← Chapters

အပိုင်း (၁၄၃)

Vol. 10 Ch. 143

အပိုင်း (၁၄၃)

Vol. 10 Ch. 143

ထို့နောက်တွင်ဝမ့်ယောင်မှာ  အနက်ရောင်ပုံရိပ်က သူ့ထံသို့လှည့်ကြည့်လိုက်သည်။ အနက်ရောင်ဝတ်ရုံခေါင်းစွပ်နှင့်ဖုံးနေသော

ကြောင့်မျက်နှာတစ်ဝက်ကိုသာ ဝမ့်ယောင်မြင်တွေ့ရသော်လည်းဝမ့်ယောင်အ

နေဖြင့် ဤပုဂ္ဂိုလ်ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့မည်ဆိုလျှင်တောင် မှတ်မိနေလိမ့်မည်ဖြစ်လေသည်။

“ဟူး..”

ဝမ့်ယောင်ညင်သာစွာသက်ပြင်းချလိုက်မိသည်။ လောလောဆယ်၌သူ၏နှလုံးသားထဲတွင် ပူဆွေးသောက ပေါင်းမြောက်များစွာဖြစ်ပေါ်နေသည်။

“အဲ့အချိန်တုံးက ခင်ဗျားက ဝင့်ဝင့်ကြွားကြွားနဲ့ ခမ်းနားထည်ဝါခဲ့တာ …ဘယ်လိုဖြစ်ပြီး အရမ်းစိတ်ပျက်စရာကောင်းပြီး ဒီလိုအခြေအနေမျိုးကိုကျဆင်းသွားရတာတုံး”

ရှစ်ဖုန့်က ဝမ့်ယောင်ကိုကြည့်၍ပြောလိုက်သည်။

“မင်းကဒီလိုပြောရဲသေးတယ်လား ….မင်းကြောင့်သာမဟုတ်ရင်ငါက ဒီလိုအခြေအနေမျိုးကို ရောက်စရာအကြောင်းပြချက်ရှိလို့လားကွ”

တကယ်တော့ ဝမ့်ယောင်အနေဖြင့် ဤဂြိုလ်ဆိုးကြယ်၏ရှေ့တော်မှောက်တွင်အထက်ပါစကားများအားပြောဆိုရရဲခြင့်းမရှိပေ။သူ၏ကူကယ်ရာ

ခိုကိုးရာမဲ့မှုများနှင့် ဝမ်းနည်းပူဆွေးသောကများအားလုံးကို ကျိတ်မှိတ်၍ မျိုသိပ်ထားရန်သာတက်နိုင်သည်။

“သခင်လေးဖုန့် ကျေးဇူးတင်ပါတယ်”

ဝမ့်ယောင်က ရှစ်ဖုန့်ကိုပြောလိုက်သည်။ ထိုနောက်သူက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိပြန်သည်။ ဤတစ်ကြိမ်သူ့အား ရှစ်ဖုန့်က ကယ်တင်သွားခဲ့သည်ဆိုလျှင်တောင် သူ့အနေဖြင့်မည်ကဲ့သို့ အနောက်မြေရိုင်းမြို့အရှင်သခင်ရှာဖွေမှုမှလွတ်အောင်လုပ်နိုင်ပါမည်နည်း။

“ခင်ဗျားမျက်နှာကဘာလို့ ခါးသီးတဲ့ပုံစံကြီးဖြစ်နေရတာတုံး..

ဒီသခင်လေးက ခင်ဗျားကိုကယ်ခဲ့ပြီဆိုကတည်းကအဆုံးထိကို ကယ်တင်ပေးမှာပေါ့ ..ဒီအနောက်မြေရိုင်းမြို့တော်ရဲ့

အရှင်သခင်ကို ဒီသခင်လေးပြောင်းလဲပေးမယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါပေါ့ ဒါပေါ့”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်အခါတွင် ဝမ့်ယောင်၏မျက်နှာမှာ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားသည်။ ယခုအခါတွင် ရှစ်ဖုန့်၏ ဒဏ္ဍာရီများက ယွင်လိုင်အင်ပါယာအနှံ့ကိုပြန့်နှံ့နေခြင်း

ဖြစ်သည်။ ရှစ်ဖုန့်မှာ ကြယ်လေးပွင့်အင်ပါယာနယ်ပယ်ဖြစ်သူ ဖုန်လောဟန်အားသတ်ဖြတ်ခဲ့သည်ဟု ဝမ့်ယောင် အစကတည်းကကြားထားပြီးဖြစ်၏။

အစတုံးက သူသည် ကောင်းကင်ဘုံလေဂိုဏ်း၏ အဆင့်နှင့်သန့်စင်သူကို သတ်ဖြတ်ခဲ့သည်။ ယခုအခါတွင်လည်းသူ့နည်းသူ့ဟန်ဖြင့် ကောင်းကင်ဘုံလေဂိုဏ်း၏ ဒုခေါင်းဆောင်ဖြစ်သူကိုသတ်ဖြတ်ပစ်ခဲ့ပြန်၏။ ဤသခင်လေးမှာတကယ့်ကို အစွမ်းထက်လွန်းသူတစ်ယောက်ဖြစ်လေသည်။

တကယ့်လက်တွေ့တွင် ယွင်လိုင်အင်ပါယာမှလူများမှာ ရှစ်ဖုန့်က ကောင်းကင်ဘုံလေဂိုဏ်း၏ အဆင့်လေးသန့်စင်သူ ဖုန်ယွင်ရှောင်ကို သတ်ပစ်ခဲ့သည်ကို မသိကြသေးပေ။ ထိုသို့မဟုတ်ပါက ယွင်လိုင်အင်ပါယာတစ်ခုလုံးပို၍ပင် လှိုင်းဂယက်ထန်သွားလိမ့်မည်ဖြစ်လေသည်။

“ဒီသခင်လေးက ခင်ဗျားလို ဘာမဟုတ်တဲ့သူတစ်ယောက်ကိုလိမ်ပြောစရာလိုလို့လား”

ရှစ်ဖုန့်က ဝမ့်ယောက်ကို ယဉ်ကျေးမနေပဲ ဒဲ့တိုးပင်ပြောလိုက်သည်။

“အမ်..”

ဝမ့်ယောင်အာမေဋိတ်သံဖြင့်သာ တုန့်ပြန်သမှုပြုလိုက်မိသည်။ ယခုအချိန်၌ ဤဂြိုလ်ဆိုးကြယ်နှင့်နှိုင်းယှဉ်လိုက်လျှင်

သူသည် တကယ့်ကို ဘာမှဟုတ်သောသူတစ်ယောက်သာဖြစ်

လေသည်။

ရှစ်ဖုန့်နှင့် ဝမ့်ယောင်တို့ရှိနေသော နေရာ၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် သေရည်ဆိုင်များနှင့် လ္ဖက်ရည်ဆိုင်များ အများအပြားရှိလေသည်။

အစောပိုင်းကဖြစ်ပွားခဲ့သောဖြစ်ရပ်များအား သေရည်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များရှိ လူအများအပြားက မြင်တွေ့ခဲ့လေသည်။

“မင်းခုဏက ဟာကိုတွေ့လိုက်လား…အဲ့မြို့စောင့်တပ်သားတွေက ရှုံ့တွနေတဲ့ အလောင်းကောင်တွေအဖြစ်တစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲသွားကြတယ်..ပြီးတော့သူတို့ရဲ့သွေးတွေကလည်း အနက်ရောင်ဝတ်ရုံနဲ့လူဆီကိုစီးသွားတယ်ကွ”

တစ်စုံတစ်ယောက်က သူ့ဘေးရှိလူကို တီးတိုးပြောဆိုလိုက်သည်။

“ငါ…ငါသာ မမှားဘူးဆိုရင်တော့ အဲ့တာကသွေးဝါးမျိုနတ်ဆိုးပညာရပ်ပဲ..ဒါဆိုရင် ဒီလူက ..ဖြစ်နိုင်တာ…….ရှစ်ဖုန့်…”

“ရှစ်ဖုန့်..ရှစ်ဖုန့်ပဲ..ရှစ်ဖုန့်က တကယ်ကြီး ငါတို့ရဲ့ အနောက်မြေရိုင်းမြို့တော်ဆီကိုလာခဲ့တာကွ”

“ဘုရားရေ…အဲ့ဒါရှစ်ဖုန့်ပဲ..လက်ရှိအချိန်

အတောအတွင်းမှာသူက ငါတို့အင်ပါယာရဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ်ပဲ”

“အား…သူကတကယ်ကြီး ရှစ်ဖုန့်ဟ “

အစောပိုင်းက ကျန်းဟန်နှင့် သေရည်ဆိုင်ထဲတွင် အတူရှိနေခဲ့ကြသော သူများမှာ တုန်လှုပ်ကုန်ကြသည်။သူတို့နှင့်စားပွဲ

အနည်းငယ်သာခြားပြီးထိုင်နေခဲ့သောသူမှာ သူတို့ပြောကြားနေခဲ့ကြသောသူဖြစ်ကြောင်းကိုသူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ထို့အပြင် သူတို့က ၎င်းအားထိုအချိန်၌ ဟာသတစ်ခုအနေဖြင့်ပင်ပျက်ရယ်ပြုခဲ့ကသေးသည်။

အထူးသဖြင့် အခုလေးတင်မှာနိုးလာခဲ့သော ကျန်းဟန်ပင်ဖြစ်သည်။အနက်ရောင်ဝတ်ရုံ

အတွင်းရှိ ပုံရိပ်ကိုကြည့်ကာ သူ့ပါးစပ်အပြည့်တံတွေးတစ်လုပ်ကို မသိလိုက်ပါပဲ မျိုချမိလိုက်သည်။အခုမှ ခုဏက အကြောင်းအားတွေးမိပြီး သူအနည်းငယ် ထိန့်လန့်နေမိသည်။ ဤပုဂ္ဂိုလ်၏ ရှေ့တွင်မှသူ့ကိုယ်သူ ဆရာတစ်ယောက်အနေဖြင့် ခေါ်ဝေါ်ခဲ့မိပြီး  ၎င်းအားမလေးမစားပင် သူကပြုမူမိခဲ့သေးသည်။ ခုဏက ရှုံ့တွသော အလောင်းကောင်များအကြောင်းအားတွေးမိ

လိုက်သောအခါတွင်နောက်ဆုံး၌ ကျန်းဟန်မှာ သူ၏ ဆံပင်တို့ပင် အဆုံးအစွန်ဆုံးအထိကို ထောင်သွားရပြီး ကျောရိုးထဲထိအောင်ပင် အေးစိမ့်တက်လာသော ခံစားချက်တို့ကိုခံစားလိုက်ရသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း…ဝုန်း”

ရုတ်တရက်မြေပြင်က ပြင်းထန်စွာတုန်ခါလာသည်။ လမ်း၏ အဆုံးဘက်၌ မြင်းထောင်ပေါင်းများစွာဒုန်းဆိုင်းလာနေသကဲ့သို့ ဖုန်မှုန့်များကတထောင်းထောင်းထနေသည်။

“အဲ့တာက အနောက်မြေရိုင်း အရှင်သခင်ရဲ့ အနက်ရောင်ချပ်ဝတ်မြင်းတပ်မလား”

အနက်ရောင်သံမဏိများကို ဝတ်ဆင်ပေးထားသော ဒုန်းဆိုင်လာနေသည့် မြင်းများနှင့် ၎င်းတို့ပေါ်၌ထိုင်နေသည့် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် မြင်းသည်တော်များကို ကိုကြည့်ရင်း တစ်စုံတစ်ယောက်က အလန့်တကြားအော်လိုက်သည်။ ပြင်းထန်သောလူသတ်ရောင်ဝါများက လျင်မြန်စွာဖြင့်ပင် ဤနေရာသို့ပျံ့နှံ့လာသည်။

“ဘယ်သူက ဒီမြို့အရှင်သခင်လေးရဲ့ လူတွေကိုသတ်ရဲတာလည်းကွ”

အနက်ရောင်ချပ်ဝတ်မြင်းသည်တော်များ၏ ရှေ့တွင် ဦးချိုတစ်ချောင်းတည်းပါသော အဖြူရောင်မြင်းတစ်ကောင်ရှိပြီး ၎င်းအားစီးနင်းထားသောအဖြူရောင်ချပ်

ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး  လေးနက်ကာခပ်ထန်သောမျက်နှာထားရှိသည့် လူငယ်တစ်ယောက် ကျယ်လောင်စွာအော်ပြောလိုက်သည်။

“ဒါက ငါတို့အနောက်မြေရိုင်းမြို့တော်ရဲ့ မြို့အရှင်သခင်လေး လမ့်ဖုန်းပဲ..သူကလည်းပါရမီရှင်တစ်ယောက်ပဲကွ..ဒီလိုအသက်ငယ်ငယ်လေးနဲ့ ကြယ်လေးပွင့် ဘုရင်နယ်ပယ်ကိုရောက်နေပြီ ..တစ်ခါကဆိုရင် ရန်သူစစ်တပ်တစ်တပ်က ငါတို့ အနောက်မြောက်နယ်စပ်ကိုကျူးကျော်ဝင်ရောက်လာခဲ့တယ် ငါကြားတာတော့ လမ့်ဖုန်းက ရန်သူစစ်သည်ထောင်ပေါင်းများစွာကို တစ်ယောက်တည်းကိုင်တွယ်ပြီးတော့ အနိုင်ယူခဲ့တာတဲ့”

တစ်စုံတစ်ယောက်က အဖြူရောင်ချပ်ဝတ်တန်ဆာနှင့်လူငယ် ကိုကြည့်ကာ ပြောလိုက်သည်။

“သူကကြယ်လေးပွင့် ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်နေတော့ရော

ဘာဖြစ်သေးတုံး..သူ့ကိုဘယ်လိုလုပ်ပြီး ရှစ်ဖုန့်နဲ့ နှိုင်းယှဉ်လို့ရမှာလဲဟ..ဒီမွန်းစတားက ကြယ်လေးပွင့်အင်ပါယာနယ်ပယ် ဖုန်လောဟန်ကိုတောင် သတ်ပစ်ခဲ့တာ”

ထိုလူ၏စကားအားကြားလိုက်ရသော နောက်ထပ်တစ်စုံတစ်ယောက်က အထင်သေးစွာဖြင့်ပြောလိုက်သည်။

“အမှန်ပဲ..လမ့်ဖုန့်က ကြမ်းကြုတ်ရက်စက်တဲ့ အဟုန်နဲ့ဒီကိုလာခဲ့တာ ဆိုတော..ဒီမြို့စောင့်တပ်သားတွေကိုသတ်ပစ်လိုက်တဲ့သူက ရှစ်ဖုန့်ဆိုတာကိုသူမသိသေးတာများဖြစ်နိုင်

မလား”

“သူ့ကိုသတင်းပို့တဲ့သူက သတင်းရဲ့တစ်ဝက်တစ်ပျက်ကိုပဲ ပို့ခဲ့တယ်လို့ငါထင်တယ်”

တကယ့်ကိုလည်း တစ်ဝက်တစ်ပျက်ကိုသာသတင်းတင်ပို့ခဲ့ခြင်းဖြစ်လေသည်။ မြို့စောင့်တပ်သားများအသတ်ခံလိုက်ရသောအချိန်က တစ်စုံတစ်ယောက်က ချက်ခြင်း လမ့်ဖုန်းကို သတင်းသွားပို့ခဲ့သည်။ သို့သော် လမ့်ဖုန့်းမှာ စိတ်မရှည်တတ်သော လူစားမျိုးဖြစ်လေသည်။ တစ်စုံတစ်ယောက်က သူ၏ လူများအား သတ်ပစ်လိုက်သည်ဟူသော သတင်းအားကြားလိုက်ရသောအခါတွင်  သူချက်ခြင်းဒေါသတကြီးဖြင့် အပြင်းနှင်လာခဲ့ခြင်းဖြစ်သည်။ သူက ဦးချိုတစ်ချောင်းပါရှိသော မြင်းဖြူကိုစီးပြီး အနက်ရောင်ချပ်ဝတ် မြင်းသည်တော်တစ်ရာကိုအမိန့်ပေးကာ  ဤနေရာသို့ဦးတည်လာခဲ့သည်။ ဤအကြောင်းများအား သတင်းလာပို့သောသူမှာ သူ့အား အမိဖမ်းချင်လျှင်ပင် မမှီနိုင်ဖြစ်ခဲ့ရသည်။

“သောက်ဖက်တီး ခင်ဗျားပဲကိုး”

လမ့်ဖုန်းမှာ ဝမ့်ယောင်က သူ၏ရှေ့၌ ရပ်နေပြီး ၎င်း၏ ဘေး၌ အနက်ရောင်ချပ်ဝတ်အလောင်းများလဲနေသည်ကို မြင်လိုက်ရသောအခါတွင် သူကချက်ခြင်းအော်လိုက်သည်။

“ခင်ဗျားက တကယ်ကြီး  ဒီသခင်လေးရဲ့လူတွေကိုသတ်ဖို့အတွက် လူတောင်ငှားရမ်းရဲတာပဲ ..ခင်ဗျားလောကကြီးမှာ အသက်ရှင်နေရတာကို ငြီးငွေ့နေတာပဲဖြစ်ရမယ်.. ပြီးတော့မင်း …မင်းရဲ့ စုတ်ပြတ်သက်နေတဲ့အသွင်အပြင်ကိုကြည့်ရ

တာ မင်းက ကောင်းကင်နဲ့မြေကြီးကြားက ကွာခြားချက် ဘယ်လောက်ထကြီးမားလဲဆိုတာကို တကယ်မသိတာပဲ”

“မင်းကများဒီသခင်လေးရဲ့လူတွေကိုသတ်ရဲ

သေးတယ်..ဒီမြို့အရှင်သခင်လေး မင်းကို အရှင်လတ်လတ်အရေခွံခွာပစ်မယ်..ပြီးရင်မင်း

ရဲ့အိမ်ကိုယူသွားပြီးတော့မင်းအမေကိုပြမယ်..အဲ့နောက်မှာ မင်းရဲ့အမေကို သေတဲ့အထိကို _ိုး ပစ်မယ်”

လမ့်ဖုန့်၏ စကားတို့က ချက်ခြင်းရှစ်ဖုန့်ကိုဆွပေးလိုက်သလိုဖြစ်သွားပြီး သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော သွေးနီရောင်မီးတောက်တို့ကို ပေါက်ကွဲထွက်လာစေသည်။ မီးတောက်က ချက်ခြင်းကောင်းကင်ထက်သို့တစ်ဟုန်ထိုးမြင့်တက်သွားသည်။

“ဟီး…ဟီး..ဟီး..ဟီး...”

ကြမ်းကြုတ်ပြင်းထန်သောရောင်ဝါကချက်ခြင်း ချပ်ဝတ်ထဲမှ မြင်းကို ဟီသွားစေသည်။

“ဒီ..ဒီစွမ်းအားက”

လမ့်ဖုန်းမှာ သူ့အောက်ရှိ အဆင့်လေးဦးချိုတစ်ချောင်းမြင်းက ပင် ကြောက်လန့်စွာဖြင့် အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ ဦးချိုတစ်ချောင်းမြင်းဖြူမှာ တုန်ယင်နေသည်ကိုပင် လမ့်ဖုန့်ခံစားမိသည်။

“ဒီပုဂ္ဂိုလ်က ဘယ်သူလဲ”

လမ့်ဖုန်း၏အမူအယာက ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားခဲ့သည်။ သူ့အနေဖြင့် အစော်ကားသင့်သော တစ်စုံတစ်ယောက်အားစော်ကားပြောဆိုမိလိုက်သည်ကို ရုတ်တရက်သဘောပေါက်လိုက်မိသည်။ သူ့ရှေ့ရှိ လဲလျောင်းနေသော အလောင်းများကိုဂရုတစိုက်ကြည့်လိုက်မိသည်။  ၎င်းတို့အားလုံးမှာ ညိုးနွမ်းခြောက်သွေ့နေသာ ပန်းပင်ကဲ့သို့ဖြစ်နေသည့် အလောင်းများပင်ဖြစ်လေသည်။

“ဒီ…ဒီအလောင်းတွေက..ဒါက သွေးဝါးမျိုနတ်ဆိုးပညာရပ်ပဲ”

ရုတ်တရက် လမ့်ဖုန်း၏မျက်လုံးတို့မှာပြူးကျယ်သွားရပြီး သူမျက်မှာထက်တွင်ကြောက်ရွံ့ထိန့်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏စိတ်ထဲတွင် နမည်တစ်ခုကပေါ်လာခဲ့သည်။ ထိုအရာကား “ရှစ်ဖုန့်” ဟူ၍ပင်တည်း။

သွေးနီရောင်မီးတောက်အဖြစ်ပြောင်းလဲသွားပြီး တစ်လှမ်းချင်းချဉ်းကပ်လာနေသော ရှစ်ဖုန့်ကိုကြည့်နေရင်း လမ့်ဖုန်းမှာ ကြောက်လန့်တကြားနှင့်တောင်းပန်နေသည်။

“မဟုတ်ဖူး..မ..မလာခဲ့နဲ့..မလာခဲ့နဲ့..ဖုန့်  ….သခင်လေးဖုန့်..ကျွန်တော်..ကျွန်တော်မှားမှန်းသိပါပြီ…ကျွန်တော့်အသက်ကိုချမ်းသာပေးပါ…ကျွန်တော့်ရဲ့

ပါးစပ်က ဈေးပေါပါတယ်..ကျွန်တော်ကသေဖို့ထိုက်တန်တဲ့ကောင်ပါ..ဟင့်အင်း..ကျွန်တော်သေချင်သေးဘူး..သခင်လေးဖုန့် ..ကျွန်တော့်အသက်ကိုချမ်းသာပေးပါဗျာ…”

သူမည်မျှပင်တောင်းပန်နေပါစေ သူ့ထံသို့လာနေသော သွေးနီရောင်မီးတောက်က ရပ်တန့်ခြင်းမရှိပေ။လမ့်ဖုန့်မှာထွက်ပြေးချင်

သော်လည်း သူခေါ်လာခဲ့သော အနက်ရောင်ချပ်ဝတ်မြင်းတပ်က သူထွက်ပြေးမည့်လမ်းကြောင်းကိုပိတ်ထားလေသည်။

“သွား..မင်းတို့အားလုံးရှေ့ကိုတက်ကြ..ဒီသခင်

လေးနားကို သူ့ကိုကပ်မလာစေနဲ့”

လမ့်ဖုန်းကသူ့နောက်ရှိ အနက်ရောင်ချပ်ဝတ်မြင်းတပ်ကိုအော်ပြောလိုက်သည်။

“အားလုံးသွားကြ”

လမ့်ဖုန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သော်လည်း အနက်ရောင်ချပ်ဝတ် မြင်းသည်တော်တစ်ယောက်ကမျှ ရှေ့သို့တစ်လှမ်းပင်တက်ချင်းမပြုကြချေ။ထိုအစားကသူတို့က ပြန်ပင်ဆုတ်လိုက်ကြသေးသည်။ ယွင်လိုင်အင်ပါယာအတွင်းတွင်ရှိသောလူအားလုံးက ရှစ်ဖုန့်အကြောင်းကိုသိလေသည်။

ရှေ့မှလာနေသော ရောင်ဝါကပင်သူတို့အားခုခံခြင်းငှာတက်နိုင်စွမ်းမရှိစေရန်လုံလောက်၏။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters