တက္ကသိုလ်သွားပြီ
Vol. 17 Ch. 236
အခန်း (၂၃၆) - တက္ကသိုလ်သွားပြီ
လင်းချင်းဟယ်က တခြားသူများကို လမ်းမပြပေးချင်တာ မဟုတ်ပေ။ တခြားသူတွေက ကျိုးရှောင်မိန်ကဲ့သို့ အခြေအနေ မကောင်းပေ။
ကျိုးရှောင်မိန်သည် တစ်လလျှင် ယွမ်၃၀ ရသည်။ စုတာ့လင်းက ယွမ် ၅၀နီးပါးရ၏။ သူက လက်ထောက်ဒါရိုက်တာအဖြစ် ရာထူးတိုးသွားပြီဖြစ်သည်။
သူတို့နှစ်ဦး၏လစာက အလွန်မြင့်မား၏။
ထို့ကြောင့် သူတို့က သေချာပေါက်စုထားနိုင်ပြီး တခြားသူကရော။ သူမ တစ်ခုခု ပြောလိုက်လျှင်ပင် အသုံးမဝင်ပေ။
“ငါ စတုတ္ထမရီးရဲ့စကားကို နားထောင်မယ်” ကျိုးရှောင်မိန်က ချက်ချင်း ပြောလိုက်သည်။
သူမက သေချာပေါက် စတုတ္ထမရီး၏စကားကို နားထောင်ချင်ပေသည်။
ယခင်က သူမသည် စက်ရုံတွင် အလုပ်ဝင်နိုင်ရန် စတုတ္ထမရီး၏ စကားကို နားထောင်ပြီး ဒါရိုက်တာအတွက် စည်သွပ်ဘူးအချို့ကို ထိုးပေးခဲ့သည်။
ပြီးနောက် လက်ထပ်သည့် အချိန်တွင်လည်း သူမက ပထမလူကို ကန်ထုတ်ပြီး စုတာ့လင်းကို ရွေးချယ်ခဲ့သည် မဟုတ်ပါလား။
ပထမတစ်ယောက်က မှားယွင်းသော ရွေးချယ်မှု ဖြစ်သည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်သည် ထိုသူနှင့် လက်ထပ်ပြီးနောက် ဆိုးဝါးသော ဘဝကို ရသွားသည်။ နေ့တိုင်း ရန်ဖြစ်သည်။ အမှန်ပင် ပြဿနာများ၏။
ယခုထိတိုင် သူတို့တွေက ထိုအိမ်မှာပဲ ပြည့်သိပ်ပြီး အတူတူ ရှိနေသည်။
ကျိုးရှောင်မိန်က သူမသာ သူနှင့် လက်ထပ်ခဲ့ပါက မည်သို့ဘဝဖြစ်မည်ကို မတွေးရဲချေ။
ကံကောင်းစွာဖြင့် သူမက သူမ၏စတုတ္ထမရီးစကားကို နားထောင်ခဲ့ပြီး စုတာ့လင်းနှင့် လက်ထပ်ခဲ့သည်။ သူက စကားအနည်းငယ် ထစ်သော်လည်း ယင်းက ဘာမှမဆိုးဝါးချေ။
ကျိုးရှောင်မိန်က သူမက အလွန်ကောင်းသော ဘဝကို ရရှိထားသည်ဟု ခံစားရလေသည်။
အားလုံးက စတုတ္ထမရီး၏စကားကို နားထောင်၍ ဖြစ်သည်။ ထို့ကြောင့် သူမ၏စတုတ္ထမရီးက ပိုက်ဆံစုဟု ပြောသောအခါ သူမက ပိုက်ဆံ စုရပေမည်။
တစ်လလျှင် သူမက ယွမ် ၅၀ စုနိုင်သည်။ သူမတို့မိသားစုကဲ့သို့သော မိသားစုသည် တစ်လလျှင် စုစုပေါင်း အသုံးစရိတ် ယွမ် ၃၀ ကုန်ကျပေသည်။
တစ်လလျှင် ယွမ် ၅၀။ တစ်နှစ်လျှင် ယွမ် ၆၀၀။ အမှန်ပင်များ၏။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်ပြီး များများမပြောပေ။ ဆိုရလျှင် စီးပွားဖြစ်အိမ်ရာများသည် ၁၉၉၀ခုနှစ်များအထိ မရှိသေးပေ။ ယင်းက ကြာပေအုံးမည်။
ခြံဝန်းအိမ်ရာများမှာ သူတို့နှစ်ယောက်၏ မြင့်မားလှသော လစာဖြင့်ပင် ကျိုးရှောင်မိန်က တတ်နိုင်မည် မဟုတ်ပေ။ ၁၉၈၀နှစ်များတွင် ခြံဝန်းအိမ်ရာများသည် သောင်းချီမျှ ကျသင့်သည်။
မမျှော်လင့်ထားသော အကျိုးအမြတ်မရှိဘဲ မည်သို့ ဝယ်နိုင်မည်နည်း။ သို့သော်ငြား သူတို့သာ ငွေစုထားပါက ၁၉၉၀ခုနှစ်များတွင် စီးပွားဖြစ်အိမ်ရာတစ်လုံးတော့ သူတို့ ဝယ်နိုင်ပေမည်။
ကျိုးရှောင်မိန်က လင်းချင်းဟယ်၏အကြံပေးချက်ကို ပြောပြလိုက်သည်။
စုတာ့လင်းကလည်း လက်ခံ၏။
စုတာ့လင်းက စတုတ္ထမရီး လင်းချင်းဟယ်ကို ယုံကြည်သည်။ ကောလိပ်ကျောင်းသားများ၏ အရောင်အဝါက လက်ရှိအချိန်တွင် များများပြောရန် မလိုပေ။ ယင်းက ရွှေရောင်အဆင့်အတန်းဖြစ်၏။
အထူးသဖြင့် တခြားသူကိုပါ သင်ကြားနိုင်သော လင်းချင်းဟယ် ဖြစ်လေသည်။ သူမ၏ဦးနှောက်က မည်မျှ ထူးချွန်သည်ကို ပြောနေရန် မလိုပေ။
သူမသားက လက်ရှိ အထက်တန်းကျောင်းဆင်းတောင် သူမကို မကျော်နိုင်သည် မဟုတ်လား။ ဒီတော့ သူမစကားတွေက ဘယ်လို မှားနိုင်မှာလဲ။
“ငါ... ငါတို့... မိ... မိသားစုက လျှပ်စစ်အသုံးအဆောင်... တီ... တီဗီ... တစ်... တစ်လုံး...”
စုတာ့လင်း စကားမဆုံးသေးမီတွင် ကျိုးရှောင်မိန်က သူ့ဆိုလိုရင်းကို သိလိုက်သည်။ သူမက ပြောလိုက်၏။
“မဝယ်ဘူး၊ ကလေးတွေက ရေခဲချောင်းအချို့နဲ့ တခြားအိမ်မှာ သွားကြည့်လို့ရတယ်”
ကျိုးရှောင်မိန်က နောင်တွင် စတုတ္ထမရီးက မြို့တော်တွင် နေထိုင်လိုသည်ကို ပြောနိုင်ပေသည်။ ကျိုးရှောင်မိန်ကလည်း ၎င်းကို တွေးပြီး စိတ်လှုပ်ရှားသွားသည်။
သူမသည်လည်း ပေကျင်းကို သွားချင်ပေသည်။
သို့သော် ယင်းက သိသိသာသာပင် မလွယ်ကူချေ။ အထူးသဖြင့် ပိုက်ဆံ လိုပေသည်။ ထို့ကြောင့် သူတို့က ငွေကို ဦးစွာ စုထားရမည်။
တီဗီတစ်ဆက်စာကတော့ သူမက ဝယ်ဖို့ အစီအစဉ် မရှိပေ။
လင်းချင်းဟယ်သည် သူမမိသားစု၏ ကံတရားကို ကြည့်လိုက်သည်။ ယခုတစ်ကြိမ် ရရှိခဲ့သည့် ပညာသင်ဆုကြေးငွေများနှင့် နှစ်များစွာ စုဆောင်းထားသည့် ငွေကြေးမျာကို ရေတွက်ကြည့်လိုက်သည်တွင် ယွမ် ၅၅၀၀ ရှိပေသည်။
လင်းချင်းဟယ်က ယွမ် ၅၀၀ကို မိသားစုအတွက် ထားရစ်ခဲ့သည်။ ယွမ် ၅၀၀ကို ကျိုးချင်းဟယ်လက်ထဲ ထည့်လိုက်သည်။
“ဒါကို သုံးလိုက်။ မစုထားနဲ့။ ကျွန်မတို့မှာ ဘယ်လောက်ရှိလဲ ရှင်သိတယ်။ နားလည်လား” လင်းချင်းဟယ်က ကျိုးချင်းပိုင်အား ပိုက်ဆံပေးရင်း ပြောလိုက်သည်။ သူမက တချို့သော ကူပွန်များကိုလည်း တိုက်ရိုက်ပေးလိုက်သည်။
ကျိုးချင်းပိုင်က သူမကို ကြည့်လာသည်။ “ကိုယ်မင်းကို အဲဒီအထိ လိုက်ပို့ပေးမယ်”
“ကောင်းပြီ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ကျိုးချင်းပိုင်က ငွေကို ယူပြီးနောက် အဝေးတွင် ထားလိုက်သည်။
လင်းချင်းဟယ်နှင့် လောင်တက မတ်လ ၈ရက်နေ့အတိတွင် စာရင်းသွင်းလိုက်သည်။ သူတို့က သူတို့၏ အထောက်အထားများကို ယူသွားရန် လိုပေသည်။ လင်းချင်းဟယ်က မထွက်သွားခင်တွင် အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သည်။ ဖေဖော်ဝါရီလ လကုန်တွင် သူမနှင့် ကျိုးချင်းပိုင်က လောင်တကို ခေါ်ကာ ရထားဖြင့် မြို့တော်သို့ သွားကြသည်။
အဖေကျိုးနှင့် အမေကျိုးက သူတို့ကို ရွာဝင်ဝအထိ လိုက်ပို့သည်။ သူတို့က ခွဲခွာရန် တွန့်ဆုတ်နေကြ၏။ အမေကျိုးက လင်းချင်းဟယ်အား ယွမ် ၁၀၀ ထည့်ပေးလာသည်။ သူမက မျက်လုံးနီနီများဖြင့် သိမ်းထားသင့်သည်ဟု အခိုင်အမာပြောသည်။
ရွာထဲမှ သူတို့နှင့် ဆက်ဆံရေး ကောင်းသော အချို့လူများက သူတို့ကို လာနှုတ်ဆက်ကြသည်။
တချို့သောလူများကမူ မလာခဲ့၊ အကြောင်းမှာ ပညာတတ်လူငယ်များကို သင်ပေးဖို့ လင်းချင်းဟယ်က အစီအစဉ်မရှိလို့ သူတို့က ဆိုးဆိုးဝါးဝါး ပြောကြသည်။
ကျိုးမိသားစုဟောင်းက လုံးဝ ဂရုမစိုက်ပေ။
ရထားစီးပြီး ရက်အနည်းငယ် ပြီးနောက် သူတို့က မြို့တော်ကို ရောက်သွားကြသည်။
မြို့တော်သို့ ရောက်ရှိသွားပြီးနောက် ကျိုးချင်းပိုင်က သားအမိနှစ်ယောက်ကို ပေကျင်းတက္ကသိုလ်သို့ လိုက်ပို့ပေးသည်။ ကျိုးချင်းပိုင်က မြန်မြန် မပြန်လာပေ။ အတန်းမစသေးသောကြောင့် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို မပြန်စေချင်သေးပေ။
သူ ပြန်သွားပါက သူမက စာသင်နှစ်တစ်ဖြတ်ပြီးမှသာ သူ့ကို ပြန်တွေ့နိုင်ပေမည်။
သူတို့က ဦးစွာ စစ်ဆေးပြီးနောက် အိပ်ဆောင်တွင် ခရီးဆောင်အိတ်များကို နေရာချထားလိုက်ကြသည်။ ပြီးနောက် မိသားစုသုံးယောက်သား ပစ္စည်းတွေကို စာတင်နေရာချတော့သည်။
ယခုက ၁၉၇၈ခုနှစ် ဖြစ်သည်။ လောင်တက ၁၄နှစ်သာ ရှိသေး၏။ ဒီနှစ်တွင် သူက ၁.၈မီတာ(၅ပေ ၉လက်မ) ရှိပြီဖြစ်သည်။
သို့သော်ငြား သူက ကျိုးချင်းပိုင်ထက်တော့ ပုနေသေးသည်။ ကျိုးချင်းပိုင်က ၁.၈၅မီတာ (၆ပေ)ရှိသည်။ နောင်တွင် သူက သူ့အဖေထက် ရှည်လာလိမ့်မည်။
ထိုအချိန်တွင် လောင်တက ဂွမ်းစောင်တစ်ထည် ဝယ်လာ၏။ လင်းချင်းဟယ်အတွက်လည်း ပါသည်။ နှစ်ထည်လုံးက ၆ကျင်းခန့်စီ လေးသည်။ ချည်ပိတ်သား အိပ်ရာခင်းလည်း ရှိသည်။
ထပ်မံ ချမ်းလာလျှင်တောင် သူတို့ အေးခဲတော့မည် မဟုတ်ပေ။
ကျန်သည်များမှာ ဖောင်းကြွဂျက်ကတ်၊ ဆွယ်တာ၊ လက်အိတ်တွေနှင့် နွေရာသီ အသုံးအဆောင်များလည်း ပါသည်။ အားလုံးကို ယူလာခဲ့သည်။
သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသစ်ရေဇလုံ၊ ရေနွေးဓာတ်ဘူးတို့လည်း ပါလာ၏။
မိသားစုသုံးယောက်က ပစ္စည်းများကို နေရာချလိုက်သည်။ ပြီးနောက် လောင်တကို အဝေးသို့ နှင်ထုတ်လိုက်ပြီး လင်မယားစုံတွဲက သူတို့အတွက် ကိုယ်ပိုင်နေရာကို ရှိလာသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တိုက်ရိုက်ဆွဲသွားကာ အခန်းကို ဖွင့်လိုက်သည်။
လက်ထပ်စာချုပ်နှင့် အိမ်ထောင်စုစာရင်းတွေကို သက်သေပြသပြီးနောက် လင်မယားနှစ်ယောက်သား ပြန်ဝင်သွားခဲ့ကာ ချစ်ခင်နှစ်သက်မှုများ ရှိခဲ့ကြသည်။
ယင်းက မတတ်နိုင်ပေ။ ကျိုးချင်းပိုင် ပြန်သွားပါက သူတို့ မည်မျှကြာကြာ စောင့်ရမည်ကို မသိနိုင်ပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ့ကို ခြောက်သွေ့သွားအောင် ညှစ်ထုတ်လိုက်တာက ပိုကောင်းမည်။
နောက်တစ်ကြိမ် သူ ပြန်လာပါက အားအင်များ ထပ်မံ ပြည့်နေပေလိမ့်မည်။
ကျိုးချင်းပိုင်ကလည်း သူမကို သတိရနေသည်။ ထို့ကြောင့် သူက ထိုစဉ်၌ အလွန်အရသာတွေ့နေသည်။ သူ ပြန်သွားသောအခါ သူ့တစ်ကိုယ်လုံးက စိတ်ဝိညာဉ်ကင်းမဲ့နေသလို ဖြစ်နေသည်။
ရွာထဲမှ လူတိုင်းက အလိုအလျောက် ယင်းအတွက် အကြောင်းပြချက်တစ်ခု အလိုအလျောက် မှတ်ချက်ချလိုက်ကြသည်။ ‘သူ့မိန်းမက တက္ကသိုလ်သွားတက်တာလေ’
တကယ်တမ်းတွင် သူနှင့် သူ့သားနှစ်ယောက်သာ မိသားစုထဲတွင် ကျန်ရစ်ခဲ့သည်။ သူ့သားကြီးနှင့် သူ့ဇနီးသည်က ကောလိပ်သို့ သွားတက်ကြသည်။ သူက မည်ကဲ့သို့ အသားကျနိုင်ပါ့မည်နည်း။
ယင်းက အနည်းငယ် စိတ်ဓာတ်ကျစေသည်။
အလေးအနက်ထားတတ်သော ကျိုးချင်းပိုင်သည် ဒီအခြေအနေသို့ ရောက်နေရခြင်းမှာ ရထားပေါ်တွင် များများ မစားခဲ့ရလို့ဟု သူတို့ မတွေးမိခဲ့ကြပေ။
ထိုစဉ် ဒုတိယအကြိမ်မြောက် ကျင်းပသည့် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် လိုအပ်ချက်များ ထွက်ပေါ်လာခဲ့သည်။
တစ်ခဏအတွင်း ကျိုးကျားရွာတစ်ခုလုံး ပြန့်နှံ့သွား၏။
“ဆရာမလင်းက အရင်တည်းက ဒီသတင်းကို သိထားလို့ သူမက မသင်ပေးချင်တာလား” ကွာရှင်းပြတ်စဲရန် ကြိုးပမ်းနေသည့် ပညာတတ်လူငယ်သားမက်တွေ၊ ချွေးမတွေ ရှိသည့် မိသားစုအချို့က လင်းချင်းဟယ်နှင့် ယခင်အဖြစ်အပျက်ကို ပြန်ပြောင်းပြောကြသည်။
တခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် သတိပြန်ရလာသည်။ ပြီးနောက် ရွာထဲမှ လူများက ဆရာမလင်းကို စတင် ချီးကျူးလာကြတော့သည်။
ကျိုးမိသားစုဟောင်းက ယင်းကို အလေးမထားပေ။ သူတို့၏ သဘောထားက ဘက်မလိုက်ပေ။