲ့အဲ့အချိန််တုံးက အင်ပါယာအကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ် ကရှစ်ဖုန့်ကိုကာကွယ်ပေးခဲ့တယ်..အခုကြတော့ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်သူ ဖုန်ချမ့်ယွီက ဂိုဏ်းအားလုံးကို ရှစ်ဖုန့်ကိုဖမ်းဆီးဖို့ အမိန့်ပေးလိုက်တယ်.. ရှစ်ဖုန့်ကို ဖမ်းဆီးမိရင် ရမဲ့ဆုကိုလည်း ကမ္ဘာဦးကျောက်တုံး တစ်သိန်းကနေ သုံးသိန်းအထိကိုတိုးမြှင့်လိုက်တယ်..
ငါတို့နိုင်ငံရဲ့ ဘိုးဘေးနယ်ပယ်နှစ်ယောက်ဟာ အဲ့ပါရမီရှင်လေးနဲ့ ပက်သက်နေတယ်..တစ်ယောက်ကသူ့ကိုကယ်တင်ပြီး တစ်ယောက်ကတော့သူ့ကို သတ်ချင်နေတာလေ”
“အဲ့ဒီ့ရှစ်ဖုန့်အကြောင်းကိုပြောရမယ်ဆိုရင် သူကငါတို့ယွင်လိုင်အင်ပါယာမှာ လူသိများထင်ရှားတဲ့သူပဲကွ..ငါကြားတာတော့ သူကအခုမှ အသက်ဆယ့်ငါးနှစ်ပဲရှိသေးတာတဲ့ ..ထိပ်ဆုံးကျွမ်းကျင်သူ ဆယ်ယောက်ထဲမှာ နံပါတ်ရှစ်ချိတ်တဲ့ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ဒုခေါင်းဆောင်တောင်သူသတ်တာကိုခံခဲ့ရတယ်ပြောတယ်…လွန်ခဲ့တဲ့ခြောက်ရက်တုံးက ကောင်းကင်ဓားဂိုဏ်းက သူရဲ့ခြေရာလက်ရာသဲလွန်စတစ်ချို့ကိုရှာတွေ့
ပြီးတာ့ သူ့ကိုသတ်ဖို့အတွက် ကျွမ်းကျင်သူတွေကိုစေလွှတ်လိုက်တယ်..
နောက်ဆုံးကျ ကျွမ်းကျင်သူရာပေါင်းများစွာဟာသူ့ဓားအောက်မှာပဲအသတ်ခံလိုက်ရတယ်တဲ့ငါ့ကောင်ရေ”
“ငါလည်းဒီအကြောင်းကိုကြားခဲ့ရတယ်..
သေဆုံးသွားတဲ့သူတိုင်းက ခြောက်သွေ့တဲ့အလောင်းတွေအဖြစ််ကိုပြောင်းသွားပြီးတော့ နှစ်ရာပေါင်းများစွာအကြာကသေဆုံးသွားခဲ့ပြီး ပုတ်သိုးဆွေးမြေ့မှု မရှိခဲ့တဲ့ မံမီတွေလိုမျိုးဖြစ်ကုန်တယ်တဲ့ ဒါကစဉ်းစားကြည့်ရင် ထိန့်လန့်တုန်လှုပ်ဖို့ကောင်းတာပဲ..ငါထပ်ကြားခဲ့တာကအဲ့ရှစ်ဖုန့်က သွေးမိစ္ဆာဂိုဏ်းက နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့နတ်ဆိုးပညာရပ်ဖြစ်တဲ့ သွေးဝါးမျိုနတ်ဆိုးပညာရပ်ကိုလေ့ကျင့်ထားခဲ့တာတဲ့လေ”
“မင်းအခုထိမသိသေးဘူးလား..အခုဆိုရှစ်ဖုန့်ကို ဂိုဏ်းတွေကတင် အလိုရှိနေတာမဟုတ်ပဲ တော်ဝင်မိသားစုတွေကပါ အလိုရှိနေတာတဲ့ဗျား..ငါကြားထားရသလောက််ဆို အဲ့ပုဂ္ဂိုလ်က ဥပဒေမဲ့ပြီးဘာမဆိုလုပ်ရဲတဲ့သူပဲ..သူကတော်ဝင်မိသားစုရဲ့တားမြစ်နယ်မြေထဲကိုကျူးကျော်
ဝင်ရောက်ပြီးတော့ မိစ္ဆာဖိနှိပ်ကျောက်ပြားကိုဖျက်ဆီးပြီး လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က ကျွမ်ကျင်းသူမြောက်များစွားဖိနှိပ်ထိန်းချုပ်ထားခဲ့တဲ့ မိစ္ဆာမျက်လုံးကိုလွှတ်ပေးခဲ့တယ်တဲ့”
ယခုယွင်လိုင်အင်ပါယာ၏ အနောက်မြောက်နယ်စပ်ဒေသ ရှိ ဤအစွန်းအဖျားဒေသလေးတွင်ပင် အပြောအများဆုံးဖြစ်နေသော အကြောင်းအရာမှာ ယွင်လိုင်အင်ပါယာတစ်ခုလုံးအား
ကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ခဲ့သောလူငယ်လေးတစ်ယောက်၏ အကြောင်းပင်ဖြစ်လေသည်။
“အခု ဧကရာဇ်ကရော ဂိုဏ်းတွေကပါ သူ့ကိုအမဲလိုက်နေတာဆိုတော့ ရှစ်ဖုန့်အနေနဲ့ငါတို့ရဲ့ အနောက်မြောက်နယ်စပ်ဒေသကို ပြေးလာလိမ့်မယ်လို့မင်းထင်လား”
တစ်စုံတစ်ယောက်ကပြောလိုက်သည်။
“ဟားဟားဟား ဒါက အရမ်းကိုဖြစ်နိုင်ချေရှိတယ်..သူကငါတို့ထိုင်နေတဲ့ ဟောဒီ့သေရည်ဆိုင်ထဲမှာပဲထိုင်နေပြီးတော့ငါတို့စကားစမြည်ပြောနေတာတွေကို နားထောင်နေမယ်ဆိုတာကလည်းအရမ်းကို ဖြစ်နိုင်ချေရှိတယ်”
တစ်စုံတစ်ယောက်က ရယ်မော၍ပြောလိုက်သည်။
“အနက်ရောင်ဝတ်ရုံနဲ့ လူကိုကြည့်လိုက် ….သူ့မျက်နှာကိုဖုံးကွယ်ထားတယ်..ငါတို့ဒီလူကို အရင်ကတစ်ခါမှာမမြင်တွေ့ဖူးဘူး သူကရှစ်ဖုန့်ဖြစ်နိုင်လောက်တယ်”
တစ်စုံတစ်ယောက်က အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီးမျက်နှာတစ်ခုလုံးအား ခေါင်းစွပ်ဖြင့်ဖုံးကွယ်ထားသောသူရှိရာ သေရည်ဆိုင်၏ ထောင့်စွန်းကိုညွှန်ပြလိုက်သည်။
“ဟားဟား လုပ်စမ်းပါ..ငါကြားတာရှစ်ဖုန့်ကရှစ်ပေရှည်ပြီး သူ့ခါးကလည်းရှစ်ပေလောက်ကိုကျယ်တာတဲ့…သူကဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ”
တစ်စုံတစ်ယောက်က ပြန်လည်ခွန်းတုံ့ပြန်လိုက်သည်။
“သူသာတကယ်ရှစ်ဖုန့်ဆိုရင်ကောင်းတာပေါ့ဟ..သူက ကမ္ဘာဦးကျောက်တုံးသုံးသိန်းတောင်တန်ကြေးရှိတဲ့သူပဲဟာ …အဲ့တာက ငါရဲ့ ကျန်တဲ့ ဘဝသက်တမ်းတစ်ခုလုံးကိုကောင်းကောင်း
သုံးဖြုန်းလို့ရတဲ့ ပမာဏပဲဟာ..ငါမင်းကိုအမှန်အတိုင်းပြောရရင် ငါလူသူမမြင်ကွယ်ရမှာ ခဏလောက်လေ့ကျင့်မှုတွေပြုလုပ်ထားတယ်..ငါ့ရဲ့သိုင်းပညာရပ်က အထွတ်အထိပ် ပြည့်စုံမှုကို ရောက်ရှိနေပြီ ..ငါ့က အနောက်မြောက်နယ်စပ်ဒေသမှာ မွေးဖွားလာခဲ့တာကြောင့်သာငါ့မှာစွမ်းအားတွေရှိပြီး အဲ့တာတွေကိုဘယ်နေရာမှာ အသုံးချရမလဲ မသိဘူးဖြစ်နေတာ”
“ကျွတ်..နားစမ်းပါကွာ..မင်းကလား ….အဲ့ဒီ့ရှစ်ဖုန့်ကလေ ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ဖုန်လောဟန်ကိုသတ်ပစ်ခဲ့တဲ့သူကွ..မင်းအနေနဲ့သူ့လက်ချောင်းလေးနဲ့ထိုးတာကိုတောင်
ခံနိုင်ရည်ရှိမှာမဟုတ်ဖူး”
“ဟားဟားဟား..ဒါကအမှန်ပဲ”
“ဟမ့်…မင်းတို့ကမယုံကြဘူးပဲ..
ဟုတ်တယ်မလား..”
သူ့ကိုယ်သူ လူသူဝေးရာတွင် ကျင့်ကြံသမှုပြုထားသည်ဟုပြောခဲ့သော ကိုဗလကြီးကပြောလိုက်သည်။ ထို့နောက်သူက အနက်ရောင်ဝတ်ရုံနှင့်လူအား လက်ညှိုးထိုးပြကာ ထပ်ပြောလိုက်သည်။
“ကြည့်လိုက် ..ငါသူ့ခေါင်းပေါ်က ခေါင်းစွပ်ကိုချွတ်ပြီးတော့ သူက ရှစ်ဖုန့်ဟုတ်မဟုတ်ဆိုတာကို ကြည့်ပြမယ်”
“ဟားဟားဟး သွားသွား..ဒီပုဂ္ဂိုလ်ကသူ့ကိုယ်သူ ဖုံးကွယ်ထားတဲ့ဆရာသခင်
တစ်ယောက်ဖြစ်လောက်တယ်..အချိန်ကျလာမှသာရှက်သလိုလို အခက်တွေ့သလိုလို မလုပ်မိစေနဲ့ “
တစ်စုံတစ်ယောက်က သရော်လိုက်သည်။
“ဟမ့် မင်းတို့စောင့်ကြည့်နေကြစမ်းပါ ငါသူ့ကိုဖမ်းမိပြီး ကမ္ဘာဦးကျောက်တုံးသုံးသိန်းရလာတဲ့
အခါကျမှာ မင်းကိုအဲ့တာတွေနဲ့ရိုက်သတ်အုံးမယ်”
“ဟားဟား”
ရယ်မောနေသော လူအုပ်ကြားထဲမှ ကိုယ်ဗလကြီးမှာ အနက်ရောင်ဝတ်ရုံနှင့်လူထံသို့ လျှောက်သွားလိုက်သည်။ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူမှာ သေရည်ပြင်းတစ်ပန်းကန်လုံးကိုသောက်နေပြီး အနောက်မြောက်ပိုင်း၏ အထူးအသားကင်မှာ အသားကိုဖဲ့ယူစားသောက်နေသည်။
ကိုဗလကြီးကို အနက်ရောင်ဝတ်ရုံနှင့်လူထိုင်နေသော စားပွဲထံသို့ရောက် ချလာပြီး အထက်စီးဆန်စွာပြောလိုက်သည်။
“ကောင်လေး မင်းရဲ့ခေါင်းစွပ်ကိုချွတ်လိုက်ပြီးတော့ မင်းကရှစ်ဖုန့်လားဆိုတာကိုငါ့ကိုမြင်အောင်ပြစမ်း”
အနက်ရောင်ဝတ်ရုံနှင့်လူက သူရှေ့တွင်ရှိသောသူအားလေထုကဲ့သိုလျစ်လျူရှုထားပြီး ပန်းကန်လုံးထဲရှိ သေရည်အပြင်းစားကိုဆက်လက်သောက်
နေသည်။
“ဟမ်..ဒီသခင်လေးပြောနေတာကိုမင်းမကြားဘူးလားကွ..မင်းနားပင်းနေလား”
အနက်ရောင်ဝတ်ရုံလူကသူ့အားလျစ်လျူရှုထားသည်ကိုမြင်တွေ့လိုက်ရသောအခါတွင် ကိုဗလကြီးက ဒေါသထွက်စွာဖြင့်ပြောလိုက်ပြီး အနက်ရောင်ခေါင်းစွပ်ကို ဆွဲချွတ်ရန် အနက်ရောင်ဝတ်ရုံဦးခေါင်းထက်သို့သူ့လက်ကိုဆန့်ထုတ်လိုက်သည်။
သို့သော်ထိုအချိန်၌ အနက်ရောင်ဝတ်ရုံအားထိကာနီးအခိုက်အတန့်တွင် ကိုဗလကြီး၏ ဆန့်ထုတ်လိုက်သောလက်မှာ လေထဲတွင်တန့်သွားခဲ့သည်။အနက်ရောင်ဝတ်ရုံနှင့်လူမှာသေရည်ကိုသာစိမ်ပြေနပြေ ဆက်လက်သောက်နေသည်။
“ဟေး ကျန်းဟန်က ဘာလို့ရုတ်တရက်ကြီး လှုပ်ရှားနေတာကိုရပ်လိုက်တာလဲ”
“ဘာလဲဟ ဘာတွေဖြစ်နေတာလဲ…ငါကသူတို့ခေါင်းစွပ်ကိုချွတ်ပြီးတော့သူဘယ် လိုပုံစံရှိလဲ ဆိုတာကိုကြည့်ရဖို့စောင့်နေတာလေ”
“ဟုတ်တယ်…ကျန်းဟန် က သရဲများအပူးခံတာရတာဖြစ်နိုင်မလား..ဘာလို့လုံးဝလှုပ်ရှားမှုမရှိရတာလဲ”
ပွဲအားစောင့်ကြည့်နေကြသောသူအချို့က
တီးတိုးပြောဆိုနေကြသည်။
“စားပွဲထိုး ရှင်းမယ်”
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူမှာ စားသောက်၍ပြီးစီးသွားပုံရပြီး အော်ပြောလိုက်လေသည်။ သူ၏ အသံမှာတော်တော်လေးငယ်ရွယ်သူဖြစ်ပုံပေါ်သည်။ ထို့နောက်သူက ရွှေဒင်္ဂါးတစ်ပြားကိုထုတ်ယူလိုက်ကာ စားပွဲပေါ်သို့သာမန်ကာလျှံကာ ပစ်တင်လိုက်ပြီး ထရပ်၍ သေရည်ဆိုင်အတွင်းမှထွက်ခွာလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူ သေရည်ဆိုင်ဝင်ပေါက်သို့မရောက်သေးခင် ကျန်းဟန်၏ အဖော်လေးယောက်က ကျန်းဟန်၏ဘေးသို့အပြေးလေးသွား
လိုက်သည်။ သူတို့နေဖြင့်၎င်းအားမြင်လိုက်ရသောအချိန်တွင် ကြက်သေသေသွားကြသည်။
ကျန်းဟန်မှာ တည့်မတ်စွာရပ်နေပြီး သူ၏လက်များက ယခင်အတိုင်း တူညီသော အနေအထားဖြင့်ရှိနေဆဲဖြစ်သည်။ သူ၏လက်များအက လေထဲတွင် ဆန့်ထုတ်ဆဲတန်းလန်းဖြင့်ရပ်တန့်နေသည်။ သို့သော်ကျန်းဟန်၏မျက်လုံးများကတော့ အိပ်မောကျနေသကဲ့သို့ ပိတ်ထားဆဲဖြစ်သည်။
သူ့အဖော်ထဲကတစ်ယောက်ကထိန့်လန့်စွာဖြင့် သူ့လက်ကိုကျန်းဟူ၏နှုတ်ခမ်းနားသို့ဆန့်ထုတ်လိုက်သည်။ ထို့နောက်သူကတိတ်တဆိတ်သက်ပြင်းချ
လိုက်ပြီးပြောလိုက်သည်။
“ကံကောင်းစွာနဲ့သူအသက်ရှူနေတုံးပဲ”
ထိုအချိန်တွင်လူတိုင်းက သေရည်ဆိုင်ဝင်ပေါက်ဆီသို့ ထိန့်လှုပ်တုန်လှုပ်စွာဖြင့်စိုက်ကြည့်လိုက်သည်။
သူတို့ထဲကတစ်ယောက်က အသံတိုးတိုဖြင့်ဂရုတစိုက်ပြောလိုက်သည်။
“အားလုံးပဲမှတ်ထားကြ နောက်ကျရင်ငါတို့တွေ ဒီပုဂ္ဂိုလ်ကို မစော်ကားမိစေနဲ့ ငါတို့တွေသူ့ကိုတွေ့တာနဲ့ဖြစ်နိုင်သမျှ ဝေးဝေးကနေရှောင်ရမယ်.. ခုဏတုံးက ငါတို့တွေသူဘယ်လိုတိုက်ခိုက်လိုက်လဲဆိုတာကိုမသိပေမဲ့ ကျန်းဟန်ဟာဒီလိုမျိုးဖြစ်သွားခဲ့တယ်..
ကံကောင်းထောက်မစွာနဲ့ ဒီပုဂ္ဂိုလ်က သနားညှာသမှုပြုခဲ့လို့ မဟုတ်ရင် ငါတို့တွေ ကျန်းဟန်ကိုထပ်ပြီးတော့ မြင်တွေ့ရတော့မှာမဟုတ်ဖူး”
“ဟုတ်တယ်..ဟုတ်တယ်”
သူ၏စကားတို့အားကြားလိုက်ရသောအခါတွင် တစ်ခြားသူများက ထပ်တလဲလဲ ခေါင်းညိမ့်လိုက်ကြသည်။ တစ်စုံတစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။
“သူကတကယ်ပဲ ရှစ်ဖုန့်လို့မင်းတို့ထင်လား”
“ရှစ်ဖုန့်ပဲ..ဒါကတိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူးမလး”
အနက်ရောင်ဝတ်ရုံနှင့်လူက သေရည်ဆိုင်ထဲမှာလျှောက်လှမ်းထွက်သွားပြီး သူ့လက်ထဲတွင် သားရဲအရေခွံနှင့်လုပ်ထားသော မြေပုံတစ်ချက်ကိုကိုင်ဆောင်ထားသည်။ သူက တိုးလျစွာရေရွတ်လိုက်သည်။
“ကောင်းကင်ဓားသွား ဂိုဏ်းကရခဲ့တဲ့မြေပုံအရ ရှေးဟောင်းအမွေအနှစ် နေရာက အနောက်မြေရိုင်းမြို့အပြင်ဘက်က အနောက်မြောက်သဲကန္တာရမှာပဲ..
ငါအနောက်ဘက်ကိုဆက်ပြီးသွားရလိမ့်မယ်.”
အနက်ရောင်ဝတ်ရုံနှင့်လူက စကားပြောရင်း ခေါင်းမော့၍ တစ်ဟူးဟူးတိုက်ခတ်နေသောလေနှင့် သဲမှုန်တို့ကို ကြည့်လိုက်သည်။ ထိုအခါတွင် ငယ်ရွယ်ပြီးယောက်ျားပီသစွား
ချောမောလှပသော မျက်နှစ်တစ်ခုလှစ်ဟာထွက်ပေါ်လာ၏။ ထိုသူမှာ ရှစ်ဖုန့်ပင်ဖြစ်လေသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE