← Chapters

မတ်တတ်ရပ်ရင်း အိပ်နေခြင်း

Vol. 41 Ch. 573

မတ်တတ်ရပ်ရင်း အိပ်နေခြင်း

Vol. 41 Ch. 573

စပန်ဒါသည် ဒရက်ဖ်အကြောင်း ကောင်းစွာ သိသည်။ နက်ရှိုင်းသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသော လူတစ်ဦးသည် စိုးရိမ်ရသော်ငြား သူသာ ထိုကဲ့သို့သော လူမျိုးအား သူ၏တပ်စခန်းထဲ ဆွဲသွင်းနိုင်မည်ဆိုပါက အဖွဲ့အစည်းတွင် ပိုမိုအာဏာရရှိလာပေမည်။

"ပထမအဖွဲ့အစည်းက သူ့တို့ကိုယ်သူတို့ ပိရမစ်လို့ ခေါ်တယ်။ ဒုတိယက ခရုဆီဒါအဖွဲ့ချုပ်၊ တတိယကတော့ မဟူရာကလပ်။"

ထိုနာမည်၃ခုကို ရွတ်ပြချိန်တွင် စပန်ဒါ၏မျက်လုံးများထဲတွင် သိပ်သည်းလှသော ရည်မှန်းချက်တို့ဖြင့် ပြည့်လျှံနေခဲ့သည်။ သူ၏ လမ်းလျှောက်တုတ်အား ကြမ်းပြင်ပေါ်တွင် တဒေါက်ဒေါက် ထောက်ရင်း

“မင်း အခု ပိရမစ်နဲ့ ခရုဆီဒါအသင်းကြီးတွေကို သိဖို့ မလိုပါဘူး။ အဲ့ဒီအဖွဲ့အစည်းနှစ်ခုနဲ့ ပတ်သက်လာရင် ငါ့ရဲ့အသိပညာတောင်မှ အတော်ကြီးကို အကန့်အသတ်ရှိတယ်။ ငါ လက်ရှိ အဖွဲ့ဝင်ထားတဲ့ မဟူရာကလပ်က ကမ္ဘာ့နိုင်ငံပေါင်း ၃၉နိုင်ငံက လျှို့ဝှက်တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတယ်။ အီတလီမှာ အဲ့ဒီအဖွဲ့ဝင်တစ်ဦး ဖြစ်လာဖို့ အရည်အချင်းပြည့်မီတဲ့ အင်အားစုနှစ်စုပဲ ရှိတဲ့အနက် တစ်ခုက ငါ့အဖွဲ့၊ နောက်တစ်ခုက မက်စ်တွန်မိသားစုပဲ။"

ဒရက်ဖ်သည် မျက်မှောင်ကြီး ကြုတ်ထားရင်း

"အဲ့ဒီမဟူရာကလပ်ကို ဝင်ရောက်ရတဲ့အတွက် အကျိုးကျေးဇူးက ဘာတွေရမှာလဲ။"

“ရပ်တန့်စရာမလိုတဲ့ စီးပွားရေးလုပ်ငန်းချဲ့ထွင်ခြင်းနဲ့ နိုင်ငံတွင်းက အင်အားစုငယ်တွေ ဒါမှမဟုတ် မိသားစုတွေကို ထိန်းချုပ်ခြင်း။” စပန်ဒါက အဖြေပြန်ပေးသည်။

“လုပ်ငန်းတိုးချဲ့တာကို ငါ နားလည်တယ်။ ဒါပေမယ့် နိုင်ငံတွင်းက အင်အားစုငယ်တွေ ဒါမှမဟုတ် မိသားစုတွေကို ထိန်းချုပ်ခြင်းဆိုတာကို ငါ နားမလည်ဘူး။”

အဓိပ္ပါယ်ပြည့်နေသော အမူအရာဖြင့် စပန်ဒါက “ဥပမာတစ်ခုကို ကြည့်ရအောင်။ မင်းက အင်အားစုငယ်လေးတစ်ခု ဒါမှမဟုတ် မိသားစုတစ်စုကို မျက်စိကျပြီး အဲ့ဒါကို မင်းရဲ့ကူဘိုကလန်အောက်ထဲ ရှိနေစေလိုရင် မင်းရဲ့ဓားကို သူတို့ဆီ လျှို့ဝှက်ညွှန်ပြလို့ရတယ်။ ဒါပေမယ့် မင်းဆီမှာ သူတို့ အညံ့ခံလာဖို့ လိုအပ်တာ မရှိမှာကို စိုးရွံ့တယ်ဆိုရင် အကူအညီအတွက် မဟူရာကလပ်ကို မင်း တောင်းဆိုလို့ရတယ်။ ငွေရေးကြေးရေးပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တပ်ပဲဖြစ်ဖြစ် ရတယ်။ စည်းမျဉ်းစည်းကမ်းတွေအရ မင်းဂိုဏ်းရဲ့ ချမ်းသာကြွယ်ဝမှု ဆယ်ပုံတစ်ပုံကို ထုတ်ယူပြီး အကူအညီအတွက် အဖွဲ့အစည်းကို လွှဲပေးဖို့တော့ လိုတယ်။”

ဒရက်ဖ်၏မျက်လုံးများ ကျုံ့သွားကာ သူ၏နှလုံးသားထဲတွင် ထိတ်လန့်သော ခံစားချက်တစ်ခု တိုးလာသည်။ ဤမျှကြောက်စရာကောင်းသော အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ်တွင် ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့ဖူးပါ။ များပြားလှသော ရောထွေးယှက်နွယ်နေသော စွမ်းအားများအပြင် ကြောက်မက်ဖွယ်ရာ ကြီးမားသော စွမ်းအားများသည် ၎င်းတို့အား တွန်းလှန်ရန် ပစ်မှတ်ထားခံနေရသော တပ်ဖွဲ့များနှင့် မိသားစုများအတွက် အလွန်ခက်ခဲမည်မဟုတ်ပါလား။

“ငါ့ကို အချိန်တစ်ခုပေးပါ။ ဒါကို စဉ်းစားဖို့ အချိန်လိုတယ်။”

ဒရက်ဖ်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောသည်။

“ဒီကိစ္စက အရမ်းအရေးကြီးတာမို့ ဆုံးဖြတ်ချက်မချခင် မင်းရဲ့ ကူဘိုကလန်မှာ ရှိတဲ့ လူတွေနဲ့ ဆွေးနွေးချင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။" စပန်ဒါက အပြုံးဖြင့် ခေါင်းညိတ်သည်။

“မင်းမှာ အဲ့ဒါကို စဉ်းစားဖို့ အချိန်အများကြီး ရတယ်။ ဆုံးဖြတ်ချက်ချပြီးရင် ငါ့ကို ရှာပါ။ အနာဂတ်မှာ ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေပါတယ်။”

"ပြဿနာမရှိပါဘူး။" ဒရက်ဖ်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

စပန်ဒါကို လိုက်ပို့ပြီးနောက် ဒရက်ဖ်သည် အချိန်အတော်ကြာအောင် စဉ်းစားခန်းဝင်နေမိသည်။ ထို့နောက် အရှေ့တိုင်းသား လူငယ်လေး၏ ချောမောသော မျက်နှာသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူသည် စီးကရက်အများအပြား ကုန်သွားပြီးနောက် နောက်ဆုံးတွင် အရှေ့တိုင်းထာဝရခန်းမကို ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်အဖွဲ့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်စွမ်းအားတစ်ခု ဖြစ်ပြီး ၎င်းတို့နှင့် ပိုမိုနက်ရှိုင်းသောဆက်ဆံရေး ရှိထားရန် လိုအပ်သည်။ တခြားနယ်ပယ်များတွင်လည်း ပူးပေါင်းလုပ်နိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။

****

ရှန်ဟိုင်း…

ထန်ရှုနှင့် ခန်းရှတို့သည် စည်ကားနေသော လမ်းထောင့်တွင် ငြိမ်သက်စွာ ရပ်နေရင်း မီတာဆယ်နှင့်ချီရှည်လျားသော တန်းစီနေသည့် လူတန်းရှည်ကြီးနှစ်ခုကို ကြည့်နေကြသည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ ထုတ်ကုန်များသည် ယခုအခါတွင် နိုင်ငံတွင်းရှိ လူများက အသိအမှတ်ပြုခံထားရပြီး ၎င်းတို့၏ ထုတ်ကုန်များသည် အလှကုန်များ သို့မဟုတ် နတ်ဘုရားဝတ်ရည်ဝိုင်များပင် ဖြစ်ပါစေ လွန်စွာ ရေပန်းစားခဲ့သည်။

ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်များ၏ ကြော်ညာများအား လွန်ခဲ့သောနှစ်လအစောပိုင်းက စတင်ထားခဲ့ရာ ယခုအခါတွင် ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုမှ ထုတ်လုပ်သော ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်များ၏ အကျိုးသက်ရောက်မှုကိုတစ်နိုင်ငံလုံးရှိ လူတိုင်း သတိပြုမိနေပြီဖြစ်သည်။ ယခုခေတ်တွင် ချမ်းသာသောသူများစွာ ရှိသော်လည်း ထို 'ရှုထောင့်'တွင် အပေါက်နီးပါးရှိသောသူတွေက ပိုများသည်။ ထို့ကြောင့် ခန္ဓာကိုယ်အရည်ဓာတ်ကို အားဖြည့်ပေးပြီး ကျောက်ကပ်ကို အာဟာရ ဖြည့်ပေးခြင်းဖြင့် ယင်ဓာတ်ချို့တဲ့မှုကို ကုသသည့် ထုတ်ကုန်များသည် လူအားလုံးကို ရူးသွားနိုင်လောက်စေသည်။

"မင်း ဘာတွေ တွေးနေတာလဲ။" ထန်ရှုက ခန်းရှကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

"ငါတို့ရဲ့ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်တွေကို ဘယ်သူမှ မယူကြသေးသလို ယုံကြည်ချက် မြင့်မြင့်မားမားလည်း မရရှိသေးတာမို့ အဲ့ဒီထုတ်ကုန်တွေ ရောင်းချရ အလွန်ခက်ခဲမှာကို ငါ တကယ် စိုးရိမ်နေခဲ့တာ။ ဒါပေမယ့် ဒီဆိုင်ခွဲကနေပဲ ဝယ်ဖို့ တန်းစီနေတဲ့သူတွေ အများကြီးရှိမယ်လို့ မထင်ခဲ့ဘူး။ ငါ့ရဲ့ တည်ရှိနေမှုတောင် မလိုတော့ဘူးလို့ ထင်တယ်။”

"မင်း မှန်တယ်။ မင်း ဒီဆိုင်မှာ ရှိ၊မရှိ  ဒါက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ မင်း ဒီမှာ မရှိရင်တောင် ရောင်းအားက ကောင်းသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း ခေါ်လာတဲ့သူတွေကို ဒီမှာ နေပြီး ကူညီပေးဖို့ မှာခဲ့။ ကိုယ်တို့တွေ ပြန်သွားပြီးတော့ သတင်းပဲ စောင့်ရအောင်။"

ခန်းရှက သဘောတူပြီးနောက် ညွှန်ကြားချက်များ ပေးရန် ဖုန်းခေါ်ဆိုခဲ့သည်။ ထို့နောက် သူမသည် ထန်ရှုနှင့်အတူ ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်သွားခဲ့သည်။ ရှန်ဟိုင်း၏သီးသန့်စတိုးဆိုင်ရောင်းအားသည် အလွန်မြင့်မားပြီး သူမအား စိတ်ကျေနပ်စေသော်လည်း ခန်းရှသည် လုံးဝ စိတ်သက်သာရာ မရသေးဘဲ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ အကြီးတန်းအမှုဆောင်အရာရှိများနှင့် ဆက်သွယ်ကာ ၎င်းတို့၏တုံ့ပြန်ပြုချက်များအား အွန်လိုင်းတိုက်ရိုက်ဗီဒီယိုမှတစ်ဆင့် အာရုံစိုက်နေခဲ့သည်။

ထန်ရှုကိုယ်တိုင်က သူမနှင့်အတူ အိမ်မှာ ရှိမနေဘဲ တစ်စုံတစ်ယောက်၏ဖုန်းခေါ်ဆိုလာမှုကြောင့် အပြင်သို့ ထွက်သွားခဲ့သည်။

****

ရှန်ဟိုင်းတက္ကသိုလ်၏ စာသင်ခန်း အဆောက်အဦးအောက်တွင် ဟန်ကျင်းဝူသည် အနီရောင်ဆီဒင်ကားတစ်စီး၏မောင်းသူနေရာ၌ ထိုင်နေပြီး သူမ၏မျက်လုံးများသည် အနည်းငယ် မှုန်ဝါးဝါး မှိုင်တွေတွေ ဖြစ်နေဟန်ရသည်။ သူမ၏ပုံပန်းသွင်ပြင်သည် အတန်ငယ် စိတ်ဓာတ်ကျနေကြောင်း လွန်စွာ သိသာပေသည်။ ရံဖန်ရံခါတွင် သူမသည် ကျောင်းဝင်းတံခါး ရှိသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ပြီး သူမ၏မျက်နှာလေးသည် မျှော်လင့်ချက်ရောင်ခြည်ဖြင့် တစ်ချက်တစ်ချက် အသိပြန်ဝင်လာသည့်နှယ်ပင်။

…ဒေါက်…ဒေါက်…

ရှေ့ထိုင်ခုံတံခါးခေါက်သံ ကြားလိုက်ရပြီး ထန်ရှုသည် တံခါးကိုဖွင့်ကာ ဝင်လာသည်။ လှည့်ကြည့်လာသော ဟန်ကျင်းဝူ၏မျက်နှာလေးအား ကြည့်လိုက်ရင်း

"မင်း ဘယ်အချိန်က ပြန်လာတာလဲ။"

"ငါ မနေ့ကပဲ ပြန်ရောက်တယ်။" ဟန်ကျင်းဝူက နူးညံ့စွာ ပြောသည်။

သူမ၏စိတ်မပျော်သောအမူအရာကိုကြည့်ရင်း ထန်ရှုက သိချင်စိတ်ဖြင့်

"ဘာဖြစ်နေတာလဲ။ အတူတူပြန်လာဖို့ မခေါ်လို့ ကျွန်တော့်ကို အပြစ်တင်နေတာလား။

“မတင်ပါဘူး။ နင်က အရေးပေါ်အခြေအနေကြောင့် ပေကျင်းကို သွားခဲ့ရတာဖြစ်ပြီး ရှန်ဟိုင်းကို ဘယ်အချိန် ပြန်လာမလဲဆိုတာ မသိဘူးလို့ ရှောင်ရွှဲ့က ပြောတယ်။” ဟန်ကျင်းဝူက ခေါင်းယမ်းရင်း တီးတိုးဆိုသည်။

"ဒီလိုဆို မင်းရဲ့စိတ်အခြေအနေတွေက ဘာလို့မကောင်းနေတာလဲ။" ထန်ရှုက မေးလိုက်သည်။

ဟန်ကျင်းဝူ တခဏတိတ်ဆိတ်နေပြီးနောက် တိုးတိတ်စွာ အဖြေပေးလာခဲ့သည်။

"မနေ့ညက အဖေ့သူငယ်ချင်းဟောင်းရဲ့သားနဲ့ ဘလိုင်းဒိတ်တွေ့ဖို့ ငါ့မိဘတွေက ငါ့ကို အတင်းအကြပ် ဖိအားပေးခဲ့တယ်။ သူက နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အကြီးတန်း အမှုဆောင်အရာရှိဖြစ်ပြီးတော့ တစ်နှစ်တာ လစာက ဂဏန်းခုနစ်လုံးကျော်ရသလို ယောက်ျားပီပီသသနဲ့ ချောပါတယ်။ သူ့မှာ အိမ်နဲ့ ကားလည်း ရှိတယ်။ ဒါပေမယ့် ငါ ဘာကြောင့်မှန်း မသိဘူး... သူ့အပေါ် ဘာခံစားချက်မှ မရှိခဲ့ဘူး။ နင်ကလွဲရင် ဘယ်ယောက်ျားကိုမှ ဒီလို ခံစားချက်မျိုး မခံစားဖူးမှန်း ငါ နားလည်လာတယ်။ ဒီအခြေအနေက အခုနှစ် ရှန်ဟိုင်းတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲအပြီး စခဲ့သလိုပဲ။”

ထန်ရှုက မျက်ခုံးတွန့်ချိုးသွားရကာ သူ့ခေါင်းကို ညွှန်ပြရင်း

"မင်းရဲ့ခေါင်းထဲ ပေါ်ပေါ်လာတဲ့ ပုံရိပ်တွေရဲ့ လွှမ်းမိုးမှုကြောင့်လား။"

“ဟုတ်လိမ့်မယ်။ ဒါပေမယ့်…” ဟန်ကျင်းဝူ ခေါင်းညိတ်သည်။

"အဆင်ပြေတယ်။ မင်း ငါ့ကို ဘာမဆို ပြောပြနိုင်တယ်။"

"တကယ်တော့ ငါ မင်းကို မပြောရသေးတာ တစ်ခု ရှိတယ်။ အဲ့ဒီဟာက ငါ့ခေါင်းထဲမှာ ပေါ်လာတဲ့ပုံရိပ်တွေထက် ပိုများတယ်။ အဲဒီနေ့ညက မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ နင့်ရဲ့သီချင်းသံနဲ့ ဇီသာတေးသံက ငါ့ကို ဝတ္ထုကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်သွားတယ်။ တွေးလို့မရတဲ့ မြင်ကွင်းတချို့ကို ငါ မြင်ရပြီး ငါ မမြင်နိုင်တဲ့ မျက်နှာပိုင်ရှင် ယောက်ျားတစ်ယောက်ရဲ့ နောက်ကျောလေးကိုပဲ မြင်လိုက်ရတယ်။"

"ဘယ်လို မြင်ကွင်းမျိုးလဲ … အတိအကျ ပြောပါဦး။" ထန်ရှု၏ မျက်နှာ ပျက်သွားပြီး လေးလံသောအသံဖြင့် ပြောလိုက်ရသည်။

သူမ၏မျက်နှာနှင့်ရင်ဘတ်လေးကို ဖုံးကွယ်ထားရင်း ဟန်ကျင်းဝူက ဖျော့တော့နေသော အမူအရာဖြင့် “ငါနဲ့ရုပ်ချင်းတူတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရပြီး သူမက အရမ်းနောင်တရစရာ တစ်ခုခုကို လုပ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီမှာ ကမ္ဘာပျက်သုဉ်းတဲ့နေ့ကို ရင်ဆိုင်နေရသလိုပဲ ငါ မမြင်နိုင်တဲ့ မျက်နှာပိုင်ရှင် အမျိုးသားက လူများစွာရဲ့ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံနေရတယ်။ မှော်ဇာတ်ကားတစ်ကားရဲ့ အပိုင်းတစ်ခုလိုပါပဲ။ ငါနဲ့ ရုပ်ချင်းတူတဲ့ အဲ့ဒီအမျိုးသမီးက သူမ သိပ်ချစ်ရတဲ့သူကို သတ်ပစ်လိုက်ပြီး နောင်တများစွာနဲ့ သူ့ဘေးမှာပဲ သတ်သေသွားတယ်။”

…ကိုယ့်ကိုယ်ကို သတ်သေသွားတာလား…

ထန်ရှု၏နှလုံးသားလေး တုန်ရီသွားပြီး သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပေါ်ပေါက်လာသည်။

ဟန်ကျင်းဝူ မည်သည့်အရာကို ဆိုလိုသည်ကို သူ ကောင်းစွာသိသည်။ သူမ တွေ့ခဲ့သော ကမ္ဘာ၏ မြင်ကွင်းသည် အတိဒုက္ခကို ရင်ဆိုင်နေရသော သူ၏မြင်ကွင်း ဖြစ်လိမ့်မည်။ ဝိုင်းရံခံထားရသော လူတစ်ဦး၏မြင်ကွင်းသည် သူ့အား တိုက်ခိုက်ရန် ရွှဲ့ချင်းချန်နှင့်ပေါင်းစည်းခဲ့သော သူ၏အကောင်းဆုံး သူငယ်ချင်းများက ဝိုင်းရံထားသည့်မြင်ကွင်း ဖြစ်ပေသည်။ ဒါပေမယ့်…

ဒါပေမယ့် ရွှဲ့ချင်းချန်က မည်သည့်အတွက်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေပါသနည်း။ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်ကို အောင်မြင်စွာ ရရှိခြင်းအတွက် အလွန် ပျော်ရွှင်နေသင့်ပြီး သူမ၏လောဘနှင့် တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများအတွက် စိတ်ကျေနပ်နေသင့်သည် မဟုတ်ပါလော။

"ကျွန်တော် သွားရတော့မယ်။ ကျွန်တော့်မှာ လုပ်စရာတွေ ရှိနေသေးလို့။”

ထန်ရှု၏မျက်နှာသည် ဖျော့တော့နေသည်။ သူသည် အသိစိတ်ပျောက်သွားသည့်အလား ကားတံခါးကို တွန်းဖွင့်ပြီး ကျောင်းဝင်းတံခါးဆီသို့ တုန်လှုပ်ချောက်ချားစွာ လျှောက်သွားခဲ့သည်။ ကားပေါ်မှ အလျင်စလိုဆင်းကာ သူ့နောက်လိုက်ပြီး တကြော်ကြော်အော်ခေါ်နေသည့် ဟန်ကျင်းဝူကိုလည်း သူ ပြန်လှည့်မကြည့်ခဲ့ပေ။

…သတ်သေတာတဲ့လား…

အကြောင်းပြချက်ကို နားလည်အောင် သူ့ကိုယ်သူ တွန်းအားပေးရင်း ထိုစကားလုံးက မှော်ဆန်တဲ့ ကျိန်စာတစ်ခုသဖွယ် သူ့နှလုံးသားကို နစ်မြုပ်သွားစေသည်။ သူတို့နှစ်ယောက် သိသိသာသာ ချစ်ခဲ့ကြသော်လည်း သူမသည် ဓားသွားကို ညွှန်ပြလာသည်။ သို့သော် သူမ၏ရည်မှန်းချက် အောင်မြင်ပြီးသွားချိန်တွင် သူမကိုယ်သူမ သတ်သေခဲ့သည်...။

ထန်ရှုသည် ကစင့်ကလျားအခြေအနေဖြင့် ကြယ်ပြာအိမ်ရာသို့ ပြန်လာခဲ့သည်။ စာကြည့်ခန်းထဲရှိ ခန်းရှကိုပင် မကြည့်ဘဲ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် တက်သွားခဲ့ပြီး ကုတင်အစွန်းတွင် ထိုင်ကာ စီးကရက်ကို မရပ်မနား စတင် ဖွာရှိုက်နေမိသည်။ စီးကရက်တစ်ဘူး ကုန်ခါနီးတွင် အိပ်ခန်းတံခါးတွန်းဖွင့်သံ ကြားလိုက်ရပြီး ခန်းရှ၏ထိတ်လန့်တကြားအော်သံ ထွက်ပေါ်လာပါတော့သည်။

"သူဌေး … နင် ဘာလို့ စီးကရက်တွေ တအား သောက်နေတာလဲ။"

ထန်ရှု အသိဝင်လာပြီး ခန်းရှကို ကြောင်ကြည့်နေမိသည်။ သူ့လက်ချောင်းများကြားတွင် လောင်ကျွမ်းနေသည့် စီးကရက်အား ငုံ့ကြည့်လိုက်ရာ ဖင်စီခံထိပင် ရောက်ရှိနေပြီဖြစ်သည်။ ဘာကိုမှ မသိတော့အောင် ကိုယ်ရောစိတ်ပါ နာကျင်နေရပြီး ခါးသီးသော မွန်းကျပ်မှုများနှင့်အတူ သူ့ရင်ထဲတွင် တနုံ့နုံ့ ဖြစ်နေရသည်။ စီးကရက်အား ဆေးလိပ်ပြာခွက်ထဲတွင် ငြိမ်းသတ်လိုက်ပြီး စီးကရက်နံ့များ တထောင်းထောင်း ထနေသော သူ၏ခန္ဓာကိုယ်အား ခန်းရှဆီသို့ တရွတ်တိုက် ဆွဲယူလာသည်။

သူမကို သူ ပွေ့ဖက်လိုက်သည်။ ခွန်အား သိပ်မထည့်ထားသည့်တိုင် ခန်းရှအား သူ့ခန္ဓာကိုယ်ထဲ ပေါင်းထည့်တော့မည့်အလား ဖက်ထားခြင်းဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်လာသော အလင်းရောင်နှင့် အပူသည် သူ၏ရှုပ်ထွေးကာ ယောက်ယက်ခတ်နေသော နှလုံးသားအား အလင်းရောင်ပေးနေဟန်ရသည်။

အချိန်အတန်ကြာပြီးနောက် ခန်းရှ မော့ကြည့်လိုက်ရာ စုံမှိတ်ထားသော ထန်ရှု၏မျက်လုံးများကို တွေ့လိုက်ရပြီး ဟောက်သံ အနည်းငယ်ကိုပါ ကြားလိုက်ရလေသည်။ သူမ၏လှရက်နိုင်လွန်းသော မျက်နှာလေးထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

…အိပ်ပျော်သွားတာလား။ နင် မတ်တပ်ရပ်နေရင်း ဘယ်လိုများ အိပ်ပျော်သွားတာတုန်း…

သူမ လှုပ်ရှားချင်သော်လည်း ထန်ရှုက သူမအား ဆက်လက်ဖက်ထားဆဲဖြစ်သည်။ သူ အသုံးပြုသည့် ခွန်အားက ယခင်ထက်စာရင် အများကြီး အားနည်းနေသော်လည်း ထန်ရှု နိုးသွားမှာကို သူမ ကြောက်နေခဲ့သည်။ ခန်းရှ တုံ့ဆိုင်းသွားပြီးနောက် သူမသည် မတ်တပ်ရပ်နေသော ကိုယ်အနေအထားကို ထိန်းကာ ထန်ရှုအား ဆက်လက်ပွေ့ဖက်ခွင့် ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ထန်ရှုမှ ပေးထားသော ကျင့်ကြံနည်းစနစ်အတိုင်း သူမ၏ခန္ဓာကိုယ်အတွင်းရှိ ပူနွေးသော ချီစီးကြောင်းကို တိတ်ဆိတ်စွာ ထိန်းချုပ်နေခဲ့သည်။

ဟင်…

မိနစ်အနည်းငယ်အကြာတွင် ထန်ရှု၏ပွေ့ဖက်ထားမှုအတိုင်း နေရင်း ကျင့်ကြံနေခိုက် သူမ၏ခန္ဓာကိုယ်ထဲသို့ အေးမြသောစွမ်းအင်တစ်ခု ဝင်လာသည်ကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သူမ၏ ဒန်တျန်အတွင်းသို့ စီးဝင်လာသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ထိုစွမ်းအင်စီးကြောင်းသည် သူမ၏မရီဒျာန်များတစ်လျှောက် ဖြတ်သွားကာ ဒန်တျန်အတွင်းသို့ ပြန်ဝင်သွားခဲ့ပြီး နောက်ဆုံးတွင် တစ်ပေါင်းတစ်စည်းအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ချေပြီ။

နှစ်နာရီလောက်ကြာသွားသော်လည်း ထန်ရှု၏ ပွေ့ဖက်ထားခံရသော ခန်းရှသည် ဆက်လက် မတ်တပ်ရပ်နေရဆဲဖြစ်သည်။ သို့သော် သူမ၏ လေ့ကျင့်မှုအရှိန်သည် သူမတစ်ယောက်တည်း ကိုယ်တိုင်လေ့ကျင့်ချိန်ထက် များစွာပိုမြန်ကြောင်း အံ့သြဖွယ်ရာတွေ့ရှိချက်ကြောင့် သူမ ပိုမို အံ့အားသင့်သွားခဲ့ရသည်။ နှစ်နာရီအတွင်း သူမ၏ခန္ဓာကိုယ်အတွင်းရှိ ချီစီးဆင်းမှုသည် မထင်မှတ်စွာ ယခင်ကထက် နှစ်ဆတိုးလာခဲ့သည်။ သူမ မယုံကြည်လောက်အောင် အဖြစ်ရဆုံးသော အရာမှာ သူမ၏ ချီထိန်းချုပ်နိုင်မှုသည် ယခုအခါ လွန်စွာ တိုးတက်နေခဲ့ပြီ ဖြစ်သည်။ ယင်းမတိုင်မီတွင် သူမသည် ထိုချီစီးကြောင်းကို လည်ပတ်ရန် သူမ၏ စွမ်းအင်အားလုံးကို မြှုပ်နှံပြီး အပြည့်အဝ အာရုံစိုက်ရန် လိုအပ်ခဲ့သည်။

…ဘာတွေ ဖြစ်နေတာလဲ။ ထန်ရှုကြောင့်များလား…

ထိုအတွေးက သူမ၏စိတ်ထဲသို့ ဝင်လာသော်လည်း ခန်းရှသည် နောက်ဆုံးတွင် ၎င်းအတွေးကို ခေါက်ထားလိုက်သည်။ သူမ အချိန်မဖြုန်းချင်။ ယခုအချိန် ကျင့်ကြံခြင်းသည် ကြီးမားသော အကျိုးသက်ရောက်မှုကို ရရှိစေသောကြောင့် ကျင့်ကြံမှုအား စက္ကန့်တိုင်း မိနစ်တိုင်း ဆုပ်ကိုင်ထားရမည်ဖြစ်သည်။ ယခုအခါ အင်ဒီ၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူမထက် အနည်းဆုံး ဆယ်ဆ ပိုမိုပြင်းထန်သည်။ အင်ဒီ့ထက် မသာလွန်နိုင်ပါ ထန်ရှု၏အရှေ့တွင် သူမ ခေါင်းထောင်ရန် ခက်ခဲသွားပေလိမ့်မည်။

***

All Chapters