ရွှေခန္ဓာကိုယ်ကို အောင်မြင်စွာရရှိခြင်း
Vol. 41 Ch. 561
ထန်ရှု အတော် အံသြသွားရသည်။ သူသည် အင်မော်တယ်ကမ္ဘာမှ အထွတ်အထိပ်တစ်ယောက်သာ ဖြစ်သောကြောင့် နတ်ဘုရားဘုံကို ကျော်လွန်၍ ထိုလျှို့ဝှက်ချက်များကို မည်သို့ သိရှိနိုင်ပါမည်နည်း။ လက်ရှိတွင် ရွှေရောင်ခွန်ပန် ပြောသမျှကို လုပ်ဆောင်ရန်နေသာသာ အင်မော်တယ်ကမ္ဘာတွင် သူ ရှိစဉ်က ကောင်းကင်ဘုံစကြာဝဠာပညာရပ်ကျင့်စဉ်ကို အမှန်တကယ် ရထားခဲ့သော်လည်း ၎င်းကို မည်သို့ပင် လေ့လာခဲ့ပါစေ မကျင့်ကြံနိုင်ခဲ့ပေ။
"အင်း … ငါ ပြောစရာ မရှိတော့ဘူးထင်တယ်။ ဒါဆို ငါတို့ အရင် ထွက်တော့မယ်။"
ထန်ရှုသည် မိမိကိုယ်ကို နှိမ့်ချသော အပြုံးကို ပြုံးလိုက်ပြီး ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ နားခိုရာမြှုပ်နှံကျွန်း၏အောက်တွင် အန္တရာယ်မရှိသဖြင့် သူ ဒီနေရာသို့ ရောက်ရှိလာရခြင်း၏ရည်ရွယ်ချက်မှာ အောင်မြင်သည်ဟု ယူဆနိုင်သလို ကမ်းရိုးတန်းရေထဲတွင် သားရဲရိုင်းများအားလုံးကို ဖမ်းပြီး နားခိုရာမြှုပ်နှံကျွန်းတွင် မွေးမြူနိုင်သရွေ့ သူ၏ အလုပ်များ ပြီးစီးသွားပြီဟု ဆိုနိုင်ပေသည်။
"အာ … မဟုတ်ဘူး … မသွားနဲ့ … မသွားနဲ့ဦး။" ရွှေရောင်ခွန်ပန်သည် လန့်ဖျပ်သွားပြီး အမြန် ပြောလိုက်သည်။
“ငါ့မျက်လုံးထဲမှာတော့ နာမည်တွေက မကွဲပြားပါဘူး။ ဗုဒ္ဓရွှေခန္ဓာကိုယ်ကို ရဖို့ မင်း တကယ်ပဲ စိတ်မဝင်စားဘူးလား။”
ထန်ရှု၏စိတ်ထဲတွင် လှုပ်ရှားနေသော်လည်း မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာကို မပျက်စေရဘဲ ခေါင်းယမ်းပြီး အေးဆေးစွာ ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ လက်ရှိ အရေးမပါလှတဲ့ စွမ်းရည်လေးနဲ့ ဗုဒ္ဓရွှေခန္ဓာကိုယ်ကို ဘာလုပ်လို့ရမှာလဲ။ နောင် အဲ့ဒါကို လိုအပ်လာရင်တောင်မှ တူညီတဲ့ ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေက တန်းရှာတွေ့နိုင်တယ်။ ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်ကျတော့ ရဖို့ အတော်ခက်တယ်ဗျ။ ဗုဒ္ဓကျင့်ကြံနည်းစနစ်တွေကတော့ လုံးဝအားစိုက်စရာ မလိုဘဲ လွယ်လွယ်ရနိုင်တယ်လေ။"
"မင်းက တကယ် ငတုံးကောင်ပဲ။" ရွှေရောင်ခွန်ပန်က ဒေါသတကြီး အော်လိုက်သည်။
“ငါ့ရဲ့အထောက်အပံ့နဲ့ ရလာမယ့် ဗုဒ္ဓရွှေခန္ဓာကိုယ်ကို ဘုန်းကြီးတွေက ဘယ်လို ယှဉ်လို့ရမှာလဲ။ ငါ့ကို ယုံလိုက် ကောင်လေး။ ဗုဒ္ဓရွှေခန္ဓာကိုယ်ကို မင်း ရသွားပြီးရင် မင်းရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အဆပေါင်း သန်းနဲ့ချီပြီး တိုးတက်လာလိမ့်မယ်။ အင်မော်တယ်လက်နက်တွေနဲ့ မင်းကို တိုက်ခိုက်ရင်တောင် မင်း ထိခိုက်မှာမဟုတ်ဘူး။"
ထန်ရှုသည် စိတ်အတွင်းမှ အံ့အားသင့်သွားရပြီး
"ကောင်းကင်မှ ပြုတ်ကျလာတဲ့ ပိုင်မုန့်တွေက လူကို ဖိသတ်နိုင်ဆဲဆိုသလိုပဲ ခင်ဗျားရဲ့အခြေအနေတွေကို ပြောပြပါ။"
ရွှေရောင်ခွန်ပန်က သံရှည်ဆွဲကာ အော်မြည်လိုက်ပြီး “မင်းက သိပ်ဉာဏ်ကောင်းတယ်။ ငါ့အခြေအနေက ရိုးရိုးလေးပဲ။ အင်မော်တယ်ကမ္ဘာရဲ့ အထွတ်အထိပ် အင်မော်တယ်အဆင့်ကို မင်း ရောက်သွားရင် ဒီကို ပြန်လာပြီး ငါ့ကို လွှတ်ပေးပါ။"
"ဒါက ခင်ဗျားရဲ့အခြေအနေလား။ ဒီတစ်ခုတည်းလား။" ထန်ရှုက စိတ်ဝင်တစား မေးလိုက်သည်။
“ဒါပဲ။” ရွှေရောင်ခွန်ပန်က ဖြေသည်။
ထန်ရှု တခဏ တွေးတောလိုက်ပြီးမှ ခေါင်းညိတ်ပြကာ “ကျွန်တော် ကတိပေးတယ်။”
ထိုစကားကို ကြားပြီးနောက် ရွှေရောင်ခွန်ပန်သည် သူ၏ ရွှေရောင်တောင်ပံများကို ဖြန့်ကာ ခတ်လိုက်ရာ ရွှေအလင်းတန်း နှစ်ခု ထွက်လာပြီး ထန်ရှုကို ထိမှန်သွားတော့သည်။ ထန်ရှု၏ဘေးတွင် ရပ်နေသည့် ကျိချွိမိန်၏ခွန်အားသည် အရမ်းသန်မာသည့်တိုင် ထိုအလင်းတန်းများအား အချိန်မီ မတားဆီးနိုင်ခဲ့ပေ။
အားးး…
အလျှံညီးညီး တောက်လောင်နေသော လှိုင်းတစ်ခုက ထန်ရှုအား ချက်ချင်း ရစ်ပတ်သွားသည်။ ထိုလောင်ကျွမ်းခံရသည့် ခံစားမှုသည် အသတ်မခံရမီ အကြိမ်ထောင်ပေါင်းများစွာ ခုတ်ထစ်ခံရသည့် ခံစားမှုနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ သို့သော် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲတွင် ရိုးရှင်းသော ရှေးဟောင်းရွှေရောင်သင်္ကေတသည် အဆက်မပြတ် ပေါ်ထွက်နေသောကြောင့် ထန်ရှုသည် မထိန်းထားနိုင်လုနီးပါး ဖြစ်လာသည်။ ထိုရှေးဟောင်းသင်္ကေတသည် သက်ရှိစိတ်ဝိညာဉ်တစ်ခု ဖြစ်ပုံရပြီး ၎င်းသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ကူးခတ်နေရင်း ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောမှတ်များအတွင်းသို့ ပေါင်းစပ်ဖွဲ့စည်းသွားသည်။
ရှေးဟောင်းသင်္ကေတသည် သူ၏ပိတ်ဆို့နေသော မရီဒျာန်များအား အပြင်းအထန် ထိုးဖောက်ဝင်ရောက်ကာ သွေးကြောမှတ်များအား တစ်ခုပြီးတစ်ခု သိမ်းပိုက်လိုက်သည်။ တောက်ပသော ရွှေရောင်အလင်းတန်းများသည် ထန်ရှု၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်စွမ်းအားနှင့်ပေါင်းစပ်ကာ အရည်အသွေးပြောင်းလဲမှုကို အစပြုဖြစ်ပေါ်စေသည်။ ဗုဒ္ဓနှင့်နတ်ဆိုးတို့၏ အဓိကဆန့်ကျင်ဘက်ဖြစ်သော အရာများသည် လုံးဝပေါင်းစပ်သွားပြီးနောက် မူလဖရိုဖရဲစွမ်းအားအဖြစ် ပေါင်းစပ်ဖွဲ့စည်းသွားသည်။
တိုတောင်းသော အသက်ရှုချိန်လေးအတွင်း ထန်ရှု၏ခန္ဓာကိုယ်အတွင်းက ကြယ်စွမ်းအား လုံးဝပျောက်ကွယ်သွားပြီး အသစ်ဖွဲ့တည်လာသော မူလဖရိုဖရဲစွမ်းအားက အစားထိုးဝင်ရောက်လာသည်။
ထိုစွမ်းအား၏အင်အားသည် ကြယ်စွမ်းအားနှင့် အင်မော်တယ်စွမ်းအားထက် အဆသန်းပေါင်းများစွာ အားကောင်းပြီး နတ်ဘုရားစွမ်းအားထက်ပင် အဆများစွာ ပိုမိုအားကောင်းပေသည်။ များပြားလှသော ကမ္ဘာများရှိ ဘဝအလွှာအားလုံးတွင် အထွတ်အထိပ် နတ်ဘုရားအဆင့်သို့ ရောက်ရှိသူများသာ ၎င်းတို့၏ နတ်ဘုရားစွမ်းအားကို မူလဖရိုဖရဲစွမ်းအားအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်ကြသည်။ ဤစွမ်းအားဖြင့် ၎င်းတို့သည် သံသရာစက်ဝန်းနှင့် လူဝင်စားခြင်းစက်ဝန်းအသစ်ကို ဖွဲ့စည်းလျက် နောက်ဆုံးတွင် ကျင့်ကြံမှုနောက်ဆုံးအဆင့်ကို တက်လှမ်းကာ အနန္တတန်ခိုးရှင်တစ်ယောက် ဖြစ်လာပြီး လောကသစ်ကို ဖန်တီးနိုင်ပေလိမ့်မည်။
သို့သော် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများထက်ပင် အဆင့်နိမ့်သော ထန်ရှုတွင် ထိုကဲ့သို့သော မူလဖရိုဖရဲစွမ်းအားသည် အမှန်တကယ် ရှိလာခဲ့သည်။ အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားဘုံရှိ အထွတ်အထိပ်တည်ရှိမှုများသာ ဤအချက်ကို သိရှိသွားပါက ၎င်းတို့သည် မနာလိုအားကျမှုကြောင့် ရူးသွပ်သွားနိုင်ပေသည်။
လက်ရှိအချိန်တွင် သူ၏ကြွက်သားများ၊ အရိုးများ၊ မရီဒျာန်များနှင့် အတွင်းအင်္ဂါငါးခု စသော ထန်ရှု၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် အရည်အသွေး ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ သူ၏မျက်လုံးများသည် မီးခိုးဖျော့ရောင်အလင်းများ တဖျပ်ဖျပ်တောက်ကာ အသားအရေသည် ကြေးနီရောင်ကဲ့သို့ ပို၍ နက်မှောင်လာပြီး တစ်ကိုယ်လုံးတွင် ကြာရှည်စွာ လောင်ကျွမ်းခံထားရသော အမွှေးအမျှင်များသည် ယခုအချိန်တွင် ပြန်လည်ပေါက်ရောက်လာခဲ့သည်။
အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။
ကိုးရက် ပြည့်ပြီးနောက် ထန်ရှု၏ခန္ဓာကိုယ်သည် ကြီးစွာသော အသွင်ပြောင်းမှုကို သေချာစွာ ခံစားခဲ့ရသည်။ ရွှေရောင်အလင်းတန်းနှစ်ခု ပျောက်ကွယ်သွားပြီးနောက်တွင် ထိုဧရာမငှက်ကြီးသည် တန်းလှဲလျောင်းကာ အိပ်မောကျသွားလေတော့သည်။ ထန်ရှုမှာမူ စင်တီမီတာများစွာ အရပ်ပိုရှည်လာသည်။ သူ၏ခန္ဓာကိုယ်အသားအရေသည် ပိုမိုချောမွေ့လာသကဲ့သို့ ကြွက်သားများသည်လည်း ပိုမိုဆွဲဆောင်မှုရှိလာကာ ခန္ဓာကိုယ်အချိုးအစားသည် လွန်စွာ ပြည့်စုံသွားခဲ့လေပြီ။
"ဘယ်လိုခံစားရလဲ သခင်။"
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျိချွိမိန်သည် ထန်ရှု၏ခန္ဓာကိုယ်အားလုံး ပြောင်းလဲမှုများကို စောင့်ကြည့်ခဲ့နေခဲ့ရသောကြောင့် စိတ်တင်းကျပ်ကာ ဆောက်တည်ရာမရ ဖြစ်နေခဲ့ရသည်။ ထန်ရှု၏မျက်လုံးများ ပွင့်လာသည်ကို မြင်လိုက်ရသောအချိန်တွင် စိုးရိမ်မှုအပြည့်မျက်နှာဖြင့် သူမ အမြန်မေးလိုက်သည်။
ထန်ရှု၏နှုတ်ခမ်းများ ကော့တက်သွားပြီး သဘောကျစွာ ပြုံးလိုက်ကာ
"ကောင်းတယ် … သိပ်ကောင်းတယ်။ ငါ့ရဲ့လက်ရှိခန္ဓာကိုယ်က အင်မော်တယ်ပစ္စည်းတွေထက် နိမ့်ကျနေသေးတယ်ဆိုပေမယ့် ကွာခြားချက်တော့ သိပ်အများကြီး မရှိတော့ဘူး။ ငါ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ခွန်အားက တစ်နေ့ကျရင် အဲ့ဒီခန္ဓာကိုယ်ကျင့်ကြံသူတွေထက် ပိုပြီး သန်မာသွားလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားဘူး။”
တကယ်တော့ ဗုဒ္ဓရွှေခန္ဓာကိုယ်သည် သတ္တုနှင့် ရွှေဖြင့် ထုလုပ်ထားသော ခန္ဓာကိုယ် မဟုတ်ပေ။ လူ့ခန္ဓာကိုယ်သည် သည်ကဲ့သို့အရည်အသွေး ပြောင်းလဲမှုဖြစ်လာပြီးနောက် အရိုးများ၏ မာကျောမှုကို သတ္တု၊ ကျောက်တုံးတို့ နှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုလိုသည်။ ဗုဒ္ဓရွှေခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ရဟန်းများပင်လျှင် စွမ်းအားကြီးပြီး အလွန်လေးနက်သော ဗုဒ္ဓတရားတော်များ၏ တည်ရှိမှုဖြစ်သည်။
ကျိချွိမိန်က ရွှေရောင်ခွန်ပန်ကို ကြည့်ပြီး တီးတိုးလေသံဖြင့်
“သူ ဘာဖြစ်သွားတာလဲ။”
ထန်ရှုသည် ရွှေရောင်ခွန်ပန်အား ကျေးဇူးတင်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ရှေးယခင်က ရွှေရောင်ခွန်ပန်၏သခင်သည် ဗုဒ္ဓနှင့် မည်ကဲ့သို့ ရန်ငြိုးထားမှုမျိုးရှိစေကာမူ သူ့အား ဗုဒ္ဓရွှေခန္ဓာကိုယ် ရရှိရန် အထောက်အကူဖြစ်စေခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အနည်းဆုံး အဆရာနှင့်ချီ၍ တိုးပွားစေခဲ့သည်။
“စိတ်ချပါ။ ကျွန်တော် အထွတ်အထိပ်ကို ပြန်ရောက်ပြီးရင် ခင်ဗျားကို ဒီနေရာကနေ သေချာပေါက် ပြန်ခေါ်သွားပေးမယ်။" ထန်ရှုက လက်သီးများစုကာ အရိုအသေပေးလိုက်ပြီး ကျယ်လောင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ လာရာလမ်းကြောင်းအတိုင်း ပြန်သွားရန် ကျိချွိမိန်အား အမိန့်ပေးလိုက်သည်။ မုခ်ပေါက်ဝမှ ထွက်လာသောအခါ ရှေးဟောင်း ကြေးမီးအိမ်သည် လေထဲတွင် ရပ်တန့်နေဆဲဖြစ်ပြီး လှုပ်နေသော မီးတောက်သည် ယခင်ထက် မှိန်သွားသည်ကို တွေ့လိုက်ရသည်။
"သခင် … ပြဿနာတစ်ခု ရှိနေပြီ။ အပေါ်ကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုကို ခံစားနေရတယ်။”
ထန်ရှုက သူ၏ရှေးဟောင်းကြေးမီးအိမ်အား သိုလှောင်လက်စွပ်ထဲသို့ ပြန်သိမ်းလိုက်သဖြင့် မုခ်ဝရှိ အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို ကျိချွိမိန် ကြည့်နေရင်း သူမ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
"ချက်ချင်းအပေါ်တက်ကြမယ်။"
ထန်ရှု၏မျက်နှာ အနည်းငယ် ပျက်သွားကာ အမိန့်ပေးလိုက်သည်။
သူမ၏အလင်းတန်းကဲ့သို့ အမြန်နှုန်းဖြင့် ကျိချွိမိန်သည် အသက်ရှူချိန်အနည်းငယ်အတွင်း ထန်ရှုအား ပင်လယ်ပြင်မှ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့သည် နားခိုရာ မြှုပ်နှံကျွန်းမှ ခုနစ်ကီလိုမီတာကျော်အကွာတွင် ပေါ်လာခဲ့သည်။ သူတို့နှစ်ဦးသား ပင်လယ်ရေမျက်နှာပြင်မှ ထွက်လာစဉ်တွင် ၎င်းတို့၏အကြည့်များသည် ဧရာမရေဘဝဲကြီးတစ်ကောင်ဆီသို့ တစ်ပြိုင်နက် ကျရောက်သွားသည်။
"အရမ်းထူးဆန်းတာပဲ။ ဒီအကောင်ကြီးက သားရဲရိုင်း မဟုတ်ပေမယ့် … ဒါကြီးက မွန်းစတားကြီးတစ်ကောင် မဟုတ်ဘူးလား။” ထန်ရှု အံ့အားသင့်လို့ နေချေပြီ။
“ဟုတ်တယ်။ တကယ်က မွန်းစတားသားရဲတစ်ကောင်ပါ သခင်။” ကျိချွိမိန်က တလေးတစား ပြောလိုက်သည်။
“ဒီမွန်းစတားက ကျင့်ကြံမှုလမ်းကြောင်းတံခါးဝကို နားလည်ပြီး လုံးဝသစ်လွင်တဲ့ ကျင့်ကြံမှုစနစ်ကို တွေ့ရှိထားပုံပဲ။ အဆင့်မြင့်သားရဲရိုင်းတွေရဲ့ သားရဲအမြုတေနဲ့ အလွန်ကွာခြားတဲ့ သူ့ရဲ့စနစ်က သူ့ရဲ့မွန်းစတားအမြုတေကို ခန္ဓာကိုယ်အတွင်းထဲ ပေါင်းစည်းထားတာပဲ။"
ထန်ရှုက သူ၏မေးစေ့ကို ကိုင်ကာ မေးလိုက်သည်။ "မင်းရဲ့ခန့်မှန်းချက်ကို ပြောပါဦး။၊ ဒီမွန်းစတားသားရဲရဲ့ ခွန်အားက ဘယ်လိုလဲ။ နားခိုရာမြှုပ်နှံကျွန်းရဲ့ ဖုန်းရွှေအစီအရင်ကို လုံး၀ ထိုးနှက်တိုက်ခိုက်နေတာကို ကြည့်ရင် ဒီကောင်က လက်ရှိငါ့ထက် အများကြီး အားကောင်းနေလိမ့်မယ်။”
ကျိချွိမိန်က လေးစားသောအမူအရာဖြင့်
"ဒီအကောင်ကြီးက သိပ်ကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ငါတို့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုအဆင့်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့ခွန်အားက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ကျော်လွန်ပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီပေါ့။ ပစ္စုပ္ပန်ကမ္ဘာကြီးမှာ ဒီလိုစွမ်းအားမျိုးနဲ့ တည်ရှိနေဖို့ဆိုတာ တကယ်ကို မှန်းဆလို့ မရတာပဲ။”
ထန်ရှုက ခေါင်းယမ်းလိုက်ပြီး
"မဟုတ်သေးဘူး။ အရင်က တောင်တရုတ်ပင်လယ်ရဲ့ ပင်လယ်ဧရိယာတစ်ခုကို သွားတုန်းက ကြောက်စရာ ကောင်းလွန်းတဲ့ တည်ရှိမှုကို ခံစားခဲ့ရဖူးတယ်။ အဲ့ဒါကြောင့် ကြီးမားကျယ်ပြောတဲ့ သမုဒ္ဒရာတွင်းက သောင်းချီနေတဲ့ကျွန်းတွေမှာ အန္တရာယ်ရှိတဲ့ သားရဲကောင်တွေ အများကြီး ရှိနေနိုင်တယ်။ အချို့တွေဆိုရင် ဒီအကောင်ကြီးလို မွန်းစတားသားရဲအဆင့်ကိုတောင် ရောက်နေနိုင်တယ်။ ဆိုတော့ ဒီအကောင်ကြီးကို မင်းပဲ ဖယ်ရှားနိုင်လိမ့်မယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အများကြီး တိုးတက်လာတယ်ဆိုပေမယ့် အဆင့်မြင့်ကျင့်ကြံမှုနည်းစနစ်တွေ လေ့ကျင့်ဖို့ လိုသေးတယ်။ ဗုဒ္ဓနဲ့နတ်ဆိုး နှစ်ကိုယ်တွဲ ကျင့်ကြံမှုစနစ်အရဆိုရင် အခု ငါ့ဆီမှာ ဗုဒ္ဓရွှေခန္ဓာကိုယ် ရလာပြီ နတ်ဆိုးခန္ဓာကိုယ်ပဲ ကျန်တော့တယ်။”
ကျိချွိမိန်သည် ထန်ရှု၏ကျင့်ကြံမှုအခြေအနေအား များစွာ မသိသကဲ့သို့ ကောင်းကင်စကြာဝဠာပညာရပ် ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံနေမှန်း သူမ မသိခဲ့ပေ။ ဒါပေါ့ … အဲ့ဒီအကြောင်းကို သိပြီးနောက်မှာတောင် သည်ကျင့်ကြံနည်းစနစ်က မည်မျှ အစွမ်းထက်ပြီး ထူးခြားတယ်ဆိုတာ သူမ မသိသေးပါချေ။
"တစ်ခါတည်း သတ်ပစ်ရမှာလား သခင်။" ကျိချွိမိန်က မေးသည်။
"တန်းသတ်ပစ်လိုက်။" ထန်ရှု ခေါင်းညိတ်သည်။ “သူ့ခန္ဓာကိုယ်ကို အစိတ်စိတ် ဖြုတ်ပြီး ငါ့ကို ပေး။ ဒါပေမယ့် သူ့ရဲ့သွေးနဲ့ မွန်းစတားအမြုတေကို ထိန်းသိမ်းဖို့ မမေ့နဲ့ဦး။”
"နားလည်ပြီ။" ကျိချွိမိန် လေးလေးစားစား ခေါင်းညိတ်သည်။
ထို့နောက်တွင် အလင်းကွန်ရက် ကျုံ့သွားသည်နှင့် ကျယ်လောင်သောအော်သံများ ပဲ့တင်ထပ်လာကာ ရေဘဝဲမွန်းစတားသားရဲကြီးသည် တစစီ ဖြစ်သွားသည်။ ၎င်း၏အသွေးအသားကို ချီများဖြင့် အထပ်ထပ် ပတ်ထားသောကြောင့် ပေါင်ထောင်သောင်းချီလေးသော အဆိုပါ ရေဘဝဲမွန်းစတားသားရဲထံမှ သွေးတစ်စက် သို့မဟုတ် အမွှေးတစ်မျှင်မျှပင် ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း မရှိခဲ့ချေ။
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး ရေဘဝဲမွန်းစတားသားရဲ၏အသွေးအသားများကို လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ၎င်းတို့ကို စုဆောင်းရုံမျှဖြင့် မိနစ်အနည်းငယ် ကြာသည်။
"ချွိမိန် … ပတ်ဝန်းကျင်ပင်လယ်ပြင်ဧရိယာရဲ့ ကီလိုမီတာ၅၀၀ အတွင်း အကောင်ကြီးတွေကိုဖမ်းပြီး နားခိုရာမြှုပ်နှံကျွန်းဆီ ပစ်ချလိုက်ပါ။ ဒီအလုပ်ပြီးရင် ကျင်းမန်ကျွန်းကို ချက်ချင်း ပြန်ကြမယ်။" ထန်ရှုက နားခိုရာမြှုပ်နှံကျွန်းဆီသို့ မပျံသန်းမီ အမိန့်ပေးသည်။
လွန်ခဲ့သောအခိုက်အတန့်က နားခိုရာမြှုပ်နှံကျွန်းရှိ အစီအရင်အား လက်တံများဖြင့် တဝုန်းဝုန်းရိုက်ကာ ခြိမ်းခြောက်နေသော ရေဘဝဲမွန်းစတားသားရဲကြီးအား ထာဝရခန်းမ၏ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာသည် ကမ်းရိုးတန်းအစွန်းတွင် ရပ်လျက် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် စောင့်ကြည့်နေခဲ့သည်။ သို့သော် ကျိချွိမိန် လှုပ်ရှားပြီးနောက်မှာတော့ ထိုရေဘဝဲမွန်းစတားသားရဲကြီးသည် ကြောက်စရာ ကောင်းသော အလင်းကွန်ရက်ထဲတွင် အလွယ်တကူ ပိတ်မိသွားခဲ့သော မြင်ကွင်းသည် ထိုသူတို့အား ကြောက်ရွံ့တုန်ရီစေသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ ကျိချွိမိန် လွန်စွာ စွမ်းအားကြီးကြောင်း သူတို့ သိထားသည့်တိုင် ဤအတိုင်းအတာအထိ အစွမ်းထက်နိုင်မည်ဟု မထင်ထားခဲ့ကြပေ။
သို့သော် အတုန်လှုပ်ဆုံးလူသည် ထာဝရခန်းမ၏ ကျွမ်းကျင်သူများ မဟုတ်ဘဲ တာအိုရှို့ယန် ဖြစ်လေသည်။ ထိုရေဘဝဲမွန်းစတားသားရဲ ထွက်ပေါ်လာသည့်အခိုက်တွင် သူသည် သူ၏စိတ်အား ဆုံးဖြတ်ချက် ချကာ ၎င်းနှင့် သေခြင်း ရှင်ခြင်း တိုက်ပွဲဝင်ရန်အတွက်ပင် ပြင်ဆင်ထားပြီးဖြစ်သည်။
သို့သော်လည်း ကျိချွိမိန် ခင်းကျင်းထားသော အစီအရင်သည် သူ့အား အံ့အားသင့်စေခဲ့သည်။ သူသည် ရေဘဝဲမွန်းစတားသားရဲ၏ခွန်အားကို သိမြင်နိုင်သည်။ ၎င်းသည် သူ့ထက် အဆ ၁၀၀ထက်မနည်း အားကောင်းသော်လည်း အစီအရင်အား အချိန်ကြာမြင့်စွာ ဝင်ရောက်တိုက်ခိုက်ပြီးသည့်တိုင် ၎င်းသည် လုံးဝမချိုးဖျက်နိုင်ပေ။ သို့သော် ကျိချွိမိန်က သူမ၏စွမ်းရည်ဖြင့် ထိုမွန်းစတားအား လွယ်ကူစွာ ဖယ်ရှားပစ်နိုင်သောကြောင့် သူ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့တော့သည်။
… ဒါက လူသားတစ်ယောက် လုပ်နိုင်သေးတာလား။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း စွမ်းအားရှင်တွေတောင် ဒီလိုမျိုး လုပ်ဆောင်နိုင်စွမ်းမရှိဘူး မဟုတ်လား။ သူမက ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်က ကျွမ်းကျင်သူ ဖြစ်နေတာလား ဒါမှမဟုတ် ... ကြီးမြတ်သော တက်လှမ်းခြင်းအဆင့်ကိုပင် ရောက်နေတဲ့သူသလား။…
လားပေါင်းများစွာဖြင့် ထိုနေရာထိ အတွေးများ ရောက်လာသောအခါ တာအိုရှို့ယန်၏အိုမင်းသော မျက်နှာသည် အထူးပင် စိတ်အားတက်ကြွလာပြီး အံ့သြမှုအရိပ်အယောင်များ ဖြစ်လာခဲ့တော့သည်။
***