← Chapters

အပိုင်း (၁၄၆)

Vol. 10 Ch. 146

အပိုင်း (၁၄၆)

Vol. 10 Ch. 146

လုံရှောင်ထျန်း၏ ဦးဆောင်မှုအောက်တွင် အနက်ရောင်ချပ်ဝတ် မြင်းသည်တော် အုပ်စုက ရှေ့မှနေ၍သွားနေသည်။ ရှစ်ဖုန့်က ငရဲဝံပုခွေ၏ ကျောပေါ်တွင်ထိုင်ပြီး မျက်လုံးကိုမှိတ်ထားကာ ကျင့်ကြံနေသည်။ ငရဲဝံပုလွေက ၎င်း၏ အတောင်တို့ကို ဖြည်းညှင်းစွာခပ်ပြီး မြင်းတပ်၏နောက်မှလိုက်ပါလာသည်။

သူတို့က သဲကန္တာရထဲသို့ ချီတက်နေသကဲ့သို့ ခြစ်ခြစ်တောက်ပူနေသော နေမင်းကလည်း မြေပြင်ကို မီးသင့်စေလောက်သည်‌ကြောက်ခမ်းလိလိ မြင့်မားသော အပူချိန်ကို ထုတ်လွှတ်နေသည်။သဲကန္တာရတစ်ခုလုံးအား အလွန်စူးရှတောက်ပသော ရွှေရောင်အလင်းက ဖုံးလွှမ်းထားသည်။ သဲကန္တာရထဲတွင် ကြမ်းကြုတ်သောလေက ကြမ်းတမ်းသောသဲများကိုပါသိမ်းကျုံးတိုက်ခတ်နေသည်။ ၎င်းတို့က အနက်ရောင်ချပ်ဝတ် မြင်းသည်တော်တို့၏ ကိုယ်အား ရိုက်ခတ်လိုက်သည့်အချိန်တိုင်းတွင် အလွန်သေးငယ်သော သံပူစေ့လေးများက လာရောက်ထိမှန်သကဲ့သို့ခံစားရ၏။

ရုတ်တရက် မျက်လုံးတို့ကိုပိတ်ကာ ကျင့်ကြံနေသော ရှစ်ဖုန့်က သူ၏ မျက်လုံးတို့ကိုဖွင့်လိုက်သည်။ အစောပိုင်းအခိုက်အတန့်တစ်ခုက သူ့အနေဖြင့် အရှေ့ဘက်မှလာသော စွမ်းအင်လှိုင်းတစ်ခုကိုအာရုံခံမိလိုက်သည်။

“မင်းတို့ကောင်တွေ သွားမြဲအတိုင်းဆက်သွားကြ”

ရှစ်ဖုန့်က အနက်ရောင်ချပ်ဝတ်မြင်းတပ်ကို အမိန့်ပေးလိုက်သည်။ ထို့နောက်သူက ငရဲဝံပုလွေကို ပြောလိုက်၏။

“အရှေ့ဘက်ကိုသွားပြီးတော့ တစ်ချက်လောက်ကြည့်ရအောင်"

“ဝေါင်း”

ငရဲဝံပုလွေက ရှစ်ဖုန့်၏ အမိန့်အားကြားလိုက်ရသောအခါတွင် ဟိန်းဟောက်လိုက်သည်။ သူကသူ၏ခေါင်းကို လှည့်ကာ အရှေ့ဘက်ဆီသို့ပျံသန်းလိုက်သည်။

အကန့်သတ်မဲ့သောတစပြင်ထဲတွင် ဤနယ်မြေသည် ပုံမှန်အဖြစ်ဆုံးသော သဲကန္တာရနယ်မြေတစ်ခုဖြစ်သည်။ ယခုတော့ ယင်းမှာ ကြီးမားသောကပ်ဘေးဒုက္ခကြီးတစ်ခု ဆိုက်ရောက်နေသကဲ့သို့ လုံးဝကမောက်ကမအခြေအနေဖြစ်နေသည်။ နက်ရှိုင်းသော ချိုင့်များက သဲကန္တာရတွင်ဖြစ်ပေါ်နေပြီး အချို့နေရာများ၌ တူးခြစ်အောင်လောင်ကျွမ်းထားသကဲ့သို့မည်း

နက်နေ၏။ ထိုနေရာတို့မှ အနက်ရောင်မီးခိုးများပင် အပေါ်သို့လူးလွန့်မြင့်တက်နေသည်။

သဲကန္တာရ အထက်ဝေဟင်ထဲတွင် ပုံရိပ်သုံးခုက ပြင်းထန်စွာတိုက်ခိုက်နေကြသည်။ သူတို့၏ကိုယ်မှ ပြင်းထန်သော စွမ်းအားများကိုထုတ်လွှတ်နေပြီး တစ်ယောက်ကိုတစ်ယောက် စွမ်းအားကြီး သိုင်းပညာရပ်များဖြင့်တိုက်ခိုက်နေသည်။ တစ်ယောက်နှင့် တစ်ယောက်ထိပ်တိုက်တွေ့လိုက်သည့်အချိန်

တိုင်းတွင် ပြင်းထန်သောပေါက်ကွဲမှုတို့ဖြစ်ပေါ်လာပြီး ဦးတည်ချက်အနှံ့သို့ သိမ်းကျုံးပြန့်နှံ့သွားသည်။

ထို့နောက်ချက်ခြင်း ပြင်းထန်သောတိုက်ပွဲအတွင်းရှိပုံရိပ်သုံးခုမှာ

တစ်စုံတစ်ခုအားအာရုံခံမိပုံရပြီး  ရုတ်ခြည်း ဆုတ်ခွာလိုက်ကြသည်။ သူတို့က တြိဂံပုံသဏ္ဍန် ခွဲထွက်လိုက်ကြပြီး အနက်ရောင်ပုံရိပ်တစ်ခုပျံသန်းလားနေသော မြောက်ဘက်ဆီသို့ကြည့်လိုက်ကြသည်။

“မင်းတို့ဘာလို့ မတိုက်ကြတော့တာလဲ..ငါကဒီကိုပွဲကြည့်ဖို့

သက်သက်လာခဲ့တာ”

ရှစ်ဖုန့်က ပုံရိပ်သုံးခုကိုကြည့်၍ပြောလိုက်သည်။

သူတို့သုံးယောက်မှာအင်ပါယာနယ်ပယ်များဖြစ်ကြသော်လည်းနှစ်ယောက်မှာ မတူညီသော မျိုးနွယ်စုမှဖြစ်ကြပြီး ကျန်တစ်ယောက်မှာ လူသားအမျိုးသမီးတစ်ယောက်ဖြစ်သည်။

သူမက သူမ၏မျက်နှာကိုဖုံးကွယ်သည့် အဖြူရောင်မျက်နှာလွှားဇာကိုဝတ်ဆင်ထားပြီး ပေါ့ပါးသောအဖြူရောင်ဝတ်စုံကိုဆင်မြန်းထားသည်။သူမ၏ အဝတ်တို့က လေထဲတွင် တဖျပ်ဖျပ်လူးလွန့်နေကာ သူမအားလေထဲတွင်လွင့်မျောနေသော အဖြူရောင်နတ်သမီးလေးတစ်ပါးဟုပင်ထင်မှတ်စေမိလေသည်။ သူမက အဖြူရောင် မုဒရက်ဖြင့်ပြုလုပ်ထားသော ကျာပွတ်ရှည်တစ်ခုကိုကိုင်ဆောင်ထားပြီး သူမ၏ ကျင့်ကြံမှုနယ်ပယ်မှာ ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်ပင်ဖြစ်သည်။

တစ်ခြားနှစ်ယောက်ထဲမှတစ်ယောက်မှာ အစိမ်းရောင်အရေပြားကိုပိုင်ဆိုင်ထားသူဖြစ်သည်။ ၎င်း၏ ကိုယ်မှ အစိမ်းရောင်အလင်းကိုထုတ်လွှတ်နေပြီး အသက်ရှူသွင်းသကဲ့သို့ မှိတ်ချည်လင်းချည်ဖြစ်နေသည်။ သူ့ခေါင်းမှာ အစိမ်းရောင်ဖွတ်ဦးခေါင်းဖြစ်ပြီး တစ်မီတာရှည်လျားသော  အစိမ်းရောင်အမြှီးတစ်ခုကိုလည်းပိုင်ဆိုင်ထားသည်။ သူက လုံရှောင်ထျန်းပြောခဲ့သော ဖွတ်လူသားမျိုးနွယ်စုမှဖြစ်လေသည်။၎င်းမှာ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ဖြစ်၏။

နောက်ဆုံးကျန်ရစ်သောတစ်ယောက်မှာ စွဲမက်စရာ ညို့ယူဖမ်းစားနိုင်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမမှာ ညို့ယူနိုင်သောပုံရိပ်တို့ရှိပြီး ရှိုက်ဖိုကြီးငယ်တို့ကိုလှစ်ဟာပြသည့် အဝတ်အစားတို့ကိုဝတ်ဆင်ထားသည်။

သို့သော် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းကတော့ ရှည်လျားသော အစိမ်းရောင်မြွေမြှီးကြီးဖြစ်လေသည်။ သူမမှာ မြွေလူသားမျိုးနွယ်စုမှ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး  သူမ၏ ကျင့်ကြံမှုမှာ လူသားအမျိုးသမီးဖြစ်သူ၏ ကျင့်ကြံမှုအဆင့်နှင့်အတူတူပင်ဖြစ်သည်။  ၎င်းတို့နှစ်ယောက်လုံးမှာ ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်များဖြစ်ကြ၏။

ရှစ်ဖုန့်ရောက်လာသည်ကိုတွေ့လိုက်ရသော အခါတွင် ဖွတ်လူသားက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက လူသားမျိုးနွယ်စုမှာသန်မာသော သူတစ်ယောက်ကဲ့သို့ကြမ်းကြမ်းတမ်းတမ်းဟက်ဟက်ပက်ပက်ပင်ရယ်မောနေသည်။

“ဟားဟားဟား..လူသားမျိုးနွယ်က အမျိုးသမီး ငါက မင်းရဲ့ အကူအညီရောက်လာတယ်လို့ထင်နေတာ ..အခုက ကြယ်လေးပွင့် အင်ပါယာနယ်ပယ် အမှိုက်လေးတစ်ကောင်ပဲကွ မင်းသူ့ကိုသေဖို့အတွက်ဒီနေရာကိုခေါ်လိုက်တာလား…ဟားဟားဟား”

“ဟားဟားဟား….လူသားမျိုးနွယ်က ယောက်ျား ….တို့မကစားရတာတော်တော်လေးကြာခဲ့ပြီ …မင်းဒီနေရာမှာရှိနေတာကောင်းလိုက်တာ တို့မင်းနဲ့ ပြီးမှ ပျော်စရာအချို့ကိုလုပ်မယ်နော်"

မြွေလူသားမျိုးနွယ်မှ အမျိုးသမီးက သူမ၏  မက်မွန်သီးသဏ္ဍန် မျက်လုံးများဖြင့် ရှစ်ဖုန့်ကိုစိုက်ကြည့်လိုက်ပြီး ကလူ၏သို့ မြှူ၏သို့ ပြောလိုက်သည်။

“ဟမ့်..ခွေးမ “

မြွေလူသားမျိုးနွယ်စုမှ အမျိုးသမီး၏ စကားအားကြားလိုက်ရသောအခါတွင် ဖွတ်လူသားကလန်မှ အမျိုးသားက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။

“မင်းတို့မြွေလူသားမျိုးနွယ်စုဆီကို အကြိမ်များစွာ လာပြီး ငါနဲ့လိင်ဆက်ဆံဖို့ကိုလုပ်ဆောင်ဖို့မင်းကို

တောင်းဆိုခဲ့တုန်းကကြ မင်းက ပြတ်ပြတ်သားသားကိုငြင်းဆိုခဲ့ ပြီး  ….လူသားမျိုးနွယ်က ယောက်ျားတစ်ယောက်ကိုမြင်လည်းအခု

မြင်လိုက်ရော နန့်တန့်တန့်ပြန်တန်တန်တွေ တောင်လုပ်ပြနေပါလားကွ”

“ဟမ့် ..ဘာလို့သေးတစ်အိုင်လောက်ပေါက်ပြီးတော့ နင်မျက်ခွပ်နင် အရင်ဆုံးအဲ့ထဲမှာ ပြန်မကြည့်တာလဲ ..ငါသာနင်နဲ့ အဲ့တာကိုလုပ်ရင် အော်ဂလီဆန်ပြီးတောင်သေသွားလောက်တယ်”

မြွေလူသားမျိုးနွယ်စုမှ အမျိုးသမီးက မတူမတန်သောလေသံမျိုးဖြင့်ပြောလိုက်သည်။အစောပိုင်းကရှစ်ဖုန့်အားသူမကြည့်သောပုံစံနှင့် ယခုပုံစံမှာကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်ကွာ

ခြားလှလေသည်။

“မင်း…ငါအဆင့်ချိုးဖြတ်တက်လှမ်းတဲ့အထိကိုစောင့်နေစမ်းပါ ..အဲ့နေ့ရောက်လာတဲ့အခါကျရင် ငါကိုယ်တိုင်မင်းကို အတင်းအကျပ်ရယူပြီးတော့ မင်းကိုရပ်တန့်နိုင်စွမ်းမရှိအောင်ကိုလုပ်ပြမယ်လို့ငါကျိန်ဆိုတယ်”

ဖွတ်လူသားကလန်မှ အမျိုးသားက ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။

ရှစ်ဖုန့်မှာ ဤလူပြတ်နှစ်ယောက်ကြားရှိစကားတို့ကိုကြားရသောအခါတွင် ဆွံ့အနေမိသည်။ ထို့နောက်တွင် အဖြူရောင်ဝတ်စုံနှင့်မျက်နှာကိုအဖြူရောင် မျက်နှာလွှားဇာဖြင့်ဖုံးကွယ်ထားသည့် လူသားအမျိုးသမီးက သူ့ထံသသို့ ပျံသန်းလာနေသည်ကိုတွေ့လိုက်ရသည်။ သူမကသူ့ဘေးသို့လွင့်မျော ပျံသန်းလာပြီးအေးစက်သောလေသံဖြင့်ပြောလိုက်သည်။

“ထွက်သွား”

“သွားရမယ်..ဟုတ်လား”

အမျိုးသမီး၏အသံအားကြားလိုက်ရသောအခါတွင် ဖွတ်လူသား မျိုးနွယ်မှာ အမျိုးသားဖြစ်သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“လူသားမျိုးနွယ် ဒီလူက သေကိုသေရမယ်.. မင်းတောင်မှ နောက်ကျငါ့အရုပ်လေးဖြစ်လာမှာ”

“ဒီမိန်းမနဲ့ပက်သက်ပြီးတော့နင်ကြိုက်တာလုပ်လို့ရတယ်..ဒါပေမဲ့ ဒီယောက်ျားကိုတော့ နင်သတ်လို့မရဘူး ..သူကငါ့ကစားစရာ.. ငါသူ့ကိုသွားဖမ်းပြီးတော့ ငါ့ရဲ့‌ယောက်ျားလေးကစားစရာအဖြစ်လုပ်မလို့..အဲ့ဒါမှ အံ့ဩစရာကောင်းတဲ့ခံစားချက်တွေနဲ့ ငါပျော်ရွှင်လို့ရမှာ”

မြွေလူသားမျိုးနွယ်မှ အမျိုးသမီးက ပြောလိုက်သည်။

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ရှစ်ဖုန့်ရှေ့သို့လွင့်မျောသွားလိုက်ပြီး သူမ၏ အဖြူရောင်ကျာပွတ်ဖြင့်မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ ဆိုလိုရင်းက ရှင်းပေသည်။

“တိုက်”

ထိုအချိန်တွင် ငရဲဝံပုလွေ၏ကျောထက်တွင်ထိုင်နေသော ရှစ်ဖုန့်ကထရပ်လိုက်သည်။မိုးကြိုးလျှပ်စီးဓားကသူ့လက်ထဲတွင်ပေါ်လာသည်။ ထို့နောက်သူ၏ စည်းဝါးကိုက်သော အသံက နေရာတစ်ခုလုံးကိုပဲ့တင်ထပ်သွားစေ၏။

“ဒီသခင်လေးက အမျိုးသမီးတစ်ယောက်ရဲ့နောက်မှာ ပုန်းကွယ်ပြီးနေတတ်တဲ့ အကျင့်ဘယ်တုံးကမှ မရှိခဲ့ဘူး ..မင်းတို့လိုသန္ဓေပြောင်းမျိုးစိတ်နှစ်ကောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်လွန်ကဲမှုတွေ ဘယ်နေရလာလဲဆိုတာကို ဒီသခင်လေးစဉ်းတောင်မစဉ်းစားနိုင်ဘူး”

“မင်းတော့သေချင်နေတာပဲ”

ရှစ်ဖုန့်၏ စကားတို့ အားကြားလိုက်ရသောအခါတွင် ဖွတ်လူသားက ချက်ချင်းအော်ငေါက်လိုက်သည်။

သူ၏စိတ်ထဲတွင်သူသည်ဖွတ်လူသားမျိုးနွွယ်၏ အထက်တန်းအကျဆုံးသောမျိုးနွယ်မှလူဖြစ်သည်။ သို့သော် လူသားမျိုးနွယ်စုမှ ဤနိမ့်ကျသော လူသားက  သူအားသန္ဓေပြောင်းဟုခေါ်နေသည်။ ထိုထက်ပိုသည်ကသူ့အနေဖြင့်အစကတည်းက ဤလူသားအပေါ်တွင် အမြင်ကြည်လင်မှုနှင့်စိတ်ကျေနပ်မှုရှိမနေခြင်းပင်ဖြစ်လေသည်။ သူကချက်ခြင်း သိပ်သည်းသောအစိမ်းရောင်အလင်းအဖြစ်သို့

ပြောင်းသွားပြီး အင်ပါယာနယ်ပယ်တစ်ယောက်၏ ရောင်ဝါကိုထုတ်လွှတ်၍ ၎င်းတို့ထံသို့ဦးတည်လိုက်သည်။

အစိမ်းရောင်ဖွတ်လူသား၏တိုက်ခိုက်မှုကိုမြင်လိုက်ရသောအခါတွင် အဖြူရောင်ဝတ်အမျိုးသမီးက သူမ၏ ကိုယ်ကိုလှုပ်ရှားလိုက်သည်။ ရုတ်တရက် လက်တစ်ဖက်က သူမနောက်မှပေါ်လာပြီး သူမ၏ ပခုံးကိုဖိကိုင်လိုက်သည်။ ထို့နောက်တွင် သူမနောက်ရှိလူငယ်လေး၏ အသံထွက်ပေါ်လာ၏။

“တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စတွေဟာ ယောက်ျားသားတွေအတွက်ပဲဖြစ်သင့်တယ်”

ရှစ်ဖုန့်ကစကားပြောပြီးသောအခါတွင် အဖြူရောင်ဝတ်အမျိုးသမီး၏ ဘာပြောဆိုမှုကိုမှ စောင့်စားမနေပေ။ သူက ငရဲဝံပုလွေအားရှေ့သို့ပျံတက်ရန်အမိန့်ပေးပြီးဖြစ်ပြီး လာနေသော အစိမ်းရောင်အလင်းနှင့်တွေ့ဆုံလိုက်သည်။

“နင်တို့က ဘုရင်နယ်ပယ် အဆင့်လေးနဲ့ အဆင့်လေးသားရဲတစ်ကောင်သက်သက်ပဲ..နင် က ကိုယ့်ကိုယ်ကိုယ် အများကြီးကျော်တွေးနေတာပဲ..မြန်မြန်နောက်

ပြန်ဆုတ်လိုက်”

ရှစ်ဖုန့်တစ်ဟုတ်ထိုးတက်သွားသည်ကိုတွေ့လိုက်ရသောအခါတွင် အဖြူရောင်ဝတ်အမျိုးသမီးက အေးစက်စွာအော်ပြောလိုက်သည်။ ထို့နောက်တွင် သူမသည်လည်းအဖြူရောင်အလင်းအဖြစ်

ပြောင်းသွားပြီး ရှေ့သို့ဦးတစ်ဟုန်ထိုးတည်လိုက်သည်။

“မင်းကမင်းကိုမင်းသေအောင်ရိုက်သတ်ခံဖို့ ငါ့ဆီကိုအရောက်ပို့ပေးနေတာပဲ ..မင်းခေါင်းထဲကဦးနှောက်များအိမ်မှာကျန်နေခဲ့တာလား”

သူ့ထံသို့ရှစ်ဖုန့်က ၎င်း၏ ဝံပုလွေဖြင့်တစ်ဟုန်ထိုးဦးတည်လာနေသည်ကိုတွေ့လိုက်ရသောအခါတွင် အစိမ်းရောင်အလင်းအဖြစ်ပြောင်းထားသော ဖွတ်လူသားက အံ့အားသင့်စွာအော်ပြောလိုက်သည်။ ထို့နောက် သူကပြင်းထန်သောအစိမ်းရောင်စွမ်းအင်လှိုင်းတစ်ခုကိုထုတ်ဖော်လိုက်ပြီး ရှစ်ဖုန့်အား ဝါးမျိုရန်ကြိုးစားလိုက်သည်။

“ဟမ့်”

ရှစ်ဖုန့်ကသူ၏အနက်ရောင်ခေါင်းစွပ်ထဲမှ သူ၏ မျက်နှာတစ်ဝက်ကိုလှစ်ဟာပြလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုပေါ်လာ၏။ ထို့နောက်သူ၏ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။ ဧရာမ အဖြူရောင်ဓားချီတစ်ခုက ကောင်းကင်ထက်မှသက်ဆင်းလာပြီးအောက်သို့ခုတ်ပိုင်းလိုက်သည်။

“ဒီစွမ်းအားက…..”

ပျံသန်းနေဆဲဖြစ်သော အဖြူရောင်ဝတ်အမျိုးသမီးက ရုတ်တရက်ရပ်တန့်လိုက်သည်။

“ဒါက ….အင်ပါယာနယ်ပယ်တစ်ယောက်ရဲ့စွမ်းအားကိုတောင်ရောက်နေတာပဲ..ဒီထုတ်ဖော်လောက်တဲ့သိုင်းပညာရပ်က တကယ့်ကိုပဲ ကြယ်လေးပွင့်အင်ပါယာနယ်ပယ်တစ်ယောက်

ရဲ့စွမ်းအားမျိုးလား”

ယခုချိန်ထိတိုင် လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသေးသော မြွေလူသားမျိုးနွယ်မှ အမျိးသမီးပင် တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။

“ဝုန်း”

သိပ်သည်းသောအဖြူရောင်ဓားချီက ပြင်းထန်သော အစိမ်းရောင်အလင်းဖြင့်ပြင်းထန်စွာထိပ်တိုက်တွေ့ဆုံမိကြပြီး ဝန်းကျင်နေရာတစ်ခုလုံးအား ဖရိုဖရဲ ပရမ်းပတာအခြေအနေဖြစ်သွားစေသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters