← Chapters

အလှည့်အပြောင်း

Vol. 43 Ch. 591

အလှည့်အပြောင်း

Vol. 43 Ch. 591

အနာဂတ်တွင် အလွန်ချမ်းသာလာလိမ့်မည်ဟု ချန်းရှောင်ဝမ်တစ်ယောက် အတိတ်တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း မီလျံများစွာကို မုန့်ဖိုးအဖြစ် သတ်မှတ်နိုင်လောက်အောင်ထိ သူမ တစ်ခါမျှ မတွေးဝံ့ခဲ့ပေ။ ထိုငွေပမာဏသည် သူမနှင့် လွန်စွာ ဝေးကွာလွန်းလှပေသည်။

သို့သော် အတိတ်တစ်ချိန်က နားလည်မှုလွဲကာ ဝေးကွာခဲ့ရသည့် သူမ၏မောင်လေးသဖွယ် ချစ်ခင်ရသူက သူမ၏အရှေ့တွင် သူမအား မုန့်ဖိုးအဖြစ် ယွမ်ငွေ မီလီယံပေါင်းများစွာ ပေးမည်ဟု ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပေရာ … သူမ အထိတ်တလန့်ဖြစ်သွားရပြီး တုန်တုန်လှုပ်လှုပ်ဖြင့် တံတွေးမျိုချမိရာ သီးတောင် သီးသွားခဲ့ရသည်။

အချိန်အတော်ကြာမှ ချစ်စရာကောင်းသော အပြုံးလေးဖြင့်

“အဲ့ဒီလို ပေါ့ပေါ့ဆဆတွေ မပြောစမ်းနဲ့ မောင်လေး။ ဒီအကြောင်းကို တွေးတောင် မတွေးရဲတာမို့ ပိုက်ဆံတွေ အများကြီးအကြောင်း မပြောနဲ့တော့။ ဒီလောက် များတဲ့ ပိုက်ဆံတွေ နင်ပေးခဲ့ရင်တောင် အဲ့ဒီပိုက်ဆံတွေအတွက် သောကတွေများပြီး ငါ  အိပ်လို့တောင် ရမှာမဟုတ်ဘူး။ လက်ခံရဲတဲ့သတ္တိလည်း ငါ့မှာ မရှိဘူး။ နင့်ရဲ့ပိုက်ဆံကို တခြားဘယ်မှာမှ သုံးစရာ မရှိရင် ပရဟိတ လုပ်လိုက်လေ။ အခုခေတ်မှာ ချမ်းသာတဲ့သူတွေ အများကြီးရှိပေမယ့် ပိုပြီးဆင်းရဲတဲ့သူတွေလည်း ရှိတယ်။”

“အိမ်ယာမဲ့ကလေးတွေကို ကျွန်တော် အများကြီး မွေးစားထားသလို ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာလည်း ပရဟိတရန်ပုံငွေတစ်ခု ထူထောင်ဖို့ ကူညီပေးထားခဲ့တယ်။ ကျွန်တော့်ရဲ့အားထုတ်မှုက ရေပုံးထဲက ရေတစ်စက်လောက်ပဲ ရှိတယ်ဆိုပေမယ့် ကျွန်တော့်လို ရေစက်လေးတွေ များလာရင် ရေပုံးလည်း ပြည့်လာမှာမဟုတ်လား … အနာဂတ်မှာ ကျွန်တော် ဒီလိုမျိုးတွေ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။”

“ကောင်းတယ်။” ချန်းရှောင်ဝမ် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများတွင် သဘောကျဝမ်းသာခြင်းတို့ ဖုံးလွှမ်းနေပေတော့သည်။

နှစ်ယောက်သား ကော်ဖီသောက်ရင်း ပျော်ရွှင်စွာ စကားပြောနေကြစဉ် မိန်းမလှလေးတစ်ယောက်သည် ကော်ဖီဆိုင်ရှေ့တံခါးမှ ဝင်လာခဲ့သည်။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏အနောက်မှ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦး လိုက်ပါလာခဲ့သည်။

"ဟယ်လို သူဌေး…"

ကုဝါကို ယာမာမိုတိုက ထန်ရှု၏အရှေ့တွင် လာရပ်ရင်း လက်သီးစု ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။ အနောက်မှ ပါလာသော အမျိုးသမီးနှစ်ယောက်က ကြမ်းထက်တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ ခေါင်းငုံ့ပြီး စကားတစ်ခွန်းမှ မဆိုပေ။

ကော်ဖီဆိုင်နံရံအား နောက်ကျောမှီကာ ထိုင်နေသော ထန်ရှုသည် ကုဝါကို၏အသံကို ကြားသည့်အခါ လှည့်ကြည့်လိုက်သည်။ သူမ၏အနောက်မှ အမျိုးသမီးနှစ်ဦး၏လုပ်ရပ်ကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး

“ထလိုက်ပါ။”

ကုဝါကို စကားပြောသည့်အချိန်တွင် ချန်းရှောင်ဝမ်က သူမအား လှမ်းကြည့်မိလိုက်ရာ ကုဝါကို၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးနောက် သူမ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ သူမ၏မျက်နှာထက်တွင် မယုံနိုင်သော အမူအရာ ဖြစ်ပေါ်လာပြီး ဂနာမငြိမ်ဟန်ဖြင့် ထိုင်ခုံထက်မှ ရုတ်တရက် ခုန်ဆင်းလိုက်မိသည်။

ချန်းရှောင်ဝမ်၏ ပုံမှန်မဟုတ်သော တုံ့ပြန်မှုကို ထန်ရှု မြင်သွားသဖြင့် စိတ်အတွင်းပိုင်း၌ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူက ကူဝါကိုကို ကြည့်နေဆဲဖြစ်ပြီး ပြောလိုက်သည်။ “ငါ့ရှေ့မှာ လူတွေ အရမ်းနေရခက်တာကို ငါ ဘယ်တော့မှ မကြိုက်ဘူးဆိုတာ မင်းလည်း သိပါတယ်။ မင်းရဲ့လက်အောက်ငယ်သားတွေကို ငါနဲ့တွေ့တိုင်း အဲ့ဒီလို ဒူးမထောက်ဖို့ ညွှန်ကြားပါ။"

ကုဝါကိုသည် ရိုသေလေးစားသောအမူအရာဖြင့် ရပ်နေရာမှ ထန်ရှု၏စကား ကြားသော် အံ့အားသင့်သွားရင်း အမြန် ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့ပါ။ ဒီငယ်သားက သူတို့ကို ကောင်းကောင်း သင်ပေးလိုက်ပါမယ်။”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီး ချန်းရှောင်ဝမ်အား သူထိုင်နေသော ဆိုဖာဘက်ခြမ်းသို့ ဆွဲကာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် ကုဝါကိုအား အရှေ့ရှိ ဆိုဖာတွင် ဝင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ ကုဝါကိုက ပိုမိုထက်မြက်လာပြီး သူ့လက်အောက်ငယ်သားများအား အနီးရှိ ဆိုဖာထက်တွင် ထိုင်ခိုင်းလိုက်သည်။

"ကဲ … အခုပြောပါဦး။ မင်းက ငါ့ကို တစ်ခုခုပေးဖို့ဆိုပြီး ဂျပန်က ရုတ်တရက် ထွက်လာတာ ဘာများလဲ။"

ကုဝါကိုက သူမ ယူဆောင်လာသော လက်ဆွဲအိတ်အား ထန်ရှု၏အရှေ့တွင် ချပေးရင်း

"ဒါက လေ့လာစူးစမ်းသူတချို့ဆီက ငါ့လူတွေ ယူလာတာ သူဌေး။ အဲ့ဒီလေ့လာစူးစမ်းသူတွေအဖွဲ့က အတော်စွမ်းဆောင်နိုင်တဲ့ နိုင်ငံခြားကြေးစားအဖွဲ့တစ်ဖွဲ့ကို ငှားပြီး လုပ်ဆောင်ခဲ့တာ အံ့အားသင့်ဖို့ကောင်းတဲ့ အကျိုးရလဒ်ကို သူတို့ ရခဲ့တယ်။ ဒီပစ္စည်းက သူတို့ရလာတဲ့ အကျိုးရလဒ်ထဲကမှ အရေးကြီးဆုံးအရာပဲ။ ဒီပစ္စည်းက တော်တော် ထူးထူးခြားခြား ရှိတယ်လို့ ငါ ခံစားမိတာနဲ့ သူဌေးကို ချက်ချင်းပြဖို့ အမြန်ပြေးလာခဲ့တာ။"

ထန်ရှု ခေါင်းညိတ်လိုက်ပြီး အိတ်ကို အသာ ဖွင့်လိုက်သည်။

“ဒါက…”

သန်မာသော စိတ်ဓာတ်တို့ ရှိသည့်တိုင် ထန်ရှုသည် ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ ပစ္စည်းကို မြင်ပြီးနောက် စိတ်မနည်းထိန်းထားလိုက်ရသည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် ထိပ်ဆုံးကလူဖြစ်ခဲ့ပြီး တစ်ချိန်က မရေမတွက်နိုင်သော အဖိုးတန်ပစ္စည်းများကို ရရှိခဲ့ဖူးသော်လည်း အင်မော်တယ်ကမ္ဘာရှိ အဖိုးတန်ရတနာများပင်လျှင် သူ့အား ထိုသို့အံ့အားသင့်အောင် မပြုလုပ်နိုင်ခဲ့ပေ။

…ခရိုနိုသလင်းကျောက်လား…

ထန်ရှုအတွက် အခုအချိန်တွင် အလိုအပ်ဆုံးအရာက မည်သည့်အရာ ဖြစ်ပါသနည်း။ ၎င်းသည် သဘာဝကျစွာဖြင့် ခရိုနိုသလင်းကျောက် ဖြစ်ပြီး တပည့်ဖြစ်သူ ဂူယန်အာကို ကုသရန်အတွက် လိုအပ်နေသော ရတနာတစ်ခုလည်း ဖြစ်ပေသည်။

သူ၏ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အလုံအလောက် သန်မာခဲ့ပါက အနီးပတ်ဝန်းကျင်က ကြယ်မှုန်ကောင်းကင်ယံဆီ ခရီးတစ်ခေါက်ထွက်ရန် လိုလိမ့်မည်ဟု သူ တွေးထားခဲ့မိသည်။ ထို့ထက်ပို၍ ထိုခရိုနိုသလင်းကျောက်သာ ရမည်ဆိုပါက ထို့ထက် အန္တရာယ်များသော နေရာများကို သွားရလျှင်ပင် မှုမည်မဟုတ်ချေ။ အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသော ခရိုနိုသလင်းကျောက်သည် သူ့အရှေ့တွင် ရောက်လာလိမ့်မည်ဟု ဘယ်သူ ထင်မှာလဲ။

မယုံနိုင်စရာအကောင်းဆုံးကတော့ သည်ခရိုနိုသလင်းကျောက်အား ကုဝါကိုက ပေးပို့လာခြင်း ဖြစ်သည်။

ရုတ်တရက် ထန်ရှုက ခေါင်းမော့လာပြီး ကုဝါကိုအား "မင်း ဒီပစ္စည်းကို ဘယ်က ရလာတာလဲ။"

"ငါတို့ အဲ့ဒါကို အဲလ်ပ်တောင်တန်းမှာ ရခဲ့တယ်။ အဲ့ဒီ စူးစမ်းလေ့လာရေးအဖွဲ့ ငှားထားတဲ့ ကြေးစားအဖွဲ့ထဲက လူနှစ်ယောက်က ငါတို့ယာမာမိုတိုကလန်က ပျိုးထောင်ထားတဲ့ ထိပ်တန်း လက်ရွေးစင်တွေပါ။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က ကံကောင်းထောက်မစွာနဲ့ ဒီလူနှစ်ယောက် မိသားစုထဲကို ခိုးဝင်လာတဲ့အချိန် ငါနဲ့ ဆုံတွေ့ခဲ့တယ်။ ငါ သူတို့ကို ထိန်းချုပ်ပြီး ငါ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားအဖြစ် ပြုလုပ်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် လေ့လာရေးခရီးရဲ့ရည်ရွယ်ချက်ကို ငါ့ဆီ သူတို့ တင်ပြလာကြတယ်လေ။ ဒီပစ္စည်းက သူတို့ခရီးစဉ်အဆုံးမှာ ရခဲ့တဲ့ အကျိုးရလဒ်တွေထဲက အကောင်းဆုံးမို့ စိတ်ဝင်စားစရာကောင်းတာနဲ့ ရယူဖို့ လူတွေ စေလွှတ်ခဲ့တယ်။”

…အယ်လ်ပ်တောင်တန်း…

ထိုနေရာသို့ ခရီးထွက်ရန် ထန်ရှု အခိုင်အမာ ဆုံးဖြတ်လိုက်သည်။ ခရိုနိုသလင်းကျောက် ထိုနေရာတွင် ပေါ်လာသည်ဆိုသည့်အဓိပ္ပာယ်မှာ ၎င်းနေရာသည် သူ့အလိုလို ထူးခြားနေသည်ဟု ဆိုလိုခြင်းပင်။

မူလက စစ်တုရင်အပိုင်းအစတစ်ခုဟုသာ သဘောထားခဲ့သည့် ကူဝါကိုအပေါ် သူ၏အမြင်သည် ယခုအခါတွင် သူမကို အမှန်တကယ် ကျေးဇူးတင်မိသောကြောင့် ပြောင်းလဲသွားခဲ့သည်။ သူသည် သူမ၏စိတ်ဝိညာဉ်ကို အုပ်စိုးခဲ့သော်လည်း သူမကမူ သူ့နောက်အား စိတ်ရောကိုယ်ပါ လိုက်၍ အလွန်အရေးကြီးသော ရတနာကိုပင် ပေးခဲ့သည်။ ဤအရာက သူမသည် အလွန်ယုံကြည်စိတ်ချရပြီး ထူးထူးခြားခြား ကောင်းမွန်သူဖြစ်ကြောင်း ပြသခဲ့ပေသည်။

ခရီးဆောင်လက်ဆွဲအိတ်ကို ပြန်ပိတ်လိုက်ရင်း ထန်ရှုသည် မည်သူမှ သတိမထားမိခင် သူ၏လက်စွပ်မှ ဆေးလုံးနှစ်ပုလင်းကို ထုတ်ယူလိုက်ကာ ကုဝါကိုအား ပေးလိုက်ရင်း

“အထဲက အရာတွေက မင်းရဲ့ဆုလာဘ်တွေပဲ။ ဒီတစ်ခါ မင်းက အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာမို့ ငါ အရမ်းကျေနပ်တယ်။ ဒီအရာဝတ္တုက အခြားသူတွေရဲ့အမြင်မှာ သလင်းကျောက်လို့ပဲ မြင်နိုင်ပေမယ့် ငါ့မျက်လုံးထဲမှာတော့ အကောင်းဆုံး ရတနာပဲ။ ရှန်ဟိုင်းမှာ မင်း ရက်နည်းနည်းလောက် နေလိုက်ပါဦး။ မင်းအနောက်ကနေ လိုက်ကူညီဖို့ ကျွမ်းကျင်သူဆယ်ယောက်ကို ငါ တာဝန်ပေးလိုက်မယ်။”

…ကျွမ်းကျင်ပညာရှင် ဆယ်ယောက် ဟုတ်လား…

ကုဝါကို ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ ထိုပုလင်းများတွင် မည်သို့သော ဆုလာဘ် ပါရှိသည်ကို သူမ မသိသော်လည်း ဤကျွမ်းကျင်ပညာရှင် ဆယ်ယောက်သည် သူမအတွက် လွန်စွာ အရေးကြီးပေသည်။ ထန်ရှုလက်အောက်ရှိ ထိုအမျိုးသားနှင့် အမျိုးသမီးတစ်ဦးစီတိုင်းတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့် သူမကိုယ်တိုင်အပါအဝင် လူများစွာက ထိုသူတို့အား ရင်ဆိုင်တွန်းလှန်နိုင်ခြင်း မရှိသည်မှာ သာဓကပင်။

ဤအချိန်သည် သူမ၏မိသားစုအဖွဲ့ဝင်များကြား အာဏာနှင့်လုပ်ပိုင်ခွင့်တို့အတွက် ပြင်းထန်သော ရုန်းကန်မှုများနှင့် တိုက်ပွဲများ ဖြစ်နေသည့် အချိန်ကာလ ဖြစ်သည်။ ထန်ရှုမှ စိတ်ဝိညာဉ်ထိန်းချုပ်မှုမန္တာန်ကို ပေးအပ်ခဲ့ပြီး ဤမန္တာန်အောက်တွင် အခြားသူများ၏ အသက်နှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သူမ၏လက်အောက်ရှိ ကျွမ်းကျင်သူစစ်စစ် အရေအတွက်မှာ အလွန်နည်းပါးသည်ဟု သူမ ခံစားမိသေးသည်။ ထိုပညာရှင်ဆယ်ဦး၏အကူအညီသာ ရမည်ဆိုပါက သူမသည် မကြာမီတွင် သူမ၏မိသားစုတွင်းအခြေအနေကို ရှင်းလင်းနိုင်မည် ဖြစ်ပြီး မျိုးဆက်သစ်ခေါင်းဆောင်အဖြစ်လည်းကောင်း၊ မိသားစုဘိုးဘေး၏ ပထမဆုံးသော ဆက်ခံသူ အဖြစ်လည်းကောင်း အောင်မြင်သွားနိုင်မည်ဟု သူမ ယုံကြည်ထားသည်။

"ကျေးဇူးတင်ပါတယ် သူဌေး…"

ကုဝါကို ယာမာမိုတိုက ထန်ရှုအား ရင်ထဲမှ လာသော ကျေးဇူးတင်စကားအား ဆိုလိုက်သည်။

ထန်ရှု ခေါင်းယမ်းပြလိုက်သည်။ ခရိုနိုသလင်းကျောက်ကို ရရှိပြီးနောက် ထန်ရှုတစ်ယောက် ကျင်းမန်ကျွန်းသို့ အလျင်အမြန် သွားချင်ခဲ့သော်လည်း ကုဝါကိုသည် ရှန်ဟိုင်းသို့ ယခုမှ ရောက်ရှိလာခဲ့သည်ဖြစ်သည့်အပြင် ချန်းရှောင်ဝမ်လည်း အနားတွင် ရှိနေသောကြောင့် ယခုချက်ချင်းထွက်ခွာလိုက်ပါက အတော်လေးကို သင့်လျော်မည်မဟုတ်ပေ။ တွေးဆပြီးနောက်တွင် အချိန်လည်း လင့်နေပြီဖြစ်သောကြောင့် သူလည်း ထိုကဲ့သို့ စိတ်လှုပ်ရှားစွာ လုပ်ရန် မလိုဟု ဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မှသာ ကျင်းမန်ကျွန်းကို အပြေးသွားလိုက်သည်က ပိုကောင်းပေလိမ့်မည်။

ခရိုနိုသလင်းကျောက်အား လက်ထဲတွင် အချိန်အတော်ကြာ ဆော့ကစားပြီးနောက် ထန်ရှုသည် ၎င်းအား သိုလှောင်လက်စွပ်ထဲသို့ တိတ်တဆိတ် ထည့်ခဲ့သည်။ ထို့နောက် သူသည် လျှာအာစေးမိနေသော ချန်းရှောင်ဝမ်ဆီသို့ အသာငဲ့ကြည့်လိုက်ပြီး

"အစ်မရှောင်ဝမ် … မင်း ကုဝါကို စတွေ့တော့ ပုံမှန် မဟုတ်တဲ့ အပြုအမူတွေ လုပ်လာတယ်။ ဘာဖြစ်လို့လဲ။"

ချန်းရှောင်ဝမ်သည် ထန်ရှုနှင့် ကုဝါကို ယာမာမိုတိုတို့ ပြောနေသောစကားများအား တစ်လုံးမှပင် မကြားပေ။ ကိုဝါကို ယာမာမိုတိုသည် ထန်ရှု၏လက်အောက်ငယ်သား ဖြစ်လိမ့်မည်ဟု ယခင်က မမျှော်လင့်ထားခဲ့သောကြောင့် သူမ၏နှလုံးသားသည် မုန်တိုင်းထန်သော လှိုင်းလုံးကြီးထဲတွင် နစ်မြုပ်နေသည့်အလား ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် သူမ၏လက်မောင်းကို ထိသွားသည်ကို ခံစားမိပြီးနောက် အိပ်မက်မှ နိုးထလာသည့်အလား ရုတ်တရက် ထရပ်ပြီး

"မောင်လေး … ဘာ ... ဘာလဲ။"

"အာ … မင်း ဘာတွေ ဖြစ်နေတာလဲ အစ်မရှောင်ဝမ်။" ထန်ရှု မျက်မှောင်ကြုတ်လိုက်ရင်း

"အစ်မကို ကြည့်ရတာ ကုဝါကိုကို တွေ့စက သရဲတစ္ဆေမြင်လိုက်တဲ့အတိုင်းပဲ။ ဒီနေ့မတိုင်ခင်က သူနဲ့ မတော်တဆ ဆုံဖူးထားလို့လား။"

ကုဝါကိုသည် ချန်းရှောင်ဝမ်၏မျက်နှာကို တခဏ စိုက်ကြည့်ရင်း ခေါင်းယမ်းကာ

"ငါ ဒီအမျိုးသမီးလေးကို တစ်ခါမှ မတွေ့ဖူးဘူး သူဌေး။"

ချန်းရှောင်ဝမ် တိတ်တဆိတ် တံတွေးမျိုချလိုက်သည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက

"မောင်လေး … သူမ... သူမက လန်းဆန်းကုန်သွယ်ရေး အုပ်စုရဲ့ လျှို့ဝှက်သူဌေးကြီးပါ။ အရင်က ကုမ္ပဏီ အခမ်းအနားတစ်ခုမှာ သူ့ကို မြင်ဖူးတယ်။”

ထန်ရှုက အံ့သြနေစဉ်တွင် ကုဝါကို ယာမာမိုတိုသည် ခဏလောက် စဉ်းစားပြီးနောက် ရုတ်ခြည်းပင် ပြောလာသည်။

"အာ … နင်က လန်းဆန်းကုန်သွယ်ရေးအုပ်စုအကြောင်း ပြောနေတာလား။ ငါ ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းအောက်မှာ ဒီလိုကုမ္ပဏီအုပ်စုတစ်ခု ရှိတယ်။ ဒါပေမယ့် ပုံမှန်ဆိုရင် ငါက အလုပ်များလွန်းတော့ လုပ်ငန်းအများစုကို စီမံခန့်ခွဲဖို့ လက်အောက်ငယ်သားတွေနဲ့ လွှဲထားပြီး တခါတရံမှပဲ အာရုံစိုက်နိုင်တယ်။”

ချန်းရှောင်ဝမ်၏ နှလုံးခုန်သံသည် တဖန် မြန်လာပြီး ကုဝါကို၏ကိုယ်ပိုင်ဂုဏ်သတင်းအား ကြားလိုက်ရစဉ် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။ လန်းဆန်းကုန်သွယ်ရေးအုပ်စုသည် စာရင်းဝင် ကုမ္ပဏီကြီးတစ်ခု ဖြစ်သော်လည်း ၎င်းသည် သူမ၏ကုမ္ပဏီပေါင်းမြောက်မြားစွာထဲမှ တစ်ခုသာ ဖြစ်ခဲ့သည် … ဘယ်လောက်တောင် သူမ ချမ်းသာလိုက်လေလဲ…

နေပါဦး ... တစ်ခုခုတော့ မှားနေသလိုပင်။ သူမက ထန်ရှု၏လက်အောက်ငယ်သား ဖြစ်သောကြောင့် ဆိုလိုသည်မှာ...

ချန်းရှောင်ဝမ်သည် မယုံကြည်နိုင်ဟန်အမူအရာဖြင့် ထန်ရှုအား လှည့်ကြည့်လိုက်မိသည်။

ချန်းရှောင်ဝမ် အလုပ်လုပ်ခဲ့သည့် ကုမ္ပဏီသည် ကုဝါကို ထိန်းချုပ်ထားသည့်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု ထန်ရှု မမျှော်လင့်ထားခဲ့ပေ။ သူမအား တနေကုန် အဖော်လုပ်ပေးကာ လျှောက်သွားခဲ့ပြီး ပြန်ပြောရမည်ဆိုပါက ထိုကုမ္ပဏီတွင် သူမ ကြုံတွေ့ခဲ့သော ပြဿနာအားလုံးအပါအဝင် ပြန်တွေးကြည့်ပါလျှင် အဖြစ်အပျက်အားလုံးသည် ရယ်ရွှင်စရာ ဂိမ်းတစ်ခုကဲ့သို့ ထန်ရှု ရုတ်တရက် ခံစားလိုက်ရသည်။

"ဒါဆို ငါ မင်းကို ကုဝါကိုနဲ့ မိတ်ဆက်ပေးမယ်။ ကုဝါကို … ဒါက ငါ့ရဲ့မွေးစားအစ်မကြီး ချန်းရှောင်ဝမ်ပါ။ ငါ ငယ်ငယ်တုန်းက ငါ့ရဲ့မိသားစုက တအား ဆင်းရဲလွန်းပေမယ့် သူက ငါ့ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တယ် … ဒါကြောင့် သူ့ကို ငါ့ရဲ့ သွေးသားရင်းအစ်မလို့ အမြဲမှတ်ယူထားခဲ့တယ်။ ဒါပေမယ့် ဒီနေ့မနက် အစ်မက လန်းဆန်းကုန်သွယ်ရေးအုပ်စုရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ပေမယ့် မတရားဆက်ဆံခံရပြီး ကုမ္ပဏီကနေ ထွက်လာခဲ့တယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ လှည့်ကွက်တစ်ခုလို့ မထင်ဘူးလား။" ထန်ရှုက ခပ်ဖွဖွပြုံးကာ ရှင်းပြသည်။

ကုဝါကိုက တင်းမာသော အမူအရာဖြင့် ဆိုဖာပေါ်ကနေ ရုတ်ခြည်းပင် ထလိုက်ပြီး

"သူဌေး … ဒီလက်အောက်ငယ်သားက အပြစ်ရှိတယ်၊ ငါ့ကို အပြစ်ပေးပါ။"

"မဟုတ်ဘူး။ ငါ မင်းကို အပြစ်ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။" ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါ့ရဲ့အစ်မကို ဘာမှ မဟုတ်ဘဲ မှားယွင်းဆက်ဆံခံရတယ်လို့ ခံစားမိရုံပါ။"

ကုဝါကိုသည် ခဏလောက် ဖျစ်ညစ်စဉ်းစားကာ အကြံတစ်ခု ရသွားသည်။ ထို့နောက် သူမက

“သူဌေး … နင့်ရဲ့ အစ်မကြီးချန်းကို လန်းဆန်းအုပ်စုက အနိုင်ကျင့်တဲ့အတွက် အဲ့ဒါကို လုပ်တဲ့သူကို တန်ဖိုးကြီးကြီး ငါ ပေးခိုင်းလိုက်မယ်။ အစ်မကြီးကို ဒီကုမ္ပဏီမှာ အလုပ်ပြန်လုပ်စေဖို့ ငါ့ကို အခွင့်အရေးပေးပါ။ အဲ့ဒါအပြင် သူဌေးရဲ့အစ်မကြီးကို တရုတ်နိုင်ငံက လန်းဆန်းကုန်သွယ်ရေးအုပ်စုရဲ့စီအီးအို ဖြစ်အောင် ငါ လုပ်ပေးမယ်။ အဲ့ဒါက နောက်ဆို သူ့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်။ ဒါကို သူဌေး ဘယ်လို ထင်လဲ။"

"အစ်မရှောင်ဝမ်ကို ဒီလို အစီအစဉ်အဆိုပြုချက် ပေးဖို့ လိုမယ်မထင်ဘူး။ ဒါပေမယ့် လန်းဆန်းအုပ်စုရဲ့ စီအီးအို ရာထူးကို သူမကို ခန့်အပ်တာတော့ ကောင်းမွန်တဲ့ အကြံတစ်ခုလို့ ငါ ထင်တယ်။ အစ်မရှောင်ဝမ်ရော ဘယ်လိုထင်လဲ။"

***

All Chapters