အပိုင်း(၁၄၄)
Vol. 10 Ch. 144
“အား..ဒီသခင်လေးက မင်းတို့အားလုံးရဲ့ ဆွေစဉ်မျိုးဆက် ကိုးခုလုံးကို သတ်ပစ်မယ်..မင်းတို့တွေအကုန်လုံး တစ်ယောက်မှ အသုံးမကျတဲ့ အမှိုက်တွေ…အရင်တုံးကတည်းက ဒီသခင်လေးမင်းတို့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်လိုက်သင့်တာ “
လမ့်ဖုန်းမှာ ရူးသွပ်သွားသော သားရဲရိုင်းတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ရိုင်းစိုင်းကြမ်းကြုတ်သော အမူအယာဖြင့် သူ့နောက်ရှိလူများကို ကျယ်လောင်စွာ အော်ငေါက်နေသည်။
ထို့နောက်တွင် နောက်သို့ရုတ်ခြည်းလှည့်လိုက်ပြီးချဉ်းကပ်လာနေသော သွေးနီရောင်မီးတောက်ကိုကြည့်နေသည်။ သူက ဦးချိုတစ်ချောင်းမြင်းဖြူပေါ်မှ လျှင်မြန်စွာခုန်ဆင်းလိုက်ပြီး ဘုတ်ကနဲ မည်သံနှင့်အတူ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။ သူ့ခေါင်းအားသူ့ရှေိ့မှောက်ရှိ မြေပြင်နှင့် အဆက်မပြတ် တိုက်နေသည်။
“ကျွန်တော်မှားသွားပါတယ်..ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ..ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ…ကျွန်တော်မှားသွားခဲ့ပါတယ်”
လမ့်ဖုန်း၏ နဖူးထက်တွင် ချက်ခြင်းသွေးများစွန်းထင်းသွားသည်။
ဤမြင်ကွင်းအား နောက်ကွယ်ကနေကြည့်ရှုနေသော ဖက်တီးဝမ့်ယောင်မှာ အရမ်းကို ကျေနပ်ပီတိဂွမ်းဆီထိနေသည်။ ဤသူတောင်းစားက သူ၏သားဖြစ်သူအား ၎င်း၏ အမျိုးသမီးကို ကြည့်သည်ဟူသောအကြောင်းပြချက်
သက်သက်ဖြင့် သေအံ့ဆဲဆဲဖြစ်သည်အထိ ရိုက်နှက်ခဲ့သူဖြစ်သည်။ခုဏကလေးတွင်
လမ့်ဖုန်းက သူအား တစ်ပိုင်းသေသည်အထိရိုက်နှက်ရန် လူများကို ပို့ခဲ့သေးသည်ဖြစ်သည်။ ဤသူတောင်းစားအနေဖြင့်လည်း ယနေ့တွင်တော့ ဤကဲသို့သာ အဆုံးသတ်ရလိမ့်မည်ဖြစ်သည်။
ရုတ်တရက် ဝမ့်ယောင်၏ နှလုံးသားထဲတွင် ခံစားချက်များဖြင်ပြည့်နှက်သွားသည်။ သူ့နှလုံးသားထဲရှိ ဒေါသတရားတို့အား ဖွင့်ထုတ်ပေးခဲ့သောသူက သူ့အား ဤအခြေအနေသို့ရောက်အောင် အတင်းအကျပ် ဖိအားပေးခဲ့သည့် ပုဂ္ဂိုလ်ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်ထားခဲ့မိခြင်းမရှိပေ။
“ဟားဟားဟား.သူကအဲ့တာနဲ့ပဲထိုက်တန်တယ်..သူကများ သခင်လေးဖုန့်ရဲ့ရှေ့မှာတောင်လာပြီး အရမ်းမာနကြီးခက်ထန်ပြရဲသေးတယ်..”
လမ့်ဖုန်းအား ဤကဲ့သို့ဖြစ်အောင် သူကိုယ်တိုင်လုပ်ဆောင်ထားသကဲ့သို့ အထင်သေးစွာရယ်မောသော အသံတစ်ခုက သေရည်ဆိုင်ထဲမှာပေါက်ကွဲထွက်ပေါ်လာသည်။
“ရှူး …မင်းအသံကိုတိုးတိုးပြောဟ…ရှစ်ဖုန့်မှာသာ တက်ကြီး နူးညံ့တဲ့ နှလုံးသားရှိနေလို့ လမ့်ဖုန်းကို လွှတ်ပေးခဲ့ရင် နောက်ကျ မင်းပဲပြဿနာတက်လိမ့်မယ်..လမ့်ဖုန်းသေသွားရင်တောင် သူ့အဖေ လမ့်ရှင်းက သူ့သားသေဆုံးတဲ့အချိန်မှာ မင်းကလှောင်ပြောင်ခဲ့တယ်ဆိုတာကိုသိသွားရင် သူမင်းကို အရှင်လတ်လတ် အရေခွံစုတ် လိမ့်မယ်”
လမ့်ဖုန်းတွင် အသက်ရှင်ရန်အတွက်လမ်းစမရှိပေ။ နဂါးတစ်ကောင်တွင် ပြောင်းပြန် အကြေးခွံဆိုတာရှိပြီး ၎င်းအားလာရောက်ထိပါးသူမှသမျှမှ သေဆုံးရလိမ့်မည်ဖြစ်သည်။ မိခင်ဖြစ်သူနှင့်ညီမလေးမှာ ရှစ်ဖုန့်၏ ပြောင်းပြန် အကြေးခွံများပင်ဖြစ်သည်။
ရှစ်ဖုန့်က လမ့်ဖုန်းအနားသို့နီးကပ်စွာလျှောက်သွားလိုက်သည်။ ရှစ်ဖုန့်အား တိုးလျှိုတောင်းပန်နေဆဲဖြစ်သောလမ့်ဖုန်းမှာ ရုတ်တရက် သွေးနီရောင်မီးတောက်တစ်ခု၏ ဗြန်းခဲနဲ ဝင်ရောက်လာခြင်းကိုခံလိုက်ရသည်။
“အား”
သွေးနီရောင်မီးတောက်ထဲမှ လမ့်ဖုန်း၏ ငယ်သံပါအောင်အော်ဟစ်သောအသံထွက်ပေါ်လာသည်။ ၎င်း၏အသံမှာ ပွက်ပွက်ဆူနေသောရေနွေးအိုးထဲ့ထည့်ပြုတ်ခံရသော သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စူးစူးဝါးဝါးနှင့် ကျယ်လောင်လေသည်။ ၎င်းက လူတစ်ယောက်၏ ကျောရိုးထဲထိအောင်စိမ့်တက်သွားစေဖို့
လုံလောက်၏။
ဤအော်သံအား ကြားရသောလူတိုင်းမှာ ချက်ခြင်းလေအေးတို့ကိုရှူသွင်းမိလိုက်ကြသည်။ ဤပုဂ္ဂိလ်အနေဖြင့် ဤကဲ့သို့ စိတ်မချမ်းမြေ့စရာကောင်းသော အသံထွက်သည်အထိ အော်ဟစ်ရလောက်အောင် ဘယ်လိုမျိုးနာကျင်မှုနှင့် ဒုက္ခဝေဒနာများကို ဖြတ်သန်းနေရပါသနည်း။
သို့သော်လည်း ငယ်သံပါအောင်အော်ဟစ်နေသည့်အသံက ရပ်တန့်သွားခြင်းမရှိပေ။လမ့်ဖုန်း၏ ကိုယ်ပေါ်တွင်ရှိနေသော သွေးနီရောင်မီးတောက်က ပို၍ ပို၍ ပြင်းထန်စွာ လောင်ကျွမ်းလာပုံပေါ်သည်။
“အား..အား…အား….အား…”
“အဖေ..သားကိုကယ်ပါအုံး..အဖေရေ..”
“အား..သတ်…ငါ့ကိုသတ်လိုက်ပါတော့..သ..သခင်လေးဖုန့်”
လမ့်ဖုန်းမှာ ငယ်သံပါအောင်ဆက်လက်အော်ဟစ်ရင်း ရှစ်ဖုန့်အား သေခြင်းတရားကိုပေးပါရန် တိုးလျှိုတောင်းပန်နေသည်။ ဤသည်မှာသေသည်ထက်ပင် ပို၍ဆိုးရွားသော နှိပ်စက်ညှင်းပန်းမှုမျိုးဖြစ်၏။
လမ့်ဖုန်း၏နောက်ဘက်ရှိ ခြိမ်းမောင်းသော အနက်ရောင်ချပ်ဝတ် မြင်းသည်တော်များမှာ ၎င်းတို့၏ စစ်မြင်းများပေါ်မှ ဆင်းနှင့်နေကြပြီးဖြစ်သည်။ တစ်ရာထက်ပိုမိုသောသူတို့က မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ခေါင်းကိုမြေပြင်နှင့်နီးကပ်သည်အထိ နှိမ့်ထားကြကာ ရှစ်ဖုန့်၏ အဆုံးအဖြတ်ကိုစောင့်ဆိုင်းနေကြသည်။
ရှစ်ဖုန့်၏ ကိုယ်ပေါ်ရှိ သွေးနီရောင်မီးတောက်က ပျောက်ကွယ်သွားပြီဖြစ်သော်လည်း လမ့်ဖုန်း၏ ကိုယ်ပေါ်ရှိ မီးတောက်ကတော့ ဆက်လက်၍ လောင်ကျွမ်းနေသည်။ လမ့်ဖုန်းမှာ ဆက်လက်၍ ဒုက္ခဝေဒနာကိုခံစားနေရသည်။
“လမ့်ရှင်းက ခွင့်လွှတ်သနားညှာတာမှုကိုပေးဖို့အတွက်လာ
ရောက်တောင်းဆိုရပါတယ်”
လမ်း၏ အဆုံးတစ်ဖက်ဆီမှပူပန်သောကရောက်နေ
သော အော်ဟစ်မြည်ကြွေးသံတစ်ခုရုတ်တရက် ထွက်ပေါ်လာသည်။ လူများက အသံလာရာ ရင်းမြစ်ဆီသို့ကြည့်လိုက်ကြသောအခါတွင် ဒေါင်မြင့်မြင့်ဖြင့်တောင့်တင်းသောကိုယ်ရှိပြီး ဗလာကျင်းကိုယ်နှင့် အနက်ရောင်အောက်ခံဘောင်းဘီကိုသာ
ဝတ်ဆင်ထားသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
၎င်းကကျောထက်တွင် ဆူးတင်းပုတ်တစ်ခုကိုသယ်ဆောင်ထားပြီး သူတို့ဆီသို့အပြေးလာနေသည်။
“ဒီပုဂ္ဂိုလ်က …..”
ရုတ်တရက်ပြေးလာနေသော အပေါ်ပိုင်း ကိုယ်ဗလာနှင့် လူကိုကြည့်ကာ တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။
“ငါအကြီးအကျယ်စိတ်ဝင်စားစရာတွေကို
မြင်နေရတာလား..အဲ့ပုဂ္ဂိုလ်က အနောက်မြေရိုင်းမြို့ရဲ့အရှင်သခင် လမ့်ရှင်းပဲ”
“အဲ့တာ တကယ်ကို မြို့အရှင်သခင်လမ့်ရှင်းပဲ…သူက အရမ်းကို ဂုဏ်ရှိန်ထည်ဝါပြီး အံ့ဖွယ်ကောင်းတဲ့သူပဲ ..ပြီးတော့သူ မျက်နှာက အမြဲလိုလို စွမ်းအားတွေပြည့်နှက်နေတာ…သူရဲ့ ဝမ်းနည်းပူဆွေးနေတဲ့ပုံကိုကြည့်ရတာက လူတွေကို ကြီးမားလွန်းတဲ့ ဆန့်ကျင်ဘက်သဘောတရားတွေကိုခံစားရစေတယ်..ကောလဟာတွေအရတော့ ဒီလမ့်ရှင်းက ကြယ်ကိုးပွင့် ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်တဲ့”
“ဟမ့်”
တစ်စုံတစ်ယောက်က အထင်သေးစွာဖြင့်ပြောလိုက်သည်။
“ပုံမှန်ဆိုရင်တော့ သူ့က အံ့ဖွယ်ကောင်းချင်ကောင်းမယ် ဒါပေမဲ့ သူဘယ်သူနဲ့ ရင်ဆိုင်နေရတာလဲဆိုတဲ့အပေါ်က မူတည်သေးတယ်လေ..ပုံမှန်ဆိုရင် ငါတို့လိုသာမန်လူတွေရဲ့ ရှေ့မှာတော့ သူကအံ့ဖွယ်ကောင်းတဲ့သူတစ်ယောက်ပဲ..ဒါပေမဲ့ သူ့သားစော်ကားမော်ကားလုပ်လိုက်တဲ့သူက
ရော ဘယ်သူမို့လဲ..အဲ့တာက မွန်းစတား ရှစ်ဖုန့်ကွ”
“မင်းငါ့ကို အဲ့လိုလာပြီးတော့ပြောနေစရာမလိုပါဘူး..သခင်လေးဖုန့်ကလည်း အရမ်းကို မှ အံ့ဖွယ်ကောင်းတဲ့သူတစ်ယောက်ပဲ ..တစ်နေ့ကျ ငါသာသူ့လိုဖြစ်လာပြီး အထင်ကြီးလောက်တဲ့သူဖြစ်လာခဲ့ရင် အဲ့တာက ငါ့ဘဝရဲ့ ထိုက်တန်တဲ့ အသက်ရှင်နေထိုင်ခဲ့မှုတစ်ခုအဖြစ်သတ်မှတ်လို့ရပြီ”
လမ့်ရှင်းက အပေါ်ပိုင်းကိုယ်ဗလာနှင့် ဆူးချွန်တစ်ထုပ်ကို သူ၏ကျောထက်တွင်သယ်ဆောင်ထားသည်။ သူက အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်မြင်းသည်
တော်တို့ကို ဖြတ်ကျော်တက်လာပြီး ရှေ့သို့ရောက်ရှိလာသည်။ ဘုန်းဆိုသောအသံနှင့်အတူ သူက ရှစ်ဖုန့်၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်ပြီး သူ၏ ဦးခေါင်းအား အနိမ့်ဆုံးထိ နှိမ့်ချထားလေသည်။ ပူဆွေးသောကရောက်နေသော အမူအယာဖြင့်သူက အော်ပြောလိုက်သည်။
“အနောက်မြေရိုင်းမြို့ရဲ့ အရှင်သခင်ဖြစ်တဲ့ လမ့်ရှင်းဟာ သူ့ရဲ့သားဖြစ်သူကို သေချာသွန်သင်ဆုံးမမှုမရှိတာကြောင့် သခင်လေးဖုန့်ကို စော်ကားပြောဆိုခဲ့မိပါတယ်…အဲ့အတွက်လမ့်
ရှင်းမှာ ကြီးလေးတဲ့အပြစ်ကြီးရှိနေပြီး ဒီနေရာကိုခွင့်လွှတ်ပေးဖို့အတွက်တောင်းဆိုဖို့လာခဲ့တာပါ”
“အား..အဖေ..သားကိုကယ်ပါအုံး..အား..”
သွေးရောင်မီးတောက်အတွင်းတွင် လမ့်ဖုန်းမှာ ကူညီပေးရန်အတွက်ငိုကြွေးမြည်တမ်းနေသည်။
“အသုံးမကျတဲ့သား”
လမ့်ရှင်းက သွေးနီရောင်မီးတောက်ကို ဒေါသတကြီးအော်ငေါက်လိုက်သည်။
“မင်းမှာမျက်လုံးတွေပါပြီးတော့ ကန်းနေတဲ့အကောင် မင်းက သခင်လေးဖုန့်ကို များစော်ကားခဲ့ရတယ်လို့ သေခြင်းတရားကတောင် မင်းရဲ့ ပြစ်မှုတွေကို မဆေးကြောပေးနိုင်ဘူး ငါ့ကို အဖေဆိုပြီးတော့လာမခေါ်နဲ့ အခုကစပြီး မင်းနဲ့ငါ့ကြားက ပက်သက်ဆက်နွယ်မှုကို ဖြတ်တောက်လိုက်ပြီ”
“အား..မလုပ်ပါနဲ့..အဖေ..သားကိုကယ်ပါ”
ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောငယ်သံပါအောင်အော်ဟစ်သံက ပို၍ ပို၍ ကျယ်လောင်လာသည်။
“ဒါ..ဒါက ဘယ်လိုမျိုး မီးတောက်အမျိုးအစားလဲ..အဲ့ …အဲ့တာက လောင်ကျွမ်းနေခဲ့တာ တော်တော်ကြာနေတာတောင်မှ သေတဲ့အထိလောင်ကျွမ်းသွားတာမျိုးမဖြစ်သေးဘူး”
သေရည်ဆိုင်အတွင်းရှိ တစ်စုံတစ်ယောက်က တုန်ယင်သောအသံဖြင့်ပြောလိုက်သည်။
“အဲ့နေရာမှာငါသာဆိုရင် လောင်ကျွမ်းမှုကြောင့်သေပြီးနေလောက်ပြီ….အဲ့တာက ဘယ်လောက်တောင်နာကျင်လိုက်မလဲ..လမ့်
ဖုန်းရဲ့ အသံကိုနားထောင်ပြီးတော့ ငါ့တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထာတာကိုတောင်ငါခံစားနေရတယ်”
“ဒါက…ကံကောင်းတာပဲ ..သခင်လေးဖုန့်က ငါ့ကိုသဘောထားကြီးပြီးတော့ခွင့်လွှတ်ပေး
ခဲ့တာ “
အစောပိုင်းက ကိုယ်ဗလကြီး ကျန်းဟန်မှာ အနက်ရောင်ဝတ်ရုံနဲ့ ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး စွဲကျန်ရစ်နေခဲ့သော ကြောက်ရွံ့မှုတို့ဖြင့် ပြောလိုက်သည်။
ရှစ်ဖုန့်က သူ့ရှေ့တွင် ဒူးထောက်နေသော လမ့်ရှင်းကို ခေါင်းငုံ့ကြည့်လိုက်သည်။ သူကအေးစက်သော အသံဖြင့်ပြောလိုက်၏။
“ခင်ဗျားက တော်တော်လေးကို စဉ်းစားချင့်ချိန်တတ်တဲ့သူပဲ..ဒါပေမဲ့ ခင်ဗျားသားကတော့သေရမယ်”
ထို့နောက်တွင်ရှစ်ဖုန့်က သူ့နောက်ရှိ ဝမ့်ယောင်ကိုကြည့်လိုက်ပြီး ပြောင်းလဲခြင်းမရှိသော လေသံဖြင့်ပြောလိုက်သည်။
“ဒီလူ သေရမယ် မသေရဘူးဆိုတာက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်တယ်”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ဝမ့်ယောင်၏ မျက်နှာထက်၌ အံ့အားသင့်မှု အပြည့်ဖြစ်သွားရသည်။ လမ့်ရှင်းမှာ ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်တစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးများအား ဝမ့်ယောင်မှာ အမြဲတစ်စေမော့ကြည့်ခဲ့ရသောသူဖြစ်၏။ယခုအချိန်တွင် သူ၏ အသက်က ဝမ့်ယောင်၏ လက်ထဲတွင်ရှိနေလေသည်။
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် လမ့်ရှင်းက ဝမ့်ယောင်ကိုအလျှင်အမြန်ပင် တိုးလျှိုတောင်းပန်လိုက်၏။
“ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ဆရာ…ကျွန်တော့အသက်ကိုချမ်းသာပေးပါ”
ဝမ့်ယောင်မှာ ကမ္ဘာကြီးက တစ်နည်းနည်းဖြင့် အစစ်အမှန်မဟုတ်တော့သကဲ့သို့ခံစားနေရသည်။ ကြယ်ကိုးပွင့် ဘုရင်နယ်ပယ်တစ််ယောက်က သူ့အားတကယ်ကြီးဆရာဟုခေါ်၍ သူ့အသက်အားချမ်းသာပေးပါရန်တောင်းပန်နေသည်။ ခေတ္တခဏလောက် ဝမ့်ယောင်နေဖြင့် စန်းယွဲ့မြို့တွင်ရှိခဲ့တုံးက နေ့ရက်များဆီသို့ပြန်လည်ရောက်ရှိသွားခဲ့သလိုခံစားလိုက်ရသည်။သူအနေဖြင့်ရုတ်တရက်ကြီး တက်ကြွမှုတို့အရမ်းဖြစ်လာသည်။ သူကသူ့လက်ကိုဝေ့ယမ်း၍ အေးစက်စွာအော်ပြောလိုက်သည်။
“သတ်လိုက်”
ဝမ့်ယောင်မှာအကြင်နာမဲ့သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွား၏။
ဤအရာကမည်ကဲ့သို့သောဟာသမျိုးနည်း။ သူ၏သားဖြစ်သူမှာ လမ့်ရှင်း၏သားလမ့်ဖုန်းကြောင့် ဤကဲ့သို့သော အတိုင်းအတာပမာဏအထိကိုနှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ ယမန်နေ့ကသူ့သားသည်လည်း လမ့်ဖုန်းအား ဤကဲ့သို့ပင်တောင်းပန်ခဲ့သည်ဖြစ်သည်။ လမ့်ရှင်းမှာလည်းအရမ်းကိုဗိုလ်ကျလွန်းခဲ့ပြီး ယနေ့မှာသာ သူ့အနေဖြင့်ယခုကဲ့သို့အတိုင်းအတာအထိကျ
ရောက်သွားခဲ့ရခြင်း ဖြစ်၏။လမ့်ရှင်းအနေဖြင့် ဤကဲ့သို့သနားစဖွယ်အခြေအနေမျိုးသို့ ဆိုက်ရောက်နေသည်မှာ ရှစ်ဖုန့်ကြောင့်သာဖြစ်သည်။ ရှစ်ဖုန့်ထွက်ခွာသွားသောတစ်နေ့ကျလျှင် သူ့အပေါ်၌ လက်စားပြန်ချေမည်မချေမည်အား မည်သူသိနိုင်ပါမည်နည်း။
ထို့ကြောင့်ဝမ့်ယောင်အနေဖြင့် သူ့အားမသနားနိုင်ပေ။ ဤပုဂ္ဂိုလ်အားအသက်ရှင်ခွင့်ပြုလိုက်၍မရပေ။
သူ့အနေဖြင့်လမ့်ဖုန်းအား ဤကဲ့သို့ အတိုင်းအတာပမာဏအထိ အကြီးအကျယ်ဒုက္ခရောက်အောင်လုပ်ဆောင်ခဲ့လျှင် သူသည်လည်းလမ့်ရှင်း၏ သေသည်အထိ ညှင်းပန်းနှိပ်စက်မှုကိုခံစားရလိမ့်မည်ဖြစ်လေ
သည်။
ဝမ့်ယောက်က သတ်လိုက်ဟုပြောသောအချိန်တွင် ရှစ်ဖုန့်၏ လက်ထဲတွင် သွေးဓားကပေါ်လာသည်။ ထို့နောက်ချက်ခြင်း ရှစ်ဖုန့်က ပြန်လှည့်လိုက်သောအခါတွင် လဲ့ရှင်း၏ အမူအယာက ကြောက်စရာကောင်းအောင်ပြောင်းလဲသွား
သည်ကိုတွေ့လိုက်ရသည်။ သူ့ညာလက်က လက်သည်းပုံစံဖြစ်နေပြီး ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်တစ်ယောက်၏ ခွန်အားအားလုံးကို လက်သည်းတွင် စုစည်းထားသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင် အဆီအနှစ်ကိုပင် လောင်ကျွမ်းထားပြီး သူ၏စွမ်းအားအား အထွတ်အထိပ်ကြယ်ကိုးပွင့်နယ်ပယ် ဘုရင်တစ်ယောက်၏ စွမ်းအားအကုန်ပေါက်ကွဲထွက်ပေါ်အောင်ပြု
လုပ်ထားသည်။သူ့အနေဖြင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားနားရောက်ရန်ဆံချည်တစ်မျှင်စာသာလိုတော့ပြီး သူ၏လက်သည်းတို့က ရှစ်ဖုန့်၏ ရင်ဘက်နားဆီသို့ချဉ်းကပ်လာနေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE