အပိုင်း (၁၄၂)
Vol. 10 Ch. 142
လွန်ခဲ့သောခြောက်ရက်ခန့်က ကောင်းကင်ဓားဂိုဏ်းဟုခေါ်သော ဓားဂိုဏ်းတစ်ခုက ရှစ်ဖုန့်၏တည်နေရာကိုရှာဖွေတွေ့ရှိခဲ့သည်။ သူအားဝန်းရံ၍ သတ်ဖြတ်ရန်အတွက် ထိုဂိုဏ်းက ကျွမ်းကျင်သူ ရာပေါင်းများစွာကိုစေလွှတ်ခဲ့လေသည်။ ရလဒ်အနေဖြင့်ကား ၎င်းတို့အားလုံးရှစ်ဖုန့်၏ဓားချက်
အောက်တွင်သာ အသက်ပျောက်သွားခဲ့ကြရသည်ဖြစ်သည်။ ရှစ်ဖုန့်ကစစ်ပွဲ၏အကျိုးအမြတ်များကိုစုဆောင်းရိတ်သိမ်းချိန်တွင် ပါမွှားလေးတစ်ကောင်၏ သိုလှောင်လက်စွပ်အတွင်းမှ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုအကြောင်းကို မှတ်တမ်းတင်ထားသော သားရဲအရေပြားဖြင့်ပြုလုပ်ထားသည့် မြေပုံတစ်ခုကို တွေ့ရှိခဲ့သည်။ မြေပုံတွင်ဖော်ပြထားချက်အရ အမွေအနှစ်မှာ အနောက်မြေရိုင်းမြို့၏ အနောက်မြောက်ဘက်ရှိ သဲကန္တာရတွင်ဖြစ်သည်။
“မင်း …မင်းငါ့ဆီက တစ်ခြားဘာတွေကိုလိုသေးလို့လဲ”
သေရည်ဆိုင်၏ ဝင်ပေါက်တံခါးဝတွင်ရပ်ကာ ဆိုးရွားလှသော ရာသီဥတုကိုကြည့်နေစဉ် ရုတ်တရက်အော်သံတစ်ခုကို ရှစ်ဖုန့်ကြားလိုက်ရသည်။ လမ်းမပေါ်၏သိပ်မဝေးလှသောနေရာတွင် အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူဝကြီးတစ်ယောက်အား အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်အကြပ်များက ဝန်းရံထားကြသည်။
“အမ်..ငါ့ရဲ့အသိအကျွမ်းတစ်ယောက်ကိုဒီလိုနေရာမျိုးမှာ တွေ့နိုင်လိမ့်မယ်လို့ ငါယုံတောင်မယုံနိုင်ဘူး”
အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော လူဝကြီးမှာ လွန်ခဲ့သောအချိန်တစ်ချို့က စန်းယွဲ့မြို့တွင် ရှစ်ဖုန့်တွေ့ဆုံခဲ့ဖူးသော ဝမ့်မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဝမ့်ယောင်ပင်ဖြစ်သည်။ ဤအချိန်တွင် ဝမ့်ယောင်မှာ ကြယ်နှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေပြီဖြစ်သည်။ သူ့အားဝန်းရံထားသော အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်အကြပ်များ၏ ကြားထဲတွင် ဒေါင်မြင့်သော အနက်ရောင်မြင်းကြီးကိုစီးနင်ထားသည့်သူမှာ ကြယ်ကိုးပွင့်စိတ်ဝိညာဉ်နယ်ပယ်
တစ်ယောက်ဖြစ်လေသည်။
“ဟမ့်ခင်ဗျားရဲ့သားက ကျုပ်တို့ရဲ့မြို့အရှင်သခင်လေးကိုစော်ကားခဲ့တာ..ဒါတောင်မှခင်ဗျားက ဒိတိုင်းလေးပဲ ထွက်သွားလို့ရမယ်လို့ထင်နေတာလား”
မြင်းနက်ကြီးပေါ်တွင်ထိုင်နေသော အနက်ရောင်ချပ်ဝတ် အစောင့်က ပြောလိုက်သည်။
“မင်းတို့ကတစ်ခြားဘာလိုချင်သေးလို့လဲ..မြို့အရှင်သခင်လေးကိုငါတို့မိသားစုရဲ့ စည်းစိမ့်ဥစ္စာအားလုံးကိုလျော်ကြေးအဖြစ်နဲ့ပေးပြီးနေပြီ.. ငါ့သားက ကြင်နာသနားမှုကိုဘယ်လို ကျေးဇူးတင်ရမလဲဆိုတာကို သူမသိခဲ့ဘူး.မင်းလည်းငါ့သားကို သခန်းစာပေးပြီးနေပြီ ..အခုဆိုသူဟာ အိပ်ယာထဲကတောင်မထနိုင်ပဲ သူ့အသက်ကြိုးမျှင်တန်းလေးကို တွဲလဲခိုနေရတဲ့အနေအထားဖြစ်နေပြီ”
ဝမ့်ယောင်မှာခါးသီးသောမျက်နှာဖြင့် ပြောလိုက်သည်။ ဤအချိန်တွင် သူသည်ရှစ်ဖုန့်ဟိုယခင်က မြင်တွေ့ဖူးခဲ့သော အရှိန်အဝါမြင့်မားပြီး စွမ်းအားကြီးသည့် ဝမ့်မိသားစု၏ ခေါင်းဆောင်တစ်ယောက်ဟုတ်မနေတော့ချေ။ သူ့အနေဖြင့် ဘဝ၏ အကောင်းအဆိုးပြောင်းလဲတတ်သော လောကဓံတရားတို့ကို ခံစားတွေ့ကြုံခဲ့ရသကဲ့သို့ဖြစ်ပြီး ပို၍ပင်မျက်တွင်းများပင်ချောင်ကျ
လာသောအနေအထားဖြစ်နေသည်။
“ကျုပ်တို့မြို့အရှင်သခင်လေးကပြောတယ်..ခင်ဗျားသားက သူ့ရဲ့အမျိုးသမီးဖြစ်သူကိုကြည့်ရဲတယ်တဲ့ သူကအဲ့တာကြောင့် ခင်ဗျားသားကိုသေတဲအထိရိုက်နှက်ချင်ခဲ့တာ …ဒါပေမဲ့ မနေ့ကတုံးက သူ့မှာ နူညံ့တဲ့ နှလုံးသားရှိနေခဲ့တာကြောင့်မို့ ခင်ဗျားသားအနေနဲ့ တစ်ပိုင်းသေတဲ့အထိပဲ အရိုက်ခံခဲ့ရတယ်..ခင်ဗျားကိုလည်း ခင်ဗျားမိသားစုရဲ့ ပစ္စည်းအချို့ကိုယူပြီးတဲ့နောက်မှာ သူသွားခွင့်ပေးခဲ့တယ်လေ”
“သို့ပေမဲ့လည်း မနေ့ကညဘက်ရောက်တဲ့အခါမှာတော့ ကျုပ်တို့ရဲ့သခင်လေးဟာ အိပ်မပျော်နိုင်ခဲ့ဘူး …ဒီမနက်ကြ အဲ့အိပ်မပျော်ရတဲ့အကြောင်းကို
စဉ်းစားမိတဲ့အခါမှာ အဲ့တာကခင်ဗျားကို တစ်ပိုင်းသေတဲ့အထိမရိုက်နှက်လိုက်ရလို့လို့ သူတွေးမိလိုက်တယ်…ကျုပ်တို့သခင်လေးပြောတာကတော့ ဒါက သားတစ်ယောက်ကိုကောင်းကောင်းသင်ကြားမှုမပြုခဲ့တဲ့ ဖအေဖြစ်သူရဲ့အမှားတဲ့”
မြင်းနက်ပေါ်ရှိ အနက်ရောင်ချပ်ဝတ် ဗိုလ်မှူးက ပြောလိုက်သည်။
ထို့နောက်တွင် ဗိုလ်မှူးဖြစ်သူက ဝမ့်ယောင်အားဝန်းရံထားကြသော အနက်ရောင်ချပ်ဝတ်အစောင့်တို့ကို
အမိန့်ပေးလိုက်သည်။
“သူ့ကိုတစ်ပိုင်းသေအောင်ရိုက်ကြစမ်း..အကယ်၍ သူခုခံရဲရင် ငါ့လှံနဲ့သူ့ကိုသေတဲ့အထိထိုးမယ်”
“ဟုတ်ကဲ့”
အနက်ရောင်ချပ်ဝတ် အစောင့်တို့က ပြိုင်တူဖြေလိုက်ကြသည်။
ထိုစကားလုံးများအားကြားလိုက်ရသော
အခါတွင် ဝမ့်ယောင်၏အမူအယာမှာ ကြီးမားစွာပြောင်းလဲသွားတော့သည်။သူက အော်ဟစ်လိုက်သည်။
“မင်းတို့….မင်းတို့တွေ တော်တော်လွန်သွားပြီ…တော်တော်လေးကို
လွန်သွားကြပြီကွ”
အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်အစောင့်များက သူတို့လက်ထဲရှိလှံများနှင့််အတူ တစ်ယောက်ပြီးတစ်ယောက်ဝမ့်ယောင်ဆီသို့ချဉ်းကပ်လာကြသည်။ ဝမ့်ယောင်မှာအရမ်းကိုဒေါသထွက်ရလွန်းသောကြောင့် ၎င်း၏ တစ်ကိုယ်လုံးတုန်ယင်နေ၏။
သူ၏ညာလက်တွင် အနီရောင်မီးတောက်ကိုထွန်းညှိ
လိုက်သော်လည်း နောက်ခဏအကြာတင် ပြန်လည်ပျောက်ကွယ်သွားသည်။ သူ၏နှလုံးသားထဲတွင် ပြင်းထန်စွာလွန်ဆွဲနေရသည်။သူပြန်လည်တိုက်ခိုက်နိုင်သော်လည်းပြန်လည်တိုက်ခိုက်ခြင်း၏ရလဒ်အနေဖြင့်သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် အစောင့်များ၏ လက်ချက်ဖြင့်သေဆုံးရလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် အသက်အမျှင်တန်းလေးပေါ်၌ တွဲလဲခိုနေရသောသူ၏ သားဖြစ်သူမှာလည်း သူမရှိတော့လျှင် ဂရုစိုက်စောင့်ရှောက်တော့မည့်သူ မရှိတော့သောကြောင့် သေဆုံးရလိမ့်မည်ဖြစ်သည်။
အကယ်၍ သူ မခုခံခဲ့လျှင်လည်း ၎င်းတို့၏သေလူတစ်ဝက်နီပါးဖြစ်အောင်
ရိုက်နှက်ခြင်းကိုခံရလိမ့်မည်ဖြစ်သည်။
“ငါသေလူတစ်ဝက်ဖြစ်ရတော့ရောဘာဖြစ်သေးလဲ..အနည်းဆုံးတော့ငါအသက်ရှင်သေးတယ်..”
ဝမ့်ယောင်၏မျက်နှာထက်တွင် ခါးသီးမှုကူကယ်ရာမဲ့မှုများဖြင့်ပြည့်နှက်နေသည်။ သူ၏ပုံစံမှာ သူမမုဒိန်းကျင့်ခံရတော့မည်ဖြစ်သူကိုသိလိုက်ရသောအခါတွင် သူမ၏ကံတရားကိုလက်သင့်ခံလိုက်ပြီဖြစ်သော မိန်းကလေးတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ သူမခုခံခြင်းမပြုနိုင်မှတော့သူမအနေဖြင့် …………
“စဉ်းစားကြည့်လိုက်ရင် ငါ ဝမ့်ယောင်ဟာ တစ်ချိန်က မျိုးဆက်တစ်ခုရဲ့ အရှင်သခင်ဖြစ်ခဲ့တယ်..ငါဟာ စန်းယွဲ့မြို့ကလူတွေရဲ့သေခြင်းရှင်ခြင်းကိုထိန်းချုပ်ခဲ့တယ်..အခုတော့ငါဟာ တကယ်ကြီး ဒီလိုမျိုး ခွေးအုပ်ထဲကိုပြုတ်ကျခဲ့ရတဲ့ ကျားနာတစ်ကောင်ဖြစ်နေရပြီ”
“ဝမ်းနည်းစရာပဲ”
ဝမ့်ယောင်မှာသူ၏မျက်လုံးတို့ကိုပိတ်ထားပြီး ကျရောက်လာမည့်အိမ်မက်ဆိုးကြီးကို စောင့်ဆိုင်းနေသည်။သို့သော်ခဏအကြာတွင် သူ့ကိုယ်ပေါ်သို့ နာကျင်မှုများက ကျရောက်မလာသေးသည်ကိုဝမ့်ယောင်သိရှိလိုက်ရသည်။ ထိုအချိန်တွင် အနက်ရောင်ချပ်ဝတ် ဗိုလ်မှူး၏ ကျယ်လောင်စွာအော်ငေါက်သံကိုကြားလိုက်ရ၏။
“ရိုင်းစိုင်းလိုက်တာ..မင်းကဘယ်သူလဲကွ..မင်းကတကယ်ပဲငါ့ရဲ့ အနောက်မြေရိုင်းမြို့မှာလာပြီးလူသတ်မှုကိုကျူးလွန်ရဲတယ်..အဲ့ထက်ပိုတာက ..မင်းသတ်လိုက်တဲ့သူက ငါ့လက်အောက်ကလူပဲ…မင်းကငါ့ကို မျက်လုံးထဲတောင်ထည့်တွက်မထားဘူးပဲကွ…မင်းမျက်လုံးတွေထဲမှာမျက်အရှင်သခင်
ကိုတောင်ထည့်တွက်မ
ထားဘူးပဲ”
ဒေါသတကြီးအော်ငေါက်နေသံကိုကြား
လိုက်ရသောအခါတွင်ဝမ့်ယောင်က သူ့မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင် အနက်ရောင်ဝတ်ရုံနှင့်ယောက်ျားတစ်ယောက်
ရပ်နေသည်ကိုသူတွေ့လိုက်ရသည်။ စောပိုင်းကသူထံသို့ချဉ်းကပ်လာသော တစ်ဒါဇင် သို့မဟုတ်ထိုထက်ပိုသော အနက်ရောင်ချပ်ဝတ်အစောင့်များမှာ သွေးအိုင်ထဲတွင်လဲနေကြသည်။ ဤအနက်ရောင်ချပ်ဝတ်အစောင့်များမှာ တကယ်ကိုတစ်စုံတစ်ယောက်၏ သတ်ဖြတ်မှုကိုခံခဲ့ရသည်ဖြစ်သည်။
ဤအချင်းအရာအားတွေးမိသောအခါတွင်
ဝမ့်ယောင်မှာတုန်လှုပ်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အမျိုးသမီးအား ဝမ့်ယောင်၏ သားဖြစ်သူက တစ်ချက်လေးပိုမိုကြည့်ရှုမိရုံဖြင့် သားဖြစ်သူကို တစ်ပိုင်းသေသည်အထိ ရိုက်နှက်ခဲ့သော အကျိုးသင့်အကြောင်းသင့်မရှိသည့် မြို့အရှင်သခင်ငယ်လေးအကြောင်းကို တွေးမိလိုက်သောကြောင့်ဖြစ်လေသည်။
အနောက်မြေရိုင်းမြို့တော် မြို့အရှင်သခင်ဖြစ်သူ၏ စွမ်းအားကြီးသော ခွန်အားကိုတွေးမိလျှင် ယင်းမှာရိုးရှင်းစွာပင်သူဆန့်ကျင်နိုင်စွမ်းမရှိသည့်ပြိုင်ဘက်ပင်ဖြစ်လေသည်။ မြို့ရှင်သခင်ကိုမဆိုထားဘိ သူ့ရှေ့တွင်ရှိနေသောဤအနက်ရောင်ချပ်ဝတ်
ဗိုလ်မှူးသည်ပင် သူ၏ အသက်အားကြက်ကလေးငှက်ကလေးသတ်
သလို ယူငင်နိုင်စွမ်းရှိသည်။
ဝမ့်ယောင်၏ မျက်နှာမှာ ရုတ်ချဉ်း သေလုအောင်ဖြူဖျော့သွားခဲ့သည်။ဤပုဂ္ဂိုလ်၌ ကောင်းမွန်သောရည်ရွယ်ချက်ရှိသော်လည်း ၎င်းကသူ့အား ငရဲသစ်ငုတ်ဘဝသို့ကျရောက်ပိတ်မိစေခဲ့ပြီဖြစ်သည်။ အစောပိုင်းက သူ့အနေဖြင့် တစ်ပိုင်းသေလောက်သာအရိုက်ခံရမည်ဖြစ်
သော်လည်း ယခုအခါတွင်သေချာပေါက်သူသေဆုံးရလိမ့်
မည်ဖြစ်သည်။
“ညီကိုမင်းအနေနဲ့ တစ်ခြားသူရဲ့ ကိစ္စကြားထဲကိုဝင်နေမိပြီ”
အနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်ကိုကြည့်ကာ ဝမ့်ယောင်ကကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းချ
လိုက်သည်။
“မင်းမှာကောင်းမွန်တဲ့ရည်ရွယ်ချက်ရှိနေပေမဲ့ ငါ့ကိုဒုက္ခပိုပြီးတော့ရောက်စေတယ်လေ..မင်းအသက်ကိုတောင်မင်းစွန့်စားပေးခဲ့ပေမဲ့ပေါ့”
သို့သော်လည်းဤလူမှာသူအားကယ်တင်ရန်
ကြိုးစားခဲ့ခြင်းဖြစ်သောကြောင့်ဝမ့်ယောင်
အနေဖြင့်ဘာမှကြမ်းကြမ်းတမ်းတမ်းမပြောဆိုခဲ့ပါ။
“သောက်ဖက်တီး ဘာလို့ခင်ဗျားသားက ကျုပ်တိုမြို့အရှင်သခင်လေးရဲ့ အမျိုးသမီးကိုရဲရဲတင်းတင်းနဲ့ ကြည့်ရဲတာလဲဆိုတာကိုကျုပ်သိချင်နေတာ..သူ့နောက်ကွယ်မှာဒီလိုမျိုးကြံရာပါရှိနေတာပဲ ဒါကြောင့်လည်း မသမာတဲ့သူဖြစ်လာတာ..ဒီဗိုလ်မှူးက မင်းတို့ရဲ့ကြံရာပါ ဒီတစ်ကြိမ်လည်းကူညီနိုင်အုံးမလားဆိုတာကို
ကြည့်အုံးမယ်..”
အနက်ရောင်ချပ်ဝတ်ဗိုလ်မှူးက ကျယ်လောင်စွာအော်လိုက်ပြီး သူ့လက်ထဲရှိလှံရှည်မှ အနက်ရောင်အလင်းနှင့်အတူ ပေါက်ကွဲသံထွက်ပေါ်လာသည်။
မြန်ဆန်ပြီးပြင်းထန်သောလှံချက်က အနက်ရောင်ဝတ်ရုံလူ၏ခေါင်းပေါ်သို့ ကျရောက်လာသည်။
အနက်ရောင်ဝတ်ရုံလူ၏ညာလက်က ဓားပုံစံပုံဖော်လိုက်ပြီး အနက်ရောင်ချပ်ဝတ် ဗိုလ်မှူးကို အထက်မှာအောက်သို့ပေါ့ပါးစွာခုတ်ပိုင်းလိုက်သည်။ သူ၏လှုပ်ရှားမှုတို့ကနှေးကွေးပုံပေါ်သော်လည်း ခုတ်ပိုင်းပြီးသည့်နောက်တွင် အစောပိုင်းကအနက်ရောင်ဝတ်ရုံနှင့်လူ
ခေါင်းအားထိုးဖောက်တော့မည့်ဟန်ရှိသော အနက်ရောင်ချပ်ဝတ် ဗိုလ်မှူး၏ လှံမှာ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ အနက်ရောင်အလင်းကပျောက်ကွယ်သွားပြီး အနက်ရောင်ချပ်ဝတ်ဗိုလ်မှူး၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတိုဖြင့်ပြည့်နေသည်။ထို့နောက်
ချက်ခြင်း အနက်ရောင်ချပ်ဝတ်ဗိုလ်မှူးအား ကြီးမားသောစွမ်းအားတစ်ခုက အထက်မှအောက်သို့ဆုတ်ဖြဲလိုက်သည့်ပုံရကာ ၎င်း၏ ကိုယ်က နှစ်ခြမ်းကွဲထွက်သွားပြီး တောက်ပသောအနီရောင်သွေးများကပန်းထွက်လာသည်။
ထို့နောက်ချက်ခြင်း ပန်းထွက်နေသော အနီရောင်သွေးများကဆွဲယူခြင်းခံရသကဲ့သို့ တစ်ဟုန်ထိုး အနက်ရောင်ဝတ်ရုံလူထံသို့စီးဆင်းသွားကြသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဗိုလ်ချုပ်၏ သွေးများသည်သာမကဘဲ အစောပိုင်းကသေဆုံးသွားခဲ့သော အနက်ရောင်ချပ်ဝတ် အစောင့်အကြပ်များ၏ သွေးတို့သည်လည်းပန်းထွက်လာပြီး အနက်ရောင်ဝတ်ရုံဝတ်လူထံသို့စီးဆင်းသွားကြသည်။
“ဒါ…ဒါက.မင်းက..”
အလောင်းများမှသွေးများပန်းထွက်စီးဆင်းနေသည်ကိုကြည့်ရင်း ဝမ့်ယောင်မှာတစ်စုံတစ်ခုကိုတွေးမိသွားသည်။
ဝမ့်ယောင်၏ စိတ်ထဲတွင်ငယ်ရွယ်သောမျက်နှာလေးတစ်ခုက ပေါ်လာခဲ့သည်။ဝမ့်ယောင်၏ မျက်နှာထက်တွင် အမှတ်တရများစွာဖြစ်ပေါ်နေသည်။ ဤပုဂ္ဂိုလ်သာ သူ၏ စန်းယွဲ့မြို့တွင်မပေါ်လာခဲ့လျှင် သူ့အနေဖြင့်ဤကဲ့သို့သောအခြေအနေမျိုးသို့နိမ့်ပါးသက်ဆင်းခြင်းမဖြစ်သည်မှာ အတိအကျပင်ဖြစ်လေသည်။ ထိုလူကြောင့်သာသူယခုကဲ့သို့ဖြစ်လာရခြင်းဖြစ်သည်။လက်ရှိသူသည် တစ်ချိန်က စန်းယွဲ့မြို့ရှင် အရှင်သခင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့သူဖြစ်သည်။ စန်းယွဲ့မြို့တွင်ရှိသောလူတိုင်းက ဝမ့်ယောင်ဆိုသော အမည်နာမအားလေးစားစွာဖြင့်ခေါ်ဝေါ်ခဲ့ကြရသည်။
သို့သောဤပုဂ္ဂိုလ်ပေါ်လာခဲ့သောအခါတွင် အရာအားလုံးမှာသိသိသာသာကိုပြောင်းလဲသွားခဲ့သည်။ သူ့အနေဖြင့်သူ့မွေးရပ်မြေကိုစွန့်ခွာခဲ့ရပြီးဤနေရာသို့ရောက်ရှိသည်အထိ လှည့်လှည်သွားလာခဲ့ရကာ တစ်ခြားသူများ၏အနိုင်ကျင့် အရှက်ခွဲမှုကိုလည်းခံစားခဲ့ရသည်။ ထိုအတွက်လည်းသူ့မှာလက်တုန့်ပြန်လည်၍ ပြန်မတိုက်ခိုက်ရဲခဲ့ပေ။ ဤခံစားချက်မှာမိုးကောင်းကင်ပေါ်မှ ပြုတ်ကျလာရသကဲ့သို့အထိနာသောခံစားချက်
မျိုးပင်ဖြစ်သည်။
“ဒီသခင်လေးက ခင်ဗျားကိုကယ်တင်တယ်ဆိုတာ အဲ့နေကတုံးက ခင်ဗျားဟာဒီသခင်လေးကို မြင်းတစ်ကောင်ကိုငှားရမ်းခဲ့ဖူးလို့ပဲ…ခင်ဗျားရဲ့အဲ့အကူအညီအတွက် ဒီသခင်လေးက ဒီလူတွေကို သတ်ပြီးတော့ပြန်လည်ပေးဆပ်ပေးမယ်..”
ငယ်ရွယ်သောအသံတစ်ခုက ဝမ့်ယောင်၏ နားထဲသို့ဝင်ရောက်လာသည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE