လေဆိပ်တွင် မမျှော်လင့်ထားသော ဆုံတွေ့မှု
Vol. 41 Ch. 571
အချိန်တွေ ကုန်ဆုံးလာခဲ့ပြီး ရက်အနည်းငယ် ကြာခဲ့ပြီဖြစ်သည်။
ယောင်မိသားစု၏မိသားစုခေါင်းဆောင် ယောင်ချင်းဇွင် ကွယ်လွန်သည့်သတင်းကို နောက်ဆုံးတွင် တစ်မြို့လုံး သိသွားခဲ့သည်။ သို့သော် ယောင်မိသားစုက သူ အသတ်ခံရကြောင်း သို့မဟုတ် သတ်သေကြောင်း ပြင်ပသို့ မကြေညာခဲ့ဘဲ ထိုအစား မိသားစု၏မျက်နှာ မပျက်စေရန် ဖျားနာမှုကြောင့် ကွယ်လွန်သွားကြောင်း ကြေညာခဲ့သည်။ ပြည်နယ်၏ အမြင့်ဆုံးအာဏာပိုင် ခေါင်းဆောင်များသည် ထန်မိသားစုအနေဖြင့် နောက်တစ်ကြိမ် လွန်လွန်ကျူးကျူး ထပ်မလှုပ်ရှားတော့ရန် ဝေ၀ဝေါးဝါး မျှော်လင့်ချက်များ ရှိနေသော်လည်း နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။
ထန်ရှုသည် ပေကျင်းမြို့တော်ကနေ မထွက်ခွာသေးသော်လည်း ထာဝရခန်းမက လူတွေအားလုံး ပြန်သွားကြပြီဖြစ်သည်။
ထန်ရှုသည် ဝမ်ဖူကျင်းလမ်းတွင် ရောက်နေပြီး စီးကရက်ခဲရင်း လမ်းဘေးနှစ်ဖက်ရှိ ဆိုင်များကို ကြည့်နေသည်။ သူ့စိတ်ထဲ၌ သည်နေ့တွင် ယောင်မိသားစုက ကျင်းပသော ယောင်ချင်းဇွင်၏ အသုဘအခမ်းအနားကို စိတ်ကူးပုံဖော်ကြည့်နေခဲ့သည်။ ထိုအခမ်းအနားသို့ သူ မတက်သော်လည်း သူ့အဘိုးက တက်ခဲ့သည်။
"ညီလေး … အဲ့ဒီကလေး ချူယီက ငါတို့ကို သောက်ဖို့ ဖိတ်ထားတယ် … မင်း မသွားဘူးလား။"
ထန်ဝသေည် မခွာနိုင်သော ခွေးအရေခွံပလာစတာကဲ့သို့ ထန်ရှုနောက်သို့ လိုက်နေခဲ့သည်။ ထန်ရှု၏အနောက် လိုက်ခြင်းဖြင့် ထန်ရှု၏စွမ်းဆောင်ရည်များကို သင်ယူပြီး အတွေ့အကြုံ ပိုမိုရရှိလိုကြောင်း သူက ဆိုသည်။ သူသည် ရှန်ဟိုင်းတက္ကသိုလ်သို့ ဝင်ရောက်ကာ ထန်ရှုနှင့်အတူ ပညာသင်ကြားရန်အတွက် နည်းလမ်းရှာရန်ပင် စိတ်အားထက်သန်နေခဲ့သည်။ ထန်ရှုကသာ သူ့ကို မတားမြစ်ခဲ့ပါက သူနှင့်အတူတူ ပေါင်းသင်းဖို့ ရှန်ဟိုင်းတက္ကသိုလ်ကို တကယ်သွားလိမ့်မည်ဖြစ်သည်။
“ငါ မသွားဘူး … ငါ …”
…ဖုန်းမြည်သံ…
ထန်ရှုသည် စကားပြန်ပြောတော့မည့်ဆဲဆဲတွင် သူ၏လက်ကိုင်ဖုန်းမြည်လာခဲ့သည်။
"ငါ အရက်သောက်ဖို့ စိတ်မပါဘူး။"
သူ၏စကားကို ဆုံးအောင် ပြောလိုက်ပြီး လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းပြန်ဖြေသည်။
"တစ်ခုခုဖြစ်နေလို့လား ခန်းရှ…"
"သူဌေး … နှစ်ခု ရှိတယ်။ တစ်ခုက အရမ်းကောင်းတယ်၊ နောက်တစ်ခုက အဆင်ပြေတယ်။ ဘယ်ဟာ အရင်ကြားချင်လဲ။" ခန်းရှ၏ ရယ်မောသံသည် ဖုန်းမှ ထွက်ပေါ်လာသည်။
"အရမ်းကောင်းတာ အရင်ပြောပြ။" ထန်ရှုက ဖြေလိုက်သည်။
"သတင်းကောင်းတစ်ခုကတော့ ငါ့ခန္ဓာကိုယ်အတွင်း ချီစီးဆင်းနေတာကို နောက်ဆုံးတော့ အာရုံခံစားလို့ရပြီ။" ခန်းရှက ရွှင်မြူးစွာ ဖြေသည်။ “တကယ်ကို နွေးထွေးပြီး ငါ့ကို သက်တောင့်သက်သာ ဖြစ်စေတယ်။ အခု ချီစီးဆင်းမှုကိုလည်း ငါ ထိန်းချုပ်လို့ရပြီ။"
"အဲ့ဒါ သိပ်ကောင်းတယ်။" ထန်ရှု၏မျက်လုံးများ အရောင်လက်သွားသည်။
“ဒါက တကယ့်ကို သတင်းကောင်းပဲ။ အင်ဒီ့ကို လိုက်မီအောင် ဆက်ကြိုးစား။”
"ပြဿနာ မရှိဘူး။" ခန်းရှ ရယ်လိုက်သည်။
“ကဲ ဒုတိယတစ်ခုကို ပြောပြမယ်။ ငါတို့ရဲ့ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်တွေကို လုံး၀ ဖြန့်ဝေပြီးသွားပြီ။ မနက်ဖြန် တရားဝင်ရောင်းချမှုကို စဖို့ ငါတို့ စောင့်နေကြတယ်။ အာ ဟုတ်သားပဲ … ငါ့လေယာဉ်က ညနေ ၃ နာရီမှာ ထွက်မှာဆိုတော့ ငါးနာရီမထိုးခင် ရှန်ဟိုင်းကို ရောက်လိမ့်မယ်။”
ထန်ရှု ကြက်သေသေ သွားသည်။ လကုန်ခါနီး ဖြစ်သောကြောင့် ခမ်းနားသောထန်၏ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်များ ဈေးကွက်သို့ ဝင်ရောက်ရန် စီစဉ်ထားသည့်ကာလလည်း ဖြစ်သည်။ ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးနောက် သူက
“ကိုယ် ပေကျင်းမှာ အရေးကြီးကိစ္စရပ်တွေကို ကိုင်တွယ်နေတုန်းပဲ။ ကောင်းပြီ … ကိုယ် ချက်ချင်း ရှန်ဟိုင်းကို ပြန်လာမယ်။ ဒါပေမယ့် မင်းထက် နည်းနည်းနောက်ကျသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်း ရောက်လာပြီးရင် ကြယ်ပြာအိမ်ရာကို သွားပြီး ကိုယ့်ကို အဲဒီမှာ စောင့်နေပါ။"
"ကောင်းပါပြီရှင်။" ခန်းရှက ရယ်သံလေးဖြင့် ပြန်ဖြေသည်။
ဖုန်းချပြီးနောက် ထန်ရှုသည် ထန်ဝကေို ကြည့်ကာ "ကိစ္စပေါ်လာပြီမို့ ငါ ရှန်ဟိုင်းကို ပြန်ရတော့မယ်။ ဒီကကိစ္စရပ်တွေကို အနည်းနဲ့အများဆိုသလို ဖြေရှင်းပြီးပြီမို့ အထူးအရေးကြီးတဲ့ ကိစ္စမရှိရင် အချိန်တစ်ခုလောက် ပေကျင်းကို ပြန်လာဖြစ်မှာ မဟုတ်ဘူး။”
“ငါတို့မိသားစုက အဲ့ဒီအချက်အလက်တွေကို လူသိရှင်ကြား မထုတ်ပြန်သေးဘူး။ ရလဒ်ကို မင်း မကြည့်ချင်တာ သေချာလား။"
ထန်ဝေ မဝံ့မရဲ မေးသည်။
"ငါ ကြိုမြင်ထားပြီးသားပါ။ နိုင်ငံရေးကို နားမလည်သလို အာရုံစိုက်ဖို့လည်း စိတ်မဝင်စားဘူး။ နောက်ပြီး အဘိုးသုံးယောက်နဲ့ ငါတို့မိသားစုရဲ့ အကြီးအကဲတွေက မိသားစုအရေးကို တာဝန်ယူဖို့ ဒီနေရာမှာ ရှိနေကြတာမို့ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် မင်းကို မပြောရသေးတဲ့ တစ်ချို့ကိစ္စတွေ ရှိသေးတယ် ဒါပေမယ့် အခု ငါ မင်းကို ပြောဖို့ အချိန်တန်ပြီ ထင်တယ်။"
"ငါနဲ့ဆိုင်တဲ့ ကိစ္စလား။ အဲ့ဒါ ဘာလဲ။" ထန်ဝေကို သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ငါတို့ထန်မိသားစုရဲ့အဖွဲ့ဝင်အရေအတွက်က ယောင်မိသားစုထက် နှစ်ဆနီးပါးရှိပေမယ့် နိုင်ငံရေးထဲ ပါဝင်တဲ့ ငါတို့ရဲ့အဖွဲ့ဝင်အရေအတွက်က သူတို့ထက် နည်းတယ်။ အဘိုးနဲ့ အခြားအဘိုးတွေက ငါတို့ဦးလေးတွေဆီ သူတို့ရဲ့အာဏာကို အပြည့်အဝ လွှဲပြောင်းပြီးကြပြီ။ ငါတို့မျိုးဆက်ကဆက်ခံသူကို လျာထားဖို့ လိုတယ်။ မင်းကိုယ်တိုင်ရော ငါတို့မိသားစုအတွက်ပါ ဒီနိုင်ငံရေးလမ်းကို လျှောက်သင့်တယ်လို့ ငါ ထင်တယ်။ နောင်အနာဂတ်မှာ ဒီတိုင်းပြည်မှာ ထန်မိသားစုအတွက် စကားပြောဆိုဖို့ လုံလောက်တဲ့အခွင့်အရေးတွေ ရရှိစေရမယ်။"
“ဒါပေမယ့် ငါ နိုင်ငံရေးရော အစိုးရဝန်ထမ်း လုပ်ရတာရော မကြိုက်တာတော့ အမှန်ဘဲ။” ထန်ဝသေည် ခေတ္တမျှ နှုတ်ဆိတ်နေပြီး အားတင်းပြုံးကာ ပြန်ဖြေသည်။
“အခု မကြိုက်ပေမယ့် အရေးမကြီးဘူး။ မင်း အဲ့ဒါကို တဖြည်းဖြည်း စိတ်ဝင်စားလာမှာပါ။" ထန်ရှုက သဘောကျစွာ ရယ်လိုက်ရင်း
"ထန်မိသားစုက ယောင်မိသားစုကို အနိုင်ယူခဲ့နိုင်တော့ ငါတို့မိသားစုက ဒီ့နောက်ပိုင်း တရုတ်နိုင်ငံမှာ စကားပြောပိုင်ခွင့် ပိုရှိလာလိမ့်မယ်။ အကြီးအကဲတွေရဲ့ အကူအညီနဲ့ အထက်ကို ချောချောမွေ့မွေ့ တက်နိုင်မယ်။ နိုင်ငံရေးလောကထဲမှာ တက်သစ်စကြယ်ပွင့် ဖြစ်လာနိုင်သလို အနာဂတ်ရဲ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ကြီး ဖြစ်လာနိုင်မယ်ဆိုတာ အသေအချာပဲ။ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေရဲ့အရသာက ဘယ်လောက် အံ့သြဖို့ ကောင်းတာကို မင်း သိမှာမဟုတ်ဘူး။ ဒါပေမယ့် မင်း အာဏာကို တကယ်ပဲ အပြည့်အဝ ထိန်းချုပ်နိုင်ရင် ဘယ်လောက် အကျိုးရှိတယ်ဆိုတာ မင်း နားလည်လာလိမ့်မယ်။”
“ငါ့ကို အချိန်တစ်ခုလောက် ပေးပါ။ ငါ သေချာ စဉ်းစားပါဦးမယ်။" ထန်ဝကေ တွန့်ဆုတ်နေသော်လည်း ပြန်ဖြေသည်။
"ရတယ် … ကိစ္စမရှိဘူး။" ထန်ရှု ရယ်လိုက်သည်။
****
နေ့ခင်းဘက်တွင် ထန်ရှုသည် သူ့အဘိုး၏အိမ်သို့ သွားပြီးမှ လေဆိပ်သို့ အပြေးသွားခဲ့သည်။ လေယာဉ်မထွက်ခွာမီ တစ်နာရီအလိုတွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်စောင့်နေရန် နေရာတစ်ခုကို ကြုံသလို သူ ရှာလိုက်သည်။
"မင်္ဂလာပါ … မင်းက မစ္စတာထန်ရှုလား။"
ထန်ရှုသည် လေယာဉ်ချိန်စောင့်ရင်း အပျင်းပြေ စာအုပ်တစ်အုပ် ဖတ်ရန် စဉ်းစားနေစဉ်တွင် ဝတ်စုံပြည့်ဝတ်ထားသည့် လူလတ်ပိုင်းတစ်ဦးသည် ထန်ရှု၏အရှေ့သို့ ပေါ်လာသည်။ သူသည် လေဆိပ်အာဏာရှိသူနှင့်တူပြီး သူ၏အနောက်မှ လေဆိပ်ဝန်ထမ်းလေးဦး လိုက်ပါလာခဲ့သည်။
“ကျွန်တော်ပါ ... ခင်ဗျားက…" ထန်ရှုမှ မေးလိုက်သည်။
"ငါက လေဆိပ်က ဝန်ထမ်းတစ်ယောက်ပါ မစ္စတာထန်…"
လူလတ်ပိုင်းအရွယ်က ခပ်မြန်မြန် ပြန်ဖြေသည်။ “ငါတို့ဆီ မစ္စတာထန်ဝေ ဖုန်းဆက်ထားပါတယ်။ မင်းက ငါတို့လေဆိပ်ကနေ ရှန်ဟိုင်းကို လေယာဉ်နဲ့ သွားမယ်ဆိုတာ သိလိုက်ရတယ်။ နောက်ပြီး မစ္စတာထန်အတွက် ပထမတန်းစားလက်မှတ်ကို ငါ ကြိုတင်မှာပေးထားပါတယ်။ စိတ်မရှိရင် ကျေးဇူးပြုပြီး အထူးဧည့်သည်နားခိုရာ ဧည့်ခန်းကို လိုက်ခဲ့ပါလား။”
…ဒီမှာ ဘာဖြစ်နေတာလဲ။…
ထန်ရှု မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် ဖြစ်နေပြီးမှ တစ်ဖက်သား၏ကောင်းသော ရည်ရွယ်ချက်ကို နောက်ဆုံးတွင် လက်ခံလိုက်သည်။
အထူးဧည့်သည်နားခိုရာ ဧည့်ခန်းအတွင်း…
အခန်းသည် အလွန်သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်အနေအထား ရှိပြီး ဤနေရာရှိ ထိုင်ခုံများကို သားရေဖြင့် ပြုလုပ်ထားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ အထူးဂရုစိုက်မှုကြောင့် လေဆိပ်ဝန်ထမ်းများက ထန်ရှုအား လက်ဖက်ရည် တည်ခင်းခဲ့သည်။
ထန်ရှုက ထန်ဝဆေီ ဖုန်းဆက်လိုက်တော့မှ ရှန်ဟိုင်းလေဆိပ်ရှိ အမြင့်ဆုံးအရာရှိ၏သားက ထန်ဝေ၏အခင်ဆုံးငယ်သူငယ်ချင်းဖြစ်ကြောင်း သိလိုက်ရပြီး ဒါတွေကို စီစဉ်ပေးသည့်သူလည်း ဖြစ်သည်။
“သွား … သွား … မြန်မြန်လေး။ အထဲကို ဝင်ပြီးရင် ငါတို့ အဆင်ပြေပါပြီ။”
အလျင်စလို ဖြစ်နေသော စကားသံတစ်သံအား ကြားလိုက်ရပြီး အထူးဧည့်သည်နားခိုရာ ဧည့်ခန်းထဲသို့ လူနှစ်ယောက် အပြေးအလွှား ပြေးဝင်လာသည်။
"ဟင်…" ထန်ရှု မော့ကြည့်လိုက်ရာ လူနှစ်ယောက်အနက် တစ်ယောက်သည် မထင်မှတ်ပဲ သူ၏မိတ်ဆွေ ကျန်းရှင်းယာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်တွင် ကျန်းရှင်းယာသည် တုန်လှုပ်နေဟန် ရှိပြီး ထောင့်နားက ဆိုဖာဆီသို့ အမြန်လျှောက်သွားကာ ထိုင်လိုက်သည်။ ထို့နောက် သူမ၏ ရင်ဘတ်လေးကို အသာဖိလျက် သူမ၏အေးဂျင့်အား ပြောလိုက်သည်။ “ဒါက တကယ်ကို ထိတ်လန့်ပြီး ကြောက်ဖို့ ကောင်းလိုက်တာ။ အပြင်က ပရိသတ်တွေက အရူးအမူး ဖြစ်ကြသလို လေဆိပ်ဝန်ထမ်းကလည်း ဒီလောက် ဒေါသထွက်လွယ်တဲ့ စိတ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ တော်ပြီ … နောက်ဆို ရုပ်မဖျက်ဘဲ အပြင်မထွက်တော့ဘူး။"
"နင်က အခုဆို အရမ်းနာမည်ကြီးတဲ့ စူပါစတားတစ်ယောက် ဖြစ်နေပြီလေ ရှင်းယာရ။ အထူးသဖြင့် မကြာသေးမီက ထွက်ထားတဲ့ 'အိပ်ပျော်နေတဲ့ မိန်းမလှလေး' တစ်ကိုယ်တော်အခွေက တအား ကျော်ကြားနေတာကို။”
သူမ၏မန်နေဂျာက ရယ်နေရင်း
“ဒါက အဓိကဂီတဇယားတွေရဲ့ ထိပ်ဆုံးအဆင့်ကို သိမ်းပိုက်ထားပြီး ဒုတိယနေရာကအခွေထက် မဲက လေးဆကနေ ငါးဆ ပိုများနေတာကြီး။ နင့်ကို ကြိုက်တဲ့ ပရိတ်သတ်အရေအတွက်ကလည်း အဆက်မပြတ် တိုးနေတယ်။ နင် နိုင်ငံခြားမှာ နေရင်တောင်မှ အနာဂတ်မှာ ပိုပိုပြီး နာမည်ကြီးလာဖို့ မျှော်လင့်လို့ ရတယ်။”
“ပိုပိုပြီး နာမည်ကြီးလာတာက ဟုတ်ပါပြီ … ဒါပေမယ့် နောက်ပိုင်းမှာ ဘာမှ လုပ်ရကိုင်ရ အဆင်မပြေတော့မှာ၊ မလွတ်လပ်တော့မှာကို ကြောက်ရတယ်။" ကျန်းရှင်းယာက မချိပြုံး ပြုံးလိုက်သည်။
“တခါတလေ ကျွန်မ ဒီစူပါစတားဘဝကို စွန့်လွှတ်ချင်မိတယ်။ ကျွန်မ ဆိုလိုတာက ကျွန်မလည်း လွတ်လွတ်လပ်လပ် လုပ်ချင်တာတွေ ရှိသလို တွေ့ချင်နေတဲ့လူတွေနဲ့လည်း ရှိတယ်။”
မန်နေဂျာက ပြုံးကာ ပြန်ပြောလာသည်။
“မင်း အားလုံးထဲမှာ အလုပ်ချင်ဆုံးနဲ့ အတွေ့ချင်ဆုံးက မစ္စတာထန်ပဲ မဟုတ်လား။ အခုတစ်ခေါက် ခမ်းနားသော ထန်စီးပွားရေးလုပ်ငန်းစုရဲ့ ထုတ်ကုန်အသစ်တွေကို ဈေးကွက်ထဲ ဖြန့်ချီမယ်ဆိုတော့ အဲ့ဒီအချိန်အတွက် နင် ရှန်ဟိုင်းကို အပြေးသွားချင်နေတယ် မဟုတ်လား။ ရှန်ဟိုင်းမှာရှိတဲ့ သူတို့ကုန်ပစ္စည်းတွေရဲ့ သီးသန့်စတိုးဆိုင်တွေကို သူ သွားမလို့လားဆိုတာ ကြည့်ချင်တာကြောင့် မဟုတ်ဘူးလား။”
"ပေါက်ကရတွေ မပြောလို့ရမလား။" ကျန်းရှင်းယာက သူမ၏မန်နေဂျာ၏လက်ကို အလျင်အမြန် ဆွဲကာ ထိုင်စေလိုက်သည်။
အနီးနားရှိ ဆိုဖာထက်တွင် ရှိနေသော ထန်ရှုသည် သူတို့၏ဆွေးနွေးပြောဆိုမှုများကို ရှင်းရှင်းလင်းလင်း ကြားနေရသော်လည်း ထိုစကားဝိုင်း၏ အကြောင်းအရာက သူ့အား နားဝတေိမ်တောင် ဖြစ်စေသည်။
…. ကျန်းရှင်းယာက ငါ့ကို တွေ့ချင်နေတာလား။ ဒါပေမယ့် သူ ငါ့ကို တွေ့ချင်ရင် တိုက်ရိုက် ဖုန်းဆက်ရင် ပိုကောင်းတာ မဟုတ်ဘူးလား။ ငါ့လုပ်ငန်းရဲ့ ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်တွေကို သီးသန့်ရောင်းတဲ့ဆိုင်တွေဆီ ဘာလို့ သွား မှာလဲ။…
… သို့သော် မိန်းကလေးတစ်ယောက်၏ မျိုသိပ်ထားသော အတွေးများကို ထန်ရှု မည်ကဲ့သို့ သိနိုင်ပါအံ့နည်း။ …
ထန်ရှု ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ ရှန်ဟိုင်းသို့ သွားမည်ဆိုမှတော့ ကျန်းရှင်းယာအား နှုတ်ဆက်သင့်သည်ဟု သူ ခံစားမိသည်။ သူမနှင့်အတူတူ လေယာဉ်တစ်စီးတည်း စီးရဖို့ ဖြစ်နိုင်ချေ များနေသည်လေ။
"မင်္ဂလာပါ အလှလေး … ကျွန်တော် မင်းကို ကော်ဖီတစ်ခွက်လောက် အတူသောက်ဖို့ ဖိတ်လို့ရမလား။"
ထန်ရှုက ကျန်းရှင်းယာဆီသို့ လျှောက်လာပြီး စကားစလိုက်သည်။
ကျန်းရှင်းယာသည် လက်ရှိတွင် ခေါင်းငုံ့ထားပြီး သူမ၏မန်နေဂျာနှင့်စကားစမြည်ပြောနေစဉ်တွင် အမျိုးသားတစ်ဦး၏အသံကို ကြားလိုက်ရသည်။ သူမက မော့ကြည့်ကာ ခပ်ပြတ်ပြတ်လေသံဖြင့် တိုက်ရိုက် ငြင်းဆိုရန် ဟန်ပြင်လိုက်သည်။
"စိတ်မကောင်းပါဘူး ငါ မလုပ် ..."
သို့သော်လည်း သူမ၏စကားများသည် တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။ သူမ၏အရှေ့တွင် ရပ်နေသောလူသည် သူမ အမြဲတမ်း တွေးမိနေသော လူဖြစ်သောကြောင့်ပင်။
"နင် ဒီကို ဘယ်လိုရောက်လာတာလဲ ထန်ရှု…"
ကျန်းရှင်းယာ ရုတ်တရက် ထလာပြီး ဝမ်းသာအားရ မေးလိုက်သည်။ သူမ၏မျက်နှာလေးထက်တွင် စိတ်လှုပ်ရှားနေဟန်များ အထင်းသား မြင်တွေ့နိုင်သည်။
“ငါ ရှန်ဟိုင်းကို ပြန်မလို့လေ။" ထန်ရှုက ပြုံးကာ ဖြေလိုက်သည်။
"ဒါပေမယ့် မင်းရော ပေကျင်းကို ဘာလာလုပ်။"
“ငါ ဟောပြောပွဲတစ်ခုကို လာတက်တာ ဒီနေ့ပဲ ပြီးသွားတယ်။ ငါ အခု ရှန်ဟိုင်းကို သွားမလို့လေ။" ကျန်းရှင်းယာ၏မျက်နှာလေးပေါ်ရှိ စိတ်လှုပ်ရှားမှုသည် မှေးမှိန်မသွားဘဲ
"စကားမစပ် နင်ရော ညနေ ၄ နာရီ လေယာဉ်လား။"
"ဟုတ်တယ်။" ထန်ရှု ပြုံးရင်းဖြေသည်။
“ယေး … ဒါဆို ငါတို့ လေယာဉ်အတူတူ စီးလို့ရပြီပေါ့။”
ကျန်းရှင်းယာ အံ့သြကျေနပ်သွားချေပြီ။
ထန်ရှုက အပြုံးဖြင့် သူမ ဆွဲခေါ်ရာနောက် ပါသွားသည်။ သူတို့ ထိုင်လိုက်ကြပြီးနောက် သူက
"ရှင်းယာ … ငါတို့ လေဆိပ်မှာ ဒီလိုမျိုး ထပ်ဆုံမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ လေဆိပ်မှာ ဆုံတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီနော်။ ဟုတ်သားပဲ … မင်းရဲ့တစ်ကိုယ်တော် သီချင်းခွေအသစ်က ဒီတလော ရေပန်းစားနေပုံရတယ်။ ရှန်ဟိုင်းနဲ့ ပေကျင်းမှာပဲ ဖြစ်ဖြစ်၊ ကျင်းမန်ကျွန်းမှာပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ မင်းရဲ့ပုံပါတဲ့ ကြော်ငြာကို ငါ အမြဲ မြင်နေရတယ်။"
"ဒါက အရမ်း နာမည်ကြီးတယ်ဆိုပေမယ့် ငါ နင်နဲ့တော့ နှိုင်းလို့မရသေးဘူး။" သူမက ရယ်ရယ်မောမောဖြင့် "နင့်ကို အခုချိန်မှာ စူပါစတားကြီးတစ်ယောက်လို့ သတ်မှတ်လို့ ရတယ်။"
"အာ … ကျေးဇူးပြုပြီး ငါ့ကို မနောက်စမ်းပါနဲ့။" ထန်ရှုက ရှက်ရှက်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “နောက်ပြီး ငါ့ရဲ့ကျော်ကြားမှုကလည်း တဖြည်းဖြည်း လျော့ကျလာပြီ။ ဒါပေမယ့် အဲ့ဒီအတွက် ငါ ပျော်တယ်လေ ဟဲဟဲ။"
ကျန်းရှင်းယာသည် ထန်ရှု၏သိုသိုသိပ်သိပ်နေလိုသော စိတ်နေသဘောထားကို ကောင်းစွာသိသောကြောင့် တဟိဟိရယ်ရင်း
“ငါနဲ့အတူ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ပါလား။ မနက်ဖြန်လောက်ဆိုရင် နင့်ရဲ့ကျော်ကြားမှုက ထပ်ပြီး တိုးလာမယ်ဆိုတာ ငါ အာမခံပါတယ်။"
"မလုပ်ပါဘူး … မေ့လိုက်တော့။" ထန်ရှုက သူ၏လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်သည်။
"ငါ့ကို ဒုက္ခမပေးပါနဲ့ အိုခေ။ ငါ ... ငါက အေးချမ်းတည်ငြိမ်တဲ့ဘဝလေးကို ချစ်မြတ်နိုးတဲ့ ရုပ်ချောချော ကောင်လေးတစ်ယောက်ပါ။"
…ဟားဟားဟား…
ဤမတော်တဆတွေ့ဆုံမှုကြောင့် ထန်ရှုနှင့် ကျန်းရှင်းယာတို့သည် လေယာဉ်တစ်စီးတည်းဖြင့် ရှန်ဟိုင်းသို့ ရောက်ရှိလာကြသည်။ ထန်ရှုသည် ကျန်းရှင်းယာ၏ဘေးထိုင်ခုံတွင် စီးလာခဲ့ပြီး မြို့တွင်းသို့ ရောက်ရှိပြီးနောက် သူမနှင့် လမ်းခွဲလိုက်သည်။ အစက သူမသည် ထန်ရှုကို ညစာစားရန် ဖိတ်လိုသော်လည်း ခန်းရှသည် ကြယ်ပြာအိမ်ရာတွင် သူ့ကို စောင့်နေသေးသောကြောင့် သူမ၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး မနက်ဖြန်ညတွင် သူမနှင့်အတူ ညစာစားမည်ဟု ကတိပေးခဲ့သည်။
ကြယ်ပြာအိမ်ရာသို့ ပြန်လာသောအခါ မိတ်ကပ်အပြင်အဆင်ခပ်ပါးပါးဖြင့် အလွန်လှပနေသော ခန်းရှကို သူ တွေ့ခဲ့သည်။ သူမသည် ချစ်ခင်မြတ်နိုးဖွယ် ခံစားချက်ကို ပေးစွမ်းနေပြီး ခါတိုင်းထက် ပိုမိုရင့်ကျက်နေဟန် ရှိသည်။ အမျိုးသမီးသေမျိုးများစွာကို တွေ့မြင်ဖူးနေသည့်တိုင် သူမကို တွေ့သောအခါ ထန်ရှု၏ 'လက်နက်' သည် အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သေးသည်။
***