← Chapters

ခေါင်းကိုင်ဖခင်သစ်

Vol. 41 Ch. 572

ခေါင်းကိုင်ဖခင်သစ်

Vol. 41 Ch. 572

လှပသောအမျိုးသမီးတစ်ယောက်ကို တွေ့တိုင်း သူ၏သေနတ်ကို ချိန်ရွယ်မည့် ငယ်ရွယ်နုပျိုသူမျိုး ထန်ရှု မဟုတ်ပေ။ ခန်းရှ၏နှလုံးသားနှင့် အသွေးအသားကို သူ ပိုင်ဆိုင်ထားသည့်တိုင် သူ၏ ပြင်းပြသောဆန္ဒမှ တွန်းအားပေးမှုကို ဆက်လက် ထိန်းထားနိုင်ဆဲဖြစ်သည်။ သူ၏ကိုယ်တွင်းမှ မြင့်တက်နေသော ပြင်းပြသည့် အပူချိန်ကို လျှော့ချပြီးနောက် သူမအား ညင်သာစွာ ပွေ့ဖက်လိုက်ရင်း

'မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးပါ။' ဟု ပြောလိုက်သော ရိုးရှင်းသည့်စကားသည် ခန်းရှ၏ရင်ထဲတွင် လွန်စွာ နွေးထွေးသွားစေသည်။

"လုံကျန့်လင်းလည်း လာတယ်။ ဒါပေမယ့် သူက ငါနဲ့ မလိုက်လာဘူး။" ထန်ရှုနှင့် ကိုယ်ချင်း ခွာလိုက်ပြီးနောက် ခန်းရှသည် ကျေနပ်ပျော်ရွှင်သော အပြုံးဖြင့် ပြောဆိုလာသည်။

ထန်ရှု တခဏလောက် တွေးလိုက်ပြီး အပြုံးဖြင့်

"ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်တွေထဲမှာ သူ့ရှယ်ယာတွေ ပါတယ်လေ။ ဒါကြောင့် သူ ဒီကိစ္စကို ဂရုစိုက်နေတာ သဘာဝပဲ။ ဒီကောင်လေးက သူ့အဖေကို သူ့အရည်အချင်းတွေအကြောင်း အမြဲ သက်သေပြချင်နေတာမို့ အခုဆို ခေါင်းမော့ရင်ကော့နိုင်ပြီပေါ့။”

"ခေါင်းမော့နိုင်မယ်လို့ ဘယ်လို ထင်ရတာလဲ။" ခန်းရှ ရယ်လိုက်သည်။

"သူက စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေတာလေ မဟုတ်ရင် ဒီလိုအောင်မြင်မှုတွေကို ဘယ်လိုလုပ် ပြနိုင်မှာလဲ။"

သူမကို ဆိုဖာပေါ် ဆွဲတင်ရင်း ထန်ရှုက ခေါင်းယမ်းလိုက်ကာ

"မင်း အဲ့ဒီလို ပြောလို့မရဘူး။ နှစ်ပေါင်းများစွာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ဒါမှမဟုတ် သူ့ရဲ့စွမ်းဆောင်ရည်တွေကို မပြသခဲ့ဘူးဆိုပေမယ့် သူ့ရဲ့ဦးနှောက်ဉာဏ်က အတော် အသုံးဝင်သေးတယ်။ တကယ်လို့ သူသာ ကျန်းမာရေးအထောက်အကူပြု ဖျော်ရည်ကို ပြုလုပ်ဖို့ စိတ်ကူးမရခဲ့ရင် ကိုယ်က အဲ့လိုထုတ်ကုန်တွေ ထုတ်ပြီး ငွေရှာလို့ရတယ်ဆိုတာကို သတိထားမိမှာ မဟုတ်ဘူး။ တစ်ခါတရံမှာ စိတ်ကူးတစ်ခုကတောင် ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာတွေကို သူ့ဘာသာသူ ယူဆောင်လာနိုင်တယ်။"

"နင်ပြောတာ အဓိပ္ပါယ်ရှိတယ်။" ခန်းရှက ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ငါတို့ကုမ္ပဏီမှာ ကုန်ပစ္စည်းအမျိုးအစားက နည်းသေးတယ်။ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်တွေအပါ စုစုပေါင်း ထုတ်ကုန် လေးမျိုးပဲ ရှိသည်။ မင်းရဲ့ဦးနှောက်တွေကို အလုပ်ပေးပြီး ငါတို့ ကုမ္ပဏီအတွက် နောက်ထပ် ထုတ်ကုန်များစွာကို တီထွင်ဖို့ရော ဘယ်လိုလဲ။"

ထန်ရှု၏မျက်နှာသည် ရှုံ့မဲ့သွားပြီး ဖြည်းညှင်းစွာ ပြန်ဖြေသည်။

“အဲ့ဒီအကြောင်းကို ပြောရရင် ငွေရှာဖို့ နောက်ထပ် အခွင့်အရေး ရှိသေးတယ်။ အဲ့ဒါက သေချာပေါက် အမြတ်အစွန်း ကြီးကြီးမားမား ရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီထုတ်ကုန်ကို သာမန်လူတွေက အသုံးပြုနိုင်မှာ မဟုတ်ဘူး။ ရည်ရွယ်ထားတဲ့စားသုံးသူတွေက ပြည်တွင်းမှာဖြစ်စေ ပြည်ပမှာဖြစ်စေ ထိပ်ဆုံးမှာ ရှိတဲ့သူတွေ ဖြစ်ရမယ်။”

“ဒါက ဘယ်လို ထုတ်ကုန်မျိုးမို့လဲ။" ခန်းရှ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လျှင်မြန်စွာ မေးလိုက်သည်။

“သာမန်လူတွေရဲ့သက်တမ်းကို တိုးပေးနိုင်တဲ့ ဆေးလုံးအတော်များများကို ကိုယ် သန့်စင်မယ်။ ဒါပေမယ့် အဲ့ဒီဆေးလုံးအရေအတွက်ပမာဏကတော့ မလွဲမသွေ များမှာတော့ မဟုတ်သလို အသက်ကြီးသူတွေအတွက် သက်တမ်းတိုးတာကလည်း သိပ်ရှည်မှာ မဟုတ်ဘူးလေ။”

ခန်းရှသည် ဆိုဖာပေါ်မှ ရုတ်ခြည်းပင် ခုန်ထလာပြီး အံ့အားသင့်သော အမူအရာဖြင့် မေးသည်။ "လူကြီးတွေရဲ့ သက်တမ်းကို တိုးပေးနိုင်တဲ့ ဒီလိုဆေးမျိုးကို နင် တကယ် သန့်စင်ပေးနိုင်တာလား သူဌေး။ သိပ်မရှည်ဘူးဆိုတာ အတိအကျ ဘယ်လောက် ဖြစ်မလဲ။”

"ကိုယ် အဲ့ဒီဆေးလုံးကို အမှန်တကယ် သန့်စင်နိုင်တယ်။ သက်တမ်းက နှစ်နှစ်လောက် ပိုရှည်သွားမယ်။"

ခန်းရှက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးလေးနက်နက် ပြောလာသည်။ "ဒီဆေးက ဘယ်အချိန်မှာ သောက်ရမှာလဲ။ တန်းသောက်ရမှာလား ဒါမှမဟုတ် သေဖို့ သတ်မှတ်ချိန်နီးမှလား။”

"သေဖို့ သတ်မှတ်ချိန်နီးမှပေါ့။" ထန်ရှုက ပေါ့ပါးစွာ ပြုံးပြီး ပြောသည်။

“နောက်ပြီး သူတို့အသက်ရှင်ဖို့ နှစ်အနည်းငယ် ကျန်သေးချိန်မှာ ဆေးသောက်ရင် နောက်ထပ် အားသာချက်တစ်ခု ရှိသေးတယ်။ ဘာလဲဆိုတော့ အဲ့ဒီဆေးက သူတို့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိန်းပေးနိုင်ပြီး အနည်းဆုံး သူတို့ရဲ့ ခန္ဓာကိုယ်အနေအထားကို လွန်ခဲ့တဲ့ဆယ်နှစ်က အခြေအနေအတိုင်း တူညီစွာ ခံစားရလိမ့်မယ်။”

အလွန်အမင်း ကျေနပ်နေသော အကြည့်ဖြင့် ခန်းရှက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“အရေအတွက်ကရော။ ဒီဆေးလုံးကို အရေအတွက် ဘယ်လောက် နင် သန့်စင်ပေးနိုင်လဲ။”

ထန်ရှုက တခဏလောက် စဉ်းစားပြီးနောက် လက်ကို ဆန့်ပြလိုက်သည်။

“တစ်နှစ်မှာ ဆေးလုံး ၂၀၀ ထုတ်တာက ပြဿနာ မဟုတ်ဘူး။”

"အခြေခံဈေးကရော။ ဘယ်လောက်နဲ့ရောင်းဖို့ စိတ်ကူးထားလဲ။"

ခန်းရှက ထပ်မေးလိုက်သည်။

“ကိုယ် ဒီကိစ္စကိုလည်း တွေးထားပြီးပြီ။ သေရတော့မယ့်လူတွေက ပိုက်ဆံအတွက် သိပ်တွေးမှာ မဟုတ်ဘူး။ ဒါကြောင့် ဆေးတစ်လုံးကို ယွမ်မီလီယံ ၁၀၀ပေးရတာ ပြဿနာမဟုတ်ဘူးလို့ ထင်တယ်။”

“မီလီယံ ၂၀၀။ ဒါက အခြေခံဈေးပဲ ဖြစ်လိမ့်မယ်။” ခန်းရှ လက်ခုပ်လက်ဝါး တီးလိုက်သည်။

"ဒီဆေးရဲ့အာနိသင်က နင် ရှင်းပြထားတဲ့အတိုင်း တကယ် ဖြစ်တယ်ဆိုရင် ယွမ်မီလီယံ ၂၀၀ မပြောနဲ့ တစ်ချို့က ဘီလီယံနဲ့ချီပြီး ဝယ်ချင်စိတ်တောင် ပေါက်သွားမှာကိုစိုးရတယ်။ ဒါတင်မကဘူး သူတို့တွေ အဲ့ဒီဆေးကို ရဖို့ ပိုက်ဆံကို တတ်နိုင်သလောက် အရူးအမူး ဖြုန်းတီးပစ်လိမ့်မယ်။”

ထိုအချင်းအရာကို တွေးပြီးနောက် ထန်ရှုက အပြုံးဖြင့် ခေါင်းညိတ်ပြီး

"ဒါဆို ယွမ်မီလီယံ ၂၀၀ထားတာပေါ့။ စကားမစပ် ဒီပစ္စည်းက အကန့်အသတ်ရှိတဲ့ ထုတ်ကုန်တစ်ခုဆိုတော့ တကယ်ရောင်းကောင်းလာရင် လေလံပွဲကြီးတစ်ခုမှာ လေလံတင်ထားလို့ရတယ်။”

ထိုအချိန်တွင် ခန်းရှ၏မျက်လုံးများသည် ယခုအချိန်တွင် သူမ မည်သို့ ခံစားနေရသည်ကို ပြသနေသည်။ သူမသည် အခြေအနေတစ်ခုထိ တိုးတက်လာဖို့ မလွယ်ကူသည့်တိုင်အောင် သူ့ကို ချစ်မိရုံသာမက အထင်ကြီးလေးစားခဲ့သည်။ သည့်မတိုင်ခင်က ထန်ရှုထက် ပိုမိုထူးချွန်သည့် လူငယ်တစ်ယောက်မှ မရှိနိုင်ဟု သူမ ထင်ခဲ့ပေမယ့် ယခုချိန်တွင် သူ့ထက် ပိုတော်သည့်သူ ကောင်းကင်အောက်တွင် တစ်ယောက်မှ ရှိနိုင်တော့မည်မထင်ပါချေ။

"ငါ အခု ဗိုက်မဆာဘူး။"

သူမသည် ရုတ်တရက် ထန်ရှု၏ပေါင်ပေါ်တွင် တက်ထိုင်ကာ သူ၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး သူမ၏ ဆွဲဆောင်မှု ရှိလှသော အနီရောင်နှုတ်ခမ်းများက ထန်ရှု၏နားအနီးသို့ တီးတိုးလေး ပြောလာသည်။

ထန်ရှု အနည်းငယ် ဆွံ့အသွားရသည်။ သူမ၏လှုပ်ရှားမှုနောက်ကွယ်မှ အဓိပ္ပါယ်ကို သူ ချက်ချင်း သတိပြုမိသွားခဲ့သည်။ အစောပိုင်းက သူ ဖိနှိပ်ထားခဲ့ရသည့် တွန်းအားက သူ့ကိုယ်တွင်းထဲတွင် တဖန် ပြန်မြင့်တက်လာပြီး ပြီးခဲ့သောအခိုက်အတန့်ထက် ပိုမိုပြင်းထန်လာခဲ့သည်။

"ဒါဆိုလည်း အေးအေးဆေးဆေး အနားယူကြတာပေါ့။"

ထန်ရှုက ခန်းရှအား အပေါ်ထပ်သို့ ပွေ့ချီသွားသည်။ အသက်ရှူချိန် အနည်းငယ် ကြာသော် သူသည် ခန်းရှအား သူ့ပေါင်ထက်တွင် တင်လျက် အိပ်ခန်းထဲမှ နှစ်ယောက်အိပ်ကုတင်ပေါ်သို့ နှစ်ယောက်သား လဲကျလာသည်။

ပထမထပ်တွင် …

အေပရွန်ကို ဝတ်ဆင်ထားသော အိမ်အကူ ကျန်းရှင်းလန်သည် မီးဖိုချောင်မှ ထွက်လာပြီး ထန်ရှုနှင့် ခန်းရှကို ညစာစားဖို့ ခေါ်ရန်ဟန်ပြင်လိုက်သည်။ ဧည့်ခန်းထဲတွင် မည်သူမျှ မရှိသည်ကို ရုတ်တရက် တွေ့လိုက်သောအခါတွင် သူမ စိတ်ရှုပ်ထွေးသွားကာ ရေရွတ်မိတော့သည်။

“သူတို့တွေ ဘယ်ရောက်သွားကြတာလဲ။ ဟမ် … ဧည့်ခန်းထဲမှာ သူတို့စကားတွေ ပြောနေတာကို ငါ ကြားလိုက်ပါတယ်။ မျက်စိတစ်မှိတ်အတွင်း ဘယ်လိုဖြစ်ပြီး တစ်ယောက်မှ မရှိတော့တာလဲ။"

သူမ ဧည့်ခန်းထဲတွင် တခဏလောက် လှည့်ပတ်ကြည့်လိုက်သည်။ ထန်ရှုနှင့် ခန်းရှ မရှိတော့ကြောင်း သေချာသွားပြီးနောက် သူမက စိတ်ညစ်သွားသောအမူအရာဖြင့် ခေါင်းယမ်းကာ သက်ပြင်းချလိုက်ရင်း

"အိုက်ယား … ငါ့အသက်က ၄၀ကျော်နေပြီဆိုတော့ အိုလာတာကြောင့်များ ဖြစ်နိုင်မလား။ သူတို့ ဒီဧည့်ခန်းထဲမှာ ခုနကပဲ စကားတွေပြောနေကြပေမယ့် အခု ဘယ်သူမှ မရှိတော့တာ ဘယ်လိုဖြစ်တာလဲ။”

သူမသည် ဒုတိယထပ်သို့ မသွားမီ တုံ့ဆိုင်းသွားခဲ့သည်။

ထန်ရှု ပုံမှန် နေထိုင်လေ့ရှိသော အိပ်ခန်းတံခါးဝသို့ သူမ ရောက်လာသောအခါ အတွင်းမှ သာယာစွာ ညည်းညူနေသံများကို ကြားလိုက်ရသည်။ သူမ၏မျက်နှာထက်တွင် အနည်းငယ် အနေရခက်ကာ ရှက်ရွံ့သွားသော အကြည့်တစ်ချက်ပေါ်လာပြီး အမြန်ပြန်ဆုတ်သွားတော့သည်။

နှစ်နာရီကြာပြီးနောက် ထန်ရှုသည် ရေမိုးချိုး အဝတ်အစားလဲကာ ပထမထပ်သို့ ဆင်းလာခဲ့သည်။ ထန်ရှုကို ကြည့်လိုက်သော ကျန်းရှင်းလန်၏ မျက်လုံးများတွင် ပုံမှန်မဟုတ်သော အမူအရာတစ်ခု ပေါ်လာပြီး သူမသည် ကမန်းကတန်း ပြုံးကာ

“မစ္စတာထန် … အစားအသောက်က အေးနေပြီ။ ဘယ်အချိန် စားချင်လဲ မသိတော့ မနွှေးရသေးဘူး။ အခု ချက်ချင်း ပြန် နွှေးပေးရမလား။"

ထန်ရှုက တစ်ချက်ပြုံးလိုက်ပြီး

"ဒုက္ခပေးမိပါပြီ။"

“အဆင်ပြေပါတယ်။ ဒါ ငါ လုပ်သင့်တဲ့အရာပါ။” ကျန်းရှင်းလန်က လက်ကို ဝှေ့ယမ်းရင်း အပြုံးဖြင့် အမြန်ပြန်ဖြေလိုက်သည်။

များမကြာမီ ထန်ရှုသည် ဒုတိယထပ်ရှိ အိပ်ခန်းထဲသို့ အစားအစာများကို ယူဆောင်လာပြီး နှုတ်ခမ်းလေး ကော့တက်သွားသည်အထိ ပြုံးနေသော အိပ်ရာထက်မှ ကြောင်ပျင်းမလေး ခန်းရှကို လှမ်းကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး

“မင်း အိပ်ယာပေါ်ကနေ ဆင်းပြီး စားမလား ဒါမှမဟုတ် အိပ်ယာပေါ်မှာ ထမင်းစားချင်လား။”

"နင် ငါ့ကို ခွံ့ကျွေးရင်ရော ဘယ်လိုလဲ။" ခန်းရှက အပြုံးချိုချိုလေးဖြင့် ပြန်ပြောသည်။

…အဟွတ်…အဟွတ်…

ထန်ရှုသည် မည်သည့်မိန်းကလေးကိုမှ ခွံ့မကျွေးဖူးသော်လည်း ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသော ခန်းရှ၏ ဆွဲဆောင်မှုရှိနေသော မလုံ့တလုံ့အလှနှင့် ဝတ်စုံရင်ကြားနေရာမှ ခေါင်းပြူနေသော သူမ၏ယုန်ဖြူလေး နှစ်ကောင်အား မြင်တွေ့ပြီးနောက် နောက်ဆုံးတွင် သူသည် လိုက်လျောလိုက်ရတော့သည်။

နောက်နေ့မနက် ထန်ရှု နိုးလာသောအခါ နံဘေးမှ ခန်းရှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ သည်တွေ့ရှိမှုသည် သူ့အား တိတ်တဆိတ် နိုးနိုးကြားကြား ဖြစ်စေသည်။ သူ၏လက်ရှိခွန်အားဖြင့်ပင် သတိမပြုမိရအောင် ခန်းရှသည် ကုတင်ပေါ်မှ ထသွားခဲ့သည်။ ဆိုလိုသည်မှာ သူ၏နိုးကြားမှုနှင့် သတိရှိမှုက ပိုဆိုးလာသည့် သဘောပင်။

မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ထန်ရှုသည် ပထမထပ်သို့ ဆင်းလာခဲ့သည်။ ခန်းရှသည် ပထမထပ်တွင် သူမကိုယ်တိုင် မနက်စာ ပြင်ဆင်နေကြောင်း သူ သိခဲ့သည်။ ရိုးရှင်းသော မနက်စာလေး ဖြစ်သော်ငြား နှစ်ယောက်သား မြိန်ရည်ယှက်ရည်ဖြင့် ပျော်ပျော်ပါးပါး စားလိုက်ကြသည်။ စားသောက်ပြီးသောအခါတွင် ပန်းကန်ခွက်ယောက်များကို သန့်ရှင်းရေးလုပ်ရန် အိမ်အကူအား တာဝန်ပေးပြီးနောက် ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်များ၏ သီးသန့်စတိုးဆိုင်ဆီသို့ ၂ယောက်သား အတူချီတက်သွားသည်။

****

အီတလီနိုင်ငံ ရောမမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ခမ်းနားကြီးကျယ်သော နယ်မြေကြီးထဲတွင် ကူဘိုကလန်၏ဌာနချုပ် ရှိသည်။ ယနေ့အထိ ကူဘိုကလန်တစ်ခုလုံးသည် ဝမ်းနည်းဖွယ်ကောင်းသော လေထုအလွှာထဲတွင် နစ်မြှုပ်နေပြီး နယ်မြေကြီးတစ်ခုလုံးအား အလွန်တင်းကျပ်စွာ လက်နက်ကိုင်တပ် အစောင့်ချထားသည်။

နယ်မြေကြီး၏အနက်ရှိုင်းဆုံးနေရာတွင် မီတာဆယ်ဂဏန်းမြင့်သော ရဲတိုက်ဟောင်းအတွင်း ဒရက်ဖ်သည် ညအိပ်ဝတ်စုံဖြင့် ဧည့်ခန်းမရှိ ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်။ သူ့အရှေ့ရှိ လက်ဖက်ရည်စားပွဲ၏ ဘေးတွင် ပါးလွှာသော အဖြူရောင်ဝတ်စုံဖြင့် မိန်းမချောလေး နှစ်ယောက်သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည် စပ်ခြင်းနှင့် ဆေးပြင်းလိပ်များ ဖြတ်ခြင်းတို့ကို ပြုလုပ်နေသည်။

လက်ရှိတွင် ဒရက်ဖ်သည် သူ အိပ်မက်မက်နေခဲ့ရသည့် အရာကို ရရှိထားပြီး အောင်မြင်မှုနှင့်အတူ ပီတိဖြစ်နေသည်ဟု ဆိုနိုင်သည်။ သူသည် ပြင်းထန်သော သွေးများကို သုတ်သင်ရှင်းလင်းပြီးနောက် မျိုးနွယ်စုအတွင်း အခွင့်အာဏာကို အပြည့်အဝထိန်းချုပ်ရန် သုံးရက်မျှသာ အချိန်သုံးခဲ့ရသည်။ ကူဘိုမျိုးနွယ်စုမှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးနှင့် လက်နက်ကိုင်တပ်ဖွဲ့၏ ခေါင်းဆောင်များ အားလုံးက သူ့ထံ အလျှော့ပေးခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် သူသည် ယခုအခါ ဒေါ်လာဘီလီယံ ရာနှင့်ချီသော ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပြီး သူ၏ခြေထောက်ကို တက်နင်းနိုင်သူသည် အီတလီတွင် ငလျင်တစ်ခု ဖန်တီးသကဲ့သို့ ဖြစ်ချေမည်။

"ခေါင်းဆောင် … ပါလာမန်တို အီတာလျံနိုက စပန်ဒါ အလည် ရောက်လာတယ်။"

မျက်နှာထားတင်းတင်းဖြင့် လူတစ်ယောက် တံခါးကို ဖြတ်လျှောက်လာပြီး ဒရက်ဖ်၏အရှေ့မှာ တီးတိုး ပြောလိုက်သည်။

ဒရက်ဖ်၏အမူအရာသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ စပန်ဒါသည် နိုင်ငံတော်ပါလီမန်အပေါ် အမှန်တကယ် အာဏာရှိသူဖြစ်ပြီး ပြောရေးဆိုခွင့် မြင့်မားစွာ ရထားသူတစ်ယောက်ဖြစ်ကာ ၎င်း၏ နောက်ကွယ်တွင် ကြီးစွာအင်အားစုတစ်ခုက ကျောထောက်နောက်ခံပြုထားသည်။ သူသည် ကူဘိုနှင့် ယှဉ်လျှင် လုံးဝ နိမ့်ကျမည်မဟုတ်ပေ။

"သူ့ကို ငါကိုယ်တိုင် တွေ့လိုက်မယ်။"

မိနစ်အနည်းငယ်ကြာသောအခါ ဒရက်ဖ်သည် စပန်ဒါကို တွေ့လိုက်ရပြီဖြစ်သည်။ ထိုလူသည် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးဖြစ်ကာ အသက် အနည်းငယ် ကြီးဟန်ရသည်။ သို့သော် ထိုသူ၏မျက်လုံးများသည် ထူးထူးခြားခြား တောက်ပနေပြီး သူ၏အသိပညာနှင့် ဉာဏ်ပညာကို ထင်ရှားစွာ ဖော်ပြနေသည့်အလားပင်။

"ကူဘိုကလန်ကို အလည်အပတ်လာတဲ့အတွက် ဂုဏ်ယူမိပါတယ် မစ္စတာစပန်ဒါ။ ငါက မင်းဆီကို ကိုယ်တိုင် လာလည်ဖို့ ရည်ရွယ်ထားတာပါ။"

ဒရက်ဖ်၏သဘောထားအပေါ် စပန်ဒါ အတော်ကျေနပ်သွားရသည်။ တကယ်တော့ သူတို့နှစ်ယောက်လုံးသည် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်နေခဲ့တာ ကြာပြီဖြစ်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုမှလည်း သူတို့သည် များစွာသော အကျိုးကျေးဇူးကို ရရှိခဲ့သည်။ ယနေ့တွင် ဒရက်ဖ်သည် ကူဘိုကလန်၏ခေါင်းဆောင် ဖြစ်လာပြီး သူ့လက်ထဲတွင် အာဏာနှင့်လုပ်ပိုင်ခွင့်အား အပြည့်အဝကိုင်ထားနိုင်ပြီဖြစ်သည်။ ထိုသူနှင့်ခြေတစ်လှမ်းပိုနီးလာပြီး ခင်မင်ရင်းနှီးစွာ ဆက်ဆံရခြင်းအတွက် သူသည် ပို၍ ပျော်ရွှင်ခဲ့ပေသည်။

"ခေါင်းဆောင်ဒရက်ဖ်က တကယ်ကို ယဉ်ကျေးလွန်းနေပါပြီ။" စပန်ဒါက ခပ်ဖွဖွပြုံးလိုက်သည်။

“ငါ့ရဲ့ ဒီတစ်ကြိမ် လာရောက်လည်ပတ်မှုက ကူဘိုကလန်ရဲ့ ခေါင်းဆောင်ဖြစ်လာတာကို လာရောက်ဂုဏ်ပြုတာပါ။ ပြီးတော့ တစ်ဖက်ကလည်း မင်းကို လက်ဆောင်ကြီးတစ်ခု ယူလာတယ်။”

ဒရက်ဖ်သည် တစ်စက္ကန့်မျှ မင်သက်သွားကာ

"ငါတို့ စာကြည့်ခန်းထဲမှာ စကားဆက်ပြောကြမလား မစ္စတာစပန်ဒါ။"

"ကျေးဇူးပြုပြီး…"

သူတို့နှစ်ဦးသည် စတုရန်းမီတာ၂၀၀ကျော် ကျယ်ဝန်းသော စာကြည့်ခန်းထဲသို့ ရောက်ရှိလာပြီးနောက် ဒရက်ဖ်သည် ဝိုင်နီနှစ်ခွက်ကို ထည့်ပေးလိုက်ရင်း အပြုံးဖြင့်

“ဒါက ဘယ်လို လက်ဆောင်အမျိုးအစားလဲဆိုတာ သိလို့ရမလား။”

စပန်ဒါသည် ဝိုင်နီကို ညင်သာစွာ စုပ်သောက်လိုက်ပြီး “ငါက မင်းရဲ့ ထောက်ခံသူ ဖြစ်ပေးမယ်။ မဟူရာကလပ်နဲ့ ချောမွေ့စွာ ချိတ်ဆက်နိုင်ဖို့ ထောက်ခံပေးခအဖြစ် ငါ့ကို အမေရိကန်ဒေါ်လာ မီလီယံ၁၀၀ ပေးပါ။"

"မဟူရာကလပ် ဟုတ်လား။"

ဒရက်ဖ်သည် မျက်ခုံးတွန့်သွားကာ သူ၏အမူအရာသည် အနည်းငယ် ရှုံ့မဲ့သွားသည်။ စပန်ဒါက သူ့အား လက်ဆောင်ပေးရန် လာသည်ဟုပြောသော်ငြား ထိုအစား ပိုက်ဆံတောင်းနေခဲ့သည်။ ထို့အပြင် သူ၏လက်ရှိအဆင့်အတန်းဖြင့်ပင် ဝင်ရောက်နိုင်ရန် အခြားလူတစ်ယောက်၏ထောက်ခံချက်ကို လိုသည်မှာ မည်ကဲ့သို့သော ကလပ်မျိုး ဖြစ်ပါသနည်း။

ဒရက်ဖ်၏စိတ်ထဲတွင် ရှိနေသောအရာကို မြင်နေရသကဲ့သို့ စပန်ဒါသည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

"မင်းက အခုကူဘိုကလန်ရဲ့ ခေါင်းဆောင်ဖြစ်နေပြီ။ ဒါကြောင့် မင်းရဲ့အမြင်အာရုံတွေကို ရေရှည်အကျိုးအမြတ်အတွက် စူးစိုက်ရမယ်။ ဒီနေ့ကမ္ဘာ့အင်အားအကြီးဆုံး အင်အားစုတွေရဲ့ ထိပ်တန်းဇယားမှာ ဘယ်အင်အားစုတွေ ပါနေလဲဆိုတာ ပြောပြနိုင်လား။"

ဒရက်ဖ်သည် မျက်ခုံးတွန့်ချိုးသွားရင်း “တစ်ကမ္ဘာလုံးမှာလား။ တစ်ခုမှ မမှတ်မိတော့ဘူး။"

“မင်း မသိဘူးဆိုတော့ ငါ ပြောပြမယ်။ ကမ္ဘာပေါ် မှာ အင်အားအကြီးဆုံး အင်အားစုဆယ်စု ရှိတယ်။ ပထမဆုံးသုံးစုက ကြောက်စရာ အကောင်းဆုံးပဲ။”

စပန်ဒါသည် ပေါ့ပါးသော အပြုံးတစ်ချက် ပြုံးလိုက်ရင်း  “အောက်ဆုံး ခုနစ်စုက ပထမသုံးစုထက် အများကြီး အားနည်းတယ်။ ပထမဆုံး အဖွဲ့အစည်းသုံးခုကို ငါ မင်းကို အရင်ပြောပြမယ်။"

***

All Chapters