← Chapters

အဆုံးအဖြတ်

Vol. 41 Ch. 568

အဆုံးအဖြတ်

Vol. 41 Ch. 568

ထန်မိသားစု၏ဘိုးဘွားစံအိမ်တွင်…

ထန်ကောရှန့်သည် မှုန်ကုပ်ကုပ်အသွင်နှင့် ခြံဝင်းထဲတွင် မတ်တတ်ရပ်နေသည်။ ထိုအချိန်တွင် ထန်မိသားစု၏ ပင်မအဖွဲ့ဝင်အားလုံးနီးပါး ရောက်လာကြသည်။ ထန်မိသားစုမှ လေ့ကျင့်သင်ကြားပေးထားသော ကျွမ်းကျင်သူရာပေါင်းများစွာသည် စံအိမ်မှ မီတာရာဂဏန်းမျှရှိသော ပတ်ပတ်လည်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသည်။

"သတင်း မရသေးဘူးလား။"

နောက်ဆုံးတွင် ထန်ကောရှန့် မအောင့်နိုင်ဘဲ မေးလိုက်မိသည်။

မျက်နှာမကောင်းစွာဖြင့် ဘေးတွင်ရပ်နေသော ထန်မင်းသည် အသံမထွက်ဘဲ ခေါင်းခါပြလိုက်သည်။

ရုတ်တရက် လူအချို့ ခြံဝင်းထဲသို့ အပြေးဝင်လာသည်။ ထန်ဝနှေင့် ထန်ထန်တို့သည် အော်ဟစ်ကာ အထဲသို့ ဝင်လာကြသည်။

"အဘိုး … ကျွန်တော်တို့ ပြန်လာပြီ။"

ထန်ကောရှန့်၏အမူအရာသည် သုန်မှုန်နေရာမှ ပြောင်းလဲသွားပြီး မျက်လုံးများတွင် အံ့သြကျေနပ်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူသည် မြေးနှစ်ယောက်ကို ကြိုဆိုလိုက်ပြီး

“ကောင်းတယ် … ကောင်းတယ် … မင်းတို့ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ သိပ်ကောင်းတယ်။ ရှုအာရော ဘယ်မှာလဲ … သူက မင်းတို့ကို ကယ်ခဲ့တာမဟုတ်ဘူးလား။ သူ ဘာလို့ မင်းတို့နဲ့အတူ မပါလာတာလဲ။"

“အဘိုး … ရှုက ကျွန်တော်တို့ကို အရင် ပြန်သွားခိုင်းပြီး ယောင်မိသားစုက လူတွေကို ဆုံးမဖို့ သူ နေခဲ့ဦးမယ်လို့ ပြောတယ်။ နောက်ပြီး ကျွန်တော်တို့ ပြန်မလာခင်လေးမှာ သူ့လူတွေက ယောင်မိသားစုရဲ့ လူတွေအများကြီးကို သတ်ထားသေးတယ်။ အာ … ဟုတ်သားပဲ။ ယောင်ရှင်းလဲ့နဲ့ ယောင်ရှင်းထောင်တို့လည်း ရှုရဲ့လူတွေ သတ်တာကို ခံလိုက်ရသလို ယောင်ရှင်းဟွာလည်း နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ ကုန်းကုန်း ဖြစ်သွားတယ်။”

ထန်ကောရှန့်၏မျက်နှာအမူအရာ ပြောင်းသွားပြန်သည်။ ယောင်မိသားစု၏ဂျူနီယာသုံးယောက် နှိပ်ကွပ်ခံရခြင်းကြောင့် မပျော်နိုင်ဘဲ စိတ်အတွင်းတွင် ထိတ်လန့်နေခဲ့ရသည်။ ထို့နောက် သူက လေးလံသောလေသံဖြင့်

"ဝေလေး … ရှုအာက ယောင်မိသားစုရဲ့လူတွေကို ပြန်တိုက်နိုင်မှာ သေချာလား။ အဲ့ဒီအာမာကျား…”

"အဘိုး … ရှုက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတစ်ယောက်ပါ။ အာမခံချက်အပြည့် မရှိရင် သူ အဲဒီမှာ သေဖို့ စောင့်နေခဲ့မှာ မဟုတ်ဘူး။” ထန်ဝသေည် မမျှော်လင့်ဘဲ ထန်ကောရှန့်၏စကားကို ကြားဖြတ်ကာ ပြောလိုက်သည်။

"စိတ်ချပါ အဘိုး။ သူ မကြာခင် ပြန်လာလိမ့်မယ်။"

“အဓိပ္ပာယ် မရှိတာတွေ။ သူက ကွန်ဖူးအကြောင်း အတော်သိတယ်ဆိုပေမယ့်လည်း အာမာကျားကို ဘယ်သူလို့ မင်း ထင်လဲ။” ထန်ကောရှန့်က ဒေါသတကြီး အော်လိုက်သည်။

“အဲ့ဒီလူက ရာစုနှစ်တစ်ခုကျော် ရှင်သန်ခဲ့တဲ့ ကျင့်ကြံသူဖြစ်လို့ ပြည်နယ်ခေါင်းဆောင်တွေတောင် ကြောက်ရတဲ့ မွန်းစတားတစ်ကောင်ပဲ။ ယွင်ဖန်း … မင်း ဒီမှာနေပြီး ထန်မိသားစုဝင်တွေကို မြို့တော်ကနေ ချက်ချင်း ဆုတ်ခွာဖို့ စုစည်းလိုက်။ ရှုအာကို ငါ ကိုယ်တိုင် ရှာဖို့ လူတချို့ကို ခေါ်သွားမယ်။ ငါ သေရမယ်ဆိုရင်တောင် သူ့ကို မထိခိုက်စေရဘူး။"

ထန်ယွင်သဲ့က ရှေ့သို့ တက်လာပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"အဖေ … အဖေက ဒီမှာပဲနေ။ ရှုအာက ကျွန်တော့်သားဆိုတော့ အဖေဖြစ်တဲ့ ကျွန်တော်က ကိုယ်တိုင် အဲဒီကို သွားရမယ်။ ကျွန်တော်တို့လူတွေကို အဲ့ဒီနေရာ ခေါ်သွားလိုက်မယ်။"

"မင်းက သူ့အဖေဆို ငါကရော ဘယ်သူလို့ ထင်လဲ။" ထန်ကောရှန့်က ဒေါသတကြီး အော်လိုက်သည်။

"ငါက သူ့အဘိုးကွ … သူ့အဘိုး … ငါ့အမိန့်တိုင်း မြန်မြန်လုပ်။ ယွင်ချင်း … မင်းက အမြန်ပြန်သွားပြီး အဲဒီ့က လက်နက်ကိုင်နှစ်ဆယ့်ခုနစ်တပ်ကို တပြိုင်နက် စုစည်းပြီး ငါ့အမိန့်ကို စောင့်နေ။ ယောင်မိသားစုက ငါတို့ကို သုတ်သင်ဖို့ ထိုးစစ်ဆင်တာနဲ့ ငါတို့က သူတို့ကို သေတဲ့အထိ တိုက်ခိုက်ပြီး သူတို့ကိုပါ အတူ ခေါ်သွားရလိမ့်မယ်။”

"နားလည်ပါပြီ။" ထန်ယွင်ချင်းက ပြန်ပြောပြီး သူ့သား ထန်နင်းကို ခေါ်ကာ အပြင်သို့ အမြန်ပြေးသွားခဲ့သည်။

ထန်ကောရှန့်သည် ထန်မင်းကို ကြည့်ကာ

"မင်းလည်း လက်နက်ကိုင်တပ်တွေဆီ ပြန်သွားပြီး ငါ့ရဲ့နောက်ထပ်အမိန့်ကို စောင့်ပါ။"

“နားလည်ပါပြီ။" ထန်မင်း ပြန်ဖြေပြီး အမြန်ထွက်သွားသည်။

ထန်ယွင်ချင်း ၊ သူ့သား ထန်နင်းနှင့် ထန်မင်းတို့သည် ခြံဝင်းမှ ထွက်ခွာခါနီးတွင် ပုံရိပ်နှစ်ခု ပေါ်လာပြီး သူတို့၏လမ်းကို ပိတ်ဆို့လိုက်သည်။

"မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။" ထန်ယွင်ချင်းသည် သူတို့အရှေ့မှ လူနှစ်ယောက်ကို မှတ်မိသည်။ သူတို့သည် ကျင်းမန်ကျွန်းမှ လာ၍ ထန်ရှု၏လူများ ဖြစ်သည်။

"မစ္စတာ ထန် … ငါတို့သူဌေးအကြောင်းကို မင်း သိတာက အတော်နည်းသေးတာမို့ သူ့ရဲ့အစွမ်းအစတွေကို မင်း မယုံတာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး မင်းက ထာဝရခန်းမရဲ့ အစစ်အမှန် အခြေခံအုတ်မြစ်ကို သတိထားမိမှာ မဟုတ်ဘူး။ မင်းရဲ့စိုးရိမ်ပူပန်မှုတွေကို အခု ဘေးဖယ်ထားပြီး ဒီမှာ စောင့်ပါ ဒါမှမဟုတ် မင်း သူဌေးကို တိုက်ရိုက် ဖုန်းဆက်ပြီး အဲဒီ့မှာရှိနေတဲ့ အခြေအနေတွေကို မေးမြန်းနိုင်သားပဲ။"

ထန်ယွင်ချင်းသည် ထန်ကောရှန့်အား ပြန်လှည့်ကြည့်လိုက်သည်။ ထန်ကောရှန့်သည် တခဏတာ ငြိမ်သက်သွားပြီးနောက် သူ၏လက်ကိုင်ဖုန်းကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထန်ရှု၏နံပါတ်ကို ခေါ်လိုက်ရာ ခဏအကြာတွင် ခေါ်ဆိုမှု ချိတ်ဆက်ခဲ့သည်။

"အခု မင်းဘယ်မှာလဲ ရှုအာ … မင်းဘက်က အခြေအနေ ဘယ်လိုလဲ။" ထန်ကောရှန့်က အလျင်စလို မေးလိုက်သည်။

"အာ … အဘိုး … ကျွန်တော် အခုပဲ အဘိုးဆီ ဖုန်းဆက်ဖို့ လုပ်နေတာ။" ထန်ရှုက ခပ်သော့သော့ရယ်နေရင်း

“အဘိုးက ကျွန်တော့်ထက် ခြေတစ်လှမ်း ဦးသွားမယ်လို့ မမျှော်လင့်ထားဘူး။ ဒီနေရာက အားလုံး ဖြေရှင်းပြီးသွားပြီမို့ အခု ပြန်လာနေပြီ။”

"ဟမ် … ဖြေရှင်းပြီးပြီလား။ ဘာကို အတိအကျ ဖြေရှင်းပြီးသွားလဲ။” ထန်ကောရှန့်က အမြန် မေးလိုက်သည်။

"ဘာဖြစ်ရမလဲ … ကျွန်တော်တို့ သူတို့အားလုံးကို သတ်လိုက်ပြီလေ။” ထန်ရှုက ရယ်ရယ်မောမော ဖြေသည်။

ထန်ကောရှန့် အံ့အားသင့်သွားပြီး

"ဒါပေမယ့် အာမာကျားရော။ သူ အဲ့ဒီကို မလာဘူးလား။"

"ဟုတ် … သူ လာပါတယ်။ သူ့ကို ကျွန်တော့်လူတွေက သတ်လိုက်ပြီ။ နောက်ပြီး ယောင်ချန်းချင်ကို ကျွန်တော် သတ်ခဲ့တယ်။ သူက ယောင်မိသားစုအကြီးအကဲရဲ့သား။ ဒါက လောလောဆယ် ကျွန်တော်တို့ မိသားစုရဲ့ ဒေါသကို ပြေပျောက်စေတယ်လို့ ယူဆနိုင်ပါတယ်။”

"မင်း ဘာပြောလိုက်တာ။ မင်းက ယောင်ချင်းချန်ကို သတ်လိုက်တယ်။” ထန်ကောရှန့် အံ့အားသင့်သွားသည်။ “နောက်ပြီး … မင်းရဲ့လူတွေက အာမာကျားကို သတ်ပြီးပြီလို့ မင်း ပြောလိုက်တာလား။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။"

"အဘိုး … သုံပေဟူကို သတ်ရတာ တကယ် ခက်လို့လား။" ထန်ရှုက ပေါ့ပေါ့ပါးပါး ရယ်မောရင်း မေးသည်။

“ကျွန်တော့်ရဲ့အရည်အချင်းက အဘိုး စိတ်ကူးယဉ်နိုင်တဲ့ အရာမဟုတ်ဘူးလို့ အဘိုးကို ပြောထားပြီးသားလေ။ အာမာကျား တစ်ယောက် မပြောနဲ့ ဆယ်ယောက် ရှိနေရင်တောင် သူတို့အသက် မရှည်နိုင်ဘူး။"

ထန်ကောရှန့်သည် အာမာကျား သေဆုံးသွားပြီဟူသော အချက်ကို လက်သင့်မခံနိုင်ခဲ့သေးပေ။ တခဏ သူ ငြိမ်သက်သွားပြီးနောက် ချက်ချင်းပင် ပြောလာသည်။

"ရှုအာ … ဟိုကကိစ္စ ဖြေရှင်းပြီးပြီမို့ ဒီကို ချက်ချင်း ပြန်လာပါ။ အိမ်မှာ စောင့်နေမယ်။"

"နားလည်ပါပြီ။" ထန်ရှုက ပြန်ပြောပြီး ဖုန်းချလိုက်သည်။

သရဲအိမ်အပြင်ဘက်တွင် …

မီးလောင်နေသော သရဲအိမ်ကြီးကို ကြည့်နေရင်း ထန်ရှု၏မျက်လုံးများအတွင်းမှ အေးစက်စက် အလင်းရိပ် လင်းလက်သွားသည်။ အလင်းသည် သူ၏အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော်လည်း အမှောင်ကိုမူ အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရချေ။

"တာအိုရှို့ယန် … သုံပေဟူ ကွယ်လွန်ပြီဆိုတော့ ခင်ဗျား ကျွန်တော့်နောက်ကို ဆက်လိုက်ဖို့က အဆင်မပြေ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီနေရာကနေ ခင်ဗျား သွားချင်တဲ့နေရာကို သွားနိုင်တယ်။ ကျွန်တော့်ရဲ့ထာဝရခန်းမကိစ္စကို လျှို့ဝှက်ပေးထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

တာအိုရှို့ယန်သည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး

“ငါ နားလည်ပါတယ် တာအိုထန်။ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို ငါ ထုတ်မပြောပါဘူး။ ဒါပေမယ့် မင်းနဲ့ငါ ဆွေးနွေးစရာတစ်ခုရှိတယ်။"

ထန်ရှုက ခေါင်းညိတ်ပြီး

"ပြောပါ။"

“ငါ့မှာ အားလပ်ချိန်နည်းနည်းရှိရင် ထာဝရခန်းမမှာ ငါ မင်းနဲ့ တိုင်ပင်လို့ရမလား။ ငါဟာ ရေတွင်းအောက်ခြေက ဖားတစ်ကောင်ဆိုတာကလွဲလို့ ဘာမှမဟုတ်မှန်း ငါ သိခဲ့တယ်။ မင်းရဲ့ခွန်အားက ငါ့လောက် မကောင်းဘူးလို့ လွဲမှားစွာ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် မင်း ငါ့ကို တကယ်တိုက်ခိုက်ရင် အလွယ်တကူ သတ်ပစ်နိုင်မှာကို ငါ ကြောက်နေတယ်ဆိုတာ ငါ အပြည့်အဝ နားလည်သွားပြီ။"

ထန်ရှုက တခဏ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ပြကာ

“ကောင်းပြီလေ။ နားခိုရာ မြှုပ်နှံကျွန်းမှာ ခင်ဗျား ကျွန်တော့်ကို ပြဿနာ ကူညီဖြေရှင်းပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့တောင်းဆိုမှုကို ကျွန်တော် လက်ခံတယ်။ ဒါပေမယ့် ပုံမှန်အချိန်တွေ ကျွန်တော် အဲ့ဒီမှာ နေတာရှားလို့ ထာဝရခန်းမကို မသွားခင် အရင်ဆက်သွယ်ပေးပါ။”

"မင်းရဲ့ဖုန်းနံပါတ်ကို ငါ ရထားပြီးသားမို့ နောက်ဆို မင်းကို ကြိုပြီးဖုန်းဆက်မယ်။" တာအိုရှို့ယန်က အမြန် ပြောလိုက်သည်။

"ကောင်းပြီလေ … ဒါဆို ခင်ဗျား အရင်သွားပါ။"

တာအိုရှို့ယန် ထွက်ခွာသွားပြီးနောက် ထန် ရှု၊ အလင်းနှင့် အမှောင်သည် အမြန် ထွက်ခွာပြီး ထန်မိသားစု၏ ဘိုးဘွားစံအိမ်သို့ သွားခဲ့သည်။

ထိုအချိန်တွင် ထန်မိသားစုမှ အဖွဲ့ဝင်များအားလုံးသည် နေအိမ်၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပေရာ ခြံဝင်းတစ်ခုလုံးရှိ ပတ်ဝန်းကျင်လေထုသည် လေးလံထိုင်းမှိုင်းနေခဲ့သည်။ ထန်ရှု ရောက်ရှိလာချိန်တွင် စုလင်းယွမ်သည် သားဖြစ်သူဆီ အမြန်ပြေးလာပြီး

"သား အဆင်ပြေရဲ့လား ရှုအာ…"

ထန်ရှုက သူ့အမေကို ညင်သာစွာ ပွေ့ဖက်ကာ ပြုံးလျက် ခေါင်းယမ်းပြလိုက်ပြီး

"အမေ … ကျွန်တော့်ပုံစံက ဆိုးဆိုးရွားရွား ခံလာရတဲ့ လူတစ်ယောက်လို ဖြစ်နေလို့လား။ စိတ်ချပါ။ ဒါက ပြဿနာအသေးအမွှားလေးတစ်ခုသာမို့ ကျွန်တော် ဖြေရှင်းပြီးပါပြီ။"

"ဒါက အသေးအမွှား ပြဿနာက ဘယ်လိုဖြစ်ပါ့မလဲ။ ဒါက…” စုလင်းယွမ်က ဆုံးမသည်။

"ကျွန်တော် ကလေး မဟုတ်တော့ဘူးလေ အမေ။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ သိပါတယ်။" ထန်ရှုက သူမ၏စကားကို ကြားဖြတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ထန်မိသားစုကို တရုတ်ပြည်က ထွက်သွားဖို့ ယောင်မိသားစုက ဖိအားပေးနေတာကို အမေ မမြင်ချင်ဘူး ဟုတ်တယ်မလား။"

"ဟင့်အင်း … အမေ အဲ့ဒါကို မမြင်ချင်ဘူး။" စုလင်းယွမ်က ခေါင်းခါသည်။

“ဒါကြောင့် ကြီးမားတဲ့ စွမ်းရည်တစ်ခုနဲ့ ကျွန်တော်လည်း ကြီးမားတဲ့ ကိစ္စတစ်ခုကို ရင်ဆိုင်ရမှာပဲ။” ထန်ရှုက အပြုံးဖြင့် ပြောသည်။

"စိတ်မပူပါနဲ့ အမေ။ ကိုယ့်လုံခြုံရေးကို ကျွန်တော် သေချာဂရုစိုက်ပါ့မယ်။"

စုလင်းယွမ် ခေါင်းညိတ်သည်။

စုလင်းယွမ်ကို လွှတ်ပေးပြီးနောက် ထန်ရှုသည် ထန်ကောရှန့်၏အရှေ့သို့ ရောက်လာပြီး

"အဘိုး … အာမာကျားက သေဆုံးသွားပြီး သူ့အလောင်းကိုလည်း မီးရှို့ပြီးပါပြီ။ နောက်ပြီး ယောင်မိသားစုက ယောင်ချန်းချင်၊ ယောင်ရှင်းဟွာ၊ ယောင်ရှင်းလဲ့နဲ့ ယောင်ရှင်းထောင်တို့ လေးဦးကိုလည်း ကျွန်တော့်လူတွေက သတ်ခဲ့သလို ယောင်မိသားစု သိုင်းဆရာကြီးအဆင့်ရှိတဲ့ ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကိုလည်း သတ်ခဲ့ပါတယ်။”

ထန်ကောရှန့်သည် ထန်ရှု၏တင်ပြမှုကို ကြားရသောအခါ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ထန်မိသားစု၏အကြီးမားဆုံးရန်သူမှာ ယောင်မိသားစုနှင့် သုံပေဟူတို့ ဖြစ်သည်။ အာမာကျားသေဆုံးပြီး ယောင်မိသားစုသည် ဤမျှကြီးမားသော ထိုးနှက်ချက်ဒဏ်ကို ခံစားခဲ့ရသဖြင့် ထိုသည်မှာ ထန်မိသားစုအတွက် သေချာပေါက် သတင်းကောင်းပင် ဖြစ်သည်။ ထန်ရှုက အာမာကျားကို မည်သို့ သတ်နိုင်သည်ကို သူ အံ့ဩနေဆဲပင်။

ထန်ရှုသည် အပြုံးမပျက်ဘဲ အလင်းကို လက်ညှိုးထိုးပြပြီး

"အဘိုး … သူ့နာမည်က အလင်းဖြစ်ပြီး ကျွန်တော့်ရဲ့ မြေးတပည့်ပါ။ နောက်တစ်ယောက် အမှောင်ဆိုတာလည်း ရှိပါသေးတယ်၊ ဒါပေမယ့် သူက ဒီမှာပေါ်လာဖို့ အဆင်မပြေဘူး။ သူတို့ နှစ်ယောက်လုံးမှာ အာမာကျားနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ခွန်အားတွေ ရှိပါတယ်။”

ထန်ကောရှန့် အံ့အားသင့်သွားသည်။ သူက အလင်းကို သေချာစွာ အကဲခတ်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း

“ဘယ်လောက်တောင် တော်လိုက်တဲ့ ကောင်လေးလဲ။ မင်း ဒီလောက် ငယ်မယ်လို့ ငါ မမျှော်လင့်ထားပေမယ့် မင်းဟာ ရာစုနှစ်တစ်ခုကျော်နေထိုင်ခဲ့တဲ့ သုံပေဟူလောက် သန်မာတယ်။"

"အဘိုး ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ။" အလင်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြန်ပြောသည်။

ထန်ကောရှန့်၏အကြည့်များသည် ထန်ရှုဆီသို့ ပြန်ရောက်သွားသည်။

" ရှုအာ … အာမာကျား သေပြီဆိုတော့ ငါတို့…"

ထန်ရှု၏မျက်လုံးများတွင် အေးစက်သောအကြည့် ဖြစ်ပေါ်လာပြီး အေးတိအေးစက်အသံဖြင့်

"ယောင်မိသားစုက ကျွန်တော်တို့နဲ့ပက်သက်ပြီး အဆုံးစွန်ထိ သွားချင်နေတာမို့ ကျွန်တော်တို့ သေချာပေါက် သည်းမခံနိုင်တော့ဘူး။ ဒီငုပ်လျှိုးနေတဲ့ အန္တရာယ်ကို စောစောစီးစီး ဖယ်ရှားလေ ကျွန်တော်တို့မိသားစုရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်း ပိုမိုချောမွေ့လာလေပဲ။ အဘိုး … ကျွန်တော်တို့မိသားစုရဲ့ အခွင့်အာဏာကို ကျွန်တော့်ဆီ ယာယီ လွှဲပေးနိုင်မလား။ ယောင်မိသားစုကို သုံးရက်အတွင်း မြို့တော်ကနေ ဖယ်ရှားပစ်မယ်လို့ အာမခံတယ်ဗျာ။”

"ရှုအာ … ငါတို့ ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးလို့ရမလား။" ထန်ကောရှန့်က လျင်မြန်စွာ ပြောလိုက်သည်။

“ယောင်မိသားစုမှာ နက်နဲပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိတယ်။ ငါတို့မိသားစုက သူတို့ကို ဖယ်ထုတ်နိုင်လိုက်ရင်တောင် ငါတို့လည်း တော်တော် ဆုံးရှုံးသွားမှာကို ကြောက်ရတယ်။”

“ဒီညမှာ ပေကျင်းကို ကျွမ်းကျင်သူအယောက် ခြောက်ဆယ်လောက် ရောက်လာလိမ့်မယ်။ သူတို့အားလုံးက ကျင့်ကြံသူတွေ ဖြစ်တဲ့အပြင် အားအနည်းဆုံးသူက သိုင်းဆရာကြီးအဆင့်ထက် ပိုပြီးသန်မာတယ်။ သူတို့တွေ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး လှုပ်ရှားလိုက်မယ်ဆိုရင် ယောင်မိသားစုက ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိပေမယ့် ဒီလို ကြောက်စရာကောင်းတဲ့ အင်အားကို တွန်းလှန်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။”

ထန်ကောရှန့် အံ့ဩသွားပြီး သူ့နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရသည်။

ကျွမ်းကျင်ပညာရှင် အယောက်ခြောက်ဆယ် … သူတို့ အသီးသီးသည် သိုင်းဆရာကြီးများထက် ပိုမို အားကောင်းကြသည်။

ဘေးမှ ထန်မိသားစုအဖွဲ့ဝင်တိုင်းသည် ထန်ရှုအား ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် ကြည့်ကုန်ကြသည်။ ထန်ရှုသည် ဤမျှ ကြောက်စရာ ကောင်းသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားကြောင်း သူတို့တွေ တစ်ခါမျှ အိပ်မက် မမက်ဖူးပေ။

ထန်ယွင်သဲ့သည် ထန်ရှုဆီသို့ လျှောက်သွားကာ လေးနက်သော အမူအရာဖြင့် မေးသည်။

"သား … မင်း လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ အဲ့ဒီကျွမ်းကျင်ပညာရှင်အများကြီးက တကယ် လာနေပြီလား။”

“ဟုတ်ပါတယ်။” ထန်ရှုက လေးပင်စွာ ခေါင်းညိတ်သည်။

ထို့နောက် ထန်ယွင်သဲ့က ထန်ကောရှန့်ထံ လှည့်ကြည့်ပြီး

“အဖေ … ကျွန်တော် သူ့ကို ယုံတယ်။ သူ လှုပ်ရှားတာကို ကျွန်တော်တို့အားလုံး အရင်ကလည်း မြင်ဖူးပြီး အဖေလည်း အဲ့ဒါကို မြင်ဖူးမယ်လို့ ကျွန်တော် ယုံတယ်။ သူ့ကို အခွင့်အာဏာ ပေးလိုက်ပါ။ ကျွန်တော်တို့ ထန်မိသားစုက ဒါကို ဒီ့ထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။”

ထန်ကောရှန့်သည် စိတ်ပိုင်းဖြတ်လိုက်ဟန် ရှိသည်။ သူက လေးနက်သောလေသံဖြင့်

"ဒါဆိုရင် စလိုက်ကြတာပေါ့။ ငါလည်း ဖုန်းအချို့ ဆက်လိုက်ဦးမယ်။”

***

All Chapters