← Chapters

အပိုင်း (၁၄၈)

Vol. 10 Ch. 148

အပိုင်း (၁၄၈)

Vol. 10 Ch. 148

အနက်ရောင်ချပ်ဝတ် မြင်းတပ်တစ်စုက သဲကန္တာရကို ဖြတ်သန်းပြီး ရှေ့သို့ ချီတက်နေကြသည်။ ရှစ်ဖုန့်မှာ ငရဲဝံပုလွေ၏ ကျောပေါ်တွင်ထိုင်နေဆဲဖြစ်ပြီး ၎င်းတို့၏ နောက်မှလိုက်ပါလာကာ မျက်လုံးတို့ကိုမှိတ်၍ ကျင့်ကြံနေသည်။

ကောင်းကင်က ဖြည်းဖြည်းချင်းနက်မှောင်လာပြီး မူလက ကခြစ်ခြစ်တောက်ပူပြင်းနေသော အပူချိန်မှာ ကျဆင်းလာသည်။ ညနက်ပိုင်းသို့ရောက်ရှိလာသောအခါတွင် သဲကန္တာရ ၏ အပူချိန်မှာ နေ့အချိန်နှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး အေးစိမ့်မှုကိုသာခံစားကြရသည်။

“ဝူး…ဝူး…ဝူး…ဝူး..ဝူး”

အေးစိမ့်နေသောညချမ်းတွင် တိုက်ခတ်နေသာညလေက မိန်းမတစ်ယောက်ငိုကြွေးမည်တမ်းနေသကဲ့သို့

ဖြစ်ပြီး စိတ်ကိုလေးလံစေကာ ထိတ်လန့်ကြောက်မက်ဖွယ်ပင်ကောင်း

နေသည်။

“ဘာလို့လုံရှောင်ထျန်းက ငါတို့ကိုဒီနေရာကိုဦးဆောင်ခေါ်လာတာလဲ”

အနက်ရောင်ချပ်ဝတ်မြင်းသည်တော်

တစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။

“ရှူး..မင်းအသံကိုတိုးတိုးပြော ..အခုချိန်  သူက ကြီးမြတ်တဲ့သူရဲ့ရှေ့မှာ ပေါ်ပြူလာအဖြစ်ဆုံးသူပဲ”

သူ့ဘေးရှိလူက သတိပေးလိုက်သည်။

“ဒါပေမဲ့ ဒီနေရာကဘာလဲဆိုတာကို မင်းလည်း သိတာပဲမလား”

“ဒါက ဘယ်နေရာလဲ”

တစ်စုံတစ်ယောက်ကမေးလိုက်သည်။

“ဒီတော့မင်းတို့မသိသေးဘူးပေါ့…ဒီနေရာကို မိစ္ဆာပျောက်ကွယ် ကုန်းမြေလို့ခေါ်တယ်…ဒဏ္ဍာရီတွေမှာ ပြောကြတာက ဒီနေရာက အရင်တုံးက မြို့သေးလေးတစ်ခုတည်ရှိတဲ့နေရာတဲ့….ဒါပေမဲ့ အဲ့မြို့ဟာ ညဘက်ကြီးမှာ ရုတ်ချည်းဆိုသလိုပျောက်ကွယ်သွားခဲ့တယ် ..ဘာကြောင့်ပျောက်ကွယ်သွားခဲ့ရတယ်ဆိုတာကို ဘယ်သူကမှ မသိကြဘူး ကြီးမားတဲ့ သဲမုန်တိုင်းကြီးတစ်ခုက မြို့ကို မြေမြှုပ်လိုက်သလိုမျိူး တိုက်ခတ်သွားတာမျိုးဖြစ်နိုင်ပေမဲ့ နေ့အချိန်တစ်ချိန်ငါဒီနေရာကနေဖြတ်သွားခဲ့

တုံးက ဒီနေရာကို ညခင်းဘက်ချီတက်ဖူးပြီးဒီမှာပဲစခန်းချခဲ့ဖူးတဲ့  စစ်သားအိုကြီးတစ်ယောက်ဆီကနေသူပြောပြတာကိုကြားခဲ့ရတယ်… အဲ့ညတုံးက လူရာပေါင်းများစွာဟာ ရုတ်တရက်ကြီးပျောက်ကွယ်သွားခဲ့တယ်တဲ့”

“လူရာပေါင်းများစွာ ရုတ်တရက်ကြီးပျောက်ကွယ်သွားတာလား ..အဲ့တာအမှန်ပဲလား သူတို့တေွ သဲကန္တာရမွန်းစတားတွေ ဒါမှမဟုတ် ဖွတ်လူသားတို့ မြွေလူသားတို့နဲ့များ မမျှော်လင့်ဘဲ ပက်ပင်းကြုံခဲ့တာဖြစ်နိုင်မလား”

“အဲ့ချီတက်တဲ့စစ်ကြောင်းရဲ့ တပ်မှူးက ငါတို့ရဲ့ အနောက်မြောက် သဲကန္တာရဘုရင် ချန်းချင်ကျွင်း ပဲ သူကအင်ပါယာနယ်ပယ်တစ်ယောက်ပဲဟာ အကယ်၍ သဲကန္တာရ မွန်းစတားတွေ ဒါမှမဟုတ် သန္ဓေပြောင်း မျိုးနွယ်စုတွေသာ ဆိုရင် သူအဲ့တာကိုအာရုံခံမိမှာပေါ့ ငါတော့သူတို့တေွ သရဲတစ္ဆေတွေရဲ့ အဝေးကို ခေါ်သွားတာကိုခံခဲ့ရတယ်လို့ထင်တယ်”

“အာ အဓိပ္ပါယ်မရှိတာတွေကို လျှောက်ပြောမနေနဲ့ ..ကျောချမ်းစရာကြီးကွ..ငါတို့ကအခု ဒီနေရာမှာ ရောက်နေတာ”

ထိုလူနှစ်ယောက်မှာ အုပ်စု၏ နောက်ဘက်တွင်ရှိနေပြီး ရှစ်ဖုန့်နှင့်သိပ်မဝေးလှပေ။ သူတို့၏တီးတိုးစကားများက ရှစ်ဖုန့်၏ နားထဲမှစပြောစဉ်ကတည်းကလွတ်မြောက်နိုင်စွမ်းရှိမနေပါ။ သို့သော် ရှစ်ဖုန့်အနေဖြင့်ဘာ တစ္ဆေအရိပ်အယောင်ကိုမျှအာရုံခံမိခြင်းမရှိပေ။အကယ်၍ တကယ့်ကို တစ္ဆေများရှိနေခဲ့လျှင် ၎င်းတို့အနေဖြင့် ဘယ်လိုလုပ် သူ၏ စိတ်ဝိညာဉ်အာရုံခံမှုမှ လွတ်မြောက်နိုင်ပါမည်နည်း။

“အား”

ရုတ်တရက် ညကောင်းကင်ယံတွင် အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။ ဤနေရာ၏ ဒဏ္ဍာရီကိုသိကြသော အနက်ရောင်ချပ်ဝတ်မြင်းသည်တော်များစွာမှာ  အော်သံကိုကြားလိုက်ရသော အခါတွင် အလန့်တကြားဖြစ်သွားကြသည်။ ထို့နောက်တွင် အသံတစ်ခုက ပဲ့တင်ထွက်ပေါ်လာသည်။

“ဒါက ညီကိုရှစ်ဖုန့်ရဲ့ နတ်ဆိုးသားရဲမလား”

အသံက မတွေ့ရတာကြာမြင့်နေပီဖြစ်သောမိတ်ဆွ

ဟောင်းကြီးအား  ပြန်တွေ့လိုက်ရသကဲ့သို့စိတ်အားထက်သန်

မှုအပြည့်ဖြင့်ပင်ဖြစ်သည်။

“ဒါက ….”

ထိုအသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခေါင်းကိုမော့၍ ညကောင်းကင်ယံကိုကြည့်လိုက်သည်။ ညကောင်းကင်ယံတွင် အပြာရောင်ပုံရိပ်တစ်ခုကပေါ်လာသည်။ ထိုအပြာရောင်ပုံရိပ်၏အောက်ဘက်တွင် ကြီးမားသော အပြာရောင်ငှက်ကြီးတစ်ကောင်က ၎င်း၏ အတောင်ပံတို့ကို တဖျပ်ဖျပ်ခတ်၍ ပျံသန်းနေ၏။

“လီလျိုရှင်း”

ရှစ်ဖုန့်၏ မျက်လုံးတို့မှာ အံ့အားသင့်မှုနှင့် အတူပြူးကျယ်သွားရသည်။ ဤငတိတကယ့်ကို မသေခဲ့ပေ။

“ဒီတော့ အဲ့နေ့တုံးက နတ်ဆိုးသားရဲတောအုပ်ထဲမှာ ငါတွေ့ခဲ့တဲ့သူက တကယ်ပဲ သူလား”

ရှစ်ဖုန့်မှာထိုနေ့က နတ်ဆိုးသားရဲတောအုပ်အတွင်းတွင် အထွတ်အထိပ်  အဆင့်ငါးနှင်းလူဝံအား အပြာရောင်ပုံရိပ်က ၎င်း၏သာမန်ကာလျှံကာ ဓားယမ်းချက်တစ်ခုဖြင့်သတ်ပစ်ခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။

“အိုး ငါတကယ်ကိုမမှားဘူးပဲ တကယ့်ကိုညီကိုရှစ်ပဲဟ ညီကိုရဲ့မျက်နှာကို ဖုံးကွယ်ထားမယ်ဆိုရင်တောင် ငါမှတ်မိနေသေးတယ်ကွာ ရင်းနီးမှုမရှိတဲ့ နေရာစိမ်းတစ်ခုမှာ တကယ့်ကို မိတ်ဆွေဟောင်းတစ်ယောက်နဲ့လာတွေ့ရတာပဲ “

လီလျိုရှင်းက ပြောလိုက်ပြးနောက် သူ့အောက်ရှိ အပြာရောင် ငှက်ကြီးအား ရှစ်ဖုန့်ထံသို့ပျံသန်းစေလိုက်သည်။

လီလျိုရှင်းမှာ ယခင်အတိုင်းမပြောင်းလဲသောပုံစံဖြင့် ကြော့ရှင်းရည်မွန်သော ဟန်ပန်ရှိပြီး ဓားအိမ်ထဲတွင်ရှိနေဆဲဖြစ်သော သာမန်ဆန်သည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

“ကောင်းတယ်…..ဒါက အရမ်းကောင်းတယ်..ငါနောက်ဆုံးတော့ ညီကိုရှစ်လိုမျိုး အသိကျွမ်းဟောင်းတစ်ယောက်နဲ့တွေ့ရပြီ “

လီလျိုရှင်းက ရှစ်ဖုန့်နားသို့ကပ်လာပြီး ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ ထို့နောက်သူကပြောလိုက်သည်။

“ညီကိုရှစ် မင်းမသိဘူးမလား ငါဒီသဲကန္တာရထဲမှာလမ်းပျောက်နေခဲ့တာ တော်တော်ကြာပြီ ..သူများတွေပြောကြ တာ နတ်ဆိုးသားရဲတွေနဲ့ သားရဲရိုင်းတွေမှာ အသိဉာဏ်ရှိတယ်တဲ့ ဟုတ်တယ်မလား ..ဒါပေမဲ့ကွာ ဒီအမွေးထူသားရဲက တကယ့်ကိုမှ ငတုံး ငါတကယ်သူ့ကို စိတ်တွေပါကုန်လာတယ်”

“ဒါဆို မင်းကသဲကန္တာရထဲမှာ ဘာလုပ်နေတာတုံး”

လီလျိုရှင်းနဲ့မျက်နှာချင်းဆိုင်ရာတွင် ရှစ်ဖုန့်မှာသတိဝီရိယထားဆဲဖြစ်သည်။

“အိုး ဒါကလား ပြောရရင် ဇတ်လမ်းကအရှည်ကြီးပဲ”

လီလျိုရှင်းက သက်ပြင်းချကာပြောလိုက်သည်။

“ဒါတွေအားလုံးက မင်းကြောင့်ပဲလေညီကို..မင်းကဖုန်ယွင်ရှောင်နဲ့ ကျင်းလင်းကိုသတ်ပစ်ခဲ့ပြီး ငါ့အပေါ်ကို အပြစ်တွေပုံချခဲ့တယ်မလား ….အဲ့တာနဲ့ ငါလည်းရွေးချယ်စရာမရှိပဲနဲ့ ထွက်ပြေးရတော့တာပေါ့ အဲ့နောက်မှာ ဘယ်နေရာကိုထွက်ပြေးရမလဲလို့ ငါစဉ်းစားခဲ့တယ် ငါက အင်ပါယာမြို့တော်ရယ်ကောင်းကင်ဘုံလေ

ဂိုဏ်းရယ်ဆီကနေ ဝေးဝေးကို ပြေးနေရာတာ‌လေ ..ဒါကြောင့် ငါအနောက်မြောက်ဘက်မှာရှိတဲ့ဒီသဲကန္တာဥရကို ပြေးလာခဲ့ရတာပဲ”

လီလျိုရှင်းကိုကြည့်ကာ သူ၏စကားများကိုနားထောင်ပြီးသည

နောက်တွင် ထိုနေ့ကြသူမြင်တွေ့ခဲ့ရသော အပြာရောင်ပုံရိပ်မှာ တကယ်ပဲသူမှဟုတ်ရဲ့လားဟူ၍ပင်သံသယဝင်မိသည်။  အကယ်၍ ထိုလူကသူဆိုလျှင် သူ၏ စွမ်းအားကြီးခွန်အားဖြင့် အဘယ့်ကြောင့်ထွက်ပြေးနေရပါသနည်း။ အကယ်၍ သူမဟုတ်ခဲ့လျှင် ကျင်းဖမ်းဘုရင်၏ တိုက်ခိုက်မှုကိုခံရပြီးသည့်နောက်၌ အဘယ့်ကြောင့် မသေဆုံးခဲ့ပါသနည်း။

“ဒါနဲ့ စကားမစပ် ညီကိုရှစ် နတ်ဆိုးသားရဲတောင်တန်းမှာ အဲ့နေ့က ဘာတွေဖြစ်ခဲ့တာလဲ….မင်းငါ့ကို မေ့အောင်လုပ်လိုက်တာပဲငါမှတ်မိတယ်..အဲ့အချိန်တုံးကမင်းကငါ့ကို သေတွင်းထဲပို့လိုက်တယ်လို့ငါထင်ခဲ့တာ ..အာ..အဆုံးသတ်ကျ မင်းနဲ့ပက်သက်ပြီး ငါအထင်မှားသွားခဲ့တာပဲ…ငါနိုးလာတဲ့အချိန်မှာ မင်းကငါ့ကိုနတ်ဆိုးသားရဲတောင်တန်းထဲကနေကယ်တင်ခဲ့ပြီးတော့ဂူတစ်ဂူထဲမှာထားပေးခဲ့တယ်..မင်းကတကယ့်ကိုလူကောင်းတစ်ယောက်ပဲညီကိုရှစ်ရ”

လီလျိုရှင်းက ရှစ်ဖုန့်အား ရိုးသားသော စိတ်ရင်းပါသည့်မျက်နှာထားဖြင့်ပြောလိုက်သည်။

“အဲ့နောက်ဘာတွေဖြစ်ခဲ့သေးလဲ..မင်းအားလုံးကိုမေ့သွားခဲ့တာလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“ငါကဘယ်လိုလုပ်ပြီး မှတ်မိမှာလဲ..မင်းပဲငါ့ကို သတိမေ့အောင်ရိုက်ချလိုက်တာလေ မူးမေ့သွားတဲ့လူက ဘယ်လိုလုပ်သိနိုင်မှာလဲ”

လီလျိုရှင်းက တကယ်ဖြစ်ပွားခဲ့သောကိစ္စမျိုးကဲ့သို့ပြောလိုက်သည်။

ရှစ်ဖုန့်အနေဖြင့်သူ့အား ယခုကြည့်ရပုံအရ လိမ်နေသည်ဟု မထင်မိပေ။

“ငါ ပန်းကြွေဓားလီလျိုရှင်းက ဘဝတစ်လျှောက်လုံးမှာ သမာသမတ်ကျမှုနဲ့သစ္စာစောင့်သိမှုကိုပဲ

လုပ်ဆောင်ခဲ့တဲ့သူပဲ”

လီလျိုရှင်းက ထိုစကားအားပြောနေသော အချိန်တွင် သူ့အမူအယာကပြောင်းလဲခြင်းမရှိသလို နှလုံးကလည်း တစ်ချက်လေးပင် ခုန်ပေါက်နေခြင်းမရှိပေ။ သူ့အားမသိသောသူဆိုပါက သူသည် အမှန်တရားများကိုသာ ပြောနေသည်ဟုထင်မိမည်မှာအသေအချာပင်ဖြစ်သည်။ ထို့နောက်သူကပြောလိုက်သည်။

“သစ္စာစောင့်သိမှုဆိုတာနဲ့ပက်သက်လာရင်..ငါအရင်ကဘယ်သူ့ကိုမှ မလေးစားဖူးဘူး ..အခုတော့ ညီကိုရှစ်ငါမင်းတစ်ယောက်ကိုလေးစား

တယ်ကွာ”

“ကောင်းပြီ…ပြီးခဲ့တာတွေကို မပြောပဲနေကြစို့”‌

“ညီကိုရှစ် မင်းဘယ်ကိုသွားမလို့လဲ …ငါသာမမှားဘူးဆိုရင် ဒီရှေ့က မြင်းတပ်က အနောက်မြေရိုင်းမြို့တော်ရဲ့ အနက်ရောင်ချပ်ဝတ် သံမဏိမြင်းတပ်မလား…မင်းအနောက်

မြေရိုင်းမြို့တော်အရှင်သခင်ကိုအနိုင်ယူခဲ့

ပြီးတော့ ဒီမြင်းတပ်ကို တိုက်ပွဲအတွက်ဦးဆောင်ခေါ်လာတာများ

ဖြစ်နိုင်မလား…”

လီလျိုရှင်းက သိချင်စိတ်ပြင်းပြနေသောမျက်နှာထားဖြင့်မေးလိုက်သည်။

ဤလူမှာယခင်အတိုင်း ကရားရေလွှတ်ပြောနေဆဲဖြစ်သည်။

ယခုလီလျိုရှင်းအားကြည့်နေရင်း ရှစ်ဖုန့်မှာ ၎င်းအား နတ်ဆိုးသားရဲတောင်တန်းအတွင်း

ဓားတစ်ချောင်းဖြင့် အဆင့်ငါးအထွတ်အထိပ် နတ်ဆိုးသားရဲကိုသတ်ခဲ့သည့် အပြာရောင်ပုံရိပ်နှင့် ယှဉ်တွဲကြည့်ရန်ခက်ခဲနေသည်။

“မင်းငါ့နောက်ကို ထာဝရလိုက်နေဖို့များ စီစဉ်ထားတာလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“ဒါပေါ့ ငါတို့က တစ်ယောက်နဲ့တစ်ယောင် ရင်းနှီးမှုရှိကြတဲ့ ညီကိုတွေပဲဟာ ..ငါတို့က ညီကိုကောင်းတွေလေ သစ္စာလဲရှိကြတယ် တကယ်လဲ မင်းဘယ်ကိုသွားသွားငါလိုက်မှာ..ဒါ့အပြင် အခုသောက် ကန္တာရထဲမှာ လမ်းပျောက်နေတာ ညီကိုမင်းကြည့်ရတာငါပြောခဲ့တာကို အများကြီး အာရုံမစိုက်ထားဘူးနဲ့တူတယ် ..ဒီသဲကန္တာရထဲမှာ ညဘက်ရောက်လာတဲ့အခါကြရင် အမျိုးသမီးတစ်ယောက်ငိုနေတဲ့အသံလိုမျိုး လေတိုက်ခတ်တယ်…ဒီညပိုင်းတွေမှာ ငါသေချာဂရုတစိုက်နဲ့နားထောင်ကြည့်လိုက်ရင်  ကြောက်စိတ်တွေပါဝင်ဝင်လာရောပဲ”

ဤငတိကသူအား ယခင်ကထက်စကားပိုပိုပြောလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

“သူတကယ်ပဲ နတ်ဆိုးသားရဲတောင်တန်းက ရေခဲနှင်းကုန်းမြေပေါ်မှာ သူ့ကိုငါကယ်တင်ခဲ့တယ်လို့ ထင်နေတာလား”

လမ်းတစ်လျှောက်လုံးရှစ်ဖုန့်မှာ သူ့နားကို မုဒိန်းတက်

ကျင့်နေသလိုပင်ခံစားရသည်။လီလျိုရှင်းမှာ ရက်တော်တော်ကြာ သဲကန္တာရထဲတွင် လမ်းပျောက်နေခဲ့ပြီး  သူ၏ အဖော်ဆိုသည်မှာလည်း အပြာရောင်ငှက်မွှေးသားရဲတစ်ကောင်ထဲ ရှိသည် ဖြစ်ကောင်းဖြစ်နိုင်သည်။ ရက်တော်တော်ကြာ  မည်သူနှင့်မျှ စကားမပြောခဲ့ရခြင်းကြောင့် သူတော်တေ်လေးကိုပျင်းရိနေခဲ့သည်ထင်သည်။

ရှစ်ဖုန့်အနေဖြင့်သူ့အား တစ်ချက်တည်းဖြင့်သတ်ပစ်ချင်စိတ်ပေါက်သော အကြိမ်တော်တောများများပင်ရှိခဲ့သည်။ သို့သော်အပြာရောင်ပုံရိပ်အကြောင်းကိုစဉ်းစားမိလိုက်သောအခါတွင်  သူဓားကိုပြန်သိမ်းထားလိုက်ရသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters