← Chapters

အပိုင်း (၁၄၅)

Vol. 10 Ch. 145

အပိုင်း (၁၄၅)

Vol. 10 Ch. 145

ရှစ်ဖုန့်မှာ လမ့်ရှင်း၏ ထူးဆန်းသောလှုပ်ရှားမှုတို့ကို အစောပိုင်းကတည်းက အာရုံခံမိခဲ့သည်။ ဘုရင်နယ်ပယ်စွမ်းအားဖြင့် လမ့်ရှင်း၏ ကြမ်းကြုတ်သောလက်သည်းက သူ့ထံသို့ချဉ်းကပ်လာသည်ကိုမြင်လိုက်ရသောအခါတွင် ရှစ်ဖုန့်၏ မျက်နှာက အထင်သေးမှုတို့ဖြင့်ပြည့်နှက်နေ၏။သူက ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကိုအသုံးပြု၍  တိုက်ခိုက်လိုက်သည်။

လမ့်ရှင်း၏ ညာလက်သည်းက ရှစ်ဖုန့်၏ ရင်ဘက်အားထိလုထိခင်ဖြစ်လာ၏။ ရှစ်ဖုန့်၏ ရင်ဘက်အားထိုးဖောက်နိုင်ရန်အတွက်  သူ့အနေဖြင့် အကွာအဝေးအနည်းငယ်သာလျှင်လိုတော့သည်ဖြစ်သည်။  ရုတ်တရက်  အလွန်ပြင်းထန်သောနာကျင်မှုကို သူ၏ ခေါင်းထဲတွင်ခံစားလိုက်ရ၏။ ယင်းမှာသူ၏ ဝိညာဉ်အား ဧရာမတူကြီးတက်လက်ဖြင့်အကြင်နာမဲ့ ရိုက်နှက်ခံလိုက်ရသကဲ့ပင်ဖြစ်သည်။ သူက ကြေကွဲဝမ်းနည်းဖွယ်ရာ အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထို့နောက်ချက်ခြင်း ရှစ်ဖုန့်က သူ့လက်ထဲရှိသွေးဓားကိုလှုပ်ရှားလိုက်သည်။ လမ့်ရှင်း၏ နာကျင်မှုကိုခံစားနေရဆဲဖြစ်သော ဦးခေါင်းက လေထဲသို့ပျံတက်သွားသည်။  ဦးခေါင်းမဲ့နေသော အလောင်းကြီးက မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်ပြီး သွေးမျာပန်းထွက်နေကာ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်သွားကြပြီး ရုတ်ချည်းရှုံ့တွခြောက်သွေ့သွားသည်။

လေထဲတွင်ရှိနေသော ဦးခေါင်းမှာလည်းသွေးများက အောက်သို့ဖြန်းပက်နေသကဲ့သို့ပန်းထွက်နေကာရှစ်ဖုန့်၏ ကိုယ်ပေါ်သို့ကျဆင်းလာသည်။ ထို့နောက်တွင် သွေးများအားလုံးစုပ်ယူခံလိုက်ရသကဲ့သို့ဖြစ်

သွားကာ  ရှုံ့တွခြောက်သွေ့နေသောဦးခေါင်းကြီးက မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။

အနောက်မြေရိုင်းမြို့၏ အရှင်သခင်ဖြစ်သူ ကြယ်ကိုးပွင့်ဘုရင်နယ်ပယ်ကျွမ်းကျင်သူ လမ့်ရှောင်းမှာ ဤသို့ဖြင့် ကျဆုံးသွားခဲ့ရပြီဖြစ်လေသည်။

“လမ့်ရှင်းက တကယ်ကြီးဒီလိုမျိုးသေဆုံးသွားခဲ့ရတာပဲ”

လူအများစုမှာ သက်ပြင်းချမိကြသည်။ အချိန်အကြာကြီးအံ့ဖွယ်တည်ရှိမှုတစ်ခုအဖြစ် တည်ရှိခဲ့သူ အနောက်မြေရိုင်းမြို့ အရှင်သခင်မှာ ဤကဲ့သို့ ရှုံ့တွနေသော အလောင်းကောင်အဖြစ်သာ ပြောင်းလဲသက်ဆင်းသွားရသည်။ထိုထက်

ပိုသည်ကား၎င်းမှာ လုံးဝ ကိုယ်လက်အင်္ဂါ အကုန်ပြည့်စုံနေသော အလောင်းကောင်တစ်ခုမဟုတ်ပေ။

ထို့နောက်မကြာခင်တွင် လမ့်ဖုန်း၏ ဝမ်းနည်းဖွယ် ငယ်သံပါအောင်အော်ဟစ်နေသံမှာလည်းတိတ်သွားခဲ့သည်။ ထို့နောက်တွင် သွေးနီရောင်မီးတောက်က ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့ပြန်လည်၍  ဝင်ရောက်သွားခဲ့သည်။ အနောက်မြေရိုင်းမြို့၏ သခင်လေးဖြစ်သူမှာ သေသည်အထိ လောင်ကျွမ်းခံခဲ့ရသည်။ သူမသေခင်အချိန်တွင် အချိန်အကြာကြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရ၏။ သူသေပြီးနောက်တွင်လည်း ပြာမှုန်တစ်မှုန်ပင် ကျန်ရစ်နေခဲ့ခြင်းမရှိပေ။

အနောက်မြေရိုင်းမြို့တစ်ခုလုံး ခေတ္တခဏမျှ သိသိသာသာကို တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘယ်အချိန်က ပြင်းထန်စွာတိုက်ခတ်နေသော လေတို့က ရပ်တန့်သွားပြီး အဝါရောင်သဲများဖြင့်ပြည့်နှက်နေသော ကောင်းကင်ကလည်းပျောက်ကွယ်သွားခဲ့သည်ကိုပင် လူအများမသိုလိုက်ကြပေ။

သူ့ရှေ့တွင်ဒူးထောက်နေကြသည့် များပြားလှသော အနက်ရောင်ချပ်ဝတ်တန်ဆာဝတ် မြင်းသည်တောများကိုကြည့်ပြီး ရှစ်ဖုန့်က သူ့လက်ချောင်းတို့ကိုဖျက်ကနဲ လှုပ်ရှားလိုက်သည်။ လက်သီးဆုပ်အရွယ် အဖြူရောင် အမှတ်အသားတစ်ခုက ထွက်ပေါ်လာပြီး လေထဲတွင် ရုတ်တရက်ပေါက်ကွဲသွားသည်။  ၎င်းက သေးငယ်သော အဖြူရောင်အမှတ်အသား တစ်ရာကျော်အထိပြောင်းလဲသွားပြီး ဟိုသည်အနှံ့အပြားခွဲထွက်သွားကာ  အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်မြင်းသည်

တော်များ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ရှစ်ဖုန့်အနေဖြင့် ဤ တစ်ရာကျော်သော မြင်းသည်တော်များအား အနောက်မြောက်ကျတ်တီးမြေ၏ အမွေအနှစ်ကိုစူးစမ်းစစ်ဆေးရှာဖွေရာ၌ အသုံးချရန်ပြင်ဆင်ထားခြင်းဖြစ်သည်။  ၎င်းတို့က စစ်သားများဖြစ်ကြပြီး စိတ်ရောကိုယ်ပါ သူ့ထံ၌ ဦးညွှတ်ထားကြသော်လည်း အကယ်၍ သူ၏ ခွန်အားသာ လုံလောက်မှုရှိမနေဘဲ သူကသာမန်သိုင်းသမားတစ်ယောက်သာ ဖြစ်နေခဲ့လျှင်၎င်းတို့အနေဖြင့် ၎င်းတို့၏ စစ်မြင်းများကိုစီးနင်းပြီး သူ့ထံသို့ဦးတည်လာကြမည်သာဖြစ်သည်။

“မင်းတို့အားလုံး မြောက်ဘက်ဂိတ်မှာ စုစည်းနေကြ”

ရှစ်ဖုန့်ကမြင်းသည်တောတို့ကို အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့..နားလည်ပါပြီ”

ရှစ်ဖုန့်၏အမိန့်အားကြားလိုက်ရသောအခါတွင် သူတို့ ထဲက တစ်ယောက်ချင်းစီတိုင်းက သူ့အားလေးစားစွာဖြင့်ပြန်လည်တုန့်ပြန်ကြသည်။ ထို့နောက်တွင် တစ်ယောက်ပြီး တစ်ယောက်ရပ်လိုက်ကြပြီး သူတို့ဘေးရှိစစ်မြင်းတို့ကို စီးနင်းကာ ချက်ခြင်းမြောက်ဘက်ဂိတ်ဆီသို့ တစ်ဟုန်ထိုးမောင်းနှင်လိုက်ကြသည်။

ရှစ်ဖုန့်က လှည့်လိုက်ပြီး ဝမ့်ယောကင်ကိုထပ်မံကြည့်လိုက်သည်။

“အခုဆို ဒီသခင်လေးနဲ့မင်းနဲ့ ကြေသွားပြီ”

“ဒါပေါ့ ဒါပေါ့”

ရှစ်ဖုန့်၏ စကားတိုအားကြားလိုက်ရသောအခါတွင် ဝမ့်ယောင်က အလျှင်အမြန်ခေါင်းညိမ့်လိုက်သည်။ သူ့အနေဖြင့် ငြင်းဆန်သော စကားလုံးတစ်လုံးမှမဟရဲ့ပေ။ ထိုညက သူ့အနေဖြင့် မြင်းဖြူအား သွားယူဆောင်ပေးခဲ့ရုံသာဖြစ်သည်။ သူအတွက် ရှစ်ဖုန့်က ဘာမဆိုပြုလုပ်ပေးရန် မျှော်လင့်ခဲ့ခြင်းမရှိပေ။ မြင်းဖြူတစ်ကောင်ကသာရလဒ်များကို ဤကဲ့သို့ပြောင်းလဲပစ်နိုင်စွမ်းရှိသည်ကို သူကြိုသိခဲ့လျှင် ထိုညက ရှစ်ဖုန့်အတွင် မြင်းတစ်ရာသို့မဟုန်တစ်ထောင်ကိုပင် ပြင်ဆင်ပေးထားခဲ့လိမ့်မည်ဖြစ်လေသည်။

ထို့နောက်တွင် ဝမ့်ယောင်က သူစကားပြောရာ၌ တစ်ခုခုမှားယွင်းသွားသည်ကို သဘောပေါက်လိုက်မိသည်။

သူက ရှစ်ဖုန့်ကို လေးနက်စွာဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“သခင်လေးဖုန့်အနေနဲ့ကျွန်ုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒီတစ်ကြိမှာ ဝမ့်ယောက်အနေနဲ့ သခင်လေးကိုကျေးဇူးအများကြီးတင်ပါတယ်..အနာဂတ်မှာ သခင်လေးဖုန့်အနေနဲ့ဘာပဲလိုအပ်သည်ဖြစ်စေ ဝမ့်ယောင်ကိုခေါ်လိုက်ပါ..သခင်လေးဖုန့်အတွက်ဆို ဝမ့်ယောင်သေချာပေါက် အမူတော်ထမ်းဆောင်ပေးပါ့မယ်”

“ကောင်းပြီ…ကောင်းပြီ..ခင်ဗျား ဒီလိုမျိုးတွေလုပ်နေစရာမလိုဘူး”

ရှစ်ဖုန့်က ပြောလိုက်သည်။

“ခင်ဗျားက ကြယ်နှစ်ပွင့် စိတ်ဝိညာဉ်နယ်ပယ်ပဲရှိတဲ့အညတရသိုင်းသမားလေး …ကျုပ်ခင်ဗျားဆီက ဘာမှကိုမလိုအပ်ဖူး”

ဤစကားတစ်ခွန်းမှာ ဝမ့်ယောင်၏ ခံစားချက်အားလုံးကို ထည့်သွင်းစဉ်းစားခြင်းမရှိသည့် ရိုးရှင်းပြီး ဒဲ့တိုးဆန်သော စကားလုံးများဖြစ်လေသည်။

“ငရဲဝံပုလွေ”

ရှစ်ဖုန့်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အသံနိမ့်ဖြင့်အော်ခေါ်လိုက်သည်။

“ဝေါင်း”

ရုတ်တရက်ကောင်းကင်ထက်တွင် အနက်ရောင်အရိပ်ကြီးက ပျံသန်းထွက်ပေါ်လာသည်။ ၎င်းမှာငရဲဝံပုလွေပင်ဖြစ်၏။ ၎င်းက ၎င်း၏ အနက်ရောင်တောင်ပံတို့ကိုတဖျပ်ဖျပ်ခတ်ကာ အနောက်မြေရိုင်းမြို့ပေါ်သို့ သက်ဆင်းလာသည်။

“ကျုပ်ရဲ့ဒီသားရဲကတောင် ခင်ဗျားထက် သန်မာသေးတယ်”

ရှစ်ဖုန့်က ကောင်းကင်ထက်မှာဆင်းသက်လာသော ငရဲဝံပုလွေကိုကြည့်ရင်းပြောလိုက်သည်။

ရှစ်ဖုန့်၏ စကားလုံးတို့က ဝမ့်ယောင်အား သူ၏ လက်သီးတို့ကို တင်းတင်းကျပ်ကျပ်ဆုပ်သွားစေသည်။

ငရဲဝံပုလွေက     ဆင်းသက်လာပြီး ရှစ်ဖုန့်ကခုန်တက်လိုက်ကာ ငရဲဝံပုလွေ၏ ကျောပေါ်တွင် ရပ်နေလိုက်သည်။ ထို့နော်သူက ဝမ့်ယောင်ကို လက်ဝေ့ယမ်းပြကာပြောလိုက်သည်။

“ဂင်တိုတိုနဲ့ ဖက်တီးရေ နှုတ်ဆက်ပါတယ်ကွာ”

“ငရဲဝံပုလွေ…သွားစို့”

ရှစ်ဖုန့်က အမိန့်ပေးလိုက်သည်။ ငရဲဝံပေလွေက ဝေဟင်ထက်သို့ တက်လိုက်ပြီး မြောက်ဘက်သို့ဦးတည်ပျံသန်းသွားသည်။

ဝမ့်ယောင်က သူ့ခေါင်းကိုမော့၍ မြောက်ဘက်သို့ထွက်ခွာသွားကာပျောက်ကွယ်သွားသည့်ပုံရိပ်ကိုကြည့်နေသည်။ သူ၏တစ်ကိုယ်လုံးရုတ်တရက် ပြင်းပြင်းထန်ထန်ကို တုန်ခါလာ၏။

“ငါပိုပြီးသန်မလာချင်တယ်..ငါပိုပြီးအစွမ်းထက်လာချင်တယ်..ငါပိုပြီးတော့ကိုသန်မာလာရမယ်..အား….”

ဝမ့်ယောင်က ကောင်းကင်ထက်သို့မော့၍ ကြုံးဝါးလိုက်သည်။ ရုတ်တရက် သူ၏ကိုယ်မှာ အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီးကြယ်နှစ်ပွင့်စိတ်ဝိညာဉ်အဆင့်မှ  ကြယ်သုံးပွင့် စိတ်ဝိညာဉ်နယ်ပယ်သို့တိုက်ရိုက်ပင် အဆင့်တက်လှမ်းသွားခဲ့သည်။‌

“ကြည့်လိုက်စမ်း..အဲ့ဖက်တီး ခုဏတုံးက အဆင့်တက်သွားပုံပဲ “

ရုတ်တရက် သေရည်ဆိုင်ထဲမှ တစ်စုံတစ်ယောက်က အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။

ထို့နောက်တွင် တစ်စုံတစ်ယောက်က လေးနက်စွာခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်..ခုဏကတုံးက သခင်လေးဖုန့်က သူ့ကိုတစ်ခုခုပြောလိုက်တာကို ငါမြင်လိုက်တယ်..သူက အောင်မြင်စွာအဆင့်တက်လှမ်းနိုင်ဖို့အတွက်  သခင်လေးဖုန့်ဆီကနေ လမ်းညွန်မှုကို ရခဲ့တာပဲဖြစ်ရမယ်”

“ဟုတ်တယ်…အဲ့လိုပဲဖြစ်ရမယ်”

တစ်စုံတစ်ယောက် လျှင်မြန်စွာခေါင်းညိမ့်၍ ထောက်ခံစကားဆိုသည်။ ထို့နောက်တွင်  လေးနက်သောမျက်နှာဖြင့်သူက ပြောလိုက်သည်။

“သခင်လေးဖုန့်ရဲ့သိုင်းပညာရပ်မှာ ကျွမ်းကျင်ပိုင်နိုင်မှုအရသာဆိုရင် သူ့ကို ကြယ်နှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်အဆင့်ကနေ အဆင့်တက်အောင်လုပ်ပေးရတာက ခက်မှာမဟုတ်ဖူး ..ဒီဖတ်တီးက အရင်ဘဝကလာတဲ့ကံနဲ့ ကံကောင်းမှုတွေကို ရနေတာပဲဖြစ်ရမယ်”

“သူတကယ်ကိုကံကောင်းတာပဲ..”

“အား.ကံကောင်တဲ့ဖက်တီးပါကွာ”

ဝမ့်ယောင်အနေဖြင့် ကြယ်တစ်ပွင့် အဆင့်ထက်တက်လှမ်းပြီးနောက်တွင် ထိုအသံများကိုသာ ကြားခဲ့ရပါက အရမ်းကို ဒေါသမီးတောက်များလောင်ကျွမ်းလိမ့်မည်ဆိုတာကိုတော့ သူတို့မသိကြချေ။ျ

…………….

ရှစ်ဖုန့်က ငရဲဝံပုလွေကိုစီးနင်း၍လာသည်။ ငရဲဝံပုလွေ၏ အမြန်နှုန်းဖြင့် သူတို့သည် အနောက်မြေရိုင်းမြို့မြောက်ဘက်ဂိတ်သို့လျှင်မြန်စွာရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် တစ်ရာကျော်သော အနက်ရောင်ချပ်ဝတ်မြင်းသည်တော်တို့က စုစည်းနေပြီးဖြစ်၏။ ရှစ်ဖုန့်က ၎င်းတို့အားအေးစက်စွာအော်ပြောလိုက်သည်။

“သွား..မြောက်ဘက်ကို တည့်တည့်သွားကြ”

“ဆရာ”

ရှစ်ဖုန့်၏ အသံပျောက်ကွယ်သွားသောအခါတွင်  အနက်ရောင်ချပ်ဝတ် မြင်းသည်တော်တစ်ယောက်က ရှစ်ဖုန့်ကို လေးစားစွာဖြင့်နှုတ်ဆက်လိုက်သည်။ သူက သူ့လက်သီးတို့ကိုဆုပ်၍ ပြောလိုက်သည်။

“ကျွန်တော်တို့ မြောက်ဘက်ဘယ်လောက်ဝေးဝေးကိုသွားရမှာပါလဲ..ဒီနေရာကနေ မြောက်ဘက်ကို ကျွန်တော်တို့ဆက်ပြီးသွားမယ်ဆိုရင် ဖွတ်လူသားတွေရဲ့ ပိုင်နက်ထဲကို ဝင်ရောက်သွားပါလိမ့်မယ်”

“အိုး..ဖွတ်လူသားတွေလား “

ထိုနမည်အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။ ရှစ်ဖုန့်အနေဖြင့် ယခင်က ဖွတ်လူသားတို့ကို မြင်တွေ့ဖူးသည်။ ၎င်းတို့၌ မတ်သောခန္ဓာကိုယ်ရှိပြီး လူသားများကဲ့သို့ပင်လမ်းလျှောက်ကြသည်။ အရပ်အမြင့်မှာလည်း လူသားများနှင့်အတူတူပင် ဖြစ်သည်။ ၎င်းတို့၌ ဖွတ်ဦးခေါင်း၊ ဖွတ်အရေပြားနှင့် ဖွတ်အမြှီးတို့ရှိကြသည်။

“ဖွတ်လူသားတွေရဲ့ ကျင့်ကြံမှု အမြင့်ဆုံးနယ်ပယ်က ဘယ်လောက်လဲ”

ရှစ်ဖုန့်က မေးလိုက်သည်။

“ဖွတ်လူသားတွေထဲမှာ ဖွတ်လူသားဘိုးဘေးတစ်ယောက်တော့ရှိပါတယ်.ပြောကြတာက တော့သူက အရမ်းကိုစွမ်းအားကြီးတယ်တဲ့ သူဘယ်နယ်ပယ်ကိုရောက်နေတယ်ဆိုတာကတော့ ကျွန်တော်လဲ မသိပါဘူး”

ထိုလူကပြန်ဖြေလိုက်သည်။

“ဒါဆိုလည်း ငါတို့တွေ ဖွတ်လူသားနယ်မြေထဲကို ဝင်တဲ့အခါကြရင် တစ်ချက်ကြည့်တာပေါ့ ”

ရှစ်ဖုန့်က ပြောနေရင်း သားရဲအရေပြားမြေပုံတစ်ခုကိုထုတ်ယူလိုက်ပြီး အနက်ရောင်ချပ်ဝတ်မြင်းသည်တော်ထံသို့ပစ်

ပေးလိုက်သည်။

အနက်ရောင်ချပ်ဝတ် မြင်းသည်တော်က သားရဲအရေပြားမြေပုံကိုယူလိုက်ပြီး ခေတ္တမျှ ကြည့်ရှုလိုက်၏။ ထို့နောက်သူက ရှစ်ဖုန့်ကို လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ဆရာ မြေပုံပေါ်မှပြထားတဲ့ ခရီးပန်းတိုင်နေရာအရ ကျွန်တော်တို့ဟာ ဖွတ်လူသားတွေရဲ့ နယ်မြေထဲကိုသာဝင်ရမှာ မဟုတ်ပဲ မြွေလူသားတွေရဲ့နယ်မြေထဲကိုပါဝင်ရောက်ရပါလိမ့်မယ်..ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့တွေ ကွေ့ပက်သွားဖို့ အကြုံပြုချင်ပါတယ်..ကျွန်တော်တို့တွေ ရက်အချို့ကြာပြီးမှာ ခရီးပန်းတိုင်ကိုရောက်မှာဖြစ်ပေမဲ့လည်း   မလိုလားအပ်တဲ့ ပြဿနာအချို့ကိုတော့ရှောင်တိမ်းပြီးသားဖြစ်သွားပါလိမ့်မယ်”

ထိုလူ၏ စကားတို့အား ကြားရပြီးနောက်တွင် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးမေးလိုက်သည်။

“မင်းနမည်ဘယ်လိုခေါ်လဲ”

“ဆရာ ကျွန်တော့်နမည်က လုံရှောင်ထျန်းလို့ခေါ်ပါတယ်”

“ကောင်းတယ်…အရမ်းကောင်းတယ်”

နားထောင်ပြီးနောက် ရှစ်ဖုန့်က ထပ်မံခေါင်းညိမ့်လိုက်သည်။

“မင်းက လူတော်တစ်ယောက်ပဲ အခုကစပြီး မင်းက အနက်ရောင်ချပ်ဝတ် မြင်းတပ်ရဲ့ တပ်မှူးဖြစ်လိမ့်မယ်..ဒီအနက်ရောင်ချပ်ဝတ်

မြင်းတပ်က အခုကစပြီး မင်းအမိန့်အောက်မှာရှိတယ်”

“ကျေးဇူးတင်ပါတယ်..ဆရာ”

အနက်ရောင်ချပ်ဝတ်မြင်းတပ်၏ တပ်မှူးဖြစ်ရခြင်းက အဓိပ္ပါယ်မဲ့သည်ဟုထင်ရသော်လည်း တကယ်တမ်းတွင် မများကြီး အဓိပ္ပါယ်ရှိသည်။ တပ်မှူးတစ်ယောက်အနေဖြင့်သူက အခြားသူများကို သေတွင်းသို့ပို့လည်းအဆင်ပြေသည်ဖြစ်သည်။

……

ဆက်ရန်…

ဘာသာပြန်သူ- ARISE

All Chapters